ကျူးကျော်သူခိုးများ
Vol. 44 Ch. 689
မြားကို ချန်လွေ့ ဖမ်းမိလိုက်သည်နှင့် ဒုတိယမြားတစ်ချောင်း ရောက်လာပြန်ကာ တတိယ မြားတစ်ချောင်းလည်း ရောက်လာ၏။ အားလုံးက သူ၏ လည်မျိုကို ချိန်ထားလေသည်။ ချန်လွေ့က တတိယမြားကို ဖမ်းဆုပ်လိုက်စဉ် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ လက်ချောင်းများ ကြားထဲရှိ တတိယမြားက အမှုန်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် ထက်မြက်သော ချီစွမ်းအင်တစ်ခုက သူ၏မျက်လုံးကို ထိသွားခဲ့သည်။ မြားက အမှန်တကယ်ပင် သူ၏ ခေါင်းပေါ်၌ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ပေါ်ထွက်လာခဲ့လေသည်။
ချန်လွေ့က အံ့သြသွားသော်လည်း သူ့လက်က မနှေးလှပေ။ သူက ချက်ချင်းပင် ဘယ်မျက်လုံးကို ထိတော့မည့် မြားကို ချက်ချင်း ဖမ်းလိုက်သည်။ သို့ရာတွင် မြားက ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ တစ်ချိန်တည်းမှာပင် နောက်ထပ် မြားနှစ်ချောင်း ရောက်လာပြန်သည်။ တစ်ချောင်းက ကွေ့ဝိုက်ပြီး လက်မောင်းကို ဖြတ်ကျော်သွားကာ နှလုံးထံသို့ တည့်တည့် ဦးတည်နေသည်။ နောက်ထပ်မြားတစ်ချောင်းက အနီးကပ်လာသောအခါ ရုတ်တရက် အရှိန်တိုးသွားပြီး လည်မျိုကို ပစ်မှတ်ထားနေပြန်သည်။
ချန်လွေ့က နောက်ထပ်မြားနှစ်ချောင်းကို ချက်ချင်း ဖမ်းလိုက်နိုင်သည့်အတွက် ပေါက်ကွဲ မှော်မြားက သူ့ကို မထိခိုက်ခဲ့ပေ။ ဤလောက၌ လေးမြားတိုက်ခိုက်မှုက ထင်ထားသကဲ့သို့ မရိုးရှင်းလှပေ။ ထိုအထူးသဖြင့် ထိုကဲ့သို့အဆင့်ရှိသော မြားက ပို၍ပင် မရိုးရှင်းပေ။ သေနတ်ပြောင်းဝကို ရင်ဆိုင်နေရသကဲ့သို့ပင် မက်ထရစ်မှ နီရိုကဲ့သို့ ရှောင်နိုင်ခဲ့ခြင်းက ကံကောင်းပေသည်။ ကျည်ဆန်ကိုဖမ်းခြင်းက လုံးဝနီးပါး မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုတွင် ချန်လွေ့၌ “မဖြစ်နိုင်သော” စွမ်အား ရှိနေပြီ ဖြစ်သည်။ သူက လက်တစ်ဖက်တည်းဖြင့် မြားအကုန်လုံးကို ဖမ်းလိုက်ကာ ခြေထောက်ကိုပင် လုံးဝ မလှုပ်ခဲ့ပေ။
ချန်လွေ့က တစ်ဖက်လူကို ဆက်ပစ်ရန် အခွင့်အရေး မပေးခဲ့ပေ။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ မြားသမားက တစ်ခုခု လွဲနေကြောင်း သိလိုက်ပြီး နောက်ဆုတ်မည် ပြင်လိုက်စဉ် သတိပေးသော အာရုံများ ရလာသည်။ သူက နောက်လှည့်ကြည့်ပြီး လေးကိုဆွဲကို နောက်မှ ရုတ်တရက် ပေါ်ထွက်လာသော ရန်သူကို ချိန်ထားလိုက်သည်။
ထိုသူက အသက် ၁၇၊ ၁၈ ခန့်ရှိသော မိန်းလေးတစ်ယောက်ဖြစ်ပြီး နက်ပြာရောင် ဆံပင်ပင်ကို ခေါင်းနောက်တွင် စည်းထား၏။ သူက ရိုးရှင်းသော ကိုယ်ကျပ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်က အထိအခိုက်ရှိနေသော်လည်း ပိန်ပါးကာ လှပသော မျက်နှာသွင်ပြင်းများ ရှိနေ၏။ နှမြောစရာကောင်းသည်က သူ၏ ဘယ်မျက်လုံးကို အနက်ရောင် အဝတ်စဖြင့် စည်းထားခြင်းပင်။ ထိုကဲ့သို့ မိန်းမလေးက အမှန်တကယ်ပင် မျက်လုံးတစ်လုံး ကွယ်နေခဲ့လေသည်။
ထိုမိန်းကလေး၏ နားရွက်က အနည်းငယ် ချွန်နေကြောင်း ချန်လွေ့ သတိထားမိလိုက်သည်။ တစ်ချိန်တည်းမှာပင် [ သရုပ်ခွဲမျက်လုံး ] က သက်ဆိုင်ရာ အချက်အလက်များကို ပြသလာသည်။
မျိုးနွယ် - နတ်သူငယ်တစ်ပိုင်း (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - C
ခန္ဓာအမျိုးအစား - C-
ခွန်အား - C-
စိတ်ဝိညာဉ် - C
အမြန်နှုန်း - C+
[ စိစစ်ချက် ] - လေဒြပ်စင်။ တိကျသော တိုက်ခိုက်မှု။ သန္ဓေပြောင်း ပါရမီကို မသိနိုင်သေး။
အစက ချန်လွေ့သည် သူ့ကို နတ်သူငယ်ဟု ထင်ခဲ့မိသော်လည်း မမျှော်လင့်ဘဲနှင့် နတ်သူငယ်တစ်ပိုင်း ဖြစ်နေခဲ့သည်။ ထိုသူက ချန်လွေ့ မြင်ဖူးသော ဒုတိယ်မြောက် နတ်သူငယ် တစ်ပိုင်း ဖြစ်ပေသည်။ ပထမတစ်ယောက်မှာ သိဒ္ဓိမိန်းမပျို၏ တပည့်ဖြစ်သူ မီရန်ဒါ ဖြစ်၏။
ထိုနတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ တုံ့ပြန်မှုနှင့် လေးပစ်စွမ်းရည်တို့က ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ အထူးသဖြင့် လေးပစ်စွမ်းရည်က ကြယ်ကြွေတမန် အင်ပါယာ၏ မိုးပျံတိမ်ဗိုလ်ခြေခေါင်းဆောင် ရိုမန်တီထက်ပင် သာလွန်၏။ ချန်လွေ့က မြားများကို အလွယ်တကူ ဖမ်းနိုင်ခဲ့ခြင်းမှာ နှစ်ယောက်ကြားတွင် စွမ်းအားခြားနားလွန်းသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ အကယ်၍ သူက နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအား ရှိမည်ဆိုလျှင် ချန်လွေ့က ဒဏ်ရာရသွားလောက်လေပြီ။
နတ်သူငယ်တစ်ပိုင်းရှိနေမှတော့ နတ်သူငယ်မျိုးနွယ်စုကို ရှာဖို့က ပြဿနာ မဟုတ်လောက်တော့ဘူး။ ချန်လွေ့က ချက်ချင်းပင် [ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်သွယ် စကားပြောလိုက်သည်။ “အထင်မလွဲပါနဲ့။ ငါက ရန်သူ မဟုတ်ပါဘူး။”
“ဝိညာဉ်ဘာသာစကားလား။” နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာ တစ်ခဏချင်း ပေါ်ထွက်လာခဲ့သည်။ သူက ချက်ချင်းပင် သတိပြန်ဝင်သွားပြီး အော်ပြောလိုက်သည်။ “လူသား။ ရှင့်ရဲ့ လှည့်ကွက်တွေကို ဘေးဖယ်ထားလိုက်။ ကျောက်စိမ်းသစ်တောပင်လယ်က စက်ဆုပ်စရာ ကျူးကျော်သူခိုးတွေကို မကြိုဆိုဘူး။”
ကျူးကျော်သူခိုးတွေလား။ ချန်လွေ့ က အံ့အားသင့်သွားသည်။ ထို့နောက် သူ့နောက်တွင် သိင်္ဂဿက ပေါ်ထွက်လာပြီး ဇာမဏီငှက်ငယ်လေးက ၎င်း၏ ကျောပေါ်၌ ရှိနေ၏။
မျက်လုံးတစ်လုံးနှင့် နတ်သူငယ်တစ်ပိုင်း ကောင်မလေးကို သိင်္ဂဿ မြင်သည့်အခါ အလျင်အမြန် ပြေးလာပြီး ကောင်လေးဘေးတွင် ရပ်နေကာ ချန်လွေ့ကို သတိထားပြီး ကြည့်လိုက်သည်။ သူတို့က သေချာပေါက်ပင် တစ်ဖွဲ့တည်း ဖြစ်သည်။ မစ်-သော်သော်က ခုန်ထွက်လာပြီး ချန်လွေ့၏ ပုခုံးပေါ်၌ ဆင်းသက်လိုက်ကာ အားနည်းမှု လုံးဝ မပြဘဲ ကောင်မလေးကို သတိထား ကြည့်နေလိုက်သည်။
“မိန်းကလေး။ မင်း အထင်လွဲနေပြီ။” တစ်ဖက်လူက အများဆုံး ဘာသာစကားဖြင့် ပြောနေသည်ကို မြင်သည့်အခါ ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို ထပ် မသုံးတော့ပေ။ “ငါက ကျူးကျော်သူခိုးတစ်ယောက် မဟုတ်ပါဘူး။ ပြီးတော့ ငါက သိင်္ဂဿရဲ့ ဒဏ်ရာကိုလည်း ကုပေးခဲ့တယ်။”
ထိုသို့ပြောပြီးနောက် ချန်လွေ့က အရှိန်အဝါ သစ်သီးတစ်လုံးကို ထုတ်ပြီး လက်ပေါ်၌ တင်ထားလိုက်သည်။ သိင်္ဂဿက ခဏတာ တုံ့ဆိုင်းသွားခဲ့ပြီးနောက် ရောက်လာခဲ့သည်။ ၎င်းက ပါးစပ်ဖွင့်လိုက်တော့မည့်အချိန်၌ အနီရောင်ပုံရိပ်တစ်ခုက လျှပ်စီးကဲ့သို့ပင် ပျံထွက်လာကာ အရှိန်အဝါသစ်သီးကို ယူသွား၏။ ၎င်းမှာ ဇာမဏီငှက်ငယ်လေး မစ်-သော်သော် ဖြစ်ပြီး သိင်္ဂဿ၏ ပါးစပ်ထဲမှ စားစရာကို အောင်မြင်စွာ လုယူနိုင်ခဲ့သည်။ သူက အရှိန်အဝါ သစ်သီးကို နှုတ်သီး ချွန်ချွန်ဖြင့် ထိုးဆိတ်ကာ ကိုးရို့ကားရားနှင့် တောင်ခံခတ်နေပြီး ဖခင်ဖြစ်သူ၏ ပုခုံးပေါ်သို့ ပျံသန်းသွားလိုက်ပြန်သည်။ ထို့နောက် သူက သစ်သီးကို အောက်ချကာ အလျင်အမြန် ထိုးဆိတ်နေလိုက်သော အားရကျေနပ်သော အသံများ တွန်ကျူးနေခဲ့သည်။
ချန်လွေ့က ခေါင်းခါပြီး နောက်ထပ် အရှိန်အဝါသစ်သီးတစ်လုံး ထုတ်ပေးလိုက်ရသည်။ ခုနက လွဲချော်သွားသည့်အတွက် သိင်္ဂဿက ဇာမဏီငှက် ထပ်မံလုသွားမည်ကို ကြောက်သည့် အတွဥ် အလျင်အမြန်ပင် ပါးစပ်နှင့်ကိုက်ကာ ဝါးစားလိုက်သည်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေးက ယခုတစ်ခေါက် အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။ ဒီသိင်္ဂဿက အညံ့မခံတဲ့ စရိုက်ရှိတယ်။ နတ်သူငယ်မျိုးနွယ်စု အများကြီးကတောင် သူ့ကို ချဉ်းကပ်လို့ မရခဲ့ဘူး။ သူက ဒီသူစိမ်းရဲ့ သစ်သီးတွေကို အေးအေးဆေးဆေး စားနေမယ်လို့ မထင်ထားခဲ့ဘူး။ သူက တကယ်ပဲ ကျူးကျော်သူခိုး မဟုတ်လောက်တဲ့ပုံပဲ။
ထို့သို့ တွေးမိပြီးနောက် နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ လက်ထဲရှိ လေးကိူ ဖြည်းဖြည်းချင်း ချထားလိုက်သည်။ သို့သော်လည်း သူက သတိလက်လွတ် မနေသေးပေ။ “ရှင်က ဘယ်သူလဲ။ သိင်္ဂဿကို ရှင် ဘယ်လို.....”
ချန်လွေ့က အသာလေး ပြုံးလိုက်ပြီး စကားပြောတော့မည့် အချိန်၌ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် နတ်သူငယ်တစ်ပိုင်းနှင့် သိင်္ဂဿတို့ကလည်း မူမမှန်မှုကို ခံစားမိလိုက်သည်။ သို့ရာတွင် ကျေနပ်စွာ စားသောက်နေသော မစ်-သော်သော်ကတော့ ဖခင်ဖြစ်သူ၏ ဆံပင်ပေါ်၌သာ အေးအေးဆေးဆေး လှဲနေ၏။
ခဏအကြာ သစ်တောထဲ၌ လူ၆ယောက် ပေါ်ထွက်လာသည်။ ထိုသူများကို မြင်သည့်အခါ သိင်္ဂဿ၏ မျက်လုံးထဲ၌ ဒေါသအမူအရာများ ရုတ်တရက် ထွက်ပေါ်လာပြီး ချိုပေါ်၌ လျှပ်စီးပွင့်များ စတင်ထွက်ပေါ်လာသည်။ ချန်လွေ့က နားလည်သော အမူအရာ ပြသလိုက်သည်။ လက်စသတ်တော့ တကယ့် ကျူးကျော်သူခိုးတွေလည်း ရှိတားကိုး။ ခုနက ဒီသိင်္ဂဿရဲ့ ဒဏ်ရာတွေက သူတို့နဲ့ သက်ဆိုင်နေလောက်တယ်။
လူ၆ယောက် ချပ်ကာများ ဝတ်ဆင်ထားပြီး လက်နက်များ ကိုင်ဆောင်ထားကြသော လူသားများ ဖြစ်ကြသည်။ သူတို့က သိင်္ဂဿ၊ ချန်လွေ့နှင့် အခြားသူများကို မြင်သည့်အခါ ချက်ချင်းပင် ဝိုင်းရံလိုက်သည်။ ခေါင်းဆောင်က ကြမ်းတမ်းပြီး ကြောက်စရာကောင်းသော လူတစ်ယောက်ဖြစ်ကာ စွမ်းအားအကဲဖြတ်မှုက B+ အဆင့် ရှိသည်။ ဆရာသခင်အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး သူတော်စင်အဆင့် ရောက်ရှိရန်အတွက် ခြေတစ်လှမ်းသာ လိုတော့သည်။ သူက လူသားများအကြား၌ အစွမ်းထက်ပုဂ္ဂိုလ်ဟု သတ်မှတ်၍ ရနိုင်နေပြီ ဖြစ်သည်။ ကျန်ရှိသော နှစ်ယောက်က B- အဆင့်ဖြစ်ပြီး သုံးယောက်က C- အဆင့် ဖြစ်သည်။ ကြည့်ရတာ ဒီအဖွဲ့ရဲ့ စွမ်းအားက အတော်လေး အထင်ကြီးစရာ ကောင်းတဲ့ပုံပဲ။ ဒါကြောင့် သူတို့က သိင်္ဂဿကို အမဲလိုက်ဖို့အတွက် ကျောက်စိမ်းသစ်တောပင်လယ်ကို လာရဲတာကိုး။
“ကိုယ့်လူတို့။ ကြည့်ရတာ ငါတို့က အတော်လေး ကံကောင်းတဲ့ပုံပဲ။ ငါတို့ရဲ့ သားကောင်ကို ခဏလေးနဲ့ ရှာတွေ့သွားခဲ့တယ်။” ခေါင်းဆောင်က ခြေဟန်လက်ဟန် ပြလိုက်ရာ လူ၆ယောက်က ချန်လွေ့၊ နတ်သူငယ်တစ်ပိုင်းနဲ့ သိင်္ဂဿတို့ကို ဝိုင်းရံထားလိုက်၏။
“ခေါင်းဆောင် ပယ်လာ။ အဲဒီကောင်က ဝေးဝေး မပြေးနိုင်ဘူးလို့ ပြောသားပဲ။”
ပယ်လာက အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ “ငတုံးနှစ်ကောင်။ မင်းတို့က သိင်္ဂဿကို အစောကြီး သတိထားမိအောင် လုပ်လိုက်လို့ ငါ ရောက်မလာခင် ထောင်ခြောက်ကနေ ထွက်ပြေးသွားတာ။ ဒီတစ်ခေါက် အချိန်မီ ရှာမတွေ့ခဲ့ရင် ငါမင်းတို့ကို ပြန်ရောက်ရင် အပြစ်ပေးရမှာ။”
“ဟီးဟီး။ ခေါင်းဆောင် ပယ်လာ။ ကျုပ်တို့ ရှာတွေ့သွားတာပဲ မဟုတ်လား။ အရင်ဆုံး သိင်္ဂသကို ဖမ်းကြတာပေါ့။”
ထိုသူများက အေးအေးဆေးဆေးပင် စကားပြောကာ ရယ်မောနေကြပြီး ချန်လွေ့နှင့် အခြားသူများကို မျက်လုံးထဲပင် မထည့်ကြပေ။ ချန်လွေ့၏ လက်ရှိစွမ်းအားက E အဆင့်ဖြစ်ပြီး နတ်သူငယ်တစ်ပိုင်းနှင့် သိင်္ဂဿတို့က C- အဆင့် ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ပြိုင်ဘက်များ မဟုတ်ကြပေ။ မစ်-သော်သော်ကတော့ လုံးဝကို လျစ်လျူရှု ခံထားရ၏။
“အတင့်ရဲလိုက်တာ။ ကျောက်စိမ်းသစ်တောပင်လယ်မှာ သိင်္ဂဿတွေကို အမဲလိုက်ရဲ တယ်ပေါ့။” နတ်သူငယ်တစ်ပိုင်းက လေးကိုဆွဲပြီး အကောင်ကြီးကြီးထံချိန်ကာ ဒေါသတကြီး ပြောလိုက်သည်။ “ဒီကနေ ချက်ချင်း ထွက်သွားဖို့ ရှင်တို့ကို တစ်မိနစ် အချိန်ပေးမယ်။ မဟုတ်လို့ကတော့ ရှင်တို့က နတ်သူငယ်မျိုးနွယ်စုရဲ့ အပြင်းအထန် အရေးယူမှုကို ခံရလိမ့်မယ်။”
ပယ်လာက ရယ်လိုက်သည်။ “ကောင်မလေး။ ငါ့ကို ကြောက်အောင် မလုပ်ပါနဲ့။ မင်းက နတ်သူငယ်စစ်စစ်ဆိုရင်တော့ ငါ နည်းနည်း ကြောက်လိမ့်မယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းက နတ်သူငယ်တစ်ပိုင်းပဲ။ မင်းက နတ်သူငယ်မျိုးနွယ်စုရဲ့ အသိအမှတ်ပြုတာကိုတောင် မခံရဘူး။ နတ်သူငယ် အရေးယူမှုအကြောင်း ပြောဖို့အတွက် မင်းမှာ ဘာအရည်အချင်း ရှိလို့ပဲ။”
“ဒီကောင်မလေးက တကယ် ဆွဲဆောင်မှု ရှိတယ်။ ပြီးတော့ သူ့မျက်နှာလည်း လှတယ်။ မျက်လုံးကတော့ တစ်လုံးပဲ ရှိတယ်။ ဒါပေမဲ့လည်း ကျုပ်တို့က မိန်းမ မထိရတာ တော်တော်လေး ကြာခဲ့ပြီ မဟုတ်လား...”
“အရေးကြီးတာ အရင်လုပ်။” ပယ်လာ၏ ဓားပြားက ပြင်းထန်သော မီးတောက် အငွ့အသက်များဖြင့် လင်းလက်သွား၏။ “ဒီကောင်မလေးကတော့ ငါက နတ်သူငယ်တစ်ပိုင်းနဲ့ မကစားရသေးဘူး။ ငါတို့တွေ သိင်္ဂဿချိုကို ရပြီးရင် အလှည့်ကျ လုပ်ကြတာပေါ့။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လူအများအပြားက ကောက်ကျစ်စွာ ရယ်လိုက်ကြသည်။ အချို့က လေပင် ချွန်နေကြသည်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ မျက်လုံးများက အလွန်အမင်း ပြင်းထန်သော ဒေါသများနှင့် လောင်မြိုက်နေခဲ့သည်။ သူက ပေါက်ကွဲထွက်တော့မည့်အချိန်၌ ချန်လွေ့က ရှေ့ထွက်လာသည်။ “မင်းတို့က တစ်ခုခု မေ့နေသလိုပဲ။”
“မင်းလို ပုရွက်ဆိတ်ကောင်က လူစွမ်းကောင်း ဖြစ်ချင်တာလား။” အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့်လူက အထင်သေးစွာဖြင့် ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ မင်းမသေခင် မင်းမိန်းမနဲ့ ငါတို့ ဘယ်လိုတွေ ကစားမလဲဆိုရင်တာ မြင်ရအောင် လုပ်ပေးမှာပါ။ နောက်ဆုံးကျရင်တော့ မင်းတို့နှစ်ယောက်လုံးကို ငါကိုယ်တိုင် အဆုံးသတ်ပေးမယ်။”
“တောင်းပန်ပါတယ်။” ချန်လွေ့က နောက်လှည့်ပြီး နတ်သူငယ်တစ်ပိုင်း မိန်းကလေးကို ပြောလိုက်သည်။ “သူတို့တွေက ငါ့မျိုးနွယ် ဖြစ်နေတာကို အရှက်ရမိတယ်။”
“မင်းအမေကို အရှက်ရ....” ထိုသူက စကားမပြောပြီးသေးခင်မှာပင် တစ်ခုခုကြောင့် အလျင်အမြန် အေးခဲသွားသကဲ့သို့ပင် တောင့်တင်းသွားခဲ့သည်။ ထို့နောက် အပိုင်းပိုင်း ကွဲထွက်ကာ မြေပေါ်သို့ ပြန့်ကျဲသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွား၏။
အခြားသူလေးယောက်၏ မျက်နှာများက တဟုန်ထိုး ပြောင်းလဲသွားကြသည်။ ဆရာသခင် အဆင့်ရှိသော သူတို့၏ အဖော်က မျက်စိတစ်မှိတ် အတွင်းမှာပင် ချေမှုန်းခံလိုက်ရသည်။ သူတို့ လေးယောက်က မည်မျှပင် တုံးအစေကာမူ ထို “ပုရွက်ဆိတ်”ဟု ပြက်ရယ်ပြုခံရသော သူက ကြောက်မက်ဖွယ်ရာ အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူတို့က ဆက်လက်၍ မတိုက်ခိုက်ရဲကြပေ။ သူတို့က ထွက်ပြေးရန် ပြင်လိုက်စဉ် ခန္ဓာကိုယ်တစ်ခုလုံး အလျင်အမြန် စတင် အေးခဲသွားပြီး ကြောက်လန့်သွားကြသည်။
အစွမ်းအထက်ဆုံးဖြစ်သော ပယ်လာက ဓားပြားကို လွှဲရမ်းရုံသာ လုပ်နိုင်ခဲ့ပြီး မီးတောက် စွမ်းအားတစ်ခုက ချန်လွေ့ထံ ပျံသန်းသွားသည်။ ချန်လွေ့၏ ခေါင်းပေါ်မှ ဇာမဏီငှက်လေးက ပါးစပ်ဖွင့်လိုက်ပြီး ချက်ချင်းပင် မီးတောက်ကို ဝါးမျိုလိုက်၏။ ပယ်လာ မကြောက်နိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်က အဖော်များ ကဲ့သို့ပင် ချေမှုန်းခံလိုက်ရလေသည်။
မစ်-သော်သော်က မီးတောက်တစ်လုပ်ကို ထွေးထုတ်ပြီး ထိုမီးတောက်များ၏ အနံ့ကို မကြိုက်နေပုံ ရသည်။
နတ်သူငယ်တစ်ပိုင်းက ထိုမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်နေရင်း အချိန် အတော်ကြာပြီးမှသာ တုံ့ပြန်နိုင်ခဲ့သည်။ သူက ဦးညွှတ်ပြီး ပြောလိုက်၏။ “ကူညီပေးတဲ့အတွက် ဆာ့ကို ကျေးဇူးတင်ပါတယ်။”
ထိုကျူးကျော်သူခိုးများက မိမိထက် စွမ်းအားသာလွန်ကြောင်း ထိုကောင်မလေးက ကောင်းကောင်း သိသည်။ ဒါပေမဲ့ ဒီလူက သူတို့ကို အလွယ်လေး ချေမှုန်းနိုင်တယ်ဆိုတော့ ငါ့ကိုလည်း အေးဆေး သတ်နိုင်တဲ့အပြင်ကို သိင်္ဂဿကိုလည်း အမဲလိုက်လို့ရတယ်။ ဒီလို စွမ်းအားမျိုးက သေချာပေါက် သူတော်စင်အဆင့်ကို ရောက်နေလောက်ပြီ။ သူက တကယ့် သူတော်စင်အဆင့်ရောက်ဖို့ များတယ်။
“ရပါတယ်။ မိန်းကလေးက ကျုပ်ကို ကိစ္စတစ်ခု ကူညီပေးလို့ ရနိုင်မလား မသိဘူး။”
“ကျွန်မ နာမည်က ဘလန့်ချ်ပါ။ ဆာ့ကို ဘယ်လို ကူညီပေးရမလဲ မသိဘူး။” နတ်သူငယ်တစ်ပိုင်း အမျိုးသမီးက သတိထားနေဆဲ ဖြစ်သည်။ လူသား သူတော်စင်အဆင့် ပုဂ္ဂိုတစ်ယောက် ကျောက်စိမ်းသစ်တောပင်လယ်ထဲကို “ထိုးဖောက်ဝင်ရောက်”လာတဲ့ ရည်ရွယ်ချက်က ဘာများလဲ။ (ထိုအစွမ်းထက် ပုဂ္ဂိုလ်က အမှန်တကယ်၌ လမ်းပျောက် နေကြောင်း သူ မသိခဲ့ပေ။)
အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ဘလန့်ခ်ျ။ နင် ဘယ်မှာလဲ။”
ဘလန့်ချ် အံ့အားသင့်သွားပြီး တစ်ခုခုကို အမြန်တွေးမိသွားဟန်တူသည်။ ထို့ကြောင့် သူက ချန်လွေ့က တောင်းပန်လိုက်သည်။ သူ့က နောက်သို့ အသာလေး ခေါင်းလှည့်ပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်၏။ “မီရှယ်။ ငါ ဒီမှာ။”
အသံက အလျင်အမြန် ချဉ်းကပ်လာသည်။။ ချန်လွေ့က ကောင်းကင်ထက်၌ တောင်ပံပါသော မြင်းပျံတစ်ကောင်ကို သေချာမြင်နေရပြီး ၎င်း၏ ခန္ဓာကိုယ်က ငွေအလင်းများ တောက်ပနေသည်။ ၎င်းက နတ်သူငယ်မျိုးနွယ်၏ ထူးခြားသော လေကြောင်း စီးတော်ယာဉ် ဖြစ်သည့် ငွေပီပါဆက်ပင် ဖြစ်လေသည်။
ငွေပီဂါဆက်တွင် ထူးချွန်သော ပျံသန်းစွမ်းရည်ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းအားက ဂရစ်ဖွန်ထက် များစွာ နိမ့်ကျလှသည်။ သို့ရာတွင် သူတို့တွင် စစ်သည်တော်၏ စိတ်ဝိညာဉ်စွမ်းအား ဖြည့်တင်းမှုကို တိုးမြှင့်ပေးနိုင်သော အထူးပါရမီတစ်ခု ရှိသည့်အတွက် မှော်စစ်သည်တော်များအတွက် အလွန်အဖိုးတန်သော စီးတော်ယာဉ်တစ်စင်းပင် ဖြစ်လေသည်။
ငွေပီဂါဆက်နောက်တွင် အသက် ၁၂နှစ် ၁၃နှစ်အရွယ်ရှိသော ဆံပင်အစိမ်းရောင် ကောက်ကောက်ရှိသော ကလေးမတစ်ယောက် ရှိနေပြီး ထူးခြားသော မျက်နှာအသွင်အပြင်များ ရှိနေကာ နားရွက်အချွန်များ ရှိ၏။ ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွားသည်။ [ သရုပ်ခွဲမျက်လုံး ] မပါဘဲနှင့်ပင် ချန်လွေ့က ထိုမီရှယ်မှာ တကယ့် နတ်သူငယ်တစ်ယောက် ဖြစ်ကြောင်း မြင်နိုင်ပေသည်။