← Chapters

ဉာဏ်အလင်းပွင့်မှု နှင့် ရန်သူဟောင်း

Vol. 45 Ch. 710

ဉာဏ်အလင်းပွင့်မှု နှင့် ရန်သူဟောင်း

Vol. 45 Ch. 710

နောက်တစ်နေ့၌ အမှောင်လ၏ မဒမ်-လော့ဒ်က နေမကောင်းကြောင်း ကြေညာပြီး ဧည့်သည်များကို ထပ်မတွေ့ပြန်ပေ။

နေမကောင်းခြင်းက အချိန်အတော်ကြာပြီးမှ ပြန်လည်ဆုံတွေ့ပြီးနောက် ငမ်းငမ်းတက် ညတစ်ညကြောင့် ဖြစ်ခဲ့ခြင်းပင်။ ယခုတွင် အသီနာက အိပ်ယာပေါ်တွင် အိပ်မောကျနေပြီး အထူးခန္ဓာအမျိုးအစားရှိသော အစေခံမလေးနှင့် မစ်-နတ်မိမိယ်နဂါးတို့ပင် ခြွင်းချက် မဟုတ်ကြပေ။

ပင်ပန်းသော နွားများသာရှိပြီး လယ်ထွန်လွန်သွားခြင်းမရှိဟူသော စကားလုံးတစ်ခု ရှိ၏။ သို့ရာတွင် ယခု ချန်လွေ့က အလွန်ပင် အားအင်တက်ကြွနေသည်မှာ သိပ္ပံနည်းမကျပေ။ ထို့ပြင် သူက မနက်စောစော အိပ်ယာနိုးလာခဲ့သည်။ ထိုအရာက [ နှစ်သွယ်လေ့ကျင့်ခြင်း ] ပထမဆုံး အလိုအလျောက်စွမ်းရည်၏ မှော်ဆန်သော သက်ရောက်မှု ဖြစ်နေ၏။ စိတ်ထင်၍ ဖြစ်နိုင်ပေသည်။ အစစ်အမှန်မီးတောက် အချုပ်အနှောင် ပြောင်းလဲခြင်းနှုန်းသည်ပင် ပုံမှန်ထက် အနည်းငယ် မြန်သွားဟန်တူသည်။

ချန်လွေ့က ချစ်ရသော မိန်းမသုံးယောက်၏ အိပ်မက်များကို မနှောင့်ယှက်ခဲ့ပေ။ သူက တိတ်တိတ်လေး ထလာပြီး အဝတ်အစားဝတ်ကာ မီးအိမ်ဝိညာဉ် အစောင့်များအား သူ့တို့ကို မနှောင့်ယှက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက [ ကြယ်ဂိတ် ] ကိုဖွင့်ပြီး ကြယ်ကြွေတမန် မြို့တော်သို့ ရောက်လာခဲ့သည်။

အိုလီဖီးရက်စ်၏ အဖေကြောင့် အစ်ဇဘယ်လာကိစ္စကို လုံးဝ မဖြေရှင်းရသေးပေ။ သို့သော် သူ၏အသက်က နှင်းဒဲလက်ပန်းကြောင့် စိတ်ချရပြီ ဖြစ်သည်။ ယခုတွင် ချန်လွေ့က ဆရာ ထယ်တင်းနစ် နေရာသို့ သွားနေခြင်း ဖြစ်သည်။

ယခုတွင် ဖွန်ဆက်(စကိုင်း)က‌ ရှေ့ထွက်လာပြီး ကြယ်ကြွေတမန် ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ ဖြစ်လာပြီး အဂ္ဂိရတ်ပညာရှင် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ အဲဒက်စ်က ထယ်တင်းနစ်၏ အမွေအနှစ် အစစ်အမှန်ကို လက်ခံရရှိခဲ့ပြီး ချန်လွေ့ပေးထားခဲ့သော ဆေးရည်မည်းများကြောင့် သူ၏ ဆေးဝါးအသိပညာက တဟုန်ထိုး တိုးတက်လာခဲ့သည်။ ရှီရာ၏ အထောက်အပံ့နှင့်အတူ သူကလည်း ဆေးရည်ပညာရှင် အစည်းအရုံး၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ထယ်တင်းနစ်က ကြယ်ကြွေတမန်မြို့တော်ရှိ အိမ်တစ်လုံး၌ တံခါးပိတ် နေနေခဲ့ခြင်း ဖြစ်သည်။ သူက ပုံမှန်အားဖြင့် အိမ်ထဲ၌နေပြီး သုတေသန ပြုလုပ်တတ်သည်။ ဖွန်ဆက်နှင့် သူ့မိန်းမတို့က တစ်ခါတစ်ရံ၌ အလျန်နှင့် အိဗ်တို့ကိုခေါ်ပြီး သူ့ဆီ လာလည်လေ့ရှိသည်။ အဲဒက်စ်ကလည်း သူ့ထံသို့ တစ်ခါတစ်ရံ ရောက်လာသည်။ နေ့ရက်များက အေးဆေးပြီး လွတ်လပ်နေ၏။ သေရေးရှင်းရေး တိုက်ပွဲသာ အနားမကပ်နေဘူးဆိုရင်ပေါ့။

“နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီလဲ။” အဘိုးအိုက ချန်လွေ့၏ မိန်းမများကဲ့သို့ မတည်ငြိမ်နေပေ။ ချန်လွေ့ ပေါ်ထွက်လာသည်ကို မြင်သောအခါ သူက ရုတ်တရက် ဆူပူအော်ဟစ်တော့သည်။ အကြောင်းအရာများက မိန်းမများပေါ်၌ ဉာဏ်ပညာကို ဆုံးရှုံးသော တစ်စုံတစ်ယောက်ကို စွပ်စွဲနေပြီး အလုပ်ကောင်းကောင်း မလုပ်ကြောင်း၊ အဂ္ဂိရတ် ပါရမီများကို အလကားဖြုန်းနေကြောင်း စသဖြင့် ဖြစ်လေ၏။

ချန်လွေ့ ရှင်းပြချင်သော်လည်း ကြားဖြတ်ပြော၍မရသည့်အတွက်ကြောင့် အဘိုးအိုကို အရင်ဆုံး ဆူပူကြိမ်းမောင်းခွင့် ပေးလိုက်ရသည်။

အဘိုအိုက သူ့ကို ခဏကြာ ဆူပူကြိမ်းမောင်းနေခဲ့သည်။ ချန်လွေ့က ထုံထိုင်းနေပြီး ဂရုမစိုက်ကြောင်း မြင်သည့်အခါ သူက စာအုပ်ပါးလေးတစ်ခုကို ဟွန့်ခနဲ ပစ်ပေးလိုက်သည်။ “ငါ့ရဲ့ ယန္တရားပညာရပ် အသိပညာတွေအားလုံး ဒီမှာရှိတယ်။ အဲဒက်စ်ကိုလည်း ငါ ဆေးဝါးပညာ စာအုပ်တစ်အုပ် ပေးပြီးသွားပြီ။ မင်းလိုရင် အကိုးအကားအတွက် သူ့ကို မေးလို့ရတယ်။ အသုံးမဝင်ရင်တော့ အရည်အချင်းရှိတဲ့ ယန္တရာဆရာသခင်တစ်ယောက်ကို ရှာပြီးတော့ လွှဲပေးလိုက်။”

ထိုစာအုပ်က အသစ်ရေးထားခြင်းဖြစ်ပြီး တစ်ဘဝလုံး ကြိုးစားခဲ့သည်များ စုဆောင်းထားခြင်း ဖြစ်ကြောင်း ချန်လွေ့ မြင်လိုက်ရသည်။ အဘိုးအိုက အပြင်းအထန် ဆူပူနေခဲ့သော်လည်း အဓိကအားဖြင့် တပည့်နှစ်ယောက်အတွက်သာ ဖြစ်သည်။ ထိုလုပ်ရပ်က.. အသေအချာပင် သူသေဆုံးရန်အတွက် အပြင်ဆင်များ လုပ်နေခြင်းပင်။

ချန်လွေ့က အပြုံးနှင့် စာအုပ်ကို လက်ခံလိုက်ပြီး ဓားတစ်လက်ထုတ်ကာ စားပွဲပေါ်၌ တင်လိုက်သည်။ ထိုဓားက အလွန်ပင် သာမန်သာ ဖြစ်သည်။ အဆင့်အရ ထူးကဲအဆင့်သို့ ရောက်ရုံသာရှိသော်လည်း ထူးဆန်းသော စိတ်ဝိညာဉ်တစ်ခု ရှိနေ၏။

အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အကြည့်က ရုတ်တရက် လေးနက်သွား၏။ သူက ဓားကို သေသေချာချာ ကောက်ကိုင်လိုက်သည်။ သူ ကြည့်လေလေ ပို၍ အံ့သြလာလေလေ ဖြစ်လာသည်။ သူ့လက်များ အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ “မင်း....ဒီဓားကို သွန်းလုပ်ခဲ့တာလား။”

“မဟုတ်ပါဘူး။” ချန်လွေ့က ခေါင်းခါသည်။ “ကျုပ်က အဲ.... ဒီတစ်ခေါက် ပင်လယ်သေကို သွားခဲ့ပြီးတော့ တစ်ကိုယ်တည်း နေနေတဲ့ ယန္တရား မဟာဆရာသခင်တစ်ယောက်နှင့် တွေ့ခဲ့တာ။”

ထယ်တင်းနစ်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ “အဲဒီမဟာဆရာသခင်က ဘယ်လိုပုံမျိုးရှိလဲ။ မျက်လုံးတစ်လုံးကန်းနေတဲ့ မဟာနတ်ဆိုးလား။”

“မဟုတ်ဘူး။ အမှောင်နတ်သူငယ် တစ်ယောက်ပါ။ သူက ကျုပ်ကို အတွေးအမြင်တွေ အများကြီး ပေးခဲ့တယ်။ ဒီဓားက သူ့လက်ရာပဲ။” ယခုတစ်ခေါက် လူသားလောကသို့ ခရီးသွားခဲ့ခြင်းက အလွန်ပင် ဆန်းကြယ်လွန်းလှသည်။ ထို့ကြောင့် ချန်လွေ့က ရှင်းရှင်းလင်းလင်း မပြောပြခဲ့ပေ။ သို့သော်လည်း သူက ကျောက်စိမ်းသစ်တောပင်လယ်ရှိ မဟာဆရာသခင် နှစ်ယောက်ထံမှ ရရှိထားခဲ့သော ယန္တရားပညာရပ် အတွေ့အကြုံများကို အပြည့်အဝ ရှင်းပြခဲ့သည်။

ထယ်တင်းနစ်က သေသေချာချာ နားထောင်နေရင် တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။ “ယန္တရားပညာဆိုတာ အသက်ကို ဖန်တီးတာလား။ အသက်....”

အဘိုးအိုက အတွေးထဲ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားဟန်တူပြီး ချန်လွေ့ကို လျစ်လျူရှုလိုက်သည်။ ဓားကိုကိုးကားပြီး သူက ခြံဝန်းထဲ၌ ခင်းကျင်းထားသော ပန်းပဲဖိုတွင် စတင်၍ တူထုနေတော့သည်။

ဓား၏ အစပုံစံ တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ချန်လွေ့၏ မျက်လုံးထဲ၌ ထိုအစပုံစံက ဒဏ္ဍာရီလာအဆင့် လက်နက်ကို ဖန်တီးနိုင်ပေသည်။ သို့သော်လည်း အဘိုးအိုက စိတ်ရှုပ်စွာဖြင့် ၎င်းကို ပစ်လွှတ်လိုက်သည်။ “မဟုတ်ဘူး...”

“ဒီလိုလေးနက်တဲ့ အမှန်တရားမျိုးကို ဒီလိုမသေမသပ် နည်းလမ်းမျိုးနဲ့ ဖော်ပြလို့ ရနိုင်မှာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“မှားပြန်ပြီ။”

“…”

အဘိုးအို၏ အမူအရာက ပျော်ရွှင်မှုနှင့် ဒေါသကြားထဲတွင် အသွားအပြန် ဖြစ်နေခဲ့သည်။ ခဏကြာ တူထုနေပြီးနောက် သူက ဓားကို မကြည့်တော့ဘဲ စဉ်းစားနေလိုက်သည်။ ထို့နောက် စတင်၍ တူထုလိုက်ပြန်သည်။

ထိုအရာက တစ်ဆို့မှုကို ချိုးဖောက်တော့မည့် လက္ခဏာတစ်ခုဖြစ်ကြောင်း ချန်လွေ့ သိသည်။ သူက စူပါစနစ်ရှိ သန့်စင်ခြင်းအခန်း၌ တူညီသော အတွေ့အကြုံ ရှိခဲ့ပြီး ရူးသွပ်မတတ် ဖြစ်သွားခဲ့သည်။ ထယ်တင်းနစ်က နှစ်ပေါင်းများစွာ အသိပညာကို ဆက်ခံထားသော မဟာဆရာသခင်-ယောက် ဖြစ်ပြီး ကိုယ်ပိုင် စုဆောင်းထားမှုများက အလွန်ပင် ကြွယ်ဝလှသည်။ မဟာဆရာသခင် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ခြင်း ဖြစ်၏။ လိုအပ်နေသောအရာမှာ ဉာဏ်အလင်းပွင့်ရန်သာ ဖြစ်ပေသည်။

၎င်းကို နားလည်သဘောပေါက်နိုင်သည်နှင့် သူက ထိုအလွှာကို ဖောက်ထွင်းပြီး နယ်ပယ်အသစ်တစ်ခုဆီသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်၃ရက် ကုန်ဆုံးသွားခဲ့သည်။ ထယ်တင်းနစ်က အိပ်ပင် မအိပ်ဘဲ ဆက်လက်၍ ဓားထုလုပ်နေခဲ့သည်။ ဗိုက်ဆာနေသောအခါ သူက စားပွဲပေါ်၌ စားရန် ချန်လွေ့ တင်ထားသောအရာကို ကောက်ယူလိုက်သည်။ သူက မည်သူ့ကိုမှ စကားမပြောခဲ့ပေ။ သူက အနားယူချိန်တွင်ပင် ဓားကို ကိုင်ထား၏။

ချန်လွေ့က ထယ်တင်းနစ်ကို အဖော်ပြုနေခဲ့သည်။ သူက လီဆာနှင့် အဲဒက်စ်သို့ လာမလည်ရန်အတွက်လည်း ကူညီပေးသည်။

တတိယမြောက်ရက် နေ့လယ်ပိုင်းတွင် ထယ်တင်းနစ်က သူ့ဘဝအတွက် အဖိုးတန်သော ဓားကို မီးဖိုထဲသို့ ရုတ်တရက် ပစ်ထည့်လိုက်ကာ မဟာဆရာသခင်မှ ဓားကို တဖြည်းဖြည်း အရည်အခြေအနေသို့ ပြောင်းလဲသွားစေလိုက်သည်။

ခဏကြာပြီးနောက် ထယ်တင်းနစ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူက သံကို အစိုင်အခဲ ဖြစ်ပြီး သန့်စင်ကာ ပုံသွင်းရန် ထုလုပ်တော့သည်။ လုပ်ငန်းစဉ်များက စမ်းချောင်းကဲ့သို့ စီးဆင်းနေပြီး တစ်ခေါက်တည်း ပြီးစီးသွားတော့သည်။

ခဏအကြာတွင် သူ၏မျက်လုံးအရှေ့၌ အသက်စက်စက် ဓားတစ်လက် ထွက်ပေါ်လာ၏။ ထိုဓားက ဘန်းဒ်၏ ခပ်ကြမ်းကြမ်းပုံစံနှင့် လုံးဝကွဲပြားသည်။ ၎င်းက ကောင်းမွန်ပြီး အနုစိတ်သော အငွေ့အသက် ရှိသော်လည်း နှစ်ခုလုံးက စိတ်ဝိညာဉ်အငွေ့အသက်တစ်ခု ရေးရေးလေး ထုတ်လွှတ်နေသည်။

ထိုဓား၏ စိတ်ဝိညာဉ်က ဖျက်ဆီးလိုက်သောဓားလောက် မကောင်းသည်မှာ သေချာသော်လည်း ထိုအရာက အသက်ဖူးကဲ့သို့..... စိတ်ဝိညာဉ်ပင် ဖြစ်နေသေးသည်။

“ဟားဟား...” ထယ်တင်းနစ်၏ ပုံမှန် တင်းမားသောနေရာမျက်လုံးက ပြောင်းလဲသွားပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ မဟာဆရာသခင်တစ်ယောက်၏ ဓားကို ဆုံးရှုံးခဲ့သော်လည်း သူက အကျိုးအမြတ် ပိုမိုရရှိခဲ့သည်။

“ဂုဏ်ယူပါတယ်။ ဆရာက နောက်ဆုံးတော့ မဟာဆရာသခင် အစွန်အဖျားကို တကယ် ထိနိုင်သွားပြီ။” ချန်လွေ့က စိတ်ထဲ၌ ငိုကြွေးနေခဲ့သည်။ ငါ့လိုမျိုး စူပါစနစ်ရဲ့ “ဖန်တီးခြင်း” ဥပဒေကို သုံးပြီးတော့ အဂ္ဂိရတ်လမ်းစဉ်ကို ရှုမြင်တာမျိုး မဟုတ်ဘဲ ထယ်တင်းနစ်က အခုလက်ရှိလမ်းစဉ်ကနေ သူ့ကို ကန့်သတ်ထားတာတွေကို ချိုးဖောက်ပြီးနောက် ကိုယ်ပိုင် လမ်းစဉ်ကို ရှာတွေ့သွားခဲ့တယ်။ ကွဲပြားတဲ့လမ်းကြောင်းတွေက ပန်းတိုင်တစ်ခုတည်းကို ဦးတည်သွားခဲ့တာပဲ။

“အစွန်အဖျားကို ထိနိုင်သွားပြီ ဟုတ်လား။” ထယ်တင်းနစ်က ချန်လွေ့ကို လေးလေးနက်နက် ပြောလိုက်သည်။ “မင်းက တကယ်ပဲ....”

“ဟီးဟီး။ ကျုပ်က ဆရာ့ထက် အများကြီး နိမ့်ကျပါတယ်။” ချန်လွေ့က ခေါင်းကုတ်ပြီး မငြင်းခဲ့ပေ။ သူက အမှန်တကယ်၌ ၎င်းကို နားလည်ရန် စူပါစနစ်ထဲ၌ ရက်ပေါင်းရာနှင့်ချီ ကြာခဲ့သော်လည်း ထယ်တင်းနစ်က သုံးရက်သာ ကြာခဲ့၏။ ထယ်တင်းနစ်၏ စုဆောင်းထားမှုက လက်ရှိ ချန်လွေ့ယှဉ်နိုင်သောအရာမျိုး မဟုတ်ပေ။

ထယ်တင်းနစ်၏ မျက်လုံးများက အံ့အားသင့်စွာဖြင့် တောက်ပသွားပြီး သူ၏ ကိုယ်ပိုင် အောင်မြင်မှုထက်ပင် ပို၍ ပျော်ရွှင်သွားသည်။ သူ့တွင် အချိန်သိပ်မကျန်တော့ပေ။ သူက မဟာဆရာသခင်အဆင့် အစွန်အဖျားကို ထိနိုင်သည့်တိုင် အားကောင်းသော ထိုရန်သူကို မယှဉ်နိုင်သေးပေ။ ချန်လွေ့က ဒီလိုအသက်အရွယ်မှာပဲ ငါနဲ့အဆင့်တူကို ရောက်နိုင်ခဲ့တယ်။ ဒီလို ပါးနပ်တဲ့ ပါရမီမျိုးကို အနှိုင်းမဲ့ ပါရမီရှင်လို့ပဲ ခေါ်လို့ရမယ်။ အချိန်ကြာလာရင် သူက နတ်ဆိုးဘုံ သမိုင်းကြောင်းမှာ အထွန်းတောက်ဆုံး အဂ္ဂိရတ် မဟာဆရာသခင် ဖြစ်လာမှာ သေချာတယ်။

ဒီလို ဆက်ခံသူမျိုးနဲ့ဆိုရင် ဒီအဂ္ဂိရတ်ပြိုင်ပွဲမှာ ငါ ရှုံးသွားရင်တောင် ပြုံးပြီးတော့ သေနိုင်မှာပဲ။

ထိုအချိန်၌ ထယ်တင်းနစ်က တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး ချန်လွေ့ကလည်း တံခါးကို ဖျပ်ခနဲ ကြည့်လိုက်သည်။ တံခါးကို ခေါက်သံတစ်သံ ထွက်လာ၏။ သူတို့က တံခါးကို မဖွင့်ရသေးခင်မှာပင် ခြံဝန်းထဲ၌ လူနှစ်ယောက် ရောက်နေပြီ ဖြစ်သည်။ ထိုသူနှစ်ယောက်အတွက် တံခါး၏ အကာအကွယ် မှော်စက်ဝိုင်းက ရှိနေပုံမရချေ။

နှစ်ယောက်လုံးက အနက်ရောင်ဝတ်ရုံများ ဝတ်ထားပြီး အလွန်ပင် လျို့ဝှက်ဆန်းကြယ်ပုံ ရသည်။

တစ်ယောက်က ထူးထူးဆန်းဆန်း ရယ်လိုက်၏။ “ထယ်တင်းနစ်။ မင်း ပျော်နေတာပဲ။”

မျိုးနွယ် - မဟာနတ်ဆိုး(သန္ဓေပြောင်း)

စွမ်းအားအကဲဖြတ်မှု - S

ခန္ဓာအမျိုးအစား - S-

ခွန်အား - S

စိတ်ဝိညာဉ် - S

အမြန်နှုန်း - S-

[ စိစစ်ချက် ] - မီးဂုဏ်သတ္တိ။

အန္တရာယ်အဆင့် - နိမ့်ပါး။

ယခုတွင် နတ်ဆိုးအရှင်သခင်အဆင့်က ချန်လွေ့၏မျက်လုံးထဲ၌ ခြိမ်း‌ခြောက်မှုတစ်ခု မဟုတ်တော့ပေ။ သူ့ကို အာရုံစိုက်သွားစေသည်မှာ နောက်ထပ် လူတစ်ယောက် ဖြစ်၏။

မျိုးနွယ် - အလောင်းအောက်လမ်းပညာရှင်။

စွမ်းအားအကဲဖြတ်မှု - S+

ခန္ဓာအမျိုးအစား - A-

ခွန်အား - A-

စိတ်ဝိညာဉ် - S+

အမြန်နှုန်း - A-

[ စိစစ်ချက် ] - ကိုယ်ပွား။

အန္တရာယ်အဆင့် - အသင့်အတင့်။

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အလောင်း အောက်လမ်းပညာရှင်က အံ့သြစရာ မဟုတ်ပေ။ ချန်လွေ့ကို တိတ်တဆိတ် တုန်လှုပ်သွားစေသည်မှာ [ စိစစ်ချက် ] က ပြသသော ကိုယ်ပွားဆိုသည့်အရာ ဖြစ်သည်။ ချန်လွေ့က ပင်လယ်သေရှိ အမုန်းတရားနယ်မြေထဲ၌ သေရွာပြန်ဘုရင် ဂလိုရီယိုစ်နှင့် ကြုံတွေ့ခဲ့ရဖူးပြီး ဂလိုရီယိုစ်က တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ဝိညာဉ်က သိဒ္ဓိနဂါး၏စွမ်းအားကြောင့် ကန့်သတ်ခံထားရပြီး နတ်ဆိုးအရှင်သခင်အဆင့် ကိုယ်ပွားအနေဖြင့်သာ ပေါ်ထွက်လာရသည်။ အကျိုးဆက်အနေဖြင့် အမှောင်ဒြပ်စင်ဘုရင်နှင့် ချန်လွေ့တို့ ပူးပေါင်းပြီး သူ၏ အသက်သေတ္တာကို ဖျက်ဆီးခဲ့သည်။

ယခုတွင် ချန်လွေ့ အရှေ့၌ နောက်ထပ် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော အလောင်းအောက်လမ်းပညာရှင်တစ်ယောက် ပေါ်ထွက်လာပြန်သည်။ ဒါဆိုရင် ဒီကိုယ်ပွားရဲ့ မူလခန္ဓာကိုယ်က တိုင်းပြည်အဆင့် ဖြစ်ဖို့များတယ်။ ထိုသို့တွေးမိပြီးနောက် ချန်လွေ့၏ အကြည့်က ရုတ်တရက် လေးနက်သွားခဲ့သည်။

“ဆာမန်....” ထယ်တင်းနစ်က အံကြိတ်လိုက်ပြီး ချန်လွေ့က မျက်ခုံးပင့်လိုက်သည်။ ဒီဝတ်ရုံနဲ့လူက ဆရာ့ရဲ့ ဆရာကို လွန်ခဲ့တဲ့ နှစ်ပေါင်း၉၀၀၀တုန်းက လိမ်ညာပြီး သတ်ပစ်ခဲ့တဲ့ ဆရာရင်ဆိုင်ရမယ့် ရန်သူဟောင်း အဂ္ဂိရတ်ပညာရှင် ဆာမန်ပဲ။

ဆာမန်က ခေါင်းပေါ်မှ ဝတ်ရုံကို ဆွဲချလိုက်သည်။ သူက သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်နှင့် တူသည်။ သူက မျက်လုံးတစ်လုံးကန်းနေပြီး မျက်နှာပေါ်၌ အမာရွတ် အနည်းငယ်ရှိနေကာ အ‌‌တော်လေး ကြောက်စရာကောင်းနေသည်။

“ငါ့ကို မကြိုဆိုဘူးလား။” ဆာမန်၏အသံက ဆိုးဆိုးဝါးဝါး အက်ကွဲနေ၏။ “မင်းကို မင်းဆီကို အထူးတလည် လာလည်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ မင်းရဲ့ အသက်က ငါ့အပိုင်ပဲလေ။ ဒါနဲ့ မင်းဆီမှာတော့ ၃လလောက် ရှိနေဦးမှာပေါ့။”

ဆာမန်က နတ်ဆိုးဘုံရှိ ယန္တရားမဟာဆရာသခင် ရိုဆန်ဘာ့ချ်၏ တပည့် ဖြစ်သည်။ ရိုဆန်ဘာ့ချ်နှင့် နောက်ထပ် ဆေးရည်မဟာဆရာသခ်တို့ ဖန်တီးထားသော အမွေအနှစ် သလင်းကျောက်ကို တပ်မက်ခဲ့သည့်အတွက် သူက စစ်ဆေးမှုအနိုင်ရရှိသူ ဒါဝေါကို သတ်ပစ်ခဲ့ပြီး ဆရာဖြစ်သူ ရိုဆန်ဘာ့ချ်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ ရိုဆန်ဘာ့ချ်က အမွေအနှစ် သလင်းကျောက်တွင် အထူးစာချုပ်တစ်ခု ထည့်သွင်းလိုက်ပြီး နှစ်ပိုင်းဖြစ်စေကော ဒါဝေါနှင့် ဆာမန်တို့နှစ်ယောက်ဆီသို့ အသီးသီး ကျရောက်သွားခဲ့သည်။ ထို့ကြောင့် နှစ်‌ယောက်လုံးက တစ်ချိန်တည်းမှာပင် သလင်းကျောက်၏ ဆက်ခံသူများ ဖြစ်သွားကြသည်။

စာချုပ်စွမ်းအားကြောင့် ဒါဝေါပြန်ရှင်လာပြီး သူ့ကို ဆာမန် မသတ်နိုင်တော့ပေ။ ပြိုင်ဘက်၏ အသက်ကို အနိုင်ယူပြီး စည်းမျဉ်းကို အသုံးချမှသာ သူက စာချုပ်ကို လုံးဝ ဖယ်ရှားပြီး အမွေအနှစ်အားလုံးကို ရယူနိုင်မည် ဖြစ်သည်။ ပြိုင်ဘက်ကို အခြားနည်းလမ်းဖြင့် သတ်ပစ်ခဲ့လျှင် အမွေအနှစ်အပြည့်အစုံကို ရရှိမည်မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာ တန်ပြန်မှု တစ်ခုကို ခံစားရပေမည်။ ထိုကဲ့သို့ အမှတ်အသားမျိုးက အလွန်ပင် အံ့သြဖွယ်ရာကောင်းလှပြီး နှစ်တစ်သောင်း စာအချုပ်ကာလအတွင်း ဆက်ခံမှုနည်းလမ်းဖြင့် မျိုးရိုးစဉ်ဆက် ကမ်းလှမ်းနိုင်၏။

ထို့ပြင် ရိုဆန်ဘာ့ချ်က မတုံ့မဆိုင်းဘဲ အသက်ကို ကြားခံအနေဖြင့် လောင်ကျွမ်းကာ ဆာမန်ပေါ်၌ အင်အားအကြီးဆုံး ကျိန်စာတိုက်ခဲ့သည်။ ကျိန်စာ၏ အရေးအပါဆုံး ကန့်သတ်မှုမှာ ဆာမန်၏ အမှတ်အသားကို လွှဲပြောင်းပေး၍ မရခြင်းပင်။ ဆိုလိုသည်မှာ ဆာမန် တစ်ကြိမ် ရှုံးနိမ့်သည်နှင့် အမှန်တကယ် သေဆုံးသွားမည် ဖြစ်သည်။ ရလာဒ်အနေဖြင့် နှစ်ဖက်လုံး၏ အမှတ်အသားတိုက်ပွဲက နှစ်တစ်သောင်း ကြာမြင့်လာခဲ့သည်။ သို့သော်လည်း ဆာမန်က အံ့သြဖွယ်ရာအချို့ တွေ့ကြုံခဲ့ပြီး လက်ရှိအချိန်အထိ လုံးဝ မရှုံးနိမ့်သွားဘဲ အသက်ရှင်နေဆဲ ဖြစ်သည်။ ထယ်တင်းနစ်၏ ဆရာက ဆာမန်၏လက်ထဲ၌ ရှုံးနိမ့်ပြီး အသက်ဆုံးသွားခဲ့ရသည်။ ထယ်တန်းနစ်နှင့် ယှဉ်ပြိုင်မှုက နှစ်ပေါင်းတစ်သောင်းအတွင်း နောက်ဆုံးအကြိမ် ဖြစ်ပေသည်။

ထိုတစ်ကြိမ် ပြီးသွားသည်နှင့် ဆာမန်က စာချုပ်နှင့် ကျိန်စာ၏ အချုပ်အနှောင်မှ လုံးဝ လွတ်မြောက်သွားမည် ဖြစ်သည်။

All Chapters