အဖေကိုရိုက်စားလုပ်ခဲ့သော မစ်-နဂါးနက်
Vol. 45 Ch. 706
ဆက်ခ်ရက်တောင်က အဲဒီ မစ်-နဂါးနက်က တကယ်ပဲ နဂါးကျွန်းအုပ်စိုးသူရဲ့ သမီးလား။
ထိုသတင်းထက် ချန်လွေ့ကို မည်သည့်အရာမှ မအံ့သြစေနိုင်တော့ပေ။
အိုလီဖီးရက်စ်ကို မြင်သည့်အခါ နဂါးနက်ဧကရာဇ်က ယခင်ကဲ့သို့ ဗိုလ်ကျသော အငွေ့အသက် မရှိတော့ပေ။ သူက ပျော်ပျော်နေသော ဦးလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး သမီးဖြစ်သူ ကမ်းပေးသော အသားကင်များကိုယူကာ အားရပါးရ စားလိုက်သည်။ သူက သမီးဖြစ်သူ၏ စေတနာကောင်းကို အလကားမဖြစ်စေဘဲ မြန်မြန် မစားကုန်ရန်အတွက် အမှန်တကယ် ဂရုစိုက်နေခဲ့သည်။ ချန်လွေ့က မိမိအား “ဖေဖေ”ဟု ခေါ်ခဲ့သော ဇာမဏီငှက်လေးကို ရုတ်တရက် တွေးလိုက်မိပြီး နွေးထွေးကာ ဝမ်းနည်းသွားခဲ့မိသည်။
ချန်လွေ့၏အကြည့်ကို မြင်သောအခါ အက်ဂ်လက်စ်က မျက်မှောင်ကြုတ်လိုက်၏။ ထိုအချိန် အိုလီဖီးရက်စ်က ချန်လွေ့ကို မြင်သွားပြီး ပျော်ရွှင်စွာဖြင့် ထခုန်လိုက်သည်။ “သူဌေး။ ရှင်ပြန်လာပြီပဲ။”
“အင်း....အိုလီဖီးရက်စ်။ တော်တော်လေး ကြာခဲ့ပြီပဲ။” ချန်လွေ့က အကျင့်ပါပြီး အိုလီဖီးရက်စ်၏ ပုခုံးကို ပုတ်လိုက်မိသည်။ ထို့နောက် သူက ဘေးနားရှိ ဦးလေးတစ်ယောက်မှ စူးရှသောအကြည့်ကို ချက်ချင်း အာရုံခံလိုက်မိပြီး အလျင်အမြန် ရပ်တန့်လိုက်၏။
အိုလီဖီးရက်စ်က မည်သည်ကိုမှ ထူးထူးဆန်းဆန်း မခံစားရဘဲ ကျေနပ်နေသောမျက်နှာ ပြသလိုက်သည်။ “သူဌေး ပြန်လာမယ်ဆိုတာ မသိဘူး။ မဟုတ်ရင် တစ်ခု ယူလာပါတယ်။”
ထိုအမူအရာကြောင့် ချန်လွေ့က နောက်ဘက်မှ ခြိမ်းခြောက်သော အကြည့်ကို ခံစားမိလိုက်ပြီး အနည်းငယ် မြောက်သွားခဲ့သည်။ ဒီကောင်မလေးက သူများတွေထက် စားစရာလုတာ ပိုမြန်တာပဲ။ ဘယ်တုန်းက ဒီလိုမျိုး ကိုယ့်ဘက်ကရှုံးတာ တစ်ခုခု လုပ်ဖို့အတွက် သင်ထားတာလဲ....
နောက်စကားတစ်ခွန်းတွင် မစ်-နဂါးနက်က မျက်နှာအမှန်ကို ပြသလိုက်၏။ “အမ်...သူဌေး။ အရင်ကအကြွေးတွေ ဘယ်တော့ ဆပ်မှာလဲ။”
ထင်တဲ့အတိုင်းပဲ။ ချန်လွေ့ ပြုံးလိုက်ပါ။ “အင်းပါ။ ငါ အားတဲ့အခါ....”
ဦးလေးတစ်ယောက်က အခြားယောက်ျားတစ်ယောက်နှင့် သမီးဖြစ်သူ၏ ရင်းနှီးမှုကို မကျေမနပ် ဖြစ်နေဟန်တူပြီး ကြားဝင် ပြောလိုက်သည်။၊ “အိုလီဖီးရက်စ်။ သုံးသိန်းနဲ့ သမီး ဝယ်ထားတဲ့ ပစ္စည်းကောင်းတွေဘာများလဲ။ အဖေ့ကို ပြကြည့်ပါလား။”
“ဘာပြောတာလဲ။” အိုလီဖီးရက်စ်က သေသေချာချာ မကြားလိုက်ရသကဲ့သို့ပင် ချန်လွေ့ကို မေးလိုက်သည်။
ရူးချင်ယောင်ဆောင်တာလား။ ချန်လွေ့က မျက်လုံးလှန်လိုက်သည်။ ထိုကောင်မလေး အပေါ် နားလည်ထားပုံအရ အသုံးစရိတ် သုံးသိန်းတွင် ပြဿနာတစ်ခုခု ရှိရပေမည်။ ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်နေသော ဦးလေးတစ်ယောက်ကို ရင်ဆိုင်နေရသည့်အတွက် ချန်လွေ့က ချက်ချင်းပင် မစ်-နဂါးနက်ကို သစ္စာဖောက်လိုက်သည်။ “မင်းက သုံးသိန်းနဲ့ ဘာဝယ်ခဲ့လဲဆိုတာကို မင်းအဖေ မေးနေတယ်။”
“အမ်....” အိုလီဖီးရက်စ်က နားမလည်သော မျက်နှာဖြင့် ချန်လွေ့ကို မေးလိုက်သည်။
ချန်လွေ့ “.......”
ဖုံးကွယ်၍ မရတော့ကြောင်း သိသည့်အတွက် မစ်-နဂါးနက်က အချိန်အတော်ကြာ ရှာပြီးနောက် အပြာရောင်ကျောက်တုံး လက်တစ်ဆုပ်စာကို ထုတ်ယူလိုက်သည်။ “သမီးက လျို့ဝှက်ဆန်းကြယ်တဲ့ ဂျစ်ပစီ စီးပွားရေးသမားတစ်ယောက်ဆီကနေ ဒီမှော်ကောင်းကင် ကျောက်တုံးတွေကို ဝယ်ခဲ့တာ။ ဒါတွေက လူတစ်ယောက်...အဲ...နဂါးတစ်ကောင်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်လို့ ပြောတယ်။”
ထိုကျောက်တုံးများကို ကြည့်လိုက်သောအခါ ချန်လွေ့ ချွေးများစီးကျလာသည်။ ဒါက ဘယ်လို “ကောင်းကင်ကျောက်တုံး”မျိုးလဲ။ မစ်-နဂါးနက်နဲ့ အဲလစ်တို့ ရေကန်ပြာမှာ ကစားတုန်းက ကောက်ထားတဲ့ဟာတွေဆိုတာ အသေအချာပဲ။ လိုလီလေးကလည်း ချန်လွေ့အား ကံကြမ္မာကျောက်တုံးများ ရောင်းချသည့် လျို့ဝှက်ဆန်းကြယ်သော ဂျစ်ပစီ စီးပွားရေးသမား တစ်ယောက် ပုံပြင်အကြောင်း အတင်း ပြောပြခိုင်းခဲ့သည်။
အက်ဂ်လက်စ်က နဂါးကံကြမ္မာကို ပြောင်းလဲနိုင်သော “ကောင်းကင်ကျောက်တုံး”များကို စိုက်ကြည့်ပြီး ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ထုတ်လွှတ်လိုက်သည်။ “အဲဒီလူလိမ်စီးပွားရေးသမားစုတ် ဘယ်မှာလဲ။ ငါ့သမီးလေးကို လိမ်ညာရဲတဲ့ အဲဒီ မျိုးမစစ်ကောင်ကို အပိုင်းပိုင်း လုပ်ပစ်မယ်။”
“ဘာပြောလိုက်တာလဲ။” အိုလီဖီးရက်စ်က ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ချန်လွေ့ကို မေးလိုက်သည်။
လူတိုင်း - “........”
နဂါးဧကရာဇ် အရှင်းမင်းကြီးက အမှောင်လကို ဖျက်ဆီးခြင်းကြောင်း ကြုံးဝါးတော့မည့် အချိန်၌ တံခါးတွင် ခြေသံများ ထွက်ပေါ်လာခဲ့သည်။
“အိုလီဖီးရက်စ်။ ဘာလို့ မြန်မြန် ပြေးရတာလဲ။”
ထိုရင်းနှီးသောအသံက ချန်လွေ့ကို နှလုံးခုန်မြန်သွားစေသည်။ သူ၏ အကြည့်က ရုတ်တရက်ပင် ဂိတ်တံခါးဆီသို့ လှည့်သွားပြီး မျက်နှာလွှားနှင့် အမျိုးသမီး၏ အကြည့်ချင်း ဆုံသွားခဲ့သည်။ ချက်ချင်းပင် သူတို့၏ မျက်လုံးထဲ၌ အချင်းချင်းသာ ရှိနေတာ့သည်။ ချစ်ဇောဟုန်များ၊ ပြင်းထန်သော ပွေ့ဖက်မှုများ မရှိဘဲ စကားလုံးတစ်ထောင်ကို ကျော်လွန်နေသည့် အကြည့်မျိုးဖြင့်သာ ကြည့်နေခဲ့ကြသည်။
ထို့နောက်....ယောက်ျားတစ်ယောက်က မျက်မှန်နှင့် အမျိုးသမီးတစ်ယောက်က ခါးကို ဆွဲဆိတ်လိုက်သည့် အချိန်မှသာ သတိပြန်ဝင်လာခဲ့လေသည်။
“ရှင် ပြန်လာပြီပဲ။” ရှီရာကဲ့သို့ပင် အစ်ဇဘယ်လာကလည်း ရိုးရိုးရှင်းရှင်း စကားတိုတိုသာ ပြောခဲ့သည်။ သို့ရာတွင် သူ၏ ထီမထင်သော စိတ်နေသဘောထားက ပြောင်းလဲသွားကြောင်း လူတိုင်း မပြောနိုင်ကြပေ။ သူ၏မျက်လုံးအပြာထဲရှိ ဆွဲဆောင်မှုရှိသော အငွေ့အသက်များက အသက်ဓာတ်အပြည့် ဖြစ်နေခဲ့သည်။ သူက ကွဲပြားသော လူတစ်ယောက် ဖြစ်သွားဟန်တူသည်။
ဘေးဖက်မှ ဆာ-နဂါးဧကရာဇ်က မနေနိုင်တော့ဘဲ သရော်ပြုံး ပြုံးလိုက်သည်။ “ဂျူလီယာ။ ငါမင်းကို အိုလီဖီးရက်စ်နားမှာနေဖို့ ပြောထားတယ် မဟုတ်လား။ သူက ဘယ်လိုလုပ်ပြီးတော့ သလင်းကျောက်နက်ဒင်္ဂါး သုံးသိန်း အလိမ်ခံလိုက်ရတာလဲ။”
နောက်ဆုံးတစ်ခေါက် တိုက်ပွဲအတွင်း ဇိုလာ ရက်ရက်စက်စက် အနိုင်ကျင့်ခဲ့သော မစ်-နဂါးနက် ဂျူလီယာက ပြန်ရောက်လာခဲ့ခြင်း ဖြစ်၏။
“သလင်းကျောက်နက်ဒင်္ဂါး သုံးသိန်းလား။” ဂျူလီယာ အံ့သြသွားခဲ့ပြီး ထိုအကြောင်းကို သိနေပုံမရပေ။
အက်ဂ်လက်စ်က မျက်မှောင်ကြုတ်လိုက်၏။ “ဒီနေ့ အိုလီဖီးရက်စ် ဘာတွေ သုံးခဲ့တာလဲ။”
ဂျိုလီယာက ခေါင်းခါလိုက်သည်။ “မစ်-အိုလီဖီးရက်စ်က ဒီနေ့ ဘာမှ အသုံးခဲ့ဘူး။ သူက သလင်းကျောက်ဖြူဒင်္ဂါး၂ခုကိုပဲ ကောက်ယူခဲ့တယ်....။ အိုး..ဟုတ်သားပဲ။ သူက ဝတ်ရုံ ဟော့ပေါ့စားသောက်ဆိုင်မှာလည်း အသီနာ နာမည်နဲ့ ပွဲတော်ခံခဲ့တယ်။ သူက နောက်ဆုံးမှာ အကင် အခု၁၀၀လောက် ယူသွားခဲ့သေးတယ်။ ဒါပေမဲ့ သူက နောက်ဆုံးတစ်ခုကို မစားခဲ့ဘူး...”
ခြံဝန်းထဲမှ လူများက တစ်ချိန်တည်းမှာပင် ထူးဆန်းသော အမူအရာများ ပြသလိုက်ကြသည်။ သူက သူ့အဖေပေးထားတဲ့ သလင်းကျောက်နက်ဒင်္ဂါး သုံးသိန်းထဲမှာ တစ်ပြားမှတောင် မသုံးခဲ့ဘူး။ အကုန်လုံးက...အလွဲသုံးစား လုပ်တာပဲ။ ဒါက တကယ်ကြီး အဖေကို ရိုက်စားလုပ်ခဲ့တာပဲ။
ဆာ-နဂါးဧကရာဇ်၏ မျက်နှာက တွန့်သွားခဲ့သည်။ အကင်ကို ကိုင်ထားသော လက်ချောင်းများ တုန်ခါသွား၏။ “အိုလီဖီးရက်စ်...”
“ဘာပြောတာလဲ။” ချန်လွေ့က ကြောက်တောင်တောင်မျက်နှာဖြင့် ချန်လွေ့ကို မေးလိုက်သည်။
အားလုံး - “........”
ခဏအကြာ....
“ဝါး...” အိုလီဖီးရက်စ် ငိုလိုက်သည်။ “သမီး ခေါင်းကိုက်ပြီး မှတ်ဉာဏ်မကောင်းလို့ပါ။ မေ့သွားတယ်။”
“ခေါင်းနာပြန်ပြီလား။” အက်ဂ်လက်စ် သိမ့်သိမ့်တုန်သွားပြီး မတ်တပ်ရပ်ကာ သမီးဖြစ်သူက ညင်သာစွာ ပွေ့ဖက်လိုက်သည်။ “မှတ်ဉာဏ်မကောင်းဘူးဆိုရင် ထားလိုက်တော့။ ဒါက ပိုက်ဆံ နည်းနည်းလေးပါပဲ။ စိတ်ပူစရာ မရှိပါဘူး။”
“သမီး မှတ်ဉာဏ်မကောင်ဘူး။....” အိုလီဖီးရက်စ်က ခေါင်းညိတ်နေခဲ့သော်လည်း သူ၏ မျက်ရည်ဝဲနေသော မျက်လုံးထဲ၌ ခပ်ညစ်ညစ် အငွေ့အသက်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ချန်လွေ့က ၎င်းကို မျက်လုံးနှင့် မြင်လိုက်ရသည်။ သူက အနီရောင်ကျောက်မျက် နားကပ်တစ်စုံကို ထုတ်ယူလိုက်၏။ “ဇိုလာ။ ဒီမီးနှင်းဆီ နားကပ်တွေက မင်းအတွက်။”
“မီးနှင်းဆီးနားကပ်”ဟူသည့် စကားလုံးကို ကြာပြီးနောက် “အိုလီဖီးရက်စ်”၏ နားက ရုတ်တရက် ထောင်လာပြီး အံ့သြလောက်စရာ အမြန်နှုန်းဖြင့် ချန်လွေ့အရှေ့သို့ ရောက်ရှိလာသည်။ “သူဌေး။ ဒီနားကပ်တွေက ကျွန်မအတွက် မဟုတ်ဘူးလား။”
ချန်လွေ့က ဇဝေဇဝါ ဖြစ်နေ၏။ “မဟုတ်ပါဘူး။ ငါ ဘယ်တုန်း ပြောခဲ့လို့လဲ။”
အိုလီဖီးရက်စက် လေးလေးနက်နက် ပြောလိုက်သည်။ “ပင်လယ်သေကို မသွားခင် လေးရက်အလိုတုန်းက ကြယ်ကြွေတမန်မြို့တော်မှာရှိတဲ့ မင်းသမီးစံအိမ်ဂိတ်တံခါးမှာ ပြောခဲ့တယ်လေ။ ပြန်လာရင် ဒီဆုလာဒ် ပေးမယ်လို့။ အဲဒီအချိန်တုန်းမှာ မှော်နာရီက ၉နာရီ ၂၀မိနစ် ၅၉စက္ကန့်လို့ ပြနေတယ် ဆိုတာ မှတ်မိတယ်။ အဲဒီတုန်းက အစ်မလည်း အဲလစ်လည်း ရှိနေကြတယ်။”
အားလုံးက ဆွံ့အသွားခဲ့ကြပြီး ချန်လွေ့က နဖူးမှ ချွေးများကို သုတ်လိုက်သည်။ “မင်းက မှတ်ဉာဏ်မကောင်းဘူး မဟုတ်လား။”
အိုလီဖီးရက်စ်က ပါးစပ်ဖွင့်လိုက်သည်။ ၁၀စက္ကန့်ကြာပြီးနောက် သူက ရုတ်တရက် ခေါင်းကို ကိုင်လိုက်၏။ “ခေါင်းကိုက်လာပြန်ပြီ....”
ချန်လွေ့ စကားမပြောနိုင်ခင်မှာပင် အလွန်အမင်း အန္တရာယ်တစ်ခုကို ချက်ချင်း ခံစားမိလိုက်သည်။ နဂါးဧကရာဇ် အရှင်မင်းက အော်ပြောသည်။ “ခွေးကောင်။ မင်းက အိုလီဖီးရက်စ်ကို ခေါင်းကိုက်အောင် လုပ်ရဲတယ်လား.....”
မစ်-နဂါးနက်က ခေါင်းကိုအုပ်ထားသော လက်ချောင်းများကြားထဲမှ ကြည့်လိုက်ရာ မီးနှင်းဆီနားကပ် မရှိတော့ကြောင်း မြင်လိုက်ရသည့်အတွက် ချက်ချင်းပင် ချန်လွေ့အရှေ့၌ မတ်တပ်ရပ်လိုက်သည်။ “အဖေ။ သူဌေးကို ဒီလိုပြောခွင့် မပြုဘူး။ သူဌေးက တကယ် လူကောင်း တစ်ယောက်ပါ။”
ထိုကောင်မလေးက ရုတ်တရက် ခေါင်းမကိုက်တော့ကြောင်း မြင်လိုက်ရသည့်အခါ အက်ဂ်လက်စ်က အမှန်တကယ် ပြောစရာမဲ့သွားခဲ့သည်။ သို့သော်လည်း သူချစ်ရသော သမီးဖြစ်သူက ယောက်ျားတစ်ယောက်အတွက် စကားပြောပေးနေသည်ကို စိတ်ရှုပ်နေခဲ့သည်။ “အိုလီဖီးရက်စ်။ ဒီလူ လှည့်စားတာကို မခံနဲ့။”
“သူဌေးက သမီးကို လိမ်မှာ မဟုတ်ဘူး။” အိုလီဖီးရက်စ်က မီးနှင်းဆီနားကပ် ပြန်ပေါ်လာမည့် မျှော်လင့်ချက်ကို မြင်သည့်အခါ အလွန်ပျော်ရွှင်သွားခဲ့သည်။ သူက အမြန် ပြောလိုက်၏။ “သမီးရဲ့ ပထမဆုံး သလင်းကျောက်နက်ဒင်္ဂါးကို သူဌေးက ပေးခဲ့တာ။ သမီးရဲ့ ပထမဆုံးအကင်ကိုလည်း သူဌေး လုပ်ပေးခဲ့တာ။ ပြီးတော့ သမီးရဲ့ ပထမဆုံး နေရာလွတ် လက်စွပ်ကိုလည်း သူဌေးကပေးခဲ့တာ။ ဝိုး....ကြည့်ရတာ....သူဌေးက တကယ်ကောင်းတာပဲ။”
ဒါပေါ့။ ချန်လွေ့က ရှက်မနေဘဲ လူကောင်းကတ်ပြားကို လက်ခံလိုက်၏။ ဇိုလာနဲ့ အစ်ဇဘယ်လာတို့မှာ ပြဿနာရှိနေတယ်လို့ ရှီရာပြောခဲ့တာ အလိမ်အညာ မဟုတ်လောက်ဘူး။ ဒါက နဂါးဧကရာဇ် အက်ဂ်လက်စ်ကြောင့် ဖြစ်ဖို့များတယ်။ အခု ဆာ-နဂါးဧကရာဇ်က မစ်-နဂါးနက်အတွက် ရောက်လာတယ်ဆိုတာ သေချာသွားပြီ။ ငါ အိုလီဖီးရက်စ်ကို ဖြေရှင်းနိုင်တာနဲ့ ပြဿနာက ဘာပဲဖြစ်ဖြစ် ကိုင်တွယ်ရတာ ပိုလွယ်ကူသွားပြီ။
၎င်းကို ကြားသည့်ခါ အက်ဂ်လက်စ်၏မျက်နှာက အမှန်တကယ်ပင် အနည်းငယ် ပြေလျော့သွားခဲ့သည်။ အိုလီဖီးရက်စ်က နောက်ဘက်မှ သူ့လက်ထဲသို့ ပစ္စည်းတစ်ခု ထိုးပေးနေသည်ကို ခံစားလိုက်မိသည်။ ကိုင်ကြည့်သည့်အရဆိုလျှင် ထိုအရာက မီးနှင်းဆီး နားကပ်များ ဖြစ်နိုင်၏။ သူက အလွန်ပင် ပျော်ရွှင်မိသွားသည်။
လောဘကြီးသော မစ်-ကပ်စေးနဲက အခွင့်အရေးကို အရယူပြီး အပိုဝင်ငွေရရှိရန် ဆုံးဖြတ်ထားလိုက်ပြီးနောက် လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။ “သမီးတို့ ပထမဆုံး တွေ့တုန်းက သူဌေး သမီးကို သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ ပေးခဲ့တယ်။ ပြီးတော့ သူဌေးက အဲဒီ အသုံးမဝင်တဲ့ သြဇာယွမ်မြေအတွက် အရသာရှိတဲ့ အကင်တွေအများကြီးနဲ့ လဲခဲ့တယ်။ ပြီးတော့ သမီးကို တစ်နှစ် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀နဲ့ နှစ်၃၀၀ အလုပ်အပ်ခဲ့တယ်။”
အက်ဂ်လက်စ်နှင့် ချန်လွေ့တို့၏မျက်နှာများက တပြိုင်နက်တည်း ပြောင်းလဲသွားကြပြီး ၎င်းကို သတိမထားမိသော မစ်-နဂါးနက်က ဖခင်ဖြစ်သူ၏ ခေါင်းပေါ်၌ သွေးကြောပြာများ ပေါ်ထွက်လာသည်ကို အာရုံမထားဘဲ ချန်လွေ့၏ “ကြီးမားသော အောင်မြင်မှုများ”ကို ချီးမွမ်းခန်း ဖွင့်နေဆဲ ဖြစ်သည်။ သူက ဂုဏ်အယူရဆုံး သက်တော်စောင့်တာဝန်အကြောင်း ဆက်လက်၍ ပြောနေခဲ့သည်။
အိုလီဖီးရက်စ်က ဆက်လက်၍ လေးလေးနက်နက် ပြောနေသည့်အခါ နဂါးဧကရာဇ်က ပေါက်ကွဲထွက်လုမတတ် ဖြစ်နေ၏။ “သူဌေးက လူကောင်းပါ။ သူက သမီးကို သက်တောင်စောင့် တစ်ယောက်ရဲ့ ကျင့်ဝတ်တွေလိုမျိုး အရာတွေ အများကြီးကို သင်ပေးတယ်။ တစ်ယောက်ယောက် လမ်းပိတ်ထားရင် သူ့ကို ကူရိုက်ပေးရမယ်။ မြေပေါ်မှာ မှော်မိုင်း ရှိမယ်ဆိုရင် သမီး အရင် နင်းပေးရတယ်။ ရေအိုင်ရှိနေရင် ခုန်ဆင်းပြီး ဖြည့်ပေးရတယ်။ ပြီးတော့ သူဌေးက ပြောတယ်။ သမီးရဲ့ အစ်မကို ယောက်ျားတစ်ယောက်ယောက်က ချဉ်းကပ်ရဲမယ် ဆိုရင် အဲဒီလူကို ဆိုးဆိုးဝါးဝါး ရိုက်နှက်ရမယ်။ အစ်မရဲ့ ခြံဝန်းတံခါးက ပိတ်ထားရင် အထဲကနေ သူဌေးအတွက် တိတ်တိတ်လေး ဖွင့်ထားပေးရတယ်။ သူဌေးက တံတိုင်းပေါ်ကနေ ကျော်လာရင် မမြင်ချင်ယောင်ဆောင်ပေးရတယ်။ သူဌေးက အစ်မနဲ့ ဖတ်ဖတ်ဖတ် လုပ်ချင်ရင် သမီးက တံခါးကို စောင့်ကြပ်ပေးရမယ်။ ဒါနဲ့ သမီး အမြဲတမ်း မေးချင်နေတာ။ ဖတ်ဖတ်ဖတ်ကို ဘယ်မှာ ရောင်းတာလဲ။ သမီးလည်း စားချင်တယ်.....”
စိတ်မရှည်သော ဦးလေးတစ်ယောက်က နားမထောင်နိုင်တော့ဘဲ ထွက်ပြေးချင်နေသော ချန်လွေ့ကို ဆွဲကိုင်လိုက်၏။ သူ၏ ဒေါသတကြီး အော်သံက ခြံဝန်းထဲမှ မှော်စက်ဝိုင်းများကို တုန်ခါသွားစေခဲ့သည်။ “ခွေးမသား....”
အိုလီဖီးရက်စ်က ထိတ်လန့်သွားဟန်တူပြီး ခေါင်းကို ရုတ်တရက် ကိုင်ထားလိုက်သည်။ သူ၏နဖူးပေါ်မှ သုံးမှတ်ရှိသော စိန်အမှတ်အသားက လက်ခနဲ ဖြစ်လာပြီးနောက် အနက်ရောင်မျက်လုံးက အဖြူရောင် ပြောင်းလာကာ သူ၏မျက်နှာက မသက်မသာ အခြေအနေက ပြသနေသည်။ သူ၏ အနက်ရောင်ဆံပင်များကလည်း ကောင်းကင်ထဲ၌ ပျံ့လွင့်နေပြီး လက်သည်းများကလည်း တစ်ပေဝက်ခန့်အထိ အလျင်အမြန် ရှည်လာခဲ့သည်။ သူက ကြမ်းတမ်းသော အငွေ့အသက်များ ပြည့်နှက်နေ၏။ [ သရုပ်ခွဲမျက်လုံး ] ထဲ၌ သူ၏ စွမ်းအားအကဲဖြတ်မှုက အမှန်တကယ်ပင် S+ အဆင့်သို့ ရောက်ရှိနေခဲ့လေသည်။
“အိုး...သွားပြီ...” အက်ဂ်လက်စ် တုန်လှုပ်သွားခဲ့ပြီး ချန်လွေ့ကို စာရင်းမရှင်းအား တော့ပေ။ သူ၏နဖူးပေါ်၌ အမှတ်သုံးခု ပေါ်လာပြီးနောက် နွေးထွေးသော စွမ်းအားတစ်ခုက အိုလီဖီးရက်ကို ရစ်ပတ်လိုက်သည်။ အိုလီဖီးရက်စ်က အက်ဂ်လက်စ်ကို လုံးဝ မမှတ်မိ သကဲ့သို့ပင် ရက်စက်သော အမူအရာတစ်ခု ပြသနေခဲ့သည်။ သူက တိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း ထိုစွမ်းအားက တားဆီးနပြီး အနားကပ်၍ မရနိုင်ခဲ့ပေ။
“အိုလီဖီးရက်စ်...” အစ်ဇဘယ်လာက မစ်-နဂါးနက်၏နာမည်ကိုခေါ်ပြီး အန္တရာယ် ရှိလျက်နှင့် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ချန်လွေ့က သူ့ကို တားချင်ခဲ့သော်လည်း ဇိုလာက ချန်လွေ့ကို တားပြီး ခေါင်းခါပြလိုက်သည်။
အစ်ဇဘယ်လာ၏အသံကို ကြားသောအခါ အိုလီဖီးရက်စ် တုန်လှုပ်သွားပြီး လုပ်ရပ်များကို ရပ်တန့်လိုက်၏။ သူ၏အမူအရာကို ပို၍ပင် မချိမဆွံ့ခံစားသွားပုံရသည်။ အစ်ဇဘယ်လာက ဆက်ခေါ်နေသည့်အတွက် အိုလီဖီးရက်စ်၏ မျက်လုံးထဲမှ ရက်စက်မှုက တဖြည်းဖြည်း မှိန်ကျသွားပြီး မျက်ရည်များ စီးကျလာလာတော့သည်။ “အမေ...”
အော်ခေါ်လိုက်ပြီးနောက် သူ သတိလက်သွားခဲ့ပြီး အစ်ဇဘယ်လာက အချိန်မီ ပွေ့ဖက်လိုက်၏။ အက်ဂ်လက်စ်က စွမ်းအားကို ရုတ်သိမ်းပြီး အစ်ဇဘယ်လာကို ခေါင်းညိတ်ပြကာ သက်ပြင်းချလိုက်သည်။ သူက အနည်းငယ် အသက်ရသွားဟန်တူသည်။ မည်မျှပင် စွမ်းအားကြီးစေကာမူ သူက စိုးရိမ်တတ်သော ဖခင်တစ်ယောက်သာ ဖြစ်ပေသည်။