← Chapters

ကြင်ယာလောင်း

Vol. 44 Ch. 696

ကြင်ယာလောင်း

Vol. 44 Ch. 696

“အားလုံး မတောင်းပန်သင့်ဘူးလား။” မီရှယ်က လန်ဘိစ်ကို အစကတည်းက သဘော မတွေ့သည့်အတွက် မကျေမနပ်နှင့်‌ ပြောလိုက်၏။

“မလွန်လာနဲ့။ မီရှယ်။” ဖေးလီက မျက်မှောင်ကြုတ်လိုက်သည်။ “စီနီယာ လန်ဘိစ်က ကျက်သရေပြာ အင်ပါယာက....”

“မီရှယ်။ ထားလိုက်တော့။” ချန်လွေ့က ယနေ့တွင် အတော်များများ အကျိုးအမြတ် ရရှိခဲ့သည့်အတွက် စိတ်ကောင်းဝင်နေခဲ့သည်။ “ဒီလိုလူတွေကို ဂရုစိုက်နေစရာ မလိုဘူး။ သွားရအောင်။”

“မလိုဘူးဆိုတာ ဘာပြောတာလဲ။ ထပ်ပြောရဲ ပြောကြည့်။” ထိုသူက အေးစက်ပြီး မောက်မာသည့် ကျောင်းသား ချူအင် ဖြစ်သည်။ သူ၏ မျက်လုံးများက ရန်စမှုများ ပြည့်နေ၏။ အာရုံစိုက်မှု အများအပြားရရှိခဲ့သော ထိုကဲ့သို့ “ပါရမီရှင်”တစ်ယောက်အနေဖြင့် သက်သက်ကြီး အဖက်မလုပ်ခံရခြင်းကို ပါးရိုက်ခံရခြင်းထက် ပို၍ပင် အရှက်ရစေသည်။

“အရှုံးကို လက်မခံနိုင်ဘဲနဲ့ စကားများချင်သေးတာလား။” ချန်လွေ့က အခြေအနေ မကောင်းသော ကျောင်းသူ/သားများကို အထင်သေးစွာဖြင့် ဖျပ်ခနဲ ကြည့်လိုက်သည်။ “အင်ပါယာ တစ်ခုလုံး နာမည်ကျော်ကြားတဲ့ ကြယ်အလင်းကောလိပ်က ကျောင်းသား/သူတွေရဲ့ အရည်အသွေးက ဒီ‌လောက်ပဲဆိုတာ ပြောလို့ရနေတယ်။”

ချူအင်က ဒေါသထွက်သွားပြီး လှုပ်ရှားရန် ပြင်လိုက်စဉ် တုတ်တုတ်ခိုင်ခိုင်နှင့် ကောလိပ် ဆရာတစ်ယောက်က ရှေ့သို့ထွက်လာပြီး ရန်လိုသော စိတ်အင်အား ဖိနှိပ်မှုများကို ပြသလိုက်သည်။ “ကျောင်းသူ/သားတွေက ရိုင်းပျမိရင် တောင်းပန်လို့ရတယ်။ ဒါပေမဲ့ မင်းက ကြယ်အလင်းကောလိပ်ကို စော်ကားရင်တော့ ငါတို့ကို ဖြေရှင်းချက် ပေးရမယ်။”

ထိုဆရာ၏နာမည်က အန်ဒရူးဖြစ်ပြီး သူက ပုံမှန်အားဖြင့် အားနည်းချက်များကို အကာအကွယ်ဆုံး ဖြစ်သည်။ သူက ထိုစမ်းသပ်ချက် စောစော ပြီးသွားသည်ကို စိတ်ထဲ၌ မကျေမနပ် ဖြစ်နေခဲ့သည်။ ခုနက မဟာဆရာသခင် ဖီနိုအီရာ အရှေ့၌ သူ ဘာမှ မပြောခဲ့ပေ။ ယခုတွင် တစ်ဖက်လူ၏ ကြယ်အလင်းကောလိပ်အပေါ် “မေးခွန်းထုတ်ခြင်း”ကို ကြားသည့်အခါ ချက်ချင်းပင် ထိုကိစ္စကို ဆွဲထည့်လိုက်၏။

“ဒါက စော်ကားတာ ဟုတ်လား။ ဒီလိုကျောင်းသားများရှိတာ ဘာလို့လဲလို့ ကျုပ် သဘောပေါက် သလို ရှိလာပြီ။ ကလေးတွေကို လမ်းမှားစေတဲ့ ဆရာတစ်ယောက် ရှိနေတာကိုး။” ချန်လွေ့က အေးစက်သည့် အငွေ့အသက်နှင့် ပြုံးလိုက်သည်။ “ရှင်းပြချက် အနေနဲ့ကတော့.....”

ထိုအချိန်၌ စိတ်ဝိညာဉ် အာရုံခံနိုင်သော ဆံပင်နီကောင်မလေး အေရီရယ်က ရုတ်တရက် ကြက်သီးထသွားခဲ့၏။ ချန်လွေ့အပေါ် သူ၏အကြည့်က အကြောက်တရားများ ပြည့်နေခဲ့သည်။

အန်ဒရူးက ရုတ်တရက် ကြောက်မက်ဖွယ်ရာ စိတ်စွမ်းအား ဖိနှိပ်မှုများဖြင့် လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။ သူ၏ သေးငယ်သော ဖိနှိပ်မှု အငွေ့အသက်က လေပြင်းအောက်မှ ဖယောင်းတိုင်မီး တစ်ခုကဲ့သို့ ဖြစ်နေပြီး ချက်ချင်းပင် ငြိမ်းသွား၏။

သွေးပင်လယ်နှင့် အလောင်းတောင်မှ ဖြစ်တည်လာဟန်တူသော အလွန်အမင်း ကြမ်းတမ်းလှသည့် သတ်ဖြတ်ချင်စိတ် ချီစွမ်းအင်တစ်ခု ရှိနေသည်။ ထိုအရာက အန်ဒရူးကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေခဲ့သည်။ တစ်ဖက်လူက လှုပ်ရှားလိုက်သိသည်နှင့် သူ၏ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ချက်ချင်း ချေမှုန်းခံရမည်ဖြစ်ကြောင်း အန်ဒရူး၏ မသိစိတ်ထဲ၌ ခံစားမိနေသည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

‌ အေရီရယ်မှလွဲ၍ နောက်မှ ကျောင်းသား/သူ အများစုက အန်ဒရူး၏ မူမမှန်မှုကို သတိမထား မိခဲ့ပေ။ သို့သော် နောက်ထပ် လူကောင်တောင့်တောင့်နှင့် ဆရာတစ်ယောက် ဖြစ်သော တုရီယာဗီက အန္တရာယ်ကို အာရုံခံမိသည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ ထူးထဲသော အဝါရောင် ကြေးမုံကဲ့သို့ အလင်းရောင်များ တောက်လာပြီး ခြေကိုတော့ကာ အန်ဒရူးအရှေ့၌ ကာကွယ်ထားနေခဲ့ပြီ ဖြစ်သည်။ “သတိထား။”

တုရီယာဗီက ခုခံသည့်အနေအထား လုပ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်က ရုတ်တရပ် ရပ်တန့်ပြီး နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်နေခဲ့၏။

“ဒီနေရာက ငွေလကောင်းကင်မြို့တော်မို့လို့ ကံကောင်းတယ်မှတ်။ နတ်သူငယ်မျိုးနွယ်စုနဲ့ မဟာဆရာသခင် ဖီနိုအီရာရဲ့ မျက်နှာကို ထောက်နေလို့....” ချန်လွေ့က အေးစက်စက်နှင့် သရော်လိုက်ပြီး ဆက်မပြောတော့ပေ။ သူက မီရှယ်နှင့် ဘလန့်ချ်တို့ကို ပြောသည်။ “သွားရအောင်။”

ချန်လွေ့က အားလုံးကို ဂရုမစိုက်ဘဲ ထွက်သွားနေသည်ကို မြင်သည့်အခါ ကျောင်းသူ/သားများက ဒေါသထွက်သွားကြသည်။ ချူအင်က ထိန်းမနိုင်တော့ပေ။ သူ၏ လက်ထဲ၌ ဓားရှည်တစ်လက် ပေါ်ထွက်လာပြီး လေထဲသို့ ခုန်လိုက်သည်။ သူက အော်ဟစ်ပြီး ခုတ်ပိုင်းတော့မည့်အချိန်၌ တလက်လက် မီးတောက်တစ်ခုကို မြင်လိုက်ရပြီး လေထုက ချက်ချင်း ပူလောင်လာခဲ့သည်။

ပြင်းထန်သော အန္တရာယ်ခံစားချက်ကြောင့် ချူအင်က ဓားဖြင့် အလောတကြီး ခုခံလိုက်ရာ ချက်ချင်းပင် နောက်သို့ လွင့်သွားခဲ့သည်။ သူက ကြယ်အလင်းကောလိပ်ရှိ ထိပ်တန်း ၁၀ ဦးထဲမှ တစ်ဦး ဖြစ်ပေသည်။ သူတော်စင်အဆင့်သို့ ရောက်ရှိတော့မည့် လူငယ် ပါရမီရှင်လေးက လေထဲ၌ သုံးလေးပတ်လည်သွားပြီးနောက် မတ်မတ်ရပ်နိုင်ရုံသာ ရှိနေခဲ့သည်။ သူက လက်ထဲရှိဓားမှ ကြောက်မက်ဖွယ်ရာ အပူရှိန်ကို ခံစားမိလိုက်ပြီး မြဲမြဲမကိုင်နိုင်တော့ဘဲ လွှတ်ချလိုက်သည်။ မြေပေါ်ကျသွားသည့်အခါ ဓားသွားက ချက်ချင်းပင် အရည်ပျော်ပြီး ပုံပြောင်းသွား၏။

အဝေးသို့ လမ်းလျှောက်သွားခဲ့သော ချန်လွေ့က အော်ခေါ်လိုက်သည်။ သေးငယ်သော အနီရောင်ပုံရိပ်တစ်ခုက သူ့ခေါင်းပေါ်သို့ ပြန်လာပြီး စွမ်းအား ပြသသည့်သဖွယ် ပကျိပကျိ အော်နေခဲ့သည်။ ထို့နောက်မှသာ ခုနက ချူအင်ကို မီးတောက်များ ပစ်လွှတ်လိုက်သည်က အနီရောင် ငှက်ငယ်လေးဖြစ်ကြောင်း အားလုံး သိရှိသွားကြသည်။

သူတို့က ထိတ်လန့်သွားသော်လည်း ကျောင်းသူ/သားများထဲ၌ ရန်လိုသူ အများအပြား ရှိနေခဲ့သည်။ သူတို့က ဝိုင်းရံတိုက်ခိုက်ရန် အပြေးသွားတော့မည့်အချိန်၌ တုန်လှုပ်နေသော အော်သံတစ်ခုကို ကြားလိုက်ရသည်။ “မလှုပ်နဲ့။”

ထိုအသံက အန်ဒရူးအရှေ့၌ ကာကွယ်လိုက်သော တုရီယာဗီထံမှ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ချွေးစေးများ စိုစွတ်နေပြီး သွေးများက နှာခေါင်းနှင့် နားများမှ စီးကျနေခဲ့၏။ တုရီယာဗီ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးမုံကဲ့သို့ ထူထဲသော အဝါရောငအလင်းများကလည်း ကျောက်ပြားပေါ်၌ ကျသွားသော ဖန်သားသဖွယ် ရုတ်တရက် ကွဲကြေသွားခဲ့သည်။ တုရီယာဗီ၏ ခိုင်မာသောခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့ပြီး သွေးတစ်လုပ်အန်လိုက်၏။

ကျောင်းသူ/များက ထိတ်လန့်သွားကြသည်။ တုရီယာဗီက တကယ့် သူတော်စင်အဆင့်ကို ရောက်နေတဲ့ ခုခံရေးပိုင်းဆရာပဲ။ သူ့ရဲ့ ထူးခြားတဲ့ မြေကြေးမုံအကာအရံက သူတော်စင်အဆင့် သုံးလေးယောက် တပြိုင်နက်တည်း တိုက်ခိုက်တာကိုတောင် ခုခံနိုင်သည်။ ဒါပေမဲ့ သူက တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားခဲ့တယ်။

“သူတော်စင်အဆင့် ထိပ်သီးပိုင်း....” တုရီယာဗီက သွားကြားထဲမှနေ၍ ထိုစကားကို ပြောနိုင်ခဲ့ပြီး သွေးတစ်လုပ်အန်ကာ သတိလစ်သွားတော့သည်။

ကျောင်းသူ/သားများ ထိတ်လန့်သွားပြန်သည်။ ဘာမှမထူးခြားတဲ့သူက လောကရဲ့ စွမ်းအားအမြင့်ဆုံးအဆင့်မှာ ရှိနေတယ်....

သူက ငါတို့ကို တကယ်သတ်ချင်ရင် နတ်သူငယ်ဖြစ်တဲ့ ဖေးလီကလွဲပြီးတော့ ဘယ်သူမှ ရှင်နိုင်လောက်မှာ မဟုတ်ဘူး။ လူအများအပြားက သေခြင်းတရားနှင့် အကြောက်တရားမှ လွတ်မြောက်လာပြီးနောက် ပျော်ရွှင်သော အမူအရာများ ရှိနေသည်။ လန်ဘိစ် တစ်ယောက်တည်းသာ အဝေးမှ ပုံရိပ်ကို ကြည့်နေပြီး သူ၏ လှပသော ကြေးမုံကဲ့သို့ မျက်လုံးများက အရောင်လက်သွားခဲ့သည်။

“ရစ်ချက်။ နင့်ရဲ့ငှက်က မယုံနိုင်စရာပဲ။” ခုနက ချန်လွေ့ လှုပ်ရှားခဲ့သည်ကို မီရှယ် မတွေ့ခဲ့ပေ။ သော်သော်က ချူအင်ထံ မီးမှုတ်လိုက်ကိုသာ သူ တွေ့ခဲ့ရသည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းက ဇာမဏီငှက်ငယ်လေးကို စိုက်ကြည့်နေပြီး အရောင်တောက်နေခဲ့သည်။

“သူ့ကို သော်သော်လို့ ခေါ်ပါလား။”

“သော်သော်က ရှင့်ရဲ့ငှက် မဟုတ်လား။ ကျွန်မကို ပေးကိုင်ပါနော်....”

ချန်လွေ့က ပြောစရာမဲ့သွားပြီး မိမိနဖူးကို ရိုက်လိုက်သည်။ “ဒါနဲ့ မီရှယ်။ ငါက ခဏလောက် ငွေလကောင်းကင်မြို့တော်မှာ နေမယ်။ ဒါပေမဲ့ ငါ့ရဲ့ သံတမန် တာဝန်က ပြီးသွားပြီ။ အိမ်စိမ်းကို ပြန်မသွားချင်တော့ဘူး။ အနှောင့်အယှက်မရှိတဲ့ တိတ်တိတ်ဆိတ်ဆိတ် နေရာတစ်ခုခုများ ရှိလားမသိဘူး။”

“အနှောင့်အယှက်မရှိတဲ့ တိတ်တိတ်ဆိတ်ဆိတ် နေရာတစ်ခုလား။” မီရှယ်က ခဏကြာ စဉ်းစားလိုက်ပြီးနောက် ဘေးဖက်မှ ဘလန့်ချ်ကို ကြည့်လိုက်သည်။ “သူနေတဲ့နေရာက အတိတ်ဆိတ်ဆုံးပဲ...”

ချန်လွေ့က ခေါင်းလှည့်ပြီး ဘလန့်ချ်ကို ကြည့်လိုက်သည်။ ဘလန့်ချ်က ထိတ်လန့်သွားပြီး ချက်ချင်း ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ကျွန်မရဲ့ နေရာက...”

“မိန်းကလေးကို အနှောင့်အယှက် ဖြစ်စေမယ်ဆိုရင်တော့ ထားလိုက်ပါဘ။”

“မဖြစ်ပါဘူး။” ဘလန့်ချ်က ရှင်းပြသည်။ သူက နှုတ်ခမ်းကို အသာလေး ကိုက်လိုက်ပြီး နောက်ဆုံး၌ စိတ်ပိုင်းဖြတ်လိုက်၏။ “ရှင် စိတ်မရှိဘူးဆိုရင်....”

မီရှယ်ကို နန်းတော်သို့ ပြန်ပို့ပြီးနောက် ချန်လွေ့က ဘလန့်ချ်နှင့်အတူ သူ၏နေအိမ်ကို လိုက်လာခဲ့သည်။ “စိတ်”မရှိဘူးဆိုရင်ဟု မည်သည်ကြောင့် သူပြောခဲ့ကြောင်း ထိုအခါမှ ချန်လွေ့ သဘောပေါက်သွားသည်။ ထိုအရာက ကောင်းကင်မြို့တော် ဝေးဝါသည့် ခေါင်ပါးသော သစ်တောတစ်ခု ဖြစ်ရုံသာမက ပျက်စီးယိုယွင်းနေသော သစ်အိမ်တစ်အိမ် ဖြစ်နေကာ သုဿာန်တစ်ခုလည်း ဖြစ်နေ၏။

“မင်းက ဒီလိုနေရာမျိုးမှာ နေတာလား။” ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ သုဿာန်မရှိလျှင်ပင် ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုးက ငွေလကောင်းကင်မြို့တော်၏ အနုစိတ်သော ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကာ စုတ်ပြတ်သတ်နေခဲ့သည်။

“ဒီလိုမျိုးနေရာကတော့ ကောင်းနေပါပြီ။” ဘလန့်ချ်၏ မျက်နှာက ပို၍ပင် ဂရုမစိုက်သလို ဖြစ်သွားခဲ့သည်။ “နတ်သူငယ်တစ်ပိုင်း အတွက်ပေါ့။”

နတ်သူငယ်အများစုက နတ်သူငယ်တစ်ပိုင်းမှာ နတ်သူငယ်မျိုးနွယ်စုအတွက် အရှက်ရစရာဟု ယုံကြည်ကြပြီး ခွဲခြားဆက်ဆံကြသည်။ နတ်သူငယ်မျိုးနွယ်စုက ကျက်သရေပြာအင်ပါယာနှင့် မဟာမိတ်စာချုပ် ချုပ်ဆိုသည့်အချိန်တွင်ပင် ခိုလှုံခွင့်ထဲ၌ တမင်တကာပင် နတ်သူငယ်တစ်ပိုင်းကို ချန်လှစ်ထားခဲ့သည်။ နတ်သူငယ်များကို လူသားများက အလွယ်တကူ ပို၍လက်ခံကြသော်လည်း သူတို့က တိုက်တန်သော အကာအကွယ် မရရှိကြပေ။ ထို့ကြောင့် နတ်သူငယ်တစ်ပိုင်း အများပြားက တော်ဝင်မိသားစုများနှင့် အစွမ်းထက် ပုဂ္ဂိုလများ၏ ကစားစရာများ ဖြစ်သွားကြပြီး တစ်ဘဝလုံး မလွတ်မြောက်ကြတော့ပေ။

သူတို့က အပြင်ဘက်မှ စိတ်ကူးကြည့်၍မရသော အရာများကို ကြုံတွေ့ကြရပြီး အတွင်းထဲ၌ ခွဲခြားဆက်ဆံမှုကို ခံရသည်။ စိတ်ကူး၍မရနိုင်အောင် လေးလံသော ကံကြမ္မာကို သယ်ထားရသည့် နတ်သူငယ်တစ်ပိုင်း သွေးနှောတစ်ယောက်နေဖြင့် ဘလန့်ချ်က ကျောက်စိမ်းသစ်တောပင်လယ်၌ နေနေနိုင်ပြီး မင်းသမီး မီရှယ်နှင့် မိတ်ဆွေဖြစ်ရသည်က ကံကောင်းနေပြီ ဖြစ်သည်။

“နတ်သူငယ်တစ်ပိုင်း သုသာန်ထဲမှာ အုတ်ဂူတွေအားလုံးက နတ်သူငယ်တစ်ပိုင်းရဲ့ အကြွင်းအကျန်တွေပဲ။ ပြီးတော့ ဒါက ကျွန်မဖေရဲ့ အုတ်ဂူ။ မီရှယ် ရှင့်ကို ပြောပြပြီးလောက်ပါပြီ။ ကျွန်မအဖေက အိပ်မက်ဆိုးတောနက်ထဲမှာ အသက်ဓာတ်ရေစင်ကို ရှာဖို့အတွက် အိပ်မက်ဆိုး မီးတောက်ထဲကို ကျသွားခဲ့ပြီးတော့ အလောင်းကို မတွေ့ခဲ့ရဘူး။” ဘလန့်ချ်၏ ထီမထားသော မျက်လုံးထဲ၌ ဝမ်းနည်းမှု အရိပ်အယောင် လက်ခနဲ ဖြစ်သွား၏။ “နတ်သူငယ်မျိုးနွယ်စုက ဒီနေရာကို ကျိန်စာသင့် မရဏတိတ်ဆိတ်နယ်မြေလို့ ခေါ်တယ်။ ကောင်းကင်နန်းတော်ကို သွားဖို့ ရှင့်ကို အကြံပေးပါတယ်။”

“ဒီနေရာက တော်တော်လေး တိတ်ဆိတ်တယ်။ ငါ တရားထိုင်ဖို့အတွက် အတော်ပဲ။ စိတ်မရှိဘူးရင် ငါမင်းကို သုံးလေးရက်လောက် ဒုက္ခပေးပါဦးမယ်။”

“တရားထိုင်ဖို့လား။” ဘလန့်ချ်က သဘောပေါက်သော အမူအရာတစ်ခု ပြသလိုက်ပြီး ခေါင်းညိတ်ပြသည်။ “ကောင်းပြီလေ။ ဒီလိုရိုးရှင်းတဲ့ သစ်အိမ်ကို စိတ်မရှိဘူးဆိုရင်တော့ ဒီမှာ သုံးလေးရက်နောက် နေလို့ရပါတယ်။ သစ်တောပင်လယ်ထဲမှာ ကျွန်မနဲ့ လေပြည်ဖြူကို ကယ်တင်ခဲ့အတွက် ကျွန်မ သစ်ပင်ကို စောင့်ကြပ်ပေးပါ့မယ်။”

အရင်က ရှီလန်တောင်၌ သူ၏တဲအိမ်ကို စောင့်ကြပ်ပေးသော ချစ်ရသည့်သူ၏ ပုံရိပ်က သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ထိုအရာက သူ့နှလုံးသားကို နွေးထွေးသွားစေပြီး ခေါင်းခါလိုက်သည်။ “မလိုပါဘူး။ မင်းကို မယုံလို့တော့ မဟုတ်ဘူး။ ငါက မိတ်ဆွေတွေကို နှိပ်စက်တဲ့အကျင့် မရှိလို့ပါ။ အထူးသဖြင့် မိန်းကလေးတွေကိုပေါ့။”

ထိုအချိန်က မိတ်ဆွေဟူသော စကားလုံးကို ဘလန့်ချ် ဒုတိယအကြိမ်မြောက် ကြားဖူးခြင်း ဖြစ်သည်။ သူ၏ မျက်လုံးထဲ၌ ဥပေက္ခာပြုမှုက အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။ “ရပါတယ်။ ကျွန်မက အပြင်မှာ အိပ်ရတာကို အကျင့်ဖြစ်နေပါပြီ။”

ထိုကဲ့သို့ ရိုးရှင်းသော စကားလုံးများက နတ်သူငယ်တစ်ပိုင်း ကြုံးတွေ့ခဲ့ရသော အခက်အခဲများကို ဖော်ပြနေခဲ့သည်။ ကောင်းကင်မြို့တော်မှ နတ်သူငယ်များနှင့်ယှဉ်လျှင် နတ်သူငယ်တစ်ပိုင်း၏ဘဝက လှပသော လရောင်၏ အရိပ်သဖွယ် ဖြစ်နေ၏။

ချန်လွေ့က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။”

ဘလန့်ချ်အတွက် စေတနာကောင်းကို လက်ခံခြင်းက ငြင်းပယ်ခြင်းက ရင်းနှီးမှုကို ပို၍ ခံစားရစေနိုင်သည်။ မိတ်ဆွေများအကြား၌ လွန်လွန်ကဲကဲ ယဉ်ကျေးနေစရာ မလိုပေ။

ထိုစကားကိုကြားသည့်အခါ “မျက်လုံးတစ်ဖက်”နှင့် နတ်သူငယ်တစ်ပိုင်းက အမှန်ပင် ပျော်သွားခဲ့ပြီး အပြုံးလေးတစ်ခု ပေါ်ထွက်လာ၏။ မျက်ကာစုတ်က ဒီလိုဆွဲဆောင်မှုမျိုးကို တော်တော်လေး လျော့ကျသွားစေတာ နှမြောစရာပဲ။

ခဏအကြာ၌ နတ်သူငယ်တစ်ပိုင်းက သူ့ကို ချန်လွေ့ ငှားပေးခဲ့သော တဲအိမ်က အမှန်တကယ်၌ ဇိမ်ခံမှော်အခန်းဖြစ်ပြီး သူ၏ ရိုးရှင်းသော သစ်အိမ်က ၎င်းနှင့် မယှဉ်နိုင်ကြောင်း တွေ့ရှိသွားခဲ့သည်။။

ဘလန့်ချက် ရင်ထဲထိသွားခဲ့သည်။ သူက ဘာမှ မပြောခဲ့သော်လည်း သစ်ပင်အောက်၌သာ ငြိမ်ငြိမ်လေး ထိုင်နေပြီး တရားထိုင်နေသော လူသားကို စောင့်ကြပ်ပေးနေလိုက်သည်။ သူ၏ဘဝတွင် ချန်လွေ့က မီရှယ်နှင့် လေညင်းဖြူအပြင် တတိယမြောက် မိတ်ဆွေ ဖြစ်၏။

ချန်လွေ့က စူပါစနစ်ထဲရှိ သန့်စင်ခြင်းအခန်းသို့ ဝင်ရောက်သွားခဲ့သည်။ ထိုနေရာ၌ သူက ၁ အချိုး ၁၀၀ စည်းမျဉ်းထဲတွင်း စမ်းသပ်ချက်ပြုလုပ်ပြီး နာလည်သဘောပေါက်၍ ရနိုင်သည်။ ထို့ကြောင့် သူက ယနေ့ရရှိထားခဲ့သော ဗဟုသုတများကို ချေဖျက်နိုင်ရန် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ပေမည်။

သို့သော်လည်း ခဏအကြာတွင် ဧည့်သည့်လာခဲသော ထိုကဲ့သို့ တိတ်ဆိတ်သော နေရာသို့ မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။

ကြယ်အလင်းကောလိပ်မှ မိန်းမလှ လက်ထောက်ဆရာမ လန်ဘိစ် ပင်။

လန်ဘိစ်၏ အလှတရားက နတ်သူငယ်မျိုးနွယ်စုတွင်ပင် ထိပ်တန်း ဖြစ်သည်။ ယခုတစ်ခေါက် ကျောက်စိမ်းသစ်တောပင်လယ်သို့ သူ ရောက်လာခြင်းက တော်ဝင်မိသားစု အချို့အပါအဝင် အမျိုးသား နတ်သူငယ်များ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ထိုအရာက သစ်တောပင်လယ် ခရီးတစ်လျှောက်လုံးကို အဆင်ပြေချောမွေ့စေခဲ့ပြီး ချန်လွေ့နှင့် မတွေ့ခင်အထိ ဖြစ်သည်။

လန်ဘိစ်၏ အလှတရားက ဘလန့်ချ်အပေါ်၌ သက်ရောက်မှု မရှိပေ။ သူက မီရှယ်၏ လွှမ်းမိုးမှုကြောင့်ပင် သိသိသာသာ ရန်လိုမှုပြသပြီး ဝင်ခွင့် မပေးခဲ့ပေ။

လန်ဘိစ်က နတ်သူငယ်တစ်ပိုင်း၏ “ခံစစ်ကြောင်း”ကို စကားတစ်ခွန်းတည်းဖြင့် ဖြိုဖျက်ခဲ့သည်။

“ငါက ရစ်ချက်ရဲ့ ကံကြမ္မာကို သက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် ရောက်လာတာ။ နင်က သူ့အစား လက်လျှော့လိုက်ဖို့ အရည်အချင်းရှိတယ်ဆိုရင် ငါ အခုပဲ လှည့်ထွက်သွားမယ်။ သူ့ကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ဘူး။”

ဘလန့်ချ်က ခဏကြာ တိတ်ဆိတ်သွားပြီးနောက် လန်ဘိစ်က ချန်လွေ့နှင့် တွေ့ဆုံခဲ့သည်။

“မစ်-လန်ဘိစ်။ ခင်ဗျားက ဒီနေရာကိုရှာဖို့ တော်တော်လေး ကြိုးစားခဲ့တာပဲ။ ကျုပ်က ရှည်ရှည်ဝေးဝေးတွေ ပြောရတာ မကြိုက်ဘူး။ ခရမ်းသစ်‌တော အဖြစ်အပျက်ကြောင့် ကျုပ်ကို သတိပေးဖို့လာတာလား။ တောင်းပန်ဖို့လား။”

“မဟုတ်ပါဘူး။” လန်ဘိစ်က ကျက်သရေရှိစွာဖြင့် ခေါင်းကို ခါပြီး ဆွဲဆောင်မှုရှိစွာ ပြုံးနေသည်။ “ကျက်သရေပြာ အင်ပါယာက လန်ဘိစ်ရှာဘတ်ထ်က ဆာ-ရစ်ချက်ကို နှုတ်ဆက်ပါတယ်။”

ချန်လွေ့က မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ တကယ် သူပဲကိုး။ လန်ဘိစ်ရှာဘတ်ထ်။ ကျက်သရေပြာအင်ပါယာက ခလွန်တာရဲ့ သမီးတော်။ ကျက်သရေပြာအင်ပါယာရဲ့ ဂုဏ်ပုဒ်ကို ကိုင်စွဲနိုင်တဲ့ တစ်ဦးတည်းသော မင်းသမီး။ ချန်လွေ့ အတွက် သူက အထူးခြားဆုံးသရုပ်တစ်ခု ရှိနေ၏။ “အာသာ”၏ တရားဝင် ကြင်ယာလောင်း။

All Chapters