အမှောင်လနေအိမ်ရှိ မမျှော်လင့်ထားသော ဧည့်သည်
Vol. 44 Ch. 705
အပြာရောင် အလင်းတံခါးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ချန်လွေ့၏ ပုံရိပ်က အကြာကြီး ခွဲခွာခဲ့ရသောမြေပေါ်၌ ပေါ်ထွက်လာခဲ့သည်။
နတ်ဆိုးဘုံရှိ ကြယ်ကြွေတမန်အင်ပါယာ နန်းတော်မှ အခန်းတစ်ခန်းဝယ် -
[ ကြယ်ဂိတ် ] ပျောက်ကွယ်သွားသည်နှင့် ချန်လွေ့၏ စိတ်ထဲ၌ မရင့်ကျက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ “ဖေဖေ။ သော်သော် အိပ်တော့မယ်။”
ချန်လွေ့ ထိတ်လန့်သွားခဲ့ပြီး အော်ခေါ်လိုက်မိသည်။ “သော်သော်...”
သို့သော်လည်း ထိုအသံကို ထပ်မကြားရတော့ပေ။ ချန်လွေ့က ခေါင်းခါလိုက်သည်။ ထင်ယောင်ထင်မှား ဖြစ်တာလား။ သော်သော်က မရှိတော့ဘူး။ ပြီးတော့ အခုက နတ်ဆိုးဘုံကို ရောက်နေပြီ။ ဘယ်လိုလုပ်ပြီးတော့...
“သော်သော်”ဟု ခေါ်သံက အပြင်ဘက်မှ အစောင့်များကို သတိပြုမိသွားစေသည်။ ထိုသူက အပြာရောင် အသားအရေရှိသော မျက်နှာလွှားနှင့် မိန်းမလှတစ်ဦး ဖြစ်သည်။ ချန်လွေ့၏ မျက်နှာ ပြောင်းလဲထားသော်လည်း အထူးစိတ်ဝိညာဉ်အမှတ်အသားကြောင့် ထိုမီးအိမ်ဝိညာဉ်က သခင်ဖြစ်သူကို မှတ်မိသွားသည်။ သူက ချက်ချင်းပင် အရိုအသေ ပြုလိုက်၏။
ခဏကြာပြီးနောက် ချန်လွေ့၏ မျက်လုံးအရှေ့၌ ရင်းနှီးသော ကျက်သရေရှိသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူ၏ ရှည်လျားသော ဆံပင်ရွှေရောင်ပေါ်၌ ကျောက်မျက်များ ထည့်သွင်းထားသော အနုစိတ်လှပသည့် သရဖူတစ်ခု ရှိနေ၏။ ထိုသရဖူက နတ်ဆိုးဘုံရှိ ထိပ်တန်းအာဏာကို ကိုယ်စားပြုပြီး မရေမတွက်နိုင်သော လူပေါင်းများစွာက တပ်မက်သောအရာ ဖြစ်သည်။ သို့သော်လည်း နတ်ဆိုးဘုံရှိ လူသုံးဦးသာ ၎င်းကို အမှန်တကယ် ပိုင်ဆိုင်ထား၏။
ချန်လွေ့ကို တွေ့လိုက်သည်နှင့် လှပသောမျက်နှာက ပုံမှန် တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သို့ရာတွင် တောက်ပသော ခရမ်းရောင်မျက်လုံးထဲ၌ ပုံမှန်အေးစက်နေသောနှင်းများကတော့ အပူရှိန်ကြောင့် အရည်ပျော်ကျ သွားခဲ့လေပြီ။
“မင်း ပြန်လာပြီပဲ။” ထိုကဲ့သို့ စကားအတိုလေးပင်ဖြစ်ပြီး ရင်းနှီးခဲ့သော ပုံစံအတိုင်းပင်။
“အင်း...” ချန်လွေ့က နှလုံးသားထဲ၌ နွေးထွေးသွား၏။ သူက ရှေ့သို့ လျှောက်လာပြီး သူ့ကို လက်မောင်းထဲ၌ ပွေ့ဖက်လိုက်သည်။ တံခါးမှ မီးအိမ်ဝိညာဉ်များကလည်း တိတ်တိတ်လေး နောက်ဆုတ်သွားကြ၏။ ထိုအခိုက်အတန့်က သူတို့ နှစ်ဦးအတွက်သာ ဖြစ်ပေသည်။
ထိုအမျိုးသမီးက အသာလေး လှုပ်ရှားပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူက ချန်လွေ့၏ ခါးကို လက်ဖြင့်ပွေ့ပြီး အကြာကြီး ဆုံးရှုံးခဲ့ရသော ရင်ခွင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ အပြင်ဘက်၌ သူက မည်သို့ပင် တော်ဝင်ဧကရီတစ်ပါး ဖြစ်စေကာမူ၊ ထိုယောက်ျားအရှေ့၌ သူက အမျိုးသမီးတစ်ယောက်သာ ဖြစ်သည်။ သူ့ကိုချစ်သော အမျိုးသမီး တစ်ယောက်။ သူက ပုံမှန်ဝတ်နေကျ မျက်နှာဖုံး မလိုအပ်ပေ။ သူက ရိုးရိုးရှင်းရှင်းသာ ချစ်ရန် လိုအပ်၏။
အထူးသဖြင့် အင်ပါယာတစ်ခု၏ ဧကရီတစ်ပါးအတွက် ထိုအရာက ရှားပါးသော ကောင်းချီးတစ်ခုပင် ဖြစ်လေသည်။
တစ်ယောက်မှ စကားမပြောကြဘဲ နွေးထွေးမှုကိုသာ တိတ်တိတ်လေး ခံစားနေကြ၏။
အချိန်အတော်ကြာပြီးနောက် -
ရှီရာက မျက်လုံးများ ဖွင့်လိုက်ပြီး ထိတ်လန့်စရာသတင်းကို ပြောလိုက်သည်။ “အစ်ဇဘယ်လာနဲ့ ဇိုလာတို့မှာ ပြဿနာနည်းနည်း ရှိနေတယ်။ မင်း အခုပဲ အမှောင်လဆီ ပြန်သွားသင့်တယ်။”
“ဘယ်လို...” ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ ငါက ဒီတစ်ခေါက် ပင်လယ်သေကို သွားပြီးတော့ လူသားလောကဆီ မတော်တဆ ရောက်သွားပြီးတော့ နှင်းဒဲလက်ပန်းရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ရည်ရွယ်ချက်က အစ်ဇဘယ်လာကို ကုသဖို့ပဲ။ သူ ဘာဖြစ်လို့လဲ။ ပြီးတော့ ဇိုလာကရော။
“အမှောင်လရောက်ရင် မင်း သိလာမှာပါ။” ချန်လွေ့၏ စိုးရိမ်နေသော မျက်နှာကို မြင်သည့်အခါ ရှီရာက သက်ပြင်းချလိုက်သည်။ သူက ညင်သာစွာပင် ချန်လွေ့၏ ရင်ခွင်မှ ခွာလိုက်သည်။ “အခုပဲ သွားတော့လေ။”
ချန်လွေ့က တောင်းပန်သော အမူအရာ ပြသခဲ့သည်။ “တောင်းပန်ပါတယ်။ ကိုယ်က မင်းက ကိစ္စတွေ အများကြီး ပြောပြချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ခဏရပ်ထားရမှာပဲ။”
“ကောင်းပြီလေ။ မင်းရဲ့ ကတိကို မမေ့နဲ့။ ဒီကိစ္စတွေကို သိရတာ ငါ အရင်ဆုံး ဖြစ်ရမယ်။ အဓိပ္ပာယ်ကတော့ ငါမတိုင်ခင် တခြားမိန်းမတွေကို ပြောလို့မရဘူး။ သဘောပေါက်လား။ အခု သွားတော့။” ရှီရာက အပြုံးယဲ့ယဲ့လေး ပြသလိုက်သည်။ သူက ရုတ်တရက် ရှေ့တက်လာပြီး ချန်လွေ့၏ မျက်နှာကို နမ်းလိုက်၏။
ချန်လွေ့က နွေးထွေးသွားခဲ့ပြီး ခေါင်းညိတ်ကာ တံခါးမှ ထွက်သွားလိုက်သည်။ ဧကရီ အရှင်မက နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်၏။
“အစ်ဇဘယ်လာရဲ့ ပြဿနာကို အမြန်ဆုံးဖြေရှင်း။ ငါတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲအတွက် အပျိုအရံ လိုတယ်လေ။”
ဒီစကားမှာ အဓိက ပြောချင်တာက မင်္ဂလာလက်ထပ်ပွဲလား။ ဒါမှမဟုတ် အပျိုအရံလား။ ဒါမှမဟုတ်....သလင်းကျောက် မောင်းမဆောင်ရဲ့ တိတ်တဆိတ် တိုက်ပွဲလား။
ချန်လွေ့၏နဖူးက အနည်းငယ် ချွေးပြန်သွားပြီး ကြာရှည်ပျောက်ဆုံးနေခဲ့သော ကူကယ်ရာမဲ့မှု လှိမ့်တက်လာခဲ့သည်။ အပိုင်တွက်သော မျိုးမစစ်ကောင် တစ်ယောက်အတွက် ထိုအရာက ပျော်ရွှင်မှုတစ်ခုလည်း ဖြစ်ပေသည်။
ချန်လွေ့က အစ်ဇဘယ်လာနှင့် ဇိုလာတို့အတွက် စိုးရိမ်နေခဲ့သည်။ အဝတ်အစား လဲပြီးနောက် သူက မြင်းစီးပြီး မြို့တော်မှထွက်ကာ သက်တန့်တောင်ကြားသို့ ထွက်သွား၏။
နာရီအနည်းငယ် ကြာပြီးနာက် ချန်လွေ့က သက်တန့်တောင်ကြား၌ ပေါ်ထွက်လာသည်။ မြင်ကွင်းက သူ့ကို အံ့သြသွားစေ၏။ သက်တန့်တောင်ကြားက လုံးဝကို မမှတ်မိနိုင်အောင်ပင် ဖြစ်နေသည်။ မူလ မှော်စက်ဝိုင်းများနှင့် ထွင်းစာများအားလုံး ပျက်စီးနေ၏။ ထိုအခြေအနေကို ကြည့်ရလျှင် နည်းပညာအရ ချိုးဖျက်ထားခြင်းမဟုတ်ဘဲ ခုခံ၍မရဘဲ ကြောက်စရာကောင်းသော စွမ်းအားတစ်မျိုးမျိုးကြောင့် ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။ ကံကောင်းစွာပင် သုတေသန နေရာက မထိခိုက်ပေ။
ဘာဖြစ်ခဲ့တာလဲ။
ချန်လွေ့က မကောင်းသော နိမိတ်တစ်ခု ခံစားလာရသည်။ သူက သုတေသနခန်းသို့ ချက်ချင်း အပြေးသွားပြီး အော်ခေါ်လိုက်၏။ “ဇိုလာ....အစ်ဇဘယ်လာ....”
သုတေသနခန်းရှိ အခန်းတိုင်းက လူမရှိဘဲ အော်သံကသာ ပဲ့တင်ထပ်နေ၏။ ချန်လွေ့က သော်သော်အကြောင်း စဉ်းစားမိသွားပြီး ရင်ထဲ၌ တင်းကြပ်သွားသည်။ သူက ချစ်ရသူများကို ဆုံးရှုံးရသည့် ထိတ်လန့်မှုကို မခံစားနိုင်တော့ပေ။ သူ့အကြည့်က အမှောင်လနေအိမ်သို့သွားသည့် လျို့ဝှက်လမ်းကြောင်းထံ ရောက်ရှိသွားပြီး အမြန် ပြေးဝင်သွားလိုက်သည်။
တလက်လက်ဖြစ်သွားပြီး တယ်လီပို့ ခုန်ပြီးနောက် သူက အချိန်အတော်ကြာ မမြင်ခဲ့ရသော အမှောင်လနေအိမ်သို့ ရောက်ရှိလာသည်။
“ဇိုလာ။ အစ်ဇဘယ်လာ။” ချန်လွေ့၏အော်သံက ခြံဝန်းထဲမှ လူများကို ထိတ်လန့်သွားစေသည်။
“ချန်လွေ့...” ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်လာ၏။ ထိုသူက ဇိုလာပင်။
ထိုအသံက ချန်လွေ့၏ နားထဲ၌ လုံးဝကို သာယာနာပျော်ဖွယ် ဖြစ်နေ၏။ ခြံဝန်းထဲ၌ အသိအနည်းငယ် ရှိနေသော်လည်း ချန်လွေ့က ဇိုလာကိုသာ ချက်ချင်း မြင်ခဲ့ရသည်။ သူ၏ တင်းကြပ်နေသော နှလုံးသားက နောက်ဆုံး၌ ပြေလျော့သွားပြီး အပြေးဖက်လိုက်ကာ ရင်းနှီးသော နွေးထွေးမှုနှင့် မွှေးရနံ့ကို ခံစားနေလိုက်၏။
သိပ်ကောင်းတယ်။ ငါ့ရဲ့ ဇိုလာက အဆင်ပြေတယ်။
ဘာလို့ ရှီရာက.....
ပြီးတော့ သက်တန့်တောင်ကြားက.....
ဘာလို့ တစ်ယောက်ယောက် ချောင်းဟန့်တာကို ကြားနေရတာလဲ။ ဟူး....။ သံယောဇဉ်ကြီးတာပဲဖြစ်ဖြစ်၊ မိတ်ဆွေထက် ချစ်သူကို ဦးစားပေးတာပဲဖြစ်ဖြစ်၊ အဲဒီ မျိုးမစစ်နှစ်ကောင် ကြိုက်သလို ရယ်ကြပါစေ။
“နင် ဘယ်တုန်းက ပြန်ရောက်တာလဲ။” ဇိုလာက ချန်လွေ့ကို ပွေ့ဖက်စေလိုက်၏။ သူ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက မှေးသွားခဲ့ပြီး အလွန်ပျော်ရွှင်သွားပုံရသည်။
“အခုပဲ ပြန်ရောက်လာတာ။”
(သူက ငါ့ကို တော်တော်လေး ဂရုစိုက်တာပဲ။ ပြန်ရောက်တာနဲ့ချက်ချင်း ငါ့နာမည်ခေါ်ပြီး ငါ့ကို နွေးနွေးထွေးထွေးနဲ့ လာပွေ့ဖက်တယ်။ ဝါးဟားဟာားဟား.... ကြည့်ရတာ ငါက သူ တန်ဖိုးအထားဆုံး မိန်းမ ထင်တယ်။ )
(“ဝါးဟားဟားဟား”ကို ငါ ဘယ်တုန်းက သင်ထားတာလဲ။ ကြည့်ရတာ မင်းသမီးလေးက သင်ထားပေးတဲ့ပုံပဲ....)
(ဟွန့်။ အသီနာနဲ့ ခီရာတို့ ဒီမှာ ရှိမနေတာ နှမြောစရာပဲ။ ပြီးတော့လည်း သူက အစ်ဇဘယ်လာ နာမည်ကို ခေါ်လိုက်သလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို ပထမဆုံး ခေါ်တာပဲလေ။)
“အဟမ်း....”
ချောင်းဟန့်သံက အပြင်ဘက်မှ ပို၍ ကျယ်လာခဲ့သည်။ ချန်လွေ့ ပါ့ဂ်လီအို၏အသံကို ကြားလိုက်ရသည်။ သူက လက်ကို ပြေလျော့လိုက်ပြီး အပြစ်တင်လိုက်၏။ “ဘဲခေါင်းနဂါး။ ခင်ဗျား အအေးမိနေတာလား။ ဒါမှမဟုတ် မနာလို ဖြစ်နေတာလား။”
“မင်းတို့ တစ်မိသားစုလုံးကမှ......” ပါ့ဂ်လီအိုက မလှောင်ပြီးသေးခင်မှာပင် ဟန်လုပ်ပြုံးလိုက်၏။ “အာ....ဆာ-အက်ဂ်လက်စ်။ ဒါက ချန်လွေ့ပါ။”
အက်ဂ်လက်စ်လား။ ချန်လွေ့၏စိတ် လှုပ်ရှားသွားခဲ့ပြီး ခြံဝန်းထဲ၌ ထိုင်နေသော သူစိမ်း တစ်ယောက်ကို နောက်ဆုံး၌ တွေ့သွားခဲ့သည်။
ထိုသူက အသက်၃၀ အရွယ်ခန့်ရှိသော ဆံပင်အနက်အတိုနှင့် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူ၏မျက်နှာက ထူထဲသော မျက်ခုံးမွှေးနှင့် မုတ်ဆိတ်တစ်ခုရှိပြီး အေးစက်ကာ တင်းမာနေ၏။ သူ၏ အနက်ရောင် မျက်ဆံများက နက်ရှိုင်းမှုနှင့် လောကဓံတရားများ ပြည့်နှက်နေသည်။ ထိုသူက ထိုနေရာ၌သာ ထိုင်နေသော်လည်း စိတ်ဝိညာဉ် အာရုံခံကို အသုံးပြုလိုက်သော ချန်လွေ့က အချိန်မရွေး ပျောက်ကွယ်သွားနိုင်ကြောင်း ထင်ယောင်ထင်မှား ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူက ထိုသူကို ချက်ချင်း သတိမထားမိခဲ့ခြင်းပင်။
မျိုးနွယ် - နဂါး (နဂါးနက်)
စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။
[ စိစစ်မှု ] - အလွန်အန္တရာယ်ရှိ။
ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ သူ၏လက်ရှိစွမ်းအားဖြင့် အစ်ဇ်ယိုရူးကဲ့သို့ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကပင် သက်ဆိုင်ရာ သတင်းအချက်အလက်များ ပြသသည်။ သို့ရာတွင် ထိုနဂါး၏ သတိပေးချက်က “ဆုံးဖြတ်၍မရနိုင်” ဖြစ်နေသည်။ ဒါဆိုရင် အကြောင်းရင်း တစ်ခုပဲ ရှိရမယ်။ သူက တိုင်းပြည်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ နတ်ဘုရားတစ်ပိုင်း ဒါမှမဟုတ် နတ်ဘုရားယောင်အဆင့် ဖြစ်ရမယ်။
ဒီလောက်စွမ်းအားကြီးတဲ့ နဂါးက ဘာလို့ ဒီမှာ ပေါ်လာရတာလဲ။
ချန်လွေ့က ရှီရာပြောခဲ့သော “ပြဿနာ”နှင့် သက်တန့်တောင်ကြား၌ တွေ့ခဲ့သည့် အရာကို တွေးလိုက်မိသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက လျှောက်သွားတော့မည့်အချိန်၌ ဇိုလာ သူ့ကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားလိုက်သည်။ မစ်-နတ်မိမယ်နဂါးက သရုပ်ပြသကဲ့သို့ပင် ထိုသူကို ကြည့်လိုက်၏။ “သူက ကျွန်မရဲ့ယောက်ျား ချန်လွေ့ပဲ။”
မစ်-နတ်မိမယ်နဂါးက ထိုသို့ခေါ်သည့်အခါ ချန်လွေ့က နွေးထွေးသွားခဲ့သည်။ သူက ဇိုလာ၏ ကျောကို အသာလေးပုတ်ပြီး လွှတ်ပေးရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ထိုသူထံ လမ်းလျှောက်လာပြီး ဦးညွှတ်လိုက်၏။ “တောင်းပန်ပါတယ်။ ခုနက ကျွန်တော် ရိုင်းပျမိသွားတယ်။ လေးစားရတဲ့ နဂါးအစွမ်းထက်ပုဂ္ဂိုလ်။”
“အိုး...” နဂါးတစ်ကောင်ဖြစ်သော အက်ဂ်လက်စ်က မျက်ခုံးပင့်လိုက်၏။ “မင်းက ငါ့ကို နဂါးဆိုတာ တကယ် မြင်နိုင်တာလား။ ပါ့ဂ်လီအို ခေါ်လိုက်လို့လား။ ဒါမှမတုတ် ငါမသိတဲ့ အရိပ်အမြွက် တစ်ခုကြောင့်လား။”
“စိတ်ထင်တာပါ။” ချန်လွေ့က ဖော်ပြ၍မရသော အဟန့်အတား တစ်ခုကို ခံစားလိုက်ရပြီး ပြုံးနေလိုက်သည်။ “တစ်ခုခု အပြစ်လုပ်မိတာရှိရင် ခွင့်လွှတ်ပေးပါ။ လူကြီးမင်းက အနည်းဆုံး နတ်ဘုရားတစ်ပိုင်းအဆင့်ရှိတဲ့ နဂါးနက်တစ်ကောင် ဖြစ်မယ်လို့ ကျုပ် ခံစားမိတယ်။ ဒီအိမ်ရဲ့ ပိုင်ရှင်တစ်ယောက်အနေနဲ့ လူကြီးမင်းကို လေးလေးစားစားနဲ့ ကြိုဆိုဖွင့်ပြုပါ။ အခုတော့ နည်နည်း နောက်ကျနေပြီ ဆိုပေမဲ့....”
အက်ဂ်လက်စ်၏ မျက်ဆံများက အေးစက်သော လျှပ်စီးအလင်းများ တောက်ပသွားပြီး စိတ်ဝိညာဉ်စွမ်းအား ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုစိတ်ဝိညာဉ်စွမ်းအားက အရာအားလုံးကို စုတ်ဖြဲပစ်နိုင်သည့် မုန်တိုင်းတစ်ခု ကဲ့သို့ပင် အလွန်အမင်း စွမ်းအားကြီးလှသည်။ ဇိုလာက ဒေါသတကြီး အော်လိုက်ပြီး တစ်ခုခုလုပ်ရန် ပြင်လိုက်သည်။ ထိုသူက စိုက်ကြည့်လိုက်သည်နှင့် ဇိုလာက ရုတ်တရက် မလှုပ်နိုင်တော့ပေ။ ပါ့ဂ်လီအိုက အနည်းငယ် လှုပ်ရှားလိုက်သော်လည်း ဘေးမှ ခရိုဘဲလက်စ်က သူ့ကို ဆွဲလိုက်၏။
ကြောက်မက်ဖွယ်ရာ စိတ်ဖိအားကို ရင်ဆိုင်နေရာ၌ ချန်လွေ့၏ မျက်နှာက မပြောင်းလဲဘဲ ကျန်ရှိနေပြီး ပြုံးနေဆဲ ဖြစ်သည်။ သူက အသိစိတ်ထဲ ကျူးကျော်လာသော စိတ်ဝိညာဉ် စွမ်းအားများကို အရှိန်အဝါအဖြစ် ဖြိုခွဲရန် စူပါစနစ်ကို တိတ်တိတ်လေး လည်ပတ်နေခဲ့သည်။ သို့ရာတွင် ထိုဖိအားက အလွန်အမင်းကြီးမားလွန်းလှသည့်အတွက် စူပါစနစ်၏ ဖြိုခွဲသော အမြန်နှုန်းက အနည်းငယ် အမှီမလိုက်နိုင်ခဲ့ပေ။ ခဏကြာပြီးနောက် ချန်လွေ့၏နဖူးမှ ချွေးများ စီးကျလာ၏။
ချန်လွေ့က နဂါးမာန်ကို ခုခံနိုင်လိမ့်မည်ဟု အက်ဂ်လက်စ် မထင်ထားခဲ့ပေ။ သူ၏ မျက်လုံးထဲ၌ ထူးခြားသော အမူအရာတစ်ခု ဖျပ်ခနဲ ပေါ်ထွက်လာပြီးနောက် ဖိအားကို ဖယ်ရှားလိုက်ကာ ခေါင်းညိတ်ပြသည်။ “မဆိုးဘူး။”
ဇိုလာက အပြာရောင်နှင့် အဝါရောင် အလင်းများ တောက်ပသွားပြီး ထိုသူ၏ ထိန်းချုပ်မှုကို ဖယ်ရှားရန်အတွက် ထူးဆန်းသောထွင်းစာများ အလိုအလျောက်ရေးဆွဲလိုက်သည်။ မစ်-နတ်မိမယ်နဂါးက ချက်ချင်းပင် တယ်လီပို့ခုန်ပြီး ချန်လွေ့အရှေ့၌ ကာကွယ်ပေးလိုက်သည်။ “အက်ဂ်လက်စ်။ ရှင် ဘာလုပ်ဖို့ ကြံနေတာလဲ။”
“ဘာမှမဟုတ်ပါဘူး။ စမ်းသပ်နေရုံပါ။ ရလာဒ်နဲ့ ပတ်သက်ပြီးတော့ ငါ အတော်လေး ကျေနပ်တယ်။” အက်ဂ်လက်စ်၏ နက်ရှိုင်းသောအကြည့်က ချန်လွေ့၏ ဝိညာဉ်ထဲသို့ ဖောက်ဝင်သွားဟန်တူသည်။ “အသက်၃၀အောက်နဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း စွမ်းအားရှိနေပြီးတော့ စိတ်ဝိညာဉ်စွမ်းအားက တိုင်းပြည်အဆင့်နားတောင် ကပ်နေပြီ။ သူက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒါပေမဲ့...သူက လူသား ဖြစ်နေတယ်။ မင်းငါ့ကို ဒီအကြောင်း မပြောခဲ့ဘူး။”
ချန်လွေ့က ခါးသက်သက်နှင့် ပြောလိုက်သည်။ “ဆာ့ရဲ့အမြင်က အထင်ကြီးလောက်စရာ ကောင်းတယ်ဆိုတာ အသေအချာပါပဲ။ ကျုပ်က ရုပ်ဖျက်ဖို့ လျို့ဝှက်ပညာရပ်ကို အကောင်းဆုံး အသုံးချဖို့ ကြိုးစားခဲ့ပေမဲ့ အလိမ်ပေါ်သွားခဲ့သေးတယ်။”
“မယုံနိုင်စရာ လျို့ဝှက်ပညာရပ်ပဲ။ တကယ်လို့ ငါက မင်းရဲ့ ရုပ်ဖျက်မှုကို ဖောက်မြင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီရွံစရာ အလင်းဒြပ်စင်ခန္ဓာအမျိုးအစားကို ရေးရေးလေး အာရုံခံမိခဲ့တာ။ လူသားလောကမှာတောင် မင်းရဲ့သရုပ်က သာမန်တော့ မဖြစ်နိုင်ဘူး။”
အက်စ်လက်စ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ “မင်းမှာ ထူးဆန်းတဲ့ အငွေ့အသက်တစ်ခု ရှိနေသေးတယ်။ အဲဒါက ဥပဒေသ စွမ်းအားလား။”
“ဒါက အချိန်နည်းနည်းကြာရင် ဖြေရှင်းလို့ရတဲ့ ပြဿနာလေး တစ်ခုပါပဲ။ ကျုပ် ဆာ့ကို မနှောင့်ယှက်ရဲပါဘူး။” ချန်လွေ့က အက်ဂ်လက်စ် ပြောနေသည့်အရာကို သိသည်။ သူက အစစ်အမှန်မီးတောက် အချုပ်အနှောင်နှင့် စူပါစနစ်အကြောင်း လျို့ဝှက်ချက်များကို ထုတ်မပြချင်သည့်အတွက်ကြောင့် တိုတိုတုတ်တုတ်သာ ပြောခဲ့လေသည်။
“ပြဿနာလေး ဟုတ်လား။” အက်ဂ်လက်စ်က သရော်ပြုံး ပြုံးလိုက်သည်။ “ကြည့်ရတာ မင်းရဲ့စွမ်းအားက ထင်ထားတာထက် ပိုစွမ်းနေတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ဒါက လှည့်ကွက်လေးတစ်ခုပဲ။ မင်းလို ဆရာသခင်တစ်ယောက်က မိတ်ဆက်စကား ဆိုပြီးမှတော့ ငါ့ကိုယ်ငါ မိတ်ဆက်ရတာပေါ့။ ငါက နဂါးကျွန်းကို အုပ်စိုးတဲ့ အက်ဂ်လက်စ်ဆိုင်းရာဆာလုံခရီပဲ။ မင်း ငါ့ကို....နဂါးဧကရာဇ် အရှင်မင်းကြီးလို့လည်း ခေါ်လို့ရတယ်။”
နဂါးကျွန်းကို အုပ်စိုးတဲ့သူလား။ နဂါးဧကရာဇ် အရှင်မင်းကြီး။ ဒါကြောင့် သူ့မှာ ဒီလိုမျိုး စွမ်းအားတွေ ရှိနေတာကိုး။ ချန်လွေ့ အံ့သြသွားခဲ့သည်။
ထိုအချိန်၌ ပုံရိပ်တစ်ခုက ဝင်ပေါက်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာသည်။ “အဖေ။ သမီးကို ပေးခဲ့တဲ့ သလင်းကျောက်နက်ဒင်္ဂါး ၃သိန်းလုံး သုံးပြီးသွားပြီ။ အဖေ့အတွက် အကင်တောင် ဝယ်လာခဲ့တယ်။”
ထိုအသံကို ကြားလိုက်သောအခါ ခုနက ဝေဝေဝါးဝါးနှင့် မဖြစ်နိုင်သော နဂါးနက်ဧကရာဇ် အရှင်မင်းကြီးက ချက်ချင်းပင် ကြက်သေသေသွားခဲ့သည်။ သူက နှိမ့်ချတတ်သော သက်လတ်ပိုင်း ဦးလေးကြီးတစ်ယောက်ကဲ့သို့ ပါးစပ်နားရွက်ချိတ်အောင် ပြုံးနေ၏။
ထိုအသံက ချန်လွေ့ကို ပို၍ပင် အံ့အားသင့်သွားစေသည်။ မစ်-နဂါးနက် အိုလီဖီးရက်စ်။