← Chapters

သမီးကို လက်ဆောင်ပေးတာက သိပ္ပံနည်းမကျဘူး

Vol. 45 Ch. 707

သမီးကို လက်ဆောင်ပေးတာက သိပ္ပံနည်းမကျဘူး

Vol. 45 Ch. 707

အက်ဂ်လက်စ်က အစ်ဇဘယ်လာ၏ လက်မောင်းထဲမှ သတိလစ်နေသော သမီးဖြစ်သူကို ကြည့်လိုက်ပြီးနောက် ချန်လွေ့ကို စိုက်ကြည့်နေ၏။ “အိုလီဖီးရက်စ်မှာ ဥပဒေသစွမ်းအားရှိတဲ့ စိတ်ဝိညာဉ်အမှတ်အသားတစ်ခု ရှိနေတယ်။ ဒီဥပဒေသစွမ်းအားက အတော်လေး အစွမ်းထက်ပြီးတော့ သူ့ကို တစ်ဆင့်ချင်း စွမ်းအားတိုးစေတယ်။ ဒါပေမဲ့ အဲဒါက သူ့ကို သတိလစ်စေတယ်။ ဘာဖြစ်တာလဲဆိုတာ မင်းသိလား။”

ထိုကဲ့သို့ စိတ်ဝိညာဉ်အမှတ်အသားကို ရရှိခဲ့သည့်အတွက် ချန်လွေ့က ထိုအရာကို သိသည်။ [ နှစ်မွှာလေ့ကျင့်ခြင်း ] ၏ အံ့သြဖွယ်ရာ သက်ရောက်မှုကြောင့်သာ မဟုတ်လျှင် သူက သတိလစ်ပြီး လျို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ ရုပ်သေးတစ်ရုပ် ဖြစ်သွားပေလိမ့်မည်။

ချန်လွေ့၏ အမူအရာကို မြင်သောအခါ အက်ဂ်လက်စ်က ရုတ်တရက် ရန်လိုလာ၏။ “ဘယ်သူလဲ။”

ထူးဆန်းတယ်။ မစ်-နဂါးနက်က သူ့အဖေကို ဆက်ခ်ရက်တောင်အကြောင်း မပြောခဲ့ဘူးလား။ ချန်လွေ့က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။ “ဆက်ခ်ရက်တောင်က စေတန်....”

“တကယ် သူပဲ။” အက်ဂ်လက်စ်က တုန်လှုပ်သွားပြီး ပင့်သက်ရှိုက်လိုက်သည်။ “ဒါကြောင့် အိုလီဖီးရက်စ်က သူ့နာမည်ကို ပြောလို့မရတာကိုး။ သူ့မှတ်ဉာဏ်ကို ကန့်သတ်ထားတဲ့ စိတ်ဝိညာဉ်အမှတ်အသား အသက်ဝင်လာလို့ဖြစ်မယ်။ အဲဒီတုန်းက လီယာနာကို ခိုလှုံခွင့် ပေးခဲ့တာက စေတန်ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုဆိုရင် လီယာနာက ခိုလှုံခွင် တန်‌ကြေးအတွက် စေတန်ကို ညလှိုင်းကျိုင်း ပေးခဲ့တာပဲ။”

လီယာနာက အိုလီဖီးရက်စ်ရဲ့ အမေနာမည် ဖြစ်မယ်။ ချန်လွေ့က အက်ဂ်လက်စ်သည် စေတန်ကို သိနေကြောင်း သတိထားမိပြီး အစမ်းသဘော မေးကြည့်သည်။ “အရှင်မင်းကြီးရဲ့ စွမ်းအားနဲ့ ဒီအမှတ်အသားကို ပယ်ဖျက်ဖို့ မဖြစ်နိုင်ဘူးလား။”

“စေတန်ရဲ့စွမ်းအားက ပြိုင်ဘက်ကင်းပဲ။ ငါ နတ်ဘုရားတစ်ပိုင်းအဆင့်က စရောက်တုန်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးတော့ သူ့ကို စိန်ခေါ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရတယ်။” အက်ဂ်လက်စ်က ရှားရှားပါးပါး မဲ့ရွဲ့စွာ ပြုံးလိုက်သည်။ “အခု ငါက နတ်ဘုရားဘဝ အစွန်အဖျားကို ရောက်ရုံပဲ ရှိသေးတယ်။ ဒီစိတ်ဝိညာဉ်အမှတ်အသားက နတ်ဘုရားယောင် အငွေ့အသက် ရှိနေတယ်။ ပြီးတော့လည်း အတော်လေး စွမ်းအားကြီးတဲ့ နတ်ဘုရားယောင် အငွေ့အသက်ပဲ။”

နေရာလွတ်ကို ဖြတ်သန်းလာသော ပုံရိပ်က ချန်လွေ့၏စိတ်ထဲ၌ ပေါ်ထွက်လာပြီး တုန်လှုပ်သွားမိသည်။ လက်စသတ်တော့ စေတန်က နတ်ဘုရားတစ်ပိုင်း မဟုတ်ဘဲနဲ့ နတ်ဘုရားယောင်အဆင့် ဖြစ်နေတာကိုး။

အက်ဂ်လက်စ်က သက်ပြင်းချလိုက်သည်။ “ဒါတွေအားလုံးက ငါ့ရဲ့အမှားကြောင့်ပဲ။ ငါက စိတ်ဝိညာဉ်အမှတ်သား တည်ရှိမှုကို သတိမထားမိဘဲနဲ့ သူ့ရဲ့စွမ်းအားတိုးတက်ဖို့အတွက် သွေးမျိုးဆက် အမှတ်သားထဲကို တခါတည်း “အင်ပါယာနတ်ဆိုးလက်သည်း” ပေါင်းစည်းပေးခဲ့တယ်။ အိုလီဖီးရက်စ်က စိတ်ဝိညာဉ်အမှတ်အသားကြောင့် ရုပ်သေး မဖြစ်တော့ပေမဲ့ သူက ခဏခဏ သတိလွတ်ပြီးတော့ ခုနကလို ရူးသွပ်သွားတာကို မင်းလည်း မြင်ခဲ့မှာပါ။ အစ်ဇဘယ်လာပဲ သူ့ကို နှစ်သိမ့်ပေးလို့ရတယ်။”

အက်ဂ်လက်စ်က နဂါးကျွန်းတွင် အိပ်နေခဲ့၏။ နိုးလာပြီးနောက် အမှောင်လတွင် ပေါ်ထွက်လာသော နဖူးပေါ်၌ နဂါးနက် တော်ဝင်သွေးမျိုးဆက် အမှတ်ရှိသော နဂါးနက်ကောင်မလေးတစ်ယောက်အကြောင်း ဂျူလီယာ သတင်းပို့သည်ကို ကြားလိုက်ရသည်။ အက်ဂ်လလက်စ်က ချက်ချင်းပင် အမှောင်လသို့ အမြန်သွားလိုက်သည်။ အလှည့်အပြောင်းများ ပြီးနောက်တွင် သူက နဖူးပေါ်၌ သွေးမျိုးဆက်အမှတ်ရှိပြီး ဇနီးဖြစ်သူ လီယာနာနှင့် မျက်နှာဆင်သော အိုလီဖီးရက်စ်ကို မြင်လိုက်ရသည်။ အဆုံး၌ မစ်-နဂါးနက်က သူ၏ ပျောက်ဆုံးသွားခဲ့သော သမီးနှင့် တစ်ဦးတည်းသော သမီးဖြစ်ကြောင်း အက်ဂ်လက်စ်က ဆုံးဖြတ်နိုင်ခဲ့သည်။

အိုလီဖီးရက်စ်၏ အလားအလာက ကောင်းမွန်လှသည်။ သူက အသက်၂၀ မပြည့်ခင်မှာပင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းအဆင့်သို့ ချဉ်းကပ်လာနိုင်သည်။ သူက နဂါးကျွန်း၌ပင် ထိပ်တန်းပါရမီရှင်တစ်ယောင်ဟု သတ်မှတ်နိုင်ပေသည်။ သမီးဖြစ်သူကို အလိုလိုက်ခဲ့ပြီး အက်ဂ်လက်စ်က နဂါးကျွန်း၏ လျို့ဝှက်ရတနာ “အင်ပါယာနတ်ဆိုးလက်သည်း”ကို အိုလီဖီးရက်စ်၏ ခန္ဓာကိုယ်ထဲနှင့် ပေါင်းစည်းပေးခဲ့သည်။ သူ၏ စေတနာကောင်းက အိုလီဖီးရက်စ်အတွက် ထိခိုက်သွားစေမည်ဟု မထင်ထားခဲ့ပေ။ ကံဆိုးစွာပင် သူ၏ခန္ဓာကိုယ်ထဲ၌ ကွယ်ဝှက်နေသော စိတ်ဝိညာဉ်အမှတ်အသားက လုံးဝ ထွက်ပေါ်လာပြီး မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခုကို ဖြစ်စေခဲ့သည်။

“ဆာ...” ချန်လွေ့က သူ့တွင် စေတန်ကို ဆင့်ခေါ်နိုင်သော တံဆိပ်ပြားတစ်ခု ရှိနေသေးကြောင်း သတိရလိုက်သည်။ “စေတန်ကို ရှာနိုင်ရင် အိုလီဖီးရက်စ်ကို ကုသလို့ ရနိုင်မလား။”

“စိတ်ဝိညာဉ်အမှတ်အသားပဲ ဆိုရင်တော့ သူ လုပ်နိုင်တယ်။ ဒါပေမဲ့ အင်ပါယာနတ်ဆိုးလက်သည်းက နဂါးကျွန်းရဲ့ အစွမ်းထက်တဲ့ ရှေးရတနာ တစ်ခုပဲ။ အဲဒါက အိုလီဖီးရက်စ်ရဲ့ ဝိညာဉ်နဲ့ ပေါင်းစည်းသွားပြီ။ ဒီလို သန္ဓေပြောင်းလဲမှုကို....စေတန်က တကယ် ကူညီချင်ရင်တောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ နည်းနည်းလေး မှားရင်တောင် အိုလီဖီးရက်စ်ကို လုံးဝ ချေမှုန်းပစ်နိုင်တယ်။”

“လုံးဝ ချေမှုန်းပစ်နိုင်တယ်”ဟူသော စကားကို ကြားသည့်အခါ ချန်လွေ့က အိုလီဖီးရက်စ်ကို အရင်သတ်ပြီး ပြန်လည်ရှင်သန်စေမည့် အကြံဆိုးအကြောင်း မစဉ်းစား ရဲတော့ပေ။ အက်ဂ်လက်စ်က စိတ်ရှုပ်စွာဖြင့် ဆံပင်ကို ကိုင်နေလိုက်သည်။ “ဒါက နတ်ဘုရားယောင်အဆင့်ကို ငါ ရောက်ပြီးတော့ [ နဂါးနတ်ဘုရားမျက်လုံး ] ဥပဒေသ အဆောင်ပစ္စည်းကို အပြည့်အဝ အသက်သွင်းနိုင်မှပဲ ဖြေရှင်းလို့ ရနိုင်လောက်မယ်။ ဒါက ဆယ်စုနစ်ကြာနိုင်တယ်။ နှစ်ပေါင်းရာနဲ့ချီတောင် ကြာနိုင်တယ်။”

ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုကိစ္စက အမှန်တကယ် ကိုင်တွယ်ရန် ခက်ခဲပေသည်။ သူက မိမိ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသော နဂါးဧကရာဇ်၏ ချစ်ချစ်တောက် မျက်လုံးနှစ်လုံးကို ရုတ်တရက် ခံစားမိလိုက်ပြီး ချက်ချင်းပင် သိမ့်သိမ့်တုန်သွား၏။

“ဟမ့်။ မင်းရဲ့ ပါရမီနဲ့ စွမ်းအားက အဆင်ပြေတယ်။ ပြီးတော့ မင်းရဲ့ သက်တမ်းက နှစ်သောင်းနဲ့ချီ ရှိတယ်။” အက်ဂ်လက်စ်က စိတ်လွန်ဆွဲနေဟန်တူပြီး နောက်ဆုံး အံကြိတ်ကာ ပြောလိုက်သည်။ “မင်း အိုလီဖီးရက်စ်ကို ဂရုစိုက်ပေးရမယ်။”

ချန်လွေ့က မစ်-နဂါးနက်အား နဂါးကျွန်းသို့ အက်ဂ်လက်စ် ပြန်ခေါ်သွားမည်ဟု ထင်ထားခဲ့သည်။ ထိုတောင်းဆိုချက်ကို ကြားသည့်အခါ သူက အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့။ ဆာ-အက်ဂ်လက်စ်။ အိုလီဖီးရက်စ်က ကျုပ်ရဲ့ မိတ်ဆွေပါ။ ကျုပ် သူ့ကို ဂရုစိုက်ပေးပါ့မယ်.....”

သူ စကားပြော မပြီးသေးခင်မှာပင် ဆာ-နဂါးဧကရာဇ်၏ ဟိန်းသံက နှောင့်ယှက်လိုက်၏။ ချန်လွေ့ကို ဦးလေးတစ်ယောက်ကို ဆွဲကိုင်လိုက်ပြန်သည်။ “ဘာမိတ်ဆွေလဲ။ လူသားစုတ်။ သေချာနားထောင်။ ငါက မင်းဆီမှာ ငါ့သမီးကို အပ်နှံလိုက်တာ။ အပ်နှံတာ။”

အိုလီဖီးရက်စ်ကို ပွေ့ဖက်ထားသော အစ်ဇဘယ်လာက တခစ်ခစ် ရယ်လိုက်သည်။ “ရှင် သ‌ဘောမပေါက်သေးဘူးလား။ ရှင်က ဆာ-အက်ဂ်လက်စ်ရဲ့ သမက် ဖြစ်လာတော့မှာ။ ဒါက ရှင့်အတွက် အပေးအယူကောင်းတစ်ခုပဲ။ ကျွန်မတို့ အိုလီဖီးရက်စ်က ချစ်စရာအကောင်းဆုံး နဂါးမင်းသမီးလေးပဲလေ။”

“မဖြစ်ဘူး...” ချန်လွေ့သည် ခုနက ဦးလေးဟိန်းဟောက် ဆွဲကိုင်ခြင်း ခံလိုက်ရစဉ်က မကောင်းသော နိမိတ်တစ်ခု ခံစားခဲ့ရသည်။ အစ်ဇဘယ်လာ၏ စကားကို ကြားသည့်အခါ သူက ထိတ်လန့်သွားမိသည်။ ဒါက သိပ္ပံနည်းမကျဘူး။ သူက ဘယ်လိုလုပ်ပြီးတော့ ငါတို့တွေ့တွေ့ချင်း သူ့သမီးကို ပေးရတာလဲ။

“မင်းက တကယ် မလုပ်ချင်ဘူးလား။” အက်ဂ်လက်စ်က သရော်ပြုံး ပြုံးလိုက်သည်။ “အခု မင်းမှာ ရွေးစရာနှစ်ခု ရှိတယ်။ ပထမက ငါ့သမီးနဲ့ လက်ထပ်ပြီးတော့ ငါ နတ်ဘုရားယောင် အဆင့်ရောက်တဲ့အထိ သူ့ကို ဂရုစိုက်ထားပေး။ ဒုတိယကတော့ ငါ အစ်ဇဘယ်လာကို လက်ထပ်ပြီးတော့ အမှောင်လ နဂါးတွေအကုန်လုံးကို နဂါးကျွန်းဆီ ပြန်ခေါ်သွားမယ်။ ဇိုလာရော အပါအဝင်ပေါ့။ ဇိုလာက ငါတွေ့ခဲ့ဖူးသမျှထဲ အတော်ဆုံး နဂါးပါရမီရှင်ပဲ။ သူ့ကို ဒီလိုနေရာမျိုးမှာ အမြုပ်ခံလို့ မဖြစ်ဘူး။ သူက ငါ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာပြီးတော့ ထူးချွန်တဲ့ နဂါးသွေးမျိုးဆက်တွေကို မွေးဖွားပေးလိမ့်မယ်။”

“လဗြွတ်ပဲ.....” ချန်လွေ့က ဆဲဆိုမိသွားသည်။ နောက်ဆုံး၌ ဇိုလာနှင့် အစ်ဇဘယ်လာတို့ အကြောင်း ရှီရာ ပြောခဲ့သည့်အရာကို သဘောပေါက်သွားခဲ့သည်။ မင်းအစ်မကို လက်ထပ်....

အက်ဂ်လက်စ်က ဧကရာဇ်ဟိန်း‌ဟောက်သို့ အဆင့်တက်တော့မည် ဖြစ်သည်။ “အိုလီဖီးရက်စ်က ဒီနေရာကို မကြိုက်ခဲ့ရင်၊ အစ်ဇဘယ်လာက သူ့ကို မနှစ်သိမ့်ပေးနိုင်ခဲ့ရင်၊ အစ်ဇဘယ်လာက နဂါးနက်စွမ်းအားကို လက်မခံဘဲ ကျိန်စာကြောင့်ပဲ သေဖို့မရွေးခဲ့ရင်... ငါက ငါ့သမီးကို လူသားစုတ်တစ်ယောက်နဲ့ လက်ထပ်ခိုင်းမယ် ထင်နေလား။”

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ သူက အက်ဂ်လက်စ် ရောက်လာစဉ်က ဖြစ်ခဲ့သော ကိစ္စအများအပြားကို ခန့်မှန်းမိလိုက်သည်။ အစ်ဇဘယ်လာကြောင့်သာ မဟုတ်ရင် ဇိုလာ အပါအဝင် နဂါးတွေအားလုံး ခေါ်သွားတာ ခံလိုက်ရလောက်ပြီ။ တဖက်လူရဲ့ စွမ်းအားက ယှဉ်လို့မရအောင် ကြီးမားလွန်းတယ်။ အိုလီဖီးရက်စ်ကို လက်ထပ်ဖို့ ပြောတာက တကယ် ကြံရာမရတဲ့အဆုံးပဲ။

ကြင်နာတတ်သော မစ်-လျို့ဝှက်‌ထောက်လှမ်းရေးကို ကြည့်ပြီး ချန်လွေ့၏ နှလုံးသားထဲ၌ ပြင်းထန်သော ခံစားချက်တစ်ခု လှိမ့်တက်သွားဟန်တူသည်။ အက်ဂ်လက်စ်က အေးစက်စက်နှင့် ပြောလိုက်သည်။ “အစ်ဇဘယ်မှာပေါ်က [ အလင်းချေမှုန်းချိပ်ပိတ် ] က နောက်ဆုံးအဆင့် ရောက်နေပြီ။ ငါလည်း သူ့ကို မကုသနိုင်ဘူး။ ငါ့ရဲ့ နဂါးနက်စွမ်းအားက သူ့ရဲ့ ခန္ဓာအမျိုးအစားကို အသွင်ပြောင်းပြီးတော့ သူ့သက်တမ်းကို အနှစ်၇၀ ဆွဲဆန့်ပေးနိုင်တယ်။ မင်းက အနှစ်၇၀အတွင်း အိုလီဖီးရက်စ်ရဲ့ စိတ်ဝိညာဉ်ကို ဖြေသိမ့်နိုင်တဲ့ စွမ်းရည်ရှိရမယ်။ မဟုတ်လို့ကတော့ ငါ အိုလီဖီးရက်စ်ကို ခေါ်သွားပြီးတော့ မင်းတို့အားလုံးကို သတ်ပစ်မယ်။”

“အနှစ် ၇၀လား။” ချန်လွေ့ ခေါင်းခါလိုက်သည်။ နှင်းဒဲလက်ပန်းဖြင့်ဆိုလျှင် သူ၏ အစ်ဇဘယ်လာက ထိုထက် သေချာပေါက် အသက်ပိုရှည်ပေလိမ့်မည်။

“အိုး....” အိုလီဖီးရက်စ်က ချန်လွေ့ ခေါင်းခါသည်ကို အထင်လွဲသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ “မင်းမှာ ရှေးဟောင်း မဟာဆရာသခင်တစ်ယောက်ရဲ့ အမွေအနှစ် ရှိတယ်လို့ ပါ့ဂ်လီအို ပြောတာ ကြားတယ်။ မင်းက အနိမ့်ဆင့်နတ်ဆိုးကနေ အခုလက်ရှိ နတ်ဆိုးအရှင်သခင်အဆင့်ရောက်ဖို့ ၅နှစ်ပဲ ကြာခဲ့တယ်။ မင်းက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ဒါပေမဲ့ ဆက်ခံတဲ့စွမ်းအားက အဆင့်မြင့်လေလေ၊ အဆင့်တက်ဖို့က ပိုပြီးတော့ ခက်ခဲလေလေပဲ။ ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူချင်းချင်းနဲ့ယှဉ်ရင် အားနည်းမှာပဲ။ အဲဒါကြောင့် အခြေခံကို ခိုင်အောင် လုပ်ရမယ်။ အနှစ်၇၀ အတွင်းမှာ မင်းက တိုင်းပြည်အဆင့်ကို ရောက်ရင် အ‌တော်လေး ကောင်းနေပြီ။ မင်းက ငါ့ကို ဆန့်ကျင်ချင်သေး တားလား။”

“ဆာ-အက်ဂ်လက်စ်။ ကျုပ်ကို စကားပြောခွင့်ပြုပါ။” ပါ့ဂ်လီအို ပြောလိုက်ခြင်း ဖြစ်သည်။ ဆရာသခင် အဆိပ်နဂါး၏ မျက်နှာက မနာလိုမှုနှင့် အမုန်းတရားများ ပြည့်နေ၏။ “ဒီလူသားစုတ်က လွန်ခဲ့တဲ့ သုံးလေးလတုန်းက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ ရှိသေးတာ။ အဲဒီတုန်းက နတ်ဆိုးအရှင်သခင်အဆင့် နှောင်းပိုင်း ပိုင်နက်တွေကိုတောင် ယှဉ်တိုက်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေပြီ။ အခု သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီဆိုတော့ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကို ယှဉ်နိုင်လောက်ပြီ။”

အက်ဂ်လက်စ်က မျက်လုံးထဲ၌ မယုံနိုင်သော အမူအရာရှိနေပြီး ထိတ်လန့်သွား၏။ ဒီလူသားမှာ ပုံမှန်လိုမျိုး အမွေအနှစ် ဆိုးကျိုး လုံးဝ မရှိဘူး။ သူက ပိုမြင့်တဲ့အဆင့်ကို တကယ်ကြီး တိုက်ခိုက်နိုင်တယ်။ ဒီအတိုင်းသာ အနှစ်၇၀အတွင်း ဆက်ဖြစ်မယ်ဆိုရင် ငါက အဲဒီအချိန် သူ့ပြိုင်ဘက် မဟုတ်လောက်တော့ဘူး။ ထိုသို့စဉ်းစားပြီးနောက် အက်ဂ်လက်စ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် အငွေ့အသက်တစ်ခု လက်ခနဲ ဖြစ်သွား၏။

ပါ့ဂ်လီအိုက ဆက်ပြောသည်။ “ဒီလူသားက အစွမ်းထက်တဲ့အပြင်ကို ကောက်ကျစ်ပြီး ဉာဏ်များတယ်။ သူက နေရာတိုင်းမှာ ပိုက်ဆံစုဆောင်းတယ်။ သူ့မှာရှိတာတွေက ကျုပ်နဲ့ ခရိုဘဲလက်စ် ပေါင်းတာထက်အောင် ပိုများတယ်။ အရေးကြီးဆုံး အချက်ကတော့ သူက မိတ်ဆွေတွေထက် ချစ်သူတွေကို တန်ဖိုးထားတာပဲ။ သူက သူ့မိန်းမတွေအတွက် အသက်ကိုတောင် စတေးရဲတယ်။ ဒီတစ်ခေါက် အစ်ဇဘယ်လာအတွက် သူက ချက်ချင်းပဲ အန္တရာယ်များတဲ့ ပင်လယ်သေကို သွားခဲ့တယ်။ ဒါပေမဲ့...ဒီလိုလူတစ်ယောက်က မစ်-အိုလီဖီးရက်စ်ကို ဂရုစိုက်ပြီးတော့ ကျုပ်တို့လည်း ရှိနေတယ်ဆိုတော့ကာ ဆာ-အက်ဂ်လက်စ်က စိတ်အေးလက်အေးနဲ့ နတ်ဘုရားယောင်အဆင့်ကို တက်ရောက်နိုင်မှာပါ။”

ချန်လွေ့က ဘဲခေါင်းနဂါး၏ တကယ့်ဆိုလိုရင်းကို သဘောပေါက်သည်။ ပါ့ဂ်လီအို၏ စကားများက အက်ဂ်လက်စ်၏ နားထဲ၌ အစွမ်းထက်သော၊ ပါးနပ်သော၊ ချမ်းသာသော၊ မိန်းမကို ချစ်သော ဟူသည့် အားသာချက်များ ဖြစ်သွားခဲ့သည်။ သာမန်ဧရာမနဂါးတစ်ကောင်ပင် ထိုအရာကို မယှဉ်နိုင်ပေ။ ဆာ-နဂါးဧကရာဇ်၏ သတ်ဖြတ်ချက်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက ခေါင်းညိတ်လိုက်မိပြီး နောက်ဆုံးတွင် ချန်လွေ့ကိုကြည့်သော သူ၏အကြည့်က သမက်ဖြစ်သူကို ကြည့်နေသော ယောက္ခမသဖွယ် ဖြစ်နေတော့သည်။

“မင်းပြောတာမှန်တယ်။ ပါ့ဂ်လီအို။” အက်ဂ်လက်စ်က ခေါင်းညိတ်လိုက်သော်လည်း နောက်တစ်ကြိမ် ခေါင်းခါလိုက်ပြန်သည်။ “မင်းရဲ့ လုံ့ဝဝီရိယက မင်းရဲ့ ပါးနပ်မှုနဲ့ အချိုးကျမယ်ဆိုရင် အခု တိုင်းပြည်အဆင့် ရောက်သွားလောက်ပြီ။ ငါက မင်းအိပ်မောကျနေတုန်း ချိပ်ပိတ်စွမ်းအားကို နားလည်သဘောပေါက်အောင်လို့ နှစ်၅၀၀၀ ချိပ်ပိတ်ထားချင်ခဲ့တာ။ ဒါပေမဲ့ မင်းက အစောကြီး နိုးလာပြီးတော့ ပါးနပ်တဲ့နည်းလမ်းတွေသုံးပြီး ချိပ်ပိတ်ကို ဖျက်ဆီးခဲ့တယ်။ အဲဒါကြောင့် မင်းရဲ့ စွမ်းအား လုံးဝ တိုးမလာခဲ့ဘူး။ ငါ့ရဲ့အားထုတ်မှုတွေ အလကားဖြစ်တယ်။”

ထို့နောက်မှသာ ထိုစဉ်က ပါ့ဂ်လီအိုကို ချိပ်ပိတ်ခဲ့သူက အက်ဂ်လက်စ်ဖြစ်ကြောင်း ချန်လွေ့ သိသွားသည်။ ဒါကြောင့် ပါ့ဂ်လီအိုက လေးစားနေတာကိုး။ ပြီးတော့လည်း အဲဒီတုန်းက ပါ့ဂ်လီအိုကို ချိပ်ပိတ်ခဲ့တာက တခြားလေးနက်တဲ့ အဓိပ္ပာယ်တွေရှိတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ချိပ်ပိတ်က သူ့ကြောင့် မတော်တဆ ပယ်ပျက်သွားခဲ့တယ်။

ဒါနဲ့ အဲဒီတုန်းက ငွေသေတ္တာကြောင့်.....ထိုအချိန် သက်တန့်တောင်ကြားမှ ဇိုလာကို ရှာဖွေနေရင်း ငွေသေတ္တာက အသစ်တည်ဆောက်ထားသော စမ်းသပ်ခန်းထဲရှိ ပြန်လည်ရှင်သန်ခြင်း ရေစင်ထဲ၌ ဝှက်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ အက်ဂ်လက်စ်က ထိုလျို့ဝှက်ချက်ကို သတိထားမိပုံမရချေ။ ထို့ကြောင့် ချန်လွေ့က ရူးမိုက်ပြီး ထိုအကြောင်း ဖွင့်ဟမည် မဟုတ်ပေ။

အက်ဂ်လက်စ်၏စကားကြောင့် ပါ့ဂ်လီအိုက ရှက်ရွံ့သော အမူအရာတစ်ခု ပြသလိုက်သည်။ “ကျုပ် အိပ်ပျော်နေတုန်း ကြယ်ကြွေတမန်အင်ပါယာက သန်းခေါင်နေ လူစီဖာရဲ့ [ အလင်းအမှောင်နှလုံးသား ] နဲ့ ချုပ်နှောင်မှုကို ခံထားခဲ့ရတာ ဆာ မသိပါဘူး။ ကျုပ် စောစောနိုးလာတာက ဒါနဲ့ သက်ဆိုင်နေလောက်တယ်။”

“သန်းခေါင်နေလူစီဖာ။ ငါ..သိပြီ။” အက်ဂ်လက်စ်က ခေါင်းညိတ်ပြီး ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “အဲဒါက တကယ့် ပါရမီရှင်ပဲ။ မင်းက သူ့ထက် အများကြီး နိမ့်ကျတယ်။ သူက ဘာအံ့သြဖွယ်ရာ ဆက်ခံမှုမှ မရှိခဲ့ဘူး။ စွမ်းအားထပ်သီးပိုင်းကို ‌တစ်ဆင့်ချင်း ရောက်လာဖို့အတွက် ကိုယ်ပိုင်နားလည်သဘောပေါက်မှုတွေကို လုံးဝ မှီခိုခဲ့တာ။ အဲဒီနှစ်ကြောင့်သာ မဟုတ်ရင်.... ဟုတ်ပြီ။ အဝေးကြီး မပြောကြရအောင်။ လူသား။ မင်း အိုလီဖီးရက်စ်ကို ဘယ်တော့ လက်ထပ်မှာလဲ။”

“ဆာ-အက်ဂ်လက်စ်။ စိတ်မပူပါနဲ့။” အစ်ဇဘယ်လာက မျက်နှာလွှားနောက်မှ ဆွဲဆောင်မှု ရှိစွာဖြင့် ပြုံးလိုက်သည်။ “အိုလီဖီးရက်စ်က ဒီအကြောင်း မသိသေးဘူး။ အနည်းဆုံးတော့ သူ့ရဲ့ အမြင်ကို အရင်ဆုံး မေးသင့်တယ်။”

အက်ဂ်လက်စ်က ခဏစဉ်းစားပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်၏။

All Chapters