← Chapters

[ ဓူဝံကြယ်မုန်တိုင်း ]

Vol. 44 Ch. 702

[ ဓူဝံကြယ်မုန်တိုင်း ]

Vol. 44 Ch. 702

ချန်လွေ့ကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။ ယခုမှ သူသည် [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ကို ပထမဆုံး အသုံးပြုဖူးခြင်း ဖြစ်၏။ လက်ရှိ ဓူဝံကြယ်ဧကရာဇ်အဆင့်က အပြာရောင် ဖြစ်သည့်အတွက် စနစ်ကို [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ဟု ခေါ်လေသည်။

[ ဓူဝံကြယ်ပြာအသွင်ပြောင်းခြင်း ] ၏ လျို့ဝှက်ဆန်းကြယ်မှုက ထိုထက် ပိုသည်။ စွမ်းအားများ အရည်အသွေးအရ ပြောင်းလဲသွားသည့်အပြင် အချို့စွမ်းရည်များကလည်း သက်ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်သွားကြသည်။

ချန်လွေ့ အသက်သွင်းလိုက်သော [ ကြယ်စင်စုပိုင်နက် ] ဖြစ်ရမည့်အရာကလည်း [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ၌ [ ကြယ်ပြာ တိုင်းပြည် ] ဖြစ်သွားခဲ့သည်။ မူလကရှိသော အားတိုးမှု အားလျော့မှု ဂုဏ်သတ္တိများအပြင် အချိန်အကန့်အသတ်လည်း ပျောက်ကွယ်သွား၏။ ဂုဏ်သတ္တိပြသမှုက မီးခိုးရောက်ဖြစ်နေပြီး မည်သည့်လုပ်ဆောင်ချက်မှ မရှိသကဲ့သို့ပင်။ သို့သော် ချန်လွေ့က ယခင်နှင့်မတူ လုံးဝကွဲပြားသည့် စွမ်းအားအငွေ့အသက်တစ်ခုကို ခံစားလိုက်မိသည်။ ထိုအငွေ့အသက်မျိုးက “ကိုယ့်ကိုယ်ကို လောကငယ်လေးအဖြစ် သတ်မှတ်ပြီး စစ်မှန်သော လောကနှင့် ပေါင်းစပ်ခြင်း” ခံစားချက်မျိုးသာ မဟုတ်တော့ပေ။ သူကိုယ်တိုင်က စကြဝဠာ ဖြစ်သွားသကဲ့သို့ပင်။ ထိုအရာက နားလည်သဘောပေါက်မှု ရေးရေးလေးသာ ဖြစ်သော်လည်း ချန်လွေ့၏အနာဂတ်ကို ညွှန်ပြရန်အတွက် လုံလောက်ပေသည်။

ပြောရမည်ဆိုလျှင် [ ‌ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ၏ တာဝန်က တိုက်ခိုက်ခြင်းထက် ပိုသည်။ အကယ်၍ သူက [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ၏ လျို့ဝှက်ဆန်းကြယ်မှုများကို အပြည့်အဝ နားလည်နိုင်ခဲ့ပါက နောက်ထပ် ဓူဝံကြယ်အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ကွင်းပြင်ထဲ၌ တိုင်းပြည်စွမ်းအားနှစ်ခ၊ ကြယ်များနှင့် မီးတောက်တိုင်လုံးများက အချင်းချင်း တွန်းကန်နေကြသည်။ ဗဟိုရှိ မြေပြင်ကတော့ သာမန်မျက်လုံးဖြင့် မြင်လိုက်သော အရှိန်ဖြင့် တစ်လက်မချင်း အိကျလာသည်။ ထိုအချိန်၌ မြဆူးချွန်များပေါ်၌ အဝါရောင်ပန်းများ အလျင်အမြန် ပွင့်လန်းလာခဲ့သည်။ ငြိမ်းချမ်းသာ သဘာဝစွမ်းအားက ပြင်းထန်သော တုန်ခါမှုကို တည်ငြိမ်သွားစေပြန်သည်။

ချန်လွေ့ ထုတ်လွှတ်သော သန့်စင်ပြီး ပြိုင်စံရှား တိုင်းပြည်စွမ်းအားက မိမိနှင့် အမှန်တကယ် ယှဉ်၍ရကြောင်း အစ်ဇ်ယိုရူး သေသေချာချာ ခံစားမိလိုက်သည်။ သူက ထိတ်လန့်သွား၏။ တကယ့် တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ပဲ။ ဒီရန်သူက ကောင်းကောင်းကြီး ဖုံးကွယ်ထားခဲ့တယ်။

သူက နတ်ဘုရားတစ်ပိုင်းတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ဒီလိုယုံကြည်သူရှိတဲ့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုမျိုးက...သေချာပေါက် နတ်ဘုရားယောင်ပဲ။

နှင်းဒဲလက်ပန်းက အ‌တော်လေး အရေးပါတယ်။ ဒီရန်သူနောက်မှာ ဘာပဲရှိရှိ အလဲထိုးပြီးတော့ နှင်းဒဲလက်ပန်း ဘယ်မှာရှိလဲဆိုတာ နှိပ်စက်ပြီး မေးရမယ်။

“ငါ ဒီနေရာလွတ်ကို ပိတ်ထားလိုက်ပြီ။ မင်းမှာ တကယ့်တိုင်းပြည်စွမ်းအား ရှိရင်တောင် မလွတ်မြောက်နိုင်ဘူး။” အစ်ဇ်ယိုရူး၏ စီရင်ချက်စာအုပ်က အနီရောင်တောက်လာပြီး အရည်လဲ့သော အနီရောင်ဓားသွားများက ချန်လွေ့ကို အဘက်ဘက်မှ ဝိုင်းရံလိုက်ပြီး ကြောက်မက်ဖွယ်ရာ ကြက်ခြေခတ် ချီစွမ်းအင်များနှင့် ပြည့်နေတော့သည်။ အနီးအနားရှိ နေရာလွတ်က ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် အက်ကွဲကြောင်း အသေးလေးများ ပေါ်ထွက်လာခဲ့သည်။

“စီရင်ချက် စွမ်းအားနဲ့ ချေမှုန်းခံလိုက်တော့။ အပြစ်သား။”

ထက်လှသောဓားသွားများက မရေမတွက်နိုင်သော အနီရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး အလျင်အမြန်ပင် လိမ်ယှက်သွားခဲ့သည်။ အစီအရင် ကာကွယ်ထားသော မြေပြင်ပေါ်၌ ချောက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ အပြင်ဘက်မှ လူများက ချန်လွေ့ကို မြန်နှုန်းမြင့် အနီရောင်အလင်း ပိုးအိမ် အုပ်မိုးသွားသည်ကိုသာ မြင်လိုက်ရသည်။

အလင်းပိုးအိမ်၏ “ချည်မျှင်များ”က ထူသထက်ထူလာပြီး အလယ်မှ ပုံရိပ်ကို မမြင်နိုင်တော့ပေ။ ပစ်မှတ်က ကြောက်မက်ဖွယ်ရာ [ စီရင်ချက် ] အောက်တွင် သုတ်သင် ခံလိုက်ရလောက်ပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် နတ်သူငယ် မဟာဆရာသခင်နှင့် လူပိုအိုကြီးက ကြည့်နေရင်း တပြိုင်နက်တည်း လက်သီးဆုပ်လိုက်မိသည်။ မီရှယ်က ကြောက်လန့်စွာဖြင့် ပါးစပ်ကို အုပ်ထားပြီး တုန်ယင်နေသော မျက်လုံးထဲမှ မျက်ရည်များ ကျလာသည်။ သူက ချန်လွေ့၏ ယခင်က “မြက်မြင်သက်သေကို သတ်ဖြတ်ခြင်း”အား အထင်လွဲခဲ့သော်လည်း စိတ်ထား နူးညံ့သော မင်းသမီးလေးက သူ၏ မိတ်ဆွေဟောင်းတစ်ယောက် ရှေ့တွင် သေဆုံးသည်ကို မကြည့်ရက်နိုင်ပေ။

အနီရောင်အလင်းပိုးအိမ်ထဲမှ ပုံရိပ်က စတင်၍ ထင်ရှားလာသည့်အတွက် အစ်ဇ်ယိုရူးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အလွန်ကြီးမားသော တောင်ပံနှစ်ခုနှင့် လွှမ်းခြုံခြင်း ခံထားရပုံရသည်။ နေရာလွတ်ကို အလွယ်တကူ ဖြတ်တောက်နိုင်သော အနီရောင်အလင်းတန်းများက တောင်ပံများပေါ်၌ မီးပွင့်မီးစက်များသာ ဖြစ်စေခဲ့သည်။

တောင်ပံများက တဖြည်းဖြည်း ရုတ်သိမ်းလိုက်သောအခါ [ စီရင်ချက် ] ဖိအားက တဟုန်ထိုး တိုလာကြောင်း အစ်ဇ်ယိုရူး ခံစားလိုက်မိသည်။ သူ၏ မျက်နှာအမူအရာက အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ တောင်ပံများကို ရုတ်ချည်း ဆန့်ထုတ်လိုက်ရာ အပြာရောင် အလင်းများ ပေါက်ကွဲထွက်သွားပြီး အလင်းပိုးအိမ်တစ်ခုလုံး အပိုင်းပိုင်း ဖြစ်သွားရသည်။

တောင်ပံကြီးများကို ဖြန့်လိုက်ပြီး ချန်လွေ့က အထိအခိုက်မရှိဘဲ လေထဲ၌ ပျံလာသည်။ အပိုင်းပိုင်း ဖြစ်သွားသည့် မရေမတွက်နိုင်သော အနီရောင်အလန်းတန်းများက အစ်ဇ်ယိုရူးထံသို့ တန်ပြန်ရောက်ရှိသွားသည်။ အများစုက နေရာလွတ်စွမ်းအားကြောင့် ဘေးဖက်သို့ ရောက်ရှိသွားသော်လည်း အချို့ကို အချိန်မီ လမ်းကြောင်း မပြောင်းနိုင်ခဲ့ပေ။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော ဓားသွားများဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီး သွေးအလိမ်းလိမ်း ဖြစ်သွားရ၏။ ထိုအရာက သူ၏ကိုယ်ပိုင် သတ်ဖြတ်ရေး တိုက်ကွက်ကြောင့်သာ ဖြစ်လေသည်။

ထိုအရာက [ ဓူဝံကြယ်ပြာအသွင်ပြောင်းခြင်း ] ၏ နောက်ထပ် သန္ဓေပြောင်းစွမ်းရည်တစခု ဖြစ်သော [ ကြယ်အစောင့်အရှောက်တောင်ပံ ] ဖြစ်ပြီး မူလ “အကာအကွယ်ဒိုင်း” ကို အစားထိုးလိုက်ကာ ခုခံမှုစွမ်းရည်ကို ကြီးကြီးမားမား တိုးတက်သွားစေသည်။ ၎င်းက လက်ခံနိုင်သော အကွာအဝေးအတွင်း ရန်သူ၏ တိုက်ခိုက်မှုများကိုလည်း တန်ပြန်နိုင်ပေသည်။

“သေစမ်းကွာ။” တဖက်လူတွင် [ စီရင်ချက် ] တန်ပြန်နိုင်မည့် အစွမ်းမျိုး ရှိနေလိမ့်မည်ဟု အစ်ဇ်ယိုရူး မထင်ထားခဲ့ပေ။ စီရင်ချက်စာအုပ်က အဖြူရောင်အလင်းတစ်ခု လင်းလက်သွား၏။ “ကိုင်းရှိုင်းတဲ့ ကိုးကွယ်သူတွေက သိဒ္ဓိအကာအကွယ်ကို ရမယ်လို့ နတ်ဘုရားက ပြောတယ်။”

အဖြူရောင်အလင်းအောက်တွင် အစ်ဇ်ယိုရူး၏ သွေးများက ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ပြန်စီးဝင်သွားသည်။ သူ၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အထိအခိုက်များကလည်း သာမန် မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်ကောင်းလာသည်။ သို့သော်လည်း သူ၏ အမူအရာက ပို၍ပင် အရုပ်ဆိုးနေ၏။ ယခုတွင် သူက ချန်လွေ့ကို လုံးဝ အထင်မသေးတော့ပေ။ ရန်သူရဲ့စွမ်းအားက ထူးဆန်းတယ်။ ငါ အစွမ်းကုန် သုံးရမယ်။ မဟုတ်ရင် အခြေအနေတွေက ထိန်းချုပ်ထားလို့မရ ဖြစ်တော့မှာ။

ထိုသို့ စဉ်းစားပြီးနောက် အစ်ဇ်ယိုရူး၏နဖူးက ကွဲထွက်ပြီး တတိယ မျက်လုံး ပေါ်လာသည်။ ရွှေရောင်မျက်ဆံနှင့် သူ၏ခန္ဓာကိုယ် အငွေ့အသက်တို့က အထွတ်အထိပ်အထိ ခုန်တက်သွား၏။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲမှ စီရင်ချက်စာအုပ်က နီရဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာစွမ်းအားအချို့ စုစည်းနေသကဲ့သို့ပင် ထူးဆန်းသော ပုံစံကွက်များ ပေါ်လာ၏။

ချန်လွေ့က လက်ကို ဝှေ့ရမ်းလိူက်ရာ အလွန်ကြီးမားသော ဖျက်ဆီးခြင်း အလင်းစက်လုံးများ ပေါ်ထွက်လာပြီး အစ်ဇ်ယိုရူးထံ ပျံသန်းသွားသည်။ သို့သော်လည်း ပြိုင်ဘက်ကို ချဉ်းကပ်သွားသည့်အခါ [ အရုဏ်ဦးပစ်ချက် ] က ချော်စေနိုင်သော တစ်ခုခုနှင့် ထိသွားကဲ့သို့ပင် အဝေးသို့ တွန်းကန်သွားခဲ့သည်။

ချန်လွေ့၏စိတ်ထဲ၌ ပို၍ပင် အန္တရာယ်ကို ခံစားလာရသည်။ သူက လေထဲသို့ ပျံလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ နောက်မှ အပြာရောင်တောင်ပံကြီးကို လုံးဝ ဖွင့်လိုက်ပြီးနောက် အဆုံးမရှိသလို ဖြန့်ကျက်ထားလိုက်သည်။ ဖြန့်ကျက်ထားသော ‌တောင်ပံက [ ကြယ်ပြာတိုင်းပြည် ] တစ်လျှောက် မရေမတွက်နိုင်သော ကြယ်မှုန်များအဖြစ် ပြောင်းလဲသွား၏။ တိုင်းပြည်ထဲရှိ ဂြိုလ်များ ပိုမြန်မြန် ရွေ့လာပြီး ပိုမို ဝေဝါးလာခဲ့သည်။ ခဏအကြာတွင် ဂြိုလ်များ ပျောက်ကွယ်သွားပြီး မြန်နှုန်းမြင့် ကြယ်ပြာမှုန်များအဖြစ် အတန်းလိုက် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော တောက်ပနေသည့် ကြယ်မှုန်များက မူမမှန်သော မရဏမျဉ်းကွေး တစ်ခုကို လေထဲ၌ ရေးဆွဲလိုက်ပြီး ဧရာမ အပြာရောင် မုန်တိုင်းအဖြစ် စုစည်းထားသည်။

“[ ကြယ်ပြာမုန်တိုင်း]”

ထိုအရာက [ ဓူဝံကြယ်အသွင်းပြောင်းခြင်း ] ထဲမှ တကယ့် အစွမ်းထက်သော တိုက်ခိုက်မှု ဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများက လမ်းကြောင်းပြောင်း၍မရသော ဥပဒေသကိုလည်း သယ်ဆောင်လာသည်။ ၎င်းကို အတင်း ခုခံ၍သာ ရနိုင်၏။

တစ်ချိန်တည်းမှာပင် အစ်ဇ်ယိုရူး၏အသံ ထွက်ပေါ်လာသည်။ “[ မီးတောက်နတ်ဘုရား အမျက် ]”

လူတိုင်း၏ မျက်လုံးထဲ၌ မီးတောက်များ ဖုံးလွှမ်းနေသည့် အလွန်ကြီးမားသော နတ်ဘုရားသဖွယ် အရိပ်တစ်ခုက မရေမတွက်နိုင်သော ကြယ်အလင်းများ တောက်နေသည်ံ ကြယ်မုန်တိုင်းကို ရင်ဆိုင်လိုက်သည်။

ချက်ချင်းပင် အားလုံး၏အမြင်များ ဝေဝါးသွားခဲ့၏။ သူတို့က မြေပြင်နှင့် တောင်တန်းများ တုန်ခါနေသည်ကိုသာ ခံစားမိနိုင်သည်။ ထို့နောက် သူတို့က အမြင်အာရုံနှင့် အကြားအာရုံများ ဆုံးရှုံးသွားဟန်တူပြီး အချင်းချင်း ဆန့်ကျင်နေကြသော မုန်တိုင်းနှင့် မီးတောက်များကိုသာ ခံစားမိတော့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားအောက်တွင် ဘဝက မည်မျှ သေးငယ်သနည်း။

အနီးအနားရှိ မြဆူးချွန်များ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို မခံနိုင်တော့သည့်အတွက် ချစ်ချစ်တောက် လောင်ကျွမ်း ပျက်စီးသွားခဲ့သည်။ ကံကောင်းစွာပင် ပတ်ပတ်လည်၌ သလင်းကျောက် အကာအရံတစ်ခု ပေါ်ထွက်လာပြန်ပြီး ပြင်းထန်သောဒဏ်ကို ခုခံလိုက်၏။

အချိန်အတော်ကြာပြီးနောက် ကြောက်မက်ဖွယ်ရာ လှိုင်းဒဏ်က နောက်ဆုံး၌ ပြေလျော့ သွားခဲ့သည်။ တိုက်ပွဲအလယ်၌ မည်သည့်အပင်မှ မရှိတော့ပေ။ မြေပြင်ကလည်း ဆိုးဆိုးဝါးဝါး ပုံပျက်နေခဲ့သည်။ ပုံရိပ်နှစ်ခုသာ ရပ်နေ၏။

အစ်ဇ်ယိုရူး၏ ပုံစံက အလွန်အမင်း ဆိုးရွားနေခဲ့သည်။ သူ၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာ ဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။ အချို့ဒဏ်ရာများက အရိုးထဲထိပင် နက်ဝင်နေသည်။ သူ၏ တတိယမျက်လုံးကလည်း သွေးများထွက်နေပြီး မဖွင့်နိုင်တော့ပေ။ တစ်ခါမှ မထိခိုက်ခဲ့ဖူးသော စီရင်ချက် စာအုပ်ကလည်း အစိတ်စိတ် အမွှာမွှာ စုတ်ပြဲသွားပြီး ပွန်းပဲ့နေသော အဖုံးတစ်ခုသာ ကျန်တော့သည်။ ကံကောင်းစွာပင် သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် စီရင်ချက်စာအုပ်ကို စတေးရန် ပြန်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့သည်။ မဟုတ်ပါက သူက [ ဓူဝံကြယ်မုန်တိုင်း ] ၏ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် ပြာအဖြစ် ပြောင်းသွားပေလိမ့်မည်။

အစ်ဇ်ယိုရူးက ကျောက်စိမ်းသစ်တောပင်လယ်သို့ အပြေးလာခဲ့သောအချိန်တွင် သေချာပေါက် အနိုင်ရမည်ဟု ထင်ထားခဲ့သည်။ သို့သော် သူက ထိုကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးသို့ ကျရောက်သွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ရုံသာမက အရေးအပါဆုံးဖြစ်သော စီရင်ချက် စာအုပ်လည်း ပျက်စီးသွားခဲ့လေသည်။

အစ်ဇ်ယိုရူးနှင့် ယှဉ်ပါက ချန်လွေ့၏ ဒဏ်ရာများက ပိုမိုနည်းပါးသည်။ ချပ်ကာပြာပေါ်၌ အက်ကွဲကြောင်း ရေးရေးလေး ရှိနေပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ ကျနေခဲ့သည်။ သို့သော် အစ်ဇ်ယိုရူး၏ လက်ထဲ၌ တစ်စုံတစ်ခု ရှိနေသည့်အတွက် သူ၏အမူအရာက အလွန်အမင်း စိုးရိမ်သွားခဲ့သည်။ အနီရောင်ငှက်ငယ်လေးတစ်ကောင်။

အဲဒါ သော်သော်ပဲ။

“တောက်။ ဇာမဏီငှက်ငယ်လေးကိုး။” အစ်ဇ်ယိုရူး ယိမ်းထိုးသွားပြီး လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ သူက ဒဏ်ရာများမှာ အလွန်အမင်း ပြင်းထန်ကြောင်း ခံစားမိလိုက်သည်။ သူက အံကြိတ်လိုက်မိ၏။ “ဒီဇာမဏီငှက်စုတ်ကြောင့် မဟုတ်ရင် မင်းက [ မီးတောက်နတ်ဘုရားရဲ့ အမျက် ] ကြောင့် ပြာဖြစ်သွားပြီ။ ငါမင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။”

အရေးကြီးသော အခိုက်အတန့်၌ သော်သော်ကေ တိုင်းပြည်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာကာ ပါရမီကိုသုံးပြီး [ မီးတောက်နတ်ဘုရားအမျက် ] စွမ်းအား အများစုကို ဝါးမျိုခဲ့သည်။ သို့မဟုတ်ပါက ချန်လွေ့ ပြာအဖြစ် မပြောင်းသွားသည့်တိုင် ဒဏ်ရာ အပြင်းထန် ရရှိသွားမည်ဖြစ်သည်။

အစ်ဇ်ယိုရူးက ဒဏ်ရာအပြင်းအထန် ရရှိနေပြီး သူ၏တိုင်းပြညက် ယခုတွင် ပြိုလဲတော့မည် ဖြစ်သည်။ ချန်လွေ့က [ ကြယ်ဂိတ် ] ကို အသက်သွင်းနိုင်သော်လည်း သော်သော်က ရန်သူ၏ လက်ထဲတွင် ရှိနေသည့်အတွက် သူ မသွားနိုင်ခဲ့ပေ။

သော်သော်၏ အမူအရာက အလွန်အမင်း အားအင်ကုန်ခမ်းနေ၏။ အဓိအားဖြင့် [ မီးတောက်နတ်ဘုရားအမျက် ] စွမ်းအားကို ဝါးမျိုခြင်းကြောင့်ပင်။ ဇာမဏီငှက်၏ အထူး ခန္ဓာအမျိုးအသားကြောင့်သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုနှင့် [ မီးတောက်နတ်ဘုရားအမျက် ] ၏ သန့်စင်သော မီးဒြပ်စင်စွမ်းအားတို့က သူ့ကို ချေမှုန်းပစ်လိုက်မည် ဖြစ်သည်။

ချန်လွေ့က သော်သော်၏ ပင်ပန်းနေသော အမူအရာကို မြင်သည့်အခါ စိတ်ပူပန် သွားခဲ့သည်။ သူက အော်ပြောလိုက်သည်။ “သူ့ကို လွှတ်ပေးလိုက်။ ကျုပ် ခင်ဗျားကို ဒီကနေ အန္တရာယ်ကင်းကင်းနှင့် ထွက်သွားခွင့်ပေးနိုင်တယ်။”

“နှင်းဒဲလက်ပန်းပင် ဘယ်မှာရှိနေလဲ ငါ့ကိုပြော။”

အစ်ဇ်ယိုရူးက ငှက်နီလေးနှင့် ချန်လွေ့တို့ကို [ ကောင်းကင်ထောက်လှမ်းခြင်း ] မှတဆင့် မြင်ခဲ့ဖူးသည်။ ယခုတွင် သူတို့၏ ပတ်သက်မှုက သာမန်မဟုတ်ကြောင်း ပို၍ သေချာသွား၏။ သူက လက်ကို အားထည့်လိုက်ရာ သော်သော်က ‌အော်ခေါ်လိုက်မိသည်။ “ဖေဖေ....”

ချန်လွေ့၏နှလုံးသား တုန်လှုပ်သွား၏။ ထိုအရာက သူခံစားနေရသည်ထက်ပင် ပို၍ မသက်မသာ ဖြစ်ရသည်။ သူ၏လက်ထဲ၌ နှင်းဒဲလက်ပန်းပွင့်တစ်ပွင့် ပေါ်ထွက်လာ၏။ “ရပ်လိုက်။ မဟုတ်ရင် ကျုပ် နှင်းဒဲလက်ပန်းပင်တွေကို ဖျက်ဆီးပစ်မယ်။”

နှင်းဒဲလက်ပန်း ပေါ်ထွက်လာသည်နှင့် အစ်ဇ်ယိုရူးက ချက်ချင်းပင် ရင်းနှီးသော အလင်းဒြပ်စင်၏ အထွတ်အမြတ်စွမ်းအားကို ခံစားမိလိုက်ပြီး ထိုအရာက သေချာပေါက် အတုအယောင် မဟုတ်ကြောင်း သိလိုက်သည်။ ဇာမဏီငှက်ငယ်လေးက ကိုင်ထားသော လက်အား အနည်းငယ် ပြေလျော့လိုက်ပြီး အစကတည်းက ထင်ထားခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်။ နှင်းဒဲလက်ပန်းက တကယ်ပဲ မပျက်စီးသွားခဲ့ဘူး။ သူတို့ကို အထူးနည်းလမ်း တစ်ခုနဲ့ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ရန်သူက သိမ်းထားတာပဲ။

“မကြောက်နဲ့။ သော်သော်။ ဖေဖေ လာကယ်မယ်နော်။”

“သော်သော် ဖေဖေနဲ့ နေချင်တယ်။”

“သော်သော့်ကို ဖေဖေ ချန်မထားပါနဲ့။”

“သော်သော်က ဖေဖေနဲ့ နေရမယ်။”

“နေရမယ်..”

ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး အစ်ဇ်ယိုရူးကို အေးစက်သော သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်လိုက်သည်။ “ဇာမဏီငှက်လေးကို လွှတ်လိုက်။ ကျုပ် ခင်ဗျားကို နှင်းဒဲလက်ပန်းတွေ ပြန်ပေးမယ်။ သူ့ကို ထိခိုက်အောင် လုပ်ရဲရင်တော့ စကြဝဠာ အဆုံးအထိ ထွက်ပြေးရင်တောင် ကျုပ် ခင်ဗျားကို ပြာဖြစ်အောင် အမှုန့်ချေပစ်မယ်။ ပြီးတော့လည်း နှင်းဒဲလက်ပန်းတွေနဲ့ နောက်ပိုင်း တွေ့သမျှ ကျောင်းတော်တိုင်းကို လုံးဝ ဖျက်ဆီးပစ်မယ်။ ဒါကြောင့် ကျောင်းတော်ကို ဘယ်သူမှ မဝင်ရဲရင် ဒါမှမဟုတ် ယုံကြည်မှု မရှိတော့ရင် ခင်ဗျားရဲ့ ယုံကြည်မှုစွမ်းအားက လုံးဝ ပျောက်ကွယ်သွားမှာပဲ။”

“ဟမ့်။ အဲဒီ ပုရွက်ဆိတ်တွေ အားလုံးကို မင်း သက်လိုက်တယ် ဆိုရင်တောင် ငါ့အပေါ်မှာ ဘာသက်ရောက်မှုမှာ ရှိမှာ မဟုတ်ဘူး။” အစ်ဇ်ယိုရူးက မရေမတွက်နိုင်အောင် အသက်ရှင်ခဲ့ ပြီးသော လေ့ကျင့်သူတစ်ယောက် ဖြစ်သည်။ ယခုတွင် သူ့လက်ထဲ၌ ဓားစာခံတစ်ယောက် ရှိနေပြီဖြစ်ရာ အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။ ရုတ်တရက် သူ၏ လက်ထဲ၌ တုန်ခါမှု တစ်ခုကို ခံစားလိုက်ရသည်။ ဇာမဏီငှက်ငယ်လေး၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲ ထွက်သွားခြင်းပင် ဖြစ်၏။

အစ်ဇ်ယိုရူး ထိတ်လန့်သွားခဲ့သည်။ သူက မည်သည့် သတ်ဖြတ်ခြင်းတိုက်ကွက်ကိုမှ အသုံးမပြုခဲ့ပေ။ ဇာမဏီငှက်ငယ်‌လေးက သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်ခြင်းပင်။

All Chapters