← Chapters

အန္တရာယ်ချဉ်းကပ်နေပြီ

Vol. 44 Ch. 699

အန္တရာယ်ချဉ်းကပ်နေပြီ

Vol. 44 Ch. 699

နံနက်ခင်းစောစော၌ ဘလန့်ချ် မျက်လုံးဖွင့်လိုက်ရာ မိမိသည် မှော်တဲတိမ်၌ အိပ်နေပြီး သက်တောင့်သက်သာရှိသော‌ စောင်တစ်ထည် ခြုံထားကြောင်း တွေ့လိုက်ရ၏။

နတ်သူငယ်တစ်ပိုင်း ကောင်မ‌လေးက ယမန်ညက တေးသွားတစ်ပုဒ် တီးမှုတ်နေရင်း တားမြစ် ဘယ်မျက်လုံး ရုတ်တရက် အသက်ဝင်လာကြောင်း ရေးရေးလေး သတိရသွားသည်။ ထို့နောက် ဆက်ဖြစ်သည့်အရာများကို သေချာ မမှတ်မိတော့ပေ။ အထင်ရှားဆုံး ခံစားချက်က ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော် နွေးထွေးသော ပွေ့ဖက်မှု တစ်ခုပင်။

ဘလန့်ချ်က မှော်တဲအိမ် အပြင်ဘက်မှ မီးမွေးပြီး ချက်ပြုတ်နေသော လူသားများ ဖျပ်ခနဲ ကြည့်လိုက်သည်။ အကြောင်းရင်းတချို့ကြောင့် သူက ရုတ်တရက် နှလုံးခုန်မြန်သွားကြောင်း ခံစားလိုက်မိသည်။ ထိုကဲ့သို့ ထူးခြားသော ခံစားချက်က ဖော်ပြ၍ မရနိုင်အောင်ဖြစ်နေပြီး ထိုလူသားအတွက်သာမက အခြားယောက်ျားများအတွက်လည်း ဖြစ်သည်။

ချန်လွေ့က အပြင်ဘက်တွင် ထိုင်နေပြီး ရှေ့တွင် အိုးတစ်လုံးရှိနေကာ ဇာမဏီငှက်လေး သော်သော်က ဘေးဖက်မှ တောင်ပံ တဖျပ်ဖျပ် ခတ်နေခဲ့သည်။ သော်သော်က ယနေ့တွင် ထူးထူးခြားခြား ဂနာမငြိမ် ဖြစ်နေ၏။ သူ၏ ပကျိပကျိ အသံများက စိုးရိမ်မှုများ ပြည့်နေသည်။

“ဖေဖေ။ ဖေဖေ...”

[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ဇာမဏီငှက်ငယ်‌လေး၏ အသံက ငိုနေခဲ့သည်။

“သော်သော်ကို မထားခဲ့ပါနဲ့။”

“သော်သော်လည်း အတူတူ သွားချင်တယ်။”

“သော်သော် ဖေဖေ့ကို မုန်းတယ်။”

ချန်လွေ့က ဇာမဏီငှက်လေးကို အသာလေး ဆုပ်ကိုင်ပြီး လက်မောင်းကြားထဲ၌ သူ့ခေါင်းကို ပွတ်သပ်ကာ သက်ပြင်းချလိုက်သည်။ “ဖေဖေလည်း သော်သော်နဲ့ မခွဲနိုင်ဘူး။ ဒါပေမဲ့ ဖေ့ဖေ့ရဲ့ လက်ရှိစွမ်အားနဲ့ဆို သော်သော်ကို မခေါ်သွားနိုင်ဘူး။ သော်သော်ကို လာပြန်ခေါ်မယ်လို့ ဖေဖေ အသက်နဲ့ရင်းပြီး ကျိန်ဆိုတယ်။ အဲဒီအချိန် သော်သော်က မေမေတွေ အများကြီးနဲ့ တွေ့ရပြီးတော့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေသွားရမယ်။ ဟုတ်ပြီလား။”

ချန်လွေ့က သော်သော်ကို နတ်ဆိုးဘုံသို့ ခေါ်သွားချင်သော်လည်း ကံဆိုးစွာပင် သူက ဇာမဏီငှက်ငယ်လေးနှင့်အတူ [ ကြယ်ဂိတ် ] ကို မဖြတ်နိုင်သွားနိုင်ပေ။ ဇာမဏီငှက်ငယ်လေးက ဖယ်ထုတ်ခံရပြီး နေရာတွင်ပင် ကျန်နေမည် ဖြစ်သည်။ ထိုအရာက ကျောက်စိမ်းသစ်တော ပင်လယ်သို့ ရောက်မလာခင်က အတည်ပြုပြီးခဲ့လေပြီ။

ဇာမဏီငှက်လေးက ချန်လွေ့နှင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်ပြီး ချန်လွေ့က သော်သော်က မိသားစုတစ်ုခအဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် သူက သော်သော်ဝမ်းနည်းနေမည်ကို စိုးသည့်အတွက် ထွက်သွားတော့မည့် အကြောင်းကို မပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့ နေ့လယ်တွင် နတ်ဆိုးဘုံသို့ ပြန်နိုင်ရန် လိုအပ်သော ယုံကြည်မှု သလင်းကျောက် ၁၀သိန်း ပြည့်ပြီ ဖြစ်သည်။ အစ်ဇဘယ်လာကို အချိန်မရွေး သတ်နိုင်သော [အလင်းချေမှုန်းချိပ်ပိတ်]က အချိန်ဆွဲ၍ မရနိုင်တော့ပေ။ ထို့ကြောင့် ယနေ့သည် လူသားလောက၌ သူ၏နောက်ဆုံးနေ့ရက် ဖြစ်သင့်သည်။ သူ ထွက်သွားရပေမည်။

စူပါစနစ်ကို နောက်ထပ် ဆင့်ကဲပြောင်းလဲလျှင် နေရာလွတ်ကိုဖြတ်ပြီး လုံးဝ သက်ရှိ တည်ရှိမှုတစ်ခုကို သူနှင့်အတူ ခေါ်သွား၍ ရမရ မသေချာပေ။ မည်သူ့ပင် ဖြစ်စေကာမူ၊ လူသားလောကသို့ သူ နောက်တစ်ကြိမ် ပြန်ရောက်သောအခါ ဇာမဏီငှက်လေးကို အိမ်ပြန်ခေါ်သွားရပေမည်။

သူ မည်သို့ပင် ပြောစေကာမူ ဇာမဏီငှက်လေးက ငိုနေဆဲ ဖြစ်သည်။ သူက ချန်လွေ့၏ ဘယ်လက်ပေါ်သို့ ခုန်တက်လာပြီး ချန်လွေ့ကို နာကျင်စေရန် အားကုန်သုံးကာ အသည်းအသန် ထိုးဆိတ်တော့သည်။ ဇာမဏီငှက်လေးက ချန်လွေ့၏ခန္ဓာကိုယ်ပေါ်မှ အလိုအလျောက် ခုံခံ စွမ်းအားများကြောင့် လွင့်ထွက်သွားသော်လည်း သူက အော်ဟစ်ပြီး ရှေ့သို့တက်လာကာ ထိုးဆိတ်ပြန်သည်။ ချန်လွေ့ သက်ပြင်းချလိုက်ပြီး ခုခံမှုစွမ်းအား အားလုံးကို ပယ်ဖျက်ကာ သော်သော်အား သွေးထွက်သည်အထိ ထိုးဆိတ်စေခဲ့သည်။ သူက သော်သော်အား နှစ်သိမ့်၍သာ ရနိုင်လေသည်။

ထိုအချိန်၌ ဘလန့်ချ်က တဲအိမ်ထဲမှ ထွက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့သည်။ “သော်သော် ဘာဖြစ်တာလဲ။”

နတ်သူငယ်တစ်ပိုင်းက မီရှယ် မဟုတ်ပေ။ နတ်သူငယ်မင်းသမီးလေးသာ ရှိနေမည်ဆိုလျှင် မေးခွန်းက “ရှင့်ငှက်က ဘာဖြစ်တာလဲ” ဖြစ်မည်မှာ သေချာပြီး သက်ရှိအားလုံးကို တုန်လှုပ်သွားစေလိမ့်မည်။ ချန်လွေ့က လက်မောင်းပေါ်၌ သွေးအမှတ်များ လုပ်နေသေးသော ဇာမဏီငှက်လေးကို မြတ်နိုးစွာ ကြည့်နေခဲ့သည်။ “သူက ငါနဲ့ ခွဲရတော့မှာမို့လို့ ဝမ်းနည်းနေတာ။ ငါသွားမယ့်နေရာက ထူးခြားတယ်။ အခုအချိန်မှာ ငါ သူ့ကို ခေါ်မသွားနိုင်သေးဘူး။ အဲဒါကြောင့် နောက်တစ်ခါ ဒီကို ငါ ပြန်မလာခင် သော်သော်ကို ငါ့အတွက် ဂရုစိုက်ပေးဖို့ တောင်းဆိုချင်တယ်။ ရမလား။”

ဘလန့်ချ်က ကြက်သေသေသွားခဲ့သည်။ သူ၏မျက်လုံးများ ရုတ်တရက် အရောင် တောက်သွား‌ပြီး အားတက်သရောနှင့် ခေါင်းညိတ်လိုက်သည်။ သူက သော်သော်နှင့် ချန်လွေ့တို့၏ ပတ်သက်မှုကို ကောင်းကောင်း နားလည်သည်။ သော်သော်ကို သူ့ဆီတွင် ထားထားခြင်းက ယုံကြည်ကြောင်း ပြရုံသာမက ထိုလူသားက ကျောက်စိမ်းသစ်တောပင်လယ်သို့ သေချာပေါက် ပြန်လာမည်ဖြစ်ကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။ ငါ မသိတာက အဲဒီအချိန် သူ....

နတ်သူငယ်တစ်ပိုင်း ကောင်မလေးက ရှက်သွားပြီး ဆက်မစဉ်းစားရဲတော့ပေ။ ရုတ်တရက် သူက မျက်နှာကို အသားမကျသလို ခံစားလိုက်ရပြီး မျက်လုံးကာ မရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ သူ ထိတ်လန့်သွားခဲ့ပြီး အလောတကြီးနှင့် အကာကို လိုက်ရှာနေလိုက်သည်။ ထိုအချိန်၌ လက်တစ်ဖက်က မျက်မှန်တစ်လက် ကမ်းပေးလာသည်။

“ဒါက မင်းရဲ့ မျက်ဆံအရောင်ကို ပြောင်းပေးနိုင်တဲ့ ငါ သိပ်မကြာခင်ကမှ လုပ်ထားတဲ့ မှော်မျက်မှန်ပဲ။ ဒါက မင်းရဲ့ဘယ်မျက်လုံးက မူမမှန်တဲ့ ပြောင်းလဲမှုအချို့ကို ထိန်းသိမ်း ပေးနိုင်တယ်။ ဒီမှာ‌ သွေးတစ်စက် ချလိုက်မယ်ဆိုရင် မင်းကလွဲပြီး ဘယ်သူမှ ချွတ်လို့ မရနိုင်တော့ဘူး။” လူသား၏ ညင်သာသောအသံ ထွက်ပေါ်လာသည်။ “ဒါက အသိအပညာ တစ်ခုကို နားလည်ပြီးတော့ ပထမဆုံး ငါ့ရဲ့ လက်ရာပဲ။ မင်း အစမ်းသပ်ခံဖြစ်ဖို့ စိတ်မရှိရင်ပေါ့။”

နတ်သူငယ်တစ်ပိုင်းက နှုတ်ခမ်းကို အသာလေးကိုက်ပြီး မျက်မှန်ကိုယူကာ သွေးတစ်စက် ချလိုက်သည်။ မျက်မှန်က ရုတ်တရက် ရွှေအိုရောင် အလင်းတစ်ခု ပေါ်ထွက်လာကာ သူ၏ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းသဖွယ် ဖြစ်သွားခဲ့သည်။ ဝတ်လိုက်ပြီးနောက် သူက ဖော်ပြ၍ မရသော အေးမြမှုနှင့် သက်တောင့်သက်သာဖြစ်မှုတို့ကို ဦးနှောက်ထဲ၌ အထူးသဖြင့် ဘယ်မျက်လုံး၌ ခံစားလိုက်မိသည်။ အေးမြင်သော ခံစားချက်က ထိုမှတ်ဉာဏ်ထဲမှ နွေးထွေးသော ပွေ့ဖက်မှုကဲ့သို့ပင် မူလလောင်ကျွမ်းသော ခံစားချက်ကို အစားထိုးသွားခဲ့သည်။

မြူတစ်ခုက မျက်မှန်က တက်လာပြီး နတ်သူငယ်တစ်ပိုင်း၏ ပြတ်သားသော အမြင်ကို ဝေဝါးသွားစေကာ သူ၏နှလုံးသားထဲ၌ ဝါးတားတားပုံရိပ်က ထင်ရှားလာခဲ့သည်။

“လိုက်သားပဲ။” ချန်လွေံက အသာလေး ပြုံးလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် နတ်သူငယ်တစ်ပိုင်းက မျက်လုံးကာကို လွှင့်ပစ်ပြီး မျက်လုံးကို ဝတ်လိုက်သောအချိန်၌ သူ့ကို မယုံနိုင်စရာ ခံစားချက်တစ်ခု ပေးစွမ်းခဲ့သည်။ သူက မျက်မှန်နှင့် မိန်းမလှတစ်ယောက် ဖြစ်သည်။ ဇိုလာက ရင့်ကျက်ပြီး ရင်ထဲထိစေသည်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေးက သိမ်မွေ့သည်။ သူက စာအုပ်ကိုင်ထားပြီးတော့ ကျောင်းသူ ဝတ်စုံ ဝတ်လိုက်မယ်ဆိုရင်....

ခဏအကြာ၌ ချန်လွေ့က အနှောင့်အယှက်ဖြစ်စေသော အတွေးများကို ခေါင်းထဲမှ ဖယ်ရှားလိုက်သည်။ သူက ဘလန့်ချ်၏ မျက်လုံးကို လက်ညှိုးထိုးကာ မေးလိူက်သည်။ “မင်းရဲ့ အဖေမှာ မူမမှန်တာ တစ်ခုခု ရှိခဲ့ဖူးလားလို့ မေးချင်တယ်။ မင်းရဲ့ အဘိုးအဘွားတွေ အကြောင်း တစ်ခုခု ကြားဖူးလား။”

ဘလန့်ချ်က ခေါင်းခါသည်။ “ကျွန်မရဲ့အဖေက သာမန် နတ်သူငယ်တစ်ပိုင်းပဲ။ ထူးခြားတာဆိုလို့ သူ့မျက်ဆံတွေက နီနေတာပဲ။ ဒါပေမဲ့ ကျွန်မလိုမျိုး တားမြစ်စွမ်းအား မရှိဘူး။ ကျွန်မရဲ့အဘိုးက နတ်သူငယ်တစ်ယောက်လို့ ဧကရီပြောတာတော့ ကြားဖူးတယ်။ ဒါပေမဲ့ အဘွားအကြောင်းကိုတော့ သူ တစ်ခါမှ မပြောဖူးဘူး။”

ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ ဘလန့်ချ်ရဲ့ ဘယ်မျက်လုံးထဲမှာ ရှိနေတာ အသူရာချောက်နက်မိသားစု စွမ်းအား ဖြစ်လောက်တယ်။ ပြီးတော့ အတော်လေးကို စွမ်းအားကြီးတယ်။ ကံကောင်းချင်တော့ အပြည့်အဝ အသက်မဝင်သေးဘူး။ သူ့အဖေမှာ “တားမြစ်စွမ်းအား” မှ မရှိဘူး။ သွေးမျိုးဆက်စွမ်းအားက မျိုးဆက်တစ်ခု ခုန်သွားတာ ဖြစ်မယ်။ ဒီလိုဆိုရင် အသူရာချောက်နက် မိသားစုက နတ်ဆိုးဘုံမှာ ပေါ်လာတဲ့အပြင် လူသား လောကမှာလည်း ခြေရာလက်ရာတွေ ရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘလန့်ချ်က အပြစ်မရှိဘူး။ အခု ငါက သူ့ရဲ့ ဘယ်မျက်လုံးရဲ့ သွေးမျိုးဆက် စွမ်းအားကို ကြိုပြီးတော့ ချိပ်ပိတ်ပြီးသွားပြီ။ အနာဂတ်မှာ မတော်တဆ မဖြစ်လောက်တော့ဘူး။

ချန်လွေ့က ထိုအကြောင်းကို ဆက်မပြောတော့ပေ။ သူက နေရာလွတ် လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။ “ဒီနေရာလွတ်လက်စွပ်ကို မနေ့တုန်းက ငါ ပေးလိုက်သင့်တာ။ မေ့သွားတယ်။ လက်ခံပေးပါ။ ဒီထဲမှာ အသက်ဓာတ်ရေစင်နဲ့ သော်သော် စားလေ့ရှိတဲ့ မီးသလင်းကျောက်တွေ ရှိတယ်။ သော်သော်ကို စောင့်ရှောက်ပေးပါဦး။”

နတ်သူငယ်တစ်ပိုင်း ကောင်လေးက နေရာလွတ်လက်စွပ်က မည်သည့်အရာ ဆိုသည်ကို သိသည်။ နတ်သူငယ်တိုင်း၌ တစ်ကွင်း ရှိကြသည်။ နတ်သူငယ်တစ်ပိုင်းဖြစ်သော သူကသာ မရှိနိုင်ပေ။ ယခုတွင် နောက်ဆုံး၌ သူ့မှာ ရှိလာလေပြီ။ သို့သော်လည်း ထိုအရာက နောက်လာမည့် ခွဲခွာမှုကို ပိုမိုကြီးထွားသွားစေသည်။

ဘလန့်ချ်က နားလည်စွာဖြင့် ရုတ်တရက် မေးလိုက်သည်။ “ရှင် ပြန်လာမယ် ဟုတ်။”

ချန်လွေ့က ခေါင်းညိတ်သည်။ “ငါ သေချာပေါက် ပြန်လာမှာပါ။”

“စောင့်နေမယ်။” နတ်သူငယ်တစ်ပိုင်း ကောင်မလေးက တိုးတိုးလေး ပြောလိုက်၏။

မျက်မှန်နောက်ရှိ တောက်ပပြီး ခိုင်မာသော မျက်လုံးများက ချန်လွေ့၏ နှလုံးသားကို အနည်းငယ် တုန်လှုပ်သွားစေသည်။ သူသည် တည့်တည့် မကြည့်ရဲတော့ဘဲ တိတ်တိတ်လေး သက်ပြင်းချလိုက်၏။

သော်သော်၏ နှုတ်သီးသေးသေးလေးက ဆက်မဆိတ်မတော့ပေ။ သူက ချန်လွေ့၏ ခေါင်းပေါ်သို့ အနားယူရန် ပျံသွားလိုက်သည်။ ဘလန့်ချ်၏ စကားပြောနေစဉ် မိမိ၏လက်က ထူးဆန်းသော သွေးအမှတ်တစ်ခု တောက်လာကြောင်း ချန်လွေ့ သတိမထားမိခဲ့ပေ။ အထူး ခန္ဓာအမျိုးအစား ဂုဏ်သတ္တိကြောင့် ၎င်းက ခဏအကြာ ပျောက်ကွယ်သွား၏။

နာရီအနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် သော်သော်က မကျေမနပ်နှင့် နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ ပုခုံးပေါ်သို့ ပျံသန်းသွားခဲ့သည်။ ချန်လွေ့က ထိုကဲ့သို့ ချစ်စရာကောင်းသော “သမီး‌လေး”နှင့် မခွဲခွာချင်သော်လည်း ပြုံးပြလိုက်သည်။ ထွက်သွားရန် အချိန်ရောက်လာလေပြီ။

ချန်လွေ့၏ ထွက်ခွာမှုက လူအများအပြားကို အနှောင့်အယှက် မဖြစ်စေခဲ့သည်။ ဘလန့်ချ်နှင့် သော်သော်အပြင် ဖီနိုအီရာနှင့် သူ့တပည့်၊ ဘန့်ဒ်နှင့် မီရှယ်တို့လည်း ရှိနေသည်။ အံ့သြစရာကောင်းလှစွာပင် လန်ဘိစ်လည်း ရှိနေ၏။

လွန်ခဲ့သော သုံးလေးရက်က သိပ်မကြာသော်လည်း ချန်လွေ့နှင့် မဟာဆရာသခင် နှစ်ယောက်တို့က အတော်လေး အပေးအယူတည့်သော ဆက်ဆံရေးတစ်ခု ရှိလာခဲ့သည်။ သူက ပုံကြမ်းပေါ်၌ အထောက်အကူဖြစ်သော အမြင်များကို ပြောဖြစ်သည့်အတွက် သူတို့ကို လူယုံများ ဖြစ်လာစေခဲ့သည်။

လူပုအိုကြီးက မရှက်မကြောက်‌ ပြောလိုက်သည်။ “ဖီနိုအီရာနဲ့ ငါ့ကို အကြာကြီး မစောင့်ခိုင်းနဲ့။ နောက်တစ်ခါ ရနံ့မွှေး ပြောင်းဆန်သေရည်တွေ ပိုယူလာဖို့ မမေ့နဲ့။”

ချန်လွေ့က ပြုံးပြလိုက်ပြီး ခေါင်းညိတ်ကာ မီရှယ်၏ခေါင်းကို ပုတ်လိုက်သည်။ ကောင်မလေး၏ မျက်လုံးဝိုင်းဝိုင်းက အနည်းငယ် မျက်ရည်ဝဲနေခဲ့သည်။ သူ့အတွက် နောက်ဆုံးတစ်ခေါက် ချန်လွေ့က ခရမ်းသစ်တောထဲ၌ ရပ်တည်ပေးခဲ့စဉ်က သူသည် ထိုလူသားကို နှလုံးသားထဲ၌ ယုံကြည်ရသော မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

တာရန်နာက နတ်သူငယ်မျိုးနွယ်စု၏ မောက်မာသော ဦးခေါင်းကို နှိမ့်ချပြီး လူသားကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ ယနေ့တွင် သူက ချန်လွေ့ကို လုံးဝ အညံ့ခံခဲ့ရသည်။ သူက ထိုကဲ့သို့ ကိုယ်ကျိုးမငဲ့သော လမ်းညွှန်ချက်များကို ပို၍ပင် ကျေးဇူးတင်ခဲ့သည်။ ချန်လွေ့က ပြန်လည် ဦးညွှတ်လိုက်သည်။ လန်ဘိစ်၏အသံ ထွက်ပေါ်လာ၏။ “ဂရုစိုက်ပါ။ ရစ်ချက်။ အနာဂတ်မှာ ကျွန်မတို့တွေ မိတ်ဆွေ....ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။”

“ဆရာမ လန်ဘိစ်။ ကျုပ်လည်း ခင်ဗျားကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ပြီးတော့ ခင်ဗျား စိတ်ကူးထားတာတွေ သိပ်မကြာခင် အမှန်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။” လန်ဘိစ်၏ သရုပ်ဆောင်ခြင်းနှင့် အကွက်ချခြင်းတို့က အတော်လေး ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း မည်သို့ပင် ဆိုစေကာမူ သူ၏ရှုထောင့်မှကြည့်လျှင် မမှားပေ။ ခမ်းနားကြီးကျယ်သော နန်းတော်က အမှန်တကယ်၌ ဝဲကတော့ကြီးတစ်ခု ဖြစ်သည်။ စွမ်းအားအရှေ့၌ မည်သည့်ခံစားချက်မဆိုက တစ်ခါတရံ၌ ကြေပဲ့လွယ်လှသည်။ သူက အတွေးတိမ်လွန်းလျှင် ဝဲကတော့၏ ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။ ကံကြမ္မာကို ထိန်းချုပ်နိုင်ခြင်းက ချန်လွေ့၏ ကြာရှည်သော ယုံကြည်ချက် တစ်ခုလည်း ဖြစ်ပေသည်။ ထိုကြင်ယာလောင်းနှင့် အနာဂတ်တွင် ပြန်လည်တွေ့ဆုံရရန် ခက်ခဲနိုင်မည် ဖြစ်သော်လည်း ထိုကဲ့သို့ ကောင်းချီးပေးခြင်းက စိတ်ရင်းနှင့်ဖြစ်၏။

ထိုအချိန်၌ ကောင်းကင်ပြာက ရုတ်တရက် ချစ်ချစ်တောက် အနီရောင် ပြောင်းသွား၏။ မမြင်နိုင်သော အစီအရင်စက်ကွင်းတစ်ခုက စတင်၍ အပြင်းအတန် တွန့်ရှုံ့လာသည်။ ထို့နောက် ဖန်တစ်မျိုးမျိုး ကွဲသွားသလိုမျိုးပင် မရေမတွက်နိုင်သော အလင်းတန်းများ ထိုးဆင်းလာပြီး ထိုနေရာကို လွှမ်းခြုံလိုက်၏။

အားလုံး ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ဖီနိုအီရာနှင့် တာရန်နာတို့ ဖြစ်သည်။ ခုနက “ကွဲကြေ”သွားသည့်အရာက နတ်သူငယ်မျိုးနွယ်စု၏ အကာအကွယ် အစီအရင် ဖြစ်ကြောင်း သူတို့ အတိအကျ သိကြသည်။ ထိုနေရာက အစီအရင်စွမ်းအား အတော်လေး အားနည်းသော ငွေလကောင်းကင်မြို့တော်၏ အပြင်ဘက် ဆင်ခြေဖုံး ဖြစ်သော်လည်း အစီအရင်က ချက်ချင်းပင် ပြိုလဲသွားခဲ့သည်။ ကောင်းကင် တစ်ပိုင်းတစ်စသာ ဖြစ်သော်လည်း ၎င်းက ပြသနေသော စွမ်းအားက အတော်လေး ကြောက်စရာကောင်းလှသည်။

ချစ်ချစ်တောင် နီရဲနေသော ကောင်းကင်ကြီးထဲ၌ အစိမ်းရောင် အငွေ့အသက်များ ရှိနေပြီး ထိုးဆင်းလာသော အလင်းတန်းများ အတော်လေး မှိန်ကျသွားခဲ့သည်။ အသံနက်နက်တစ်သံ ထွက်ပေါ်လာ၏။ “အစ်ဇ်ရိုယူး။ မင်းက နတ်ဘုရားတစ်ပိုင်း စာချုပ်ကို လျစ်လျူရှုပြီးတော့ ခွင့်ပြုချက်မရှိဘဲနဲ့ ကျောက်စိမ်းသစ်‌တောပင်လယ်ကို တိုက်ခိုက်ရဲတယ်လား။ အလင်း နတ်ဘုရားကျောင်းက စစ်ပွဲစချင်တာလား။”

အစ်ဇ်ယိုရူးလား။ ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ ဒီကောင်က သူကိုယ်တိုင် လှုပ်ရှားလာတာပဲ။ ပြီးတော့ ဒီလိုအချိန်မျိုးမှ။

ကံကောင်းစွာပင် နတ်သူငယ်မျိုးနွယ်စု၏ သူ၏အဖိုးတန်သော အချိန်ကို ဆွဲထား‌ပေးရန် ယာယီ ညှိနှိုင်းနေနိုင်သည့် အထူးစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့သည်။

ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုပြီး ဘလန့်ချ်အား သော်သော်ကို ခေါ်ပြီး ထိုနေရာမှ ထွက်ပြေးရန် ချက်ချင်း ညွှန်ကြားလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ့အရှေ့၌ ကြယ်ကဲ့သို့ အရောက်လက်နေသော အပြာရောင် အလင်းတံခါးတစ်ခု ပေါ်လာခဲ့သည်။

ယံကြည်မှုသလင်းကျောက်က ၁၀သိန်းကျော်သွားပြီ ဖြစ်သော်လည်း သူက [ ကြယ်ဂိတ် ] ကို အသုံးချကာ အနီးဆုံး ကြယ်အမှတ်ဖြစ်သည့် ကြယ်အလင်းအင်ပါယာရှိ ဗီနပ်စ် မြို့သို့ ထွက်ပြေးနိုင်သည်။ ဒီကနေ ငါ လွတ်မြောက်နိုင်သွားရင် အစ်ဇ်ယိုရူးရဲ့ နောက်ဆုံး [ကောင်းကင်ထောက်လှမ်းခြင်း] ကလည်း ကျရှုံးသွားမှာပဲ။

All Chapters