← Chapters

ယောက်ျားတစ်ယောက်

Vol. 43 Ch. 681

ယောက်ျားတစ်ယောက်

Vol. 43 Ch. 681

သိဒ္ဓိအလင်းတောင်၊ သိဒ္ဓိကောင်းချီးခန်းမရှိ ကျက်သရေတောအုပ်၌ ဖြစ်သည်။

ကျက်သရေတောအုပ်က သိဒ္ဓိကောင်းချီးခန်းမ နန်းတော်၏အနောက် တောင်ပေါ်တွင် ရှိသည်။ ထိုတောအုပ်မှ သစ်ပင်များအားလုံးက အဖြူရောင် ဖြစ်နေသည်။ ၎င်းတို့ကြားထဲတွင် တမန်တော်ရုပ်ထုတစ်ခု ရှိနေ၏။ ထိုရုပ်ထုက လေးမီတာခန့် မြင့်မားပြီး လှပသော အသွင်အပြင်များ ရှိကာ ကျောနောက်ဘက်၌ တောင်ပုံ နှစ်စုံ ရှိသည်။ ၎င်းက စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အထွတ်အမြတ် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။

သိဒ္ဓိမိန်းမပျို ယူဒိုရာက ရုပ်ထုအရှေ့၌ ဒူးတစ်ဝက် ထောက်နေပြီး အသံတိုးတိုးနှင့် ဆုတောင်းလိုက်သည်။ ရုတ်တရက် အဖြူရောင်တောအုပ်ထဲ၌ လေပြည်တစ်ခု တိုက်ခတ်လာပြီး ရုပ်ထုအရှေ့၌ ယောက်ျားတစ်ယောက် ရောက်လာသည်။ ထိုလူက ခန္ဓာကိုယ် အလယ်အလတ် ရှိပြီး ဆံပင်အညိုနှင့် မျက်လုံးအပြာ ရှိသည်။ သူ၏လက်မောင်းအောက်တွင် စာအုပ်တစ်အုပ် ရှိနေပြီး ရုပ်ထုနှင့် အတော်လေး ဆင်တူ၏။ သူက လူကြီးလူကောင်းဆန်ပြီး ခန့်ညားပုံ ရသော်လည်း တည်ငြိမ်သော မျက်လုံးထဲ၌ ဆုပ်ကိုင်၍မရသော အဟန့်အတား အငွေ့အသက်တစ်ခု ရှိနေပုံရသည်။

“ယူဒိုရာ။ မင်းရဲ့ စိုးရိမ်တကြီး ဆုတောင်းသံကိုကြားတော့ ငါအိပ်နေရာကနေ စောစော နိုးလာခဲ့ရတယ်။ တစ်ခုခု ဖြစ်လို့လား။”

“ဆာ-အစ်ဇ်ရိုယူး။” ယူဒိုရာက ခေါင်းငုံ့လိုက်သည်။ “အစောကြီး နှိုးရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက အရေးကြီးလွန်းလို့ ဆာ့ကို နှောင့်ယှက်ရတာပါ။”

“အိုး..” ထိုလူက မျက်မှောင်ကြုတ်လိုက်၏။ “ဘာများလဲ။”

ယူဒိုရာက နတ်ဘုရားကျောင်းစစ်သည်တော် အစေခံအဖြစ် “ရစ်ချက်” ရုပ်ဖျက်ပြီး သိဒ္ဓိအလင်းတောင်သို့ ခိုးဝင်ကာ သိဒ္ဓိပန်းပင်များကို ဖျက်ဆီးခဲ့ကြောင်း ပြောပြသည်။ သူက ဇာမဏီငှက်ဥ ကိစ္စကိုသာ ဖုံးကွယ်ထားခဲ့သည်။

“ဘာပြောတယ်...” ထိုသူက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း နှင်းဒဲလက်ပန်းပင် ပျောက်ကွယ်သွားကြောင်း ကြားလိုက်ရသည့်အခါ နောက်ဆုံး၌ ဒေါသတကြီး ပြောလိုက်၏။ “မင်းတို့က အမှိုက်တွေပဲ။ မင်းတို့အားလုံးက သိဒ္ဓိအလင်းတောင်ထဲ ရန်သူကို ဖောက်ဝင်ခွင့်ပေးပြီးတော့ သိဒ္ဓိပန်းပင်တွေကို ဖျက်ဆီးခွင့် ပေးခဲ့တာလား။ ဒါရဲ့ အကျိုးဆက်တွေက ဘယ်လောက်တောင် ပြင်းထန်လဲဆိုတာ မင်းတို့ သိကြလား။”

ယူဒိုရာ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး အင်အားကြီးသော ဖိအားကို ခံစားလိုက်ရသည်။ သူက ၎င်းကို ခုခံရန်အတွက် စွမ်းအားမသုံးရဲဘဲ ခေါင်းကိုသာ ပို၍ ငုံ့ထားခဲ့သည်။ “ဆာ။ စိတ်ထိန်းပါ။ ဒါက ကျွန်မတို့ရဲ့ မပြည့်ဝမှုကြောင့်ပါ။ ဒီအဖြစ်အပျက်က မရဏနက်နောက်လိုက်တွေနဲ့ သက်ဆိုင်နေလောက်တယ်။ ဒီအဖြစ်အပျက် မတိုင်ခင် ယန်ရှောင်အင်ပါယာမှာ မရဏနက်နောက်လိုက်ရဲ့ ယုံကြည်မှုကိုပုတ်ခတ်မှုသုံးခု ဖြစ်ခဲ့တယ်။ သိဒ္ဓိအလင်းတောင်က ခုံသမာဓိအဖွဲ့တွေ စေလွှတ်သွားပြီးတော့ သွားရောက် ရှင်းလင်းခဲ့တယ်။ ဒါပေမဲ့ ရန်သူက သိဒ္ဓိအလင်းတောင်ထဲကို ဝင်ရဲလောက်တဲ့အထိ ကောက်ကျစ်ပြီး သောင်းကြမ်း လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပါစ်မီရာရဲ့ လေ့လာဆန်းစစ်မှုအရတော့ နှင်းဒဲလက်ပန်းတွေက ပျက်စီးသွားတာ မဟုတ်လောက်ဘူး။ ရန်သူက မှော်အတတ်တစ်ခုနဲ့ ယူသွားတာ ဖြစ်နိုင်တယ်။ ရန်သူက ဒီသွေးပုတီး ကျန်ခဲ့တယ်။ ဆာ့ရဲ့ ကောင်းကင်မျက်လုံးကို သုံးပြီးတော့ ဒီရန်သူရဲ့ သဲလွန်စကို ရှာပေးပေါ။”

“မရဏနက်နောက်လိုက်လား။” အစ်ဇ်ရိုယူး၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ဖျပ်ခနဲ ဖြစ်သွား၏။ သူက လက်ကို ဆန့်ထုတ်လိုက်ရာ ယူဒိုရာ ကမ်းပေးသော သွေးနီရောင် ပုတီးလုံးက လွင့်မျောလာသည်။ ထို့နောက် သူ၏နဖူးပေါ်၌ တတိယ မျက်လုံးတစ်လုံးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ရွှေရောင်မျက်လုံးက အလင်းရောင်တစ်ခု ပစ်လွှတ်လိုက်ပြီးနောက် သွေးပုတီးပေါ်သို့ လာမှန်ကာ အလွန်ကြီးမားသော အနီရောင် ပုံရိပ်တစ်ခုက ပုတီးနောက်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ထိုအရာက အမှန်တကယ်ပင် သုံးဖက်မြင်ပုံရိပ်တစ်ု ဖြစ်နေသည်။

ထိုပုံရိပ်၏ အလယ်ဗဟိုက ဝတုတ်တစ်ယောက် ဖြစ်သည်။ “ကင်မရာ”က နောက်ယောင်ခံလိုက်ပြီး မှတ်တမ်းတင်နေသကဲ့သို့ ဖြစ်နေပြီး ထိုဝတုတ်အပေါ်၌သာ အသေမှတ်ထားနေသည်။ လမ်းတစ်လျှောက်၌ အဆောက်အအုံ အများအပြားကို မြင်နေရပြီး အထိန်းအမှတ် အဆောက်အအုံများလည်း ရှိနေသည်။ အကယ်၍ လူသားလောကမှ မြေမျက်နှာ အသွင်အပြင် ပတ်ဝန်းကျင်နှင့် ရင်းနှီးသူများသာဆိုလျှင် ဝတုတ်၏ တည်နေရာက သိသာထင်ရှားနေပြီ ဖြစ်ပေသည်။

ပုံရိပ်ထဲမှ ဝတုတ်ကတော့ ကပ်ဘေးတစ်ခု ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို မသိခဲ့ပေ။ သူက ထိုအချိန်တွင် လူများအကြား၌ အေးအေးဆေးဆေး လမ်းလျှောက်နေလေ၏။

လူသားလောက ပိုင်နက်က အလွန်ကျယ်ပြောလှသော်လည်း လူဦးရေသိပ်သည်းမှုက နတ်ဆိုးဘုံထက် ပိုမိုမြင့်မားသည်။ သိဒ္ဓိအင်ပါယာ နှစ်ခုအပြင် အကျိုးအမြတ်အတွက် အချင်းချင်း ယှဉ်ပြိုင်နေကြသော အင်ပါယာ အများအပြားလည်း ရှိကြပြီး တစ်ခါတစ်ရံ စစ်မက်များ ဖြစ်ပွားတတ်ကြသည်။ သို့ရာတွင် အင်ပါယာများက အမြဲပင် ကြားနေတတ်ကြသည်။ အင်ပါယာထဲ၌ အလှမ်းဝေးသော ခရီးများကို ကြီးကြီးမားမား တိုတောင်းစေနိုင်သော အများဆုံး တယ်လီပို့လမ်းကြောင်းတစ်ခုလည်း ရှိသည်။

အမှန်တကယ်၌ ထိုကြားနေအင်ပါယာများ၏ နောက်တွင် သိဒ္ဓိအင်ပါယာနှစ်ခု ရှိနေ၏။ တယ်လီပို့လမ်းကြောင်း၏ ရည်ရွယ်ချက်အမှန်က နည်းဗျူဟာအတွက် ပို၍အသုံးဝင်သည်။ လက်ရှိတွင် အင်ပါယာနှစ်ခုက အပေါ်ယံ၌ ငြိမ်းချမ်းပြီး ရင်းနှီးသော ဆက်ဆံရေး ရှိကြသည်။ သူတို့က လက်ထပ်ပွဲအပါအဝင် ကိစ္စအများအပြားက ပူးပေါင်းဆောင်ရွက် နေကြဆဲ ဖြစ်သည်။ နာမည်အကျော်ဆုံးကတော့ ကျက်သရေပြာအင်ပါယာမှ ပုလဲဟု လူသိများသော မင်းသမီး လန်ဘိစ်နှင့် နဂါးလင်းလက်အင်ပါယာမှ တတိယမင်းသာ အာသာတို့၏ လက်ထပ်ပွဲပင် ဖြစ်သည်။ အကြောင်းက လက်ထပ်ပွဲ ကျင်းပတော့မည့်အချိန်၌ မင်းသား အာသာက ရုတ်တရက် ပျောက်ဆုံးသွား၍ပင်။

နဂါးလင်းလက်အင်ပါယာမှ မဟာလက်ဇ်က သွေးမျိုးဆက် အာရုံခံမှတစ်ဆင့် အာသာ မသေသေးကြောင်း ပြောနေသည့်အတွက် အကယ်၍ မင်းသမီး လန်ဘိစ်က အခြားတစ်ယောက်ကို လက်ထပ်ခဲ့လျှင် မဟာလက်ဇ်နှင့် နဂါးလင်းလက် အင်ပါယာတစ်ခုလုံးကို ပါးရိုက်လိုက်သလို ဖြစ်သွားပေမည်။ ထို့ကြောင့် လန်ဘိစ်က “အာသာ၏ ကြင်ရာလောင်း” အနေဖြင့်သာ ဆက်လက် ရှိနေခဲ့ရသည်။

ယခုတွင် ချန်လွေ့က ကြားနေအင်ပါယာတစ်ခုဖြစ်သော လိုယာအင်ပါယာသို့ သွားနေခြင်း ဖြစ်သည်။ သူက လိုယာအင်ပါယာ၏ တယ်လီပို့လမ်းကြောင်းမှတစ်ဆင့် ကြယ်အလင်း အင်ပါယာသို့ ရောက်ရှိနိုင်သည်။ ထို့နောက် သူက ကြယ်အလင်းအင်ပါယာ၏ ရေလမ်းကြောင်းမှ တစ်ဆင့် ကျောက်စိမ်းသစ်တောပင်လယ် အစွန်အဖျားသို့ တစ်ခါတည်း ရောက်ရှိနိုင်ပေသည်။

ကြယ်အလင်းအင်ပါယာက စစ်အမှန်သော ဘုရင်အင်ပါယာတစ်ခုဖြစ်ပြီး ကြယ်အလင်း ကောလိပ်က လူသားလောက၌ နာမည်အကျော်ဆုံးကောလိပ် ဖြစ်သည်။ ၎င်းတွင် သမိုင်းကြောင်း အရှည်ကြီးရှိပြီး မရေမတွက်နိုင်သော လက်ရွှေးစင် ပါရမီရှင်များကို မွေးထုတ် ပေးခဲ့သည်။ ပါရမီရှင်အများအပြားကလည်း လူသားလောက၌ အမှတ်အသားများ ချန်ရစ်ခဲ့ကြသည်။ အင်ပါယာများမှ တော်ဝင်မျိုးနွယ်များနှင့် ဘုရင်များက သားသမီးများကို ပညာသင်ကြားရန်အတွက် ကြယ်အလင်းအင်ပါယာသို့ ပို့ကြသည်။ ထိုအထဲ၌ နဂါးလင်းလက် အင်ပါယာမှ တတိယမင်းသာ အာသာလည်း အပါအဝင် ဖြစ်သည်။ ချန်လွေ့က ၎င်းကို မှတ်ဉာဏ်အပိုင်းအစ ပေါင်းစည်းခြင်းမှ သိရှိထားခဲ့ပြီး ဖြစ်သည်။

ချန်လွေ့က ဥယျာဉ်မြို့မှ စတင်ခဲ့ပြီး လမ်းတစ်လျှောက်မှ အင်ပါယာငယ်များကို ဖြတ်သွားခဲ့ကာ နောက်ဆုံးတွင် လိုယာအင်ပါယာ၏ တယ်လီပို့လမ်းကြောင်း တည်ရှိသော ကြေးမုံကြည်လင်မြို့တော်သို့ ရောက်ရှိလာခဲ့သည်။ လိုယာအင်ပါယာတွင် ချန်လွေ့က ဝတုတ်တုတ် စီးပွားရေးသမားပုံစံ ဟန်ဆောင်ထားခဲ့သည်။ သူ၏ မျက်လုံးကျဉ်းကျဉ်းက ပါးပါးနပ်နပ်နှင့် ဉာဏ်များစွာဖြင့် တောက်ပနေ၏။

ထိုကဲ့သို့ အသွင်ပြောင်းလိုက်ခြင်းက သတိထားရန်အတွက် ဖြစ်သည်။ ချန်လွေ့က သိဒ္ဓိအလင်းတောင်တွင် အားလန်ရှန် အတု ရှိနေလိမ့်မည်ဟု မသိထားခဲ့ပေ။ ဒဏ်ရာကြောင့် ကျန်ခဲ့သော သွေးစက်များကြောင့် သူ၏ခရီးကို ခြေရာကောက်မိသွားကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

ဒုတိယအနေဖြင့် မီးဒြပ်စင်အရင်းအမြစ်များကို ပို၍အဆင်ပြေပြေ ဝယ်ရမည် ဖြစ်သည်။ ဇာမဏီငှက်ဥက မီးဒြပ်စင်စွမ်းအားများကို ပိုမို၍ တောင်းဆိုလာ၏။ ယခင် မီးဒြပ်စင် ကုန်ကြမ်များအားလုံး ကုန်သွားလေပြီ။ ထို့ကြောင့် သူက လမ်းတစ်လျှောက်၌ နှစ်ဆ ဝယ်ခဲ့၏။ ယခုတွင် သူက မကြာခဏ စားစရာ ကုန်သွားတတ်သေးသည်။ ဥမပေါက်ခင်မှာပင် ချန်လွေ့က “စားရန်စောင့်နေခြင်း” ဟူသော စကားကိုး နက်နက်ရှိုင်းရှိုင်း နားလည်သွားလေပြီ။

ကြေးမုံကြည်လင်မြို့တော်က လိုယာအင်ပါယာ၌ ဒုတိယ အကြီးမားဆုံး မြို့တော် ဖြစ်သည်။ တယ်လီပို့လမ်းကြောင်း ရှိနေသည့်အတွက် ကြွယ်ဝစည်ကြားမှုက မြို့တော်ထက် မနိမ့်ကျပေ။ သို့ရာတွင် ချန်လွေ့က မီးဒြပ်စင်သလင်းကျောက်ကို အလယ်အလတ်နှင့် အဆင့်နိမ့် အရည်အသွေးရှိသည့် အခု၂၀သာ ဝယ်နိုင်ခဲ့သည်ကို အံ့သြမိသွားသည်။ ထိုအရာများက သန့်စင်ပြီးနောက်တွင် ဇာမဏီငှက်လေး စားရန် မလောက်ပေ။ “စားစရာ” မလုံလောက်သည်နှင့် ဇာမဏီငှက်လေး၏ အသက်ဓာတ်က သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။ ချန်လွေ့က ၎င်းကို အစာငတ်ပြီး မသေစေချင်ပေ။

နောက်ဆုံးမှော်ဆိုင်မှ စာရေးက တောင်းပန်သော အမူအရာတစ်ခု ပြသလိုက်သည်။ “တောင်းပန်ပါတယ်။ ဧည့်သည်။ ကျွန်တော်တို့ဆိုင်မှာ မီးဒြပ်စင်သလင်းကျောက် နည်းနည်းပဲ ရှိလို့ပါ။”

ချန်လွေ့က သိချင်သွားသည်။ “ဘာလို့ မီးဒြပ်စင်သလင်းကျောက်က ဒီလောက်တောင် အရောင်းသွက်ရတာလဲ။ တခြားမှော်သလင်းကျောက်တွေတော့ အများကြီးရှိတာ တွေ့ရသားပဲ။”

“ဒီလိုပါ။ သိပ်မကြာခင်တုန်းက အလင်းခန်းမရဲ့ သင်းအုပ်ဆရာ ခလိုင်ဒီက မြို့ထဲမှာရှိတဲ့ အရည်အသွေးမြင့် မီးဒြပ်စင်သလင်းကျောက်တွေ အားလုံးကို ဝယ်သွားခဲ့တယ်။ ကျွန်တော်လို့လည်း အလောတကြီးနဲ့ ရှိတာတွေကို ရောင်းပေးခဲ့တယ်။ နေ့စဉ် လိုအပ်ချက် အပြင်ကို ကြေးမုံကြည်လင်မြို့မှာ မီးဒြပ်စင်သလင်းကျောက်တွေကို အခြေခံအားဖြင့်တော့ ရှိတော့မှာ မဟုတ်ဘူး။”

“ဆာ-ခလိုင်ဒီက ဘာလို့ မီးဒြပ်စင်သလင်းကျောက်တွေ ဝယ်ခဲ့တာလဲ။”

“မသိပါဘူး။ တကယ်လို့ ဧည့်သည်က အလျင်မလိုဘူးဆိုရင် ကျွန်တော်တို့ဆိုင်မှာ ကြိုတင်မှာယူလို့ ရပါတယ်။ နောက်တစ်သုတ် အမြန်ဆုံး ရောက်နိုင်မယ့်အချိန်က နောက်တစ်လ နေရင်ပါ။ ဒါက မြို့ထဲမှာ အမြန်ဆုံးပါပဲ။”

ချန်လွေ့က ခေါင်းခါသည်။ သူက အလျင်လိုနေ၏။ ကြေးမုံကြည်လင်မြို့တော်၏ တယ်လီပို့လမ်းကြောင်းက စွမ်းအားဖြည့်တင်းရန်နှင့် ပြင်ဆင်ရန်အတွက် တစ်လလျှင် တစ်ကြိမ်သာ ဖွင့်လှစ်သည်။ ယခုတွင် တယ်လီပို့လမ်းကြောင်း ဖွင့်ရန် ၂ရက်သာ လိုတော့သည်။ အကယ်၍ သူက ယခုတစ်ခေါက် လွဲချောင်သွားခဲ့လျှင် နောက်တစ်လ စောင့်နေရဦးမည် ဖြစ်သည်။

ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး ပစ်မှတ်ကို သင်းအုပ်ဆရာ ခလိုင်ဒီပေါ်တွင် ထားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ကျောင်းတော်နဲ့ “ဖယ်ရှားလို့မရတဲ့စည်းနှောင်မှု” တစ်ခုကို လုပ်ခဲ့ပြီးပြီပဲ။ ငါက နှင်းဒဲလက်ပန်းနဲ့ ဇာမဏီငှက်လေးကိုတောင် ခိုးခဲ့ပြီးပြီ။ အဲဒီမီးဒြပ်စင်သလင်းကျောက်တွေကို ခိုးဖို့က ကိစ္စမရှိပါဘူး။

အလင်းခန်းမ တည်နေရာကို ရှာတွေ့ပြီးနောက် ချန်လွေ့က တည့်တည့် သွားလိုက်ပြီး လမ်းဆုံငယ်လေးတစ်ခုကို ဖြတ်သွားခဲ့သည်။ သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်လုံးများက ရုပ်ထုအောက်တွင် ထိုင်နေသော ယောက်ျားတစ်ယောက်ကို စိုက်ကြည့်နေခဲ့သည်။

ထိုသူက သာမန်ရုပ်ရည်သာရှိပြီး အနက်ရောင် ဆံပင်အတိုနှင့်ဖြစ်ကာ အနီရောင် ခေါင်းပတ်ပတ်ထားပြီး ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသော အဆင်တန်ဆာအချို့ ရှိနေသည်။ အဝေးမှကြည့်လျှင် သူက ဖြစ်ကတတ်ဆန်းနိုင်နေပြီး ကြမ်းပြင်ပေါ်၌ လှဲကာ ဖဲချပ်များ ကစားနေ၏။

ချန်လွေ့က လျှောက်လာပြီး ထိုလူကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

မျိုးနွယ်- လူသား

စွမ်းအားအကဲဖြတ်မှု - D (S)

ခန္ဓာအမျိုးအစား - D- (S-)

စွမ်းအား - D- (S-)

စိတ်ဝိညာဉ် - D (S)

အမြန်နှုန်း - D (S+)

[ စိစစ်ချက် ] - အလင်းဒြပ်စင်။ လေဒြပ်စင်။

ထိုသူက အပေါ်ယံ၌ အမြင့်ဆင့်နတ်ဆိုး ဖြစ်သော်လည်း တကယ့်စွမ်းအားက နတ်ဆိုး အရှင်သခင်အဆင့်င အလတ်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။

ထိုသူက ချဉ်းကပ်လာသော ချန်လွေ့ကို ကြည့်လိုက်ပြီး ချက်ချင်းပင် ပြောသည်။ “ဆာ။ ကျုပ်ရဲ့ မှော်ဖဲချပ် ရှေးဖြစ်ဟောက အတိအကျဆုံးပါ။ အနာဂတ်ကို သိချင်လား။ ငွေကြေး၊ မိန်းမ၊ အလုပ် အကုန်လုံး ခန့်မှန်းလို့ရတယ်။ သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားပဲ ကျသင့်မှာပါ။”

ချန်လွေ့က အနည်းငယ် ပြောစရာစကား မဲ့သွား၏။ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းစွမ်းအားရှိသူက အမှန်တကယ် ရှေးဖြစ်ဟောတစ်ယောက် ဖြစ်နေပြီး ရှေးဖြစ်ဟော ဖဲချပ်များက သူ့အတွက် ရင်းနှီးနေ၏။ ရွှေဘုရင်၊ ငွေဘုရင်မ၊ အမှောင်ထုဘုရင်...

ဒါက ကြမ္မာတိုက်ပွဲပဲ။

ချန်လွေ့က ပင်လယ်သေရှိ အမုန်တရားနယ်မြေထဲ၌ သေရွာပြန်ဘုရင် ဂလိုရီယိုစ်နှင့် တိုက်ခိုက်ခဲ့စဉ်က ထိုရှေးမှော်ဖဲချပ်များကို အသုံးပြုခဲ့သည်။ သူက ၎င်းသည် လူသားလောက၌ တည်ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ချန်လွေ့ စိတ်ဝင်စားသည်ကို မြင်သည့်အခါ ထိုသူက ပြောသည်။ “ဧည့်သည်က အမြင်ရှိတာပဲ။ ဒါဆိုရင် ဒီရှေးဖြစ်ဟော ဖဲချပ်ရဲ့ မှော်ဆန်တဲ့ စွမ်းအားတွေကိုလည်း သိမှာ.....”

“ငါ သိရသလောက်ဆိုရင် ကြမ္မာတိုက်ပွဲက ရှေးဖြစ်ဟောဖဲချပ် မဟုတ်ဘူး။” ချန်လွေ့က ခေါင်းခါသည်။ “ပြီးတော့ ငါက ရှေးဖြစ်ဟောတာကို စိတ်မဝင်စားဘူး။ ငါ စိတ်ဝင်စားတာက မင်းရဲ့ ပုတီးချိန်းကြိုးပဲ။ ဘယ်လောက်လဲ။”

ချန်လွေ့က ထိုသူ ဝတ်ထားသော ဟောင်းနွမ်းပြီး ထူးဆန်းသည့် ပုတီးနီချိန်းကြိုးကို ပြောနေခြင်း ဖြစ်သည်။ ၎င်းက အမှန်တကယ်ပင် အစွမ်းထက်သော မီးဒြပ်စင်စွမ်းအား ရှိသည့် ရှားပါး မီးတောက်ဝိညာဉ်ကျောက်တုံးဖြင့် ပြုလုပ်ထားလေသည်။ အလွန်အမင်း မီးဒြပ်စင်များ ကြွယ်ဝသော မီးတောင်များ၌သာ ၎င်းတို့က အနည်းငယ် ဖြစ်တည်လာတတ်သည်ဟု ပြောကြသည်။ ထိုပုတီးကြိုး အလွန်ပင် အညစ်အကြေးကင်းပြီး သန့်စင်ရန် မလိုသလောက် ဖြစ်နေသည်။ အရေအတွက် နည်းပါးသော်လည်း အရည်အသွေးက ဇာမဏီငှက်လေး သုံလေးရက် “စားသောက်ရန်” လုံလောက်ပေသည်။

ထိုသူက ချန်လွေ့ကို လေးလေးနက်နက် စိုက်ကြည့်ရင်း မျက်လုံးများ အရောင်တောက် သွားသော်လည်း ချန်လွေ့၏ [ ရုပ်ဖျက်ခြင်း ] ကို ဖောက်မမြင်နိုင်ခဲ့ပေ။ သူက ပြုံးပြီးပြီး လုပ်လိုက်သည်။ “ဝတုတ်။ မင်းရဲ့အမြင်က ဒီလောက်ကောင်းမယ်လို့ မထင်ထားဘူး။ မင်းက ဒီမှော်ဖဲချပ်ရဲ့ ဇစ်မြစ်ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတာပဲ။ အဲဒီအဘိုးကြီးကလွဲရင် မင်းက ဒုတိယမြောက်ပဲ။ ငါ့ပုတီးတွေက ရောင်းဖို့ မဟုတ်ဘူး။ မင်း ဘယ်လောက်ပဲပေးပေး၊ အသုံးမဝင်ဘူး။ ဒါပေမဲ့ မင်းက “ကြမ္မာတိုက်ပွဲ”ကို မှတ်မိမှတော့ မင်းက ပညာရှင်တစ်ယောက် ဖြစ်ရမယ်။ မင်းငါ့ကို သုံးခါ နိုင်မယ်ဆိုရင် ဒီမီးတောက်ဝိညာဉ် ပုတီးချိန်းကြိုးကို ပေးမယ်။ ဘယ်လိုလဲ။ မင်းရှုံးရင် ရှိသမျှ ပိုက်ဆံအားလုံး ပေးရမယ်။”

ချန်လွေ့က စိတ်လှုပ်ရှားသွား၏။ သို့သော် သူက တုံ့ဆိုင်းမှု ပြသလိုက်သည်။ “ငါက အကြီးအကဲနှစ်ယောက် ကစားတာကိုပဲ အရင်က မြင်ခဲ့ဖူးတာ။ အထူးစားပွဲတစ်လုံးနဲ့ ကစားနည်း သုံးမျိုး ရှိတဲ့ပုံပဲ။ မခက်လောက်ပါဘူး။ ဒါပေမဲ့ ဒီမှော်ဖဲချပ်တွေကို ထိန်းချုပ်ဖို့အတွက် ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အားနည်းလွန်းတယ်။”

“စိတ်ဝိညာဉ်စွမ်းအားက ပြဿနာ မဟုတ်ပါဘူး။” ထိုလူက ရုတ်တရက် စိတ်အား တက်ကြွသွားခဲ့ပြီး ထခုန်လိုက်သည်။ “ငါ့ပိုင်နက်က...အဲ...ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။ မင်း ကစားတတ်တယ်ဆိုရင် စိတ်ဝိညာဉ်စွမ်းအား လုံးဝ မသုံးရဘူးဆိုတာ အာမခံနိုင်တယ်။”

“ငါက တကယ် မတော်ပါဘူး....” ချန်လွေ့က လုံးလုံးလျားလျား ပြောလိုက်သည်။

“မတော်ဘူးလား။ ဒါဆို မင်းက နည်းနည်း သိတယ်ပေါ့။ ကောင်းပြီလေ။ ဒါဆို ပွဲ၁၀၀၀ ကစားမယ်။ မင်းငါ့ကို သုံးခါ နိုင်ဖို့ပဲ လိုမယ်။” ထိုလူက ကြီးစွာသော စိတ်အားထက်သန်မှုများ ပြသနေ၏။

“ပွဲ ၁၀၀၀လား။” ချန်လွေ့က အံ့သြသွားသည်။ ဒီကောင်က တော်‌တော်လေး ရယ်စရာကောင်းတာပဲ။ “ငါ့မှာ အချိန်သိပ်မရှိဘူး။ သန်ဘက်ခါ ငါ ထွက်သွားရတော့မှာ။”

“ဒါဆို ပွဲ၅၀၀ကော။ ၃၀၀ လား။ ၁၀၀ ဆိုရင်ကော..”

“ဒါဆို...ငါ သုံးခါနိုင်ရင် ရပြီလား။” ချန်လွေ့က ပုတီးချိန်းကြိုးကို ကြည့်နေရင်း မျက်လုံးကျဉ်းကျဉ်လေးက တောက်ပသွားတော့သည်။

All Chapters