သိဒ္ဓိတပည့်များ
Vol. 43 Ch. 683
ချန်လွေ့က “သိဒ္ဓိတပည့်”ဟူသော အသုံးကို နတ်ဆိုးဘုံတွင် နီရိုနှင့် တိုက်ခိုက်ခဲ့စဉ်က ပထမဆုံး ကြားခဲ့ဖူးသည်။ နီရိုက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၏ ကြယ်ချပ်ကာကို သိဒ္ဓိတပည့်၏ [ ယုံကြည်မှုချပ်ကာ ] အနေဖြင့် အထင်မှားသွားခဲ့သည်။
သူက သိဒ္ဓိတပည့်အကြောင်း စစ်မှန်သော သတင်းအချက်အလက်များကို ပေါလ်ထံမှ သိရှိခဲ့ရသည်။ သိဒ္ဓိတပည့်က ကောင်းကင်တမန်သုံးယောက်အောက်တွင် တိုက်ရိုက်ရှိနေသော အထွတ်အမြတ်ယုံကြည်သူ ဖြစ်ပြီး ကောင်းကန်တမန်သုံးယောက်က အသိအမှတ် ပြုကြသည်။ [ကောင်းချီးအလင်းခန္ဓာ]က အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်၏။ သိဒ္ဓိတပည့်တိုင်းတွင် သက်ဆိုင်ရာ [ယုံကြည်မှုချပ်ကာ] တိုက်ခိုက်ရေးစွမ်းအားနှင့် ထူးခြားသောစွမ်းရည်များ ရှိကြသည်။ သိဒ္ဓိတပည့်အောက်တွင် သိဒ္ဓိသံတမန် ရှိသည်။ ပေါလ်သည် မူလက နတ်ဘုရားကျောင်းစစ်သည်တော် ပြိုင်ပွဲ၌ အနိုင်ရရှိပြီး ရာဖယ်ရယ်၏ အာရုံစိုက်မှုကို ရရှိချင်ကာ ရာဖယ်ရယ်အောက်မှ သိဒ္ဓိသံတမန်တစ်ယောက် ဖြစ်ချင်ခဲ့သည်။ ထို့နောက် သူက သိဒ္ဓိတပည့် နေရာကို တပ်မက်နိုင်မည် ဖြစ်သည်။ ကံဆိုးစွာပင် အဆုံးသတ်၌ ၎င်းကို အလကား ဖြစ်ခဲ့ရပြီး သူ့အသက်ပင် ဆုံးရှုံးခဲ့ရသည်။
သိဒ္ဓိတပည့်၏ အဆင့်အတန်းက အလွန်ထူးခြားပြီး ပုပ်ရဟန်းမင်း၏ ထိန်းချုပ်မှု အောက်တွင် မရှိကြပေ။ ယခုကဲ့သို့ အရေးပေါ်အခြေအနေမှသာ ပုပ်ရဟန်းမင်းက သူတို့ကို လှုပ်ရှားရန် အမိန့်ပေးနိုင်သည်။
ချန်လွေ့က အနည်းငယ် အံ့အားသင့်သွားသည်။ “မင်းတို့သုံးယောက်က သိဒ္ဓိတပည့်တွေလား။ ငါ့မှာ မေးစရာတစ်ခု ရှိတယ်။ ငါက သိဒ္ဓိအလင်းတောင်ကို ခိုးဝင်ခဲ့တဲ့သူ ဆိုတာကို မင်းတို့ ဘယ်လိုသိတာလဲ။ ငါရုပ်ဖျက်ထားတာကို မင်းတို့ ဘယ်လို ဖောက်မြင်နိုင်တာလဲ။”
တောင့်တောင့်တင်းတင်းနှင့်လူက သရော်ပြုံးပြုံးလိုက်သည်။ “မင်းရဲ့ ရုပ်ဖျက်စွမ်းရည်က တကယ့်ကို ထူးခြားတယ်။ မင်းရဲ့ပုံစံက နေ့လယ်က ငါတို့ရခဲ့တဲ့ ဝတုတ်ပုံနဲ့ မတူတော့ဘူး။ ကံဆိုးချင်တော့ မင်းရဲ့နည်းလမ်းတွေ ဘယ်လိုပဲ ထူးဆန်းပါစေ၊ ဆာ-အစ်ဇ်ရိုယူးရဲ့ ကောင်းကင် မျက်လုံးကနေ မင်း ပုန်းကွယ်လို့ မရနိုင်ဘူး။”
“အစ်ဇ်ရိုယူးလား။” ချန်လွေ့က ထိုနာမည်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည့်အတွက် စိတ်ထဲ၌ သတိထားမိသွားသည်။
“ဟမ့်....” လှပသော အမျိုးသမီး၏လက်ထဲမှ လှံက ချန်လွေ့ကို ချိန်လိုက်သည်။ ထို့နောက် ပလာဇာတစ်ခုလုံးရှိ လေထုက ရုတ်တရက် ပူလောင်လာတော့သည်။ “အချိန်ဆွဲလို့ အသုံးမဝင်ဘူး။ သေဖို့ပြင်ထားတော့။”
“ခဏနေဦး။” ခလာ့ခ်က ရှေ့တစ်လှမ်း တိုးလာသည်။ “မင်းက မီးဒြပ်စင် သလင်းကျောက်တွေကို ရသွားပြီလား။ ဂိုဏ်းအုပ်အချုပ် ဖေးလ် ဘယ်မှာလဲ။”
“ကြည့်ရတာ ခုနက ငါခိုးဝင်ခဲ့တာ အချိန်ကိုက်သွားတဲ့ပုံပဲ။ သိပ်မကြာခင်ကမှ အလစ် တိုက်ခိုက်ဖို့ မင်းတို့တွေ လူစုခဲ့တာ မဟုတ်လား။ ကံဆိုးချင်တော့မင်းတို့ ခြေတစ်လှမ်း နောက်ကျသွားပြီ။ ဂိုဏ်းအုပ်အချုပ် ဖေးလ်က အခု တရားထိုင်အိမ်ရဲ့ မြေအောက်အကျဉ်းခန်းမှာ ရှိနေတယ်။ ခလိုင်ဒီကလည်း တရားထိုင်အိမ်ထဲက ဆိုဖာပေါ်မှာ ရှိနေတယ်။ ဒါပေမဲ့ သူတို့က အလောင်းကောင်တွေ ဖြစ်နေပြီ။” ထိုနာမည်နှစ်ခုကို ပြောလိုက်သည့်အခါ ချန်လွေ့၏ စကားလုံးများကို မဖုံးကွယ်ထားသော သတ်ဖြတ်ချင်စိတ်များ ရှိနေ၏။
“မင်း သူတို့ကို သတ်ပစ်ခဲ့တာလား။” ခလာ့ခ်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ “ကြည့်ရတာ ငါမင်းကို တချို့နေရာတွေကို အထင်ကြီးခဲ့မိတဲ့ပုံပဲ။”
“မင်း အထင်မကြီးခဲ့ပါဘူး။ ဒါပေမဲ့ မိန်းမတွေနဲ့ အနီးကပ်မနေတဲ့ ဖြောင့်မတ်တဲ့ ဂိုဏ်းအုပ်အချုပ်က.....” ချန်လွေ့က နောက်မှ ကောင်လေးနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး ဒေါသတကြီး ပြောလိုက်သည်။ “ငါ့ရဲ့ပန်းတိုင်က မီးဒြပ်စင်သလင်းကျောက်တွေ ရယူဖို့ဆိုတာ မင်းသိပါတယ်။ ဒါပေမဲ့ အဲဒီဖြောင့်မတ်တဲ့ ဂိုဏ်းအုပ်အချုပ်က ငါရောက်လာတဲ့အချိန် ဒီကလေးနှစ်ယောက်ကို ဘာလုပ်တော့မလဲဆိုတာ သိရဲ့လား။”
ခလာ့ခ်က ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်ပြီး ယနေ့ ဟိုတယ်ဝင်ပေါက်၌ တွေ့ခဲ့သော လူပြောက်ကြော်ငြာများကို ရုတ်တရက် တွေးမိလိုက်သည်။ ကလေးတစ်ယောက်က ကြော်ငြာထဲ၌ ပါနေ၏။ သူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်၌ ကင်းလှည့်နေသော အလင်းစစ်သည်တော်တစ်ယောက်က အလျင်အမြန် ရောက်လာပြီး ဖေးလ်နှင့် ခလိုင်ဒီတို့ သေဆုံးသွားကြောင်းကို ခလာ့ခ်နှင့် အခြားလူ နှစ်ယောက်ထံ သတင်းပို့သည်။ ဒဏ္ဍာရီလာ သိဒ္ဓိတပည့်များကို ရင်ဆိုင်ရသည့်အတွက် အလင်းစစ်သည်တော်က မလိမ်ညာရဲဘဲ သူတို့နှစ်ယောက် သေဆုံးသွားခြင်းကို ပြောပြသည်။
ဖေးလ်၏ ခန္ဓာကိုယ်တစ်ခုလုံးက အဝတ်မဲ့နေကြောင်း ကြားသည့်အခါ ခလာ့ခ်က လက်သီးကို ဆုပ်လိုက်မိပြီး မိန်းမလှလေးက ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူ၏လက်ထဲမှ လှံကိုလည်း မြေပေါ်သို့ အပြင်းအထန် ထိုးစိုက်လိုက်ရာ အလွန်ကြီးမားသော အက်ကြောင်းကြီး တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ “သောက်ခွေးကောင်....”
“သူက ဟိုးအရင်ကတည်းက သေသွားရမှာ။ ဒီကလေးနှစ်ယောက်က သူ နှိပ်စက်တာခံရတဲ့ ပထမဆုံးအသုတ် မဟုတ်ဘူး။” ချန်လွေ့၏ မျက်လုံးများက ဓားသွားကဲ့သို့ ထက်မြက်သွား၏။ “အလင်းကိုထောက်ခံတဲ့ ကျောင်းတော်တွေ အားလုံးက လူသားအရေခွံ ခြုံထားတဲ့ ဒီလိုတိရစ္ဆာတွေပဲ ဆိုရင်တော့ ငါ့လက်တွေ သွေးစွန်းရင်တောင် ကိစ္စမရှိဘူး။”
ကြေးဝါလက်များ ရှိသော အကောင်တောင့်တောင့်နှင့်လူက မျက်မှောင်ကြုတ်လိုက်သည်။ အလင်းစစ်သည်တော်က ညွှန်ကြားချက်အချို့ ပေးပြီးနောက် အလင်းစစ်သည်တော်က ခေါင်းညိတ်ကာ နာခံလိုက်သည်။ ကျန်ရှိသော အလင်းစစ်သည်တော်များကလည်း ပလာဇာမှ ပြန်လည်ဆုတ်ခွာသွားကြပြီး တစ်ချိန်တည်းမှာပင် မှော်အစီအရင်တစ်ခုကို အသက်သွင်းလိုက်သည်။
“အပိုတွေ ပြောမနေနဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီနေ့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။” အကောင်တောင့်တောင့်နှင့်လူက အမျိုးသမီးကို မျက်ရိပ်ပြလိုက်သည်။ အမျိုးသမီးက ခဏစဉ်းစားပြီး လှံကိုဆွဲထုတ်ကာ ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်သည်။ သိဒ္ဓိတပည့် သုံးယောက်က တြိဂံပုံစံနှင့် ချန်လွေ့ကို ဝိုင်းရံထားလိုက်၏။
“ငါ့မှာ အခုတော့ ထွက်ပြေးဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ မတိုက်ခင်တော့....” ချန်လွေ့က တိတ်ဆိတ်နေသော ခလာ့ခ်ကို လှမ်းကြည့်လိုက်သည်။ “ငါက မင်းရဲ့ ပစ်မှတ်ပဲ။ ဒါက ဒီကလေး နှစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်ဘူး။ သူတို့ကို အရင် လွှတ်ပေးလိုက်ပါလား။ ငါမင်းကို အထင်ကြီးမိတာတော့ မဟုတ်လောက်ဘူးမလား။”
ခလာ့ခ်က ခေါင်းညိတ်ပြီး ပြောရန် ပြန်လိုက်သည်။
“မရဘူး။ ဒီကောင်လေး နှစ်ယောက်က မရဏနက်နောက်လိုက်တွေပဲ။ သူတို့က သေရမယ်။”
“မူရက်ဗ်...” ခလာ့ခ်က လူသန်ကြီးကို ဒေါသနှင့် ကြည့်လိုက်သည်။ “မင်းရူးနေပြီ။ ဒီကလေးနှစ်ယောက်က အပြစ်မရှိဘူး။ မြို့ထဲမှာ ကလေးတွေပျောက်နေတဲ့ ကြော်ငြာတွေ ရှိတယ်။ သူတို့ထဲက တစ်ယောက်က.....”
“ငါက မရူးဘူး။ မင်းက ခေါင်းရှုပ်နေတာ။” မူရက်ဗ်က အေးစက်စက်နှင့် စကားကို ဖြတ်ပြောလိုက်သည်။ “ဖေးလ်က လိုယာအင်ပါယာ တစ်ခုလုံးမှာ အမြင့်ဆုံးကျောင်းတော်ရဲ့ ဂိုဏ်းအုပ်အချုပ်ပဲ။ ဒီကိစ္စက သိဒ္ဓိအလင်းကျောင်းတော်ရဲ့ ဂုဏ်သတင်းနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်။ ဒီသတင်းသာ ပျံ့သွားရင် အကျိုးဆက်တွေက စိတ်ကူးလို့တောင် မရနိုင်ဘူး။ အဲဒါကြောင့် ဖေးလ်က သိက္ခာရှိပြီးတော့ တကိုယ်ကောင်းဆန်စိတ် ကင်းမဲ့တဲ့ စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေတုန်းပဲ။ သူသေရတဲ့အကြောင်းက မရဏနက်နောက်လိုက်တွေ အလစ်တိုက်ခိုက်ခဲ့လို့။ အဲဒါကြောင့် ကလေးနှစ်ယောက်နဲ့ မရဏနက်နောက်လိုက် အကြွင်းအကျန်တွေကို အလွတ်ပေးလို့ မရဘူး။”
ခလာ့ခ်၏ လက်သီးက တုန်ခါနေ၏။ “မဟုတ်ဘူး။ သူတို့က ဘာမှ အမှားမလုပ်ထားတဲ့ အပြစ်မရှိတဲ့ ဒုက္ခသည်တွေပဲ။ မင်းက ဘာလို့....”
“မင်းက ဒီဆန်ကုန်မြေလေးတွေကြောင့် အလင်းနတ်ဘုရားရဲ့ ဂုဏ်ကျက်သရေကို ထိခိုက်စေချင်တာလား။ ဒီအဖြစ်အပျက်ကြောင့် နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာကို ပျက်စီးစေချင်တာလား။” မူရက်ဗ်က ကြောက်လန့်နေသော ကလေးနှစ်ယောက်ကို ရွံရှာစွာဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ “သူတို့အမှားက အားနည်းလွန်းတာပဲ။ ဒီလို အစွမ်းထက်ပုဂ္ဂိုလ်ကို လေးစားတဲ့လောကမှာ သူတို့ရဲ့ ကံကြမ္မာက တခြားသူတွေရဲ့ သုတ်သင်တာကို ခံရမှာ။ စွမ်းအားက အရာရာပဲ။”
“လက်စသတ်တော့ အလင်းနတ်ဘုရား၏ ဂုဏ်သိက္ခာက စွမ်းအားတိုက်ပွဲကိုး။ မင်းတို့က အခြေခံအကျဆုံး အမှားကိုတောင် ဝန်ခံဖို့ သတ္တိမရှိဘူး။ ဒါဆို သနားညှာတာတဲ့ဝါဒတွေ၊ ယုံကြည်မှု ဝါဒတွေ၊ ကွန်းခိုရာဝါဒါတွေအားလုံးက လောကကြီးကို လိမ်ညာဖို့ အရူးလုပ်ဖို့ လှည့်ကွက်တွေပဲပေါ့။” ချန်လွေ့က ရယ်လိုက်သည်။ သို့သော် သူ၏ရယ်သံက ဒေါသများ ပြည့်နေ၏။ “စွမ်းအားက အရာရာပဲ။ အားနည်းသူရဲ့ သေခြင်းရှင်ခြင်းကို စိတ်ရှိသလို ချုပ်ကိုင်တာ။ ခုခံဖို့ စွမ်းအားမရှိတဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်ပြီး စတေးတာ။ ဒါက သိဒ္ဓိတပည့် တစ်ယောက်ရဲ့ ယုံကြည်မှုတွေလား။”
“ငါ့မှာ မင်းနဲ့ စကားနိုင်လုဖို့ အချိန်မရှိဘူး။” မူရက်ဗ်က ခပ်တည်တည် ပြောလိုက်သည်။ “အဲဒီတော့ ဘာဖြစ်လဲ။ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ယူတယ်။ အားနည်းတဲ့သူက အားကြီးတဲ့သူဆီမှာ အညံ့ခံရမှာပဲ။ ငါ့မှာ ကြီးမားတဲ့စွမ်းအား ရှိတယ်။ ဒါကြောင့် ငါ့မှာ အစွမ်းထက်ပုဂ္ဂိုလ် စိတ်နေစိတ်ထား ရှိရမှာပဲ။ ငါက ပုရွက်ဆိတ်လေးတွေကို သတ်ပစ်ဖို့အတွက် ရှင်းပြနေစရာ လိုဦးမှာလား။”
ချန်လွေ့၏ရယ်သံက တဖြည်းဖြည်း ရယ်သွား၏။ “အစွမ်းထက်ပုဂ္ဂိုလ် စိတ်နေစိတ်ထား ဟုတ်လား။ အသက်တွေကို အရှက်ခွဲပြီးတော့ စိတ်ရှိသလို သုတ်သင်တာလား။ မင်းက အပြင်ဘက်မှာ အင်အားကြီးတဲ့စွမ်းအားကို ပိုင်ဆိုင်ထားပေမဲ့ မင်းက သေခြင်းရှင်ခြင်းကို ချုပ်ကိုင်ရတာကို စွဲလမ်းနေတာ။ ဒါက မင်းရဲ့ အရေးအကြီးဆုံး မူလစိတ်ရင်းနဲ့ သွေဖည်နေတယ်။ အတိုချုံးပြောရရင် မင်းက စွမ်းအားဆီမှာ အညံ့ခံထားတဲ့ အားနည်းတဲ့သူ တစ်ယောက်ထက် မပိုဘူး။”
ချန်လွေ့က သူတော်စင် မဟုတ်ပေ။ သူက ဆုံးဖြတ်ချက် ပြတ်သားပြီး၊ တကိုယ်ကောင်း ဆန်ကာ အမှားများ ပြုလုပ်တတ်သည်။ သို့သော် သူ့တွင် အကန့်အသတ် ရှိ၏။ သူ မည်သို့ပင် အစွမ်းထက်စေကာမူ သူ၏ စည်းမျဉ်းများကတော့ လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။ ယခုလည်း ထိုအတိုင်းသာဖြစ်ပြီး အနာဂတ်တွင်လည်း ယခုအတိုင်းသာ ဖြစ်နေဦးမည်ဖြစ်သည်။
“ငါက အားနည်းတယ် ဟုတ်လား။” မူရက်ဗ်က အော်ဟစ်လိုက်ပြီးနောက် အသက်ရှူ ကြပ်စေနိုင်သောအားတစ်ခု ထုတ်လွှတ်လိုက်သည်။ သူက ကြေးဝါသတ္တုလက်ကို ဝှေ့ရမ်းပြီး စွမ်းအားများကို ကြွားလုံးထုတ်သည်။ လေတိုးသံများက စွမ်းအားအစီအရင် ကာကွယ်ထားသော မြေပြင်ပေါ်၌ ကြောက်မက်ဖွယ်ရာ ချိုင့်ကြီးတစ်ခု ဖြစ်သွားစေသည်။ “မင်းရဲ့ခေါင်းကို ငါ ညှစ်ချေတဲ့အချိန် ဘယ်သူ အားနည်းတဲ့သူလဲ ကြည့်ရသေးတာပေါ့။”
ပူနွေးပြီး စိုးရိမ်စရာကောင်းသော အငွေ့အသက်တစ်ခု ပေါ်လာ၏။ လူသုံးယောက်၏ မျက်လုံးများက ထူးဆန်းသော အားစက်ကွင်းတစ်ခုကြောင့် တွန့်လိမ်သွားဟန်တူသည်။ မူရက်ဗ် ထုတ်လွှတ်သော ဖိအားက ထိုအငွေ့အသက်ထဲ၌ ပိုမိုအားနည်းသွားသည်။ သူက ချန်လွေ့၏ မျက်လုံးများကို တည့်တည့် ကြည့်လိုက်သောအခါ စူးရှသော နာကျင်မှုတစ်ခုကို အမှန်တကယ် ခံစားလိုက်ရသည်။ သူက နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။
ချန်လွေ့၏ အသံက ဝိညာဉ်ဆီသို့ ရောက်သွားဟန်တူသည်။ “အခုလက်ရှိ မင်းတို့ရဲ့အစွမ်း မရသေးခင်မှာ မင်းတို့ကလည်း ပုရွက်ဆိတ်တစ်ကောင်ပဲ မဟုတ်လား။ တကယ်တော့ မင်းတို့က ပုရွက်ဆိတ်တွေပဲ။ မင်းတို့ရော၊ငါရော၊ အားလုံးက အမြဲတမ်း ပုရွက်ဆိတ်တွေပဲ။”
“ငါတို့က အစွမ်းထက်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်၊ အားနည်းတဲ့သူပဲဖြစ်ဖြစ်၊ တစ်နေ့ကျရင် ငါတို့ရဲ့သက်တမ်းက အဆုံးသတ်သွားမှာပဲ။ ငါတို့က တူညီတဲ့သူတွေအဖြစ်နဲ့ ဘုရားသခင် အရှေ့မှာ ပေါ်လာလိမ့်မယ်။” ဒီလောကမှာ “ဘုရားသခင်” ရှိရင်ပေါ့။ ချန်လွေ့က စိတ်ထဲ၌ နောက်ထပ်စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။ “ဘုရားသခင်”က တကယ့်တော့ ငါ့ရဲ့ မသိစိတ်ထဲက အစွမ်းထက်တဲ့ “လူသား”တစ်ယောက်ပဲ။
“စကားပြောသိပ်ကောင်းတာပဲ....” အဝေးမှ ထက်မြက်သော မိန်းမအသံတစ်သံ ချဉ်းကပ်လာသည်။ “ကံဆိုးချင်တော့ သိဒ္ဓိတပည့်က ဘယ်တော့မှ အမှန်တကယ် မသေဘူးဆိုတာကို မရဏနက်နောက်လိုက်က ဘယ်လိုသိမှာလဲ။ ကျွန်မတို့ရဲ့ အသက်နဲ့ဝိညာဉ် ပျောက်ကွယ်သွားရင်တောင် နတ်ဘုရားတိုင်းပြည်မှာ ပြန်မွေးဖွားလာဦးမှာ။ ဒါက ထာဝရအသက်နဲ့ အတူတူပဲ။ ရှင်တို့လို အပြစ်သား ဝိညာဉ်တွေကတော့ အမှောင်ထု ချောက်နက်ထဲ ကျရောက်ပြီးတော့ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
ကွင်းထဲ၌ ကြက်ခြေခတ် အလင်းမျှင်များ ပေါ်ထွက်လာကာ ပလာဇာ တစ်ခုလုံးကို မရေမတွက်နိုင်သော သီးခြားနေရာလွတ်များအဖြစ် ပိုင်းခြားနေသယောင် ထင်မှတ်ရသည်။ အလင်းရောင် အလျင်အမြန်ပင် စုစည်သွားပြီး ဝတ်ရုံဝတ်ထားသော မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အသက်သွင်းထားသော [ နွေပိုင်နက် ] က ထိုထူးဆန်းသော စွမ်းအားကြောင့် အားနည်းသွားကြောင်း ခံစားလိုက်မိသည့်အတွက် ချန်လွေ့က တိတ်တဆိတ် သတိထား နေလိုက်သည်။
မျိုးနွယ် - လူသား။
စွမ်းအားကဲဖြတ်မှု - S+
ခန္ဓာအမျိုးအစား - S-
ခွန်အား - S-
စိတ်ဝိညာဉ် - S+
အမြန်နှုန်း - S-
[ စိစစ်ချက် ] - ရေဂုဏ်သတ္တိ၊ မှော်ပါရမီ၊ နေရာလွတ်စွမ်းအား။
စတုတ္ထမြောက် သိဒ္ဓိတပည့်ပဲ။
“ကိုလီနာ။ နင် နောက်ကျတယ်။” လှံကိုင်ထားသော မိန်းမလှလေးက ခနဲ့လိုက်သည်။
“သိပ်နောက်မကျပါဘူး။ အေပရယ်။ ပွဲက အခုမှ စတာ....” ဝတ်ရုံနှင့် အမျိုးသမီး ကိုလီနာက လက်ထဲ၌ ရွှေရောင်တုတ်တံတစ်ခု ရှိနေ၏။ “ဒါပေမဲ့ မရဏနက်နောက်လိုက် ပြောတာ မှန်တယ်။ ဒီကောင်လေးနှစ်ယောက်က အပြစ်မရှိဘူး။ သူတို့က ဒီတိုက်ပွဲမှာ ရှိမနေသင့်ဘူး.”
ပျောက်ကွယ်သွားခဲ့သော အလျားလိုက် ဒေါင်လိုက် ရောင်ခြည်တန်းများက ကောင်းလေးနှစ်ယောက်အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာပြီး သူတို့ကို ချက်ချင်း ရစ်ပတ်ကာ အပေါ်သို့ တက်သွားခဲ့သည်။ အလင်းရောင် ပေါ်ထွက်လာခြင်းက ရုတ်တရက် ဖြစ်သည့်အတွက် ချန်လွေ့က ကြိုတင်၍ သတိမထားနိုင်ခဲ့ပေ။ သူ သတိထားမိသွားသောအခါ နောက်ကျ သွားလေပြီ။ သူက တားဆီးရန် ပြင်လိုက်စဉ် ကိုလီနာ၏ စကားများကို ကြားသည့်အခါ စိတ်သက်သာရာ ရသွား၏။
ကိုလီနာက စကားပြောလိုက်ပြန်သည်။ “ဒါပေမဲ့... မရဏနက်နောက်လိုက် တစ်ယောက်ကို ယုံကြည်လို့ရမယ်လို့ မထင်ဘူး။ မူရက်ဗ်ပြောတာ အဓိပ္ပာယ်ရှိတယ်။ အဲဒါကြောင့်.....”
ခလာ့ခ်က ရုတ်တရက် သဘောပေါက်သွားပြီး အော်ပြောလိုက်သည်။ “ကိုလီနာ။ မလုပ်နဲ့။”
ချန်လွေ့၏ တုံ့ပြန်မှုက နောက်ကျသွားခဲ့သော်လည်း သူ၏ လှုပ်ရှားမှုက ပိုမြန်နေ၏။ သူ၏ ပုံရိပ်က ချက်ချင်းပင် ကလေးများကို ဝိုင်းရံထားသော အလျားလိုက် ဒေါင်လိုက် အလင်းရောင်ခြည်များအရှေ့တွင် ပေါ်ထွက်လာသည်။ သို့သော်လည်း နောက်ကျသွားလေပြီ။ အလင်းက ရုတ်တရက် လှိမ်ယှက်သွားပြီးနောက် အတွင်းထဲက ကလေးနှစ်ယောက်က အားကောင်းသော အလင်းရောင်များ ထွက်လာ၏။ ချက်ချင်းပင် သူတို့က ပြာအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားကြပြီး ချန်လွေ့၏ အားထုတ်မှုများကို အချည်းနှီး ဖြစ်သွားစေသည်။
“ဒါက အတော်လေးကို တောက်ပတဲ့ အသက်အလင်းတန်းပဲ။ ပုရွက်ဆိတ် နှစ်ကောင် ဖြစ်တာတာတောင်မှပေါ့...” ကိုလီနာ၏ ရယ်သံက ဝတ်ရုံနောက်မှ ထွက်လာသည်။ “ခလာ့ခ်။ ဒီတစ်ခေါက် ငါတို့ရဲ့ အရေးအကြီးဆုံးတာဝန်ကို မမေ့နဲ့။ နင့်ရဲ့ ကံကြမ္မာကို မမေ့နဲ့။ နတ်ဘုရားရဲ့ ဂုဏ်ကျက်သရေအတွက် ဘယ်လိုစတေးမှုမဆိုက ထိုက်တန်တယ်။ ငါတို့ရဲ့ အသက်ပဲဖြစ်ဖြစ်။ နတ်ဘုရားအရှေ့မှာ တိုက်ခိုက်ချင်တယ်ဆိုရင် ဒီမရဏနက်နောက်လိုက်ကို သိဒ္ဓိ အလင်းတောင်ဆီ ခေါ်သွားပြီးရင် ငါ့ကို စိန်ခေါ်ဖို့ အခွင့်အရေး ပေးနိုင်တယ်။”
ခလာ့ခ်က အံကြိတ်လိုက်သည်။ အေပရယ်၏ မျက်ရိပ်ပြခြင်းကို မြင်ပြီးနောက် သူက အဆုံးတွင် ဘာမှ မပြောခဲ့ပေ။
ပလာဇာက ရုတ်တရက် တုန်ခါသွားခဲ့ပြီး မြေပြင်ပေါ်၌ အလွန်ကြီးမားသော အက်ကြောင်းကြီးများ ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားအောက်တွင် ပေါ့ပါးသော ကျောက်စရစ်ခဲများက ဆွဲအားမရှိဘဲ လွင့်ပျံလာသည်။ အက်ကွဲမှုဗဟိုတွင် အနီရောင် မျက်လုံးများနှင့် ချန်လွေ့ရှိနေပြီး ဒေါသနှင့် သတ်ဖြတ်ချင်စိတ်များ လောင်ကျွမ်းနေခဲ့သည်။