နတ်သူငယ်
Vol. 44 Ch. 690
ငွေပီဂါဆက်က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး တောင်ပံများကို သိမ်းလိုက်၏။ မီရှယ်က မြင်းပေါ်မှ ခုန်ချလိုက်ပြီး ထိုနေရာသို့ ပျော်ရွှင်လျက် ခုန်ဆွဆွ ရောက်လာခဲ့သည်။ “ဘလန့်ချ်။ နင်က ဒီနေရာကို ရောက်နေတာကိုး။”
ဘလန့်ချ်က သူ့ကို နှုတ်ဆက်လိုက်သည်။ သူက ချန်လွေ့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ကို ရင်ဆိုင်နေရသည့်အခါ၌ပင် အမြဲတမ်း အေးစက်နေခဲ့သည်။ သို့သော်လည်း မီရှယ်ကို တွေ့သောအခါ သူက ရှားရှားပါးပါး ပြုံးပြလိုက်၏။
ဘလန့်ချ်က မီရှယ်ကို ဆွဲခေါ်လာသည်။ “မီရှယ်။ ဒါက.....”
“ရစ်ချက်ပါ။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “မစ်-မီရှယ်။ တွေ့ရတာ ဝမ်းသာပါတယ်။”
“လူသားလား။” မီရှယ်က အံ့အားသင့်သွားပြီး ဘလန့်ချ်ကို ကြည့်ကာ ချန်လွေ့ထံ ခေါင်းညိတ်ပြလိုက်သည်။ “ဟိုင်း။ ကျွန်မက မီရှယ်ပါ။”
ထိုနတ်သူငယ်မလေး၏ ပုံစံက အဲလစ်နှင့် အတော်လေး ဆင်လှသည်။ သူက အတော်လေး ချစ်စရာကောင်းပြီး ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော မျက်လုံးဝိုင်းဝိုင်းနှင့် အရုပ်မလေးကဲသို့ ဖြစ်နေသည်။ သူ၏ အပြောအဆိုနှင် အပြုအမူတို့က အတော်လေး ယဉ်ကျေးနေပြီး အထင်အမြင်ကောင်းများ ဖြစ်စေသည်။ သို့ရာတွင် သူ၏စွမ်းအားက F အဆင့်သာ ဖြစ်၏။
မီရှယ်က ခေါင်းပေါ်၌ ငှက်အနီရောင် ရှိနေသော လူသားကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သည်။ “ရှင်က....ဘလန့်ချ်ရဲ့ သူငယ်ချင်းလား။”
“အမ်...မစ်-ဘလန့်ချ် မငြင်းရင်တော့ သူငယ်ချင်း ဖြစ်လို့ ရပါတယ်။ ပြီးတော့ ဒီ... လေညင်းဖြူရောပေါ့...”
အရှိန်အဝါသစ်သီးက သိင်္ဂဿ ကြီးထွားရန်အတွက် အလွန်အရေးပါသော အစွမ်းထက် သဘာဝစွမ်းအားတစ်ခု ပါရှိသည်။ ထိုအရာက ကျောက်စိမ်းသစ်တောပင်လယ်ထဲ၌ပင် အလွန်အမင်း ရှားပါးလှပြီး အရှိန်အဝါသစ်သီး၏ မှော်ဆန်သော သက်ရောက်မှုများက ပို၍ပင် ကောင်းမွန်လှသည်။ လေညင်းဖြူက အရှိန်အဝါသစ်သီး၏ ချိုမြိန်မှုကို အရသာခံမိသွားခဲ့ပြီး ၎င်းကို နာကျင်အောင် ပြုလုပ်ခဲ့သော ရန်သူများအား ချေမှုန်းခဲ့သည်ကို မြင်ခဲ့ရသည်။ ထို့ကြောင့် ထိုသူစိမ်းအပေါ် ယုံကြည်မှုက ကြီးကြီးမားမား တိုးပွားလာခဲ့သည်။ မိမိ၏ နာမည်ကို ခေါ်လိုက်သောအခါ ၎င်းက ချက်ချင်းပင် မှီလိုက်၏။
ထိုမြင်ကွင်းက မီရှယ်ကို အံ့အားသင့်သွားစေသည်။ နတ်သူငယ်တွေ အများကြီး အနားကပ်ဖို့ ခက်ခဲတဲ့ လေညင်းဖြူတောင် ဒီလူသားနားကို ချဉ်းကပ်နေတယ်။ ချန်လွေ့က မိမိ၏လက်ကို သိင်္ဂဿ စိုက်ကြည့်နေကြောင်း မြင်လိုက်ပြီးနောက် သဘောပေါက်လိုက်သည်။ သူက အရှိန်အဝါ သစ်သီးတစ်လုံး ထုတ်ယူလိုက်၏။
ချန်လွေ့၏ ခေါင်းပေါ်၌ အနီရောင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး လက်ဝါးပေါ်သို့ အမြန်ရောက်လာကာ ဟန်လုပ်မနေဘဲ အရှိန်အဝါသစ်သီးကို ယူပြေး သွားတော့သည်။ ထို့နောက် သူက ချန်လွေ့ခေါင်းပေါ်ရှိ ယာယီငှက်သိုက်သို့ ခုန်ပျံသွားခဲ့သည်။ ထိုသူက မစ်-သော်သော်မှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။
ဇာမဏီငှက်ငယ်လေးက အမှန်တကယ် ဗိုက်ပြည့်နေပြီ ဖြစ်သော်လည်း ပြဿနာရှာပြီး “လုပ်ချင်တာလုပ်မယ်”ဟူသည်က မစ်-သော်သော်၏ စိတ်နေသဘောထား ဖြစ်ပေသည်။ မစ်-သော်သော်က အရှိန်အဝါ သစ်သီးပေါ်၌ ထိုင်နေရင်း ရန်စသည့်သဘောဖြင့် ပကျိပကျိ လုပ်နေခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ဟန့်တားမှုများကြောင့်သာ မဟုတ်လျှင် သူက လက်သည်းများကို ကြက်ခြေခတ်လိုက်မည် ဖြစ်သည်။
“ဝိုး....” မီရှယ်က တအံ့တသြနှင့် စိုက်ကြည့်နေလိုက်သည်။ “ရစ်ချက်။ ရှင့်ရဲ့ ငှက်က တော်တော်လေး ချစ်စရာကောင်းတယ်။ ကိုင်ကြည့်လို့ရလား။”
ချန်လွေ့ “.....”
ဘလန့်ချ် “.....”
“မီရှယ်...” ဘလန့်ချ်က မီရှယ်၏ အလွယ်တကူ နားလည်မှု လွဲသွားနိုင်သော စကားလုံးများကို ဖြတ်ပြောလိုက်သည်။ “ဒီလိုပါ။ လေညင်းဖြူနဲ့ ငါက ကျူးကျော်သူခိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ရစ်ချက်က ငါတို့ကို ကယ်တင်ပေးခဲ့တာ။”
ချန်လွေ့အပေါ် မီရှယ်၏ အမြင်က ပိုမိုကောင်းမွန်လာပြန်သည်။ “ရစ်ချက်။ ဘလန့်ချ်နဲ့ လေညင်းဖြူတို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ။”
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဘလန့်ချ်က ပြောသည်။ “ငါ ရစ်ချက်နဲ့ ဆွေးနွေးစရာ ရှိတယ်။ နင် မြင်းပျံစီးပြီးနောက် လေညင်းဖြူကို အရင်ခေါ်သွားလိုက်။ ဟုတ်ပြီလား။”
မီရှယ်က ချန်လွေ့ကို အံ့အားသင့်စွာဖြင့် ဖျပ်ခနဲ ကြည့်ကာ ဘလန့်ချ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် လျို့ဝှက်ဆန်းကြယ်စွာဖြင့် နတ်သူငယ်တစ်ပိုင်း ကောင်မလေးကို ဘေးသို့ ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်၏။ “ဒါက ယောက်ျားတစ်ယောက်ကို နင် ပထမဆုံး စပြီးတော့ ဦးဆောင်တာ မြင်ဖူးတာပဲ။ ဧကန္တ....”
“ပေါက်ကရတွေ မပြောနဲ့။” ဘလန့်ချ်က မီရှယ်က အနည်းငယ် တွန်းလိုက်သည်။ “အခု ပြန်သွားတော့။”
“ငြင်းနေသေးတယ်။” မီရှယ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “နင်က ငါ့ကို လူပို မဖြစ်စေချင်တာ မဟုတ်လား။”
“ငါ့ကို တစ်ခုပဲ ကူညီပေးပါ။ မီရှယ်။ နော်။ တောင်းပန်ပါတယ်။ အခု ပြန်ပါတော့။”
“ဘာလို့ ငါ့ကို အရှင်မင်းသမီးလို့ မခေါ်တော့တာလဲ။ ကြည့်ရတာ ငါ့သူငယ်ချင်းက ဒီနေ့ စိတ်အတော်လေး ကောင်းနေတဲ့ပုံပဲ။ ချိန်းတွေ့တာဆိုတော့ နင်ရဲ့ ရုပ်ဆိုးဆိုး မျက်လုံးကာကို ချွတ်ထားပါလး။ အဲဒါက တကယ် ရုပ်ဆိုးတယ်။”
ဘေးဖက်မှ ချန်လွေ့က နောက်ဆုံးတွင် ဘလန့်ချ်၏ ကောင်းမွန်သော စိတ်ထားကို သဘောပေါက်သွားခဲ့သည်။ သူက ဇစ်မြစ်မသိရဘဲ စွမ်းအားကြီးမားသော “ချန်လွေ့က” မီရှယ်၏ အထူးသရုပ်ကို သိသွားပြီး ဓားစာခံလုပ်ခြင်း သို့မဟုတ် အခြားမတော်တဆများကို မဖြစ်စေချင်ပေ။ ထို့ကြောင့် သူက မီရှယ်ကို သိင်္ဂဿအား ခေါ်သွားပြီး အန္တရာယ်မှ ထွက်သွားစေချင်ခဲ့သည်။ သူက ထိုနေရာ၌ တစ်ယောက်တည်း နေခဲ့မည်ဖြစ်သည်။
ဒီလိုအခြေအနေကနေ ကြည့်မယ်ဆိုရင်တော့ ဒီ မစ်-နတ်သူငယ်တစ်ပိုင်းက အကြံအစည် တစ်ခုခုတော့ ရှိလောက်တယ်။ ဒါပေမဲ့ ပိုပြီးတော့ အရေးကြီးတာက သူ့မှာ အတော်လေး ကောင်းမွန်တဲ့နှလုံးသားတစ်ခု ရှိနေတာပဲ။
ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “လက်စသတ်တော့ အရှင်မင်းသမီး မီရှယ်ကိုး။ ကျုပ် ရိုင်းပျမိခဲ့တာကို ခွင့်လွှတ်ပေးပါ။”
ဘလန့်ချ်၏ အမူအရာ ပြောင်းလဲသွား၏။ မီရှယ်က ၎င်းကို ကြားသည့်အခါ အခြေအနေ မကောင်းကြောင်း သိလိုက်သည်။ မီရှယ်က ပြုံးကာ ပြောသည်။ “ရှင် ဘလန့်ချ်ကို အနိုင်ကျင့်ရဲရင် ရှင့်ကို အလွတ်မပေးဘူး။”
ချန်လွေ့က အလျင်အမြန် ရှင်းပြသည်။ “ကောင်မလေးတို့။ မင်းတို့တွေ အထင်လွဲနေပြီလို့ ထင်တယ်။ ငါက ကျောက်စိမ်းသစ်တောပင်လယ်ကို အရေးကြီးကိစ္စတစ်ခုအတွက် ဆာ-မဟာဆရာသခင် ဖီနိုအီရာနဲ့ တွေ့ချင်လို့ လာခဲ့တာ။ ကံဆိုးချင်တော့ ငါက အခုမှ ဒီကို ပထမဆုံး ရောက်ဖူးတာ။ အဲဒါကြောင့် လမ်းပျောက်နေနတယ်။ ငါ့ကို နတ်သူငယ်မျိုးနွယ်စုဆီ ခေါ်သွားပေးပါ။”
“ဒီတော့ ရှင်က ဆရာ့ကို ရှာနေတာပေါ့....” မီရှယ်က ကြက်သေသေသွားပြီး နောက်ဆုံး သရုပ်တစ်ခုကို မတော်တဆ ထုတ်ပြောလိုက်မိပြန်သည်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေးက စိတ်ပျက်ပျက်နှင့် ခေါင်းကိုသာ ခါနေခဲ့သည်။
“ကူညီပေးလို့ရမလား။”
“အင်း...” မီရှယ်က ခေါင်းညိတ်လိုက်သည်။ “ဒါက ဘလန့်ချ်နဲ့ လေညင်းဖြူကို ကယ်ခဲ့တဲ့ အတွက်လို့ သဘောထားလိုက်ပါ။ ဒါပေမဲ့ ဆရာက ရှင့်ကို တွေ့မတွေ့သော မသေချာဘူး။ နောက်ကျနေပြီလေ။ မြန်မြန်သွားကြတာပေါ့။”
[ သရုပ်ခွဲမျက်လုံး ] ဖြင့် အရှိန်အဝါသစ်သီးကို တည်ကြက်အနေဖြင့် အသုံးပြုပြီးနောက် ချန်လွေ့က အောင်အောင်မြင်မြင်နှင့် သိင်္ဂဿကို စိုးနိုင်ခဲ့သည်။ မီရှယ်နှင့် ဘလန့်ချ်တို့က ငွေပီဂါဆက်ပေါ်၌ အတူတူ ထိုင်လိုက်ကြပြီး သစ်တောကို ဖြတ်၍ ရှေ့ဆက်သွားတော့သည်။ နောက်ဆုံး၌ သူတို့က အထူးအစီအရင်ကဲ့သို့သော ရေအလွှများကို ဖြတ်သွားခဲ့ပြီးနောက် နတ်သူငယ်မျိုးနွယ်စု နေထိုင်ရာ ငွေလကောင်းကင် မြို့တော်ကို ရောက်ရှိလာခဲ့သည်။
ညအချိန် ရောက်လေပြီ။ လရောင်အောက်ရှိ ကောင်းကင်မြို့တော်က မရေမတွက်နိုင်သော ခမ်းနားလှသည့် ညပုလဲများကဲ့သို့ ဖြစ်နေသည်။ တေးသံများကို ရေးရေးလေး ကြားနေရပြီး လူအများအား ကဗျာဆန်ပြီး ပသာဒဖြစ်စေသော ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။
“လအလင်းနတ်ဘုရားမ။ အရှင်မင်းသမီး မီရှယ် နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ မင်းသမီးက ဒီနေ့ စားသောက်ပွဲကနေ ပျောက်သွားခဲ့တာ။ အရှင်မ လစ်ဗ်က တော်တော်လေး ဒေါသထွက်နေတဲ့ပုံပဲ။ မင်းသမီး နန်းတော်ကို ပြန်သွားသင့်တယ်။” မြို့တော်ဂိတ်တံခါးက စူးရှသော မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူက အရပ်မြင့်မြင့်နှင့် လှပသော နတ်သူငယ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့နောက်တွင် အစောင့်တစ်ဖွဲ့ ရှိနေ၏။
နတ်သူငယ်မျိုးနွယ်စု၏ ခန္ဓာကိုယ်နှင့် မျက်နှာသွင်ပြင်တို့က အမှန်တကယ်ပင် ထူးခြား ပြောင်မြောက်လှသည်။ လှပသော မိန်းမများနှင့် ခန့်ညားသော ယောက်ျားများ ပြတ်လပ်သည် ဟူ၍ မရှိပေ။ ထိုအစောင့်များ၏ စွမ်းအားကလည်း မနိမ့်လှပေ။ အထူးသဖြင့် အရပ်မြင့်မြင့်နှင့် ခေါင်းဆောင် နတ်သူငယ် အမျိုးသမီးက A အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။
“ကျွန်မက ဒီနေ့ သစ်တောမြောက်ပိုင်းကို သွားပြီးတော့ ဆရာ့ကို အဂ္ဂိရတ် ကုန်ကြမ်းတွေ စုဆောင်းဖို့ ကူညီပေးခဲ့တာပါ။” မီရှယ်က နှုတ်ခမ်းစူလိုက်ပြီး အသံတိုးတိုးနှင့် ရေရွတ်လိုက်၏။ “အဲဒီလိုမျိုး ပျင်းစရာ စားသောက်ပွဲတွေကို မတက်ချင်ပါဘူး။”
“မြောက်ဘက်လား။ အဲဒီနေရာက အခုတလော မလုံခြုံဘူး။” ချန်လွေ့ကို မြင်သည့်အခါ နတ်သူငယ် အမျိုးသမီး၏ အသံက လေးနက်သွားခဲ့သည်။ “ဒါက ..... လူသားလား။ သူက ဘယ်သူလဲ။”
နောက်ဘက်မှ အစောင့်များအားလုံးက သူတို့ကို ဝိုင်းရံလိုက်သည်။ နတ်သူငယ်များကို အံ့သြသွားစေသည်မှာ ထိုလူသားက အသောင်းကြမ်းဆုံး သိင်္ဂဿဖြစ်သော လေညင်းဖြူ၏ ကျောပေါ်မှ ခုန်ဆင်းလာခဲ့ခြင်းပင်။
“နာ့နာ။ မစိုးရိမ်ပါနဲ့။ ရစ်ချက်က ဘလန့်ချ်နဲ့....ကျွန်မရဲ့ မိတ်ဆွေပါ။ သူက ဆရာ ဖီအိုနီရာဆီ လာလည်ဖို့ ရောက်လာတာ။ သူက ကျူးကျော်သူခိုးတွေကို ကူညီ ချေမှုန်းပေးခဲ့တယ်။”
“အရှင်မင်းသမီး မသိလောက်ပါဘူး။ ဒါပေမဲ့ လူသားတွေက အတော်လေး ကောက်ကျစ်တယ်။ သူတို့ လှည့်စားတာကို မခံနဲ့။” နာ့နာက ဘလန့်ချ်ကို ဖျပ်ခနဲကြည့်လိုက်ပြီး သူ၏အကြည့်က ပို၍ပင် စူးရှသွားသည်။ “နတ်သူငယ်တစ်ပိုင်း။ နင်က အရှင်မင်းသမီးကို စိတ်ရှုပ်အောင် လုပ်ပြီးတော့ ငွေလကောင်းကင် မြို့တော်ဆီကို ဘယ်ကမှန်းမသိတဲ့ လူသားတစ်ယောက် ခေါ်လာရဲတယ်ပေါ့။”
အစောင့်ထဲမှ တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။ “ဟမ့်။ ဒီနတ်သူငယ် တစ်ပိုင်းက တကယ်ကြီး ယောက်ျားတစ်ယောက်ကို ပြန်ခေါ်လာခဲ့တယ်။”
“ဒီလူက တော်တော်လေး ရုပ်ဆိုးတယ်။ သူက အသေအချာကို လန်ဇီလီရဲ့ အမြင် ဆက်ခံထားရတာပဲ။ အမေတူသမီး ဆိုသလိုပေါ့....” နာ့နာ၏ အခေါ်အဝေါ်နှင့် နောက်မှ တီးတိုးသံများအရ ဘလန့်ချ်က အမှန်တကယ်ပင် နတ်သူငယ်မျိုးနွယ်စု၏ ခွဲခြားခံရသော ပစ်မှတ်တစ်ခု ဖြစ်သည်။ သူက ပါးစပ်ကို လှုပ်လိုက်သော်လည်း မရှင်းပြခဲ့ပေ။ သူ၏ မျက်နှာက ယခင်ကကဲ့သို့ပင် အမှုမထားနေပေ။
“နာ့နာ။ ဘလန့်ချ် မဟုတ်ဘူး။ ကျွန်မ သူ့ကို ပြန်ခေါ်လာခဲ့တာ။” မီရှယ်က မပျော်မရွှင်နှင့် ပြောလိုက်သည်။ “မနေ့က ဖေးလီလည်း လူသားတစ်စု ခေါ်လာခဲ့တယ် မဟုတ်လား။ အမေက သူတို့ကို ဖျော်ဖြေဖို့အတွက် စားသောက်ပွဲတောင် ကျင်းပပေးခဲ့သေးတယ်။”
“အဲဒါက မတူဘူးပေါ့။ သူတို့က ကြယ်အလင်းကောလိပ်မှာ တော်ဝင်မင်းသမီး ဖေးလီရဲ့ အတန်းဖော်တွေလေ။ ဒီတစ်ခေါက် သူတို့က သစ်တောပင်လယ်ထဲကို လေ့ကျင့်ဖို့အတွက် ရောက်လာခဲ့ကြတာ။ ပြီးတော့ ကျက်သရေပြာအင်ပါယာရဲ့.....” နာ့နာက ချန်လွေ့ကို သတိထားနေသော အမူအရာဖြင့် ကြည့်လိုက်ပြီး ဘာမှ မပြောခဲ့ပေ။ “ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ကမှန်းမသိတဲ့ ဒီလူသားကို မြို့တော်ထဲ ဝင်ခွင့်ပေးလို့ မရဘူး။ မဟုတ်ရင် သူ တစ်ဘဝလုံးကို အကျဉ်းထောင်ထဲမှာပဲ ဖြတ်သန်းရလိမ့်မယ်။”
ဘလန့်ချ်က ငွေပီဂါဆက်ကို လမ်းတစ်လျှောက်လုံး စီးလာခဲ့သည်။ ဘာမှမဆိုင်သော ချန်လွေ့နှင့် မီရှယ်တို့က စကားကောင်းကောင်း ပြောခဲ့ရသည်။ နာ့နာက ချန်လွေ့ကို နှင်ထုတ်ခြင်း သို့မဟုတ် ဖမ်းဆီးချင်ကြောင်း ကြားလိုက်သောအခါ မီရှယ်က လေးလေးနက်နက် ခေါင်းခါပြီး ပြောလိုက်သည်။ “မရဘူး။ သူက ကျွန်မရဲ့ သူငယ်ချင်းပဲ။”
ချန်လွေ့၏ အေးအေးဆေးဆေးလေသံ ထွက်ပေါ်လာသည်။ “မင်းသမီးရဲ့ ယုံကြည်မှုနဲ့ ခင်မင်မှုအတွက် ကျေးဇူးပါပဲ။ မင်းသမီးလိုမျိုး လှပကြော့ရှင်းပြီးတော့ ယဉ်ကျေးတဲ့ နတ်သူငယ် မင်းသမီးနဲ့ တွေ့ခွင့်ရတာကို ဂုဏ်ယူမိပါတယ်။ ပြီးတော့ ရဲရင့်သန်မာပြီးတော့ စိတ်ထားကောင်းတဲ့ မစ်-နတ်သူငယ် တစ်ပိုင်းနဲ့ ဆုံတွေ့ရတာလည်း ဂုဏ်ယူစရာပါ။”
သူ၏လေသံက ပြောင်းလဲသွားခဲ့ပြီး မောက်မာစွာ ပြောလိုက်သည်။ “ဒါပေမဲ့ တောင်နေလူပုရဲ့ သံတမန်ရေးရာ သံတမန်အနေနဲ့ ကျုပ် ငွေလကောင်းကင် မြို့တော်မှာ အခုလက်ရှိ ကြုံတွေ့နေရတာတွေအတွက် နောင်တရမိသလို မကျေမနပ်လည်း ဖြစ်မိတယ်။ ကျုပ် အခုချက်ချင်းပဲ ကျောက်နက်တောင်မှာရှိတဲ့ မြေထူရဲတိုက်ကို ပြန်ပြီးတော့ နတ်သူငယ်မျိုးနွယ်စုရဲ့ အပြုအမူတွေအကြောင်း လူပုဘုရင် အိုဗ်ဂီဆီကို အမှန်အတိုင်း လျှောက်တင်လိုက်မယ်။”
ချန်လွေ့၏လက်ဝါးက တဖြည်းဖြည်း ဖွင့်လိုက်ပြီး သဘာဝ အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသော သစ်ရွက်ပုံစံ မှော်တံဆိပ်ပြားတစ်ခုကို ပြသလိုက်သည်။ ထိုအရာက လရောင်အောက်၌ ကျောက်မျက်ကဲ့သို့ သလင်းကျောက် အလင်းရောင်များကို ရောင်ပြန် ဟပ်နေခဲ့လေသည်။
“သိဒ္ဓိသစ်ရွက်သံတော်ဆင့်...” နာ့နာက သိမ့်သိမ့်တုန်သွားပြီး အသံကျယ်ကျယ် ပြောလိုက်မိသည်။
“ဒါက နတ်သူငယ်ရဲ့ အမြင့်ဆုံး မဟာမိတ်ကို ကိုယ်စားပြုတဲ့ သိဒ္ဓိသစ်ရွက်သံတော်ဆင့် လား။ တောင်နေလူပုနဲ့ ကျက်သရေပြာအင်ပါယာမှာပဲ ရှိတာလို့ ပြောကြတာ မဟုတ်လား။” မီရှယ်က ထုတ်ပြောလိုက်ပြန်သည်။ ထို့နောက် သိဒ္ဓိသစ်ရွက်သံတော်ဆင့်ကို အရည်လဲ့သော မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ “ကိုင်ကြည့်လို့ရလား။”
ချန်လွေ့ “.....”
နာ့နာ “.....”
အစောင့်များက နန်းတော်သို့ သတင်းပို့ပြီး ခဏအကြာ နတ်သူငယ်နှစ်ယောက်က မြို့တော်ဂိတ်တံခါး၌ ပေါ်ထွက်လာသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်သည်။ ယောက်ျားဖြစ်သူက အေးစက်သော မျက်နှာရှိနေပြီး အမျိုးသမီးက လှပကာ ကျက်သရေ ရှိသည်။ နှစ်ယောက်လုံးက ငွေအနားကွပ်များရှိသော အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထား၏။
ခုနက ချန်လွေ့နှင့် စကားပြောနေခဲ့သော မီရှယ်က ချက်ချင်းပင် စိုးရိမ်နေသော အမူအရာ ပြသလိုက်ပြီး ရှေ့ထွက်ကာ နတ်သူငယ် အမျိုးသမီးကို ဦးညွှတ်လိုက်သည်။ “ဆရာမ ပါထရစ်စီ။ အကြီးအကဲ ချီရိုပန်။”
ကြည့်ရတာ မီရှယ်မှာ ဆရာတစ်ယောက်ထက် ပိုရှိနေတဲ့ပုံပဲ။ သေချာတာကတော့ သူက ဒီဆရာမအတွက် အတော်လေး လေးစားမှုတွေ ရှိနေတယ်။
“ကောင်မလေး။ စိုးရိမ်မနေပါနဲ့။ ငါကနင့်ကို အပြစ်ပေးဖို့ လာတာ မဟုတ်ပါဘူး။ ပါထရစ်စီက နှုတ်ခမ်းရှုံ့လိုက်ပြီး ပြုံးပြသည်။ ထို့နောက် သူက ချန်လွေ့ထံသို့ အကြည့်လွှဲလိုက်သည်။ “တောင်နေလူပုက လူသားတစ်ယောက်ကို ကိုယ်စားလှယ်အနေနဲ့ ငွေလကောင်းကင်မြို့တော်ဆီ လွှတ်လိုက်တာက အံ့သြစရာပဲ။ ငါက နတ်သူငယ်မျိုးနွယ်စုရဲ့ အကြီးအကဲ ဖြစ်တဲ့ ပါထရစ်စီပါ။ ဒါက အကြီးအကဲ ချီရိုပန်။ ကောင်းကင်မြို့တော်ကနေ ကြိုဆိုပါတယ်။ တောင်နေလူပုရဲ့ သံတမန်။”
ထိုနတ်သူငယ်နှစ်ယောက်၏ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်ကြသည်။ ကြည့်ရတာ နတ်သူငယ်မျိုးနွယ်စုက ငါ့လို သံတမန်ကို အတော်လေး တန်ဖိုးထားနေသေးတဲ့ပုံပဲ။ ချန်လွေ့က အသာလေး ဦးညွှတ်လိုက်သည်။ “ရစ်ချက်ပါ။ အကြီးအကဲနှစ်ယောက်ကို နှုတ်ဆက်ပါတယ်။ နောက်ကျမှ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ တကယ်တော့ မင်းသမီး မီရှယ်နဲ့ မစ်-ဘလန့်ချ်တို့ရဲ့ လမ်းပြမှုကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျုပ်က လှပတဲ့ သစ်တောပင်လယ်ထဲ လမ်းပျောက်နေဦးမှာ။”
“ဆာ-ရစ်ချက်။ မြို့တော်ကို သွားပြီးတော့ အနားယူလိုက်ပါဦး။ မနက်ဖြန် မနက်ကျရင် အရှင်မ လစ်ဗ်က ဆာ့ကို နန်းတော်မှာ တရားဝင် တွေ့ဆုံပါလိမ့်မယ်။”
မူလက ချန်လွေ့သည် မဟာဆရာသခင် ဖီနိုအီရာကို ဆုံတွေ့ရန်အတွက်သာ ရောက်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ တံဆိပ်ပြားလေးက ထိုကဲ့သို့ လှုပ်ရှားမှု ကြီးကြီးမားမား ဖြစ်စေနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက်နှင့်အတူ မြို့တော်ထဲသို့ လိုက်သွားခဲ့သည်။ မီရှယ်ကိုလည်း ပါထရစ်စီက ဖမ်းခေါ်သွားပြီး နန်းတော်ဆီသို့ ပြန်လာခဲ့သည်။
ထိုအချိန်၌ မစ်-သော်သော်က ငိုက်မြည်းနေသော မျက်လုံးများကိုဖွင့်ပြီး ပိကျိပိကျိ ပြုလုပ်လိုက်သည်။
“ဖေဖေ။ ညစာ။ ညစာ။ သော်သော် ပူတင်း စားချင်တယ်။”
ချန်လွေ့က အကြီးအကဲနှစ်ဦးနှင့်အတူ အလာပ သလ္လာပများ ပြောနေရင်း လူတိုင်း၏ ထူးဆန်းသော အကြည့်အောက်တွင် ပူတင်းတစ်ခု ထုတ်ပေးလိုက်ရသည်။ သူက မွေးစားသမီး စားနိုင်ရန်အတွက် ပူတင်းကို ခေါင်းပေါ်သို့ တင်ပေးလိုက်၏။
ချီရိုပန်က သော်သော်ကို ခဏလောက်ကြည့်ပြီး ဇဝေဇဝါဖြစ်သော အမူအရာတစ်ခု ပြသလိုက်သည်။ “အဲဒီငှက်က....”
“အဲဒါ ရစ်ချက်ရဲ့ ငှက်လေ...” တော်ဝင်မင်းသမီး မီရှယ်က အရည်လဲ့သော မျက်လုံး ဝိုင်းဝိုင်းဖြင့် ပြောလိုက်သည်။ “ကျွန်မ အဲဒါကို တကယ် ကိုင်ကြည့်ချင်နေတာ။”
အကြီးအကဲ ချီရိုပန် “.......”
ကျောင်းသား ရစ်ချက် “.......”