← Chapters

နတ်ဧကရာဇ်၏ အဆက်အနွယ်များ

Vol. 2 Ch. 17

နတ်ဧကရာဇ်၏ အဆက်အနွယ်များ

Vol. 2 Ch. 17

"အဓိပ္ပါယ်မရှိတဲ့ ရူးကြောင်ကြောင် စကားတွေလား..."

ဒုတိယဗိုလ်ချုပ်ချူးသည် အံ့အားသင့်သွားပြီး မအောင့်အီးနိုင်ဘဲ မေးမြန်းလိုက်သည်။ "သခင်မ ဘာကို ဆိုလိုတာလဲ။ လင်းယွဲ့ပြောခဲ့သမျှ အကုန်လုံး လုံးဝ မယုံကြည်ရဘူးလို့ ပြောနေတာလား"

ဘိုင်လီဖုန်းကျီက အေးစက်စွာ ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို တော်တယ်ထင်နေတဲ့ လူလိမ်တစ်ယောက်ရဲ့ စကားတွေပဲ။ သူ့ရဲ့ ကောက်ချက်တွေ အကုန်လုံးက အဘိုးအိုတုက လူတွေကို နှုတ်ပိတ်သတ်ခဲ့တယ်ဆိုတဲ့ အချက်ပေါ်မှာပဲ တည်ဆောက်ထားတာ။ ဒါပေမဲ့ ဒီအစမှတ်ကတောင် မှားနေရင် ဘယ်လိုလုပ် မှန်နိုင်မှာလဲ"

ဒုတိယဗိုလ်ချုပ်ချူးက ခေါင်းညိတ်လိုက်သည်။

သူသည် ခဏမျှ စဉ်းစားပြီးမှ "သခင်မ ရှားလီ သေဆုံးသွားတာနဲ့ တစ်ကမ္ဘာလုံးက သိသွားလိမ့်မယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို လင်းယွဲ့ သိနိုင်သလား" ဟု မေးလိုက်သည်။

"မဖြစ်နိုင်ဘူး"

ဘိုင်လီဖုန်းကျီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါက ထိပ်တန်းလျှို့ဝှက် ကိစ္စတစ်ခုပဲ။ စုံစမ်းစစ်ဆေးရေးမှာ မင်းရဲ့အကူအညီ မလိုအပ်ဘူးဆိုရင် ငါ မင်းကို ပြောမှာတောင် မဟုတ်ဘူး။ ရှားလီကိုယ်တိုင်တောင် သူသေပြီးရင် ဘာဖြစ်မယ်ဆိုတာ မသိဘူး။ ဒါကြောင့် အဘိုးအိုတုက သူ့ကို ဖမ်းမိခဲ့ရင်တောင် ဒီလျှို့ဝှက်ချက်ကို သိနိုင်မှာ မဟုတ်ဘူး"

ဒုတိယဗိုလ်ချုပ်ချူးပင် စကားပြောရန် မရှိတော့ပေ။

ထို့နောက် သူသည် ရှုပ်ထွေးစွာဖြင့် "သခင်မ ရှားလီကိုလည်း မပြောပြဘူးလား" ဟု မေးလိုက်သည်။

"ငါ တမင် ဖုံးကွယ်ထားတာ"

ဘိုင်လီဖုန်းကျီသည် သူမ၏ သိမ်းငှက်မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး "ရှားလီက ငယ်ငယ်ကတည်းက ရှားအိမ်တော်မှာ ကြီးပြင်းလာခဲ့တာ။ အနိုင်ကျင့်ခံရတာတွေ အများကြီး ခံစားခဲ့ရပြီး အတော်လေး စိတ်ထိခိုက်လွယ်တယ်။ သူသိသွားရင် ရန်သူ့လက်ထဲ ရောက်သွားတဲ့အခါ လက်တုံ့ပြန်ဖို့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ စဉ်းစားနိုင်တာကြောင့် သူ့ကို မပြောခဲ့ဘူး"

ဒုတိယဗိုလ်ချုပ်ချူးက ချက်ချင်း နားလည်သွားသည်။

"ဒါပေမဲ့ အခု ဘာအစအနမှ မကျန်တော့ဘူး။"

ဒုတိယဗိုလ်ချုပ်ချူးသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ "သခင်မ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ" ဟု မေးလိုက်သည်။

"လောလောဆယ်တော့ စောင့်ကြည့်ရုံပဲပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် သံသယရှိသူတွေ လွတ်မြောက်သွားမှာ မဟုတ်ဘူး"

ဘိုင်လီဖုန်းကျီ၏ မျက်နှာထားမှာ ဂရုမစိုက်သည့်ဟန်ဖြင့် "အချိန်ကို ကြည့်ရတာ အများဆုံး တစ်လအတွင်းမှာ ရှားလီ အရွယ်ရောက်လိမ့်မယ်၊ အဲဒီအခါကျရင် သူက သူ့အလိုလို နားလည်သွားလိမ့်မယ်"

"အရွယ်ရောက်တာလား"

ဒုတိယဗိုလ်ချုပ်ချူးသည် ဘိုင်လီဖုန်းကျီကို အံ့သြတကြီး ကြည့်လိုက်သည်။

ဘိုင်လီဖုန်းကျီသည် ထပ်မံ ရှင်းပြခြင်းမပြုဘဲ "အဘိုးအိုတုကိုပဲ စောင့်ကြည့်ထား။ တခြားဘာကိုမှ ဂရုစိုက်စရာ မလိုဘူး" ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ဒုတိယဗိုလ်ချုပ်ချူးက အရိုအသေပေးလိုက်သည်။

ထိုအချိန်တွင် ဘိုင်လီဖုန်းကျီမှာ လက်ကို ဆန့်ထုတ်၍ စားပွဲပေါ်တင်ကာ ဖြူဖွေးသွယ်လျသော လက်ဖဝါးအား ဖြည်းညင်းစွာ ဖြန့်လိုက်သည်ကို သူ မြင်လိုက်ရ၏။

သူမ၏ လက်ဝါးပေါ်တွင် တောက်ပသော အနီရောင်သွေးတစ်စက် လွင့်မျောနေသည်။

"သခင်မ ဒါက..."

ဒုတိယဗိုလ်ချုပ်ချူးပင် အနည်းငယ် အံ့သြသွားသည်။

"ဒါက ခုနက လင်းယွဲ့ဆီက ယူခဲ့တဲ့ သွေးစက်ပဲ"

ဘိုင်လီဖုန်းကျီသည် သွေးစက်လေးကို တိတ်တဆိတ် စိုက်ကြည့်နေရင်းမှ ရုတ်တရက် "ငါ့ကို ဝိညာဉ်မျိုးစေ့တစ်ခု ယူလာပေး၊ လင်းယွဲ့ရဲ့ ပါရမီက အစစ်အမှန်လား၊ အတုအယောင်လားဆိုတာ ငါကြည့်ချင်တယ်" ဟု ပြောလိုက်သည်။

...

အိမ်ပြန်ရောက်သောအခါ ညနေစောင်းနေပြီ ဖြစ်သည်။

နေဝင်ရီတရောအချိန်တွင်….

လင်းယွဲ့သည် နေ့စဉ်လုပ်နေကျအတိုင်း ထွက်ခွာသွားချိန်က ချန်ထားခဲ့သော အရာများကို ချို့ယွင်းချက်မရှိအောင် သေချာစစ်ဆေးခဲ့သည်။

ဒုတိယဗိုလ်ချုပ်ချူး၏ ယခင်စုံစမ်းစစ်ဆေးမှုကြောင့် ဆူဇီချူးကို အာရုံစိုက်ကြတော့ပုံ မပေါ်ချေ။ ယနေ့ မည်သူမျှ လာရောက်စစ်ဆေးခြင်းမရှိကြ။

အဘယ်ကြောင့်ဆိုသော် ဘိုင်လီဖုန်းကျီနှင့် ဒုတိယဗိုလ်ချုပ်ချူးတို့ကဲ့သို့သော လူများ၏အမြင်တွင် ဤအခန်းထဲတွင် လဲလျောင်းနေသော အမျိုးသမီးငယ်က အကြောင်းမဲ့ ကံဆိုးမိုးမှောင်ကျခဲ့သော အပြစ်မဲ့သူ ဆူဇီချူးသာ ဖြစ်သည်။

ဆူဇီချူး သတိမေ့နေသရွေ့ သူမ၏ အသွင်ယူမှုအပေါ် မည်သူကမှ ရှာဖွေတွေ့ရှိမည် မဟုတ်သဖြင့် လင်းယွဲ့ လုံးဝ စိုးရိမ်ပူပန်ခြင်းမရှိပေ။

သူမနှင့် အရင်းနှီးဆုံးသူပင် သူမကို အဝတ်ဗလာကျင်း၍ အရေပြားအက်ကွဲကြောင်းတိုင်း စေ့စေ့စပ်စပ် စစ်ဆေးကြည့်သည့်တိုင်၊ သူမ၏ ခန္ဓာကိုယ်အတွင်းပိုင်းထိ ပိုမိုနက်ရှိုင်းစွာ စစ်ဆေးကြည့်သည့်တိုင် ကောက်ချက်တစ်ခုသို့သာ ရောက်ရှိ‌ပေလိမ့်မည်။

သူမက... ဆူဇီချူး ဖြစ်သည်။

"ဒီတိုင်းဆို ဘိုင်လီဖုန်းကျီရဲ့ အမြင်မှာ ငါ့အပေါ် သံသယဝင်မှုက အရေးမပါလောက်အောင် ဖြစ်သွားလောက်ပြီ"

မီးဖိုချောင်တွင် လင်းယွဲ့သည် မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ အသစ်စတင် မွှေးထားခါစ မီးထဲသို့ တဖြည်းဖြည်း ထင်းခြောက်များ ထည့်ရင်း တိတ်တဆိတ် စဉ်းစားနေသည်။

"ဘိုင်လီဖုန်းကျီက ရှားလီအကြောင်း ဘယ်လောက်သိလဲတော့ မသိပေမဲ့ ရှားလီသေဆုံးသွားတာနဲ့ တစ်ကမ္ဘာလုံးက သေချာပေါက် သိသွားလိမ့်မယ် ဆိုတာကိုတော့ သူ သိရမယ်။ မဟုတ်ရင် ရှားလီ အသက်ရှင်သေးတယ်လို့ ဒီလောက် ယုံကြည်နေမှာ မဟုတ်ဘူး။"

"ငါ ရှားလီကို စမ်းသပ်ပြီးပြီ။ သူကိုယ်တိုင်တောင် ဒီလျှို့ဝှက်ချက်ကို မသိဘူး"

"ဘိုင်လီဖုန်းကျီရဲ့အမြင်မှာ ငါက ဒီလျှို့ဝှက်ချက်ကို သိဖို့ ပိုလို့တောင် မဖြစ်နိုင်ဘူး"

"ရှားလီရဲ့ အထူးအခြေအနေတွေကို လျစ်လျူရှုလိုက်ရင် ဒီအချက်က ငါ တကယ်ပဲ အရက်သမားအိုကြီးကို သေဒဏ်ပေးချင်ပြီး တခြားဘာမှ မသိဘူးဆိုတာကို သူယုံကြည်အောင် လုပ်နိုင်လောက်တဲ့အထိ ကျိုးကြောင်းဆီလျော်တယ်"

"အရက်သမားအိုကြီးက အတော်လေး လည်လွန်းတာ ငါ့အတွက် ကံကောင်းတာပဲ"

"သူဟာ အဓိက သံသယရှိသူအဖြစ် ရှိနေသေးပေမဲ့ ငါက သူ့နဲ့ အဆင်မပြေတော့ဘူး၊ သူသေတာ မြင်ချင်တာကလွဲလို့ ဘာမှ မလိုချင်တော့ဘူး။ ဘိုင်လီဖုန်းကျီက ငါ့ကို သူ့အတွက် ခြိမ်းခြောက်ဖို့ အသုံးမဝင်တော့ဘူးလို့ပဲ ထင်လိမ့်မယ်"

"ဟူး... အခုတော့ သက်သာရာရသွားပြီ"

"ရှားလီ အသက်ရှင်နေသရွေ့ ဘိုင်လီဖုန်းကျီ အလျင်စလို လုပ်မှာ မဟုတ်ဘူး။ အခု အရက်သမားအိုကြီးကိုပဲ အဓိကထားပြီး စုံစမ်းရတော့မှာဆိုတော့ ဒီအတောအတွင်း သူ့ကို အန္တရာယ်ပေးဦးမှာတော့ မဟုတ်ဘူး..."

ဤအတွေးဝင်လာသောအခါ လင်းယွဲ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခု မှားနေသည်ဟု သူခံစားလိုက်ရသည်။

"စဉ်းစားကြည့်တော့ ဘိုင်လီဖုန်းကျီက ရှားလီကို စိုးရိမ်နေပေမဲ့ သူ့ရဲ့အမူအရာက တအား စိုးရိမ်နေတဲ့ပုံတော့ မပေါ်ဘူး"

"အိုး... ငါ ဘိုင်လီဖုန်းကျီအကြောင်း ပိုသိခဲ့ရင် ဒီလောက် နုံအနေမှာ မဟုတ်ဘူး"

လင်းယွဲ့သည် တိတ်တဆိတ် သက်ပြင်းချကာ မီးကို ဆက်လက်ထိုးမွှေးနေသည်။

မီးပြင်းထဲတွင် ထင်းခြောက်များက တဖျစ်ဖျစ် တောက်လောင်နေပြီး မီးလျှံများက မှောင်မည်းနေသော အိုးဖင်သို့ လျှာဖြင့် ထိုးဟပ်‌နေသကဲ့သို့ ရှိနေသည်။

ရုတ်တရက်…

"ဒုန်း"

လင်းယွဲ့၏ စိတ်ထဲတွင် ခေါင်းလောင်းကြီးတစ်လုံးအား ထိုးနှက်လိုက်သံကဲ့သို့ အသံက ရုတ်ခြည်း ပေါက်ကွဲထွက်‌ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် မြင်ကွင်းထဲရှိ အရာအားလုံးက ချက်ချင်း ရပ်တန့်သွားပုံရသည်။

မီးဖိုထဲရှိ တောက်လောင်နေသော မီးလျှံများသည် ရပ်တန့်ထားသော ရုပ်ပုံကဲ့သို့ ဖြစ်သွားပြီး ထင်းခြောက်များကို မီးလောင်ကျွမ်းနေသံလည်း ပျောက်ကွယ်သွား၏။ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသော ကြီးမားသော ခေါင်းလောင်းသံမှလွဲ၍ လုံးဝ တိတ်ဆိတ်သွားသည်။

"ဒီနေ့ရဲ့ ခေါ်သံ ရောက်လာပြီ"

လင်းယွဲ့၏ နှလုံးသားသည် ဝမ်းသာအားရ ခုန်ပေါက်သွားပြီး သူသည် ချက်ချင်း အာရုံစူးစိုက်ကာ နားထောင်လိုက်သည်။

"ဘယ်နှစ်ကြိမ် မြည်တာလဲ"

"ဒုန်း"

"ဒုန်း"

နောက်ထပ် ပဲ့တင်ထပ်ကာ ခမ်းနားသော ခေါင်းလောင်းသံ နှစ်ကြိမ် မြည်လာပြီးနောက် အားပျော့ပြီး နတ်သမီးအသံကဲ့သို့သော တီးတိုးသံက သူ့စိတ်ထဲတွင် ညင်သာစွာ ပြောလာသည်။

"မင်းသိလား။ ဘိုင်လီဖုန်းကျီမှာ မူလက အနာဂတ်ကောင်းတစ်ခု ရှိခဲ့ပေမဲ့ လူသားမျိုးနွယ် မဟုတ်တဲ့ သူမရဲ့ သွေးတစ်ဝက်ကြောင့် ဘာသာသုံးပါးနဲ့ တရားရုံးဌာနတွေက သူမကို လက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့် သူမဟာ တိုးတက်ဖို့ မဝံ့ရဲဘဲ အဲဒီအစား သူမရဲ့ မျှော်လင့်ချက်အားလုံးကို လူအများကြားမှာ ပျောက်ဆုံးနေတဲ့ မင်းသား ရှားလီအပေါ်မှာ ထားလိုက်တယ်"

All Chapters