[ မီးသင့်နဂါးဟိန်းသံ ]
Vol. 44 Ch. 686
ကိုလီနာက အမြဲပင် တိုက်ပွဲလှောင်အိမ်ထဲ၌ ပုန်းအောင်းနေခဲ့သည်။ ယခုက အလွန်ကြီးမားသော နေရာပြန့်တိုက်ခိုက်မှု ဖြစ်သည့် [ ကြယ်ပေါက်ကွဲခြင်း ] မှာ သူ့ကို ပေါ်ထွက်လာစေရန်အတွက် တွန်းအားပေးလိုက်ခြင်း ဖြစ်သည်။
ချန်လွေ့ကို ကိုလီနာကို လည်ပင်းညှစ်ထား၏။ သူက ထိတ်လန့်သွားသော်လည်း ကြောက်လန့်မနေပေ။ သူ၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော ရောယှက်နေသေည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ပြန့်ကျဲကုန်သည်။ ချန်လွေ့က မိမိ၏လက်က ကွက်လပ်ဖြစ်သွားသည့်အခါ အနည်းငယ် အံ့သြသွားခဲ့သည်။ လေထုက ရုတ်တရက် အေးစက်သွားပြီး ချွန်ထက်သည့် ရေခဲဓားသွားများ ပြည့်နေသော လေပွေတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ချန်လွေ့က လက်မောင်းကို ကြက်ခြေခတ် ပြုလုပ်ပြီး ခေါင်းကို ကာကွယ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ဓားသွား ထိသွားသောအခါ အဖြူရောင် အမှတ်အသား အသေးလေးတစ်ခုသာ ကျန်ရစ်စေခဲ့ပြီး ကွဲကြေသွား၏။ လေပွေကြောင့် ပြန့်ကျဲသွားသော ရေခဲစများက အလျင်အမြန် အစိုင်အခဲဖြစ်သွားကြပြီး ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်၌ ဒြပ်ဖြစ်တည်လာသည်။ သူက မျက်စိတစ်မှိတ် အတွင်းမှာပင် ရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားတော့သည်။
ပြင်းထန်သော အငွေ့အသက်ထဲ၌ ရေခဲလေပွေစွမ်းအားက တဖြည်းဖြည်း အားနည်းလာပြီး ပျောက်ကွယ်တော့မည့် အငွေ့အသက်များ ပြသလာသည်။ ကိုလီနာက ရန်သူကို အချိန်အကြာကြီး မဖမ်းထားနိုင်ကြောင်း သိသည့်အတွက် သူ၏ စူးရှသောအသံ ထွက်ပေါ်လာခဲ့သည်။ “မြန်မြန်လုပ်။ သူ့ကို အစွမ်းကုန် တိုက်ခိုက်ပြီးတော့ သတ်ပစ်လိုက်။”
ရန်သူ၏ စွမ်းအားက အမှန်တကယ်ပင် အလွန်အမင်း ပြင်းထန်လှပြီး [ ယုံကြည်မှုချပ်ကာ ] အချိန်က အကန့်အသတ် ရှိပေသည်။ ထို့ကြောင့် သူတို့က ရန်သူကို အမြန်ဆုံး သုတ်သင်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက အကျိုးဆက်များ ဆိုးဝါးသွားနိုင်ပေသည်။
မူရက်ဗ်၏ ခန္ဓာအမျိုးအစားက အလွန် ထူးခြားလှသည်။ ခုနက ဒဏ်ရာများ အနည်းငယ် ပြန်ကောင်းလာပြီ ဖြစ်သည်။ [ ကြယ်ပေါက်ကွဲခြင်း ] က သူ့ဒဏ်ရာကို အက်ကွဲသွား စေခဲ့သော်လည်း ပြင်ပဒဏ်ရာတစ်ခုသာ ဖြစ်သည်။ ဒဏ်ရာများကို ဘေးဖယ်ထားလိုက်လျှင် သွေးရောင်မျက်လုံးများရှိနေသော ကြောက်မက်ဖွယ်ရာ ပုံရိပ်တစ်ခုက သူ၏နှလုံးသားထဲ၌ အကြောက်တရားနှင့် စိတ်ဒဏ်ရာတစ်ခု ချန်ရစ်ထားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူက ရန်သူကို အမြန်ဆုံး ရှင်းပစ်ရပေမည်။ သို့မဟုတ်ပါက စိတ်ဒဏ်ရာသည် နှလုံးသား နက်နက်ထဲအထိ ရောက်ရှိသွားပြီး သူ့တစ်ဘဝလုံး ဖယ်ရှားနိုင်တော့မည် မဟုတ်ပေ။ မူရက်ဗ်၏ ရွှေရောင် ဧရာမလက်က ရွှေရောင်မီးတောက်များ လောင်ကျွမ်းသွားပြီး လေထဲမှ ရေခဲရုပ်ထုဆီသို့ ပြေးဝင်သွားကာ တစ်ချက်တည်းဖြင့် ရန်သူကို လုံးဝ ချေမှုန်းချင်နေခဲ့သည်။
ခလာ့ခ်က လက်နှစ်ဖက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်ရာ မရေမတွက်နိုင်သော မှော်ဖဲချပ်များ ပေါ်ထွက်လာပြီး မူရက်ဗ်အရှေ့ နေရာအနှံ့မှ ရေခဲရုပ်ထုကို ဝိုင်းရံလိုက်သည်။ ထိုအရာများက မှော်ဖဲဖျပ် နောက်ကွယ်မှာ “ကြမ္မာတိုက်ပွဲ” ဗိုလ်ခြေအသေးနှစ်ခု ဖြစ်ပေသည်။
အေပရယ်က ခြေထောက်ကို တော့လိုက်ပြီး သူ၏ တစ္ဆေသဖွယ်ပုံရိပ်က လုံးဝန်းလာ၏။ မှော်ဖဲချပ်၏ အကာအကွယ်အောက်တွင် သူက ရေခဲရုပ်ထုနောက်သို့ ရောက်လာသည်။ သူ၏ စွမ်းအားက S++ အဆင့် ဖြစ်သော်လည်း အမှန်တကယ်၌ မူရက်ဗ်ထက် နိမ့်ကျသည်။ သို့သော် သူ၏ တိုက်ခိုက်ရေး စွမ်းရည်များက ပိုမိုဆန်းကြယ်ပြီး အထူးသဖြင့် အဆိပ်ရှိ ကင်းမြီးကောက်အမြီး ဖြစ်ပေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ၎င်းက ရန်သူကို ထိန်းထားနိုင်သော လက်နက်တစ်ခု ဖြစ်သည်။ သို့သော် အဆိပ်က ရန်သူပေါ် ထိရောက်မှု မရှိနေသည့်အတွက် အေပရယ်က ပို၍ပင် သတိထားနေခဲ့သည်။ ထို့ကြောင့် သူက ယခုတစ်ခေါက်တွင် လုံးဝ အစွမ်းကုန်သုံးနေခဲ့သည်။
ရေခဲလေပွေက လုံးဝ ပျောက်ကွယ်သွားပြီး ရေခဲရုပ်ထု မျက်နှာပြင်ပေါ်ရှိ ရေခဲအလွှာက အငွေ့များ ထွက်လာကာ ချက်ချင်းပင် အငွေ့ပျံသွားခဲ့သည်။ ထူးဆန်းသည်က ချန်လွေ့၏ မျက်လုံးများ ပိတ်နေပြီး သူ၏ခန္ဓာကိုယ်က ပြင်းထန်သော အငွေ့အသက် ပျောက်ကွယ်သွား ခြင်းပင်။ ကြည့်ရသည်မှာ အထူးအခြေအနေတစ်ခုကို ရုတ်သိမ်းလိုက်ခြင်း ဖြစ်ပုံရသည်။
မရေမတွက်နိုင်သော တိုက်ခိုက်မှုများ ဝင်ရောက်လာပြီး ချန်လွေ့၏ဆံပင်က ပြင်းထန်သော လေကြောင့် နောက်သို့ လွင့်နေသော်လည်း သူ၏အမူအရာက ရေကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။ အဘက်ဘက်မှ ဝိုင်းရံတိုက်ခိုက် ခံရတော့မည့်အချိန်၌ တိတ်ဆိတ်နေသော မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး မျက်ဆံများက မီးတောက်ကဲ့သို့ အလင်းရောင်များ လောင်ကျွမ်းနေလေသည်။
ပျောက်ကွယ်သွားခဲ့သော ပြင်းထန်ကြမ်းတမ်းသည့် အငွေ့အသက်က ချက်ချင်းပင် အဆရာနှင့်ချီ အားကောင်းလာသည်။ ထိုအရာက သာမာန်အငွေ့အသက်တစ်ခု မဟုတ်တော့ဘဲ တိုက်ပွဲလှောင်အိမ်တစ်ခုလုံး၏ နေရာလွတ်ကို ပြည့်စေနိုင်သော ခမ်းနာကျယ်ပြန့်သည့် စိတ်ဝိညာဉ်တစ်ခု ဖြစ်နေလေပြီ။
ချန်လွေ့ မျက်လုံးဖွင့်လိုက်သော အခိုက်အတန့်၌ သိဒ္ဓိတပည့်လေးယောက်က ဖဲချပ်များ၊ စစ်သည်များ၊ မူရက်ဗ်၊ အေပရယ်...အရာအားလုံးက တစ်ချိန်တည်းမှာပင် နှေးကွေးသွားပြီး အချိန်စီးဆင်းမှုက ရုတ်တရက် သုံးလေးဆ နှေးကွေးသွားသလို ခံစားလိုက်ရသည်။ အမြင်မှားတားလား။
မူရက်ဗ်နှင့် အခြားသူများ ထိတ်လန့်နေကြစဉ် အမြင်မှားခြင်းက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ တိုက်ပွဲလှောင်အိမ်ထဲပ အသံတစ်သံကို ကြားလိုက်ရ၏။ “[မီးသင့်နဂါးဟိန်းသံ]”
မြင်ကွင်းထဲ၌ သတ်ရမည့်ပစ်မှတ်က ရုတ်တရက် သွေးနီပင်လယ် တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မဟုတ်ပေ။ ထိုအရာက ပင်လယ်မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာကောင်းသည့် မြွေကဲ့သို့ သတ္တဝါကြီးများ ဖြစ်ပေသည်။ ၎င်းတို့က ဒါဇန်ခန့် ရှိနေ၏။
တိုက်ပွဲလှောင်အိမ်က အပြင်းအထန် တုန်ခါနေရင်း ကြောက်မက်ဖွယ်ရာ [ မီးသင့်နဂါး ဟိန်းသံ ] က အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့သည်။ မှော်ဖဲချပ်ဖြစ်စေ၊ သရုပ်သကန် စစ်သည်များ ဖြစ်စေ၊ သိဒ္ဓိတပည့်များဖြစ်စေ၊ အနီးအနားရှိ အရာအားလုံးက အနီရောင်အလင်းကြောင်း ဝါးမျိုခံလိုက်ရတော့သည်။
ကိုလီနာက တိုက်ပွဲလှောင်အိမ်၏ ဝိသေသလက္ခဏာကို အသုံးချပြီး တိုက်ခိုက်မှုကို လမ်းကြောင်းလွှဲချင်သော်လည်း မီးသင့်နဂါး၏ ပြင်းထန်သော အငွေ့အသက်က နေရာတိုင်း ရှိနေကာ နေရာလွတ်သည်ပင် စုတ်ပြတ်သွားခဲ့သည်။ တိုက်ပွဲလှောင်အိမ်တစ်ခုလုံးက ကြောက်မက်ဖွယ်ရာ ဖိအားကို မခံစားနိုင်တော့ပေ။ ၎င်းက အချိန်မရွေး ပေါက်ကွဲထွက်နိုင်သော အကန့်အသတ်ကို ကျော်လွန်နေသည့် ပူဖောင်းတစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။
ဘုန်း.....ဘုန်း....ဘုန်း.....ဘုန်း....
သွေးနီပင်လယ်က နောက်ဆုံးတွင် ပိုင်နက်နေရာလွတ်ကို အပိုင်းပိုင်း ဖြစ်သွားစေခဲ့ပြီး တိုင်ပွဲလှောင်အိမ်တစ်ခုလုံးက အလင်းတန်းများအဖြစ် ပြန့်ကျဲကာ ပျောက်ကွယ်သွားခဲ့သည်။ နောက်ဆက်တွဲဒဏ်များကြောင့် အလင်းခန်းမ၌ မြေငလျင်ကဲ့သို့ တုန်ခါမှုများ ဖြစ်ပွားခဲ့ပြီး အဆောက်အအုံများ တစ်ခုပြီးတစ်ခု ပြိုလဲသွားကာ ပလာဇာအနီးရှိ အစီအရင်များအားလုံး အမှုန်ဖြစ်သွားရင်း မြေပြင်က သုံးလေးမီတာခန့် နစ်ဝင်သွားခဲ့သည်။ အားကောင်းသော တုန်ခါလှိုင်းအောက်တွင် အနီးအနားရှိ အလင်းစစ်သည်များအားလုံးလည်း လွင့်ထွက်ကုန်ပြီး မြေပေါ်ပြန်ကျလာသောအခါ ချက်ချင်း ထမနိုင်ကြတော့ပေ။ အဆင့်နိမ့်သူများက သတိပင် လစ်သွားခဲ့ကြသည်။
လရောင်အောက်၌ ပလာဇာရှိ အနီရောင်အလင်းက တဖြည်းဖြည်း ငြိမ်းသွားသည်။ ပုံရိပ်တစ်ခုမှလွဲ၍ မည်သူမှ မရှိသလို တည်ရှိနေသော အဆောက်အအုံများလည်း ရှိမနေပေ။
မိန်းမတစ်ယောက်၏ လည်ပင်းက ထိုပုံရိပ်၏ လက်ထဲ၌ ရှိနေ၏။ ထိုမိန်းမက ကိုလီနာပင်။
တိုက်ပွဲလှောင်အိမ် ပျက်စီးသွားသည့်အတွက် ကိုလီနာက ယခင်ကဲ့သို့ ထွက်မပြေးနိုင် တော့ပေ။ ထို့ပြင် [ မီးသင့်နဂါးဟိန်းသံ ] စွမ်းအားအပြင် တိုက်ပွဲလှောင်အိမ် ပျက်စီးသွားခြင်း တစ်ခုတည်းကပင် ကိုလီနာ၏ စိတ်ဝိညာဉ်စွမ်းအားကို ကြီးကြီးမားမား တန်ပြန် ထိခိုက်စေ ခဲ့သည်။ သူ၏ [ ယုံကြည်မှုချပ်ကာ ] သည်ပင် ပျောက်ကွယ်သွားခဲ့သည်။ ခုခံမှု လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သည့်အတွက် သူ၏ မျက်လုံးများက ကြောက်လန့်မှုများ ပြည့်နေခဲ့၏။
[ ယုံကြည်မှုချပ်ကာ ] ဝတ်ဆင်ထားသော သိဒ္ဓိတပည့်လေးယောက်က တိုင်ပွဲလှောင်အိမ်၌ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော်လည်း အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့ကြလေသည်။
ချန်လွေ့၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တစ်ခု ပြည့်နေ၏။ သူ၏အသံက ရေခဲပမာ အေးစက်နေခဲ့သည်။ “ငါက မိန်းမတွေကို သတ်လေ့မရှိဘူး။ ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပဲ။”
“သိဒ္ဓိတပည့်တွေက ဘယ်တော့မှ မသေ....” ကိုလီနာက စကားကို အဆုံးအထိ မပြောနိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်ပေါ်၌ ဖျက်ဆီးခြင်း အဖြူရောင်အလင်းတစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် သူက ရုတ်တရက် တုန်လှုပ်သွားပြီး အော်ဟစ်လိုက်တော့သည်။
“ဘုန်း..” ခနဲ အသံမြည်ကာ ကိုလီနာ ပေါက်ကွဲထွက်သွား၏။ သူ သတ်ခဲ့သော ကလေး နှစ်ယောက်ကဲ့သို့ပင် အလောင်း မကျန်ခဲ့ပေ။
ချန်လွေ့က လက်ကိုချထားလိုက်ပြီး မနီးမဝေးမှ ကျန်ရှိသော သိဒ္ဓိတပည့်သုံးယောက်ကို ကြည့်လိုက်သည်။ မူရက်ဗ်က မြေပြင်ပေါ်၌ မလှုပ်မယှက် လဲကျနေပြီး သွေးများ ပေကျံနေကာ သေနေသကဲ့သို့ ထင်ရသည်။ ခလာ့ခ်နှင့် အေပရယ်တို့က ကပ်လျက် ရှိနေကြပြီး သူတို့၏ အငွေ့အသက်က အလွန်ပင် အားနည်းနေခဲ့သည်။ သူတို့ကို အလွယ်တကူပင် သတ်ပစ်နိုင်၏။
ချန်လွေ့က ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ သူက မူရက်ဗ်ကို ကျော်သွားချိန်၌ မလှုပ်မယှက်နေနေသော မူရက်ဗ်က ရုတ်တရက် နောက်မှ ပြေးဝင်လာသည်။ ချန်လွေ့၏ ပုခုံးကို လှုပ်ရှားလိုက်ရာ မူရက်ဗ်က ရပ်တန့်သွားပြီး နေရာတွင်ပင် ကြောင်ကြည့်နေကာ သူ့နောက်ရှိ မြေပြင်က ပွင့်ထွက်ကာ အက်ကြောင်းများ ဖြစ်သွားခဲ့သည်။
“မင်းက ဒီတိုက်ပွဲမှာ သတ္တိရှိနိုင်တောင် နောက်ထပ် တိုက်ပွဲတစ်ခုမှာ အားနည်းတဲ့ ငကြောင်တစ်ကောင် ဖြစ်နေမှာပဲ။” ချန်လွေ့က မူရက်ဗ်ကို ထပ်မကြည့်တော့ဘဲ ခလာ့ခ်ထံ ဆက်လက် လမ်းလျှောက်သွားသည်။ မူရက်ဗ်က တစ်ခုခု ပြောချင်နေသော်လည်း သူ၏နဖူးတွင် ရုတ်တရက် အနီရောင်အကြောင်းတစ်ခုပေါ်လာပြီး မျဉ်းဖြောင့်အတိုင်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် နှစ်ပိုင်းကွဲထွက်ကာ သွေးများ အလျင်အမြန် ပန်းထွက်လာတော့သည်။
အေပရယ်က ချန်လွေ့ လမ်းလျှောက်လာသည်ကို ကြည့်နေရင်း ထရန် အသည်းအသန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ဒဏ်ရာများကြောင့် မထနိုင်ခဲ့ပေ။ တစ်ဖက်တွင် ခလာ့ခ်က ပို၍ တည်ငြိမ်နေခဲ့သည်။ “ငါ့ကို မသတ်ခင်၊ မင်းရဲ့ အစွမ်းထက်ပုဂ္ဂိုလ်အပေါ် သတ်မှတ်ချက်ကို ပြောပြစမ်းပါ။”
ချန်လွေ့က ခလာ့ခ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “စိတ်ခွန်အားကောင်းပြီးတော့ ခိုင်မာတဲ့ ယုံကြည်မှု ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း စိန်ခေါ်ပြီးတော့ ကျော်လွန်အောင် လုပ်ရမယ်။ လုံးဝခက်ခဲမှုတွေ ဆွဲဆောင်မှုတွေနဲ့ ရင်ဆိုင်ရရင်တောင် နှလုံးသားထဲက စည်းမျဉ်းတွေအတိုင်း ဆက်လုပ်ပြီးတော့ မူလနှလုံးသားကို ဆုံးရှုံးလို့မရဘူး။ မင်း စွမ်းအားတွေ ရလာပြီးတော့ သိဒ္ဓိတပည့် မဖြစ်လာခင် မူလရည်ရွယ်ချက်က အားနည်းသူတွေကို သုတ်သင်ပြီးတော့ သူတို့ရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ဖို့လား။”
ထိုအရာက ချန်လွေ့၏ ကိုယ်ပိုင် အတွေ့အကြုံ ဖြစ်သည်။ ထိုစဉ်က [ စိတ်သန့်စင်ခြင်း ] ပုံရိပ်ယောင်ထဲ၌ သူက လုံးဝ လမ်းပျောက်လုမတတ် ဖြစ်ခဲ့ရသည်။
ခလာ့ခ်က ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “မင်းပြောတာ မှန်တယ်။ နောက်ထပ်တိုက်ပွဲတစ်ခုမှာ မူရက်ဗ်က အားနည်းတဲ့သူ တစ်ယောက်ပဲ။ ငါကောပဲ....။ အနာဂတ်မှာ ပြန်မွေးဖွားလာပြီးရင် ငါက စစ်မှန်တဲ့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်တယ်။ အခု မင်း ငါ့ကို သတ်လို့ရပြီ။”
ခလာ့ခ်က အေပရယ်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ အေပရယ်က သိမ့်သိမ့်တုန်သွား၏။ သူက ရုန်းမထွက်ဘဲ ခလာ့ခ်၏လက်ကို တင်းတင်း ပြန်ဆုပ်လိုက်သည်။ ခလာ့ခ်ကို မိမိကို စိတ်ဝင်စားနေကြောင်း အေပရယ်က သိနေခဲ့သည်။ ခုနက တိုက်ပွဲလှောင်အိမ်တွင် ခလာ့ခ်က သူ့အရှေ့၌ အလောတကြီး မရပ်ခင်ခဲ့လျှင် မီးသင့်နဂါးက သူ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
အေပရယ်က ထိုလက်ကို ခပ်စောစော မဆုပ်ကိုင်မိခဲ့ခြင်းကို ရုတ်တရက် နောင်တရသွားပြီး အံကြိတ်လိုက်သည်။ “သိဒ္ဓိတပည့်တွေက ထာဝရ အသက်ရှင်နိုင်တယ်။ ကျွန်မတို့ရဲ့ ဝိညာဉ်တွေက နတ်ဘုရား၏ တိုင်းပြည်မှာ ပြန်ပြီးတော့ မွေးဖွားလာမယ်။ ဒီနေ့ ရှင် ကျွန်မတို့ကို သတ်လိုက်ပေမဲ့ တစ်နေ့ကျရင်....”
“ပြန်မွေးဖွားလာမယ်။ ထာဝရအသက် ဟုတ်လား။” ချန်လွေ့က ခဏတာ တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ “နတ်ဘုရားက နှစ်ပေါင်းများစွာ ရှိနေခဲ့တယ်။ ဒါဆိုရင် သိဒ္ဓိတပည့်တွေလည်း မရေမတွက်နိုင်အောင် ပြန်လည်မွေးဖွားပြီးပြီပေါ့။ မင်းတို့မှာ အရင်က မှတ်ဉာဏ်တွေ ရှိသေးလား။”
အေပရယ်က ကြက်သေသေသွားသည်။ “ပြန်မေးဖွားလာတဲ့ သိဒ္ဓိတပည့်က လမ်းစ အသစ်ပဲ။ နတ်ဘုရားက ကျွန်မတို့ကို [ ယုံကြည်မှုချပ်ကာ ] ပြန်ပေးပြီးတော့ အထွတ်အမြတ် တာဝန်ကို ဆက်လက်ထမ်းဆောင်စေတယ်။”
“အတိတ်က အရာအားလုံး ဆုံးရှုံးသွားတဲ့ ပြန်လည်မွေးဖွားခြင်းလား။” ချန်လွေ့က ယခင်ဘဝတွင် ပျင်းပျင်းနှင့် ရေးခဲ့သော စာတစ်ကြောင်းကို သတိလိုက်သည်။ နိုင်ဟီတံတားမှာ မန်ပိုစွတ်ပြုတ်ကိုသောက်၊ အတိတ်အားလုံးကိုမေ့၊ ပြန်ဝင်စားပြီးရင်၊ ငါရော ဟုတ်သေးရဲ့လား။
“ပြန်လည်မွေးဖွားတာက တကယ် ဟုတ်မဟုတ်တော့ ငါ မသိဘူး။ ငါသိတာ တစ်ခုပဲ ရှိတယ်။ လောကကြီးမှာ အကြွင်းမဲ့ ထာဝရဆိုတာ မရှိဘူး။ မသေဆုံးနိုင်တဲ့ ဘယ်တည်ရှိမှု မဆိုက ပျက်စီးမယ့်တစ်နေ့တော့ ရှိမှာပဲ။ နတ်ဘုရားတွေလည်း ခြွင်းချက် မဟုတ်ဘူး...”
“ရုတ်တရက်ကြီး ငါမင်းတို့ကို ပြန်မမွေးဖွား စေချင်တော့ဘူး။ ဒါကို အခကြေးငွေ အနေနဲ့ ယူသွားမယ်။” ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ရာ ခလာ့ခ်၏ လက်ကောက်ဝတ်မှ မီးတောက်ဝိညာဉ် ကျောက်ပုတီးချိန်းကြိုးက ပျံတက်လာပြီး သူ၏လက်ဝါးပေါ်သို့ ရောက်ရှိလာသည်။ သူက ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကို ကြည့်နေလိုက်သည်။ “မင်း ဒါကို မလိုတော့ဘူးလို့ ထင်ပါတယ်။”
ချန်လွေ့ ကျောခိုင်းသွားသည်ကို ကြည့်နေရင်း ခလာ့ခ်က အေပရယ်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နေခဲ့သည်။ သူက အံကြိတ်ကာ ပြောလိုက်သည်။ “ဆာ-အစ်ဇ်ရိုယူးမှာ မင်းရဲ့ မူလခန္ဓာကို ကြားခံပစ္စည်းတစ်ခုကနေ မြင်နိုင်တဲ့ ကောင်းကင်မျက်လုံး ရှိတယ်။ ဥပမာ သွေးလတ်လတ်ဆတ်ဆတ် လိုမျိုးကနေပေါ့။”
ချန်လွေ့က ရပ်တန့်သွားပြီး ထိတ်လန့်သွားသည်။ နောက်ဆုံး၌ သူက [ အသက်အောင့် ] နှင့် [ ရုပ်ဖျက်ခြင်း ] တို့ကို အသုံးပြုပြီးသော်လည်း သိဒ္ဓိတပည့်များ ရှာတွေ့သွားခဲ့သည့် အကြောင်းရင်းကို သဘောပေါက်သွားသည်။ လက်စသတ်တော့ အစ်ဇ်ရိုယူးက နှင်းတောင်ထွတ် စင်မြင့်မှာ ငါကျခဲ့တဲ့ သွေးစက်ပေါ်ကို လျို့ဝှက်ပညာရပ်တစ်ခု သုံးခဲ့တာကိုး။ ဒါဆိုရင် ငါက တစ်ချိန်လုံး ရန်သူရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေခဲ့တာပေါ့။
“ကောင်းကင်မျက်လုံးက စွမ်းအားအဝန်းအဝိုင်းထဲမှာပဲ မင်းရဲ့ လမ်းကြောင်းကို အာရုံခံနိုင်တယ်။ ကျော်လွန်သွားရင်တော့ [ ကောင်းကင်ထောက်လှမ်းခြင်း ] ကို အသက်သွင်း ရတယ်။ ဒီတစ်ခေါက် မင်းရဲ့ တည်နေရာကို သိဖို့အတွက် အဲဒါကို အသုံးပြုပြီးပြီ။ အဲဒါကို သုံးလိုက်တဲ့အချိန်တိုင်း ကြားခံပစ္စည်းက သုံးပုံတစ်ပုံ ဆုံးရှုံးရတယ်။ သုံးခါပြီးသွားရင် ကြားခံပစ္စည်း ပျောက်ကွယ်သွားလိမ့်မယ်။”
ချန်လွေ့၏ မျက်လုံးများ အရောင် တောက်သွား၏။ သိဒ္ဓိအလင်းတောင်က အဝေးကြီးပဲ။ သိဒ္ဓိတပည့်တွေက နောက်ဆုံးမှ ဆင့်ခေါ်ခံလိုက်ရပြီးတော့ အနီးအနားမှာရှိတဲ့ အင်ပါယာဆီကို ရောက်လာခဲ့ကြတာ။ အဲဒါကြောင့် လေးယောက်ပဲ ရောက်လာခဲ့တယ်။ အဲဒါကလည်း ကြေးမုံကြည်လင် မြို့မှာရှိတဲ့ တယ်လီပို့ လမ်းကြောင်းကြောင့်ပဲ။ ငါက အသွင်အမျိုးမျိုး ပြောင်းနေပြီးတော့ တည်နေရာတွေ အမျိုးမျိုး ပြောင်းနေမယ်ဆိုရင်ပြီးတော့ အထူးသဖြင့် ခေါင်ပါးတဲ့ နေရာတွေကို သွားမယ်ဆိုရင် ရန်သူက ငါ့နေရာကို သိပြီးတော့ အမြန်ရောက်လာမယ်ဆိုရင်တောင် အချည်းနှီး ဖြစ်မှာပဲ။ သူက သုံးကြိမ် သုံးပြီးတာနဲ့ ငါက ရန်သူရဲ့ နောက်ယောင်ခံ လိုက်ခံရတာကနေ လုံးဝ လွတ်သွားပြီ။
“ဆာ-အက်ဇ်ယိုရူးက ဆာ-ရာဖယ်ရယ် လက်အောက်မှာရှိတဲ့ တောင်ပံလေးစုံရှိ တမန်တော်တစ်ပါးပဲ။ သူက သိဒ္ဓိတပည့်ထက် အများကြီး သာလွန်တယ်....”
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး ညအမှောင်ထဲ၌ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။