← Chapters

အစစ်အမှန်မီးတောက် အချုပ်အနှောင်နှင့် [ မီးဇာမဏီ အမှတ် ]

Vol. 44 Ch. 703

အစစ်အမှန်မီးတောက် အချုပ်အနှောင်နှင့် [ မီးဇာမဏီ အမှတ် ]

Vol. 44 Ch. 703

ချန်လွေ့၏ အကြည့်က ချက်ချင်းပင် အေးခဲသွားခဲ့ပြီး မီးလျှံများပေါက်ကွဲမှုကို စိုက်ကြည့်နေခဲ့သည်။

မှုန်ရီဝိုးတဝါးဖြစ်နေရင်း ကလေးဆန်သောအသံက သူ့နားထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်၏။

“သိပါပြီ။ မေမေ။”

“ဖေဖေ။ သော်သော် လောက်လေးဂိမ်း ကစားချင်တယ်။”

“ဖေဖေ။ သော်သော် ပျံတတ်သွားပြီ။”

“သော်သော် လိုက်ချင်တယ်။”

“သော်သော် ဖေဖေနဲ့ အတူတူ ရှိရမယ်....”

မသိစိတ်ဖြင့် သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်၍မရနိုင်ဘဲ တုန်ခါလာခဲ့သည်။ လက်သီး ဆုပ်ထားသော လက်ချောင်းများကလည်း လက်မှချပ်ကာကို ဖောက်ထွင်းလုနီးပါး ဖြစ်နေခဲ့၏။

ချန်လွေ့၏မျက်လုံးများက အရာအားလုံးကို ပြာအဖြစ် လောင်ကျွမ်းစေနိုင်သော မီးတောက် တစ်ခုကဲ့သို့ ကြက်သွေးနီရောင် ပြောင်းလဲသွားကြောင်း မြင်လိုက်သည့်အတွက် အစ်ဇ်ယိုရူးက လည်ချောင်းထဲ၌ ရှင်းပြမည့်စကားများ တစ်သွားခဲ့သည်။

ထိုအကြည့်၌ အဖြေတစ်ခုသာ ရှိ၏။ မင်းမသေရင် ငါသေပဲ။

မည်သည့် ရှင်းပြချက်မဆိုက အပိုသာ ဖြစ်သည်။

အစ်ဇ်ယိုရူးက ကောင်းကင်ပေါ်သို့ ခုန်လွှားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ရဲဆေးတင်လိုက်၏။ သူ၏ ပတ်ပတ်လည်၌ ထောင်နှင့်ချီသော ဥက္ကာပျံကဲ့သို့ မီးတောက်များရှိနေပြီး ချန်လွေ့ထံ ပစ်ထည့်လိုက်သည်။ သူက အမှန်တကယ်ပင် ပထမဆုံး လှုပ်ရှားလိုက်၏။

ချန်လွေ့၏ အသိစိတ်က လွန်ကဲနေသော ဒေါသဖြင့် လောင်ကျွမ်းနေသည့်အတွက် သူ၏ ဘယ်လက်ချပ်ကာအောက်တွင် လောင်ကျွမ်းသော စွမ်းအားတစ်ခု ထုတ်လွှတ်နေသည့် ထူးဆန်းသော အမှတ်တစ်ခုကို သတိမထားမိခဲ့ပေ။ ထိုအချိန်၌ သူ၏စိတ်ထဲ၌ အတွေးတစ်ခုသာ ဖြစ်သည်။ သတ်ပစ်ရမယ်။

ချပ်ကာပြာထဲမှ ပုံရိပ်က လျှပ်စီးကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာသော အနီရောင်မီးတောက်များကို ရှောင်တိမ်းကာ အစ်ဇ်ယိုရူးထံ တည့်တည့် ပြေးလာသည်။

“ဝုန်း...ဝုန်း...ဝုန်း....” အနီရောင် ဥက္ကာပျံ မီးတောက်များက ပစ်မှတ်ကို ထိသွားသည့် အတွက်ကြောင့် မီးပွင့်များ နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။ အပြင်းအထန် ထိသွားသော ပုံရိပ်က မမျှော်လင့်ဘဲနှင့် အစ်ဇ်ယိုရူးထံသို့ အရှိန်ဖြင့် ပြေးလာနေခဲ့သည်။

အစ်ဇ်ယိုရူးက အနီရောင်မျက်လုံးတစ်စုံကို ကြည့်ရင်း ကြက်သီးထသွားသည်။ သူက နေရာပြောင်းရန် ပြင်လိုက်စဉ် သောင်းကြမ်းသောစွမ်းအားဖြင့် ဗိုက်ကို ထိုးခံမိသွားပြီး ခန္ဓာကိုယ်က မီတာရာချီအထိ တစ်ပတ်လည် လွင့်ထွက်သွားခဲ့သည်။ သူက နာကျင်စွာဖြင့် ညည်းတွားလိုက်ပြီး ပုစွန်တစ်ကောင် ကဲ့သို့ပင် ဗိုက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ ပါးစပ်မှလည်း သွေးများ ပန်းထွက်လာခဲ့သည်။

ထို့နောက် ချက်ချင်းမှာပင် နောက်ဘက်၌ အန္တရာယ်တစ်ခု ရောက်ရှိလာပြန်ပြီး အပြင်းအထန် ထိသွားပြန်၏။ သူ၏ မျှခြေမညီ ဖြစ်နေသာ ခန္ဓာကိုယ်က မြေပြင်နှင့် တည့်တည့် ရိုက်မိသွားတော့သည်။ ပြန်မကျလာခင်မှာပင် ပုံရိပ်တစ်ခုက အောက်ဘက်၌ ချက်ချင်း ထွက်ပေါ်လာပြီး ဒူးဖြင့်တိုက်လိုက်ရာ အစ်ဇ်ယိုရူးက မိုးပေါ်သို့ လွင့်သွားပြန်သည်။ ပုံရိပ်နှစ်ခုက အဆက်မပြတ် တလက်လက် အရောင်လက်နေသော ပုံရိပ်နှစ်ခုကို မြင်နေရပြီး ပြင်းထန်ကာ မသဲမကွဲ ရိုက်နှက်သံများလည်း ထွက်ပေါ်နေ၏။

အစ်ဇ်ယိုရူးက ‌နေရာလွတ်ကို အသုံးချပြီး အဝေးသို့ ပြောင်းရွှေ့နိုင်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံကလည်း သူတောင်းစားကဲ့သို့ အပိုင်းပိုင်း ဖြစ်နေခဲ့သည်။ သူ၏ ရောင်ကိုင်းနေသော မျက်နှာက ဒဏ်ရာများပြည့်နေပြီး မဆက်မပြတ် သွေးအန်နေတော့သည်။

ကျောင်းတော်က အမြတ်တနိုးထားသော အထက် “တမန်တော်” ဖြစ်သည့်အလျောက် အစ်ဇ်ယိုရူးက ထိုကဲ့သို့ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဖူးချေ။ သူက ဒေါသဖြင့် အော်လိုက်ရာ လက်ထဲ၌ ချစ်ချစ်တောက်အနီရောင်ဓားတလက်လက် ပေါ်ထွက်လာပြီး ချန်လွေ့ကို ခုတ်ပိုင်းလိုက်၏။

ချန်လွေ့က မရှောင်တိမ်းခဲ့ကို ဓားကို ချပ်ကာအား ဖောက်ထွင်းစေလိုက်သည်။ သို့သော် ဓားက အတွင်းနက်နက်သို့ ဖောက်မဝင်နိုင်ခင်မှာပင် အစ်ဇ်ယိုရူး၏ မျက်လုံးအရှေ့၌ လက်သီးတစ်လုံးက အလျင်အမြန် ရောက်ရှိလာ၏။ “ဘုန်....” အစ်ဇ်ယိုရူး၏နှာခေါင်း ချိုင့်ဝင်သွားခဲ့သည်။ နာကျင်မှုက မျက်ရည်များပင် ကျသွားစေခဲ့ပြီး နှာရည်များ ကျလာတော့သည်။ သူက ဓားကို မည်ကဲ့သို့ မြဲမြဲ ကိုင်ထားနိုင်တော့မည်နည်း။ အစ်ဇ်ယိုရူးက သနားစဖွယ်ကောင်းစွာဖြင့် အော်လိုက်၏။

အဝေးရှိကောင်းကင်မှ နတ်သူငယ်မျိုးနွယ်စု အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက် ခေါင်းခါလိုက်ကြသည်။ အစ်ဇ်ယိုရူး၏ အဟုန်က လုံးဝ ဖိနှိပ်ခံလိုက်ရပြီ။ သူ့ရဲ့ စိတ်စွမ်းအားနဲ့ တိုက်ခိုက်ချင်စိတ်ကို ပြိုင်ဘက်က ယူသွားပြီ။ သူပြန်လာဖို့ မျှော်လင့်ချက် မရှိလောက်တော့ဘူး။

အရူးအမူး အထိုးခံနေရသော အစ်ဇ်ယိုရူးက လက်သီးရာများ ပြည့်နှက်နေသော ပျားလဘို့အဖြစ် ပြောင်းလဲသွား၏။

ချန်လွေ့၏စိတ်က ခုနက အစ်ဇ်ယိုရူးလက်ထဲ၌ ပေါက်ကွဲသွားသော မီးတောက် အသေးလေးသာ ပြည့်နှက်နေခဲ့သည်။ ခုခံမှု မရှိသော သူ၏ တိုက်ခိုက်မှုများက ပို၍ပင် ရူးသွပ်လာသည်။ အစ်ဇ်ယိုရူးက ပြန်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ ဆုံးရှုံးနေရပြီး အသည်းအသန် ခုခံနေရသည်။

“အား....” အစ်ဇ်ယိုရူးက အော်ဟစ်လိုက်သည်။ သူ့နောက်မှ အနီရောင်အလင်းတောင်ပံက အမှန်တကယ်ပင် ချန်လွေ့ကြောင့် စုတ်ပြဲသွားခဲ့ပြီး သွေးများ ချက်ချင်း ပြန့်ကျဲသွားတော့သည်။ နတ်သူငယ်ဧကရီက မီရှယ်၏ မျက်လုံးများကို အုပ်ထားလိုက်မိသည်။ မီရှယ်က အမှန်တကယ် ကြောက်လန့်သွားသော်လည်း သူက သောသော်အတွက် ချန်လွေ့ လက်စားချေနိုင်မည်ဟူ၍သာ မျှော်လင့်နေခဲ့မိသည်။

“ခဏနေပါဦး။” အစ်ဇ်ယိုရူးက မျက်လုံးထဲ၌ ကြောက်လန့်စွာဖြင့် အဝေးသို့ အသည်းအသန် နေရာပြောင်းရွှေ့သွားလိုက်သည်။ သူက ထိုကဲ့သို့ ကြောက်စရာ အရူးနှင့် တိုက်ခိုက်ရမည်ထက် နတ်သူငယ်မျိုးနွယ်စု အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှုကိုသာ ရင်ဆိုင်လိုက်ပေမသည်။

အစ်ဇ်ယိုရူးက နေရာလွတ်အကာရံများက အဆက်ပြတ် ကြိုးကြိုးစားစား ဖန်တီးနေ၏။ သူ၏လက်ထဲ၌ ပျက်စီးနေသော စီရင်ချက်စာအုပ်အဖုံး ပေါ်ထွက်လာသည်။ အဖုံးက အလျင်အမြန် ပြောင်းလဲသွားပြီး လေထဲ၌ အနီရောင် အချုပ်အနှောင်များအဖြစ် ပြောင်းလဲကာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထုတ်လွှတ်နေ၏။

“ဒါက ဆာ-ရာဖယ်ရယ် ချီးမြှောက်ထားတဲ့ အစစ်အမှန်မီးတောက် အချုပ်အနှောင် လို့ခေါ်တဲ့ အဆောင်ပစ္စည်းပဲ။ မင်း ထပ်လာရဲဦးမယ်ဆိုရင် အသက်မီးတောက်နဲ့ ချုပ်နှောင်ပြီးတော့ မင်းနဲ့အတူ သေလိုက်မယ်။”

အစ်ဇ်ယိုရူး သက်ပြင်းချလိုက်သည့်အချိန်မှာပင် ချန်လွေ့၏မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ် ပို၍ ပြင်းထန်လာကြောင်း မြင်လိုက်ရသည်။ သူက ချက်ချင်းပင် ဖော်ပြ၍ မရသော အမြန်နှုန်းဖြင့် ပြေးလာခဲ့သည်။

အစ်ဇ်ယိုရူးက အရူးကောင်ကို ကျိန်ဆဲလိုက်၏။ သူက ယခုတွင် အစွမ်းကုန် ထုတ်ရတော့မည်ဖြစ်ကြောင်း သိသည့်အတွက် လက်များက အသက်မီးတောက်များဖြင့် ချက်ချင်း လောင်ကျွမ်းသွားသည်။ ထိုမီးတောက်ကြောင့် အနီရောင် အချုပ်အနှောင်က ပြင်းထန်သော မီးဒြပ်စင်စွမ်းအားများ စတင်ထွက်လာသည်။ တိုင်းပြည်တစ်ခုလုံးက အနီရောင်ပြန်ဟပ်နေပြီး အလွန်အမင်း အင်အားကြီးသော အငွေ့အသက်တစ်ခု ပျံ့နှံ့နေ၏။

အစစ်အမှန်မီးတောက် အချုပ်အနှောင်က မှော်စွမ်းအားတစ်မျိုးမျိုးကို သယ်ဆောင်လာဟန် တူပြီး အစ်ဇ်ယိုရူးလက်ကြားမှ အသက်မီးတောက်ကို ဝါးမျိုနေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများသည်ပင် အချုပ်အနှောင်ထဲသို့ ဆက်လက်စီးဆင်းနေသည်။

အစ်ဇ်ယိုရူး၏ မျက်နှာက ပို၍ပင် ဖြေဖျော့လာပြီး အသက်ဓာတ်က အလျင်အမြန် လျော့ပါးလာခဲ့သည်။ နောက်ဆုံး၌ အချုပ်အနှောင်များက လှုပ်ရှားလာပြီး အလွန်ကြီးမားသော ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချန်လွေ့ကို ခုန်အုပ်လိုက်၏။

အစ်ဇ်ယိုရူး၏ခန္ဓာကိုယ် ပျော့ခွေသွားပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူက နောက်ဆုံးလက်ကျန် အသက်ဓာတ်ကာ ကျန်တော့၏။ သူက ခုခံမှု လုံးဝ မရှိတော့လေပြီ။ ထိုအချိန်၌ မီရှယ်ကပင် သူ့ကို သတ်နိုင်လေသည်။

ချန်လွေ့က နေရာလွတ် အကာအရံကို ခုန်လွှားရန်အတွက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်နှင့် သူ့ထံသို့ ကြောက်မက်ဖွယ်ရာ သားရဲတစ်ခု ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူ၏နှလုံးသားထဲ၌ ပြင်းထန်သော အန္တရာယ်တစ်ခု လှိမ့်တက်လာသည်။ သူက ချက်ချင်းပင် သတိပြန်ဝင်လာပြီး လက်ထဲ၌ ရေကဲ့သို့ အလင်းတစ်ခု ချက်ချင်း လင်းလက်လာ၏။ အလွန်ကြီးမားသော သွားရဲကို အဝေးသို့ အတင်းတွန်းပို့ ခံလိုက်ရသော်လည်း ချက်ချင်းပင် ပြန်ခုန်အုပ်လာပြန်သည်။ ချန်လွေ့က ရုတ်တရက် ယင်ကောင်များအဖြစ်သာ မပြောင်းလိုက်လျှင် အလွန်ကြီးမားသော သားရဲက ခုန်အုပ်မိသွားပြီ ဖြစ်သည်။ ထို့နောက် ချန်လွေ့၏ တိုက်ခိုက်မှုများ အလုပ်မဖြစ်တော့ပေ။ သူ မည့်သို့ပင် နေရာပြောင်းရွှေ့ (တယ်လီပို့ သန္ဓေပြောင်းခြင်း) စေကာမူ အလွန်ကြီးမားသော သားရဲက သူ့နောက်သို့ အမြဲပင် အရိပ်သဖွယ် လိုက်နေခဲ့လေသည်။

“အကျိုးမရှိတဲ့ ကြိုးစားမှုတွေ လုပ်မနေနဲ့တော့။ ဒီအဆောင်ပစ္စည်းက နေရာလွတ်စွမ်းအား ရှိတယ်။ မင်း ဘယ်လောက်ဝေးဝေး နေရာပြောင်းရွှေ့ပါစေ၊ ချက်ချင်း ဖမ်းမိမှာပဲ။” အစ်ဇ်ယိုရူးက အားနည်းစွာဖြင့် ရယ်လိုက်သည်။ “မင်းရဲ့ [ ယုံကြည်မှုချပ်ကာ ] က ဘယ်လောက်ပဲ ခိုင်မာပါစေ၊ အစစ်အမှန်မီးတောက် အချုပ်အနှောင်က မီးကို ပြာဖြစ်အောင် ပြောင်းလိုက်မှာပဲ။ မင်းရဲ့ အသွေးအသားနဲ့ သွေးကို အချုပ်အနှောင်က ဝါးမျိုလိမ့်မယ်။ မင်းရဲ့ ဝိညာဉ်က ထာဝရ အကျဉ်းကျခံရလိမ့်မယ်။”

ရုတ်တရက် ချန်လွေ့က သူ့ဆီသို့ နေရာပြောင်း‌ရွှေ့လာပြီး ချိန်းကြိုးများနှင့် အချုပ်အနှောင် မခံရခင် သတ်ချင်နေခဲ့သည်။ အစ်ဇ်ယိုရူး ထိတ်လန့်သွား၏။ လက်ရှိတွင် သူက အားလုံးဝ မရှိပေ။ ကံကောင်းစွာပင် သားရဲကြီး၏ အရှိရန်က မယုံနိုင်စရာ ကောင်းလှသည်။ “ဝုန်း....” ၎င်းက ချန်လွေ့ကို ခုန်အုပ်လိုက်၏။

ထိုအချိန်၌ ပတ်ပတ်လည်မှ အရာအားလုံး နှေး‌ကွေးသွားသလို အစ်ဇ်ယိုရူး ရုတ်တရက် ခံစားလိုက်ရသည်။ အစ်ဇ်ယိုရူးသာမက ကြည့်နေသူများပင် တချိန်တည်း ထိုကဲ့သို့ ခံစားလိုက်မိသည်။ ထို့နောက် ခုန်အုပ်ခံရတော့မည့် ချန်လွေ့က အစ်ဇ်ယိုရူး၏ အရှေ့ ပေါ်ထွက်လာပြီး သူ၏ ဦးခေါင်းထိပ်ကို ဆုပ်ကိုင်လိုက်၏။

မဖြစ်နိုင်ဘူး။ အစ်ဇ်ယိုရူး၌ ထိုအတွေးသာ ရှိသည်။ သူ ရုတ်တရက် ရပ်သွားပြီး သူ၏ မျက်လုံးများ စတင်ပြူးကျယ်လာ၏။

ထိုအချိန်၌ သားရဲကြီးက နောက်ကျမှရောက်လာပြီး ချန်လွေ့ကို ခုန်အုပ်လိုက်သည်။

ချန်လွေ့၏ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့ပြီး ပြင်းထန်သော မီးတောက်တစ်ခု ထုတ်လွှတ်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်မှ ကြယ်ပြာချပ်ကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ချစ်ချစ်တောက် နီရဲသွားပြီး လောင်ကျွမ်းသွားတော့မည့်သဖွယ် သူ့အရေပြားက လုံးဝ နီရဲသွားသည်။ သို့ရာတွင် မီးတောက်များက ခဏသာ တောက်လောင်နေခဲ့ပြီး ထူးထူးခြားခြား ဖြစ်မသွားဘဲ သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပေါင်းစည်းသွားတော့သည်။ အစ်ဇ်ယိုရူး ပြောခဲ့သော “ပြာဖြစ်ခြင်း” နှင့် “အသွေးအသားဝါးမျိုခံရခြင်း” တို့က ဖြီးလုံးများကဲ့သို့သာ ဖြစ်နေခဲ့သည်။ အချုပ်အနှောင်များပင် မရှိတော့ပေ။

ချန်လွေ့၏ စိတ်ထဲ၌ စူပါစနစ်မှ အသိပေးချက်တစ်ခု ပေါ်ထွက်လာခဲ့၏။ အမည်မသိ ဥပဒေသစွမ်းအား ကျူးကျော်မှု တွေ့ရှိ။ [ အရှိန်အဝါကာကွယ်ခြင်း ] ကို အသက်သွင်းမည်လား။ မိနစ်တိုင်း အရှိန်အဝါ တစ်ယောင်နှင့် ယုံကြည်မှု သလင်းကျောက်တစ်တုံး ကုန်ကျမည်။

‌တော်‌တော်လေး စျေးကြီးတာပဲ။ သို့ရာတွင် ချန်လွေ့က ချက်ချင်းပင် “အသက်သွင်းရန်” ရွေးချယ်ခဲ့ပြီး စနစ်က ဆက်လက်၍ သတိပေးချက် ဖော်ပြလာသည်။ [ အရှိန်အဝါကာကွယ်ခြင်း ] ကို အောင်အောင်မြင်မြင် အသက်သွင်းပြီးပါပြီ။ [ အထူးစိစစ်မှု ] စတင်.......။ ဂုဏ်သတ္တိကို စိစစ်ရန် အကြမ်းဖျင်းကြာချိန် - ၂၄ နာရီ။

အစ်ဇ်ယိုရူးက ၎င်းကို လုံးဝ မသိပေ။ သူက ခဏတာ ကြက်သေသေသွား၏။ သူက အစစ်အမှန်မီးတောက်အချုပ်အနှောင်၏ ကြောက်မက်ဖွယ်ရာစွမ်အားကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့ရဖူးသည်။ ဘာလို့...

ထိုအရာက သူ့ဘဝ၌ နောက်ဆုံး‌ မေးခွန်းပင်။ အဝေးမှ တိုက်ပွဲကို ကြည့်နေသူတိုင်းက တလက်လက် မီးတောက်များ တဖြည်းဖြည်း ကွယ်ပျောက်သွားကာ အစ်ဇ်ယိုရူး၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ဖြစ်သွားကာ နောက်ဆုံး၌ ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်ကို မြင်လိုက်သည်။

လူတိုင်းက အိပ်မက်မှ နိုးလာသလို ဖြစ်သွားဟန်တူသည်။ သိဒ္ဓိကျောင်းတော်က အထူးအစွမ်းထက်ပုဂ္ဂိုလ် နတ်ဘုရားတစ်ပိုင်း အစ်ဇ်ယိုရူးကို ရစ်ချက်‌က တကယ်ပဲ သုတ်သင်ခဲ့တာလား။

ဖီနိုအီရာနှင့် ဘန်းဒ်တို့က အချင်းချင်း မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ နတ်သူငယ် ဧကရီနှင့်အခြားသူများကလည်း မယုံကြည်နိုင်ကြပေ။ ကြယ်အလင်းကောလိပ်မှ ကျောင်းသူ/သားများနှင့် ဆရာများက ထိတ်လန့်သည်ထက် ပို၍ပင် ကြောက်လန့်သွားကြသည်။ ငါတို့ ရန်စခဲ့တဲ့ ဒီ “ရစ်ချက်က” ဒီလိုကြောက်စရာစွမ်းအားမျိုး ရှိနေတယ်။ သူ ငါတို့ကို သတ်ချင်ရင် အေးဆေးလုပ်လို့ရတယ်။

လန်ဘိစ် တစ်ယောက်တည်းကသာ တိတ်တိတ်လေး သက်ပြင်းချလိုက်၏။ သူက ထိုလူအား မြင့်မြင့် မှန်းထားသော်လည်း သူ့ကို အထင်သေးနေမိသေးခြင်းဖြစ်ကြောင်း မထင်မှတ်ထားခဲ့ပေ။ ဒီလို နတ်ဘုရားတစ်ပိုင်း ပုဂ္ဂိုလ်မျိုးဆိုတော့....သူ့ဆီကနေ အကူအညီ လုံးဝ မရနိုင်လောက်တော့ဘူး။

အဝေးမှ ပုလိုစ်က ပိုက်ထားသောလက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်သည်။ သူ၏နားက ရုတ်တရက် လှုပ်ရှားသွားပြီးနောက် မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ နောက်ဆုံး၌ သူက မလှုပ်ရှားခဲ့ပေ။

ချန်လွေ့က အစ်ဇ်ယိုရူးကို ပြာအဖြစ် ပြောင်းလိုက်ပြီးနောက် သူ၏မျက်လုံးထဲ၌ ဒေါသထွက်နေသော သွေးနီ‌ရောင်က တဖြည်းဖြည်း ကွယ်ပျောက်သွား၏။ သူက ပင့်သက်ရှိုက် လိုက်ပြီး အ‌ဝေးကို သတိဖြင့် ကြည့်လိုက်သည်။ သူ့အရှေ့၌ အပြာရောင် အလင်းတံခါးတစ်ခု ပေါ်ထွက်လာ၏။ တံခါးထဲသို့ လမ်းလျှောက်သွားပြီးနောက် တံခါးကို တဖြည်းဖြည်း အရောင်မှိန်ကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ခယ်လ်ဆာ။ မင်းငါ့ကို ဘာလို့ တားခဲ့တာလဲ။ အစ်ဇ်ယိုရူး ဒီမှာသေရင် နတ်သူငယ် မျိုးနွယ်စုက ပြဿနာ တက်လိမ့်မယ်။”

“မင်း အဲဒီလူသားကို နိုင်နိုင်မနိုင်နိုင်၊ သူ့နောက်မှာရှိတဲ့ ကြောက်စရာ တည်ရှိမှုကို ကျောက်စိမ်းသစ်တောပင်လယ်က ရင်ဆိုင်ရလိမ့်မယ်။ မင်းက နတ်သူငယ်မျိုးနွယ်စုကို ပိုပြီးတော့ ကြီးမားတဲ့ အန္တရာယ်ထဲ ကျရောက်စေချင်တာလား။” ခယ်လ်ဆာက ခေါင်းခါသည်။ “ဒီကိစ္စက နတ်သူငယ်မျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့လည်း ဒီကိုလာပြီးနောက် ငါတို့ကို အသိမပေးဘဲနဲ့ အစီအရင်ကို ဖျက်ဆီးတာက အစ်ဇ်ယိုရူး အမှား။ ခုနက ဖြစ်သွားတာတွေက မှော်သလင်းကျောင်ထဲမှာ ငါ မှတ်တမ်းတင်ထားတယ်။ အခု သိဒ္ဓိကျောင်းတော်ကို ပို့ပေးဖို့ သံတမန်စေလွှတ်ဖို့ပဲ လိုတယ်။ နတ်ဘုရားတစ်ပိုင်း စာချုပ်အရတော့ ဒီကိစ္စက ဘယ်လောက် အလေးပါလဲဆိုတာ သိဒ္ဓိအလင်းတောင်က သိမယ်လို့ ယုံကြည်တယ်။”

ကြယ်အလင်းအင်ပါယာ၊ ဗီးနပ်စ်မြို့၌ -

အချိန်ကြာရှည် ငှားထားတဲ့ ဟိုတယ်ခန်းထဲ၌ အပြာရောင် အလင်းတံခါးတစ်ခု ပေါ်ထွက်လာပြီး အချိန်းမှ ချန်လွေ့ ထွက်လာ၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ ဓူဝံကြယ်ချပ်ကာက ပျောက်ကွယ်သွားလေပြီ။ ခုခံမှုမရသော ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး သူက အိပ်ယာပေါ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ လှဲချလိုက်၏။

ခုနက အစ်ဇ်ယိုရူး အသည်းအသန် အသုံးပြုလိုက်သော အစစ်အမှန်မီးတောက် အချုပ်အနှောင်က မထိရောက်သည်မဟုတ်ဘဲ စူပါစနစ် အချက်ပြမှုက အစစ်အမှန်မီးတောက် အချုပ်အနှောင် စွမ်းအားကို ခံစားရပြီးမှသာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိခိုက်မှုမှ ချန်လွေ့ကို အမှန်တကယ် လွတ်မြောက်စေခဲ့သည်မှာ စူပါစနစ်က ရုတ်တရက် ထပ်တိုးစွမ်းရည်တစ်ခု ရရှိသွားခြင်းကြောင့်ပင်။

[ မီးဇာမဏီအမှတ်] - မီးဒြပ်စင်ထိခိုက်မှုကို ၉၀% လျှော့ချပေးနိုင်။ မီးဒြပ်စင် ထိခိုက်မှုကို ပြီးနိုင်သော အခွင့်အရေး ၁၀%ရှိ။ မီးဒြပ်စင်သတ္တဝါများနှင့် ရင်းနှီးမှု တိုးပွား။

ထိုကဲ့သို့ ထပ်တိုးစွမ်းရည်မရှိကြောင်း ချန်လွေ့ သေသေချာချာ မှတ်မိသည်။ ဒါက ဇာမဏီငှက်လေး သတ်ခံလိုက်တာနဲ့ သက်ဆိုင်နေလောက်တယ်။

ဒါက သော်သော် အသက်ကို စတေးပြီး ပေးခဲ့တဲ့ အကာအကွယ်လား....

သော်သော်.....

ငါ့သမီးလေး.....

မျက်ရည်များနှင့် ချန်လွေ့၏ မျက်လုံးများ မှိန်ကျလာသည်။ သူ၏ အသိစိတ်က တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံး၌ အိပ်မောကျသွားတော့သည်။

All Chapters