← Chapters

[ ယုံကြည်မှုချပ်ကာ ]

Vol. 43 Ch. 684

[ ယုံကြည်မှုချပ်ကာ ]

Vol. 43 Ch. 684

“ဒေါသထွက်နေတာလား။ ကြည့်ရတာ သူက ထင်ထားသလောက် အစွမ်းမထက်တဲ့ပုံပဲ။” အိုလီနာ၏ ရယ်သံက ပို၍ပင် ပျော်ရွှင်သွားဟန်တူတသည်။ အမှန်တကယ်၌ သူက ချန်လွေ့ကို လုံးဝ အထင်မသေးခဲ့ပေ။ ဒီရန်သူက ပုပ်ရဟန်းမင်းနဲ့ ဂိုဏ်းချုပ်နှစ်ယောက်၊ ရှေးသူရဲကောင်း ခေါင်းဆောင်နဲ့ ရေဖျန်းဘုန်းတော်ကြီးသုံးပါးတို့ရဲ့ စောင့်ကြည့်မှုအောက်နေ လွတ်မြောက်ခဲ့တယ်။ ဒါက ပြင်ဆင်ထားခဲ့ပေမဲ့ သူ့ရဲ့စွမ်းအားက သိသာထင်ရှားတယ်။ အထူးသဖြင့် သူ့ရဲ့ ထွက်ပြေးတဲ့စွမ်းရည်ပေါ့။

သိဒ္ဓိတပည့်များက ဂိုဏ်းချုပ်နှင့် ရေဖျန်းဘုန်းတော်ကြီးများကဲ့သို့ မဟုတ်ပေ။ သူတို့က တိုက်ခိုက်ရေးကို အထူးပြုသော ကျောင်းတော်၏ အစွမ်းအထက်ဆုံး စောင့်ရှောက်သူများ ဖြစ်ကြသည်။ အကယ်၍ အလင်းစစ်သည်တော်များက အဆင့်နိမ့် တိုက်ခိုက်သူများဆိုလျှင် နတ်ဘုရားကျောင်း စစ်သည်တော်များနှင့် ခုံသမာဓိအဖွဲ့များက အလယ်အဆင့် တိုက်ခိုက်သူများ ဖြစ်ကြပြီး သိဒ္ဓိတပည့်များက အဆင့်မြင့် တိုက်ခိုက်သူများ ဖြစ်ကြပေသည်။ တိုက်ခိုက်ရေး စွမ်းအား၌ဖြစ်စေ၊ တိုက်ခိုက်ရေး အတွေ့အကြုံ၌ဖြစ်စေ၊ သူတို့က ထိပ်တန်းဖြစ်၏။ သူတို့တွင် ကိုယ်ပိုင် ပါရမီများ ရှိကြသည်။ ရှေးသူရဲကောင်း ခေါင်းဆောင် ပါဆာလီနှင့် တရားသူကြီးချုပ် စီရက်စ်ကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်များကသာ သူတို့ကို ယှဉ်နိုင်ပေသည်။

သိဒ္ဓိတပည့် လေးယောက်နှင့်ဆိုလျှင် ကိုလီနာက ထိုဉာဏ်များသော ရန်သူကို ဖမ်းဆီးရန် သို့မဟုတ် သတ်ပစ်ရန် လုံးဝ ယုံကြည်ချက်ရှိသည်။ သူလုပ်ရန် လိုအပ်သည်က ရန်သူကို ဒေါသထွက်စေရန်သာ ဖြစ်၏။ ဒေါသကြောင့် ဆုံးဖြတ်ချက်များ သေချာပေါက် ထိခိုက်နိုင်သည်။ ထို့ပြင် ခုနက သူ၏ပိုင်နက်ကလည်း အဆုံးသို့ ရောက်တော့မည် ဖြစ်သည်။ ရန်သူ မသိစေရန် အတွက်က သူက ကလေးနှစ်ယောက်ကို တမင်သတ်ပစ်ရန် အာရုံလွှဲလိုက်ခြင်း ဖြစ်သည်။ ယခုတွင် သူက နေရာတစ်ခုလုံး၏ တည်ဆောက်မှု ပြီးစီးသွားပြီး ပလာဇာအတွင်း ပိတ်လှောင်သော အစီအရင်ကိုလည်း အသက်သွင်းခဲ့ပြီ ဖြစ်သည်။ သူတို့က ရန်သူ၏ ထွက်ပြေးနိုင်သော အထူး “ပါရမီ”ကို အသက်သွင်းနိုင်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ထိုအရာက အောင်မြင်သော နည်းဗျူဟာတစ်ခုပင် ဖြစ်သည်။

ကောင်လေးနှစ်ယောက်မှာ မူရက်ဗ် ပြောသည့်အတိုင်းပင် ပုရွက်ဆိတ် နှစ်ကောင်သာ ဖြစ်သည်။ နတ်ဘုရား ဂုဏ်ကျက်သရေအတွက် စတေးခံရသည်မှာ ကြီးမားသော ဂုဏ်ယူစရာ တစ်ခုပင်။

ထိုအခိုက်အတန့်၌ အလွန်အမင်း အန္တရာယ်ရှိသာ အာရုံတစ်ခုက ကိုလီနာ၏ စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မူရက်ဗ်၏အသံ ထွက်လာ၏။ “ကိုလီနာ။ သတိထား။”

ကိုလီနာက ခုခံရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ အန္တရာယ်ကို ခံစားမိပြီးနောက် သူ၏ လှုပ်ရှားမှုက အလွန်အမင်း မြန်ဆန်နေခဲ့သည်။ မရေမတွက်နိုင်အောင် ထပ်နေသော ကြေမုံများက သူ၏ပတ်ပတ်လည်၌ ချက်ချင်း ပေါ်ထွက်လာပြီး သူက ကြေးမုံများစွာ၏ အလင်းယိုင်မှုကြောင့် ပုံစံပျက်ယွင်းသွားသလို ဖြစ်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့အရှေ့၌ ချက်ချင်းပင် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ကိုလီနာအရှေ့တွင် ပေါ်ထွက်လာသော ကြေးမုံအား ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခုက ထိသွားသည်။ ပေါက်ကွဲမှုပြီးနောက် ကြေးမုံက မလှုပ်မယှက်ရှိနေပြီး ထူးထူးခြားခြား ဖြစ်မသွားခဲ့ပေ။ သို့သော် အဝေးမှ အလွန်ကြီးမားသော တိုင်လုံးကြီးတစ်ခုက ပေါက်ကွဲထွက်သွားခဲ့သည်။

ထိုကဲ့သို့ ကြေးမုံမျက်နှာပြင်က “လမ်းကြောင်းပြောင်းသော” မယုံနိုင်စရာ နေရာလွတ် စွမ်းအား ရှိနေဟန်တူသည်။ ၎င်းက ထိုနေရာအတွင်းရှိ မည်သည့်နေရာကိုမဆို တိုက်ခိုက်မှုအား ပြောင်းလဲပေးနိုင်သည်။

ပုံရိပ်၏ တိုက်ခိုက်မှုက မရပ်သွားဘဲ ပို၍ပင် ပြင်းထန်လာသည်။ ပလာဇာအနီး နေရာအနှံ့၌ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် ဖျက်ဆီးခြင်း သဲလွန်စများ ရှိနေသည်။ ပိတ်လှောင်ခြင်း အစီအရင်ကြောင့်သာ မဟုတ်လျှင် အလင်းခန်းမအပါအဝင် အဆောက်အအုံ တစ်ခုလုံးက ပြိုလဲသွားပြီ ဖြစ်သည်။

“အသုံးမဝင်ဘူး။ ဒါက နေရာလွတ် အကာအရံပဲ။ ရှင် ဖြိုခွင်းနိုင်မှာ မဟုတ်.....” ထိုသို့ ပြောပြီးသည်နှင့် အတွင်းဘက်ဆုံးကြေးမုံထဲ၌ အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ကိုလီနာ၏ အမူအရာက တမုဟုတ်ချင်း ပြောင်းလဲသွား၏။ ထို့နောက် ချက်ချင်းပင် ကြေးမုံအများအပြားက တဆက်တည်း ဖြစ်နေသကဲ့သို့ပင် အက်ကြောင်း အများအပြား ပေါ်ထွက်လာသည်။ အက်ကြောင်းများက အတွင်းထဲမှ အပြင်ဘက်ဆုံးအလွှာသို့ ပျံ့နှံ့လာပြီး ကိုလီနာရှိနေသော ကြေးမုံအားလုံး ကွဲကြေသွားခဲ့သည်။

ကိုလီနာ၏ သနားစရာအော်သံက အဝေးမှ ထွက်ပေါ်လာ၏’။ ထိုကဲ့သို့ နေရာလွတ် ပါရမီက အမှန်တကယ်ပင် ခန့်မှန်း၍ မရနိုင်ဖြစ်သည်။ သို့သော် အော်သံကိုကြည့်ခြင်းအားဖြင့် ပြောင်းရွှေ့လိုက်သော တကယ့်ခန္ဓာကိုယ်ကပင် ထိခိုက်မှု ပြင်းပြင်းထန်ထန် ခံစားသွားရကြောင်း သိနိုင်ပေသည်။

ချန်လွေ့က ကိုလီနာနောက်သို့ လိုက်တော့မည့်အချိန်၌ ရုပ်ချည်း ရပ်တန့်လိုက်ပြီး နောက်သို့ ပျံသန်းသွားလိုက်သည်။ မြေပြင်က ဖျက်ဆီးစွမ်းအားကြောင်း ရုတ်တရက် ပြိုလဲကျသွားသည်။ တစ်ချိန်တည်းမှာပင် လေချွန်သံတစ်ခု ပေါ်ထွက်လာပြီး ခုနက ချန်လွေ့ ရှိနေခဲ့သော နေရာ၌ အလွန်ကြီးမားသော ကြေးဝါလက်တစ်ခု ပေါ်ထွက်လာသည်။ ကိုလီနီအပေါ် ချန်လွေ့၏ တိုက်ခိုက်မှုက လုံးဝကို စက္ကန့်ပိုင်းအတွင်းသာ ဖြစ်သည်။ မူရက်ဗ်က ကိုလီနီကို သတိပေးရန်သာ အချိန်ရှိခဲ့သည်။ ယခုတွင် သူက ထိုင်ကြည့်မနေနိုင်ပေ။

မူရက်ဗ် ဆက်လက် မတိုက်ခိုက်ခင်မှာပင် ထက်မြက်သော ချီစွမ်းအင်တစ်ခုက လေထဲ၌ မျှခြေပျောက်ဆုံးသွားသော ပုံရိပ်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာသုည်။ ထိုကဲ့သို့ ထက်မြက်လှသော ချီစွမ်းအင်က အလွန်အမင်း ပြင်းထန်လှသည်။ အဝေးမှပင် ဓားသွား၏ ထက်ရှမှုကို ခံစားနိုင်နေသည်။

မူရက်ဗ်၏ ကြေးဝါးလက်က ရှေ့တွင် ကာထားလိုက်သည်။ နေရာအနှံ့ မီးပွင့်များ ပေါ်ထွက်လာခဲ့သော်လည်း သူ၏ ဘယ်ဖက်ပါး မေးရိုးတွင်း သွေးစက်များ ရှိနေ၏။ မူရက်ဗ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ရန်သူကို အထင်မသေးရဲတော့ပေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခုခံမှုက သိဒ္ဓိတပည့်၁၂ယောက်ထဲတွင် အမြင့်ဆုံး ဖြစ်သည်။ သာမန် သူတော်စင်အဆင့် တိုက်ခိုက်မှုများနှင့် လက်နက်များက သူ့ကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်ပေ။ သို့သော် ထိုရန်သူက သူ့ကို အလှမ်းဝေး တိုက်ခိုက်မှုဖြင့် သွေးထွက်အောင် ပြုလုပ်ခဲ့လေသည်။

ချန်လွေ့က မြေပေါ်သို့ မဆင်းသက်ခင်မှာပင် ပတ်ဝန်းကျင်လေထုက မီးတောင်ဝ ရောက်သွားကဲ့သို့ပင် ရုတ်တရက် ခြစ်ခြစ်တောက် ပူသွားကြောင်း ခံစားလိုက်ရသည်။ ခေါင်းတွင် ချိပ်ပါသော ကြောက်မက်ဖွယ်ရာ မီးမြွေတစ်ကောင်က သူ၏နောက်ကျောဘက် မမြင်ကွယ်ရာကို အလျင်အမြန် တိုက်ခိုက်လိုက်သည်။ ချန်လွေ့သည် ခုနကမှ မူရက်ဗ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အဟုန်ကို ပြန်မရသေးပေ။ ရန်သူ၏အမြင်က ထိုအချိန် ထိုကဲ့သို့ အခြေအနေ၌ တိုက်ခိုက်မှု ပြုလုပ်နိုင်သည့်အတွက် အတော်လေး ကောက်ကျစ်သည်ဟု ယူဆ၍ ရနိုင်ပေသည်။

ချက်ချင်းပင် မီးမြွေက ချန်လွေ့၏ခန္ဓာကိုယ်ကို ဖောက်ဝင်သွားခဲ့သည်။ သို့သော် ပုံရိပ်ယောင် တစ်ခုကိုသာ ဖောက်ဝင်သွားခဲ့၏။ ချန်လွေ့၏ တကယ့် ခန္ဓာကိုယ်က မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး မီးမြွေများက တစ်ကောင်ပြီးတစ်ကောင် ရောက်လာသည်။ ၎င်းတို့၏ တိုက်ခိုက်မှုနှင့် လှုပ်ရှားမှုများက အလွန်ပရိယာယ် များလှသည်။ ထိုအရာက အေပရယ် ပြုလုပ်နေခြင်း ဖြစ်သည်။ သူ၏ လက်ထဲမှ လှံက အလိုအလျောက် ကွေးနိုင်သော တကယ့် မြွေတစ်ကောင်သဖွယ် ဖြစ်နေပြီး တိုက်ခိုက်မှုကို ပို၍ထူးဆန်းကာ ခန့်မှန်း၍မရနိုင် ဖြစ်စေသည်။ ထို့ပြင် ၎င်းတွင် အင်အားကြီးသော မီးတောက်စွမ်းအားတစ်ခု ပါရှိသည်။ သူက ယခင် တိုက်ခိုက်မှုကို တယ်လီပို့ခုန်ပြီး ရှောင်တိမ်းနိုင်ခဲ့သော်လည်း ချန်လွေ့၏ ကျောဘက် အဝတ်အစားတွင် နက်ရောင် အပေါက်တစ်ပေါက် ရှိနေဆဲ ဖြစ်သည်။

အေပရယ်နှင့် ကိုလီနာတို့က အမြဲပင် အချေအတင်ဖြစ်နေခဲ့သော်လည်း ယခုတွင် ရန်သူ ရှိနေသည့်အတွက် “မရဏနက်နောက်လိုက်”ကို ဖြေရှင်းရန်က ပထမဆုံး ဦးစားပေး ဖြစ်သည်။ သူက အစွမ်းအကုန် ထုတ်သုံးလိုက်သည်။ ချန်လွေ့က အလွန်လျင်မြန်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းနေလိုက်သည်။ သူက လက်ထဲမှဓားဖြင့် ရေလှိုင်းတွန့်များကို ရေဆွဲလိုက်ရာ အေပရယ်၏ လှံပေါ်မှ မီးတောက်များ ရုတ်တရက် အရောင်မှိန်သွားခဲ့ပြီး သူ့ပုံရိပ်က ဆက်လက်၍ မှေးမှိန်လာခဲ့သည်။

“ရွှတ်...ရွှတ်...ရွှတ်.....” လေကို စုတ်ပြဲစေနိုင်သော အသဿံများ ထွက်ပေါ်လာပြီး အေပယ်ရယ်ကို လိုက်နေသာ ချန်လွေ့ကို ရပ်တန့်သွားစေသည်။ ချန်လွေ့၏ မြောက်အဏ္ဏဝါဓားက လျို့ဝှက်ဆန်းကြယ်သော ရေပုံစံကွက် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ရာ ပျံသန်းလာသော အရာအားလုံးက ဓားနှင့် ထိသွား၏။ ထိုအရာများက အမှန်တကယ်ပင် တဇက်ဇက်ဖြစ်နေသော ဖဲချပ်များ ဖြစ်နေသည်။

ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိူက်သည်။ သူက လက်ကို လှုပ်လိုက်ရာ ဖဲချပ်များ လွင့်ထွက်ကုန်၏။ လွင့်ထွက်သွားသည်နှင့် ဖဲချပ်များ ပေါက်ကွဲကုန်သည်။ ကံကောင်းစွာပင် ချန်လွေ့က အဝေးတစ်နေရာ၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ သူက မတိုက်ခိုက်ဘဲ ရှေ့မှ ခလာ့ခ်ကို အေးစက်စွာဖြင့် စိုက်ကြည့်နေလိုက်သည်။

အေပရယ်နှင့် မူရက်ဗ်တို့လည်း ခုနက တိုက်ခိုက်မှုမှ သတိပြန်ဝင်လာကြသည်။ သူတို့က အလောတကြီး မတိုက်ခိုက်ရဲဘဲ တြိဂံပုံစံသာ ဆက်လက်ဝိုင်းရံထားနေ၏။ အဝေးမှ ကိုလီနာကို အနားမကပ်လာရဲတော့ပေ။ သူ့ဝတ်ရုံက စုတ်ပြတ်နေပြီး အကြည့်ကလည်း ကြောက်လန့်ကာ မကျေမနပ် ဖြစ်နေကာ အဖြူရောင်မျက်နှာပေါ်၌လည်း သွေးစက်များ ရှိနေ၏။ အားလုံးက နေရာလွတ်ကြေးမုံ ကြေကွဲသွားခြင်းကြောင့် ဖြစ်သည်။ အစပိုင်း၌ သူက ရန်သူက အထင်ကြီးလွန်းနေပြီဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူက အထင်သေးမိနေဆဲ ဖြစ်သည်။ အကယ်၍ သူ၏ ထူးခြားသော နေရာလွတ် ပါရမီကြောင့်သာ မဟုတ်လျှင် သူက ယခုတွင် အလောင်းကောင် ဖြစ်နေလေပြီ။

အချိန်တိုအတွင်းမှာပင် ကိုလီနာ၊ မူရက်ဗ်နှင့် အေပရယ်တို့အားလုံးက ချန်လွေ့လက်ထဲ၌ ရှုံးနိမ့်မှုတစ်ခု ခံစားခဲ့ရသည်။ ယခုတွင် လေးယောက် တစ်ယောက် ဖြစ်နေသော်လည်း မည်သူကမှ ရန်သူကို အထင်မသေးရဲကြတော့ပေ။

ချန်လွေ့က ခလာ့ခ်ကို စိုက်ကြည့်နေလိုက်သည်။ သူက လက်ကို ဖျပ်ခနဲ လှုပ်ရှားလိုက်ရာ အနီရောင်အလင်းတစ်ခု လွင့်ပျံလာသည်။ ခလာ့ခ်က ရှောင်လိုက်မိသည်။ ထိုအရာက မြေပေါ်သို့ ပြုတ်ကျသွား၏။ ၎င်းက မီးတောက်နှလုံးသားကျောက်တုံးဖြင့် ပြုလုပ်ထားသော ပုတီးချိန်းကြိုးတစ်ခုပင်။

ခလာ့ခ်၏မျက်နှာက ရှုံ့တွသွားပြီး မီးတောက်နှလုံးသားကျောက်တုံးကို ကောက်ယူ လိုက်သည်။ “ဝတုတ်”က မီးတောက်နှလုံးသားကျောက်တုံးအား မိမိထံ ပြန်ပေးခြင်းက မည်သည်ကို ဆိုလိုကြောင်း ခလာ့ခ် နားလည်သည်။ သူ၏မျက်နှာပေါ်၌ ရှုံ့မဲ့သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ “တောင်းပန်ပါတယ်။ ငါက....သိဒ္ဓိတပည့်တစ်ယောက်ပဲ။”

“အထွတ်အမြတ်မီးတောက် လောင်ကျွမ်းဖို့ ငါ့ခန္ဓာ ကျွမ်းလောင်စေ။ အလင်းလမ်းကြောင်း ထွန်းညှိဖို့ ငါ့ခန္ဓာ ကျွမ်းလောင်စေ။ ဆိုးယုတ်တဲ့ ဆူးညှောင်တွေကို ဖြတ်တောက်ဖို့အတွက် ဒီဘဝကို ဓားတစ်လက်အဖြစ် ပြောင်းလဲမယ်။ နတ်ဘုရားရဲ့ ဂုဏ်ကျက်သရေကို ကာကွယ်။ ဘယ်တော့မှ မကျရှုံးဘူး....ဒါက သိဒ္ဓိတပည့်ပဲ။” ထိုသို့ပြောပြီးနောက် ခလာ့ခ်၏အဟုန် ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများက ယှဉ်ပြိုင်၍မရသော အလင်းတစ်ခုက ရုတ်တရက် ပစ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က တလက်လက် အလင်းရောင်များ စတင် တောက်ပလာပြီး ချပ်ကာတစ်စုံက အလျင်အမြန် ဖြစ်တည်လာခဲ့သည်။

ခလာ့ခ်သာမက အခြား သိဒ္ဓိတပည့်သုံးယောက်ကလည်း တူညီသော ပြောင်းလဲမှုများ ဖြစ်လာကြသည်။ သူတို့၏ စွမ်းအားအငွေ့သက်လည်း တဟုန်ထိုး တိုးတက်သွား၏။

တလက်လက် အလင်းရောင်များ တဖြည်းဖြည်း ကွယ်ပျောက်သွားသောအခါ ထူးခြားသော ချပ်ကာတစ်ခုက သူတို့လေးယောက်၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ သတ္တိတပည့်၏ [ ယုံကြည်မှုချပ်ကာ ] ဖြစ်ပေသည်။

ခလာ့ခ်က ရှေးကျပြီး ရိုးရှင်းသော ပုံစံကွက်များရှိကာ သတ်ဖြတ်ခြင်း အငွေ့အသက် ထုတ်လွှတ်နေသော အစိမ်းရောင်ဖျော့ ခန္ဓာကိုယ်တစ်ပိုင်း ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သာမန်နေ့များကဲ့သို့ သူ့ပုံစံက ဖြစ်ကတတ်ဆန်း ဖြစ်မနေတော့ပေ။ ချပ်ကာသာမက သူ၏လက်ထဲရှိ ဖဲချပ်များကလည်း တလက်လက် တောက်နေသော ရွှေရောင်အနားကွပ်များ ဖြစ်သွားကြသည်။ သူ၏စွမ်းအားအကဲဖြတ်မှုက S အဆင့်မှ S+ အဆင့်သို့ ပြောင်းလဲသွားပြီး အမြန်နှုန်းက S++ အဆင့်အထိ မြင့်တက်သွားသည်။ ကျန်ရှိသောအရာများက သိပ်ပြီး မပြောင်းလဲခဲ့ပေ။

မူရက်ဗ်၏ ချပ်ကာက ကြေးဝါရောင်ဖြစ်ပြီး ဖုံးကွယ်မှုက သိပ်ပြီး မကျယ်လှ‌ပေ။ အဓိက အားဖြင့် အရေးပါသော အစိတ်အပိုင်းများကိုသာ ကာကွယ်ပေးထားသည်။ အထင်ရှားဆုံးက ကြေးဝါမှ ရွှေရောင်တောက်တောက်အဖြစ် ပြောင်းလဲသွားသော သတ္တုလက်ကြီးပင် ဖြစ်သည်။ ထိုအရာက သူ့ကို ပို၍ပင် ကြောက်စရာ ကောင်းသွားစေသည်။ သူ၏ စွမ်းအားအကဲဖြတ်မှုက S+ ၌ ရှိနေဆဲ ဖြစ်သည်။ သို့သော် သူ၏ ခန္ဓာအမျိုးအစားနှင့် ခွန်အားတို့က S++ အထိ တိုးတက်သွားခဲ့သည်။

အေပရယ်၏ ငွေနက် ခန္ဓာကိုယ်အပြည့် ချပ်ကာက မီးတောက်များ ဖုံးလွှမ်းနေသကဲ့သို့ပင် အနီ‌ရောင်အဖြစ် ပြောင်းလဲသွားသည်။ လှံ၏ထက်မြက်မှုကလည်း ပြောင်းသွား၏။ လှံထိပ်တွင် သတ္တုကင်းမြီးကောက် တစ်ကောင်က ရစ်ပတ်နေသည်။ ထိုအရာက “မီးမြွေ”မဟုတ်ဘဲ “ကင်းမြီးကောက်” အမြီး ဖြစ်နေခဲ့ခြင်း ဖြစ်၏။ သူ၏စွမ်းအားအကဲဖြတ်မှုက S+ အဆင့်သို့ တိုးတက်သွားခဲ့ပြီး ခွန်အားက S++ အဆင့် ဖြစ်သည်။

ကိုလီနာ၏ ဝတ်ရုံက ကိုယ်ကျပ် ချပ်ကာပါရှိသော ငွေပိုးမျှင်ဝတ်ရုံအဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင် မှော်တုတ်တံကလည်း ပို၍ပင် ကျက်သရေရှိလာသည်။ သူ၏ စွမ်းအားအကဲဖြတ်မှုက မပြောင်းလဲသွားခဲ့သော်လည်း စိတ်ဝိညာဉ်စွမ်းအားက S++ အဆင့်အထိ ရောက်ရှိသွားခဲ့သည်။

[ ယုံကြည်မှုချပ်ကာ ] က သူတို့လေးယောက်၏ စွမ်းအားများကို S++ အဆင့်သို့ မရောက်စေခဲ့သော်လည်း တစ်ယောက်စီ၏ စွမ်းရည်တစ်ခုက S++ အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများက တဟုန်ထိုး တိုးတက်သွားခဲ့ကြလေသည်။

အသံလေးခုက အစဉ်လိုက် ထွက်ပေါ်လာ၏။

“ကရကဋ် သိဒ္ဓိတပည့် မူရက်ဗ်...”

“ကုံ သိဒ္ဓိတပည့် ကိုလီနာ...”

“မကရ သိဒ္ဓိတပည့် ခလာ့ခ်...”

“ဗြိစ္ဆာ သိဒ္ဓိတပည့် အေပရယ်..”

တစ်ချိန်တည်းမှာပင် ညကောင်းကင်က မရေမတွက်နိုင်သော ကြက်ခြေခတ် အလင်းရောင်များ ပေါ်ထွက်လာပြီး ရုတ်တရက် ‌တောက်ပသွားတော့သည်။ မြင်ကွင်းက အလျင်အမြန်ပင် ပြောင်းလဲလာပြီး သီးခြားနေရာလွတ်တစ်ခု ဖြစ်သွားဟန်တူသည်။၊ ကောင်းကင်နှင့်မြေကြီးမှလွဲ၍ လိမ်ယှက်နေသော အလင်းရောင်များသာ ရှိနေတော့သည်။

ထိုအလင်းရောင်များက အလှဆင်သက်သက် မဟုတ်ကြပေ။ ၎င်းတို့က ယခင်ကကဲ့သို့ တိုက်ခိုက်မှုကို လမ်းကြောင်းပြောင်းနိုင်သော နေရာလွတ်စွမ်းအားကို အသုံးပြုနိုင်ရုံသာမက နေရာလွတ်ကိုလည်း ပိုင်းခြားနိုင်ပေသည်။

“ဒါက ပြင်ပ နေရာလွတ် စွမ်းအား အကုန်လုံးကို တွန်းကန်နိုင်တဲ့ ပိုင်နက်စွမ်းအား တည်ဆောက်မှုတစ်ခုရှိတဲ့ တိုက်ပွဲလှောင်အိမ်တစ်ခုပဲ။ ရှင့်မှာ တိုင်းပြည်စွမ်းအားအဆင့် မရှိဘူးဆိရင် ဘယ်လိုမျိုး ထွက်ပြေးတဲ့ ပါရမီတွေ မှော်ပညာတွေကိုမှ သုံးလို့ မရနိုင်ဘူး။” ကိုလီနာ၏အသံ ထွက်ပေါ်လာသည်။ သို့သော် သူ့ကို မမြင်ရပေ။ သူ့ပုံရိပ်က တိုက်ပွဲ လှောင်အိမ်နှင့် ပေါင်းစပ်သွားပုံရသည်။

ချန်လွေ့အရှေ့၌ [ ယုံကြည်မှုချပ်ကာ ] ဝတ်ဆင်ထားသော သိဒ္ဓိတပည့် သုံးယောက် ရှိနေသည်။ ကရကဋ် သိဒ္ဓိတပည့် မူရက်ဗ်က ရွှေရောင်လက်ကို ဝှေ့ရမ်းလိုက်ပြီး ချန်လွေ့ထံ ပြေးဝင်ကာ အော်ပြောလိုက်သည်။ “အလင်းရဲ့ အရေးယူမှုကို လက်ခံလိုက်။ မိစ္ဆာအပြစ်သား။”

All Chapters