← Chapters

ဧကရီ

Vol. 45 Ch. 725

ဧကရီ

Vol. 45 Ch. 725

ညနေခင်းအချိန်ဝယ် -

ကောင်းကင်မှ လရောင်က တဖြည်းဖြည်း ခရမ်းရောင် ပြောင်းသွား၏။

ဧကရီအရှင်မက လသာဆောင်တွင် ရပ်နေပြီး လက်ရန်းကို လက်နှစ်ဖက်ဖြင့် မှီထား၏။ သူ၏ လှပပြီး နက်ရှိုင်သော အနက်ရောင်မျက်လုံးများက တောင်အောက်မှ မီးပွင့်လေးများကို ငုံ့ကြည့်နေပြီး အတွေးများနေပုံရသည်။

အေးမြသော လေပြည်တစ်ခု တိုက်ခတ်လာပြီး သူ၏ အနက်ရောင်ဆံနွှယ်နှင့် ဝတ်ရုံကို နောက်သို့ ညင်သာစွာ လွင့်နေစေကာ ခန္ဓာကိုယ်၏ ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပြသနေရင်း တည်ငြိမ်စွာဖြင့် လှုပ်ရှားနေ၏။

“လီလစ်ဇ်။ နင် ရှိနေလား။” ဧကရီ၏အသံ ထွက်ပေါ်လာပြီး သူ၏လေသံက အလွန်အမင်း နှစ်လိုဖွယ် ဖြစ်နေကာ ရှေးဟောင်းရေတွင်းများ၏ ငြိမ်သက်မှုကို ဖော်ပြနေလေသည်။

“ရှိပါတယ်။ အရှင်မ။” လှေကားထစ်အောက်မှ ဝတ်ရုံပြာ အမျိုးသမီးက အရိုအသေပြုပြီး တုံ့ပြန်လိုက်သည်။ ခုနက ဧကရီမှာ အတွေးထဲ နစ်မြုပ်နေကြောင်း မြင်နေရသည့်အတွက် သူ မနှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။

“ဂျာဂယ်ခံတပ်က သတင်း ရောက်လာပြီလား။”

“သတင်းအသစ်တော့ မရှိသေးပါဘူး။ ပထမဗိုလ်ချုပ်က အရင်တစ်ခါ ကြယ်ကြွေတမန်အင်ပါယာနဲ့ အဆုံးအဖြတ်တိုက်ပွဲမှာ ကျွန်မတို့ ရောက်နေခဲ့တာတောင် တော်တော်လေးကို တည်ငြိမ်နေတယ်။ ကျွန်မတို့က ကြယ်ကြွေတမန်အင်ပါယာနဲ့ မဟာမိတ် စာချုပ်ချုပ်ပြီးတော့ ဘရော့ခ်က လူတွေအများကြီးကို ရန်သူနဲ့ ပူးပေါင်းတယ်ဆိုပြီး သတ်ပစ်ခဲ့တယ်။ အဲဒီလူတွေထဲမှာ သူ့ရဲ့ လူယုံတွေအပြင် ကျွန်မတို့ လွှတ်လိုက်တဲ့ သူလျှိုတွေလည်း ပါတယ်။ ဒါက သဲလွန်စတွေကို ဖျောက်ချင်တာ ဖြစ်ဖို့များတယ်။ အခုအတွက်တော့ သူ့ကို ဆွဲချဖို့ သက်သေ အများကြီး မရှိသေးဘူး။”

လီလစ်ဇ်က ခဏစဉ်းစားပြီး နောက်ထပ် ဆက်ပြောသည်။ “အရင်တစ်ခေါက် ဘရော့ခ်က ဘာမှန်းမသိတဲ့ အကြောင်းရင်းကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ အခုတော့ သူ့ရဲ့ ခန္ဓာကိုယ်တဝက်က စက်ပစ္စည်းတွေနဲ့ လုပ်ထားတယ်။ သူ့ရဲ့ တကယ့်အစွမ်းက သာမန် နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်သွားလောက်ပြီ။”

“သူ့ရဲ့ တကိုယ်တော်အစွမ်းက ကြောက်စရာ မရှိဘူး။” ဧကရီက ခေါင်းခါသည်။ “ငါကြောက်တာက သူ့မှာရှိတဲ့ မီးဓားဗိုလ်ခြေကိုပဲ။ မီးဓားဗိုလ်ခြေက အင်ပါယာရဲ့ အကြီးမားဆုံး ဗိုလ်ခြေပဲ။ ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားက တော်တော်လေးကို အင်အားကြီးတယ်။ ဒါက သွေးရောင်အင်ပါယာရဲ့ လက်‌ရွေးစင်တပ်သားတွေကိုတောင် ယှဉ်နိုင်တယ်။ ဒီအင်အားစုကို ငါ လုံးဝ ပြန်ယူချင်တယ်။ သူ့လက်ထဲမှာ မြုပ်နေလို့ မဖြစ်ဘူး။ ဘရော့ခ်က ငါ အသုံးချထားတဲ့ စစ်တပ်စနစ် ပြန်လည်ဖွဲ့စည်းမှုကို ထောက်ခံတဲ့ ပထမဆုံး ဗိုလ်ချုပ်ပဲ။ ပြီးတော့ စစ်တပ်ထဲမှာ သူ့ရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ပွင့်ပွင့်လင်းလင်းလုပ်ဖို့က ခက်ခဲမှာပဲ။ ဒီတစ်ခေါက် ငါ ဟန်ဆောင်ပြီး ကြယ်ကြွေတမန်အင်ပါယာကို တိုက်ခိုက်ရတာကလည်း မြွေကို တွင်းထဲကနေ မျှားထုတ်ဖို့ပဲ။ ဒါပေမဲ့ အဲဒီမြွေက တကယ့်ကို တည်ငြိမ်နေတယ်။”

“အဲလိုဆိုရင်တောင် စစ်တပ်စနစ်ပြန်လည်ဖွဲ့စည်းမှုကြောင့် စစ်တပ်အပေါ် ဘရော့ခ်ရဲ့ ချုပ်ကိုင်မှုက အားနည်းလာနေတယ်။ သူ့ကို ဖယ်ရှားဖို့က အနှေးနဲ့အမြန်ပဲ။ ဒါပေမဲ့ ဆာ-ဖရန့်ဇ်နဲ့ မဒမ်-မယ်ဒီလူရဲ့ လုံခြုံရေးအတွက်....။ နောက်ဆုံးတစ်ခေါက်က ကယ်ဆယ်ရေး ကျရှုံးသွားတော့ ဘရော့ခ်ကို ပိုပြီးတော့ သတိထားသွားစေမှာပဲ။ နောက်တစ်ခေါက် ခံတပ်ထဲကို ခိုးဝင်ဖို့က တော်တော်လေး ခက်ခဲသွားမှာ စိုးရိမ်မိတယ်။”

ဧကရီက အသာလေး ခေါင်းညိတ်လိုက်သည်။ “စောင့်ဆိုင်းတာက တည်ငြိမ်တဲ့ နည်းလမ်းတစ်ခုပဲ။ ဒါပေမဲ့ ခန့်မှန်းမရတဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရမှာကတော့ ရှောင်လွှဲလို့ မရနိုင်ဘူး။ ကံဆိုးချင်တော့ လက်ရှိအခြေအနေနဲ့ဆိုရင် ဒါက အသင့်တော်ဆုံး နည်းလမ်းပဲ။ ဦးလေးဘက်ကိုတော့ အခုအချိန်အတောအတွင်း အလောတကြီး မလှုပ်ရှားနဲ့ဦး။”

“အမိန့်အတိုင်းပါ။ အရှင်မ။” လီလစ်ဇ်က တုံ့ဆိုင်းနေခဲ့သည်။ “နောက်တစ်ခုက...”

“ပြောပါ။ လီလစ်ဇ်။ နင်က ငါ့ရဲ့ အယုံကြည်ရဆုံး လူပုံပဲ။ ဒီမှာ အပြင်လူတွေ မရှိဘူး။ ဒါကြောင့် ပြောလို့ရပါတယ်။”

လီလစ်ဇ်က ခေါင်းငုံ့ကာ ပြောလိုက်သည်။ “အရှင်မကို နှစ်ပေါင်းများစွာ သဘောကျခဲ့တဲ့ မင်းသား ဗီဂယ်ဆာပါ။ သူကို ကျွန်မကို အသုံးချပြီးတော့ အရှင်မရဲ့ စိတ်ကို သိချင်နေတယ်....”

“ဗီဂယ်ဆာလား။ စစ်ပွဲကနေ ရခဲ့တဲ့ မျက်နှာနဲ့ အဆင့်အတန်းအပြင် သူ့မှာ ဘာရှိလို့လဲ။ ပြသလို့မရတဲ့ ပါးနပ်မှုတွေလား။” ဧကရီက သရော်ပြုံးပြုံးလိုက်ပြီး ထိုလူယုံအရှေ့၌ အထင်သေးမှုကို မဖုံးကွယ်ထားခဲ့ပေ။ “ငါ မင်းသမီးဖြစ်တုန်းက သူ နည်းအမျိုးမျိုးသုံးပြီးတော့ ငါ့ကိုရအောင် လုပ်ခဲ့တယ်။ အတွင်းရေး ပဍိပက္ခထဲ ငါရောက်နေတုန်းက သူက မတုံ့မဆိုင်းဘဲနဲ့ အင်အားစုတွေ သုံးပြီးတော့ ငါ့ကို ခြိမ်းခြောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူ ရှုံးနေပြီ။ အခုဆိုရင် ပြောမနေနဲ့တော့။”

“သူ့ကို အရှင်မ မုန်းနေတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဂုဏ်ပုဒ်နဲ့ အဆင့်အတန်း အရတော့ ဗီဂယ်ဆာက လက်ရှိမှာ အသင့်တော်ဆုံပါပဲ။” လီလစ်ဇ်က အလေးအနက် အမူအရာ ပြသရင်း ခေါင်းညိတ်လိုက်သည်။ “အရှင်မက နှစ်ပေါင်းများစွာ တကိုတည်း ဖြစ်နေခဲ့တာ။ ကြင်ရာတော်မင်းသားတစ်ယောက် ရှိသင့်တယ်။ ဒါက အရှင်မရဲ့ ကိုယ်ရေးကိုယ်တာလည်း ဟုတ်သလို အင်ပါယာတစ်ခုလုံးရဲ့ အဓိကအရေးကိစ္စလည်း ဟုတ်တယ်။ အရိပ်နက်အင်ပါယာက ဆက်ခံသူတစ်ယောက် လိုအပ်တယ်။”

“နားလည်ပါတယ်။” ဧကရီက လီလစ်ဇ်ကို အသာလေး ကြည့်လိုက်သည်။ “ငါ ဘာလုပ်နေတယ်၊ ဘာလုပ်သင့်တယ် ဆိုတာကို ငါသိပါတယ်။ ဒီကိစ္စကို နောက် ထပ်ပြီး မပြောနဲ့တော့။ နင် ဘာနည်းပဲသုံးသုံး၊ ငါ့ ရလာဒ် တစ်ခုပဲ လိုတယ်။ သူ့ကို လုံးဝ လက်လျှော့ခိုင်းလိုက်။”

“လီလစ်ဇ် သဘောပေါက်ပါပြီ။” လီလစ်ဇ်က လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်။ ထိုအရှင်မက နတ်ဆိုးဘုံ၌ နံပါတ်တစ် မိန်းမလှ ဖြစ်ရုံသာမက နံပါတစ် ပညာရှိ တစ်ယောက်လည်း ဖြစ်ပေသည်။ ဧကရီ၏ တည်ငြိမ်အေးဆေးသော စိတ်နှင့်ဆိုလျှင် အကြံအများအပြား လိုအပ်လိမ့်မည်ဟု သူ မထင်ပေ။

“ကြယ်ကြွေတမန်အင်ပါယာနဲ့ ပတ်သက်ပြီးတော့ကော....”

“အရှင်မကို သတင်းပို့တော့မလို့ပါပဲ။ နောက်ဆုံးရထားတဲ့ သတင်းသုံးခုအရ ဆိုရင်တော့ ကြယ်ကြွေတမန်အင်ပါယာက သတိထားစရာ အဖြစ်အပျက်သုံးခု ဖြစ်ခဲ့တယ်။ ပထမတစ်ခုက ဧကရီရှီရာရဲ့ လက်ထပ်ပွဲပဲ။ ဧကရီရှီရာက နှစ်လအတွင်း လက်ထပ်မယ်လို့ ကြေငြာခဲ့တယ်။ ကြင်ရာတော်မင်းသားက လျို့ဝှက်ဆန်းကြယ်တဲ့ အက်ဂ်ယောပဲ။ ဒီကိစ္စကို လူစီဖာ တော်ဝင်မိသားစုနဲ့ အကြီးအကဲ မိသားစုတွေက ကြီးကြီးမားမား ဆန့်ကျင်ကြတယ်။ အရှင်မက ကျွန်မရဲ့ ကြင်ရာတော်မင်းသားအတွက် သူ့ကိုပဲ ရွေးချယ်မယ်။ ကန့်ကွက်မယ်ဆိုရင် အင်ပါယာမှာ တရားဝင် ဆက်ခံသူ မရှိတော့တာနဲ့ ရှင်တို့က အကြီးမားဆုံး အပြစ်သားတွေ ဖြစ်သွားရမယ်လို့ ပြောခဲ့တယ်လို့ ပြောကြတယ်။ အဲဒီစကား မှန်မမှန်ကိုတော့ မစစ်ဆေး ရသေးဘူး။ ဒါပေမဲ့ ဧကရီအရှင်မရဲ့ လက်ထဲက စီးပွားရေး အကျိုးအမြတ်တွေက အဘက်ဘက်က ဖိနှိပ်မှုတွေကို ကျော်လွန်နိုင်ဖို့အတွက် အဆုံးအဖြတ်တိုက်ပွဲမှာ အရေးကြီးခဲ့တယ်ဆိုတာကတော့ အငြင်းပွားစရာမရှိတဲ့ အမှန်တရားပဲ။”

“သူက ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ။ ငါ သူ့ရဲ့ စကားတွေကို သဘောကျတယ်။” ဧကရီက ပြုံးလိုက်သည်။ သူက မျက်နှာလွှား ဝတ်ထားသော်လည်း ထိုအပြုံးမှ ပြိုင်စံရှားပုံစံကို ခံစားမိနိုင်သေးသည်။

ထို့နောက် လီလစ်ဇ်က ဒုတိယအဖြစ်အပျက်ကို စတင်သတင်းပို့သည်။ “ကြယ်ကြွေတမန် အင်ပါယာရဲ့ ယန္တရားအစည်းအရုံးက နေရာရွှေ့ပြောင်းဖို့အတွက် မြေနေရာအကျယ်ကြီးကို လိုအပ်နေတယ်။ အထူးလုပ်ရပ်အချို့တော့ ရှိလောက်တယ်။ ဒါပေမဲ့ ဘာလဲဆိုတော့ အခဒထိ တိတိကျကျ မသိရသေးဘူး။ ကြယ်ကြွေတမန်အငါပယာရဲ့ ယန္တရားအစည်းအရုံးက စာလိပ်လေ့လာတဲ့ သုတေသနဌာနအသစ်တစ်ခု စတင်ခဲ့တယ်။ ကျွန်မတို့ အင်ပါယာမှာရှိတဲ့ ယန္တရားဆရာသခင်တွေက သတင်းထောက်လှမ်းရေးတွေ ပြန်ယူလာခဲ့တဲ့ စာလိပ်တွေကို သေသေချာချာ လေ့လာပြီးတော့ အကျိုးသက်ရောက်မှုက သာမန်မှော်စာလိပ်တွေထက် အများကြီး ပိုပြီးတော့ သာလွန်နေတာကို တွေ့ရှိခဲ့ရတယ်။ ပြီးတော့ ကုန်ကြမ်းတွေကလည်း အတော်လေး ထူးခြားတယ်။ ဆရာသခင် အန်ဒါဆန်ရဲ့ သုံးသပ်ချက် အရဆိုရင် အဲဒီကုန်ကြမ်းတွေက လူသားလောကကနေ ရောက်လာတာ ဖြစ်လိမ့်မယ်။”

ဧကရီက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူက ခဏတာ စဉ်းစားပြီး မေးလိုက်သည်။ “အမှောင်လက ချန်လွေ့ရော အခုလက်တလော ဘယ်လို အခြေအနေရှိလဲ။”

“အဲဒီလူသားက ဘဏ္ဍာရေးအရာရှိကနေ နှုတ်ထွက်ပြီးတော့ လော့ဒ်စံအိမ်ထဲမှာပဲ တစ်နေ့လုံး နေနေတယ်။ သူက တစ်ခါတလေပဲ အပြင်ထွက်တာ။ ချန်လွေ့က အပြင်းအထန် နေမကောင်း ဖြစ်နေတယ်လို့ အသီနာက ထုတ်ပြန်ထားတယ်။ ဒါက ဆင်ခြေသက်သက်ပဲ ဆိုတာ ‌တော်တော်များများက သိကြပါတယ်။ လူသားကို တိတ်တဆိတ် ကာကွယ်ပေးနေကြတာ။ ဒါက အရင်တစ်ခေါက် ငြိမ်းချမ်းရေး သဘောတူညီမှု တောင်းဆိုချက်မှာ သူ့ကို ကျွန်မတို့ တောင်းဆိုခဲ့တာနဲ့ ပတ်သက်နေလောက်တယ်။”

“ဒါက မရိုးရှင်းလောက်ဘူး။” ဧကရီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “သူက ကြယ်ကြွေတမန်အင်ပါယာရဲ့ အသစ်အသစ်တွေနဲ့ ဆက်နွှယ်နေရမယ်။ ဒါပေမဲ့ ထူးဆန်းတာက နတ်ဆိုးဘုံကို ရောက်လာတဲ့ လူသားတွေကို ငါတို့ ဖမ်းထားခဲ့ပေမဲ့ သူတို့က လူသားလောကမှာ ဒီလိုပစ္စည်းအသစ်တွေကို မတွေ့ဖူးကြဘူး။ သူက .... ဒဏ္ဍာရီလာ နတ်ဘုရားနယ်ပယ်ကနေ ရောက်လာတာလို့ ငါ အစက သံသယ ဝင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီစာလိပ်တွေ ပေါ်ထွက်လာတာက ငါ့ရဲ့ သံသယကို ပြောင်းပြန်ဖြစ်စေခဲ့တယ်။ တကယ်တော့ ဘယ်လိုပဲ ခန့်မှန်းခန့်မှန်း၊ အမှန်တရားကိုပြောဖို့ လုံလောက်မှာ မဟုတ်ဘူး။ အမှန်အတိုင်းပဲ သတင်း စုဆောင်းကြတာပေါ့။ အခုလက်ရှိ ထောက်လှမ်းရေးဌာနမှာ အာရုံစိုက်စရာ သုံးခုရှိမယ်။ ပထမ တစ်ခုက ဂျာဂယ်ခံတပ်၊ ဒုတိယက ကြယ်ကြွေတမန်အင်ပါယာနဲ့ ချန်လွေ့၊ တတိယက သွေးရောင်အင်ပါယာရဲ့ တိုက်ပွဲအခြေအနေပဲ။”

“အမိန့်အတိုင်းပါ။”

“ဒါနဲ့ ကြယ်ကြွေတမန်အင်ပါယာမှာ နောက်ထပ် အဖြစ်အပျက် တစ်ခုရှိသေးတယ်လို့ နင် ပြောခဲ့တာလား။”

“ဒီဖြစ်စဉ်ကို ကြယ်ကြွေတမန်အင်ပါယာရဲ့ အင်ပါယာနေ့စဉ်မှာ ကြော်ငြာထားတာ ကြာခဲ့ပါပြီ။ အရှင်မမှာ အချိန်ရှိမယ်ဆိုရင် မှော်ရုပ်မြင်သံကြားကို အခု ဖွင့်ကြည့်လို့ရပါတယ်။ အချိန်ကျလောက်ပြီ ထင်ပါတယ်။”

“တိုက်ပွဲဘောလုံးပွဲလား။” ဧကရီက မေးလိုက်သည်။ တိုက်ပွဲဘောလုံးက နတ်ဆိုးဘုံ၌ အငြင်းပွားဖွယ်ရာမရှိ နာမည်အကျော်ဆုံး အားကစားတစ်ခု ဖြစ်လာခဲ့တယ်။ ပွဲတိုင်းက လူအပြည့် ဖြစ်နေခဲ့သည်။ ရုပ်မြင်သံကြား ထုတ်လွှင့်မှုကလည်း ပွဲကြည့်သူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ အံ့သြဖွယ်ရာ ကစားပွဲကို အဝေးရှိ အင်ပါယာအသီးသီးမှ ကြည့်နိုင်ခြင်းက အင်ပါယာနှစ်ခုအတွက် စီးပွားရေး အကျိုးအမြတ်များ ကြီးကြီးမားမား ဖြစ်စေခဲ့သည်။ သို့သော် တိုက်ပွဲဘောလုံး ကျော်ကြားမှုကလည်း အင်ပါယာ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စည်းလုံးမှုကို တိုးမြင့်စေလေသည်။

“မဟုတ်ဘူး။ သလင်းစာမှာတော့ အဲဒါကို ဖျော်ဖြေပွဲလို့ ခေါ်တယ်။ အဲဒါက ဆန်းကြယ်ပြီးတော့ စိတ်ကူးတာထက် ကျော်လွန်နိုင်တယ် ဆိုတဲ့ စကားလုံးတွေကိုလည်း သုံထားတယ်။ အမှန်အတိုင်း ပြောရရင် ဒီလိုအရာတွေမှာ အခုမှ ကြားဖူးတာ။”

“ကြည့်လိုက်ရင် သိမှာပါ။” ဧကရီက အစေခံအား နန်းတော်ထဲမှ အလွန်ကြီးမားသော မှော်ရုပ်မြင်သံကြားကို ဖွင့်ခိုင်းလိုက်သည်။ ထိုအရာက ကြယ်ကြွေတမန်အင်ပါယာ ဧကရီ ရှီရာ ပေးခဲ့သော အကောင်းဆုံးလက်ဆောင် ဖြစ်သည်။ အရွယ်အစားဖြစ်စေ၊ ကြည်လင်မှုဖြစ်စေ၊ လက်ရှိ၌ အကောင်းဆုံး ဖြစ်၏။

လက်ရှိတွင် မှော်ရုပ်မြင်သံကြား၌ ကြယ်ကြွေတမန်အင်ပါယာ၏ ချန်နယ်(၁) ဖြစ်သော ချန်နယ်တစ်ခုသာ ရှိသည်။ သူတို့ ဖွင့်လိုက်သည်နှင့် အထူးမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

မရေမတွက်နိုင်သော တပ်သားများက မြို့ငယ်လေးတစ်ခုကို တိုက်ခိုက်နေကြသည်။ ယမ်းမှုန့်အငွေ့များနှင့် မှော်သလင်းကျောက်အမြောက်၏ ပေါက်ကွဲသံများကြားထဲ၌ တိုက်ခိုက်သံများက နားကွဲလုမတတ်ပင်။ မြို့မှ စစ်သည်များနှင့် နေထိုင်သူများက တိုက်ခိုက်မှုများကို မယုံကြည်နိုင်စရာ စိတ်စွမ်းအားဖြင့် တားဆီးနေကြသည်။ စစ်တပ်က ၎င်းကို မသိမ်းပိုက်နိုင်ပေ။

ထိုအရာက ပုံရိပ်ယောင်များနှင့် ဆင်တူသော ရေဒြပ်စင်မှော်ပညာဖြင့် ဖန်တီးထားမှုများ ဖြစ်နိုင်ပေသည်။ သို့သော်လည်း အလွန်ပင် ယုတ္တိရှိလှ၏။

မျက်နှာပြင်ပေါ်၌ အချိန်၁၀ရက် ကုန်ဆုံးသွားခဲ့သည်။ စစ်ကူမရှိသလို အနားယူမှုလည်း မရှိပေ။ သေသည်အထိ တိုက်ခိုက်ခြင်းသာ ရှိ၏။

မြို့ထဲ၌ နောက်ဆုံးတစ်ယောက်က တိုက်ခိုက်နေ၏။ သွေးများဖုံးလွှမ်းနေသော ဗိုလ်ချုပ် တစ်ယောက်က နောက်ဆုံးထွက်သက်အထိ ခံစစ်ကြောင်းတွင် ရပ်နေသည်။ ရန်သူ တပ်သားများက တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်းသွားကြပြီး ထိုသူက သူတို့၏ မရေမတွက်နိုင်သော ရဲဘော်ရဲဘက်များကို မြှုပ်နှံခဲ့သည့်တိုင် ရပ်နေသော အလောင်းကို ထိပင်မထိခဲ့ပေ။

အသံများအားလုံး တိတ်ဆိတ်သွားခဲ့ပြီးနောက် မိန်းမတစ်ယောက်၏ သီချင်းသံ တဖြည်းဖြည်း ကြည်လင်လာသည်။ ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်ရာ တေးသံထဲ၌ လက်ခံနိုင်ဘဲ ကြံ့ကြံ့ခံနေသော အငွေ့အသက်တစ်ခုက ရှိနေလေသည်။

သီချင်းသံ၏ အတက်အကျနှင့်အတူ ပုံရိပ်မြင်ကွင်းက လှုပ်ရှားသွားပြီး အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ သူရဲကောင်းဆန်ပြီး မဆုပ်မနစ်ကြိုးစားသော မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ လီလစ်ဇ်က မျက်ရည်များဝဲနေရင်း ခံစားချက်များဖြင့် ကြည့်နေခဲ့သည်။

“အက်စီဒေါ သီချင်း.....” ဧကရီ၏ ကြည်လင်အေးငြိမ်းသော အနက်ရောင်မျက်လုံးထဲ၌ မြူပါးပါးတစ်လွှာ အုပ်မိုးလာခဲ့သည်။

သီချင်းသံက တဖြည်းဖြည်းနှင့် တိတ်ဆိတ်သွားခဲ့ပြီး ရင်ထဲထိစေသော မြင်ကွင်းများ ပျောက်ကွယ်သွားခဲ့သည်။ မြင်ကွင်းက အစစ်အမှန်သို့ ပြန်ရောက်လာပြီး နေရာလွတ်ဗဟိုရှိ အလွန်ကြီးမားသော စင်မြင့်အဖြစ် ပြောင်းလဲသွား၏။

ဣန္ဒြေရရ ဝတ်ဆင်ထားသော စုံတွဲတစ်တွဲက စင်ပေါ်၌ ပေါ်ထွက်လာသည်။ အမျိုးသမီးက မှော်အသံချဲ့စက်မှတစ်ဆင့် ပြောသည်။ “ခုနက အမှောင်လလော့ဒ် မဒမ်-အသီနာဝေးလ်စ် ကိုယ်တိုင် သီဆိုထားတဲ့ အက်စီဒေါသီချင်းပါ။ နောက်တစ်ခုကတော့ ဧကရီအရှင်မ၏ အထူး ဧည့်သည်တော်‌တွေဖြစ်တဲ့ ပင်လယ်သေမှ မစ်-အယ်ဒီလိုင်းနဲ့ မစ်-ဟယ်လင်တို့ ဖျော်ဖြေမယ့် “ကောင်ကင်ထဲကရဲတိုက်”ပဲ ဖြစ်ပါတယ်။”

စင်ပေါ်မှမြင်ကွင်းက ပြောင်းလဲသွားပြီး အဆုံးမဲ့ ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မြွေခန္ဓာကိုယ်နှင့် ကောင်မလေးတစ်ယောက်က ကမ်းပါးပေါ်တွင်ထိုင်နေပြီး ရွှေရောင် စောင်းကောက်ကို တီးခတ်နေသည်။ ကျက်သရေရှိလှသော စောင်းသံများက လူတိုင်း၏ နှလုံးသားကို ထိမိသွားစေပြီး ပတ်ဝန်းကျင်ရှိ အသံများ ရုတ်တရက် တိတ်ဆိတ်ကုန်ကြသည်။ ကမ်းပါးအရှေ့ ပင်လယ်ထဲ၌ လှုပ်ရှားနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ စောင်းသံနှင့်အတူ စတင်သီချင်းဆိုတော့သည်။

ထိုအသံက အထူးမှော်စွမ်းအား ရှိဟန်တူသော ကောင်းကင်ဂီတသဖွယ်ပင် ပုံရိပ်ယောင် ဆန်ပြီး အလွန် နူးညံ့သိမ်မွေ့လှ၏။ စောင်းသံနှင့် ပေါင်းလိုက်သောအခါ ထိုအရာက နားထောင်သူတိုင်း၏ ဝိညာဉ်နှင့် တန်ပြန်ဟပ်သွားပြီး ကောင်းကင်မှ အနက်ရောင်အရိပ်များက တဖြည်းဖြည်း ထင်ရှားလာကာ လေထဲ၌ လွင့်မျောနေသော ရဲတိုက်တစ်ခု ပေါ်လွင်လာသည်။ ထိုအရာက ရိုးရှင်းပြီး လှပကာ မယုံနိုင်စရာအင်အားများ ပြည့်နှက်နေခဲ့သည်။ သာယာ နာ‌ပျော်ဖွယ် သီချင်းသံက အတိတ်မှ ဝမ်းနည်းစရာ အငွေ့အသက်ကို သယ်ဆောင် လာသော်လည်း မနက်ဖြန်အတွက် မျှော်လင့်ချက်များ ပြည့်နေ၏။ ထိုကဲ့သို့ ခံစားချက်မျိုးက ရဲတိုက်နှင့် လူတိုင်း၏ နှလုံးသားကို လွှမ်းခြုံသွားခဲ့သည်။ အချိန်အတော်ကြာသည်အထိ မကွယ်ပျောက် သွားခဲ့ပေ။

သီချင်းသံ အဆုံးသတ်သွားသောအခါ ပရိသတ်များက စွဲကျန်နေသော အသံထဲ၌ နစ်မြုပ်နေဆဲပင် ဖြစ်သည်။

“ဒါက ဘာသီချင်းလဲ။ အဲဒါ ဘယ်သူ့အသံလဲ။” ခဏကြာပြီးနောက် လီလစ်ဇ်က အိပ်မက်ထဲမှ နိုးထလာပြီး မျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားနေသော ကောင်းကင်ရဲတိုက်ကို စိုက်ကြည့်နေလိုက်သည်။

“ပင်လယ်သေ.....အဲဒါက မာယာရှင်ရဲ့ သီချင်းသံဖြစ်လောက်တယ်။ ပြီးတော့ နာဂါက စောင်းတီးနေတာ။” အသိပညာကြွယ်ဝသော ဧကရီအရှင်မက ပင့်သက်ရှိုက်လိုက်သည်။ “သတင်းစာထဲမှာ ရေးထားတာတွေက ချဲ့ကာထားတာ မဟုတ်ဘူး။ ဒီဖျော်ဖြေပွဲက စိတ်ကူးထားတာထက် ကျော်လွန်ပြီးတော့ တော်တော်လေး ဆန်းကြယ်လောက်တယ်။”

All Chapters