← Chapters

အခင်းအကျင်းကို ချိုးဖောက်ခြင်း

Vol. 44 Ch. 693

အခင်းအကျင်းကို ချိုးဖောက်ခြင်း

Vol. 44 Ch. 693

တာရန်နာက စမ်းသပ်ချက် စည်းမျဉ်းများကို ကြေညာလိုက်သည်နှင့် မီရှယ်က မဟာဆရာသခင် ဖီနိုအီနာနှင့် ချက်ချင်း တွေ့ဆုံရန်အတွက် သူစိမ်းတစ်ယောက်ကို ခေါ်လာခဲ့သည်။ ထိုအရာက တာရန်နာကို အပြင်လူ အများကြီးအရှေ့၌ အထူးသဖြင့် အနည်းငယ် ကိုးရို့ကားရား ဖစ်သွားစေခဲ့သည်။

“သူက ဘယ်သူလဲ။ မီရှယ်။ နင်က တဖြည်းဖြည်း ပိုပြီး အတင့်ရဲလာပြီ။ မနေ့က စားသောက်ပွဲ မတက်တာ ထားလိုက်ဦး။ ဒီနေ့ လူသား သူစိမ်းတစ်ယောက်ကို ဒီခေါ်လာတယ်။” ထိုသူက မီရှယ်၏အစ်မဖြစ်သူ ဖေးလီဖြစ်၏။ သူက နန်းတော်ထဲ၌ စမ်းသပ်ချက်အတွက် ပြင်ဆင်နေသည်ဖြစ်ရာ ခုနက အိမ်စိမ်း၌ ရှိမနေခဲ့သည့်အတွက် ချန်လွေ့၏ “သရုပ်”ကို မသိခဲ့ပေ။

အစ်မဖြစ်သူ၏ လူပုံအလယ်၌ မေးခွန်းထုတ်ခံရခြင်းကို ခံရသည့်အခါ မီရှယ်က သုန်မှုန်လျက် နှုတ်ခမ်းစူလိုက်သည်။ “ငါက ရစ်ချက်ကို အမေ့ရဲ့ အမိန့်အတိုင်း ဆရာနဲ့တွေ့ဖို့ ခေါ်လာခဲ့တာ။”

“တော်ဝင်အရှင်မရဲ့ အမိန့်လား။” တာရန်နာက မျက်မှောင်ကြုတ်ပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ “ဒါပေမဲ့ အခုက စမ်းသပ်ချက်ရဲ့ မှော်စက်ဝိုင်းကို အသက်သွင်းလိုက်ပြီ။ ထောင်ခြောက်တွေ၊ အန္တရာယ်များတာတွေ အပြည့်ဖြစ်နေခဲ့ ဒီမှော်စက်ဝိုင်းက ဆရာ ခင်းကျင်းထားတာ။ ငါတောင် ရပ်တန့်လို့ မရဘူး။ ဆရာ့ကို တွေ့ချင်ရင်တောင် စမ်းသပ်ချက် ပြီးသွားတဲ့အချိန်အထိ စောင့်ရလိမ့်မယ်။”

မီရှယ်က ချန်လွေ့ကို ကြည့်လိုက်သည်။ ချန်လွေ့ကလည်း ကောင်မလေးအတွက် ပိုမို ခက်ခဲအောင် မလုပ်ချင်ခဲ့ပေ။ သူက ပုခုံးတွန့်လိုက်၏။ “လက်စသတ်တော့ မှော်စက်ဝိုင်းတစ်ခု ရှိနေတာကိုး။ ဒါဆိုလည်း စောင့်နေလိုက်မယ်။ ကျုပ်က အလျင်မလိုပါဘူး။”

ထိုအချိန်၌ စမ်းသပ်ခံကျောင်းသား/သူများထဲမှ အေးစက်စက် အသံတစ်သံ ထွက်လာ၏။ “အေရီရယ်။ ခေါင်းပေါ်မှ ငှက်နဲ့လူက အတော်လေး စွမ်းအားကြီးတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။ လက်စသတ်တော့ သူက ငကြောက်ပဲကိုး။”

ဆံပင်အနီနှင့် မိန်းကလေး အေရီရယ်က လက်ဖြန့်လိုက်သည်။ “ငါက လူတစ်ယောက်ရဲ့ သတ္တိကို မခန့်မှန်းနိုင်ဘူးလေ။ ခုနက ငါ အာရုံခံခဲ့မတာ သူမဟုတ်ဘဲ သူ့ငှက် ဖြစ်မှာပေါ့။”

ကျောင်းသူ/သားများက ဟားတိုက်လိုက်ကြပြီး မီရှယ်က ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။ “ရစ်ချက်က ငကြောက် မဟုတ်ဘူး။ ရှင်တို့ လူဆိုးတွေက လူကောင်း မဟုတ်ဘူး။”

“မီရှယ်။ နင်က ဘာလို့ ငါ့မိတ်ဆွေတွေကို ရိုင်းပျရတာလဲ။” ဖေးလီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “နင်က နတ်သူငယ်မျိုးနွယ်စုရဲ့ မင်းသမီးတစ်ပါးဆိုတာ မမေ့နဲ့။ အဲဒီ အဆင့်နိမ့် နတ်သူငယ်တစ်ပိုင်းနဲ့ လျှောက်သွားနေပြီးတော့ ဘယ်ကမှန်းမသိတဲ့ လူတွေကို ခေါ်လာမယ့်အစား တစ်ခုခု လေ့လာနေသင့်တယ်။”

ဖေးလီ၏ ရှုထောင့်မှုကြည့်လျှင် မှန်နိုင်သော်လည်း ထိုအရာက ကျောင်းသူ/သားများ အရှေ့၌ ညီမဖြစ်သူ၏ မျက်နှာကို မထောက်ဘဲ အပြစ်တင်သော လေသံဖြင့် ပြောနေသည့် အစ်မတစ်ယောက်၌ လုပ်ပိုင်ခွင့်ကို ကြွားလုံးထုတ်နေခြင်းလည်း ဖြစ်ပေသည်။

မီရှယ်၏မျက်နှာ နီရဲသွားခဲ့သည်။ “ဘလန့်ချ်ကို နင် ဒီလို ပြောလို့မရဘူး။ သူက ငါ့ သူငယ်ချင်း။ ရစ်ချက်ကောပေါ့။ အခုချက်ချင်း တောင်းပန်။”

ချန်လွေ့က မိမိနှင့် ဘလန့်ချ်တို့အတွက် ငိုတော့မည့် မင်းသမီးငယ်လေးကို ကြည့်လိုက်ပြီး ရင်ထဲ၌ နွေးထွေးသွားခဲ့သည်။ သူက ညီအစ်မ နှစ်ယောက်အကြားမှ ရန်ပွဲကို တားဆီးပေးလိုက်သည်။ “ကောင်းပြီလေ။ ကျုပ် အခုပဲ မဟာဆရာသခင် ဖီနိုအီရာကို သွားတွေ့တော့မယ်။ ကျုပ် တစ်ယောက်တည်း သွားမယ်။ တကယ်လို့ ကျုပ်က မဟာဆရာသခင်နဲ့ အရင်တွေ့မယ်ဆိုရင် တစ်ခုပဲ တောင်းဆိုချင်တယ်။ မင်းသမီး‌ဖေးလီ အပါအဝင် အားလုံးက ကျုပ်ရဲ့သူငယ်ချင်း မီရှယ်ကို တောင်းပန်ရမယ်။”

ချန်လွေ့က ‌ဖေးလီကို “မင်းသမီး”အဖြစ် သုံးနှုန်းခဲ့ပြီး မီရှယ်ကို “သူငယ်ချင်း” အဖြစ် သုံးနှုန်းခဲ့သည်။ ထိုစကားကို ကြားသည့်အခါ အသေးစိတ်ကြည့်နေသော နတ်သူငယ် မင်းသမီးလေး၏ မျက်လုံးများ အရောင်တောက်သွား၏။

ထိုစကားများကို ပြောလိုက်သည်နှင့် ကျောင်းသူ/သားကြားထဲ၌ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ ထိုကျောင်းသူ/သားများ အားလုံးက ကြယ်အလင်းကောလိပ်မှ ထူးချွန်သူများ ဖြစ်ကြပြီး အများအပြားက အင်ပါယာမှ တော်ဝင်မျိုးနွယ်များ ဖြစ်ကြသည်။ ဒီသာမန်လူက အားလုံးကို အနိုင်ယူချင်တယ်လို့ ပြောတယ်။ အရှက်မရှတဲ့ ကြွားဝမှုပဲ။

“တကယ့်ကို ရဲတင်းတဲ့စကားပဲ။” ချူအင်းက သရော်ပြုံး ပြုံးလိုကသ်ည်။ “တကယ်လို့ မင်း ရှုံးရင်ကော။”

“မင်းရဲ့ ဘယ်တောင်းဆိုချက်မဆို ဖြည့်ဆည်းပေးမယ်။” ချန်လွေ့က လန်ဘိစ်ကို ကြည့်လိုက်သည်။ “မစ်-လန်ဘိစ်။ ဘယ်လိုထင်လဲ။”

လန်ဘိစ်က မျက်မှောင်ကြုတ်ပြီး ဆရာနှစ်ယောက်နှင့် အလျင်အမြန် သဘောထားချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်သည်။ “ကိစ္စမရှိပါဘူး။ ရှင် ရှုံးနိမ့်မယ်ဆိုရင် ကျွန်မတို့ အများကြီး မတောင်းဆိုပါဘူး။ ကျွန်မတို့ရဲ့ ‌ကျောင်းသူ/သားတွေကို တောင်းပန်ပြီးတော့ ကျွန်မမေးတာကို အမှန်အတိုင်း‌ ဖြေရုံပါပဲ။”

“သဘောတူတယ်။” ချန်လွေ့က မောက်မာသော ကလေးများကို လုံးဝ အမှုမထား သကဲ့သို့ပင် အေးအေးဆေးဆေး ပြုံးလိုက်သည်။

ထိုအပြုအမူက အားလုံးကို ဒေါသထွက်သွားစေပြီး သူတို့က ဆူသွားသွားကြသည်။ ချန်လွေ့က ဂရုမစိုက်ဘဲ မြူများလွှမ်းခြုံနေသည့် ခရမ်းသစ်တောထဲသို့ ကျောင်းသူ/သားများ ဝင်သွားနေသည်ကို ကြည့်နေလိုက်သည်။ ဘေးဖက်မှ မီရှယ်က စိုးရိမ်နေရင်း ပြောသည်။ “ရှင် ဘာလို့ မဝင်သွားသေးတာလဲ။”

“အေးဆေးပါ။ ဝင်ပေါက်ရဲ့ မှော်စက်ဝိုင်းက အတော်လေး စိတ်ဝင်စားစရာကောင်းတယ်။ နောက်မှ ဝင်တဲ့သူက အခွင့်အရေး ယူလို့ရတယ်။”

မီရှယ်က အံ့သြသွားပြီး တာရန်နာကို‌ မေးလိုက်သည်။ “ဆရာသခင်။ အဲဒါ အမှန်ပဲလား။”

တာရန်နာက အံ့အားသင့်နေသော အမူအရာ ပြသလိုက်ပြီး ထိုလူသားကို အနီးကပ် ကြည့်လိုက်သည်။ “ဒီအခွင့်အရေးက အရယူဖို့တော့ မလွယ်ဘူး။”

အမှန်တကယ်၌ ထိုအရာက “အခွင့်အရေး” မဟုတ်ပေ။ ဝင်ပေါက်က ရေဒြပ်စင်ကို တုပထားသော တြိဂံ ထွင်းစာ အခင်းအကျင်း ဖြစ်သည်။ ပထမဆုံး ဝင်သွားသူက မှော်စက်ဝိုင်းကို အသက်ဝင်စေမည်ဖြစ်ပြီး နောက်မှေ ဝင်သူများက ယခင် မှော်အစွမ်းလှုပ်ရှားမှုများကို အခြေခံပြီး ချိုးဖျက်နိုင်ပေသည်။

“ဖြတ်သွားခြင်း” မဟုတ်ဘဲ “ချိုးဖျက်ခြင်း” ဖြစ်နေသည်ကို သတိပြုသင့်ပေသည်။ တြိဂံ ထွင်းစာ အခင်းအကျင်းက မရှုပ်ထွေးလှသော်လည်း မှော်စက်ဝိုင်းက အသေတည်ရှိနေကာ လူများက ပြောင်းလဲနေ၏။ မဟာဆရာသခင် ဖီနိုအီရာ ခင်းကျင်းထားခဲ့သော ထိုတြိဂံထွင်းစာ အခင်းအကျင်းထဲ၌ လျို့ဝှက်ဆန်းကြယ်မှုအချို့ ရှိနေသည်။ ပထမဆုံး ဝင်ရောက်ခြင်း ဖြစ်ပါက တာရန်နာ ကိုယ်တိုင်ပင် ၎င်းကို ချိုးဖျက်နိုင်ရန် ယုံကြည်ချက်မရှိပေ။ ထိုကဲ့သို့ သာမန်ထင်ရသော လူသားတစ်ယောက်ကိုတော့ ပြောစရာပင် မလိုပေ။

ချန်လွေ့က ပုခုံးတွန့်ပြီး ဘာမှ မပြောခဲ့ပေ။ ခဏကြာပြီးနောက် သူက ရှေ့သို့ လျှောက်သွားလိုက်သည်။

“ရစ်ချက်။ စမ်းသပ်ချက်ရဲ့ မှော်စက်ဝိုင်းက အတော်လေး အန္တရာယ်များတယ်...”

ချန်လွေ့က နောက်သို့ ခေါင်းလှည့်လိုက်သော်လည်း မီရှယ် နောက်ထပ် ပြောလိုက်သော စကားမှာတော့။ “သတိထား...” မဟုတ်ဘဲ “ရှင့်ရဲ့ငှက်ကို ဒီမှာထားတာ ပိုကောင်း.....”

သူ စကားပြော မပြီးသေးခင်မှာပင် နဖူးတွင် ချွေးပြန်နေသော တစ်စုံတစ်ယောက်က ပျောက်ကွယ်သွားခဲ့လေသည်။

တာရန်နာက မီရှယ်၏ အထင်လွှဲစေနိုင်သော စကားလုံးများကု သတိမထားခဲ့ပေ။ သူ သတိထားမိသည်က ချန်လွေ့က မှော်စက်ဝိုင်းသို့ ဝင်သွားသည့်အချိန်မှာ လှုပ်ရှားမှုထဲသို့ ဝင်ရောက်ရန် အကောင်းဆုံးအချိန် ဖြစ်နေခြင်းပင်။ သူ သိချင်မိသွား၏။

ချန်လွေ့က မကြွားဝါချင်ပေ။ တိုက်ခိုက်ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မီရှယ်အတွက်သာ ဖြစ်သည်။ နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့ မဟာဆရာသခင် ဖီနိုအီရာ၏ မှော်စက်ဝိုင်းမှ လေ့လာရန် ဖြစ်သည်။ မှော်စက်ဝိုင်းက သီးခြားဘာသာရပ်တစ်ခု ဖြစ်သော်လည်း အဂ္ဂိရတ်နှင့် အတော်လေး နီးစပ်သည်။ ချန်လွေ့၏ လက်ရှိ မှော်စက်ဝိုင်း ပညာရပ်က အတော်လေး မြင့်မားနေပြီ ဖြစ်သည်။ သူက နဂါးထွင်းစာနှင့် ရှေးမှော်စာတို့၌လည်း ကျွမ်းကျင်သည်။ [ အထူးစိစစ်မှု ] ၏ အကူအညီဖြင့် သူက မဟာဆရာသခင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့လေပြီ။

ချန်လွေ့၏ အကြီးမားဆုံး ပန်းတိုင်ကတော့ ထိုခရီးကို အသုံးချပြီး ယန္တရားပညာရပ်၌ မဟာဆရာသခင် အကန့်အသတ်သို့ ရောက်ရှိနိုင်ရန်ပင် ဖြစ်၏။

တြိဂံထွင်းစာအခင်းအကျင်းက ထူးဆန်းသော လှိုင်းများ စတင် ထွက်ပေါ်လာပြီးနောက် တဖြည်းဖြးည်း ပြန်လည်တည်ငြိမ်သွားသည်။ တာရန်နာက သဘောပေါက်စွာဖြင့် ပြုံးလိုက်သည်။ သို့သော် သိပ်မကြာခင်၌ လှုပ်ရှားမှုများ ထပ်ကာထပ်ကာ ပေါ်လာပြန်သည်။ နတ်သူငယ် ဆရာသခင်က မျက်မှောင်ကြုတ်လိုက်၏။

မှော်စက်ဝိုင်းထဲသို့ ဝင်ရောက်သွားခဲ့သော ကြယ်အလင်းကောလိပ်မှ ကျောင်းသူ/သားများက ရေဒြပ်စင်စွမ်းအားကို အတုခိုးထားသော “ရန်သူများ”နှင့် အပြင်းအထန် တိုက်ခိုက်နေရသည်။ ရန်သူများက အားနည်းခြင်းနှင့် အားကောင်းခြင်းသို့ တလှည့်ချင်း ပြောင်းနေသည်ကိုသာ သူတို့ ခံစားမိသည်။ သူတို့က ၎င်းတို့ကို အားကုန်သည်အထိ ဖြေရှင်းပြီးသည့် အချိန်၌ ထိုရန်သူများက ရေပုံစံကွက်အဖြစ်‌ ပြောင်းလဲကာ ပျောက်ကွယ်သွား ပြီးနောက် ရှေံတွင် လမ်းတစ်ခု ပေါ်ထွက်လာသည်။ ကျောင်းသား/သူများက သူတို့၏ ကြိုးစားအားထုတ်မှုက ရန်သူများကို အနိုင်ယူလိုက်နိုင်သည်ဟု ထင်မှတ်နေကြပြီး အားတက်သွားခဲ့ကြသည်။

မူလက မှော်စက်ဝိုင်း တားဆီးထားခဲ့သော အသံက ဝင်ပေါက်ကို ရောက်ရှိလာပြီး တာရန်နာ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဒီလူသားက တကယ်ကြီး တြိဂံထွင်းစာအခင်းအကျင်းကို ချိုးဖျက်နိုင်ခဲ့တာပဲ။ ဖီနိုအီရာက ယန္တရားပညာ မဟာဆရာသခင် တစ်ယောက်ဟုတ်ပေမေဲ့ သူက မှော်စက်ဝိုင်းမှာလည်း အတော်လေး သုတေသန် လုပ်ခဲ့ပြီးတော့ မဟာဆရာသခင်တစ်ပိုင်း အဆင့်ကိုတောင် ရောက်နေပြီ။ ဒီလို အချိန်တိုလေးအတွင်း ဒီလူသားက ဘယ်လိုလုပ်ပြီးတော့...

လန်ဘိစ် တာရန်နာ၏ အမူအရာ အပြောင်းအလဲကို သတိထားမိသွားပြီး အဝေးမှ အော်သံယဲ့ယဲ့လေးကို နေားထောင်နေခဲ့သည်။ လှပသော အမျိုးသမီး လက်ထောက်က စဉ်းစားနေသော အမူအရာတစ်ခု ပြသနေပြီ မည်သည့်အရာ စဉ်းစားနေကြောင်း မသိနိုင်ပေ။

ခရမ်းနှလုံသားသစ်အိမ်ထဲ၌ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့် ခန့်ညား‌သော နတ်သူငယ် အမျိုးသားတစ်ယောက်က စားပွဲတွင် အေးအေးဆေးဆေး ထိုင်နေသည်။ စားပွဲပေါ်တွင် ထူးဆန်းသော စစ်တုရင်ကွက်တစ်ခု ရှိနေ၏။ နတ်သူငယ်က ဘယ်လက်တွင် စစ်တုရင်တစ်ခု ကိုင်ထားပြီး ညာလက်၌ သေရည်ခွက်လေးတစ်ခု ကိုင်ထားသည်။ သေရည်အရက်က ပယင်းရောင်ဖြစ်ပြီး ရနံ့ဖျော့ဖျော့လေး ထွက်ပေါ်နေ၏။

နတ်သူငယ်၏ မျက်နှာချင်းဆိုင်ဘက်တွင် အဖြူရောင် မုတ်ဆိတ်နှင့်ဆံပင် ရှိနေသော မုတ်ဆိတ်ကြီး လူပုတစ်ယောက် ရှိနေသည်။ သူ့ဆံပင်က ဘုတ်သိုက်ဖြစ်နေပြီး မုတ်ဆိတ်များက သေသေချာချာ ကျစ်ထား၏။ လူပု၏အရပ်က နတ်သူငယ်၏ တစ်ဝက်ခန့်သာ ရှိနေသော်လည်း သူ့လက်ထဲမှ သေရည်ခွက်က နတ်သူငယ်ထက် သုံးခု ကြီးမားသည်။ သူက ခွက်ထဲသို့ သေရည်များ လောင်းထည့်နေ၏။

“ဘန်းဒ်။ မင်းသောက်တဲ့ပုံစံက ငါ့ရဲ့ သစ်ခွရနံ့သေရည်ကို ပျက်စီးစေတယ်။” နတ်သူငယ် အမျိုးသားက လူပုခွက်မှ သေရည်များ စီးကျလာသည်ကို စိတ်ရှုပ်စွာဖြင့် ကြည့်နေခဲ့သည်။

ဘန်းဒ်က မျက်လုံးပြူးသွားခဲ့သည်။ “သေရည်ဆိုတာက ဒီလိုသောက်မှ အရသာရှိတာ။ မင်းသောက်တဲ့ပုံစံက နတ်သူငယ် မိန်းမတွေထက်တောင် ပိုပြီးတော့ မိန်းမဆန်တယ်။ ဟုတ်ပြီ။ မြန်မြန် စစ်တုရင် ကစားကြတာပေါ့။”

“ဘာတွေ ‌လောနေတာလဲ။” မိန်းမဆန်သည်ဟု အပြစ်ပြောခံရသော နတ်သူငယ်အမျိုးသားက ဒေါသမထွက်ပေ။ သူက ဖြည်းဖြည်းချင်းသာ တစ်ငုံ သောက်လိုက်၏။ “စစ်တုရင် ကစားတာက သေရည်သောက်ရသလိုမျိုးပဲ။ ဖြည်းဖြည်းချင်း အရသာ ခံရတာ။ တောနေ လူပုအပါအဝင် မင်းလို လူကြမ်းတွေကတော့ နားလည်မှာ မဟုတ်ပါဘူး။”

“ဟမ့်။ မြန်မြန်သာ ရွှေ့စမ်းးပါ။ မဟုတ်ရင် မင်းရှုံးတယ်လို ငါ သတ်မှတ်လိုက်မယ်။” လူပုအိုကြီးက သေရည်တစ်ငုံ သောက်လိုက်သည်။ သူက စကားပြောတော့မည့် အချိန်၌ မျက်နှာချင်းဆိုင်နံရံပေါ်ရှိ မြေပံဒတစ်ခုက အရောင်လက်လာပြီး တဇက်ဇက် မြည်နေသည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် ပြောလိုက်သည်။ “ဟေး။ မင်းရဲ့ မှော်စက်ဝိုင်းဆိုတာကြီး ချိုးဖျက်ခံလိုက်ရပြီ။”

“အိုး....” နတ်သူငယ်က မုန့်တစ်တုံး ကောက်ယူပြီး အေးအေးဆေးဆေးပင် ပါးစပ်ထဲထည့်ကာ ဝါးနေလိုက်သည်။ “ဒီနေ့က ကြယ်အလင်းကောလိပ်ရဲ့ အဆင့်မြင့် ပထမဘွဲ့အတွက် စမ်းသပ်ချက်ပဲ။ ကြည့်ရတာ ဒီတစ်ခေါက် စမ်းသပ်ချက်မှာ ပါဝင်တဲ့ ကျောင်းသူ/သား အရည်အသွေးက အတော်လေး ကောင်းတဲ့ပုံပဲ။ အနည်းဆုံးတော့ တစ်ယောက်က မှော်စက်ဝိုင်းမှာ ကျွမ်းကျင်တယ်။ အဲဒီကောင်လေး ဆိုခရစ်တီစ်က တြိဂံထွင်းစာအခင်းအကျင်းတွေမှာ အတော်လေး အတွေ့အကြုံများတာ ငါ မှတ်မိတယ်။ ဒီလောက်မြန်မြန် ချိုးဖျက်နိုင်တာက သူ့ရဲ့ သ‌ဘောအကျဆုံးတပည့် ဖြစ်လောက်တယ်။ ကံဆိုးချင်တော့ ဒါက နှုတ်မြိန်စာပဲ ရှိသေးတယ်။ နောက်မှာ အကြီးကြီးတွေ ရှိသေးတယ်....”

ဆိုခရစ်တီစ်က ကြယ်အလင်းကောလိပ်၏ လက်ထောက် ဌာနမှူးဖြစ်ပြီး လူသားများ၏ နာမည်ကျော် ထိပ်တန်း မှော်စက်ဝိုင်း ဆရာသခင်တစ်ယောက် ဖြစ်သည်။ သူက အတော်လေး လေးစားခံရပြီး လူသိများသည်။ သို့ရာတွင် ထိုနတ်သူငယ်၏ ပါးစပ်ထဲ၌ သူက “ကောင်လေး” ဖြစ်သွားခဲ့ရသည်။

သူတို့နှစ်ယောက်က သေရည်သောက်ဝိုင်း စစ်တုရင် ဆက်စကားနေခဲ့သည်။ ရုတ်တရက် မြေပုံပေါ်၌ တဇက်ဇက် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ နတ်သူငယ်က အနည်းငယ် မျက်ခုံးပင့်လိုက်ပြီး လူပုအိုကြီးက ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဒါက ဒုတိယမြောက်ပဲ။ ကြည့်ရတာ ဆိုခရစ်တီစ်က အထင်ကြီးလောက်တဲ့ တပည့်တစ်ယောက် ရထားတဲ့ပုံပဲ။”

နတ်သူငယ်က ခေါင်းညိတ်လိုက်သည်။ “တကယ့်ကို အံ့အားသင့်စရာပဲ။ ဒီတစ်ခေါက် သူ ဘယ်လောက်ကိုပဲ ရောက်နိုင်ရောက်နိုင်၊ ဒီလိုအလားအလာရှိတဲ့ လူငယ်လေးကို ငါတို့ သွားတွေ့သင့်တယ်။”

ခဏကြာပြီးနောက် စတုတ္ထအကြိမ်မြောက် တဇက်ဇက်အသံ ထွက်လာခဲ့သည်။

ထိုအချိန်တွင် နတ်သူငယ်နှင့် လူပုအိုကြီးတို့က စစ်တုရင်ကစားချင်နေစိတ် မရှိတော့ဘဲ မှော်မြေပုံကိုသာ ကြည့်နေလိုက်ကြသည်။ နောက်ဆုံး၌ ပဉ္စမမြောက် နေရာ၌ လင်းလာ၏။ လူပုအိုကြီး ဘန်းဒ်က ခေါင်းကိုတ်လိုက်သည်။ “ပါးနပ်သားပဲ။ သူက နဂါးမိုးကြိုးသတ်ဖြတ်ခြင်း အခင်းအကျင်းကို ၃၅မိနစ်နဲ့ ဖြတ်ကျော်ခဲ့တယ်။ အဲဒီအချိန်တုန်းက ငါ့ထက် ၁၀မိနစ်ထဲ နောက်ကျတယ်။ ကံကောင်းလို့ သူက ဖြတ်ရုံပဲ ဖြတ်သွားတယ်။ မချိုးဖျက်ခဲ့ဘူး။ မဟုတ်လို့ကတော့ ငါ့ရဲ့မျက်နှာအိုကြီးကို ဘယ်မှာထားရမလဲ မသိတော့ဘူး...”

သူ စကားပြော မပြီးသေးခင်မှာပင် တဇက်ဇက်အသံ ထွက်ပေါ်လာပြီး လူပုအိုကြီးက ဓာတ်လိုက်သွားသကဲ့သို့ပင် ထခုန်လိုက်သည်။ “ချိုးဖျက်သွားပြီလား။ မဖြစ်နိုင်ဘူး။ ဖီနိုအီရာ။ နဂါးမိုးကြိုးသတ်ဖြတ်ခြင်း အခင်းအကျင်းက ရှေးနဂါးမိသားစုရဲ့ ထွင်းစာတွေနဲ့တောင် ပေါင်းစပ်ထားတာ မဟုတ်လား။ မင်း တစ်ခုခု ပြင်ဆင်လိုက်တာလား။”

နတ်သူငယ်က မြေပုံကို လေးနက်စွာ ကြည့်လိုက်သည်။ “ဘာမှ မပြင်ဆင်ဘူးဆိုတာ ငါမင်းကို ပြောရဲတယ်။”

လူပုက အသည်းအသန် မျက်မှောင်ကြုတ်လိုက်နေလိုက်သည်။ “ဆိုခရစ်တီစ်ရဲ့ တပည့်က ဒီလောက်တောင် အစွမ်းအစ ရှိတာလား။”

“မဟုတ်ဘူး။ ဆိုခရစ်တီစ် ကိုယ်တိုင်တောင် ဒီလိုစွမ်းရည်မျိုး မရှိဘူး...” နတ်သူငယ်က ပင့်သက်ရှိုက်လိုက်၏။ “မိတ်ဆွေ။ စိတ်ကို အေးအေးထားပြီး သေရည် သောက်ကြတာပေါ့။ အနည်းငယ် မှော်စက်ဝိုင်း မဟာဆရာသခင်တစ်ပိုင်း ဖြစ်နိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်ကို မြင်ရဖို့ မကြာလောက်တော့ဘူး။”

All Chapters