သိဒ္ဓိတပည့်
Vol. 43 Ch. 682
နှစ်နာရီကြာပြီးနောက် ချန်လွေ့က ဟိုတယ်တစ်ခုမှ ကျေနပ်စွာဖြင့် ထွက်လာပြီး မီးတောက် ဝိညာဉ် ကျောက်တုံးပုတီးစေ့ကြိုးကို မြှောက်နေလိုက်သည်။
“ခဏနေပါဦး....” ခဏကြာ လမ်းလျှောက်ပြီးနောက် နောက်မှလူက သူ့နောက်သို့ လိုက်လာနေခဲ့သည်။
“ဘာလဲ။ ခလာ့ခ်။” ချန်လွေ့က အံ့သားသင့်သွားသည်။ “မင်းက ဆက်ပြီးတော့ ကစားချင်သေးတာလား။ နောက်ထပ် ထူးခြားတဲ့ပစ္စည်းတွေ ရှိသေးလို့လား။”
“မင်းက မကစားတတ်ချင်ဟန်ဆောင်ပြီးတော့ ငါ့ကို လှည့်စားခဲ့တယ်။” ထိုသူက ကျိန်ဆဲလိုက်သည်။ “ငါ့မှာရှိသမျှအကုန် မင်း ယူသွားပြီလေ။”
“ငါက အစကတော့ သုံးခါနိုင်ပြီး သွားချင်ခဲ့တာ။” ချန်လွေ့က အပြစ်မရှိသလို ဖြစ်နေသည်။ “ငါမင်းကို ဖိအားမပေးခဲ့ပါဘူး။ မင်းပဲ လက်မလျှော့ဘဲနဲ့ ဆက်ကစားချင်ခဲ့တာ။ နောက်တော့ မင်းက အကုန်ရှုံးသွားခဲ့တယ်။ မင်း အဝတ်အစားတွေ ရှိနေသေးတာ ကျေးဇူးတင်။ မဟုတ်ရင် မင်းရဲ့ အတွင်းခံတောင် ရှိတော့မှာ မဟုတ်ဘူး။”
အမှန်ပင်။ အဝတ်အစားနှင့် ခေါင်းပတ်အနီမှလွဲ၍ ခလာ့ခ်ပေါ်မှ အဆင်တန်ဆာအားလုံး မရှိတော့ပေ။ သူက အပြစ်တင်လိုက်သည်။ “မင်းလို ဝတုတ်က ရက်စက်ပြီးတော့ ငါ့ကို ပွဲ၃၀ ဆက်တိုက် အနိုင်ယူမယ်လို့ ဘယ်သူသိခဲ့မှာလဲ။”
“အရှုံးကို လက်မခံနိုင်ဘူးလား။”
“ဝတုတ်စုတ်။ ဘယ်သူက အရှုံးကို လက်မခံနိုင်လို့လဲ။ ထားလိုက်တော့။” ခလာ့ခ်က ချန်လွေ့ကို စိုက်ကြည့်ပြီး တိတ်တိတ်လေး ပြောလိူက်သည်။ “ဆရာသခင် ခလာ့ခ်ဆိုတဲ့ငါက ဒီလောက် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ဖူးတာ ပထမဆုံးပဲ။ မင်းရဲ့ အဒီအဘိုးကြီးနဲ့လည်း မတူဘူး။ ဒါပေမဲ့ မင်းက ပျောက်ဆုံးနေပြီဖြစ်တဲ့ ရှေးမှော်ဖဲချပ်ကို ကျွမ်းကျင်နေတယ်။ အဲဒါက အဲဒီအဘိုးကြီး ထက်တောင် အများကြီး ပိုအစွမ်းထက်တယ်။ ငါ့မှာ မီးတောက်ဝိညာဉ်ကျောက်တုံးကို သုံးစရာ နည်းနည်း ရှိသေးတယ်။ အဲဒါတော့ ပေးလို့မရဘူး။ ကျန်တာတွေက မင်းအပိုင်ပဲ။ ငါ့ကိုယ်ငါ ကံမကောင်းဘူးလို့ပဲ သဘောထားလိုက်မယ်။”
“ငါလိုချင်တာက မီးတောက်ဝိညာဉ်ကျောက်တုံးပဲ။” ချန်လွေ့က ခေါင်းခါသည်။ သူက ကျန်သော အပိုင်းအစများကို ယူပြီး ခလာ့ခ်ထံ ပြန်ပေးလိုက်သည်။ “မင်းက ပြန်ပေးတယ်။”
ချန်လွေ့က ထိုသူအတွက် အကောင်းမြင်စိတ် ရှိခဲ့သည်။ ယုတ်စွအဆုံး သူ၏ လောင်းကစား ကျင့်ဝတ်က သင့်မြတ်ပေသည်။ သူက အတင်းအားသုံးပြီး လုယက်ရန် မကြိုးစားခဲ့ပေ။
ခလာ့ခ်က အံ့အားသင့်စွာပင် ထိုအရာများကို ဖမ်းလိုက်သည်။ ထို “အပိုင်းအစများ”ထဲတွင် ဂါလီလည်ဆွဲနှင့် မိုးကြိုးလက်စွပ်တို့ ပါဝင်ကြပြီး ၎င်းတို့က ဒဏ္ဍာရီလာ-ယောင်အဆင့် မှော်ပစ္စည်းများ ဖြစ်ကြသည်။ တန်ဖိုးက မီးတောက်ဝိညာဉ်ကျောက်ပုတီးများထက် မနည်းလှပေ။ ဒီဉာဏ်များတဲ့ ဝတုတ်က စွမ်းအား သိပ်ပြီးတော့ ရှိတဲ့ပုံ မပေါ်ဘူး။ ဒါပေမဲ့ သူက ရှေးမှော်ဖဲချပ်မှာတော့ ဆရာတစ်ပါးပဲ။ သူက အစွမ်းတွေ ဖုံးကွယ်ထားတာလား မသိဘူး။ အနည်းဆုံးတော့ သူက ရတနာတွေကို ခွဲခြမ်းပြီးမြင်နိုင်တယ်။ ဝတုတ်က မီးတောက်ဝိညာဉ် ကျောက်တုံးကို မြင်နိုင်မှတော့ ကျန်တာတွေရဲ့တန်ဖိုးကို မမြင်နိုင်တာတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက လွယ်လွယ်နဲ့ ပြန်ပေးခဲ့သေးတယ်။
ခလာ့ခ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဝတုတ်။ မင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဒါပေမဲ့ ငါက မီးတောက်ဝိညာဉ်ကျောက်တုံးကို ကောင်မလေးတစ်ယောက်ဆီ ပေးမလို့ ရည်ရွယ်ထားတာ။ ငါ့ကို အမှန်အတိုင်းပြောပါ။ ဒါက ဘာအတွက်လဲ။ အရေးမကြီးဘူးဆိုရင် ငါ့ကို အရင်ဆုံး ပြန်ပေးပါ။”
“ငါ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်က လေ့ကျင့်ဖို့အတွက် မီးသလင်းကျောက်တွေ အရေးတကြီး လိုနေလို့။” ချန်လွေ့က အမှန်အတိုင်း မပြောပြနိုင်ပေ။ “ငါက မြို့အနှံ့ သွားကြည့်ပြီးပြီ။ မီးသလင်းကျောက်တွေ ရှာမတွေ့ခဲ့ဘူး။ အဲဒါက သင်းအုပ်ဆရာ ခလိုင်ဒီက ဝယ်သွားတယ်လို့ ကြားတယ်။”
“ဒီတော့ မင်းက ငါ့ရဲ့ မီးတောက်ဝိညာဉ် ကျောက်တုံးကို ပစ်မှတ်ထားလိုက်တယ်ပေါ့။” ခလာ့ခ်က ရုတ်တရက် သဘောပေါက်သွားသည်။ “အဲဒါက သောက်ခလိုင်ဒီရဲ့ အပြစ်ကြောင့်ပဲ။ ဂိုဏ်းအုပ်အချုပ်ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့အတွက် သူက မြို့ထဲက မီးသလင်းကျောက်တွေ အကုန်လုံးကို ဝယ်ခဲ့တာ။”
ချန်လွေ့က အစမ်းသဘော မေးကြည့်လိုက်သည်။ “မျက်နှာလိုမျက်နှာရ လုပ်ဖို့လား။ ဘာကိစ္စရှိလို့လဲ။”
“မင်း မသိဘူးလား။ မြို့တော်ရဲ့ ဂိုဏ်းအုပ်အချုပ် ဖေးလ်က မနေ့တုန်းက ကြေးမုံကြည်လင်မြို့ကို စုံစမ်းစစ်ဆေးဖို့ ရောက်လာခဲ့တယ်။ ဖေးလ်က အလင်းဒြပ်စင်နဲ့ မီးဒြပ်စင် အသုံးပြုတဲ့ ဒြပ်စင်နှစ်သွယ် ဓားသမားတစ်ယောက်ပဲ။ သူက သူတော်စင်အဆင့် အစွန်အဖျားကို ရောက်နေပြီ။ ဟမ့်... ခလိုင်ဒီက သူ့ကို ကျေနပ်အေင် လုပ်နေတာပဲ။ ဒါပေမဲ့ ဖေးလ်က အမြဲတမ်း ခြိုးခြံချွေတာပြီးတော့ ရိုးသားတယ်။ မိန်းမတွေနဲ့ အဝေးမှာ နေတယ်။ ခလိုင်ဒီရဲ့ မြှောက်ပင့်မှုတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။”
ခလိုင်ဒီက မည်သည်ကြောင့် ထိုသို့ ပြုလုပ်ခဲ့ကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။ နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ပွဲပြီးနောက်တွင် ကျောင်းတော်အသီးသီး၌ ဝန်ထမ်းနေရာများ အပြောင်းအလဲကြီးကြီးမားမား ဖြစ်ပွားပေလိမ့်မည်။ ထို့ကြောင့် ခလိုင်ဒီက အခွင့်အရေးကို အရယူပြီး အထက်လူကြီးများကို ကျေနပ်အောင် ပြုလုပ်နေခြင်းပင်။ မာနာနှင့် ဆိုလန်တွန်တို့လည်း ထိုအတိုင်းပင် ဖြစ်သည်။
ချန်လွေ့က နားမလည်နိုင်သော အမူအရာတစ်ခု ပြသလိုက်သည်။ “ဒါက လူတိုင်းသိတဲ့ သတင်းတစ်ခု မဟုတ်ဘူး။ မင်းကို ရှေးဖြစ်ဟောပြီး ပိုက်ဆံလိမ်စားတဲ့သူက ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း သိနေရတာလဲ။”
“ငါက လူလိမ်လို့ ဘယ်သူပြောလဲ။” ခလာ့ခ်က ရင်ဘတ်ကို ပုတ်လိုက်သည်။ “ငါက ကျောင်းတော်ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။”
“မင်းကလား။” ချန်လွေ့က ခလာ့ခ်ကို သုံးလေးခေါက် ကြည့်လိုက်သည်။ ထို့နောက် လမ်းတစ်လျှောက်ရှိ လူပျောက်ပုံများ၊ အလိုရှိ ရာဇဝတ်သားပုံများကို စစ်ဆေးကြည့်နေသည်။
“ဝတုတ်စုတ်။ ဒါက ဘာအကြည့်လဲ။” ခလာ့ခ်က ချန်လွေ့၏ အကြည့်နောက်ကို လိုက်ကြည့်ပြီး ထခုန်လိုက်သည်။
“ခုနတုန်းက ကျောင်းတော်က လူတွေနဲ့ ငါတို့ ဆုံခဲ့တယ်။ အဲဒီလူတွေက မင်းလိုမျိုး အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်ကို ဘာလို့ အရိုအသေ မပြုခဲ့တာလဲ။”
“ငါက သိဒ္ဓိအလင်းတောင်ရဲ့ အလင်းစစ်သည်တော်ပဲ...အဲ...အရန်အလင်းစစ်သည်တော် အလောင်းအလျာပေါ့။” ခလာ့ခ်က အနည်းငယ် ယုံကြည်မှု ကင်းမဲ့နေသည်။ “ငါက ကြေးမုံကြည်လင်မြို့ကို ရောက်တာ သိပ်မကြာသေးဘူး။ အဲဒီအသေးလေးတွေက ငါ့ကို ဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာလဲ။”
ချန်လွေ့က “အရန်အလင်းစစ်သည်တော်လောင်း”ဟူသော ဂုဏ်ပုဒ်နှင့် မစိမ်းလှပေ။ ခလာ့ခ်၏ တကယ့်စွမ်းအားနှင့်ဆိုလျှင် သိဒ္ဓိအလင်းတောင်မှ ရှေးသူရဲကောင်းတစ်ယောက် ဖြစ်လာရန် ပြဿနာ မဟုတ်ပေ။ အကယ်၍ အလင်းစစ်သည်တော်သာဆိုလျှင် ချန်လွေ့ အမှန်တကယ် ယုံကြည်မည် မဟုတ်ပေ။ ထိုသူက လျှောက်သွားနေသော တစ်ကိုယ်တော လေ့ကျင့်သူတစ်ယောက်နှင့် ပိုတူနေ၏။
“ဟုတ်ပါပြီ။ ဆာ-အလင်းစစ်သည်တော် အရန်အလင်းစစ်သည်တော်လောင်း။ ငါ သွားတော့မယ်။ ဒီမီးတောက်ဝိညာဉ်ကျောက်တုံးကို နှစ်ရက်လောက် အရင်ငှားထား။ ပြီးရင် ငါမင်းကို ပြန်ပေးမယ်။ မင်းက သလင်းခန်းမက ဆရာသခင်တစ်ယောက် မဟုတ်ဘဲနဲ့ ပလာဇာမှာပဲ ဆိုင်ဖွင့်နေဦးမယ်ဆိုရင်တော့ ငါတို့ သောက်လို့ရသေးတယ်။” ချန်လွေ့က ခလာ့ခ်ကို လျစ်လျူရှုပြီး လှည့်ထွက်သွားလိုက်သည်။
“ဝတုတ်။ မင်းငါ့ကို လိမ်ရဲရင်တော့ ကောင်းကင်ပေါ်ထိအောင် ထွက်ပြေးရင်တောင် မင်း မီးတောက်ဝိညာဉ်ကျောက်တုံးတွေ အန်ထွက်အောင် လုပ်ပစ်မယ်။ ပြီးတော့ ပိုက်ဆံတွေ။” ခလော့ခ်က ယခုတစ်ခေါက် မလိုက်သွားတော့ဘဲ ဝတုတ်တုတ်ခန္ဓာကိုယ်က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ ရုတ်တရက် သူက နဖူးကို ရိုက်လိုက်မိသည်။ “အဲဒီဝတုတ်နာမည်ကို မေးဖို့ မေ့သွားတယ်။”
ခလော့ခ်၏ စရိုက်က မုဆိုးမ-ထိန်းချုပ်ခံရသူတစ်ယောက်နှင့် အနည်းငယ် ဆင်တူသည်။ သူက သိပ်မဆိုးလှဘဲ မိတ်ဆွေဖြစ်ရန် ထိုက်တန်ပေသည်။ သို့သော်လည်း ချန်လွေ့က မီးတောက်ဝိညာဉ်ကျောက်တုံးကို ထပ်မထိချင်တော့ပေ။ “ငှားရမ်းခြင်း”က လုပ်ရပ်အတွက် ဖုံးကွယ်ခြင်းသာ ဖြစ်သည်။ သူ၏တကယ့်ပစ်မှတ်မှာ အလင်းခန်းမရှိ ဖေးလ်နှင့် ခလိုင်ဒီတို့ ဖြစ်ကြ၏။
အကယ်၍ ခလိုင်ဒီက ဖေးလ်ကို မျက်နှာလို မျက်နှာရ ပြုလုပ်ချင်လျှင် သူက လာဘ်ထိုးရန် အတွက် သေချာပေါက် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။ ယခုကိစ္စ အောင်မြင်သွားခဲ့လျှင် ကြယ်အလင်းအင်ပါယာသို့ ရောက်လာပြီးနောက် မီးသလင်းကျောက် ဝယ်စရာ မလိုတော့ပေ။
ညပိုင်းတွင် အလင်းခန်းမက အလွန်တိတ်ဆိတ်နေဟန်တူသော်လည်း အစောင့် တင်းကြပ်နေဆဲ ဖြစ်သည်။ ရှေ့နောက် ကင်းလှည့်နေကြသော အလင်းစစ်သည်တော် အများအပြား ရှိနေကြသည်။ ယခင်က အလင်းခန်းမတွင် နေ့ခင်းပိုင်းမှာပါ သွားလာနေခဲ့သော ချန်လွေ့အတွက် ခိုးဝင်လာရသည်မှာ အေးဆေးသာ ဖြစ်သည်။
မရဏနက်နောက်လိုက် အဖြစ်အပျက်ကြောင့် နေရာအသီးသီးရှိ ကျောင်းတော်များက တပ်လှန့်ထားကြပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။ သာမန်နေ့ရက်များ၌ ခံစစ်ကို အားဖြည့်ခြင်းအပြင် ဆုတာင်းခန်းမများကလည်း ညပိုင်းပိတ်ထားပြီး အမျိုးမျိုးသော အကာအကွယ် မှော်စက်ဝိုင်းများကို အသက်သွင်းထားလေ၏။
အသူရာ အသက်ပြန်ရှင်အောင် ပြုလုပ်ရန်အတွက် အချိန်မရှိပေ။ ထို့ပြင် သိဒ္ဓိအလင်းတောင်မှ ချန်လွေ့ ရရှိခဲ့သော “သန့်စင်မှုမြင့်မားသည့်” ယုံကြည်မှုက ယုံကြည်မှု သလင်းကျောက်များအဖြစ် ပြောင်းလဲရန် လုံလောက်သည်။ ထို့ကြောင့် သူက လက်ရှိတွင် ယုံကြည်မှုစွမ်းအားများ ခိုးယူရန် မလိုတော့ပေ။ အံ့သြစရာကောင်းသည်မှာ အရေးကြီး ပုဂ္ဂိုများ နေထိုင်သော ဧည့်ခန်းများထဲ၌ မြို့၏ ဂိုဏ်းအုပ်အချုပ် ဖေးလ်ကို မတွေ့ရပေ။ ထို့ပြင် သင်းအုပ်ဆရာ ခလိုင်ဒီကလည်း အခန်းထဲ၌ ရှိမနေပေ။
ဖေးလ်က ခြိုးခြံချွေတာပြီး ရိုးသားသည့်အတွက် စားသောက်ပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများ အားလုံးကို ငြင်းပယ်သည်ဟု ပြောကြသည်။ ချန်လွေ့က နေ့လယ်တွင် အမှောင်ထဲ၌ စောင့်ကြည့် လေ့လာနေကာ ညပိုင်းအထိ ရောက်ရှိသွားခဲ့သည်။ သူက ခလိုင်ဒီနှင့် ဖေးလ်တို့ အပြင်ထွက်သွား သည်ကို သတိမထားမိပေ။ သို့သော် နှစ်ယောက်လုံးက အလင်းခန်းမထဲ၌ “ပျောက်ကွယ်သွား” ခဲ့ကြလေသည်။
သင်းအုပ်ဆရာ၏ မြေအောက် တရားထိုင်အိမ်၌ ဖြစ်သည်။
ထိုမြေအောက်စခန်းက အလွန်ကျယ်ဝန်းလှပြီး လင်းလက်တောက်ပနေကာ ယောက်ျား နှစ်ယောက်၏ ပုံရိပ်ကို ရောင်ပြန်ဟပ်နေ၏။
ရှေ့မှလူက သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက ကြီးထွားသန်မာသော ခန္ဓာကိုယ်ရှိပြီး မျက်ခုံးထူကာ တင်းမာသော အသွင်အပြင် ရှိနေသည်။ သူက ဒေါသမထွက်ဘဲ အထင်ကြီးနိုင်သလို ဖြစ်နေသည်။ ထိုသူက လိုယာအင်ပါယာ၏ မြို့တော်မှ ဂိုဏ်းအုပ်အချုပ် ဖေးလ် ဖြစ်သည်။ သူ့နောက်တွင် ကြေးမုံကြည်လင်မြို့၏ ကျောင်းတော်မှ သင်းအုပ်ဆရာ ခလိုင်ဒီရှိနေ၏။ သူက ပိန်ပါးပြီး သာမန်ဖြစ်နေကာ မျက်လုံးကျဉ်းသည်။ သူက အပြုံးနှင့် မျက်လုံးကို ကျုံ့ထားပြီး အပြစ်မလုပ်နိုင်သကဲ့သို့ ထင်ရသည်။
မြို့တော်မှ ဂိုဏ်းအုပ်အချုပ်က သိဒ္ဓိအလင်းတောင်မှ တိုက်ရိုက် အလုပ်ခန့်နိုင်ပြီး ထုတ်ပယ်နိုင်သော အင်ပါယာတစ်ခုလုံး၏ ကျောင်းတော်ခေါင်းဆောင် ဖြစ်သည်။ သူက သေချာပေါက်ပင် ခလိုင်ဒီ၏ အထက်လူကြီး ဖြစ်ပေသည်။ သူက လူယုံတစ်ယောက် ဖြစ်သော်လည်း အနည်းငယ်မျှ လျစ်လှူမရှုရဲပေ။ သူက ရိုရိုသေသေနှင့် ပြောလိုက်သည်။ “ဆာ-ဖေးလ်။ ဒါက မရဏနက်နောက်လိုက် သံသယရှိသူတွေထဲကနေ ရရှိထားတဲ့ မီးသလင်းကျောက်တွေပါ။ သူတို့က အမှောင်စွမ်းအားတွေနဲ့ ညစ်ညမ်းနေတယ်။ ကျုပ်ရဲ့စွမ်းအားက သန့်စင်ဖို့ မလုံလောက်တဲ့အတွက် ဆာ့ကို ပေးအပ်ရတာပါ။ မြို့တော်ကို ပြန်ပြီးရင် ဒီ အမှောင်သလင်းကျောက်တွေကို ဖျက်ဆီးဖို့အတွက် အလင်းစွမ်းအားကို သုံးလို့ ရပါတယ်။”
ဖေးလ်က ခလိုင်ဒီ ကမ်းပေးသော နေရာလွတ် လက်စွပ်ကို ယူလိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူ၏မျက်လုံး အရောင်တောက်သွားပြီး သဘောတူလျက် ခေါင်းညိတ်လိုက်သည်။
ခလိုင်ဒီက စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားပြီး ပြောလိုက်သည်။ “ဒါနဲ့ ကျွန်တော်က ဒီတစ်ခေါက် မရဏနက် နောက်လိုက်နှစ်ယောက်ကို ဖမ်းလာခဲ့တယ်။ ဆာ။ သူတို့ကို အသေးစိတ် စစ်ဆေးကြည့်လိုက်ပါ။”
ထိုသို့ပြောပြီးနောက် ခလိုင်ဒီက နှိပ်စက်ကိရိယာအများအပြား ရှိနေသော အကျဉ်းခန်း တံခါးကို ဖွင့်လိုက်သည်။ “အကျဉ်းသား”နှစ်ဦးက နံရံပေါ်၌ ခြေထိပ်လက်ထိပ်များဖြင့် အတင်းအကြပ် ချုပ်နှောင်ထားခံနေရသည်။ ထိုနှစ်ယောက်က အသက် ၁၀နှစ်ခန့်သာရှိသော ကလေးငယ်နှစ်ယောက် ဖြစ်ကြသည်။ သူတို့က ခန့်ညားပြီး ပိန်ပါးကာ အဝတ်အစားမဲ့နေ၏။ ခလိုင်ဒီ၏ မျက်နှာကို မြင်သောအခါ သူတို့က ဒဏ်ရာရနေသော သမင်တစ်ကောင်သဖွယ် ကြက်သီးများ ထသွားခဲ့ကြသည်။
ဖေးလ်၏ မျက်လုံးထဲ၌ ခြစ်ခြစ်တောက် အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ “သူတို့လား။”
ခလိုင်ဒီက ဦးညွှတ်ပြီး ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါက အတွေးရေးကိစ္စပါ။ ကျွန်တော် အရင်ဆုံး ပြန်လိုက်ပါဦးမယ်။ ဒီမရဏနက်နောက်လိုက်နှစ်ယောက်က ငယ်ပေမဲ့ သူတို့ရဲ့ ယုံကြည်မှုက ညစ်ညမ်းနေခဲ့ပါပြီ။ ဆာ့ရဲ့ စစ်မေးမှုပြီးရင် နောက်ထပ် ပြဿနာတွေ မဖြစ်ရအောင် မကောင်းမှုကို အမြစ်လှန်ပစ်ရပါမယ်။”
“မင်းလုပ်တာ တော်တယ်။” ဖေးလ်က တဖြည်းဖြည်း ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်က ပို၍ပင် လေးနက်သွားခဲ့သည်။ “မင်းရဲ့ အကျိုးပြုမှုကို ငါ မှတ်မိနေမှာပါ။ ကြေးမုံကြည်လင် မြို့မှာ မင်းရဲ့ လုပ်ဆောင်ချက်တွေကို ငါ အတော်လေး ကျေနပ်မိတယ်။ ငါဒါကို သိဒ္ဓိအလင်းတောင်ဆီ ကိုယ်တိုင် တင်ပြပေးမယ်။”
ခလိုင်ဒီက မိမိသည် မြို့တော်၌ ဂိုဏ်းချုပ်ရာထူး ရရှိရန် ခြေတစ်လှမ်း ပိုမိုနီးကပ်လာပြီ ဖြစ်ကြောင်း သိသည့်အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။ သူက လေးလေးနက်နက်နှင့် အလျင်အမြန် ဦးညွှတ်ပြီး အပြင်ထွက်သွားလိုက်သည်။
မြေအောက်စခန်းမှ ခလိုင်ဒီ ထွက်သွားပြီး တံခါးပိတ်သံကို ကြားပြီးနောက် ခလိုင်ဒီက လေးထောင့်ပုံစံ တင်းမာနေသာ မျက်နှာက တဖျပ်ဖျပ် အလင်းရောင်အောက်၌ ချက်ချင်းပင် ကြောက်စရာကောင်းသွားသည်။ သားရဲကဲ့သို့ မျက်လုံးများနှင့် ရှုံ့တွနေသောအပြုံးက ထိုဂိုဏ်းအုပ်အချုပ်ကို ပထမဆုံး မြင်ဖူးသော ဆယ်ကျော်သက်နှစ်ယောက်အတွက် ပိုပြီးမားသော အန္တရာယ်တစ်ခုကို ခံစားရစေသည်။ သူတို့က တုန်လှုပ်နေကြပြီး စကားမပြောနိုင်တော့ပေ။
ဖေးလ် တစ်လှမ်းချင်း လျှောက်လာသည်နှင့်အမျှ ထိုကဲ့သို့ ကြောက်ရွံ့မှုက ပိုပိုပြီး တိုးလာသည်။ ဖေးလ်က ဆယ်ကျော်သက်များ၏ ကြောက်လန့်နေသောအကြည့်ကို ခံစားနေပြီး ဆိုးရွားသော အပြုံးတစ်ခု ပြသလိုက်သည်။ ထိုအကြည့်က သူ၏ပုံမှန်မျက်နှာပေါ်ရှိ လေးနက်သော မျက်နှာဖုံးကိုပင် စိတ်ကူး၍မရနိုင်အောင် ဖြစ်သွားစေသည်။
ဂိုဏ်းအုပ်အချုပ်က အမျိုးသမီးများနှင့် ဝေးဝေးနေရသည့် တကယ့်ရည်ရွယ်ချက်မှာ လူပျိုရည် ထိန်းသိမ်းရန် မဟုတ်ဘဲ သူ၏ လိင်စိတ်တိမ်းညွတ်မှုကြောင့်သာ ဖြစ်သည်။ သူက ကလေးငယ်များနှင့် ကောင်လေးများကို သဘောကျသည်။ ယခင်နှစ်များအတွင်း အပြစ်မဲ့သော ကလေးများ တိတ်တဆိတ် အသတ်ခံခဲ့ရကြောင်းကို မည်သူမှ မသိနိုင်ကြပေ။
လျို့ဝှက်နည်းလမ်းများကြောင့် ဖေးလ်က အမျိုးသမီးများနှင့် ဝေးဝေးနေသော၊ ရိုးသားသော၊ အကျင့်မပျက်သော ဂိုဏ်းအုပ်အချုပ်တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ လူယုံ အနည်းငယ်မှလွဲ၍ မည်သူမှ မသိကြပေ။ သူတို့ထဲ၌ ခလိုင်ဒီလည်း တစ်ယောက်အပါအဝင် ဖြစ်လေသည်။
ဒီကောင်လေးနှစ်ယောက်က သေချာပေါက် မရဏနက်နောက်လိုက်တွေ မဟုတ်ဘဲ ခလိုင်ဒီ အထူးပြင်ဆင်ထားတာပဲ။
ဖေးလ်က အဝတ်အစားအားလုံးကို ချွတ်ပြီး သူ၏ ရုပ်ဆိုးသောတန်ဆာကို လှုပ်ရမ်းကာ သားကောင်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာစဉ် သူ့စိတ်ထဲ၌ ပြင်းထန်သော ကပ်ဘေး အန္တရာယ်တစ်ခု ရုတ်တရက် လှိမ့်တက်လာခဲ့သည်။ သူ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခုက သူ့ကို ချက်ချင်းပင် ဝိုင်းရံလိုက်သည်။
“ဝုန်း....” အလင်းရောင်များ တုန်ခါသွားခဲ့သည်။ ဖေးလ်၏ ခန္ဓာကိုယ်က ပြင်းထန်သော အားတစ်ခုကြောင့် လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိသွားခဲ့သည်။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာ မရသွားသော်လည်း သူ့လည်ပင်းမှ မှော်လည်ဆွဲ၏ ကျောက်မျက်ကတော့ ပျက်စီးသွားလေပြီ။
ဖေးလ် ထိတ်လန့်သွားခဲ့သည်။ ဂိုဏ်းချုပ် ပါစ်မီရာ ပေးခဲ့တဲ့ ဒီအစောင့်အရှောက် လည်ဆွဲက အားကောင်းတဲ့ ခုခံမှုစွမ်းအား ရှိတယ်။ စိတ်ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးတဲ့ အပြင်ကို သူတော်စင်အဆင့်ရဲ့ အပြည့်အဝ တိုက်ခိုက်မှုကိုလည်း ခုခံနိုင်တယ်။ အခုတော့ ဒါက တစ်ချက်တည်းနဲ့ ပျက်စီးသွားခဲ့တယ်။
“ [ လျှပ်တပြက် ] ”
ဖေးလ်က အနိုင်မယူနိုင်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိသည်။ အဝတ်အစားများ မဝတ်ထားဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တလက်လက် အလင်းရောင်များ တောက်ပနေ၏။ သူက ထွက်ပြေးရန်အတွက်သာ အချိန်ဆွဲချင်ခဲ့သည်။ သို့ရာတွင် အန္တရာယ် ခံစားချက်က တဖြည်းဖြည်းနီးကပ်လာပြီး သူ့ကို ကြက်သီးများ ထသွားစေခဲ့သည်။ သူက အံကြိတ်လိုက်ပြီးနောက် မီးဒြပ်စင်စွမ်းအားများ လှိမ့်တက်လာသည်။ အကျဉ်းထောင် တစ်ခုလုံးက အနီရောင်များ ရောင်ပြန်ဟပ်နေပြီး သူက အစွမ်းအထက်အဆုံး တိုက်ကွက်ကို သုံးလိုက်သည်။ “[ မီးတောက် အလင်းပေါက်ကွဲခြင်း ]”
အနီရောင်အလင်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။ သတ္တုကိုပင် အရည်ပျော်စေနိုင်သော သေစေနိုင်သည့် မီးတောက်က လက်ဖဝါးတစ်ခုထဲ၌ ငြိမ်းသွား၏။
ထိုလက်ကို သေသေချာချာ ကြည့်လိုက်ပြီး နောက်ထပ် စက္ကန့်ပိုင်းမှာပင် မိမိ၏ လည်ပင်း ကျိုးသွားသောအသံကို ကြားလိုက်ရသည်။ ချက်ချင်းပင် သူ၏အသိစိတ်က အမှောင်ထုထဲသို့ နစ်မြုပ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ခွေးသေကောင်ကဲ့သို့ ပြိုလဲသွားတော့သည်။
ချန်လွေ့၏ပုံရိပ်က အကျဉ်းထောင်ထဲ၌ တဖြည်းဖြည်း ထင်ရှားလာသည်။ သူက ဖေးလ်၏ လက်ချောင်းများမှ နေရာလွတ်လက်စွပ်များကို ချွတ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးကြည့်သည်။ သူက အနည်းငယ် အံ့အားသင့်သွား၏။ ဒီတစ်ခေါက်ခရီးရဲ့ ဆုလာဒ်က ငါထင်ထားတာထက် ပိုပြီးတော့ များနေတဲ့ပုံပဲ။
သူက လက်စွပ်များကို သိုလှောင်ဂိုဒေါင်ထဲ၌ သိမ်းထားလိုက်ပြီး မြေပေါ်မှ ရုပ်ဆိုးဆိုးနှင့် ကိုယ်တုံးလုံး ဖြစ်နေသော အလောင်းကို ကြည့်လိုက်သည်။ ထို့နောက် ယခင်ဘဝမှ ကြားခဲ့ရသော ဘုန်းတော်ကြီးတစ်ယောက်၏ ကလေး-ပြည့်တန်ဆာ အခင်းဖြစ်ရပ်ကို ရုတ်တရက် တွေးမိသွားသည်။ သူက ပို၍ပင် ဒေါသထွက်သွားပြီး ထို ယဉ်ကျေးပုံရသော ဂိုဏ်းအုပ်အချုပ်၏ ဦးခေါင်းကို နင်းချေလိုက်ရာ “ဘုန်း”ခနဲ ကြေမွသွား၏။
ခဏကြာပြီးနောက် ချန်လွေ့နှင့် အကယ်ခံရသော ကောင်လေးနှစ်ယောက်က အမှောင်ထုကို အခွင့်ကောင်းယူပြီး တရားထိုင်ခန်းသို့ တိတ်တိတ်လေး လွတ်မြောက်လာသည်။
လမ်းတစ်လျှောက်၌ ကင်းလှည့်နေသော အလင်းစစ်သည်တော်များကို ရှောင်တိမ်း ပြီးနောက် သူတို့က သတိထားပြီး ရှေ့ဆက်နေခဲ့သည်။ သို့သော် သူတို့က ပလာဇာအနီးသို့ ရောက်တော့မည့်အချိန်၌ ချန်လွေ့၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက ကောင်းလေးနှစ်ယောက်ကို ချထားခဲ့ပြီး စကားအနည်းငယ် တီးတိုးပြောကာ ရှေ့သို့ တစ်ယောက်တည်း လျှောက်လာသည်။
“ထွက်လာခဲ့....” ချန်လွေ့က အသာလေး ပြောလိုက်၏။
လရောင်သာ တောက်နေသော ပလာဇာက ချက်ချင်းပင် တောက်ပစွာ လင်းလက်လာ၏။ ထို့နောက် ချန်လွေ့အရှေ့တွင် အလင်းစစ်သည်တော် အများအပြား ပေါ်ထွက်လာသည်။ သို့သော် သူက ထိုလူများကို မျက်ကွယ်ပြုထားပြီး လူသုံးယောက်ကိုသာ အာရုံစိုက်ထားခဲ့သည်။
ပထမတစ်ယောက်မှာ အနီရောင်ခေါင်းပတ်ရှိပြီး ဖြစ်ကတတ်ဆန်းပုံစံဖြစ်နေသာ အသိတစ်ယောက် ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်၌လည်း အပိုင်းအစများ လွဲလောင်းကျနေ၏။ နေ့ခင်းပိုင်းတုန်းက ငါနဲ့ဆုံခဲ့တဲ့ မှော်ဖဲချပ်ရှေးဖြစ်ဟော ခလာ့ခ်ပဲ။
နောက်ထပ် အမျိုးသမီးတစ်ယောက်က ငွေနက်ရောင် ချပ်ကာကို ခန္ဓာကိုယ်အပြည့် ဝတ်ဆင်ထား၏။ သူက သွယ်လျပြီး ဆံပင်ခရမ်းရောင်ရှိကာ မျက်လုံးအနက်နှင့် ဖြစ်သည်။ သူက လှပပြီး လက်ထဲ၌ လှံတစ်ချောင်း ကိုင်ထားလေသည်။
တတိယတစ်ယောက်မှာ အရပ်ရှည်ရှည် တောင့်တောင့်တင်းတင်း ယောက်ျားတစ်ယောက် ဖြစ်ပြီး ပိုနက်မှောင်သော အသားအရည်၊ ကြီးမားသော ကြွက်သားများနှင့် အလွန်အမင်း စူးရှသော အကြည့် ရှိနေ၏။ သူ၏ ညာဘက်တံတောင်နောက်တွင် အလွန်ကြီးမားသော ကြေးဝါသတ္တုလက်တစ်ခု ရှိနေပြီး သူ့လက်က သုံးလေးဆ ကြီးသွားသလိုမျိုး ဖြစ်နေသည်။
ထိုလူသုံးယောက်လုံး၏ စွမ်းအားများက နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်ကြသည်။ ခလာ့ဒ်၊ အမျိုးသမီးတို့က S အဆင့် ဖြစ်ကြပြီး တောင့်တောင့်တင်းတင်းနှင့်လူက S+ အဆင့် ဖြစ်သည်။
သူတို့သုံးယောက်က အတွေ့အကြုံရှိပြီး တိုက်ပွဲကို စမ်းသပ်ပြီးသွားသော စစ်သည်တော်များ ဖြစ်ကြောင်းကို ချန်လွေ့ မြင်နိုင်ပေသည်။ သူတို့က သိဒ္ဓိအလင်းတောင်မှ အလိုလိုက်ခံရသော ရေဖျန်းဘုန်းတော်ကြီးနှင့် အခြားသူများကဲ့သို့ မဟုတ်ကြပေ။ သူတို့၏ တကယ့် တိုက်ခိုက်ရေးစွမ်းအားက ကျက်သရေဆောင် ဓားဆရာသခင် ပါဆာလီ လက်အောက်မှ ဖြစ်လောက်ပေသည်။
ခလာ့ခ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လာပြီး ချန်လွေ့ကို ကြည့်လိုက်ကာ တုံ့ဆိုင်းရင်း မေးလိုက်သည်။ “မင်းက....ဝတုတ်လား။”
ထိုအချိန်တွင် ချန်လွေ့က နောက်ထပ်မျက်နှာတစ်ခုသို့ ပြောင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ခလာ့ခ်က မမျှော်လင့်စွာပင် သူ့ကို မှတ်မိနေသေးသည်။ သူက ငြင်းရန် သို့မဟုတ် ပြန်မဖြေရန် ပြုလုပ်နိုင်သော်လည်း ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“တကယ် မင်းပဲကိုး.....” ခလာ့ဒ်၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ သူက အနည်းငယ် နောင်တရသွားပြီး အနည်းငယ် စိတ်ပိုင်းဖြတ်လိုက်၏။
ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ “ဒီမနက်က....ထောင်ခြောက်လား။”
ထိုအချိန်က ချန်လွေ့သည် ခလာ့ဒ်ထံသို့ ကိုယ့်ဘာသာ ချဉ်းကပ်ခဲ့သည်။ မှော်ဖဲချပ် ကစားပွဲတစ်ခု ပြီးနောက် သူက ခလာ့ခ်ကို မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားခဲ့သည်။ ဒါက သေချာ ပြင်ဆင်ထားတဲ့ ထောင်ခြောက်တစ်ခု ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။
ခလာ့ခ်က ခေါင်းခါသည်။ “မဟုတ်ဘူး။ အဲဒီတုန်းက အရေးပေါ် ဆင်းခေါ်အမိန့်ကို ငါ မရခဲ့ဘူး။ မင်းက မင်းသလင်းကျောက်တွေ ရဖို့အတွက် ကျောင်းတော်ကို သွားမယ်လို့ ငါ ခန့်မှန်းမိခဲ့လို့ မင်းကို တားမလို့ ရည်ရွယ်ထားတာ။ နောက်တော့ ဆင့်ခေါ်အမိန့်ကို လက်ခံရပြီးတော့ နေ့လယ်ပိုင်းမှာ ရန်သူရဲ့ ပုံကို မြင်ခဲ့ရတယ်။ အဲဒီအချိန်ကျမှ မနက်တုန်းက ငါတွေ့ခဲ့တဲ့ ဝတုတ်က သိဒ္ဓိအလင်းတောင်ထဲကို ခိုးဝင်ပြီးတော့ သိဒ္ဓိပန်းပင်တွေကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တဲ့ မရဏနက်နောက်လိုက်တစ်ယောက်ဆိုတာ သိခဲ့ရတယ်။”
“ငါက မရဏနက်နောက်လိုက် မဟုတ်ဘူး။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “မင်းက တကယ်ပဲ သိဒ္ဓိအလင်းတောင်ကဆိုတာ ငါသိလိုက်ရပြီ။ ဆာ-အလင်းစစ်သည်တော် အရန်အလင်းစစ်သည်တော်လောင်း။”
“တကယ်တော့ ငါက သိဒ္ဓိအလင်းတောင်ရဲ့...” ခလာ့ခ်၏မျက်လုံးများက ဓားအိမ်မှ ဆွဲထုတ်လိုက်သော ထက်လှသည့် ဓားသွားတစ်ခုကဲ့သို့ပင် တဖြည်းဖြည်း ထက်မြက်သွားခဲ့သည်။ “သိဒ္ဓိတပည့်ပဲ...”