← Chapters

စမ်းသပ်ချက်

Vol. 44 Ch. 692

စမ်းသပ်ချက်

Vol. 44 Ch. 692

ကြယ်အလင်း‌ကောလိပ်က လက်ထောက်ဆရာမလား။ ချန်လွေ့က ခေါင်းညိတ် လိုက်သည်။ “လန်ဘိစ်”ဟူသော နာမည်ကို‌တော့ သူ သိပ်ပြီး စိတ်ထဲ မထားခဲ့ပေ။ လောကကြီးထဲ၌ နာမည်တူသောသူ အများအပြား ရှိနေပေသည်။ ထို့ပြင် ချန်လွေ့၏ နှလုံးသားထဲ၌ ထိုအရာက အရေးမကြီးပေ။ “အာသာ”က ပျောက်ကွယ်သွားပြီဖြစ်ပြီး “ချန်လွေ့”က အပြင်လူတစ်ယောက် ဖြစ်၏။

“ဆရာမ လန်ဘိစ် ကိုး။ ကျူပ်နာမည်က ရစ်ချက်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ အခု ဆရာမက ပြောနေပြီဆိုတော့ ကျုပ် မေ့လိုက်ပါတော့မယ်။”

“ကျေးဇူတင်ပါတယ်။ ဆာ့ရဲ့ သဘောထားကြီးမှုက လေးစားစရာပါပဲ။” လန်ဘိစ်က ဘေးတွင်ရှိနေသော မီရှယ်ကို ကြည့်လိုက်သည်။ သူက အသာလေး အရိုအသေပြုပြီးနောက် ရူးကြောင်ကြောင်တပည့် မီလိုဒန်နှင့်အတူ နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။

လန်ဘိစ်အပေါ် မီရှယ်၏အမြင်က သိပ်မကောင်းလှပေ။ သူ၏အကြည့်က အနည်းငယ် ရန်လိုနေပြီး သူက အရိုအသေပြန်ပြုကာ နောက်ဆုံးတွင် ခေါင်းကို ဘေးဖက်သို့ လှည့်လိုက်၏။

နတ်သူငယ်များက အသီးအရွက်များသာ စားကြသည်။ စားစရာထဲ၌ အသားမပါပေ။ အစိမ်းရောင် အစားအစာများအားလုံးက အဓိကအားဖြင့် အရသာပေါ့သည်။ အသားငါး စားနေကျဖြစ်သော ချန်လွေ့အတွက် ထိုစားစရာများက အထူးအရသာတစ်မျိုး ရှိနေ၏။ သူက မီရှယ်နှင့် စကားပြောနေရင်း အေးအေးဆေးဆေး စားနေခဲ့သည်။ ဘလန့်ချ်က မီရှယ်နောက်တွင် တိတ်တဆိတ် ရပ်နေ၏။

စားသောက်ပြီးနောက် ချန်လွေ့က မတ်တပ်ရပ်လိုက်သည်။ “နန်းတော်ဆီ သွားကြမယ်။”

လန်ဘိစ်၏ စားပွဲကို ဖြတ်သွားပြီးနောက် လှပသော လက်ထောက်ဆရာမက ချန်လွေ့က ရင်းရင်းနှီးနှီး ပြုံးပြခဲ့သည်။ ချန်လွေ့က ပုံမှန်ပင် ခေါင်းညိတ်သည်။ သူ၏ မျက်လုံးများ လန်ဘိစ် ဘေးနားရှိ လှပသော ဆံပင်နီ ကောင်မလေးပေါ်၌ အနည်းငယ် ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူက စားသောက်ဆိုင်တံခါးမှ လမ်းလျှောက်ထွက်သွားသည်။

“အဲဒီလူရဲ့ မျက်လုံးက တကယ် ကန်းနေတဲ့ပုံပဲ။ ယောက်ျားလေးတွေ အားလုံးကို ခြွေပစ်နိုင်တဲ့ စီနီယာရဲ့ နတ်ဘုရားမလို အပြုံးမျိုး မြင်ရတာတောင် သူ၏ စိတ်က တကယ် လုံးဝ မလှုပ်ရှားသွားခဲ့ဘူး။” ဆံပင်နီနှင့် ကောင်မလေးက ပြုံးဖြီးဖြီးနှင့် ပြောသည်။

လန်ဘိစ်က အနည်းငယ် ခေါင်းခါလိုက်သည်။ “အေရီရယ်။ တခြားသူတွေရဲ့ ခံစားချက်ကို ချောင်းမကြည့်နဲ့လို့ ငါပြောထားတယ် မဟုတ်လား။ ဒါက ရိုင်းရာကျတယ်။”

“စီနီယာအတွက် မမျှတဘူးလို့ ခံစားရလို့ပါ။ ပြီးတော့ သူက ကျွန်မ အာရုံခံနေတာကို သိနေတာကြာပြီ။ သိနေတာဆိုရင် ချောင်းကြည့်တာလို့ ခေါ်လို့မရတော့ဘူးလေ။” အေရီရယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ “အဲဒီလူက....တော်တော်လေး အစွမ်းထက်တယ်ဆိုတာ အာရုံခံမိတယ်။”

“ဘယ်လောက် အစွမ်းထက်တာလဲ။” အေးစက်စက်နှင့် မောက်မာသော အသံတစ်သံ ထွက်လာသည်။

“ငါလည်း မသိဘူး။” အေရီရယ်က နောက်မှ ခပ်မိုက်မိုက် လူငယ်လေးကို ဖျပ်ခနဲကြည့်ပြီး စိတ်ဝင်တစားနှင့် မေးလိုက်သည်။ “နင့်မှာ အခွင့်အရေးရရင် စမ်းကြည့်ပေါ့။”

ထိုလူငယ်လေးက အေးစက်စက်နှင့် နှာမှုတ်လိုက်ပြီး ဆက်လက်၍ စကားမပြော‌တော့ပေ။

ချန်လွေ့က မီရှယ်နှင့်အတူ နန်းတော်သို့ လိုက်လာသည်။ ဘလန့်ချ်က လိုက်မသွားခဲ့ပေ။ သူက အိမ်စိမ်း ဂိတ်တံခါး၌ သူတို့နှစ်ယောက်နှင့်အတူ လမ်းခွဲခဲ့သည်။

“ကျွမ်းကျင်ဖော်ကောင်” မီရှယ် ပြောသည့်အတိုင်းဆိုလျှင် ဘလန့်ချ်၏အမေက နတ်သူငယ် တော်ဝင်မိသားစုမှဖြစ်ပြီး သူ၏အဖေက နတ်သူငယ်တစ်ပိုင်း ဖြစ်သည်။ နတ်သူငယ် မျိုးနွယ်စုက အမြဲပင် နတ်သူငယ်တစ်ပိုင်းကို အထင်သေးခဲ့ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ ပေါင်းစည်းမှုကို အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ နတ်သူငယ်မျိုးနွယ်စု၏ သဘောတူညီမှု ရရှိရန်အတွက် ဘလန့်ချ်၏အဖေက နတ်သူငယ်မျိုးနွယ်စု၏ အထွတ်အမြတ် သဘာဝ သစ်ပင်ကို ကယ်တင်ရန်အတွက် အသက်ဓာတ်ရေစင်ကိုရှာဖွေရန် အန္တရာယ်များသည့် အိပ်မက်ဆိုး တောနက်ထဲသို့ သွားခဲ့သည်။ ကံဆိုးစွာပင် သူက တောနက်ထဲ၌ သေဆုံးသွားခဲ့သည်။ ထိုအချိန်၌ ဘလန့်ချ်၏အမေက သမီးဖြစ်သူကို မွေးပြီးခါစသာ ဖြစ်သည်။ ထိုကဲ့သို့ ဝမ်းနည်းစရာသတင်းကို ကြားပြီးနောက် မိခင်ဖြစ်သူက လုံးဝ စိတ်ဓာတ်ပျက်ပြားသွားခဲ့ပြီး အပြင်းဖျားကာ စိတ်ဓာတ်ကျလျက် သေဆုံးသွားခဲ့သည်။ ဘလန့်ချ်က ကလေးဘဝကတည်းက ခွဲခြားခံခဲ့ရသည်။ မိခင်ဖြစ်သူ၏ နတ်သူငယ်မျိုးနွယ်စုအပေါ် အကျိုးပြုခဲ့သည့် အထူးဂုဏ်ပုဒ်ကြောင့်သာ မဟုတ်လျှင် ထိုနှစ်မှာပင် သူက ကျောက်စိမ်းသစ်တောပင်လယ်ထဲမှ နှင်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။

ဘလန့်ချ်က မျက်ကာကို ဝတ်ထားရခြင်းမှာ မျက်လုံးကွယ်နေခြင်းကြောင့် မဟုတ်ဘဲ ၎င်းက ဖခင်ဖြစ်သူထံမှ စွမ်းအားအချို့ ဆက်ခံထားခဲ့၍ သန္ဓေပြောင်းနေခြင်းကြောင့် ဖြစ်သည်။ ၎င်းတွင် တားမြစ်စွမ်းအားတစ်ခု ရှိနေသည့်အတွက် မျက်ကာဖြင့် ဖုံးကွယ်ထားတတ်သည်။

စကားတပြောပြောနှင့် သူတို့နှစ်ယောက်က နန်းတော်သို့ ရောက်လာခဲ့သည်။ နတ်သူငယ် မျိုးနွယ်စု နန်းတော်က ကမ်းပါးတစ်ခုအပေါ်၌ ဖြစ်သည်။ အနုစိတ်သော အဆောက်အအုံက ကဗျာဆန်သော အလှတရားကို ပေးစွမ်းနေ၏။ လျှောက်လမ်းနှင့် လှေကားထစ်များ အားလုံးကပင် အနုစိတ်သော အနုပညာ လက်ရာများ ဖြစ်ကြပေသည်။

ချန်လွေ့က မီရှယ်နှင့်အတူ အတားအဆီးမရှိဘဲ နန်းတော်ထဲသို့ ရောက်လာသည်။

ပလ္လင်ပေါ်၌ သံရဖူဆောင်းထားသော နတ်သူငယ် အမျိုးသမီးတစ်ဦး ရှိနေ၏။ သူက လှပသော မျက်နှာသွင်ပြင်ရှိပြီး အသားအရေက နူးညံ့ကာ တောက်ပနေသည်။ သူက ရှည်လျားသည့် အဆင်တန်တာ အများအပြား မရှိသော ငွေဖြူ ဂါဝန်ကို ဝတ်ဆင်ထားသော်လည်း ကျက်သရေရှိပြီး တင့်တယ်သော အလှတရားကို ပေါ်လွင်နေစေသည်။ ထိုသလင်းကျောက်ကဲ့သို့ အစိမ်းရောင်မျက်လုံးများက အရာအားလုံးကို မြင်နိုင်သကဲ့သို့ပင် နက်ရှိုင်းသော အမြင်မျိုး ပေးစွမ်းနေပေသည်။

ထိုအမျိုးသမီးကတော့ နတ်သူငယ်မျိုးနွယ်စု၏ အန္တိမအုပ်ချုပ်သူ၊ မီရှယ်၏ မယ်တော်၊ ဧကရီ လစ်ဗ်ပင် ဖြစ်၏။

မျိုးနွယ် - နတ်သူငယ်။

စွမ်းအားအကဲဖြတ်မှု - S++

ခန္ဓာအမျိုးအစား - S+

ခွန်အား - S+

စိတ်ဝိညာဉ် - S++

အမြန်နှုန်း - S++

ဂုဏ်သတ္တိ - လေဂုဏ်သတ္တိ။ လေးပညာနှင့် မှော်ပညာ ကျွမ်းကျင်။

အန္တရာယ်အဆင့် - မြင့်မား။

ဧကရီလစ်ဗ်က ချန်လွေ့ ယမန်ညက တွေ့ခဲ့သော အကြီးအကဲ နှစ်ဦးဖြစ်သည့် ပါထရစ်စီနှင့် ချီရိုပန်တို့ဘေးတွင် ရှိနေသည်။

“ကြိုဆိုပါတယ်။ တောင်နေလူပုတွေရဲ့ သံတမန် ဆာ-ရစ်ချက်။” ဧကရီ၏ တေးသွားသဖွယ် အသံက ထွက်ပေါ်လာ၏။ “ထိုင်ပါဦး။”

“လှပတဲ့ မြင့်မြတ်တဲ့ ဧကရီအရှင်မနဲ့ တွေ့ရတာ ဂုဏ်ယူစရာပါ။” ချန်လွေ့က ဦးညွှတ်လိုက်ပြီး အနိမ့်ပိုင်း ထိုင်ခုံပေါ်၌ ထိုင်လိုက်သည်။ မီရှယ်က ဧကရီဘေးနားတွင် ထိုင်နေသည်။

“တောင်နေလူပုဘုရင်က လူသားတစ်ယောက်ကို သံတမန်အနေနဲ့ အပ်နှင်းခဲ့တာ တကယ် အံ့အားသင့်မိတယ်။ တကယ် ထူးခြားတဲ့ လူသားတစ်ယောက်ပဲ။” ဧကရီက ချန်လွေ့၏ ပုခုံးပေါ်မှ သော်သော်ကို ကြည့်လိုက်သောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပြီး သတိပြန်ဝင်လာ၏။

“ငှက်တစ်ကောင်နဲ့ အထူးသံတမန်။” မီရှယ်က တီးတိုးပြောလိုက်သည်။ ဧကရီလစ်ဗ်က သူ့ကို စိုက်ကြည့်လိုက်၏။ “သမီး ကိုင်ကြည့်ချင်တယ်” ဟူသော စကားကိုမူ ထိုအကြည့်ကြောင့် မျိုချထားလိုက်ရလေသည်။

ချန်လွေ့က ပြုံးဖြီးဖြီးလုပ်ရင်း “ငှက်”အကြောင်း မပြောခဲ့ပေ။ သူက ပြောသည်။ “ကျုပ်က အရှင်မနဲ့ တွေ့ရတာကိုပဲ အံ့အားသင့်မိတယ်။ လူပုဘုရင် အိုဗ်ဂီပေးခဲ့တဲ့ တံဆိပ်ပြားက သိဒ္ဓိသစ်ရွက် သံတော်ဆင့်ဆိုတာကို မသိခဲ့ဘူး။ ခွင့်လွှတ်ပေးပါ။ ပြီး‌တော့ သူက အခိုးခံရတဲ့ ပုံကြမ်းတစ်ခုကို ရှာပြီးတော့ နတ်သူငယ်မျိုးနွယ်စုက ဆရာသခင် ဖီနိုအီရာကို ပေးဖို့ ကျုပ်ဆီမှာ အလုပ်အပ်ခဲ့တယ်။ နောက်တော့ ကျုပ်က ကံကောင်းပြီး ပုံကြမ်းကို ရှာတွေ့သွားခဲ့တယ်။ အဲဒါကြောင့် ကျောက်စိမ်းသစ်တောပင်လယ်ဆီ ချက်ချင်း ထွက်လာခဲ့တာ။ မင်းသမီး မီရှယ်နဲ့ မစ်-ဘလန့်ချ်တို့ရဲ့ အကူအညီကြောင့် ကျုပ် ဒီကို ရောက်လာနိုင်ခဲ့တာ။”

ချန်လွေ့က မိမိကို တမင်တကာ ပြောပြနေကြောင်း မြင်သည့်အခါ ဧကရီ လစ်ဗ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဒါဆို ကြည့်ရတာ ဆာ-ရစ်ချက်က သိဒ္ဓိသစ်ရွက် သံတော်ဆင့်ရဲ့ အဓိပ္ပာယ်ကို နားမလည်တဲ့ပုံပဲ။ ငွေလကောင်းကင် မြို့တော်မှာ ဒီသံတော်ဆင့် ပေါ်ထွက်လာတာ တောင်နေလူပုတွေရဲ့ အမူအကျင့်ကို ကိုယ်စားပြုတယ်။ လူပုဘုရင်ရဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ တစ်ယောက်အနေနဲ့ ဆာ.... နတ်သူငယ်မျိုးနွယ်စုရဲ့ တောင်နေလူပုတွေအပေါ် လေးစားမှုနဲ့ စိတ်ရင်းနဲ့ ကြင်နာမှုတွေကို ပြန်ပြောပြပေးပါ။ အရင်က အကြောင်းတွေကို လေနဲ့အတူ လွင့်သွားပါစေတော့။ မျိုးနွယ်စုနှစ်ခုရဲ့ ရှေ့ရေးကို ပိုပြီးတော့ အာရုံစိုက်သင့်တယ်။ နတ်သူငယ် မျိုးနွယ်စုနဲ့‌ တောင်နေလူပုတို့က ရှေးစာချုပ်ထဲကလိုမျိုး အဆင့်မြင့်မှုတွေ၊ နောက်ဆုတ်မှုတွေ၊ အပြန်အလှန် အကူအညီတွေအတွက် ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ လိုအပ်တယ်။”

“တောင်နေလူပုတွေက နတ်သူငယ်တွေရဲ့ ရင်းနှီးမှုကို တန်ဖိုးထားမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ မြေထူရဲတိုက်ဆီကို အရှင်မ နောက်ထပ် သံတမန်တစ်ယောက် စေလွှတ်ရလိမ့်မယ်။ ကျုပ်က ဒီသံတော်ဆင့်ကို သုံးပြီးတော့ သစ်တောပင်လယ်ထဲကို ဝင်ပြီး မဟာဆရာသခင် ဖီနိုအီရာဆီ ပုံကြမ်းပေးဖို့အတွက်ပဲ လူပုဘုရင် အိုဗ်ဂီကို ကတိပေးထားတာ။” ချန်လွေ့က သိဒ္ဓိသစ်ရွက် သံတော်ဆင့်ကို ထုတ်လိုက်သည်။ “ကျုပ်က အောင်အောင်မြင်မြင်နဲ့ သစ်တောပင်လယ်ကို ရောက်လာခဲ့ပြီ။ အခုတော့ ဆရာသခင် ဖီနိုအီရာကို ပုံကြမ်း လွှဲပေးဖို့ပဲ လိုတော့တယ်။ ကျန်တာတွေကတော့ ကျုပ်နဲ့ ဘာမှ မဆိုင်တော့ဘူး။”

မီရှယ်မှလွဲ၍ ဧကရီလစ်ဗ်နှင့် အကြီးအကဲနှစ်ယောက်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး အံ့အားသင့်သော အမူအရာများ ပြသနေကြသည်။ ဒီတာဝန်က မခက်ခဲဘူး။ “ရစ်ချက်”က သာမန်လူသားတွေ မရနိုင်တဲ့ မျိုးနွယ်စုနှစ်ခုရဲ့ ရင်းနှီးမှုကို လူပုတွေနဲ့ နတ်သူငယ် မျိုးနွယ်စုကနေ အကျိုးအမြတ်တွေ၊ အခွင့်အရေးတွေ ရနိုင်တယ်။ ဒါပေမဲ့ သူက ဒါတွေကို စကားတစ်ခွန်းတည်းနဲ့ ငြင်းပယ်ခဲ့တယ်။ အလွန်ဆုံး မဟာဆရာသခင် ဖီနိုအီရာနဲ့ “ကိုယ်ရေးကိုယ်တာ” ဆက်ဆံရေး တစ်ခုပဲ ရှိတယ်။

လစ်ဗ်က အနည်းငယ် စဉ်းစားနေလိူက်သည်။ ချန်လွေ့၏ စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာ၏။ “ဆာက တောင်နေလူပုတွေနဲ့ ကင်းရှင်းဖို့ စိတ်လောနေတာပဲ။ ထူးထူးခြားခြား အကြောင်းရင်းတစ်ခု ရှိလို့လား။ ဒါမှမဟုတ် တောင်နေလူပုတွေကို ဒုက္ခ မဖြစ်စေချင်လို့လား။”

နတ်သူငယ် ဧကရီ၏အမြင်က ထိုမျှ အစွမ်းထက်လိမ့်မည်စဟု ချန်လွေ့ မထင်ထားခဲ့ပေ။ သူကလည်း [ သရုပ်ခွဲမျက်လုံး ] ဖြင့် ပြန်တုံ့ပြန်လိုက်သည်။ “ဟုတ်လောက်ပါတယ်။ ကျုပ်မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိပါတယ်။ မဟာဆရာသခင် ဖီနိုအီရာဆီကို ပုံကြမ်း ကိုယ်တိုင် သွားပေးခွင့်ပေးပါ။”

“မင်းမှာ အတော်လေးကို မှော်ဆန်တဲ့ စိတ်ဝိညာဉ်စွမ်းအား ရှိနေတာပဲ။” ဧကရီလစ်ဗ်၏ လှပသော မျက်လုံးများက ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ “ငါ့အတွက်တော့ ဒီစကားတွေက ရိုးရှင်းသော ခံစားချက် ဆက်သွယ်မှုတွေ မဟုတ်ဘူး။ လုံးဝကို အပြစ်က်ကင်းတဲ့ နတ်သူငယ် ဝိညာဉ်ဘာသာစကားထက် ပိုကောင်းသော နတ်သူငယ် ဘာသာစကားပဲ။ ပြီးတော့လည်း မင်းက ဘယ်လိုအစွမ်းတွေ ဖုံးကွယ်ထားလဲဆိုတာ ငါ မမြင်နိုင်သေးဘူး။ ငါ့ရဲ့ မဟာမိတ်ဖြစ်တဲ့ တောင်နေလူပုမျိုးနွယ်စုမှာ ဒီလို စွမ်းအားကြီးတဲ့ စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက် ရှိနေတာကို ဝမ်းသာမိပါတယ်။ မင်းကို ဘုရင်အိုဗ်ဂီက ဘာလို့ သိဒ္ဓိသစ်ရွက် သံတော်ဆင့် ပေးခဲ့တာလဲဆိုတာ ငါ သ‌ဘောပေါက်သလို ရှိလာပြီ။”

“အရှင်မက ချီးမွမ်းလွန်းနေပါပြီ။ ကျုပ်က ကတိပေးထားတဲ့ ကိစ္စကို လုပ်ခဲ့ရုံပါပဲ။”

“မင်းရဲ့ပုခုံးပေါ်က ကလေးမလေးရဲ့ ဇစ်မြစ်ကို သိလား။”

“သိတယ် ထင်တာပဲ။”

“ဒီနေ့ မင်းက ငါ့ကို အံ့သြစရာတွေ အများကြီး ယူလာပေးတဲ့ပုံပဲ.....”

စကားအနည်းငယ် ပြောပြီးနောက် ဧကရီက ချန်လွေ့က နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ပါထရစ်စီအား သိဒ္ဓိသစ်ရွက် သံတော်ဆင့်ကို ပြန်ယူရန် အချက်ပြလိုက်သည်။ ထို့နောက် ဆက်ပြောသည်။ “ဒီလိုဆိုမှတော့ အတင်း မတိုက်တွန်းတော့ပါဘူး။ လူပုနဲ့ နတ်သူငယ် မျိုးနွယ်စုကြားက ရင်းနှီးမှုအတွက် အကျိုးပြုပေးတဲ့ ဆာ-ရစ်ချက်ကို ကျေးဇူးတင်ပါတယ်။ မီရှယ်။ ဆာ-ဖီနိုအီရာကို ပုံကြမ်း လွှဲပေးဖို့အတွက် ခရမ်းနှလုံးသား သစ်အိမ်ဆီ ဆာ-ရစ်ချက်ကို ခေါ်သွားပေးလိုက်ပါ။”

ချန်လွေ့က ချက်ချင်းပင် ထထွက်ပြီး မီရှယ်နောက် လိုက်သွားခဲ့သည်။ ဧကရီအရှင်မက အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရုံသာမက ပညာရှိတစ်ယောက်လည်း ဖြစ်သည်။ သူက ပြဿနာများ ဖြေရှင်းပေးမည်ဟု ကတိမပေးခဲ့သလို ချန်လွေ့ကို ငွေလကောင်းကင် မြို့တော်မှလည်း နှင်မထုတ်ခဲ့ပေ။ ထိုအစား သူက ထိုမေးခွန်းကို ရှောင်တိမ်းခဲ့လေသည်။ ထိုအရာက သူ၏ သဘောထားကို ပြသနေပြီး ဖြစ်သည်။

ခရမ်းနှလုံသား သစ်အိမ်က ငွေလကောင်းကင်မြို့တော် အပြင်ဘက်ရှိ ခရမ်းတောနက်ထဲ၌ တည်ရှိသည်။ ထိုသစ်တောက အထူးနယ်မြေတစ်ခုအဖြစ် ပုံစံဖော်ထားခြင်း ဖြစ်သည်။ မဟာဆရာသခင် ဖီနိုအီရာ၏ ခွင့်ပြုချက်မရှိဘဲ မည်သူကမှ ဝင်ရောက်၍ မရနိုင်ပေ။ မဟာဆရာသခင် ဖီအိုအီရာက အပြင်ဧည့်သည် မတွေ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ နတ်သူငယ်မျိုးနွယ်စုကပင် ထိုမဟာဆရာသခင်ကို တွေ့ခဲလှသည်။ ပုံမှန်ကိစ္စများကို သူ၏ တပည့်ရင်းဖြစ်သူ နတ်သူငယ်မျိုးနွယ်စု၏ နာမည်ကျော် အဂ္ဂိရတ်ပညာရှင် ဆရာသခင် တာရန်နာကသာ လုပ်ဆောင်လေသည်။

တာရန်နာ၏ နေအိမ်က ခရမ်းသစ်တောဝင်ပေါက်ရှိ ရေကန်ငယ်လေး၏ ကမ်းပါးပေါ်တွင် ဖြစ်သည်။ သူက ထိုအချိန်၌ ဧည့်သည်တစ်ခုကို နှုတ်ဆက်နေခဲ့သည်။

ထိုဧည့်သည်များက ကြယ်အလင်းကောလိပ်မှ ကျောင်းသူ/ကျောင်းသားများ ဖြစ်ကြသည်။ ဆရာသခင် တာရန်နာ၏ စမ်းသပ်ချက်က အဆင့်မြင့် ပထမဘွဲ့ ရရှိရန်အတွက် စစ်ဆေး အကဲဖြတ်ခြင်း၌ ပါဝင်သည်။

နတ်သူငယ်မျိုးနွယ်စုမှ မီရှယ်၏အစ်မ ဖေးလီ အပါအဝင် ကျောင်းသား/သူ ၁၂ယောက်က စမ်းသပ်ချက်တွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ လန်ဘိစ်အပြင် ကြယ်အလင်းကောလိပ်မှ ဆရာနှစ်ယောက်လည်း ရှိနေသည်။

တာရန်နာက အသက်၅၀၀ ရှိနေပြီ ဖြစ်သော်လည်း သူ့ပုံစံက အသက်၂၀ဝန်းကျင်သာ ရှိနေသေးသော ခန့်ညားသည့် လူငယ်တစ်ယောက်ပုံစံ ဖြစ်နေသည်။ နတ်သူငယ်များ၏ မျက်နှာက အရွယ်ရောက်ပြီးနောက် နှစ်ရာပေါင်းများစွာကြာအောင် မပြောင်းလဲသွားတော့ပေ။ နောက်ဆုံး ၁၀နှစ်မှသာ အလျင်အမြန် အသက်ကြီးလာခြင်း ဖြစ်သည်။

“အခုကစပြီး မမှောင်ခင်အထိ ခရမ်းနှလုံးသား သစ်အိမ်နဲ့ အနီးဆုံး ရောက်တဲ့လူက အမှတ်အများဆုံး ရမယ်။ သစ်အိမ်ထဲကို ဝင်နိုင်မယ်ဆိုရင် မဟာဆရာသခင်ဆီကနေ ထပ်တိုး လမ်းညွှန်မှုတွေ ရရှိမယ်။ မဟာဆရာသခင် ဖီနိုအီရာက အဂ္ဂိရတ် မဟာဆရာသခင် ဖြစ်တဲ့ အပြင်ကို သူတော်စင်အဆင့် ထိပ်သီးပိုင်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်တယ်။”

တာရန်နာ၏ စကားလုံးများက အားလုံးကို မျက်လုံးများ အ‌ရောင်တောက်သွားစေသည်။ ဆရာသခင် နတ်သူငယ်က ဆက်ပြောသည်။ “ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သတိပေးရမှာက ခရမ်းတောနက်က လုံးဝကို မရိုးရှင်းဘူး။ အန္တရာယ်တွေ အများကြီး ရှိတယ်။ တချို့က သေတောင် သေစေနိုင်တယ်။ မင်းတို့တွေ အထဲဝင်ဖို့ နည်းလမ်းတွေ အများကြီး သုံးလို့ရတယ်။ ငါပေးထားတဲ့ တယ်လီပို့ ကျောက်တုံးတွေကို မပျောက်စေနဲ့။ ခုခံလို့မရတဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံရပြီဆိုရင် အဲဒီကိုသုံးပြီး တယ်လီပို့ခုန်ထွက်လာလို့ရတယ်။ လူတိုင်းမှာ တယ်လီပို့ခုန်ဖို့ တစ်ခေါက်ပဲ အခွင့်အရေး ရှိတယ်။ ပြီးသွားရင် နောက်ထပ် ဝင်လို့ မရတော့ဘူး။ မင်းတို့ ကောင်းကောင်း နားလည်အောင် လုပ်ရမယ်။ သဘောပေါက်လား။”

ကျောင်းသား/သူ ၁၂ယောက်က သံပြိုင် တုံ့ပြန်လိုက်သည်။ “သဘောပေါက်ပါတယ်။”

ထိုအချိန်၌ မီရှယ်နှင့် ချန်လွေ့တို့က ရေကန်ဘေးနားသို့ ရောက်လာကြသည်။ မီရှယ်က အဝေးမှ တာရန်နာကို လက်ဝှေ့ရမ်းပြလိုက်သည်။ “ဆရာသခင် တာရန်နာ။ ကျွန်မတို့ကို ဆရာ့ဆီ ခေါ်သွားပေးလို့ ရမလား။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် အားလုံး၏မျက်လုံးများက သူတို့ထံ ရောက်ရှိလာ၏။

All Chapters