← Chapters

လက်ဆောင်

Vol. 45 Ch. 708

လက်ဆောင်

Vol. 45 Ch. 708

ပါ့ဂ်လီအိုနှင့် ဂျူလီယာတို့က ခြံဝန်းထဲ၌ အက်ဂ်လက်စ်ကို အဖော်ပြုကာ သေရည် သောက်နေကြသည်။ ထိုအရာက အကောင်းဆုံး တာဝန်တစ်ခု ဖြစ်ပေ၏။ အကြောင်းမှာ အက်ဂ်လက်စ်က စိတ်ကောင်းနေချိန်၌ ခဏခဏ လမ်းညွှန်ပြတတ်ပြီး နဂါးလျို့ဝှက်ပညာရပ် အချို့ကိုပင် သင်ကြားပေးသည့်အတွက်ကြောင့်ပင်။

ဇိုလာက အိုလီဖီးရက်စ်ကို ပွေ့ဖက်ထားရင်း အခန်းထဲသို့ လမ်းလျှောက်သွားနေသော အစ်ဇဘယ်လာကို ကြည့်ပြီးနောက် ချန်လွေ့ကို ကြည့်လိုက်သည်။ “ငါနဲ့လိုက်ခဲ့။”

သူတို့နှစ်ယောက်က ဥယျာဉ်ထဲမှ နေရာလွတ်လမ်းကြောင်းမှတဆင့် သက်တန့် တောင်ကြားသို့ ဝင်ရောက်သွားခဲ့သည်။

“အဲဒီပစ္စည်းကို ရှာမတွေ့သေးဘူး။ ပါ့ဂ်လီအိုက ဒီအကြောင်း ပြောမှာမဟုတာ သေချာတယ်။ ဒီအကြောင်း မတော်တဆ မပြောမိစေနဲ့။”

ဇိုလာက ငွေသေတ္တာအကြောင်း ပြောနေခြင်းဖြစ်ကြောင်း သိသည့်အတွက် ချန်လွေ့က ခေါင်းညိတ်လိုက်သည်။

သုံးလေးလကြာပြီးနောက် ဇိုလာ၏ စွမ်းအားအကဲဖြတ်မှုက အမှန်တကယ်ပင် S++ အဆင့်သို့ ရောက်ရှိသွားသည်ကို ချန်လွေ့ သတိထားမိလိုက်သည်။ အသေချာအပင် သူက တိုင်းပြည်ဖန်တီးနိုင်ရန် နီးကပ်နေပြီဖြစ်၏။ ဒါက အက်ဂ်လ်စ် ရောက်လာတာနဲ့ သက်ဆိုင် နေမလား။

ဇိုလာ၏ပန်းတိုင်က ဒြပ်စင်၆ခု တိုင်းပြည်စွမ်းအားဖြစ်ကြောင်း မြေဒြပ်စင်ဘုရင် ပြောခဲ့ဖူးသည်။ ဒြပ်စင်များမှာ တွေ့ရလွယ်ကူသည်။ အောင်မြင်သွားသည်နှင့် သူက အစွမ်းအထက်ဆုံး တိုင်းပြည်စွမ်းအား ရှိလာမည် ဖြစ်သော်လည်း အခက်အခဲက အတော်လေး ကြီးမားလှသည်။ အလင်းဒြပ်စင်ရှားပါးသော နတ်ဆိုးဘုံ၌ ဇိုလာက အမှန်တကယ်ပင် ကျန်ရှိသော ဒြပ်စင်၅ခုဖြင့် အခန်းဆက်တစ်ခုလုံး၏ ပိုင်နက်ကို ဖန်တီးနိုင်ခဲ့သည်။ သို့ရာတွင် စွမ်းအားလမ်းစဉ်က အန္တရာယ်များ အပြည့် ဖြစ်နေသည်။ အဆင့်မြင့်လေလေ အန္တရာယ် ပိုများလေလေ ဖြစ်သည်။ ဇိုလာ အစွမ်းထက်ရသည့် အကြောင်းရင်းမှာ ပါရမီနှင့် ကံတရား ကြောင့်သာမက ခက်ခက်ခဲခဲ အားထုတ်မှုများကြောင့်လည်း ပါဝင်ပေသည်။ ဒြပ်စင်တိုင်းပြည်၏ ခက်ခဲမှုက ဒြပ်စင်ပိုင်နက်ထက် မည်မျှမသိလောက်အောင် ပိုမိုမြင့်မားပေသည်။ ဒြပ်စင်တစ်ခု ပေါင်းထည့်လိုက်တိုင်း လေ့ကျင့်ရသည့် အန္တရာယ်နှင့် အခက်အခဲတို့က အဆတိုးပွားလာ၏။ မတော်တဆ အလွဲအမှား တစ်ခုကပင် ဒြပ်စင်တန်ပြန်မှုကြောင့် သူ့ကို ချေမှုန်းပစ်နိုင်လေသည်။

ဒြပ်စင်အရင်းအမြစ် စွမ်းအားများ ရှိမည်ဆိုလျှင် အောင်မြင်နှုန်းက ကြီးကြီးမားမား တိုးမြင့်သွားပြီး အန္တရာယ်လည်း ပိုမိုနည်းပါးသွားမည် ဖြစ်သည်။ ဒြပ်စင်အရင်းအမြစ် စွမ်းအားများများကို ဒြပ်စင်ဘုရင်များထံမှသာ ရရှိနိုင်ပေသည်။ ချန်လွေ့၏ အကူအညီဖြင့် ဇိုလာက ဒြပ်စင်အရင်းအမြစ် နှစ်ခုကို ရရှိခဲ့ပြီး ဖြစ်သည်။ ရေနှင့်မြေ ဒြပ်စင်အရင်းအမြစ်။ သိပ်မကြာခင် နောက်တစ်ခု တိုးလာတော့မည် ဖြစ်၏။

“အမှောင်ဒြပ်စင်ဘုရင်ကော။ နင်...ဒီတစ်ခေါက် မအောင်မြင်ခဲ့တာလား။”

“အမှောင်ဒြပ်စင်ဘုရင်က အပြောင်းအလဲ တချို့ကြောင့် မလာနိုင်ဘူး။ ဒါပေမဲ့ နဂါးနက်စွမ်းအားမသုံးဘဲနဲ့ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ပယ်ဖျက်နိုင်ဖို့အတွက် နောက်ထပ် ထိရောက်တဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ထားတယ်။”

“အိုး....” ဇိုလာက ခေါင်းညိတ်လိုက်ပြီး နောက်ဆုံး၌ စိတ်သက်သာရာ ရသွား၏။ ထိုအချိန် အတောအတွင်း သူက အရာအားလုံးကို လက်ခံထားခဲ့သော အစ်ဇဘယ်လာနှင့် မိတ်ဆွေ အစစ်အမှန်များ ဖြစ်သွားခဲ့ကြသည်။ အစ်ဇဘယ်လာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ကြားသည့်အခါ သူက စိတ်ရင်းနှင့် ပျော်ရွှင်သွားခဲ့သည်။

( အစ်ဇဘယ်လာက အဆင်ပြေသွားပြီ ဆိုတော့ကာ...)

(ဒီလူကို လုယူဖို့ ပြိုင်ဘက်တစ်ယောက် တိုးလာပြီ။)

(မဟုတ်ဘူး။ အိုလီဖီးရက်စ်ကိုလည်း ထည့်ပေါင်းရမယ်။)

(အား....)

“ဟုတ်ပြီ။ ငါ သုတေသန လုပ်တော့မယ်။ နင်...အစ်ဇဘယ်လာကို အဖော်သွားပြု ပေးလိုက်။”

“အင်း....”

ထိုသူ၏ အဖြေကို ကြားသည့်အခါ မစ်-နတ်မိမယ်နဂါးက နှုတ်ခမ်းစူလိုက်သည်။ သို့သော်လည်း သူ့ခြေထောက်က မလှုပ်ရှားခဲ့ပေ။

( ငါ တကယ် သွားတော့မှာ...)

( နင် ငါ့ကိုနေခိုင်းဖို့ ဘာမှ မလုပ်တော့ဘူးလား။ အနည်းဆုံးတော့ ငါ့ကို အာဘွား ပေးသင့်တယ်....)

( ဒီကောင်က အစ်ဇဘယ်လာ အကြောင်းကိုပဲ တွေးနေတာလား....)

“မသွားသေးဘူးလား။” ချန်လွေ့ မလှုပ်သည်ကို မြင်သည့်အခါ မစ်-နတ်မိမယ်နဂါးက သူ့ကို မကျေမနပ် ကြည့်လိုက်၏။

( စိတ်တိုနေပြီနော်....)

မိန်းမတစ်ယောက်၏ နှလုံးသားက ပင်လယ်ကြမ်းပြင်မှ အပ်တစ်ချောင်းကဲ့သို့ ဖြစ်သော်လည်း ချန်လွေ့နှင့် ဇိုလာတို့ကလည်း စုံတွဲဟောင်းများ ဖြစ်ကြသည်။ သူက ဇိုလာ၏ စိတ်နေသ‌ဘောထားကို နားလည်သည်။ ထို့ကြောင့် သူက ရယ်ပြီး ဇိုလာကို ပွေ့ဖက်လိုက်၏။ နောက်ဆက်လာသော ခပ်ကြမ်းကြမ်းအနမ်းက မစ်-နတ်မိမယ်နဂါးက မြူးကြွသွားစေပြီး အသက်မရှူနိုင်လုနီးပါး ဖြစ်သွားစေခဲ့သည်။

“ဇိုလာ။ ကိုယ်မင်းကို နောက်မှပဲ ကိစ္စတွေ ပြောပြမယ်။ အခုတော့ ဒီလက်ဆောင်ကို အရင်ဆုံး လက်ခံပေးနော်။” ချန်လွေ့၏လက်ထဲ၌ သလင်းကျောက်ပုံတစ်ခု ရှိနေ၏။ “ဒါ ဘာလဲဆိုတာ ကြည့်လိုက်ဦး။”

“အတော်လေး ကြွယ်ဝတဲ့ အလင်းဒြပ်စင်ပဲ။ ဒါက အကောင်းဆုံး အလင်းဒြပ်စင် သလင်းကျောက်။” ဇိုလာ၏မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ နတ်ဆိုးဘုံ၏ ပတ်ဝန်းကျင် အခြေအနေကြောင့် အလင်းဒြပ်စင်က အလွန်အမင်း နည်းပါးလှသည်။ သူက အလင်းဒြပ်စင်စွမ်းအားကို ပယ်ချန်ထားရန်အတွက် အဓိကဒြပ်စင်၅ခုကို အသုံးပြုနိုင်သော်လည်း ပိုမြင့်သော အဆင့်သို့ ရောက်လေလေ ပိုမို၍ ခက်ခဲလာလေလေ ဖြစ်နိုင်ပေသည်။ အထူးသဖြင့် တိုင်းပြည်အဆင့်၌ ဖြစ်၏။ အလင်းဒြပ်စင်က ယခုလက်ရှိ၌ သူ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သည်။ ချန်လွေ့က ထိုကဲ့သို့ များပြားလှသော ထိပ်တန်းအရည်အသွေး အလင်းဒြပ်စင် သလင်းကျောက်များ စုစည်းလာမည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် အလင်းဒြပ်စင် ဥပဒေကို နားလည်သဘောပေါက်ရန် အခွင်င့အရေးက ကြီးကြီးမားမား တိုးမြင့်သွားလေပြီ။

“ဒါက....အလင်းဒြပ်စင် မှော်စာလိပ်ပဲ။”

“အလင်းဒြပ်စင် မှော်တုတ်တံ...”

“အလင်းဒြပ်စင်ဝတ်ရုံ....”

ချန်လွေ့ ထုတ်ပြလိုက်သော ပစ္စည်းများက မစ်-နတ်မိမယ်နဂါး၏ မျက်လုံးများကို မျက်စိကျိန်းလုနီးပါး ဖြစ်စေခဲ့သည်။ မယုံနိုင်စရာ ပစ္စည်းအများအပြား ရှိနေ၏။ ထိုသို့မှ အလင်းဒြပ်စင်ဥပဒေသကို နားမလည်နိုင်သေးလျှင် သူက ဇိုလာ မဟုတ်‌တော့ပေ။

ဒါဆိုရင် တိုင်းပြည်အုတ်မြစ်အတွက် ပြဿနာ မရှိတာ့ဘူး။ ငါက ဥပဒေသကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း တစ်ဆင့်ချင်း နားလည်အောင် လုပ်လို့ရတယ်။

မေးစရာရှိတာက ဒီလောက် အလင်းဒြပ်စင် ရတနာတွေ အများကြီးကို ဒီလူ ဘယ်ကနေ ရလာတာလဲ။ မဟုတ်မှလွဲရော.....သူက နတ်ဆိုးဘုံကို ရောက်လာတဲ့ လူသား မှော်ဆိုင် တစ်ခုကို လုယက်ခဲ့တာများလား.....

“နောက်ဆုံးအနေနဲ့ကတော့ အဖိုးတန်တဲ့ အထူးလက်ဆောင်တစ်ခု။ အချစ်လေး ဇိုလာက ဒါကို ကြိုက်မယ်လို့ မျှော်လင့်ပါတတယ်။”

“ဟင့်အင်း။ ဘယ်ဟာကမှ ငါ့ကို ထပ်ပြီးတော့....” ဇိုလာ စကားမဆုံးသေးခင်မှာပင် လေထုက ရုတ်တရက် အလွန်အမင်း ပူလောင်သွားပြီး အလွန်အမင်းသန့်စင်သော မီးဒြပ်စင် စွမ်းအားများ ဖြာထွက်သွားကြောင်း ဇိုလာ ရုတ်တရက် ခံစားလိုက်မိသည်။

မစ်-နတ်မိမယ်နဂါး၏ ခရမ်းရောင် မျက်လုံးများ ပြူးကျယ်သွားပြီး အော်ပြောလိုက်မိသည်။ “မီးအရင်းအမြစ်စွမ်းအား...”

မှန်ပေသည်။ ထိုအရာက အဖိုးတန်ဆုံးနှင့် အထူးခြားတဲ့ လက်ဆောင်တစ်ခု ဖြစ်၏။

လက်ဆောင်များအားလုံးကို လက်ခံလိုက်ပြီးနောက် ဇိုလာ၏ မျက်လုံးများက မျက်ရည်များ ရွှဲလာပြီးနောက် ချန်လွေ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

(မီးအရင်းမြစ်စွမ်းအားတွေ၊ အလင်းဒြပ်စင်ရတနာတွေကြောင့် မဟုတ်ဘူး။ သူ့စိတ်ထဲမှာ အချိန်တိုင်း ငါရှိနေလို့.....)

“ငါ တကယ် သုတေသန လုပ်တော့မယ်။ မဟုတ်ရင် ဒီပစ္စည်းတွေထဲက ကုန်ကြမ်းတွေ အချိန်ကြာလာတာနဲ့ အစုတ်ဖြစ်တော့မှာ။ အစ်ဇဘယ်လာဆီ သွားတော့။” မစ်-နတ်မိမယ်နဂါးက ချန်လွေ့ကို ပါးပေါ်၌ နမ်းလိုက်ပြီး တွန့်ဆုတ်စွာဖြင့် ရင်ခွင်ထဲမှ ထွက်သွားလိုက်သည်။ “တကယ်တော့ ဒီတစ်ခေါက် သူ့ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် နင်ငါ့ကို နဂါးကျွန်းမှာပဲ လာရှာရလိမ့်မယ်။”

ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး စမ်းသပ်ခန်းထဲသို့ ဇိုလာ လမ်းလျှောက်သွားသည်ကို ကြည့်နေသည်။ ရုတ်တရက် မစ်-နတ်မိမယ်နဂါး ပြန်လှည့်လာသည်။ မျက်မှန်နောက်မှ ခရမ်းရောင်မျက်လုံးများက ခပ်ညစ်ညစ် ဖြစ်နေ၏။ “ဒီည....ကဝေမလေးခီရာ တစ်ယောက်တည်း စားတာ မခံနဲ့....”

ထိုစကား သိပ်မကြာခင်က ကာလကြာရှည် သာယာမှုဘဝ ရောက်လာတော့မည် ဖြစ်ကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။ ချန်လွေ့က ပြုံးဖြီးဖြီးလုပ်လိုက်ပြီး အမြန်ထွက်သွားသည်။

အိမ်ထဲရှိ ဒုတိယထပ်မှ အခန်းတစ်ခု၌ ဖြစ်သည်။ အစ်ဇဘယ်လာက ကုတင်ဘေးနားတွင် ထိုင်နေကာ အိုလီဖီးရက်စ်၏ဆံပင်ကို ညင်သာစွာ ပွတ်သပ်နေ၏။

မယုံကြည်စရာ အမျိုးမျိုး ရှိနေသော်လည်း သူ့အပေါ် မစ်-နဂါးနက်၏ တွယ်တာမှုက အစစ်အမှန် ဖြစ်သည်။ ထိုတွယ်တာမှုက လိုင်ရာမြို့၌ အိုဆိုင်ဒန်နှင့် တိုက်ခိုက်ခဲ့စဉ်ကတည်းက စခဲ့သည်ဟု ပြော၍ရနိုင်ပေသည်။ အစ်ဇဘယ်လာကလည်း ဝေခွဲမရ ဖြစ်သွားခဲ့သည်။ မစ်-နဂါးနက်က သူ့ကို “အစ်မ”ဟု‌ ခေါ်လိုက်သော်လည်း သတိလစ်မသွားခင်ကဲ့သို့ပင် သူ့စိတ်ထဲပ “အမေ”ဟု ခေါ်နေခြင်း ဖြစ်နိုင်သည်။ ထိုအရာကပင် အစ်ဇဘယ်လာက အိုလီဖီးရက်စ်၏ သောင်းကြမ်းသော အခြေအနေကို တည်ငြိမ်စေနိုင်သည့် အဓိကအကြောင်းရင်း ဖြစ်ပေသည်။

“ရောက်လာပြီလား။” အစ်ဇဘယ်လာက ချန်လွေ့က ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ “ဒီကိုလာဖို့ သုံးလေးနာရီ ကြာဦးမယ်လို့ ထင်ထားတာ။”

“ဟမ်...”

တစ်ယောက်ယောက်က ရူးဟန်ဆောင်နေသည်ကို မြင်သည့်အခါ အစ်ဇဘယ်လာက တခစ်ခစ် ရယ်လိုက်၏။ မျက်နှာလွှားဖြင့် ဖုံးကွယ်ထားသော်လည်း မျက်ရည်ဝဲနေသော မျက်လုံးများက အဆုံးမဲ့သော ငြှို့ငင်မှုများ ထုတ်လွှတ်နေသည်။ “ငါ့ဆီကို မလာခင် ဇိုလာက နင့်ကို ဘာမှမကျန်တော့တဲ့အထိ ကြိုပြီးတော့ မညှစ်ထုတ်ခဲ့ဘူလား။”

ချန်လွေ့က ခေါင်းကုတ်ကာ ရယ်နေလိုက်သည်။ အစ်ဇဘယ်လာက ပြောသည်။ “မိန်းမနဲ့ ပတ်သက်ပြီးတော့ ရှင်က ကံကောင်းတာပဲ။ အခု အိုလီဖီးရက်စ်ကိုတောင် ရတော့မယ်။ နောက်တော့ ဘယ်သူလဲ။”

“နတ်ဆိုးဘုရားသခင်။ ကျုပ်က အိုလီဖီးရက်စ်အကြောင်း ဘာမှ အတွေးမရှိပါဘူး။” ချန်လွေ့က မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ အစ်မကြီးတစ်ယောက်အတွက် ကျုပ်က တပ်မက်ဖို့ ဘယ်တော့မှ လက်မလျှော့ဘူး။”

“အိုး။ အစ်မကြီးလား။ ဒါဆိုရင် ကျွန်မတို့ရဲ့ ဧကရီအရှင်မ သတိထားရမှာပေါ့။ အစ်မကြီးပဲ မဟုတ်ဘူး။ ကြည့်ရတာ ချစ်စရာ ညီမလေးလည်း ရှင့်လက်ထဲကနေ မလွတ်လောက်ဘူး။ ညီအစ်မနှစ်ယောက်လုံးကို ကြံနေတယ်ဆိုတော့ တစ်ယောက်ယောက်က တကယ့်ကို ဆိုးရွား....”

ချန်လွေ့က အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်။ ထို့နောက် အစ်ဇဘယ်လာ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို သူ မြင်လိုက်ရသည်။ သူ၏မျက်နှာပေါ်မှ မျက်နှာလွှားကို ချွတ်လိုက်ပြီးပြီး ဖြစ်ပြီး သက်ရှိအားလုံးကို ကပြောင်းကပြန် ဖြစ်သွားစေနိုင်သည့် ဆွဲဆောင်မှုရှိ‌သော မျက်နှာကို ပြသလိုက်သည်။ ရှက်နေ‌သော အမူအရာများ ရှိမနေဘဲ သူက ချန်လွေ့၏ပုခုံးပေါ်၌သာ အသာလေး မှီလိုက်၏။ ဖွံ့ဖြိုးသော ရင်သားတစ်စုံက ချန်လွေ့၏ ရင်ဘတ်ကို ဖိနေပြီး သူ၏ စိတ်ဆန္ဒများကို လှုံ့ဆော်ပေးနေခဲ့သည်။

သို့သော်လည်း ခဏအကြာတွင် လိင်ပိုင်းဆိုင်ရာ စိတ်ကူးများကို နောက်ထပ် ငြိမ်းချမ်းမှု တစ်ခုကို အစားထိုးသွားခဲ့ပြီး နှစ်ယောက်သား၏ နှလုံးခုန်သံက ရောယှက်သွားခဲ့သည်။

“ရှင်က အဲဒီကို အကြာကြီး သွားခဲ့တယ်။ ကျွန်မ ရှင့်ကို နေ့တိုင်း သတိရနေခဲ့တာ။”

ချန်လွေ့က သူ၏ပုခုံးကို အသာအယာ ပြန်လည် ပွတ်သပ်လိုက်သည်။ “ကိုယ်လည်း မင်းကို သတိရတယ်။ အများကြီး သတိရခဲ့တယ်။”

“ကျွန်မက ရှင့်ကို ပိုသတိရတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ရှင်က တွေးစရာလူတွေ အများကြီး ရှိလို့လေ။ ကျွန်မမှာက ရှင်ပဲ ရှိတာ။”

ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ “ကိုယ် တောင်းပန်ပါတယ်။”

“တောင်းပန်သင့်တာက ကျွန်မပါ။ ကျွန်မလို ဝန်ထုတ်ဝန်ပိုးမရှိရင် ရှင်က ပိုပြီးတော့ အေးအေးချမ်းချမ်း ဖြစ်လောက်တယ်....” အစ်ဇဘယ်လာက တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်မ ထွက်သွားတုန်းက ပြောခဲ့တာတွေ မှတ်မိသေးလား။ အခုလည်း အတူတူပဲ။ ရှင် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာက အရာအားလုံးထက် ပိုပြီးတော့ အရေးကြီးတယ်။”

ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင်ကို သွားရှာရန်အတွက် ပင်လယ်သေသို့ သွားခဲ့သည်။ သို့သော်လည်း ယခုတစ်ခေါက် သူက တစ်ယောက်တည်း ပြန်လာခဲ့သည့်အတွက် ကျရှုံးခဲ့သည်ဟု အစ်ဇဘယ်လာ ထင်ထားခဲ့သည်။

“ကိုယ် အမှောင်ဒြပ်စင်ဘုရင်ကို ပြန်မခေါ်လာနိုင်ခဲ့တာ အမှန်ပါပဲ။ တကယ်တော့ ဒီတစ်ခေါက်.....”

“ကိစ္စမရှိပါဘူး။ ရှင်က ပင်လယ်သေမှာ အန္တရာယ်တွေ အများကို ဖြတ်ကျော်ခဲ့ရတာ ကျွန်မ သိတယ်။ ရှင် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့အတွက် ကျွန်မက နေ့တိုင်း နတ်ဆိုးဘုရားသခင်မှာ ဆုတောင်းခဲ့တယ်။” အစ်ဇဘယ်လာက ပြုံးလိုက်သည်။ “ပြီးတော့လည်း အက်ဂ်လက်စ်ရဲ့ စွမ်းအားနဲ့ဆိုရင် ကျွန်မက ရှင့်ကို နောက်ထပ် အနှစ်၇၀ အဖော်ပြုနိုင်ဦးမယ်။ ဒါက နတ်ဆိုးဘုရားသခင်ဆီက လက်ဆောင်တစ်ခုပဲ။ ကျွန်မရဲ့ဘဝမှာ နောင်တရစရာ မရှိတော့ဘူး။”

“အနှစ်၇၀....က မလုံလောက်ဘူး။ အနှစ်၇၀၀တောင် မလောက်ဘူး။” ချန်လွေ့က အစ်ဇဘယ်လာ၏ ဆံပင်ကို နမ်းရှိုက်နေရင်း သူ၏လက်ထဲပ လက်သီးဆုပ်အရွယ် အဖြူရောင် ပန်းတစ်ပွင့် ထွက်ပေါ်လာသည်။ ထိုပန်းက သလင်းကျောက်သဖွယ် ကြည်လင်နေပြီး အထွတ်အမြတ် နွေးထွေးသော အငွေ့အသက် ထုတ်လွှတ်နေ၏။ အခန်းတစ်ခုလုံးက လင်းထိန်သွားဟန်တူသည်။

ထိုပန်းပွင့်က အင်အားကြီးပဲ ညင်သာသောစွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်။ အရေးကြီးဆုံးအရာကတော့ နတ်ဆိုးဘုံရှိ ပန်းပင်များ၌ မရှိသော သန့်စင်ကာ ပြိုင်ဘက်ကင်း အလင်းဒြပ်စင်အငွေ့အသက် ရှိနေခြင်းပင်။

အစ်ဇဘယ်လာ တုန်လှုပ်သွားခဲ့ပြီး မျက်လုံးထဲ၌ မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေသည်။ သူ၏ အသက်ရှူသံက အနည်းငယ် မူမမှန် ဖြစ်သွားခဲ့သည်။ “ဒါက...”

“ “လူလိမ်”တစ်ယောက် မင်းကို ပေးခဲ့တဲ့ ကတိကို မှတ်မိသေးလား။ နောက်ဆုံးတော့ အဲဒါကိုတည်ဖို့ အချိန်ရောက်ပြီ။” ချန်လွေ့က ပန်းအဖြူကို သူ့လက်ထဲသို့ ညင်ညင်သာသာ ကမ်းမေးလိုက်သည်။ “အရူးမလေး။ နှစ်၇၀၀က...တကယ် မလုံလောက်ဘူး။ ကိုယ်ပြောတာ ယုံ။ ကိုယ်တို့က အသက်ဆုံးတဲ့အထိ အတူတူ နေကြမှာ။”

အစ်ဇဘယ်လာက ပန်းကိုကိုင်ထားရင်း အနည်းငယ် တုန်လှုပ်နေခဲ့သည်။ အတိတ်မှ မြင်ကွင်းများက သူ၏စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။

“ကျွန်မက သိဒ္ဓိအလင်းတောင်က နှင်းဒဲလက်ပန်းကို လိုချင်ရင်ကော။”

“သိဒ္ဓိအလင်းတောင်ကို သွားပြီးတော့ မင်းအတွက် နှင်းဒဲလက်ပန်း မခူးပေးရသေးဘူး။ အဲဒါကြောင့် မင်းထွက်သွားလို့ မရဘူး...”

“တစ်ရက်ရက်ကျရင်ပေါ့...ငါတို့ ပြန်ဆုံကြမှာပါ။ တစ်ရက်ကျရင် ငါကိုယ်တိုင် နှင်းဒဲလက်ပန်းကို ခူးပြီးတော့ မင်းကိုပေးမယ်။ ဒါပေမဲ့ အဲဒါက တစ်ရက်ကျမှာပါ။ ငါက လူလိမ်လေ။ လူလိမ်စစ်စစ်။ ငါ့ကို သိပ်ပြီး မယုံထားနဲ့....” အပြာရောင်မျက်လုံးထဲမှ ပုလဲသဖွယ် မျက်ရည်စများ ကျလာခဲ့သည်။

နှင်းဒဲလက် သိဒ္ဓိပန်း.....

တစ်ခုတည်းသော ဇစ်မြစ် တည်နေရာက လူသားလောကရှိ သိဒ္ဓိအလင်းတောင် ဖြစ်သည်။

ထိုလူက သူ့ကို အတော်များများ ပေးခဲ့ပြီးပြီဟု ထင်ထားခဲ့သော်လည်း ထင်ထားသည်ထက် ကျော်လွန်နေမည်ဖြစ်ကြောင်း မထင်ထားခဲ့ပေ။

နှင်းဒဲလက်ပန်းကို ခူးတဲ့ အခက်အခဲကို ပေးဖယ်ထားဦး။ နတ်ဆိုးဘုံနဲ့ လူသားလောကကို အပြန်အလှန်သွားရတာကိုက ကြီးမားတဲ့စွန့်စားမှုတစ်ခု ဖြစ်နေပြီ။

အမှန်တကယ်၌ ထိုအပိုင်းတွင် အစ်ဇဘယ်လာ မှားယွင်းနေ၏။ [ ကြယ်ဂိတ် ]တွင် အန္တရာယ် လုံးဝမရှိပေ။ သို့သော် ယုံကြည်မှုသလင်းကျောက် စုစည်းခဲ့ပြီး နှင်းဒဲလက်ပန်းကို ခူးယူခဲ့သော ထိုသူက အမှန်တကယ် ကြီးမားလှသော အန္တရာယ်များကို ကြုံတွေ့ခဲ့ရသည်။ သူက အဆုံးတွင် တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကိုပင် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရ၏။

“အင်း...” သူက ပျော်ရွှင်စွာဖြင့် တလက်လက် ဖြစ်နေသော အပြာရောင် မျက်လုံးကို ပိတ်လိုက်ပြီး သူ၏နှလုံးသားထဲမှ နောက်ဆုံး ရေခဲအပိုင်းအစကို ချိပ်ပိတ်လိုက်၏။ သူက ထိုရင်ခွင်၏ နွေးထွေးမှုထဲ၌ လုံးဝ အရည်ပျော်သွားခဲ့လေပြီ။ ဟုတ်တယ်။ အမြဲတမ်း အတူတူ ရှိနေမယ်။ သေသေရှင်ရှင် ဂရုမစိုက်ဘူး။

All Chapters