← Chapters

လူခေါ်ခြင်း

Vol. 44 Ch. 697

လူခေါ်ခြင်း

Vol. 44 Ch. 697

ချန်လွေ့၏ အံ့အားသင့်မှုက ခဏတာသာဖြစ်ပြီး သူက ခေါင်းညိတ်လိုက်သည်။ “လက်စသတ်တော့ ကျက်သရေပြာအင်ပါယာရဲ့ အတောက်ပဆုံးပုလဲဖြစ်တဲ့ တော်ဝင်မင်းသမီး ဖြစ်နေတာကိုး။ ကျုပ် ရိုင်းပျခဲ့မိရင် ခွင့်လွှတ်ပေးပါ။”

သူက ရိုင်းပျကြောင်း ပြောနေသော်လည်း သူ၏လေသံက ရေကဲ့သို့ တည်ငြိမ်နေပြီး သိဒ္ဓိအင်ပါယာမှ အလှပဆုံး မင်းသမီးက သာမန် ဖြတ်သွားဖြတ်လာ တစ်ယောက်နှင့် မကွာခြားသကဲ့သို့ ဖြစ်နေ၏။

အမှန်တကယ်၌ ထိုမင်းသမီး၏စွမ်းအားက A+အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ရုပ်ရည်နှင့် အဆင့်အတန်းကို ဘေးဖယ်ထားမည်ဆိုလျှင် သူက လက်ရှိအသက်အရွယ်အရ ရှားပါးသော ပါရမီရှင်တစ်ယောက် ဖြစ်နေသေးသည်။

လန်ဘိစ်က အနည်းငယ် ကြက်သေသေသွားပြီးနောက် ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ “လူတွေက မွေးဖွားမှုကို ရွေးချယ်လို့ မရဘူး။ တော်ဝင်မိသားစုက မြင့်မြတ်ပေမဲ့ သူတို့က လူတွေ အများကြီး လိုမျိုးပါပဲ။ သူတို့က စိတ်သဘောမပါတဲ့ ရုပ်သေးတွေပဲ။ ဒါပေမဲ့ ဒီရုပ်သေးတွေပေါ်က ဝတ်စုံကတော့ ပိုပြီးတော့ ကျက်သရေရှိတာပေါ့။”

ထိုကဲ့သို့ သနားစရာ အမူအရာက အထူးသဖြင့် ရင်ထဲထိစေနိုင်သည်။ ချန်လွေ့ရဲ့ ရင်ထဲ၌ တဒိတ်ဒိတ် ခံစားသွားရသည်။ ကံကောင်းစွာပင် သူက [ စိတ်သန့်စင်ခြင်း ] လေ့ကျင့်ရေးကို တွေ့ကြုံခဲ့ရပြီး ညှို့ငင်သည့်ပါရမီရှိသော ကဝေမ အစေခံမလေး တစ်ယောက်လည်း ရှိနေသည့် အတွက်ကြောင့် သူက အတော်လေး ခုခံနိုင်နေခဲ့သည်။ သူက အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်လာခဲ့ပြီး မျက်မှောင်ကြုတ်လိုက်၏။ “ဟုတ်မှာပါ။ တော်ဝင်မင်းသမီး ကျုပ်ဆီကို လာလို့ လာတာလဲဆိုတာ သိလို့ရမလား။”

လန်ဘိစ်က အသေးစိတ်ကို သတိထားမိလိုက်ပြီး သူ့မျက်နှာမှ အမူအရာက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ “ကျွန်မက ကွေ့ဝိုက်ပြီး ပြောနေရတာ မကြိုက်ဘူး။ အဲဒါကြောင့် တစ်ခါတည်း ပြောလိုက်မယ်။ ကျွန်မက ဒီနေ့ ဒီကို ကျွန်မရဲ့ ခမည်းတော် ကျက်သရေပြာ အင်ပါယာက မဟာခလွန်တာကိုယ်စား ကျက်သရေပြာအင်ပါယာရဲ့ သိဒ္ဓိခိုလှုံရာထဲ ဝင်ရောက်ဖို့ ဆာ့ကို စိတ်ရင်းနဲ့ ဖိတ်ကြားဖို့ ရောက်လာတာပါ။”

“သိဒ္ဓိခိုလှုံရာ လား။”

“သိဒ္ဓိခိုလှုံရာက (၁၃)ယောက်မြောက် ကျက်သရေပြာဘုရင် ဖန်တီးခဲ့တဲ့ အဖွဲ့အစည်း တစ်ခုပါ။ အဖွဲ့ဝင်တိုင်းက စွမ်းအားကြီးတဲ့ သူတော်စင်အဆင့်တွေပဲ။ ကျက်သရေပြာ အင်ပါယာက သိဒ္ဓိအင်ပါယာနှစ်ခုထဲက တစ်ခုဖြစ်ပြီးတော့ နတ်သူငယ်မျိုးနွယ်စုနဲ့ အဆက်အသွယ် ရှိပြီးတော့ စွမ်းအားကြီးမားတယ်။ သိဒ္ဓိခိုလှုံရာက အဖွဲ့ဝင်တွေကလည်း လေ့ကျင့်ဖို့အတွက် အပြင်လောကက မယှဉ်နိုင်သော အဖိုးတန်အရင်းအမြစ်တွေ အများကြီးကို အနိုင်ပြုနိုင်တယ်။ တော်ဝင်မိသားစုက တန်ဖိုးထားရတဲ့ မရေမတွက်နိုင်တဲ့ ဂန္ဓဝင်စာပေတွေကို ဖတ်နိုင်ပြီးတော့ အဆင့်တူတွေနဲ့ တိုက်ခိုက်ပြီးတော့လည်း အဆင့်တက်အောင် လုပ်လို့ရတယ်။ တကယ်လို့ ရှင်က သိဒ္ဓိခိုလှုံရာကို ဝင်မယ်ဆိုရင် သာမန်‌တော်ဝင်မိသားစုတွေထက် သာလွန်တဲ့ အဆင့်အတန်းနဲ့ အာဏာကို ရရှိပြီးတော့ ဘုရင်မင်းမြတ်ရဲ့ ပျူငှာမှုကိုလည်း ရရှိလိမ့်မယ်။ ကျက်သရေပြာအင်ပါယာရဲ့ ဘုရင်ကလွဲပြီးတော့ ရှင့်ကို ဘယ်အိမ်‌ထောင်စု ကိုယ်စားလှယ်ကမှ မထိန်းချုပ်နိုင်ဘူး။ သိဒ္ဓိခိုလှုံရာ အစွမ်းထက်ပုဂ္ဂိုလ်က ပုံမှန်အားဖြင့်တော့ လေ့ကျင့်ရေးကို အာရုံစိုက်နေပြီးတော့ အရေးပေါ် ဒါမှမဟုတ် အင်ပါယာ ခြိမ်းခြောက်ခံရမှပဲ လှုပ်ရှားကြတာ။ အကြိမ်တိုင်းလည်း အပိုဆုလာဒ်တွေ ရနိုင်တယ်။”

ထိုအခါ ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ ကျက်သရေပြာအင်ပါယာမှာလည်း ဒီလိုမျိုး အဖွဲ့အစည်း ရှိနေတာကိုး။ ငါတို့အားလုံး သိထားတဲ့အတိုင်းပဲ ကျက်သရေပြာအင်ပါယာက နဂါလင်းလက်အင်ပါယာနဲ့ ကွဲပြားတယ်။ နဂါးလင်းလက်အင်ပါယာရဲ့ အချုပ်အချာ အာဏာက သီးသန့်ဖြစ်ပြီးတော့ အုပ်ချုပ်မှုက တစ်သားတည်းပဲ။ ကျက်သရေပြာအင်ပါယာက အိမ်ထောင်စု ကိုယ်စားလှယ်လိုမျိုး အဖွဲ့အစည်းတစ်ခုပဲ။ သူတို့က ဘုရင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဗီတိုအာဏာ ရှိကြတယ်။ ဒါက ဘုရင်ရဲ့ အာဏာကို ရှောင်တိမ်းသလိုမျိုးပဲ။ သမိုင်းထဲမှာ ဘုရင်ကို ဖယ်ရှားတဲ့ ဖြစ်ရပ်တွေတောင်ရှိခဲ့တာ။ ဒါကို ဘယ်အရင်ကမှ မလိုချင်ကြဘူး။ သိဒ္ဓိခိုလှုံရာက ကျက်သရေပြာ အင်ပါယာ ဘုရင်ရဲ့လက်ထဲက ဝှက်ဖဲတစ်ချပ် ဖြစ်လောက်တယ်။ သူက အဲဒါကို ဆုပ်ကိုင်ထားမယ်ဆိုရင် အိမ်ထောင်စုကိုယ်စားလှယ်အပေါ်မှာ အားကောင်းတဲ့ အဟန့်အတား သက်ရောက်မှုတစ်ခု ရှိနိုင်တယ်။

သာမန်လေ့ကျင့်သူများအတွက်နှင့် သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များအတွက်ပင် ဆွဲဆောင်မှုက အတော်လေး ကြီးမားလှသည်။ ရာထူးကို ဘေးဖယ်ထားပါက အင်ပါယာတစ်ခု၏ အရင်းအမြစ်နှင့် အဆင့်တူများနှင့် ယှဉ်ပြိုင်နိုင်ခြင်း၊ အဖိုးတန် ဂန္ဓဝင်စာပေများကို ဖတ်ရှုနိုင်ခြင်းကပင် ငြင်းပယ်ရန် ခက်ခဲလှသည်။

ကံဆိုးစွာပင် ၎င်းတို့အားလုံးက ချန်လွေ့အတွက် အသုံးမဝင်လှပေ။ ကျက်သရေအင်ပါယာ ဘုရင်က သူ့ကို ထီးနန်းပေးသည့်တိုင် သူက စိတ်ဝင်စားမည် မဟုတ်ပေ။ သူက ချက်ချင်းပင် ခေါင်းခါပြီး ပြောလိုက်၏။ “ဒီအခြေအနေတွေက အတော်လေး ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျုပ်က တစ်ယောက်တည်း နေရပြီး လွတ်လွတ်လပ်လပ် ဖြစ်တာကို အသားကျနေပြီ။ တခြားသူတွေက ထိန်းချုပ်တာကို မနေချင်ဘူး။”

ချန်လွေ့ အလျင်အမြန် ငြင်းလိုက်သည်ကို မြင်သည့်အခါ လန်ဘိစ်က အနည်းငယ် အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ သို့သော် သူက ခပ်မြန်မြန်ပင် တုံ့ပြန်ပြီး ပြောသည်။ “ဆာ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်မက အစွမ်းထက်ပုဂ္ဂိုလ်အများကြီးနဲ့ အဆက်အသွယ် လုပ်ပြီးသွားပြီ။ ဒါပေမဲ့ ဆာ-ရစ်ချက်လိုမျိုး ကျော်ကြားမှု၊ စည်းစိမ်နဲ့ အာဏာကို ဘာမှ မဟုတ်သလိုမျိုး မြင်တဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ။ တကယ်တော့ ရှင့်ကို ကျွန်မ အတော်လေး မနာလိုဖြစ်မိတယ်။ မင်းသမီးဆိုတာက ရွှေလှောင်အိမ်မှာ ပိတ်မိနေတဲ့ ငှက်တစ်ကောင် လိုမျိုးပဲ။ ကျွန်မက ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး။ တကယ်လို့ ကျွန်မကသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဆာ့ရဲ့ပုခုံးပေါ်က ချစ်စရာငှက်လေးတစ်ကောင် ဖြစ်ချင်တယ်။ အားကောင်းတဲ့ အထောက်အပံ့ တစ်ခုကို ရှာဖွေပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ ငြိမ်းချမ်းတဲ့ ဘဝမှာ နေချင်တယ်...”

လန်ဘိစ်၏ စကားလုံးထဲ၌ အခြားအဓိပ္ပာယ်များ ရှိနေပုံရသည်။ ချန်လွေ့က အမြန် စဉ်းစားနေပြီး ပြန်မဖြေခဲ့ပေ။

“အစွမ်းထက်ပုဂ္ဂိုလ်တွေကို ခေါ်ယူတာက တကယ်တော့ အချိန်တို လွတ်လပ်မှုအတွက် အလဲအလှယ်အနေနဲ့ ဧကရာဇ် ကျွန်မကို ပေးထားတဲ့ တာဝန်တစ်ခုပဲ။” လန်ဘိစ်က “ငှက်ကလေး”အကြောင်းကို ဆက်မပြောတော့ပေ။ သူက သက်ပြင်းချလိုက်၏။ “ဘာလို့လဲ မသိဘူး။ ဒါပေမဲ့ ဆာက ကျွန်မကို အခုငြင်းလိုက်တယ်ဆိုတော့ တော်တော်လေး စိတ်အေးသွားတယ်။ ဆာ-ရစ်ချက်က သာမန် လက်ထောက်ဆရာမ လန်ဘိစ်နဲ့ မိတ်ဆွေ ဖြစ်ချင်ရဲ့လား မသိဘူး။”

လန်ဘိစ်၏ ပွင့်လင်းမှုက ချန်လွေ့ကို စိတ်ကောင်းတစ်ခု ခံစားရစေသည်။ သူက လန်ဘိစ်ကို ငြင်းပယ်မည် မဟုတ်ပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒါပေါ့။ ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါ။”

“ကျေးဇူးပါ။ ရစ်ချက်။ ရှင့်ကို ဒီလိုပဲ ခေါ်ခွင့်ပေးပါ။ ကျွန်မက ကျောက်စိမ်းသစ်တော ပင်လယ်ကနေ ထွက်သွားတော့မှာ။ ရှင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ ကျွန်မတို့ ပြန်တွေ့နိုင်မယ့် အခွင့်အရေးများ ရှိမလား မသိဘူး။”

မရှိလောက်ပါဘူး....။ ချန်လွေ့က စိတ်ထဲ၌ ပြောလိုက်သည်။ သူက အမှန်အတိုင်း မပြောခဲ့ပေ။ “ကျုပ်မှာ ပန်းတိုင်းတစ်ခု သက်သက် မရှိဘူး။ ကျုပ်က အမြဲတမ်း ပိုကြီးမားတဲ့ စွမ်းအားအဆင့်ကို ရောက်ဖို့အတွက် ခရီးသွားပြီး လေ့ကျင့်နေခဲ့တာ။”

လန်ဘိစ်က တွေးဆသော အမူအရာတစ်ခု ပြသလိုက်သည်။ “သဘောပေါက်ပြီ။ ကြယ်အလင်းကောလိပ်ရဲ့ ကြယ်မျှော်စင်ကို ရှင်ကြားဖူးတယ် မဟုတ်လား။ ကြယ်မျှော်စင်က နောက်သုံးလေနေရင် ဖွင့်မှာ။ သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်အတွက်တောင် ဒါက လေ့ကျင့်ဖို့အတွက် ထူးခြားကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပဲ။ ဒါပေမဲ့ ကောလိပ်ထဲမှာရှိတဲ့ ထူးချွန်တဲ့ ကျောင်းသား/သူတွေပဲ ယှဉ်ပြိုင်ခွင့်ရှီတာ။ ဒါပေမဲ့ ဆရာတစ်ယောက်စီက ကောလိပ်အပြင်က လူတစ်ယောက်ကို အကြံပြုပေးလို့ရတယ်။ ဒါက ကောလိပ်အတွက် နည်းပြတွေခေါ်တဲ့ နည်းလမ်းတစ်ခုပဲ။ ကြယ်အလင်းအင်ပါယာရဲ့ ကျောင်းသူ/သား နောက်ခံတွေက ကျက်သရေပြာအင်ပါယာလောက် မကောင်းပေမဲ့ ထူးခြားကြတယ်။ ရွေးချယ်မှုကတော့ ရှင့်အပေါ်မှာပဲ မူတည်ပါတယ်။ ရှင်က ကြယ်မျှော်စင်ကို စိတ်ဝင်စားတယ် ဆိုရင် မျှတတဲ့ ယှဉ်ပြိုင်မှုကနေတစ်ဆင့် နေရာတစ်ခုရဖို့အတွက် ရှူအီရှာလို့ခေါ်တဲ့ ကျွန်မ ဖွဲ့စည်းထားတဲ့ အဖွဲ့သေးတစ်ခုကို ဝင်လို့ရတယ်။ စိတ်ချပါ။ ရှူအီရှာက ကန့်သတ်ချက်တွေ မရှိသလို စည်းမျဉ်းတွေလည်း မရှိဘူး။ အတွေးတူတဲ့ မိတ်ဆွေတွေချည်းပဲ။ ဘယ်လို သဘောရလဲ။”

ရှူအီရှာလား။ ထိုနာမည်က ‌တော်တော်လေး ရင်းနှီးနေသလိုမျိုးပဲ။ ငါ့အရင်ဘဝရဲ့ နိုင်ငံတစ်ခုက စာအုပ်ထုတ်တဲ့အဖွဲ့နာမည်နဲ့ တူနေတယ်။

နတ်ဆိုးဘုံ၌ စမ်းသပ်ချက်များ၊ အခက်အခဲများကို ကြုံတွေ့ခဲ့ရပြီးနောက် ချန်လွေ့က ယခင်ဘဝမှ သာမန် အိုတာခုတစ်ယောက် မဟုတ်တော့သလို အားနည်းသော ချန်လွေ့လည်း မဟုတ်တော့ပေ။ ထိုကြင်ယာလောင်းက မရိုးရှင်းကြောင်း သူ ခံစားမိလိုက်သည်။

ခုနက နည်းလမ်းက အကျိုးအမြတ်တွေနဲ့ မျှားတာဆိုရင် အခုက ခံစားချက်နဲ့ မျှားတာပဲ။ တစ်ခု သတိထားရမှာက ပထမတစ်ခေါက်က သူ့အဖေ ကျက်သရေပြာအင်ပါယာရဲ့ ဘုရင်ကို ကိုယ်စားပြုပြီး‌တော့ လူခေါ်တာ။ ဒါပေမဲ့ အခုကတော့ သူ့အတွက် ဖြစ်နေသလိုပဲ...

လန်ဘိစ်က နတ်ဆိုးဘုံမှ ချန်လွေ့၏အသိ ဆယ်လင်းကို သတိရသွားစေသည်။ သို့သော် နှိုင်းယှဉ်လျှင် လန်ဘိစ်၏ နည်းလမ်းများက ပို၍ပါးနပ်၏။ သူက အစမှ အဆုံးအထိ ဖော်ရွေသော အငွေ့အသက်တစ်ခုသာ ပေးစွမ်းနေခဲ့ပြီး ငြင်းပယ်ရန် သို့မဟုတ် ရွံရှာရန် ခက်ခဲပေသည်။ ကံဆိုးစွာပင် ချန်လွေ့အတွက် အသုံးမဝင်ပေ။ သူက မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ “ကျုပ်က ကြယ်မျှော်စင်ကို စိတ်မဝင်စားဘူး။ ရှူအီရှာအတွက်ကတော့ အရှင်မင်းသမီးရဲ့ စေတနာကို အလကားဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်။”

လန်ဘိစ်က အံ့အားသင့်သော အမူအရာတစ်ခု ပြသလိုက်သည်။ ထိုကဲ့သို့ ကိုင်တွယ်ရ ခက်ခဲသော လူတစ်ယောက်ကို သူ ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူ၏ ယခင် ဖြားယောင်းမှုများက ထိုလူ၏ရှေ့တွင် အသုံးဝင်ဟန် မတူပေ။ သာမန်ပါရမီရှင်သာဆိုလျှင် ကိစ္စ မရှိပေ။ သို့ရာတွင် ထိုသူက သူတော်စင်အဆင့် ထိပ်သီးပိုင်းစွ၎်းအားကို ပိုင်ဆိုင်ထားရုံသာမက မှော်စက်ဝိုင်းနှင့် ယန္တရားပညာတွင်ပါ အထူးပြုထားသော မဟာဆရာသခင်တစ်ယောက် ဖြစ်ဖို့များပြီး ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးက လောကတစ်ခုလုံးထဲ၌ပင် အလွန်ရှားပါးလှသည်။ ထိုသူက အင်အားသက်သက်သာ ပိုင်ဆိုင်သော လူတစ်ယောက်ထက် ပိုမိုတန်ဖိုးရှိပေသည်။

“တောင်းပန်ပါတယ်။ ကျွန်မ လောသွားတယ်။” လန်ဘိစ်က မတ်တပ်ရပ်ပြီး ရုတ်တရက် မေးလိုက်သည်။ “ကျွန်မ သိချင်မိတယ်။ ရှင်က ကျော်ကြားမှု၊ ကြွယ်ဝမှု၊ အာဏာနဲ့ ရင်းနှီးမှုကို ဂရုမစိုက်ဘူး။ ရှင့်မှာ တကယ်ပဲ ဘယ်လို လိုအင်ဆန္ဒတွေမှ မရှိတာလား။”

“မဟုတ်ဘူး။ မင်းသမီး မှားနေပြီ။ တကယ်တော့ ကျုပ်က အတော်လေး လောဘကြီးတဲ့ လူတစ်ယောက်ပါ။” ချန်လွေ့က‌ ခေါင်းခါပြီး တမင်တကာ မေးလိုက်သည်။ “ကျုပ်ရဲ့ လိုအပ်ချက်က မင်းသမီးလို့ ပြောရင်ကော....”

“ကျွန်မလား။ ဒီလိုအပ်ချက်က အတော်လေးကို မထင်မှတ်ထားတဲ့အရာပဲ။ ခုနက အခြေအနေတွေအရတော့ ရှင် ကျွန်မကို ဂရုမစိုက်ဘူးလို့ ထင်ထားခဲ့တာ။ ရှင့်ရဲ့ လိုအပ်ချက်က ဒါဆိုရင်‌တော့....မဖြစ်နိုင်တာ မဟုတ်ပါဘူး။”

လန်ဘိစ်၏ မျက်လုံးများ အရောင်လက်သွား၏။ “ကျွန်မရဲ့ ကြင်ယာလောင်းက နဂါးလင်းလက်အင်ပါယာရဲ့ ဒုတိယမင်းသာ အာသာရိုလန်ပဲ။ သူက ပျောက်နေတာ နှစ်တော်တော်ကြာပြီ။ ဒါပေမဲ့ မဟာလက်ဇ်က သူ အသက်ရှင်နေတုန်းပဲလို့ ပြောထားတယ်။ အင်ပါယာရဲ့ အကျိုးအမြတ်ကို ဦးစားပေးတဲ့ ကျွန်မရဲ့ ခမည်းတော်ကလည်း ဒါကို အသိအမှတ်ပြုထားတယ်။ ဒီလို အဓိပ္ပာယ်မရှိတဲ့ နိုင်ငံ‌ရေး စေ့စပ်ပွဲက လေ့လားတဲ့ အချုပ်အနှောင်တစ်ခုလိုပဲ။ ပြီးတော့ ဒီနေ့အထိတောင် အကျိုးသက်ရောက်မှု ရှိနေသေးတယ်။ ဒီကိစ္စက လူသားလောက တစ်ခုလုံးမှာ ပုံမှန်လို ဖြစ်နေပြီ။ တကယ်လို့ ရှင့်မှာ သိဒ္ဓိအင်ပါယာ နှစ်ခုကို ကျော်လွန်နိုင်တဲ့ စွမ်းအားရှိပြီးတော့ စည်းမျဉ်းတွေအားလုံးကို လျစ်လျူရှုပြီး ဒီအချုပ်အနှောင်ကို ဖျက်ဆီးပေးရင် ကျွန်မက ရှင့်ရဲ့မိန်းမပဲ....။ ရှင့်မှာ ဒီလိုစွမ်းအားမျိုး ရှိလား။”

ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ငါ့မှာ ဒီလိုစွမ်းအားမျိုးရှိရင် လျှောက်သွားနေစရာ မလိုတော့ဘူးပေါ့။”

လန်ဘိစ်က ဆွဲဆောင်မှုရှိစွာဖြင့် ပြုံးလိုက်သည်။ “ဒါဆိုရင်လည်း နောက်တစ်နည်း ရှိတယ်။ တကယ်လို့ ရှင်က ကျွန်မကို အင်အားကြီးမားအောင် ကူညီပေးပြီးတော့ ကံကြမ္မာ သော့ကို ကိုယ့်လက်နဲ့ တစ်လှမ်းချင်း ရယူနိုင်အောင် လုပ်ပေးမယ်ဆိုရင် ဒီလိုမျိုးနဲ့လူနဲ့ အပေါင်းအဖော် ဖြစ်ရပြီးတော့ အတက်အကျအားလုံး ရင်ဆိုရတာကို တော်တော်လေး ပျော်ရွှင်မိမှာပါ။ ဒါကြောင့် အခုသော့ချက်က ရှင့်ပေါ်ပဲ မူတည်နေတယ်။ ရှင့်မှာ ဒီလိုမျိုး စိတ်ပြတ်သားမှုနဲ့ ရဲစွမ်းသတ္တိရှိလား။”

ချန်လွေ့က ခေါင်းခါပြီး လန်ဘိစ်၏ မျှော်လင့်နေနသော အကြည့်ကို လျစ်လျူရှုလိုက်၏။ “သေချာပေါက် ဖြေနိုင်တာကတော့ ကျုပ် မလုပ်နိုင်ဘူး ဆိုတာပဲ။”

“အချစ်ကတောင် ရှင့်ကို မတုန်လှုပ်စေနိုင်ဘူးလား။ ရှင်က ကျွန်မ မြင်ဖူးသမျှထဲမှာ အသည်းမာဆုံးလူပဲ။” လန်ဘိစ်က ချန်လွေ့ကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို အချိန်အကြာကြီး နှောင့်ယှက်မိသွားပြီ။ တောင်းပန်ပါတယ်။ အခွင့်အရေးရရင် လာလည်ဦးမှာပါ။”

လန်ဘိစ် လှည့်ထွက်သွားသောအခါ ချန်လွေ့က ပြောသည်။ “လောကကြီးက ခန့်မှန်းလို့ မရဘူး။ တစ်နေ့ကျရင် ခင်ဗျားရဲ့ ကြင်ယာလောင်း ရုတ်တရက် ပေါ်ထွက်လာပြီးတော့ လက်ထပ်စာချုပ်ကို ဖျက်ဆီးလိုက်ချင် ဖျက်ဆီးလိုက်မှာပေါ့။”

“အဲဒီတော့ ဘာဖြစ်လဲ။ ဒီလက်ထပ်ပွဲ မရှိရင်တောင်‌ ‌တော်ဝင်အမျိုးသမီး တစ်ယောက်အနေနဲ့ ကျွန်မရဲ့ခန္ဓာကိုယ်၊ ကျွန်မရဲ့ လက်ထပ်ပွဲ...အရာအားလုံးက နိုင်ငံ‌ရေး အကျိုးအမြတ်တွေအတွက် အလဲအလှယ် တစ်ခု သက်သက်ပါပဲ။ ကျွန်မက ရုပ်သေးတစ်ခုလိုပဲ ထိန်းချုပ်ခံ‌နေရမှာ။” လန်ဘိစ်၏အသံက အနည်းငယ် တိုးနေ၏။ “ကျွန်မက ကိုယ့်ကံကြမ္မာကို ထိန်းချုပ်ချင်ရုံပါ။”

ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ခင်ဗျားရဲ့ စိတ်ဆန္ဒနဲ့ ရယူဖို့ ကြိုးစားနေတာကို သဘောတူပါတယ်။ ဒါပေမဲ့ အချစ်စစ်က အပေးအယူ မဟုတ်ဘူး။ ရင်းနှီးမှု လိုမျိုးပဲ။ ကျုပ်က ဒီလိုမျိုး အပေးအယူတွေကို သဘောမတူဘူး။ ဒါကြောင့် ခင်ဗျားကို ကောင်းချီးပေးလို့ပဲရမယ်။ မင်းသမီး လန်ဘိစ်။”

လန်ဘိစ်က နောက်မလှည့်ကြည့်ဘဲ ပြောလိုက်သည်။ “သိပ်မကြာခင်က အရှေ့ပိုင်း နယ်မြေမှာ ဖရိုဖရဲ ဖြစ်နေတယ်။ သိဒ္ဓိကျောင်းတော်က တယ်လီပို့လမ်းကြောင်းရှိတဲ့ အင်ပါယာတွေ အားလုံးကို ပိတ်ဆို့ထားလိုက်ပြီ။ ကျောင်းတော် လက်ရွေးစင်တွေကိုလည်း စီးနင်းတိုက်ခိုက်ဖို့ စေလွှတ်လိုက်ပြီ။ သူတို့က ကျက်သရေပြာအင်ပါယာကိုလည်း အကူအညီရယူဖို့ သံတမန်တွေ စေလွှတ်လိုက်သည်။ အင်ပါယာကိုတော့ ကျွန်မ မပြန်ရသေးဘူး။ ဒါပေမဲ့ သက်ဆိုင်တဲ့ သတင်းအချို့‌တော့ ရခဲ့တယ်။ အထူးသဖြင့် နာမည်နှစ်မျိုးပေါ့။ စိုင်မွန်နဲ့ ရစ်ချက်....။ နာမည်တူနဲ့လူ တစ်ယောက်အနေနဲ့ ရှင် သတိထားရမယ်။ စိတ်ပြောင်းခဲ့မယ်ဆိုရင် ကြယ်အလင်း ကောလိပ်နဲ့ ကျက်သရေပြာအင်ပါယာမှာ ကျွန်မကို ရှင် အချိန်မရွေး လာရှာလို့ရတယ်။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ကူညီဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားပေးမှာပါ။”

ချန်လွေ့က ထိုသတင်းကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထိုအရာက မမျှော်လင့် ထားသည့်အရာ ဖြစ်သည်။ နောက်ဆုံးစကားကို ကြားသည့်အခါ သူ၏မျက်လုံး အရောင်လက်သွားပြီး ရုတ်တရက် ပြုံးလိုက်၏။ “တခြား မရှိတော့ဘူးဆိုရင် ကျုပ်ကို နောက်တစ်ခါ လာပြီး မနှောင့်ယှက်ပါနဲ့တော့။ အရှင်မင်းသမီး။”

လန်ဘိစ်က နှလုံးသားထဲ၌ လှိမ့်တက်နေသော ပြင်းပြသော ဒေါသစိတ်နှင့်အတူ လက်သီးကို ဆုပ်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ အမြန်ထွက်သွားလိုက်တော့သည်။

All Chapters