အကျိုးအမြတ်
Vol. 43 Ch. 679
ငွေရောင်ဝတ်ရုံနှင့် အဘိုးအိုက အလင်းနတ်ဘုရားကျောင်းမှ အမြန်ပြန်ရောက်လာသော ဗန်တီစ် ဖြစ်သည်။ သူက ချန်လွေ့၏ [ ကြယ်ပေါက်ကွဲခြင်း ] နှင့် ကြုံတွေ့လိုက်ရ၏။
ကောင်းကင်ချိပ်ပိတ်ခန်းမထဲ၌ ဗန်တီစ်၏စွမ်းအားက SS အဆင့်အထိ မြင့်နိုင်သည်။ သူက စိုးမိုးခြယ်လှယ်နိုင်သော စွမ်းအားကို မီတာရာနှင့်ချီအကွာအထိ အသုံးချခဲ့ပြီး အမှန်တကယ်ပင် “[ ကြယ်ပေါက်ကွဲခြင်း ]” ကို “ငြိမ်းသတ်”စေနိုင်ခဲ့သည်။
ရွှေရောင်အလင်းများ ပေါ်ထွက်လာပြီး အလင်းကို ငြိမ်းစေနိုင်ခဲ့သည်က စက္ကန့် အနည်းငယ်သာ ဖြစ်သော်လည်း ဖြစ်ပျက်ခဲ့သည်များက ထိုထက်ပိုပေသည်။ အတေးမှ အလင်းစစ်သည်များနှင့် အစောင့်အရှောက် စစ်သည်များက သေသေချာချာ မမြင်ခဲ့ရပေ။ သို့သော် ပါစ်မီရာ၊ ယူဒိုရာနှင့် အခြားလေးယောက်က ရန်သူသည် ဗန်တီစ် ရောက်လာသည်ကို မြင်သည့်အခါ တိုက်ခိုက်မှုကို ချက်ချင်း လက်လျှော့ပြီး နေရာလွတ်တံခါးနှင့် ဆင်တူသော မှော်တစ်မျိုးမျိုးကို အသက်သွင်းကာ ထွက်ပြေးချင်နေခဲ့ကြောင်း နားလည်လိုက်ကြသည်။ ဗန်တီစ်၏ မိုးကြိုးသဖွယ် စွမ်းအားကြီးတိုက်ကွက်က သူ့ကို ထိတော့မည့်အချိန်၌ အကြောင်း တစ်ခုခုကြောင့် လူတိုင်းက အချိန်စီးဆင်းမှု ရုတ်တရက် နှေးကွေးသွားသလို ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်း သာမန်သို့ ပြန်ရောက်လာပြီးနောက် ရစ်ချက် မရှိတော့ပေ။ မှိန်ပျပျ ဖြစ်နေသော အလင်းဂိတ်တစ်ခုသာ ကျန်ရှိတော့သည်။
မြေပြင်ပေါ်၌ သွေးစက်များ ရှိနေသော်လည်း ရန်သူက ဒဏ်ရာသာရပြီး မသေကြောင်း သေချာနေသည်။
ဗန်တီစ် အလျင်အမြန် တုံ့ပြန်ပြီး လုံးဝ ပျောက်ကွယ်မသွားသေးသော အလင်းတံခါးကို လက်လှမ်းလိုက်သည်။ သူ၏စွမ်းအားနှင့်ဆိုလျှင် ရန်သူက နေရာလွတ်တံခါးထဲ လွတ်မြောက် သွားသည့်တိုင် သူက နောက်လိုက်၍ သို့မဟုတ် တယ်လီပို့ခုန်ခြင်းကို ဖျက်ဆီး၍ ရနိုင်သည်။ သို့ရာတွင် တိုင်းပြည်အဆင့်စွမ်းအား ပါရှိသော လက်က အမှန်တကယ်ပင် အလင်းတံခါးက ပုံရိပ်ယောင်တစ်ခု ဖြစ်နေသကဲ့သို့ပင် ဖြတ်သန်းသွားခဲ့သည်။ ရလာဒ်အနေဖြင့် ၇ယောက်လုံးက အလင်းဂိတ်တံခါးကို ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။ ရစ်ချက် ပျောက်သွားတဲ့အပြင်ကို နှင်းဒဲလက်ပန်းပင် သုံးပင်လည်း ပျောက်သွားတယ်။ ဒီရန်သူက ရုပ်ဖျက်ပြီးတော့ သိဒ္ဓိအလင်းတောင်ဆီကို ခိုးဝင်လာခဲ့တယ်။ ပြီးတော့ သရုပ်မှန်ပြပြီး ကျောင်းတော်ရဲ့ ခေါင်းဆောင် ၆ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်တော့ ပုပ်ရဟန်းမင်း လက်ထဲကနေ လွတ်မြောက်သွားပြီးနောက် နှင်းဒဲလက်ပန်းပင်သုံးပင်ကို ဖျက်ဆီး (ယူဆောင်) သွားခဲ့တယ်။ တကယ့်ကို ဖော်ပြလို့မရနိုင်တဲ့ အရှက်ရစရာတစ်ခုပဲ။
သိဒ္ဓိပန်းပင်သုံးပင် ပျောက်ကွယ်သွားကြောင်း တွေ့ရှိသွားသော အလင်းစစ်သည်နှင့် အစောင့်အရှောက် စစ်သည်များ ပိုများလာပြီး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ သိဒ္ဓိအလင်းတောင်ရဲ့ အရေးအပါဆုံး သင်္ကေတတစ်ခုဖြစ်တဲ့ အလင်းပန်းပွင့်နေတဲ့ အထွတ်အမြတ် ပန်းပင်က မရှိတော့ဘူး။
ဗန်တီစ်နှင့် ဂိုဏ်းချုပ်နှစ်ယောက်၏ မျက်နှာများက ရုပ်အဆိုးဆုံး ဖြစ်နေခဲ့သည်။ သူတို့က နှင်းဒဲလက်ပန်းသည် သင်္တေတစ်ခုသာ မဟုတ်ကြောင်း သူတို့စိတ်ထဲ၌ သိနေကြသည်။ ထို့ပြင် ထိုအရာက ယုံကြည်မှုမှ ဖွဲ့စည်းဖြစ်တည်လာသော လျို့ဝှက်ဆန်းကြယ်သည့် စွမ်းအားရှိသည့် သိဒ္ဓိပစ္စည်းတစ်ခုဖြစ်လေသည်။ မှော်ဆန်သော သက်ရောက်မှုအပြင် နှင်းဒဲလက်ပန်းက [ ကောင်းချီးအလင်းခန္ဓာ ] အသွင်ပြောင်းခြင်း အခမ်းအနားတွင် မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခုလည်း ဖြစ်ပေသည်။
ယခုတွင် နှင်းဒဲလက်ပန်းပင် မရှိတော့ပေ။ (နှင်းဒဲလက်ပန်းပင်၏ ဂုဏ်သတ္တိအရဆိုလျှင် အလိုလို ပျက်စီးသွားလောက်လေပြီ။) အသစ်ပြန်ဖြစ်လာရန်အတွက် အနည်းဆုံး နှစ်ထောင်သောင်းချီ ကြာမြင့်မည် ဖြစ်သည်။ ထိုအရာက ကြီးထွားလာသောအချိန် မပါသေးပေ။ ဆိုလိုသည်က သိဒ္ဓိအလင်းကျောင်းတော်သည် နှစ်ထောင်သောင်းနှင့်ချီအောင် [ ကောင်းချီးအလင်းခန္ဓာ ] ရှိသောလူများ ထပ်မရှိနိုင်တော့ဟု ဆိုလိုခြင်းပင်။ ထို့ပြင် [ ကျက်သရေအလင်းခန္ဓာ ]နှင့် လူများလည်း ထပ်မရှိနိုင်တော့ပေ။
[ ကောင်းချီးအလင်းခန္ဓာ ] က ကောင်းကင်တမန်သုံးပါး၏ သိဒ္ဓိတပည့် ဖြစ်လာရန် အခြေခံအကျဆုံးနှင့် လိုအပ်သော အခြေအနေတစ်ခုဖြစ်ပြီး [ ကျက်သရေအလင်းခန္ဓာ ] က ပို၍ပင် အရေးပါပေသည်။ ၎င်းက ကျောင်းတော် တစ်ခုလုံး၏ အမြင့်မားဆုံး အာဏာရှိသူ ပုပ်ရဟန်းမင်းနေရာကို ဆက်ခံရန်အတွက် သက်ဆိုင်နေသည်။
ထိုအရာက သိဒ္ဓိအလင်းတောင် တစ်ခုလုံးကို နှစ်ပိုင်းဖြစ်သွားစေနိုင်လောက်အောင် ဆိုးရွားလှသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။
ဗန်တီစ်၏မျက်နှာက သုန်မှုန်နေပြီးနောက် မြေပြင်မှ သွေးများကို လက်ညှိုးထိုးလိုက်သည်။ သွေးစက်များက အပေါ်သို့ လွင့်ပျံလာပြီး အနီရင့်ရောင် ပုတီးစေ့ တစ်လုံးအဖြစ် ပြောင်းလဲသွားကာ သူ၏လက်ပေါ်သို့ ရောက်လာသည်။ ထို့နောက် သူက အလင်းစစ်သည်တော်နှင့် အစောင့်အရှောက် စစ်သည်များ မကြားစေရရန်အတွက် အသံလုံ အကာအရံကို ဖန်တီးလိုက်သည်။
“ဒီတစ်ခေါက် ဒီကိစ္စက အတော်လေးကို လေးနက်တယ်။ ငါတို့တွေ ချက်ချင်း အနည်းဆုံး ထိခိုက်မှု ဖြစ်အောင် ထိန်းရမယ်။ ပါစ်မီရာ။ အခုချက်ချင်း နှင်းဒဲလက်ပန်း ပုံရိပ်သုံးခု ဖန်တီး။” ဗန်တီစ်က အမှန်တကယ်ပင် ကျောင်းတော်မှ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်သည်။ ဆုံးဖြတ်ချက် တစ်ခုကို ချက်ချင်း ချမှတ်လိုက်၏။ “ပါဆာလီ။ မင်းနဲ့ တခြား ရေဖျန်းဘုန်းတော်ကြီး သုံးပါးက ဒီနတ်ဘုရားကျောင်း စစ်သည်တော် ချီးမြှင့်အခမ်းနားနဲ့ နောက်ဆက်တွဲတွေကို ကိုင်တွယ်ရမယ်။ ကျူးကျော်လာတဲ့ ရန်သူကိုတော့ ငါတို့တွေ သူ့ကို အပြင်းထန်ဆုံး အပြစ်ပေးရမယ်။ ဒီလိုအရာမျိုး နောက်တစ်ခါ မဖြစ်အောင် လုပ်ရမယ်။”
သိဒ္ဓိမိန်းမပျို ယူဒိုရာက ပြောသည်။ “အရှင် ဗန်တီစ်။ ဒီကိစ္စက မရဏနက် နောက်လိုက်နဲ့ သက်ဆိုင်နေလောက်လား။ သူတို့ အပြင်ဘက်ကိစ္စတွေကို အသုံးချပြီးတော့ ကျွန်မတို့ကို အာရုံပြောင်းအောင် လုပ်ခဲ့ပြီးတော့ ခုံသမာဓိရဲ့ အဓိကအင်အားစုကို စေလွှတ်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ တကယ့်ပန်းတိုင်က ဘုရားကျောင်း နက်နက်ထဲကို ဖောက်ဝင်ဖို့များ ဖြစ်နေမလား။”
“ဖြစ်နိုင်တယ်။” ဗန်တီစ်က စဉ်းစဉ်းစားစားနှင့် ပြောလိုက်သည်။ “ပါဆာလီ။ နတ်ဘုရားကျောင်း စစ်သည်တော် အခမ်းအနား ပြီးသွားရင် မင်းက အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျက်သရေဆောင် စစ်သည်တော်ရဲ့ အဓိကအင်အားစုကို ဌာချုပ်တွေဆီ စေလွှတ်ရမယ်။ အင်ပါယာတစ်ခုစီရဲ့ မြို့တော်တွေကိုလည်း စစ်တပ်ရေးရာ အထောက်အပံ့တွေ စေလွှတ်ဖို့အတွက် သံတမန်တွေ ငါ စေလွှတ်လိုက်မယ်။ မရဏနက်နောက်လိုက်တွေကို ချေမှုန်းဖို့အတွက် ငါတို့တွေ အကောင်းဆုံး ကြိုးစားရမယ်။”
“နားလည်ပါပြီ။”
“ယူဒိုရာ။ ဆာ-အစ်ဇ်ရိုယူးက သိပ်မကြာခင် နိုးတော့မှာ။ မင်း သူ့ကို ဒီအကြောင်း အမှန်အတိုင်းပြောပြီးတော့ ဒီသွေးပုတီးကို ပေးလိုက်။ ဆာ-အစ်ဇ်ရိုယူးရဲ့ ကောင်းကင် အမြင်နဲ့ဆိုရင် “ရစ်ချက်”က ဘယ်လိုပဲ ပြောင်းသွားပြောင်းသွား၊ ဘယ်နေရာကိုမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ငါက ပုပ်ရဟန်းမင်းရဲ့ အာဏာကို သုံးပြီးတော့ ဒီရန်သူကို လိုက်ဖမ်းဖို့အတွက် သိဒ္ဓိတပည့် ၁၂ယောက် စေလွှတ်လိုက်မယ်။ လိုအပ်ရင် ဆာ-အစ်ဇ်ရိုယူးကို ကိုယ်တိုင် လှုပ်ရှားခိုင်းရမယ်။”
“နားလည်ပါပြီ။”
ခဏကြာပြီးနောက် နှင်းဒဲလက်ပန်းသုံးပင်က တဖြည်းဖြည်းနှင့် နဂိုအတိုင်း ပြန်ဖြစ်လာသည်ကို မြင်သည့်အခါ အလင်းစစ်သည်တော်များနှင့် အစောင့်အရှောက် စစ်သည်များက အံ့အားသင့်သွားကြသည်။ ဗန်တီစ်၏အသံ ထွက်ပေါ်လာ၏။ “သစ္စာရှိပြီး ရဲရင့်ကြတဲ့ စစ်သည်တော်တို့။ ဒီတစ်ခေါက် အမှောင်ဂိုဏ်းက တောင်ထဲကို ခိုးဝင်ပြီးတော့ သိဒ္ဓိပန်းပင်ကို ဖျက်ဆီးချင်ခဲ့တယ်။ ဒါပေမဲ့ အလင်းနတ်ဘုရား၏ ကောင်းချီးပေးမှုကြောင့် သိဒ္ဓိပန်းပင်က ဘေးကင်းနေခဲ့တယ်။ ဒါက ကျုပ်တို့ရဲ့ လစ်ဟာမှုကြောင့်ဆိုတာကို ငြင်းလို့ မရပါဘူး။ သိဒ္ဓိအလင်းတောင်ရဲ့ အထွတ်အမြတ်ထားရာတစ်ခုက အမှောင်လောကသားရဲ့ လက်ထဲမှာ ညှိုးနွမ်းခဲ့တော့မလို့။ ဒါက လုံးဝ ခွင့်လွှတ်လို့မရတဲ့ အမှားတစ်ခုပဲ။ ဒီလို အရှက်ရစရာကို အဲဒီအပြစ်သားရဲ့ သွေးနဲ့ပဲ ဆေးကြောလို့ရတယ်။”
သိဒ္ဓိပန်းပင်များ “ပြန်လည်”ပေါ်ထွက်လာခြင်းနှင့် ဗန်တီစ်၏ ခံစားချက်အပြည့်ဖြင့် တိုက်တွန်းအားပေးမှုများကြောင့် အလင်းစစ်သည်တော်များက လုံးဝကို စိတ်တက်ကြွသွားပြီး သံပြိုင် အော်ဟစ်လိုက်ကြသည်။ ဗန်တီစ်က ပြုံးနေခဲ့သော်လည်း သူ့မျက်လုံးထဲမှ မြူခိုးကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။
ဗန်တီစ်က စိတ်ဓာတ် အကျနေဆုံး မဟုတ်ပေ။ သိဒ္ဓိမိန်းမပျို ယူဒိုရာက သိဒ္ဓိကောင်းချီး ခန်းမသို့ အမြန်ပြန်သွားသောအခါ ပထမဆုံး ရရှိခဲ့သောသတင်းက အယ်လီဇာ စိတ်မူမမှန် ဖြစ်နေပြီး မီရန်ဒါက ဒဏ်ရာအပြင်းအထန်ရရှိကာ သတိလစ်နေခြင်းပင်။ သူ၏နှလုံးသားက ရုတ်တရက် လေးလံသွားခဲ့ပြီး နောက်ဆုံးမျှော်လင့်ချက်ဖြင့် မီးတောက်ခန်းမသို့ အပြေးသွားခဲ့သည်။ ခဏကြာပြီးနောက် မီးတောက်ခန်းမတစ်ခုလုံး တုန်ခါသွားပြီး အလွန်အမင်း ဒေါသထွက်နေသော အော်သံများဖြင့် ပြည့်နှက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ယန်ရှောင်အင်ပါယာ ဥယျာဉ်မြို့တော်ရှိ လူပြတ်သော နေရာတစ်ခုဝယ် -
ဖြူဖျော့သော အပြာရောင်အလင်း ဂိတ်တံခါးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး ပုံရိပ်တစ်ခုက အထဲမှ ပြုတ်ကျလာသည်။ ထို့နောက် အလင်းဂိတ်တံခါးက ပျောက်ကွယ်သွား၏။
ထိုသူက ဖုန်အလိမ်းလိမ်း ဖြစ်နေသော ချန်လွေ့ ဖြစ်ပြီး ကြမ်းပြင်ပေါ်၌ အချိန်အကြာကြီး လဲနေခဲ့သည်။ သူက ချက်ချင်း မထနိုင်သော်လည်း အသံကျယ်ကျယ် ရပ်လိုက်မိသည်။ ထိုအရာက သူ၏ ဒဏ်ရာများကိုပင် ထိသွားစေခဲ့သည့်အတွက် သူက နာကျင်စွာဖြင့် မျက်နှာမဲ့သွားခဲ့သည်။
နှင်းဒဲလက်ပန်းပင် တစ်ခုခုဖြစ်နေကြောင်း ပါစ်မီရာ ရှာတွေ့မသွားခင်၌ ချန်လွေ့၏ အချိန်ဆွဲသော ဗျူဟာက အောင်မြင်သွားခဲ့လေပြီ။ ၎င်းကို ရှာတွေ့သွားလျှင် [ ကြယ်ပေါက်ကွဲခြင်း ] နှင့် [ ဖျက်ဆီးခြင်းအရှိန်အဝါတိုက်ကွက် ] တို့က အချိန်ဆွဲရာ၌ အောင်မြင်ဦးမည် ဖြစ်သည်။ [ ကြယ်ပေါက်ကွဲခြင်း ] မှာ မူလက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသက်သွင်းပြီးမှသာ အသုံးချနိုင်သော အစွမ်းတစ်ခု ဖစြစ်သည်။ ချန်လွေ့က ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ ရောက်နေပြီဖြစ်ရာ သူက ဒြပ်စင်ဘုရင် တတ်ကျွမ်းသော အရာတစ်ခုနှင့် ဆင်တူသော ဇစ်မြစ်စွမ်းအားများကို ရေးရေးလေး သဘောပေါက်လာခဲ့ကာ စွမ်းအားပေါ် နားလည်သဘောပေါက်မှုအသစ်များ ပိုမိုရှိလာခဲ့သည်။ လှုပ်ရှားမှုတိုင်းက သူ၏ မူရင်းကိုယ်ပေါ်၌ အခြေခံထားသော စွမ်းအားတစ်မျိုး ဖြစ်သည်။ စွမ်းအားရှိသရွေ့ လှုပ်ရှားမှုအမျိုးမျိုးကို အတုခိုးပြီး အသုံးချရန်က မခက်ခဲလှပေ။ အထူးသဖြင့် ခုနက ရင်းနှီးပြီး လွယ်ကူသော [ ကြယ်ပေါက်ကွဲခြင်း ] ကဲ့သို့ပင်။
စူပါစနစ်၏ ဖိနှိပ်မှု၊ တွက်ချက်မှုနှင့် ပြောင်းလဲမှု အားသာချက်တို့ကို မယှဉ်နိုင်သော်လည်း ၎င်းတွင် အထူးစည်းမျဉ်းစွမ်းအားတစ်ခု ရှိနေသေးသည်။ ထို့ကြောင့် ချန်လွေ့၏ [ ကြယ်ပေါက်ကွဲခြင်း ] အတုဗားရှင်းက အပြင်ပိုင်းသာတူပြီး ထိခိုက်မှုက အစစ်အမှန်ထက် များစွာ နိမ့်ကျပေသည်။ သို့မဟုတ်ပါက ထိခိုက်မှုက ထိုထက် သေချာပေါက် ပိုများပေလိမ့်မည်။ တကယ့် [ ကြယ်ပေါက်ကွဲခြင်း ] သာဆိုလျှင် ယူဒိုရာနှင့် ပါစ်မီရာတို့အပြင် ပါဆာလီကပါ ဆိုးဆိုးဝါဝါး ထိခိုက်သွားပါလိမ့်မယ်။ ရေဖျန်းဘုန်းတော်ကြီး သုံးပါကိုမူ ပြောစရာပင် မလိုတော့ပေ။
သို့သော်လည်း [ ကြယ်ပေါက်ကွဲခြင်း ] အတုဗားရှင်းက ချန်လွေ့ ထင်ထားသည်ထက် စောစော ရောက်လာသော ဗန်တီစ် မတိုင်ခင် အလုပ်ဖြစ်နေခဲ့သည်။ သူ သတိထားမိသည့်အခါ နောက်ကျသွားလေပြီ။ SS အဆင့်က အမှန်တကယ် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ထိုအဆင့်က မပြည့်စုံသည့်တိုင် S အဆင့်က ၎င်းကို မယှဉ်နိုင်ပေ။ အကယ်၍ ချန်လွေ့က [ အချိန်ထိန်းချုပ် ] စွမ်းအားကို အရေးကြီးသော အခိုက်အတန့်၌ အသုံးမပြုခဲ့လျှင် ထိုတိုက်ကွက်ကြောင့် [ ကြယ်ဂိတ် ] ထဲ မဝင်နိုင်ခင်မှာပင် သူ သေသွားပေလိမ့်မည်။
[ အချိန်ထိန်းချုပ် ] က ပိုင်နက်စွမ်းအား အများအပြား လိုအပ်သည်။ ထိုတိုက်ပွဲပြီးနောက် ချန်လွေ့က ပြိုင်ဘက်၏စွမ်းအား ကြီးမားလေလေ၊ သူထိန်းချုပ်နိုင်သော အချိန်က ပိုမိုပြီး တိုးတောင်းလေလေ ဖြစ်ကြောင်း သိရှိသွားသည်။ ထို့ကြောင့် သူက လက်ကျန်စွမ်းအား၏ သက်ရောက်မှုကြောင့် ဒဏ်ရာအများအပြား ရရှိခဲ့လေသည်။
မည်သို့ပင် ဆိုစေကာမူ အန္တရာယ်များ ကျော်လွန်သွားလေပြီ။ ယခုတစ်ခေါက် အကြီးမားဆုံး ရန်သူက သူ လူသားလောကသို့ ရောက်လာပြီးကတည်းက အရေးပါဆုံး ဆုလာဒ်ဖြစ်သည့် နှင်းဒဲလက်ပန်းကို ရရှိစေခဲ့သည်။
ချန်လွေ့၏ မူလရည်ရွယ်ချက်က နှင်းဒဲလက်ပန်းပင်တစ်ပင်ကိုသာ ယူသွားရန် ဖြစ်သည်။ သို့သော်လည်း သုံးပင်လုံးက တစ်စုံကဲ့သို့ ဖြစ်နေသည့်အတွက် စူပါစနစ်က အကုန်ယူသွားရသည်။ ကြယ်ချီးမြှင့်စင်္ကြံက ကြယ်ဥယျာဉ်ထက် မသာပေ။ ချန်လွေ့က ယုံကြည်မှုပန်းပင်ကို ပထမဆုံးအကြိမ် ရွှေ့ပြောင်းလိုက်ပြီးခြင်း ဖြစ်သည်။ နှင်းဒဲလက်ပန်းက အစ်ဇဘယ်လာ၏ သေရေးရှင်ရေးနှင့် ဆက်နွှယ်နေ၏။ မည်သည်ကို မျှောလင့်ရမည် ဖြစ်ကြောင်း သူ မသိပေ။ ထိုအချိန်၌ သူက ဒဏ်ရာများကိုပင် မကုသဘဲ စူပါစနစ်ရှိ ကြယ်ချီးမြှင့်စင်္ကြံဆီသို့ ဝင်ရောက်သွားလိုက်သည်။
ကြယ်ချီးမြှင့်စင်္ကြံက ကြယ်ရာထူးများ ချီးမြှင့်ရန် ဖြစ်သည်။ ကြယ်ရာထူး ဂုဏ်ပုဒ်များ ရရှိသူက အထူးဂုဏ်သတ္တိနှင့် လက္ခဏာများ ရရှိနိုင်သည်။ ဂုဏ်သတ္တိစွမ်းအားနှင့် ကြယ်ရာထူး နေရာများကတော့ ဓူဝံကြယ်ဧကရာဇ်၏ ဓူဝံကြယ်အဆင့်နှင့် ဆက်နွှယ်နေသည်။ ကြယ်ချီးမြှင့် စင်္ကြံသို့ ချန်လွေ့ ရောက်လာသည်နှင့် စင်္ကြံအမြင့်ဘေးတွင် နှင်းဒဲလက်ပန်းပင် သုံးပင်းကို မြင်လိုက်ရသည်။ သူ၏ စိတ်က နှင်းဒဲလက်ပန်းပင်များကို အာရုံစိုက်လိုက်ရာ သက်ဆိုင်ရာ သတိပေးချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
နှင်းဒဲလက်ပန်း - S- အဆင့်ပန်း (အလင်းဒြပ်စင်)။ ကြယ်ချီးမြှင့်စင်္ကြံ၏ ကြယ်ရာထူး လိုအပ်ချက်ကို ၃၀% လျှော့ပေးနိုင်သည်။ သက်ရောက်မှုကို ၃၀% တိုးစေနိုင်သည်။ တိုင်းပြည်ရှိ ယုံကြည်မှုသလင်းကျောက် ထုတ်လုပ်ခြင်းကို နေ့စဉ် ၃၀% တိုးစေနိုင်သည်။
မှတ်ချက်။ ။ နှင်းဒဲလက်အရွက်က S အဆင့်အောက်ရှိ မည်သို့ အဆိပ်ကိုမဆို ပျောက်ကင်းစေနိုင်သည်။ တစ်ခုစီက အသစ်ပြန်ဖြစ်ရန် ယုံကြည်မှုသလင်းကျောက် ၁၀ခု လိုအပ်ပြီး ၃ရက်ကြာပြီ ဖြစ်သည်။
နှင်းဒဲလက်ပန်းပွင့်သည် အလင်းဒြပ်စင် လေ့ကျင့်ရေးသက်ရောက်မှုကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်ပြီး အလင်းဒြပ်စင် ကျိန်စာအားလုံးကို ဖြေဖျောက်ပေးနိုင်ကာ အလင်းဒြပ်စင် ခန္ဓာအမျိုးအစား သန္ဓေပြောင်းလဲရန်အတွက် အခွင့်အရေးရရှိနိုင်သော ကုန်ကြမ်းတစ်ခုလည်း ဖြစ်သည်။ ပန်းပွင့်တစ်ခုစီက အသစ်ပြန်ဖြစ်ရန် ယုံကြည်မှုသလင်းကျောက် ၁၀၀ ကုန်ကျပြီး ရက်၃၀ ကြာမြင့်မည် ဖြစ်သည်။
ချန်လွေ့၏ ပထဆုံးသော တုံ့ပြန်မှုကတော့ တကယ့်ရတနာပဲ ဟူ၍ ဖြစ်သည်။
အစကတော့ အစ်ဇဘယ်လာရဲ့ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ပယ်ဖျက်ဖို့အတွက်ပဲ နှင်းဒဲလက်ပန်းကို သွားယူခဲ့တာ။ ဒီ S- အဆင့်ပန်းပင် မှာ ဒီလိုထူးချွန်တဲ့ လုပ်ဆောင်ချက် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ကြယ်ချီးမြှင့်စင်္ကြံ၏ ကြယ်ရာထူး လိုအပ်ချက် ၃၀% လျော့သွားခြင်း၊ သက်ရောက်မှု ၃၀% တိုးသွားခြင်းတို့က အလွန်ပင် အစွမ်းထက်လှသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့်ပြောရလျှင် သူက အသီနာကို ကြယ်ဗိုလ်ချုပ် ရာထူး ချီးမြှင့်ချင်လျှင် နှင်းဒဲလက်ပန်း၏ အထူးသက်ရောက်မှုကြောင့် ကြယ်ချီးမြှင့်ခြင်းကြောင့် ကုန်ကျသော ယုံကြည်မှုသလင်းကျောက်က ၃၀% လျော့သွားမည် ဖြစ်ပြီး အသီနာ၏ ကြယ်ဗိုလ်ချုပ် S- အဆင့်စွမ်းအားက သာမန် နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းများထက် ၃၀% ပိုမို အစွမ်းထက်မည် ဖြစ်သည်။ အရေးကြီးဆုံးမှာ နှင်းဒဲလက်ပန်းက တစ်ခုတည်းသော ယုံကြည်မှုအပင် ဟုတ်မနေခြင်းပင်။ အကယ်၍ နောက်ထပ် ယုံကြည်မှုအပင်များကို ရရှိခဲ့လျှင် တိုးမြှင့်မှုများက ပိုမိုများပြားလာပေလိမ့်မည်။
နှင်းဒဲလက်ပန်းပွင့်၏ လုပ်ဆောင်ချက်က အရေးအပါဆုံး ဖြစ်သည်။ ၎င်းက အလင်းဒြပ်စင် မန္တန်များအားလုံးကို ပယ်ဖျက်နိုင်သည်မှာ သံသယဖြစ်စရာ မရှိပေ။ ထို့ပြင် ကြယ်ချီးမြှင့် စင်္ကြံ၏ အရှင်သခင် တစ်ယောက်အနေဖြင့် သူက နှင်းဒဲလက်ပန်းပွင့်ကို စိတ်ကြိုက် ခူးဆွတ်နိုင်ပြီး ယခင်ကဲ့သို့ “နတ်ဘုရား ချိပ်ပိတ်မှု”ကန့်သတ်ချက်ကို စိုးရိမ်စရာ မလိုအပ်ပေ။ သစ်ရွက်များ၏ အဆိပ်ဖြေလုပ်ဆောင်ချက်ကတော့ အချိုပေါ် သကာလောင်းထားခြင်းပင်။
ယခုတစ်ခေါက် အကျိုးအမြတ်များက အတော်လေး များပြားလှသည်။ နှင်းဒဲလက်အပြင် နေရာလွတ်လက်စွပ်ထဲ၌ ဇာမဏီငှက်ဥနှင့် မီးအရင်းအမြစ်စွမ်းအားတို့ ရှိနေပြီး ယုံကြည်မှု စွမ်းအားများကလည်း အရည်အသွေးရော အရေအတွက်ပါ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ အကျိုးဆက်များက ပေါ့သေးသေး မဟုတ်လှပေ။ ထိုအရာက သိဒ္ဓိအလင်းတောင်ရှိ ရာထူးအမြင့်တွင် ထိုင်နေသော လူကြီးမင်းတစ်ဦး၏ မျက်နှာကို ရိုက်လိုက်သလိုမျိုးပင် ဖြစ်သည်။ ဗန်တီစ်က သူ့ကို လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
ချန်လွေ့က သိဒ္ဓိကျောင်းတော် လက်စားချေမည်ကို ဂရုမစိုက်ပေ။ ထို့ပြင် လူသားလောက ကြီးမားလွန်းလှသည့်အတွက် ကျောင်းတော်က သူ့ကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ပေ။ လက်ရှိ အလိုအပ်ဆုံးမှာ ဝါးမျိုထားသော ယုံကြည်မှုစွမ်းအားများကို ယုံကြည်မှုသလင်းကျောက်အဖြစ် ပြောင်းလဲရန် အချိန် ဖြစ်သည်။ ယုံကြည်မှုသလင်းကျောက်များက ၁၀သိန်းသို့ ရောက်ရှိသွားသည်နှင့် သူက [ ကြယ်ဂိတ် ] ကို အသုံးပြုပြီး နတ်ဆိုးဘုံသို့ တစ်ခါတည်း ပြန်သွားမည် ဖြစ်သည်။