← Chapters

[ ဓူဝံကြယ်အသွင်ပြောင်းခြင်း ]

Vol. 44 Ch. 701

[ ဓူဝံကြယ်အသွင်ပြောင်းခြင်း ]

Vol. 44 Ch. 701

ချန်လွေ့က အပြာနက်ရောင်ချပ်ကာကို ဝတ်ဆင်ထား၏။ တလက်လက် အလင်းရောင်များ ပျောက်ကွယ်သွားသော်လည်း အပြာရောင် ကျောက်မျက်ကဲ့သို့ အလင်းစက်များ ရှိနေဆဲ ဖြစ်သည်။ မဟုတ်ပေ။ ကျောက်မျက်က သေချာပေါက် နက်ရှိုက်ပြီး ကျက်သရေရှိသော ကြယ်များ မဟုတ်နိုင်ပေ။ ကြယ်များကသာ ထိုကဲ့သို့ ခမ်းနားကြီးကျယ်သော ထည်ဝါမှု ရှိနိုင်ပေသည်။

ထိုခန္ဓာကိုယ်အပြည့် ချပ်ကာက ကျက်သရေရှိပြီး မြင့်မြတ်သော အငွေ့အသက် ရှိနေပြီး လူအများကို မော့ကြည့်ချင်စိတ်များ ဖြစ်လာစေသည်။ နောက်ဘက်တွင် အလွန်ကြီးမားသော တောင်ပုံတစ်စုံရှိနေပြီး ကြော့ရှင်းကာ လေးနက်နေ၏။ အစ်ဇ်ယိုရူး၏ အနီရောင် တောင်ပံများက ထိုအရာနှင့်ယှဉ်ပါက နိမ့်ကျနေပေသည်။ သာမန်ရုပ်ရည်သာရှိသော အမျိုးသမီးတစ်ယောက်က ပြိုင်စံရှား သဘာဝ မိန်းမလှ၏အရှေ့တွင် ဆံပင်ကို ညုတုတု ပွတ်သပ်နေသကဲ့သို့ပင်။

ချန်လွေ့က ခန္ဓာကိုယ်က လှိမ့်ထွက်လာနေသော ကြီးမားလှသည့် စွမ်းအားကို ခံစားမိသည်။ “ကိုယ့်ကိုယ်ကိုယ် ကမ္ဘာငယ်လေးအဖြစ် သဘောထားပြီး လောကအစစ်နှင့် ပေါင်းစပ်ခြင်း”ကို နားလည်သဘောပေါက်နိုင်ခြင်းက အတားအဆီးများမရှိဘဲ ထင်ရှားနေခဲ့ပြီး ဆဲလ်တိုင်းက ပတ်လမ်းအတိုင်း လှုပ်ရှားနေသကဲ့သို့ ဖြစ်နေ၏။ ခန္ဓာကိုယ်တလျှောက်ရှိ မရေမတွက်နိုင်သော စက်ဝိုင်းငယ်လေးများက ... စကြဝဠာကဲ့သို့ အမှန်တကယ် အဆုံးမဲ့သော စွမ်းအားကို ထုတ်ဖော်နေလေသည်။

ထိုအရာက အစွမ်းအထက်ဆုံး တိုက်ပွဲအသွင်ပြောင်းခြင်း [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ဖြစ်နေ၏။

အရှိန်အဝါတန်ဖိုး ၁၀သိန်းအပြင် ချန်လွေ့ကလည်း ယခုတစ်ခေါက်၌ [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] အတွက် ယုံကြည်မှုသလင်းကျောက် တစ်သောင်း ပေးခဲ့ရသည်။ ယခုတော့ ယုံကြည်မှုသလင်းကျောက် ၁၀သိန်းစုဆောင်းရန် အချိန်ပေးရဦးမည် ဖြစ်သည်။

အစ်ဇ်ယိုရူးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သို့ စွမ်းအားနှင့် အခြေအနေ ရှိသော [ ယုံကြည်မှုချပ်ကာ ] တစ်ခုကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ထိုအရာကြောင့် နဂိုက သူတော်စင်အဆင့် စွမ်းအားသာရှိသော ထိုပုရွက်ဆိတ်က သူ့ကို ယှဉ်နိုင်လုနီးပါး ဖြစ်နိုင်သည်အထိ ချက်ချင်း ခုန်တက်သွားခဲ့သည်။

နတ်ဆိုးအရှင်သခင်အဆင့် အထက်နှင့် နတ်ဘုရားအဆင့်အောက် လူများကို စုစည်း၍ နတ်ဘုရားတစ်ပိုင်းအဆင့်ဟု ခေါ်ဝေါ်ကြသည်။ သို့သော် ထိုအဆင့်သို့ ရောက်ရှိသူ သို့မဟုတ် ချဉ်းကပ်နိုင်သူများက နတ်ဘုရားတစ်ပိုင်းအဆင့်တွင် အဆင့်သုံးခု ပိုင်းခြားထားပြီး တစ်ဆင့်ချင်းတွင် ခြားနားမှုကြီးမားကြောင်း သိကြသည်။

ပထမတစ်ခုမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ဝင်ရောက်ရန် အနိမ့်ဆုံးလိုအပ်ချက် ဖြစ်သော တိုင်းပြည်ပိုင်နက်တစ်ခု ဖြစ်သည်။ ထိုအဆင့်က ပိုင်နက်မှ တိုင်းပြည်သို့ ပြောင်းလဲရန် ပြီးစီးနိုင်သွားပြီ ဖြစ်သော်လည်း ယုံကြည်သူ မရှိသည့်အတွက် [ ယုံကြည်မှုချပ်ကာ ] အသုံးမပြုနိုင်ပေ။ အစ်ဇ်ယိုရူး၊ ရေဘဝဲဘုရင်နှင့် ပင်လယ်သေမှ သေရွာပြန်ဘုရင်တို့က “တိုင်းပြည်ဖန်တီးပြီးသော ပုဂ္ဂိုလ်များ” ဖြစ်သည်။ တံလျှပ်က ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု မရှိဘဲ ကိုယ်ပိုင်အစွမ်း၌ပင် ပြဿနာများ ရှိနေသည့်အတွက် အတော်လေး အားနည်းလာခဲ့ရသည်။

ဒုတိယအဆင့်က ယုံကြည်သူရှိသော ပြီးပြည်စုံသည့် တိုင်းပြည်ပိုင်နက်တစ်ခု တည်ထောက်ရန်ဖြစ်ပြီး ယုံကြည်မှုစွမ်းအားများမှတစ်ဆင့် ယုံကြည်သူများကို စွမ်းအားတိုးစေရန် ဖြစ်သည်။ အစွမ်းထက်ပုဂ္ဂိုလ်က [ ယုံကြည်မှုချပ်ကာ ] ကို ပိုင်ဆိုင်ရုံသာမက အကိုင်းရှိုင်းဆုံး ယုံကြည်သူများကိုလည်း [ ယုံကြည်မှုချပ်ကာ ] ပေး၍ ရသည်။ ထိုကဲ့သို့အဆင့်ရောက်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်များးကိုသာ စစ်မှန်သော “နတ်ဘုရားတစ်ပိုင်း”ဟု ခေါ်နိုင်ပေသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တစ်ဖနီကို [ ယုံကြည်မှုချပ်ကာ ] ချီးမြှင့်နိုင်သော ဆက်ခ်ရက်တောင်မှ စေတန်က အနည်းဆုံး နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်ပေသည်။

တတိယအဆင့်ကို “နတ်ဘုရားယောင်”ဟု ခေါ်သည်။ ယခင်နှစ်ဆင့်နှင့် အခြေခံအကျဆုံး ခြားနားချက်က နတ်ဘုရားဘဝအခြေခံကို ဖွဲ့စည်းခြင်းဖြစ်ပြီး နတ်ဘုရားဘဝယောင် ဟုလည်း ခေါ်ကြသည်။ ထိုအရာက နတ်ဘုရားတစ်ပိုင်း၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး နတ်ဘုရားအဆင့် အစွန်အဖျားကို ထိတွေ့နိုင်၏။ နတ်ဘုရားဘဝယောင်က စစ်မှန်သော နတ်ဘုရားဘဝသို့ လေ့ကျင့်ပြီးသွားကာ တိုင်းပြည်ပိုင်နက်ကို နတ်ဘုရားတိုင်းပြည်သို့ ပြောင်းလဲနိုင်သည်နှင့် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။

ချန်လွေ့က အစ်ဇ်ယိုရူးကို စွမ်းအား ရုတ်ရက် တိုးသွားခြင်းကြောင့်သာမက [ယုံကြည်မှုချပ်ကာ] ကြောင့်လည်း အံ့အားသင့်သွားစေခြင်း ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း စွမ်းအားမရှိဘဲ [ ယုံကြည်မှုချပ်ကာ ] ရှိနေခြင်းက ထို [ ယုံကြည်မှုချပ်ကာ ] မှာ [ ချီးမြှောက် ] ထားခြင်းဖြစ်သည်။ ထို့ပြင် ယုံကြည်သူတစ်ယောက်က ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော [ ယုံကြည်မှုချပ်ကာ ] ရှိနေမည်ဆိုလျှင် နောက်ကွယ်မှ တည်ရှိမှုက....

အဝေး၌ လေထဲ၌ ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေပြီး အောက်ဘက်မှ ချန်လွေ့နှင့် အစ်ဇ်ယိုရူးတို့ တိုက်ခိုက်နေသည်ကို ကြည့်နေကြသည်။

“ဒီလူသားရဲ့ ဇစ်မြစ်က မရိုးရှင်းဘူး။ ပုလိစ်။ မင်းရဲ့ ဆုံးဖြတ်ချက်က အတော်လေး မှန်ကန်တယ်။ ဒီတိုက်ပွဲရလာဒ်က ဘယ်လိုပဲဖြစ်ဖြစ် နတ်သူငယ်မျိုးနွယ်စုက ဘေးမှာပဲ ရပ်ကြည့်နေရမယ်။”

“အင်း။ စိတ်မကောင်းစရာပဲ။ အဲဒီကောင်လေးက [ ယုံကြည်မှုချပ်ကာ ] ကြောင့် တိုင်းပြည်အဆင့်ကို ရောက်သွားပေမဲ့ သူ့မှာ တကယ့်တိုင်းပြည် မရှိဘူး။ အဲဒါကြောင့် အစ်ဇ်ယိုရူးကို တိုက်ခိုက်ဖို့ မဖြစ်နိုင်သေးဘူး။ ဒီတိုက်ပွဲက သိပ်မကြာခင် အဖြေပေါ်လာ တော့မှာပါ။”

အစ်ဇ်ယိုရူးက ထိုပုဂ္ဂိုလ်နှစ်ယောက်ကဲ့သို့ပင် အတွေးတူနေသည်။ သူက အံ့အားသင့် သွားသော်လည်း ချန်လွေ့ကို မျက်လုံးထဲ မထည့်သေးပေ။ သူက သရော်ပြုံး ပြုံးလိုက်သည်။ “ဟာသပဲ။ မင်းက အခွံတု ဝတ်လိုက်ရုံနဲ့ တကယ့်အစွမ်းထက်ပုဂ္ဂိုလ်ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား။ တိုင်းပြည်အဆင့်နဲ့ သူတော်စင်အဆင့်ရဲ့ တကယ့်ခြားနားချက်က တိုင်းပြည်စွမ်းအားပဲ။ မင်းရဲ့ တိုးမြှင့်ထားတဲ့ စွမ်းအားတွေကို ချေဖျက်လို့ရတယ်။”

ချန်လွေ့က အပို ပြောမနေပေ။ သူက လက်သီးတစ်ချက်နှင့်အတူ အစ်ဇ်ယိုရူးအရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ဘုန်း...” ထိုလက်သီးချက်ကို အစ်ဇ်ယိုရူးက ဘယ်လက်ဖြင့် ဖမ်းလိုက်ပြီး ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ၏ညာလက်ကို ချန်လွေ့ကလည်း ခုခံလိုက်သည်။ တိုက်ခိုက်မှုနှင့် ခုခံမှုတို့က တစ်ချိန်တည်းမှာပင် ဖြစ်သွားပြီး သစ်တောတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။

ကောင်းကင်ထက်မှ ပုလိုစ်က လက်ညှိုးထိုးလိုက်ရာ သစ်တောပတ်ပတ်လည်၌ အစိမ်းရောင် ဆူးချွန်အလွှာများ ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုဆူးချွန်များ ကျောက်စိမ်း သစ်တောပင်လယ်မှကဲ့သို့ ဖြစ်နေပြီး သလင်းကျောက်အလင်းများ လင်းနေသည်။ ထိုဆူးချွန်များက လူနှစ်ယောက်၏ တိုက်ပွဲကို ဝန်းရံလိုက်ပြီး သစ်တော၏ တုန်ခါမှုက တဖြည်းဖြည်း ငြိမ်သွားခဲ့သည်။ ဧကရီနှင့် အခြားသူများ၏ မျက်လုံးထဲ၌ ချန်လွေ့၏ အစ်ဇ်ယိုရူးတိူ့က ပို၍ နှေးကွေးလာဟန်တူပြီး သူတို့၏လှုပ်ရှားမှုများကို လိုက်မှီနိုင်ရုံသာ ရှိခဲ့သည်။

အစ်ဇ်ယိုရူးနှင့် ချန်လွေ့တို့နှစ်ယောက်က တစ်ချန်တည်းမှာပင် ပျံထွက်သွားကြပြီး အချင်းချင်း မယုံနိုင်စရာ အမြန်နှုန်းဖြင့် တိုက်လိုက်ကြသည်။ ပုံရိပ်နှစ်ခု တလက်လက် ဖြစ်နေခဲ့သည်။ စက္ကန့်အနည်းငယ် အတွင်းမှာပင် သူတို့က မရေမတွက်နိုင်အောင် တိုက်ခိုက်ပြီးပြီ ဖြစ်သည်။ သစ်တောမြေပြင်က ဆက်လက် တုန်ခါနေ၏။ တိုက်ပွဲကို ကြည့်နေကြသူများက အစိမ်းရောင် ဆူးချွန်များက ပြုလုပ်ထားသော အကာအကွယ် အစီအရင်ကြောင့်သာ မဟုတ်လျှင် တိုက်ပွဲ နောက်ဆက်တွဲများက သူတော်စင်အဆင့် ထပ်သီးပိုင်းကိုပင် သတ်ပစ်နိုင်ကြောင်း စိတ်ထဲ၌ သိနေကြသည်။

အစ်ဇ်ယိုရူးက ချန်လွေ့က လက်သီးဖြင့် ခပ်ပြင်းပြင်း ထိုးလိုက်သော်လည်း သူ၏ရင်ဘတ်၌ ဖော်ပြ၍မရနိုင်ဘဲ နာကျင်သွားခဲ့သည်။ ထိုကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်က သုံးလေးကြိမ် ဖြစ်နေခဲ့သည်။ ထိုအရာက ချန်လွေ့ ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲပြီးနောက် အသစ် ရရှိခဲ့သော အလိုအလျောက် ဂုဏ်သတ္တိ [ အပြစ်ပေးမှု ] ဖြစ်သည်။

[ အပြစ်ပေးမှု ] က ခံစားရသော ထိခိုက်မှုအားလုံးကို တန်ပြန်စေနိုင်သည်။ လက်ရှိ၌ ချန်လွေ့၏ ဓူဝံကြယ်အဆင့်က အသက်သွင်းနိုင်ချေ ၃၀% ရှိပြီး ထိခိုက်မှုကို ရန်သူထံ တန်ပြန်နိုင်ရန် ၃၀%မှ ၅၀% ဖြစ်နိုင်၏။

အစ်ဇ်ယိုရူးက တန်ပြန်မှုကြောင့် တန့်သွားစဉ် ချန်လွေ့က အခွင့်ကောင်းယူပြီး [အရှိန်အဝါ ဓားသွား] ဖြင့် ခုတ်ပိုင်းလိုက်၏။ အစ်ဇ်ယိုရူးက ရှောင်တိမ်းလိုက်သောလည်း သူ၏မျက်နှာ ဘေးဖက်ခြမ်းတွင် အနီရောင်အမှတ်အသား ရေးရေးလေး ပေါ်ထွက်လာခဲ့သည်။ သူက ဒေါသထွက်မိသွား၏။ ဒီပုရွက်ဆိတ်က တကယ်ကြီး ငါ့ကို ထိခိုက်အောင် လုပ်ခဲ့တယ်။

“ပုရွက်ဆိတ်။ တကယ့် ပိုင်နက်စွမ်းအားက ဘာလဲဆိုတာ ကြည့်ကြည့်လိုက်။” အစ်ဇ်ယိုရူး၏ မျက်လုံးများ တောက်ပသွားပြီးနောက် နောက်ဘက်မှ တောင်ပံနှစ်စုံက ချစ်ချစ်တောက် နီရဲလာခဲ့သည်။ ကောင်းကင်မှ ထိုးဆင်းလာသော အလင်းတန်းများက ဒြပ်ရှိသော တိုင်လုံးများအဖြစ် ပြောင်းလဲသွားပြီး ၎င်းတို့အပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော ထွင်းစာများ ရှိနေလေသည်။ အလင်းတိုင်လုံးများက မီးတောက်များ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ထက်၌ ထူးဆန်းသော အခင်းအကျင်းတစ်ခုကို ဖန်တီးလိုက်၏။

ပြိုင်ဘက်၏ အဟုန်က အဆဒါဇင်ခန့် ထိုးတက်သွားကြောင်း ချန်လွေ့ ရုတ်တရက် ခံစားလိုက်မိပြီး ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။

“ဝုန်း....” ပြင်းထန်သော စွမ်းအားများ ပေါက်ထွက်ကုန်သည့်အတွက် ချန်လွေ့က မီတာ ရာနှင့်ချီအကွာသို့ လွင့်ထွက်သွားခဲ့သည်။ သူက လက်မောင်းများ ပြုတ်ထွက်တော့မတတ် ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ရာ မီးတောက်တစ်ခုက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ချပ်ကာကို ဖြတ်သန်းသွားပြီး သူ့တစ်ကိုယ်လုံးက ပြာအဖြစ် ပြောင်းတော့မည့်သဖွယ် သူ့ကိုယ်ထဲကို တည့်တည့်မတ်မတ် ရောက်လာသည်။ သူက ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မလုပ်နိုင်ခင်မှာပင် အစ်ဇ်ယိုရူးက လေထဲ၌ ရုတ်တရက် ပေါ်ထွက်လာသည်။ ပြင်းထန်သော ထိုးနှက်သံများက အဆက်မပြတ် ထွက်ပေါ်လာ၏။ ထိုကဲ့သို့ ဆက်တိုက် တိုက်ခိုက်မှုများက မီတာ၂၀၀နီးပါးထိ ဆက်ဖြစ်နေခဲ့သည်။ နောက်ဆုံး လက်သီးချက်၌ ချန်လွေ့က ဥက္ကာပျံတစ်ခု ကဲ့သို့ပင် မြေပြင်ပေါ်သို့ လွင့်ထွက်သွားခဲ့ရသည်။ မြေပြင်ပေါ်၌ အလွန်ကြီးမားသော ချိုင့်ကြီးတစ်ခု ဖြစ်သွားခဲ့လေသည်။

အစ်ဇ်ယိုရူးက တယ်လီပို့ မခုန်လိုက်ဘဲ တိုင်းပြည်ထဲ၌ နေရာအဝေးကြီးကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်။ ပို‌ဝေးလေလေ စွမ်းအား ပိုကုန်လေလေ ဖြစ်သည်။ သို့သော် [ အပြစ်ပေးမှု ] က အသက်ပြန်ဝင် လာသည့်အတွက် သူ ဆက်မလိုက်တော့ပေ။ ယခင်က အဆက်မပြတ် တိုက်ခိုက်မှု တစ်ဝက်က တန်ပြန်လာခဲ့၏။

၃၀%မှ ၅၀%အထိသာ တန်ပြန်လာသော်လည်း အစ်ဇ်ယိုရူးက ဆူးချွန်များ ဖုံးလွှမ်းထားသော ရန်သူတစ်ယောက်နှင့် တိုက်ခိုက်နေရသကဲ့သို့ပင် နာကျင်မှုကို ခံစားနေရသည်။ ရန်သူကို ထိသောအခါ သူသလည်း ဆူးချွန်ကြောင်း နာကျင်ရသည်။ သူက စိတ်ထဲ၌ ဆဲဆိုလိုက်မိတော့သည်။

ထိုတိုက်ခိုက်မှုများက ချန်လွေ့က အတော်လေး ထိခိုက်စေခဲ့သော်လည်း သူ၏ မျက်လုံးများ ပိုမိုတောက်ပသွားသည်။ တိုင်းပြည်အဆင့် ပုဂ္ဂိုလ်နှင့် သူတော်စင်အဆင့် ပုဂ္ဂိုလ်တို့ကြားရှိ တကယ့်ခြားနားချက်က မူလခန္ဓာကိုယ်စွမ်းအား၏ အကြွင်းမဲ့ ခြားနားချက် မဟုတ်ဘဲ တိုင်းပြည်သာ ကွာခြားသည်။ အစ်ဇ်ယိုရူးက ထို “လောကငယ်”၏ သခင်ကဲ့သို့ ဖြစ်နေ၏။ တိုင်းပြည်စည်းမျဉ်းအောက်တွင် သာမန်ပြိုင်ဘက်များက တိုင်းပြည်တစ်ခုလုံး၏ အုတ်မြစ်ကို မလှုပ်ခါနိုင်ပါက ထိခိုက်မှု ဖြစ်စေနိုင်မည် မဟုတ်ပေ။ ထို့ပြင် တိုင်းပြည်ပိုင်ရှင်က တိုင်းပြည်နှင့် ပေါင်းစပ်၍ရပြီး မူလခန္ဓာကိုယ်စွမ်းအားထက် ဒါဇင်ခန့် သို့မဟုတ် အဆ၁၀၀ခန့် သာလွန်သော စွမ်းအားများကို ထုတ်သုံးနိုင်ပေလိမ့်မည်။

ထိုရှုထောင့်မှကြည့်လျှင် အကယ်၍ သူတော်စင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်က တိုင်းပြည်အဆင့်သို့ အလွန့်အလွန် နီးကပ်သည်အထိ စွမ်းအားက လေ့ကျင့်ထားခဲ့လျှင် (ဇိုလာကဲ့သို့) စစ်မှန်သော တိုင်းပြည်စွမ်းအား မရှိပါက တိုင်းပြည်အဆင့် ပြိုင်ဘက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

အစ်ဇ်ယိုရူးက ထူးဆန်းသော တန်ပြန်မှုများကို အမှန်တကယ် ကြောက်လန့်နေပြီး အချိန် ထပ်မဆွဲချင်တော့ပေ။ အတွေးတစ်ချက်ဖြင့် သူ့လက်ထဲ၌ စာအုပ်တစ်အုပ် ပေါ်ထွက်လာသည်။ ထိုအရာက သူ ပထမဆုံး ပေါ်ထွက်လာသောအချိန်၌ ယူဆောင်လာခဲ့သောအရာ ဖြစ်သည်။

“မင်းရဲ့ အပြစ်ဒဏ်ကို လက်ခံလိုက်။ အပြစ်သား။ ပုရွက်ဆိတ်တစ်ကောင်အတွက် စီရင်ချက်စာအုပ်ကို သုံးဖို့လိုမယ်ဆိုတာ ငါ မယုံနိုင်ဘူး။” အစ်ဇ်ယိုရူးက မြေပြင်ပေါ်မှ ထလာသော ချန်လွေ့ကို ကြည့်လိုက်ပြီး စာရွက်တစ်ရွက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ “အပြစ်သားတွေက လွတ်လပ်မှု ဆုံးရှုံးမယ်လို့ နတ်ဘုရားက ပြောတယ်။”

ရုတ်တရက် ချန်လွေ့က မိမိ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ကြောင်း ခံစားလိုက်မိသည်။ ထိုအရာက သေချာပေါက် မှော်စွမ်းအား မဟုတ်ဘဲ လျို့ဝှက်ဆန်းကြယ်သော တိုင်းပြည်စည်းမျဉ်းစွမ်းအား တစ်မျိုးမျိုး ဖြစ်သည်။ ၎င်းကို တယ်လီပို့ခုန်ခြင်း၊ [ တိတ်တဆိတ် ] နှင့် အခြားနည်းလမ်းများဖြင့် လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။

“မလှုပ်နိုင်တော့ဘူးလား။ ပုရွက်ဆိတ်ကောင်။ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ အပိုင်း ထောင်နဲ့ချီ လုပ်ပစ်ပြီးတော့ မင်းရဲ့ဝိညာဉ်ကို မီးကြေးချွတ်သန့်စင်ဘုံဆီ ပစ်ထည့်ပြီးတော့ လောင်ကျွမ်းခံရတဲ့ နာကျင်မှု တသက်လုံး ခံစားခိုင်းမယ်။” အစ်ဇ်ယိုရူးက သရော်ပြုံး ပြုံးလိုက်ပြီး နောက်ထပ် စာရွက်တစ်ရွက် လှန်လိုက်ပြန်သည်။ “အပြစ်သားက ဓားထောင်ချီနဲ့ အပြစ်ပေးခံရမယ်လို့ နတ်ဘုရားက ပြောတယ်။”

ချန်လွေ့၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်သော အရည်လဲ့နေသည့် အနီရောင် ဓားသွားများ ပေါ်ထွက်လာသည်။ ထိုဓားသွားများ ထုတ်လွှတ်နေသော အန္တရာယ် အငွေ့အသက်က အစ်ဇ်ယိုရူး ယခင်က တိုက်ခိုက်သည်ထက် ၁၀ဆ ပိုအစွမ်းထက်နေသည်။ ထိုဓားသွားများဖြင့် ထိသွားမည်ဆိုလျှင် ဓူဝံကြယ်ချပ်ကာ၌ ခုခံမှု အားကောင်းသည့်တိုင် သေသည်အထိ အထိုးခံရမည်မှ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ချန်လွေ့ ကြောက်မနေဘဲ စိတ်ကို အေးအေးထားလိုက်သည်။ သူက ခန္ဓာကိုယ် တစ်ခုလုံးမှ ကြယ်စွမ်းအားများကို အထူးလမ်းကြောင်းတစ်ခုအတိုင်း လှည့်ပတ်စေလိုက်သည်။ သူ၏ အနက်ရောင်မျက်လုံးထဲ၌ တစ်ခုခု လည်ပတ်နေသော ပုံရိပ်တစ်ခုက ရှိနေဟန်တူသည်။ ထိုအချိန်၌ ချဲ့မှန်ကို အသုံးပြုခဲ့လျှင် ထိုအရာများက ကြယ်များဖြစ်ကြောင်း မြင်နိုင်ပေလိမ့်မည်။

ချန်လွေ့ အန္တရာယ်ကျရောက်နေကြောင်း နတ်သူငယ်တစ်ပိုင်း ကောင်မလေး မြင်သည့်အခါ နှလုံးခုန် မြန်လာခဲ့သည်။ သူ၏ဘယ်မျက်လုံးက ခံစားချက် လှုပ်ရှားမှုကြောင့် ဖျက်ဆီးခြင်း အငွေ့အသက်များ စတင်ထွက်ပေါ်လာသည်။ သူက မျက်မှန်ကို ချွတ်လိုက်ပြီး ဘယ်မျက်လုံးကို အသက်သွင်းတော့မည့်အချန်၌ ရုတ်တရက် လည်ပင်းနောက်၌ နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီး သတိလစ်သွား၏။ ဧကရီ လစ်ဗ်က သူ့ကို သတိလစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ မြေပေါ်တွင် သတိလစ်လဲကျသွားသော နတ်သူငယ်တစ်ပိုင်းကို ကြည့်ရင်း ဧကရီ၏မျက်လုံးထဲ၌ သနားသော အမူအရာတစ်ခု ရှိနေ၏။ သူက ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။ ဘလန့်ချ်ရဲ့စွမ်းအားက တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေကို မလှုပ်ခါနိုင်ဘူး။ သူ လုပ်နိုင်ရင်တောင် ဒီကိစ္စကို ဝင်ရှုပ်ခွင့်ပေးလို့ မဖြစ်ဘူး။

ဘလန့်ချ်၏ ထိန်းချုပ်မှု မရှိ‌တော့သည့်အတွက် သော်သော်က ချက်ချင်းပင် တောင်ပံခတ်ပြီး တိုက်ပွဲထဲသို့ ပျံသန်းသွားလိုက်သည်။ သို့သော် သူ့ကို မြဆူးချွန်များမှ ထုတ်လွှတ်နေသည့် မမြင်နိုင်သော အားတစ်ခုက တားဆီးနေရာ အနားမကပ်နိုင်ခဲ့ပေ။

“အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။” အဝေးမှ ပုလိုစ်က ပြောလိုက်သည်။

နောက်ထပ်အသံတစ်ခုက ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်၏။ “မဟုတ်ဘူး။ တကယ့် တိုက်ပွဲက....အခုမှ စတာ။”

အစ်ဇ်ယိုရူး၏ တိုင်းပြည်ထဲ၌ မရေမတွက်နိုင်သော ကြယ်ပုံရိပ်များက တဖြည်းဖြည်း လျို့ဝှက်ဆန်းကြယ်သော ပုံစံကွက်ဖြင့် လည်ပတ်လာသည်။ လည်ပတ်နေရုံသာမက လှည့်ပတ်လာ၏။ ကြယ်စင်စုတစ်ခုလုံး၏ ဗဟိုချက်က စီရင်ချက် စာအုပ်က ချုပ်နှောင်ထားသော ချန်လွေ့ ဖြစ်သည်။

ကြယ်ပုံရိပ်များ ထင်ရှားလာပြီး တဖြည်းဖြည်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုများ အဖြစ်သို့ စုစည်းသွား၏။ အစ်ဇ်ယိုရူးက အင်အားကြီးသော စည်းမျဉ်းအငွေ့အသက်ကို ခံစားမိလိုက် သောအခါ တည်ငြိမ်မနေနိုင်တော့ဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။ “တိုင်းပြည်..”

All Chapters