မဟာဆရာသခင်
Vol. 44 Ch. 694
အမှန်တကယ်၌ မှော်စက်ဝိုင်းများကို ချိုးဖျက်ရသည်မှာ ချန်လွေ့အတွက် မလွယ်ကူပေ။ သို့သော်လည်း အကျိုးအမြတ်က လုံးဝ တန်ပေ၏။ လက်တွေ့နှင့် သီဝရီ နှစ်ခုလုံးက မှော်စက်ဝိုင်းတွင် အလွန် အရေးပါလှသည်။ အကယ်၍ တစ်ခုတည်းသာဆိုလျှင် တန်ဖိုး အနည်းငယ်သာ ရှိပေလိမ့်မည်။ တိုးတက်မှု ရရှိရန်အတွက် အဆက်မပြတ် မှတ်သား၊ လေ့လာရန် လိုအပ်ပေသည်။
ဖီနိုအီရာက စစ်မှန်သော မှော်စက်ဝိုင်း မဟာဆရာသခင်တစ်ပိုင်း ဖြစ်သည်။ ပြောရမည် ဆိုလျှင် သူ့အဆင့်က ချန်လွေ့ထက် အများကြီး မြင့်မားသည်။ သို့သော်လည်း ချန်လွေ့၌ နဂါးထွင်းစာနှင့် ရှေးမှော်စာ အသိပညာများ ရှိနေသည့်အတွက် အကြမ်းဖျင်းအားဖြင့် ဖီနိုအီရာကို ယှဉ်နိုင်၏။ ထိုကဲ့သို့ အဆင့်တူပြိုင်ဘက်နှင့် [ အထူးစိစစ်မှု ] ၏ အကူအညီနှင့်အတူ ချန်လွေ့က မှော်စက်ဝိုင်း အသေးစိတ်နှင့် ပညာရပ်များ အပါအဝင် အဖိုးတန်သော အတွေးအမြင် အများအပြားကိုလည်း ရရှိခဲ့ပေသည်။
သို့သော် သတ္တမမြောက် မှော်စက်ဝိုင်းမှစ၍ ချန်လွေ့က ဆက်မချိုးဖျက်တော့ပေ။ ထိုအစားက သူက တည့်တည့်သာ ဖြတ်ကျော်သွားလိုက်သည်။ ပထမဆုံးအနေဖြင့် သူက အချိန်အများကြီး မကြန့်ကြာချင်တော့ပေ။ ဒုတိယအနေဖြင့် သူက ဖီနိုအီရာ၏ အခင်းအကျင်း ပုံစံကို ရင်းနှီးနေပြီ ဖြစ်သည်။ ထို့ကြောင့် အတွေးအမြင်များ ရရှိရန်အတွက် ချိုးဖျက်နေရန် မလိုအပ်တော့ပေ။ တတိယအနဖြင့် သူက သွားလည်တော့မည့် မဟာဆရာသခင်၏ မျက်နှာကိုလည်း ထောက်ချင်နေခဲ့သည်။
နောက်ဆုံးမှော်စက်ဝိုင်းကို ဖြတ်သွားပြီးနောက် ချန်လွေ့က ခရီးပန်းတိုင်ဖြစ်သော ခရမ်းနှလုံးသား သစ်ပင်အိမ်ကို မြင်လိုက်ရသည်။
ထိုနေရာက အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ခုနှင့်သာ တူနေပြီး သစ်ပင်အိမ်နှင့် သိပ်မတူလှပေ။ ခရမ်းရောင်ပင်စည်ပေါ်၌ အိမ်ငယ်လေးတစ်လုံး ရှိနေ၏။
ထိုပုံစံက ချန်လွေ့စိတ်ကူးထားသော မဟာဆရာသခင်အိမ်နှင့် အတော်လေး ကွဲပြားနေသည်။ ဒီလောက်သေးတဲ့အိမ်က... လူတစ်ယောက်လောက်ပဲ လှဲနေဖို့ လုံလောက်တယ်။ နတ်သူငယ်မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော ယန္တရား မဟာဆရာသခင်က ဒီနေရာမှာ နေတာလား။
ထိုအချိန်၌ သစ်ပင်အိမ်တံခါး ပွင့်လာသည်။ ချန်လွေ့အရှေ့ မြေပြင်ပေါ်သို့ ရောင်လျှံတစ်ခု ထိုးကျလာပြီး ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။ တစ်ယောက်က အလွန်ငယ်ရွယ်သော မျက်နှာသွင်ပြင်ရှိသည့် သွယ်လျသော နတ်သူငယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သာမန်နတ်သူငယ်များကဲ့သို့ မောက်မာပြီး အဆင့်အတန်းမြင့်မားဟန်နှင့် လုံးဝကွဲပြားနေပြီး သဘာဝဆန်ပြီး ဖော်ရွေသော ခံစားချက်တစ်ခု ပေးစွမ်းနေ၏။ သူ၏ တည်ငြိမ်သောအကြည့်က ရင့်ကျက်မှုနှင့် ဉာဏ်ပညာကို သယ်ဆောင်ထားလေသည်။ သူ့ဘေးတွင် အလွန် အသက်ကြီးနေပြီ ဖြစ်သော မုတ်ဆိတ်မြူ လူပုတစ်ယောက် ရှိနေ၏။ သို့သော် တကယ့် အသက်ချင်း ယှဉ်မည်ဆိုလျှင် သူက “ငယ်ရွယ်သော” နတ်သူငယ်ကို မယှဉ်နိုင်လောက်ပေ။
နတ်သူငယ် အမျိုးသားက စကားပြောလာသည်။ “ငါက ဖီနိုအီရာပါ။ ဒါက သစ်တောနေလူပုမျိုးနွယ်ရဲ့ ယန္တရား မဟာဆရာသခင် ဘန်းဒ်။ ခရမ်းနှလုံးသား သစ်ပင်အိမ်ကနေ ကြိုဆိုပါတယ်။ လူသားမိတ်ဆွေလေး။”
“ဆာ-မဟာဆရာသခင် ဖီနိုအီရာနှင့် ဆာ-မဟာဆရာသခင် ဘန်းဒ်တို့နဲ့ တွေ့ရတာကို ရစ်ချက် ဝမ်းသာမိပါတယ်။” မဟာဆရာသခင်နှစ်ယောက် ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ချန်လွေ့က လျစ်လျူရှုမနေရဲဘဲ အရိုအသေ ပြုလိုက်သည်။
ဖီနိုအီရာနှင့် ဘန်းဒ်တို့က အရိုအသေ ပြန်ပြုသည်။ နတ်သူငယ် မဟာဆရာသခင်က ပြောသည်။ “ဆာ-ရစ်ချက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ဆာ ပြသခဲ့တဲ့ မှော်စက်ဝိုင်း အစွမ်းအစက ကျုပ်တို့နဲ့ တန်းတူညီမျှ ဆက်သွယ်ပြောဆိုဖို့အတွက် အရည်အချင်း ပြည့်မှီနေပါပြီ။ ကျုပ်နဲ့အတူ သစ်ပင်အိမ်ထဲကို လိုက်ခဲ့ပေးပါ။”
ချန်လွေ့က ခဏစဉ်းစားလိုက်ပြီးနောက် တုံ့ဆိုင်းမှုမရှိဘဲ ရောင်လျှံထဲသို့ လမ်းလျှောက် ဝင်သွားလိုက်သည်။ ရောင်လျှံက နေရာအသေမှတ်ထားသော တယ်လီပို့ခုန်သည့် သက်ရောက်မှု ရှိနေသည်။ ချန်လွေ့က တောက်ပပြီး ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားကြောင်း ခံစားလိုက်ရသည်။ ထိုနေရာက ခမ်းနားကြီးကျယ်သော ပုံစံကွက်များနှင့် အနုစိတ်သော ပစ္စည်းများ ရှိနေသည့် ခန်းမတစ်ခု ဖြစ်၏။ အခန်းလည်း အများအပြား ရှိနေသည်။
“ဒါက..သီးခြား တည်ဆောက်ထားတဲ့ နေရာလွတစ်ခုပဲ။ ဒါကို ပြီးပြည့်စုံတဲ့ ဆဋ္ဌဂံကိုင်းခွဲ တည်ဆောက်ပုံလို့ ခေါ်လို့ရတယ်။ ဆာ-ဖီနိုအီရာက ထိပ်တန်း နေရာလွတ် မှော်ပညာရှင် တစ်ယောက်လည်း ဖြစ်နေတာကိုး။ ဒါက တကယ့်ကို လေးစားစရာပါပဲ။” ထိုကဲ့သို့ သေးငယ်သော သစ်ပင်အိမ်ထဲ၌ ဇိုလာ၏ သက်တန့်တောင်ကြားနှင့် ဆင်တူသော လိုဏ်ဂူတစ်ခု ရှိနေခြင်း ဖြစ်သည်။ ထိုနေရာက အလွန် တည်ငြိမ်လှသောလည်း နေရာလွတ်က ပိုသေးသည်။
“ဆာ-ရစ်ချက်က အမြင်ကောင်းတာပဲ။ မင်းက နေရာလွတ် မှော်ပညာမှာလည်း အတွေ့အကြုံ ရှိတာလား။” ဖီနိုအီရာ၏ မျက်လုံးများက အံ့အားသင့်လျက် အရောင်တောက် သွားခဲ့သည်။ သီးသန့်နေရာလွတ်ကို သတိထားမိသည်က အံ့သြစရာ မဟုတ်သော်လည်း မည်ကဲ့သို့ နေရာလွတ်တည်ဆောက်ပုံ ဖြစ်ကြောင်းကို ချက်ချင်း ရှင်းပြနိုင်ခြင်းကို ရှားပေသည်။
ချန်လွေ့က ခေါင်းခါလိုက်သည်။ “ကံဆိုးချင်တော့ မှော်ပညာမှာ ကျုပ်ရဲ့ ပါရမီက သာမန် မှော်တပည့်တွေလောက်တောင် မကောင်းပါဘူး။ ကျုပ် သီဝရီအချို့ကိုပဲ နားလည်တာပါ။ ကျုပ်ကို မရယ်ပါနဲ့။ ဆာ-ဖီနိုအီရာ။”
လူပုအိုကြီးက စကားဖြတ်ပြောလိုက်သည်။ “အရည်အချင်းက အထူးပြုရတာပဲ။ လူတိုင်းက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နိုင်ပြီးတော့ တိုလီမိုလီတွေအကုန်လုံးကို လေ့လာနိုင်တဲ့သူ မဟုတ်ဘူး။”
ဖီနိုအီရာက အသာလေး ပြုံးလိုက်သည်။ “ဘန်းဒ်။ မနာလို မဖြစ်ပါနဲ့။ လရောင် နတ်ဘုရားမက တရားမျှတပါတယ်။ နတ်သူငယ်တွေက သက်တမ်းအကြာကြီး နေရပေမယ့် ကလေးရနိုင်တဲ့နှုန်းက မမြင့်ဘူးလေ။ ပြီးတော့ လူဦးရေ တိုးပွားနှုန်းကလည်း နှေးကွေးနေတာ။”
“ဟမ့်။ ကလေးရနှုန်းသာ မြင့်ရင် နတ်သူငယ်တွေက လောကကြီးကို အုပ်စိုးလိုက်တာ ကြာပြီလို့ ပြောလိုက်ပါတော့လား။”
ဖီနိုအီရာ ဘာမှ မပြောဘဲ ပြုံးနေပြီး လက်ကို ဝှေ့ရမ်းလိုက်သည်။ “ထိုင်ပါဦး။ ဆာ-ရစ်ချက်။”
ချန်လွေ့က ထိုင်ချလိုက်သည်။ “ဆာ-ဖီနိုအီရာ။ ဒီတစ်ခေါက် ကျုပ်လာတဲ့ပုံစံက နည်းနည်း ရိုင်းပျမိသွားတယ်။ ခွင့်လွှတ်ပေးပါ။”
“ရပါတယ်။ ဒီနေ့က ကြယ်အလင်းကောလိပ်ရဲ့ စမ်းသပ်ချက် ဖြစ်သွားတာကိုး။” ဖီနိုအီရာက ပြုံးလိုက်သည်။ “မင်းက မှော်စက်ဝိုင်းတွေ အားလုံးကို မဖျက်ဘဲနဲ့ ကျောင်းသူ/သားတွေ ဒီနေရာကို တစ်ခါတည်း ရှာတွေ့နိုင်အောင် မလုပ်ခဲ့တာနဲ့တင် ငါ့ကို မျက်နှာထောက်နေခဲ့ပါပြီ။”
ချန်လွေ့ ရယ်လိုက်ပြီး အများကြီး မရှင်းပြခဲ့ပေ။ မည်သို့နေရာ၌ဖြစ်စေ အစွမ်းအစ ရှိသူများကသာ ပြောဆိုခွင့် ရှိကြသည်။ အလွန်အကျွံ နှိမ့်ချနေခြင်းက ဆန့်ကျင့်ဘက် သက်ရောက်မှုများ ဖြစ်စေနိုင်ပေသည်။
“ကျုပ် လိုရင်းပဲ ပြောတော့မယ်။ ကျုပ်က မဟာဆရာသခင် ရစ်ခ်ရဲ့ အမွေအနှစ်ကို ဆာ-ဖီနိုအီရာဆီ လွှဲပြောင်းပေးဖို့အတွက် မြေထူရဲတိုက်က တောင်နေလူပုဘုရင် အိုဗ်ဂီရဲ့ အလုပ်အပ်တာကို လက်ခံထားရတဲ့အတွက် ငွေလကောင်းကင် မြို့တော်ကို ရောက်လာတာပါ။” ချန်လွေ့က ပုံကြမ်းဟောင်းတစ်ခုကို ထုတ်ယူပြီး ကမ်းပေးလိုက်သည်။
ပုံကြမ်းကို မြင်သည့်အခါ ဖီနိုအီရာက တုန်ယင်သွားခဲ့သည်။ သူက လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး သူ၏တည်ငြိမ်သော မျက်နှာပေါ်၌ ရှားရှားပါးပါး စိတ်လှုပ်ရှားမှုများ ရှိနေ၏။ ၎င်းကို သေသေချာချာ ကြည့်ပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ “ဒါပဲ။ သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။”
“ဒါက မင်းနဲ့ ရစ်ခ်တို့ အရင်တုန်းက အတူတူ သုတေသန လုပ်ခဲ့တဲ့ မှော်လက်နက် မဟုတ်လား။” ဘန်းဒ်က ခါးကိုင်းလိုက်ပြီး ပုံကြမ်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ဒီပုံကြမ်းက အတော်လေး ပါးပါးနပ်နပ် ဖုံးကွယ်ထားသော ထွင်းစာပညာရပ်တစ်ခု ရှိတယ်။ ပြီးတော့ ဒါက မပြည့်စုံဘူး။ မူလအရာကို မြင်နိုင်ဖို့အတွက် တစ်ခုနှင့် ပေါင်းစပ်ရမယ်။”
“ဟုတ်တယ်။ ငါ့မှာ တစ်ဝက် ရှိနေသေးတယ်။” ဖီနိုအီရာက အသားတူသော ပုံကြမ်း တစ်ခုကို ထုတ်လိုက်သည်။ နှစ်ခုကို ဆက်လိုက်သောအခါ ရွှေရောင်အလင်းများ တောက်သွားပြီး အသစ်စက်စက် ပြီးပြည့်စုံသော ပုံကြမ်းတစ်ခု ဖြစ်သွားခဲ့သည်။
အထူးပစ္စည်းတစ်ခုကို ထိုပုံကြမ်းပေါ်၌ ရေးဆွဲထားပြီး ဖြတ်ပိုင်းပုံများ အချက်အလက် စိစစ်မှုများနှင့် ပြည့်နေခဲ့သည်။ ချန်လွေ့က ထိုအရာကို ဖျပ်ခနဲ ကြည့်လိုက်မိပြီးနောက် ထိတ်လန့်သွားခဲ့သည်။ ဒီလိုအရာမျိုးလည်း တကယ်လို့ ရှိနေတာပဲ။ လုံးဝအပြိုင်ဖြစ်နေတဲ့ နေရာနှစ်ခုမှာတောင် တီထွင်မှုတွေနဲ့ စိတ်ကူးဖန်တီးမှုတွေက အံ့အားသင့်စရာကောင်းအောင် ဆင်တူနေသေးတယ် ထင်ရတာပဲ။
“ကျုပ်ထင်တာ မှန်မယ်ဆိုရင် ဒီမှော်လက်နက်က သာမန်လူတွေကို အသေးစား မှော်သလင်းကျောက်အမြောက်လိုမျိုး အစွမ်းထက် ပုဂ္ဂိုလ်တွေကို တိုက်ခိုက်နိုင်မယ့် စွမ်းရည်တွေ ပေးနိုင်တယ်။” ချန်လွေ့က ပြောသည်။ “တကယ်လို့ တိုက်ပွဲဗျူဟာသာ မှန်မယ်ဆိုရင် အလယ်ဆင့်နဲ့ အမြင့်ဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေကို ဟန့်တားနိုင်လိမ့်မယ်။ ဒါက အနာဂတ်စစ်ပွဲပုံစံကို ပြောင်းလဲသွားစေနိုင်လောက်တယ်။ ဒါပေမဲ့ အခုလက်ရှိတော့ ဒီလက်နက်ရဲ့ ပုံစံက အားနည်းချက်တွေ အများကြီးရှိနေသေးတဲ့ အခြေခံပုံစံပဲ ရှိသေးတယ်။ ဥပမာ ပစ်မှတ်ချိန်တာ....”
ဖီနိုအီနာနှင့် ဘန်းဒ်တို့က နားထောင်လေလေ ပို၍ အံ့သြလာလေလေ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ မှတ်ချက်မျိုးက မှော်စက်ဝိုင်း အသိပညာ အတိုင်းအတာကို ကျော်လွန်သွားပြီ ဖြစ်သည်။ တကယ့် အဂ္ဂိရိတ်ပညာရှင် သို့မဟုတ် မဟာဆရာသခင်တစ်ယောက်ကသာ ထိုကဲ့သို့ ထူးခြားကောင်းမွန်သော အတွေးအမြင်များ ရှိနိုင်ပေသည်။ အချို့အမြင်များက ဖီနိုအီရာကိုပင် ရှုထောင့်အသစ်မှ မြင်နိုင်အောင် ဉာဏ်ကွန့်မြူးမှုများ ဖြစ်စေခဲ့သည်။
ထိုမှော်လက်နက် တည်ဆောက်ပုံ၏ ပုံသဏ္ဌာန်က အခြားလောကမှ အပူလက်နက်နှင့် အတော်လေး ဆင်တူသည်။ ချန်လွေ့က ၎င်းထံမှ အမှတ်တရ အများအပြား ရှိခဲ့သည်။ သူက ပစ်မှတ်ချိန်သော အကြံဉာဏ်ကိုသာ ဖော်ပြခဲ့သည်။
ချန်လွေ့ စကားပြောပြီးနောက် နတ်သူငယ် မဟာဆရာသခင်က ကြားရသည်များကို သေသေချာချာ မှတ်ယူနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူက ပင့်သက်ရှိုက်လိုက်ပြီး လူသားကို စိတ်အားထက်သန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါက ကျောက်စိမ်းသစ်တောပင်လယ်ကနေ အပြင်မထွက်တာ အတော်လေး ကြာခဲ့ပြီ။ ကြည့်ရတာ ငါက အပြင်လောကနဲ့ အတော်လေး အဆက်အသွယ် ပြတ်နေတဲ့ပုံပဲ။ ဒီလိုမျိုး လူသားပါရမီရှင် အဂ္ဂိရိတ် မဟာဆရာသခင်တစ်ယောက် ဘယ်တုန်းက ဒီလောကမှာ ပေါ်ထွက်လာလဲဆိုတာ ငါ မသိခဲ့ဘူး။”
“ဒီလို အတွေးအမြင်မျိုးကို ငါ လေးစားအားကျတယ်လို့ပဲ ပြောနိုင်တယ်။ ဒါကြောင့် အဲဒီကလေး အိုဗ်ဂီက လူသားတစ်ယောက်ကို ဒီလာဖို့ အပ်နှင်းခဲ့တာကိုး။ မင်းက အသက် ၃၀တောင် မပြည့်သေးဘူးလား။” လူပုအိုကြီးက ခေါင်းကို ကုတ်နေလိုက်သည်။ “ကြည့်ရတာ ဖီနိုအီရာနှင့် ငါက နှစ်ပေါင်းများစွာ အလကား နေနေခဲ့ကြတဲ့ပုံပဲ။”
“မဟာဆရာသခင်နှစ်ယောက် အထင်လွဲနေပါပြီ။ တကယ်တော့ ကျုပ် မဟာဆရာသခင် ဖြစ်ဖို့အတွက် အများကြီး လိုပါသေးတယ်။ ဒီတစ်ခေါက် ကျောက်စိမ်းသစ်တောပင်လယ်ဆီ ကျုပ်လာခဲ့ရတာက မဟာဆရာသခင်နှစ်ယောက်ကို ယန္တရားစွမ်းရည်တွေရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်အကြောင်း မေးမြန်းချင်လို့ပါ။” ချန်လွေ့က စိတ်ပြောင်းလိုက်ပြီး ဘန်းဒ်ကိုပါ ထပ်ထည့်လိုက်သည်။
ဘန့်ဒ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဒီစကားတွေက လူသားတွေ ကောက်ကျစ်တယ် ဆိုတာက အပြည့်အဝ ပြသနေတာပဲ။ ငါက မဟာဆရာသခင်ဖြစ်တာ တစ်နှစ်တောင် မပြည့်သေးဘူး။ ဖီနိုအီရာကလွဲရင် သစ်တောနေလူပု အထက်တန်းလွှာတွေပဲ သိကြတာ။ သစ်တောပင်လယ်မှာ မဟာဆရာသခင်နှစ်ယောက် ရှိတယ်လို့ မင်း ဘယ်က ကြားတာလဲ။”
“ဆာ-ရစ်ချက်။ စိတ်မရှိပါနဲ့။ မင်းက တောင်နေလူပုရဲ့ မိတ်ဆွေဆိုမှတော့ လူပုမျိုးနွယ်က စကားကို ဒီလိုမျိုး တဲ့တိုးပြောတတ်တာ သိမှာပါ။ ဒါပေမဲ့ လူပုတွေမှာ ဆိုရိုးတစ်ခုရှိတယ်။ “တူက အမှန်တရားကို အပြောနိုင်ဆုံးပဲ”တဲ့။ ဆာက ငါတို့လို အဘိုးကြီးနှစ်ယောက်ကို ယန္တရားစွမ်းရည်တွေ ပြပေးနိုင်မလား။” ဖီနိုအီရာက ဘေးနားအခန်းကို ဖျပ်ခနဲ ကြည့်လိုက်ရာ ထိုအခန်း၏တံခါး ပွင့်သွားခဲ့သည်။ အတွင်းထဲတွင် သီးခြားနေရာလွတ်တစ်ခု ရှိနေပြီး ယန္တရားအခန်း ဖြစ်ပေသည်။
“ရတာပေါ့။ ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါ။” ချန်လွေ့က ဖီနိုအီရာ၏ ထောက်ပြချက်များ ပေးမည့်ရည်ရွယ်ချက်ကို ကြားသည့်အခါ အလွန်ပျော်သွားခဲ့သည်။
သိဒ္ဓိအလင်းတောင်၊ သိဒ္ဓိကောင်းချီးတောင်ထွတ်ရှိ ကျက်သရေတောအုပ်ထဲ၌ -
တောင်ပံလေးခုနှင့် တမန်တော်ရုပ်ထု၏လက်ထဲမှ စာအုပ်က ရုတ်တရက် အနီရောင် မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အနီးအနားရှိ တောအုပ်ကလည်း လောင်ကျွမ်းသွားပြီး ကျက်သရေတောအုပ်က လောင်ကျွမ်းနေသော အငွေ့အသက်များ ပြည့်နေခဲ့သည်။ အကယ်၍ ချန်လွေ့က ထိုနေရာ၌ ရှိနေမည်ဆိုလျှင် ပတ်ပတ်လည်မှ ယုံကြည်မှုစွမ်းအား စီးဆင်းမှုက နှစ်ဆတိုးသွားကြောင်း အာရုံခံမိမည် ဖြစ်သည်။
လောင်ကျွမ်းနေသော အငွေ့အသက်များ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထူးဆန်းသည်မှာ ခုနက လောင်ကျွမ်းနေဆဲဖြစ်သော အဖြူရောင် သစ်ပင်များက လောင်ကျွမ်းခံရသည့် လက္ခဏာ လုံးဝရှိမနေဘဲ သစ်ရွက်များကသာ ချစ်ချစ်တောက် အနီရောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယောက်ျားတစ်ယောက်က ကျက်သရေသစ်တော အပြင်ဘက်၌ ပေါ်ထွက်လာပြီး ထိုနေရာ၌ ပုပ်ရဟန်းမင်း ဗန်တီစ် ဦးဆောင်သော သိဒ္ဓိအလင်းတောင်၏ အဓိကခေါင်းဆောင်သုံးယောက်က တရိုတသေနှင့် စောင့်ဆိုင်းနေကြသည်။
အစ်ဇ်ရိုယူး ပေါ်ထွက်လာသည်ကို မြင်သည့်အခါ သူတို့သုံးယောက်က တပြိုင်နက်တည်း ပြောလိုက်ကြသည်။ “ဂုဏ်ပြုပါတယ်။ ဆာ-အစ်ဇ်ရိုယူး။”
အစ်ဇ်ရိုယူး၏ မျက်လုံးထဲ၌ ပျော်ရွှင်မှု အရိပ်အယောင် ရှိနေသည်။ “ဒီတစ်ခေါက် ငါ အောင်မြင်သွားခဲ့ပြီ။ စစ်မှန်မီးတောက်အချုပ်အနှောင်ရဲ့ စွမ်းအားက စီရင်ချက်စာအုပ်နဲ့ လုံးဝ ပေါင်းစပ်သွားပြီ။ ဒီအတွက် ယူဒိုရာက အဖိုးတန် မီးဒြပ်စင်ရတနာတွေကို ထောက်ပံ့ပေးခဲ့တယ်။ သူ့ရဲ့ အကျိုးပြုမှုက မရှိမဖြစ်ပဲ။”
“ဆာ့အတွက် အကျိုးပြုနိုင်တာက ယူဒိုရာအတွက် ဂုဏ်ယူစရာ တစ်ခုပါ။” ယူဒိုရာက ဦးညွှတ်လိုက်သော်လည်း သူက စိတ်ထဲ၌ မကျေမနပ် ဖြစ်နေခဲ့သည်။ အမှန်တကယ်၌ ထိုမီးဒြပ်စင် ရတနာများက ဇာမဏီငှက်ဥအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ မုန်းစရာ ရစ်ချက်က ဇာမဏီငှက်ဥကို ခိုးသွားသည့်အတွက် သူ၏ ယခင်လုပ်ရပ်ကို လုံးဝ စွန့်ပယ်လိုက်ရသည်။ ယခုတွင် သူက ရွေးစရာ မရှိတော့ဘဲ အစ်ဇ်ရိုယူးထံ ရတနာများကို စတေးလိုက်ရလေသည်။
“ငါက ဆုပေးဒဏ်ပေးကို သေသေချာချာ နားလည်တဲ့ လူတစ်ယောက်ပါ။ ဆာ-ရာဖယ်ရယ် ရှေ့မှာ ငါမင်းကို အကောင်းပြောပေးမယ်။” ထိုစကားများက ယူဒိုရာကို အလွန် ပျော်ရွှင်သွားစေခဲ့သည်။ အစ်ဇ်ရိုယူးက ဗန်တီစ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ဗန်တီစ်ကတော့ ကျောင်းတော်ရဲ့ အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်အနေနဲ့ သိဒ္ဓိပန်းပင် ပျောက်ဆုံးသွားတဲ့ အတွက် အကြီးမားဆုံး တာဝန်ကို ယူရမယ်။ အပြစ်ဒဏ်ခံရမှာ အသေအချာပဲ။ ဒါပေမဲ့ ဒီမတိုင်ခင်တော့ သိဒ္ဓိပန်းပင်တွေကို ပြန်ရနိုင်မယ့် လျို့ဝှက်ချက် ရှိမရှိကို သိရဖို့အတွက် အဲဒီအယူမှားကောင်ကို ကိုယ်တိုင် သွားဖမ်းရမယ်။”
နှင်းဒဲလက်ပန်းပင်ကို ပြန်ရသည်နှင့် ထိုအဖြစ်အပျက်၏ မကောင်းသော အကျိုးဆက်များက ကြီးကြီးမားမား လျော့ကျသွားမည် ဖြစ်သည်။ ဗန်တီစ်က အမြန်ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်။ ဆာ။ အခုလက်ရှိမှာ အရှေ့ပိုင်းကို လုံးဝ ချိပ်ပိတ်ထားပြီးပါပြီ။ အထူးသဖြင့် တယ်လီပို့လမ်းကြောင်းနဲ့ ခရီးသွားလို့ရတဲ့ အင်ပါယာတွေကိုပါ။ ဆာက အရှေ့ပိုင်းဒေသကို အရင်သွားပြီးတော့ [ ကောင်းကင်ထောက်လှမ်းခြင်း ] ကို အသက်သွင်းလိုက်ပါ။ အဲဒီ အယူမှားကောင်က ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”
အစ်ဇ်ရိုယူးက အသာလေး ခေါင်းညိတ်လိုက်ပြီး လက်ကိုဖြန့်လိုက်ရာ မှိန်ပျပျ သွေးပုတီးလုံးတစ်ခု ပေါ်ထွက်လာသည်။ သူ၏ မျက်လုံးများက ချစ်ချစ်တောက် အငွေ့အသက်များ ပစ်လွှတ်နေခဲ့သည်။ “မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီတစ်ခေါက် ငါ့လက်ထဲကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။”