အတင်းလက်ထပ်စေခြင်း
Vol. 45 Ch. 712
နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် ချန်လွေ့ အိမ်ပြန်ရောက်လာသာအခါ နေ့လယ်စာ စားချိန် ရောက်နေပြီ ဖြစ်သည်။
ပုံမှန်အတိုင်းပင် အိုလီဖီးရက်စ်က ပါ့ဂ်လီအိုနှင့် ရိုမန်တို့နှင့် ပြင်းထန်သော အစားတိုက်ပွဲ ကျင်းပနေပြီ ဖြစ်သည်။ ကျောင်းသားတူလေးနှင့် ဆရာသခင် အဆိပ်နဂါးတို့က အလိုက်သိသော သူများ ဖြစ်ကြသည်။ မစ်-နဂါးနက်၏ နတ်ဘုရားတစ်ပိုင်းအဆင့် အဖေက ဘေးဖက်မှ သေသေချာချာ စိုက်ကြည့်နေသော်လည်း သူတို့က လုံးဝ အလျှော့မပေးချင်ကြပေ။ ထိုအရာက ဆရာသခင်အဆိပ်နဂါး ပြောနေကျအတိုင်း ဖြစ်၏။ “သေရမယ်ဆိုရင်တောင် စားချင်သေးတယ်။”
ထိုအစားကြီးသုံးယောက်နှင့်ယှဉ်လျှင် မစ်-မြနဂါး ခရိုဘဲလက်စ်နှင့် မစ်-နဂါးနက် ဂျူလီယာတို့က အတော်လေး ကျက်သရေ ရှိလှသည်။ အစစ်အမှန် ကျယ်သရေရှိသော ဒေလီယာကိုတော့ လုံးဝ မယှဉ်နိုင်ပေ။
ပန်းကန်တိုက်ပွဲ၊ စူးရှသော အကြည့်များနှင့် ကျယ်လောက်သော ဝါးသံများက ထမင်းစားခုံမှ သီးချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
အိုလီဖီးရက်စ်က မြေပြင်ပေါ်၌ သေရည်သောက်နေပြီး သမီးဖြစ်သူကို အလိုလိုက်ရန် မရည်ရွယ်ထားခဲ့ပေ။ အိုလီဖီးရက်စ်က အမှန်တကယ် ပျော်နေပြီး ထိုမိတ်ဆွေများနှင့် နေရခြင်းကို တကယ်သဘောကျကြောင်း သူ မြင်နိုင်ပေသည်။
ဆာ-နဂါးဧကရာဇ်က မိသားစုကို အလွန်အကျွံ ကာကွယ်တတ်သူမျိုး ဖြစ်သည်။ အဆိပ်နဂါးစုတ်နှင့် ထိုရိုမန်တို့က အိုလီဖီးရက်စ်၏ စားစရာကို လုယူရဲခဲ့သည်။ ထိုအခြင်းအရာကို “လမ်းညွှန်ပြသမှု” လေ့ကျင့်ရေး မတိုင်ခင်အထိ စိတ်ထဲမှတ်ထားရမည် ဖြစ်သည်။
အိုလီဖီးရက်စ်က အောင်အောင်မြင်မြင်နှင့် ဂေါ်ဖီတစ်ပွဲကို လုယူနိုင်ခဲ့ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိကာ အစ်ဇဘယ်လာကို ကမ်းပေးလိုက်သည်။ “အစ်မက ဒါကြိုက်တယ်။”
နတ်ဘုရားတစ်ပိုင်း ဖခင်ဖြစ်သူက အိုလီဖီးရက်စ်သည် ဖခင်ဖြစ်သူအရှေ့၌ စားစရာပင် မချပေးသည့်အတွက် အနည်းငယ် မနာလို ဖြစ်သွားခဲ့သည်။ အစ်ဇဘယ်လာက ခြွင်းချက်ဖြစ်၏။
“ကျေးဇူးပါပဲ။ ငါ တစ်တုံးပဲ စားမယ်။” အစ်ဇဘယ်လာက ပြုံးပြရင်း တစ်တုံးကို ခက်ရင်းနှင့်ထိုးကာ မစ်-နဂါးနက်၏ ချစ်စရာကောင်းလောက်အောင် ဖြစ်နေသော ပါးစပ်ဖောင်းဖောင်းကို ကြည့်လိုက်သည်။ “ဖြည်းဖြည်းစား။ အိုလီဖီးရက်စ်။ ချန်လွေ့လာရင် နင့်အတွက်စားဖို့ အကင် ကင်ခိုင်းမယ်။”
မစ်-နဂါးနက်က အသည်းအသန် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ၏ မျက်လုံးများ အရောင်တောက်သွားပြီး တံခါးကို လက်ညှိုးထိုးပြကာ ဝိုးတိုးဝါးတား ပြောလိုက်၏။ “အကင်...ရောက်လာပြီ။”
“ဘယ်သူလဲ ကြည့်ပါဦး။” ရိုမန်က ခုန်ထလာသည်။ “ခေါင်းဆောင် မဟုတ်လား။ မင်းက လေးငါးရက်ပြီးမှ ပြန်ရောက်လာတယ်။ ဆာ-ခေါင်းဆောင်။ မင်း အတော်လေး ကြိုးစားခဲ့တာပဲ။ အလုပ်လုပ်လွန်းပြီးတော့ ကျောက်ကပ်ချို့ယွင်းမှာ မကြောက်ဘူးလား။”
သူ စကားပြောနေစဉ်အတွင်း ရှေ့မှ ဟင်းသုံးပွဲ လုယူခံလိုက်ရသည်။ နှစ်ပွဲကို အိုလီဖီးရက်စ် ယူသွားခြင်းဖြစ်ပြီး တစ်ပွဲကို ပါ့ဂ်လီအိုက ယူသွားလေသည်။ နဂါးများက အမှန်တကယ်ပင် ပို၍ လက်တွေ့ကျလှသည်။ အရာရာမတိုင်ခင် သူတို့က ပြည့်ဝသည်အထိ လုစားကြ၏။
ချန်လွေ့က လူတိုင်း၏ ထူးဆန်းသော အကြည့်ကို အာရုံခံမိလိုက်သည်။ သူက ထေ့ငေ့ါပြောနေသူအား သေရည်ပုလင်းဖြင့် ပစ်ပေါက်ချင်သွား၏။ သူက အက်ဂ်လက်စ်ကို အနည်းငယ် ဦးညွှတ်ပြီး ဒေလီယာနှင့် ခရိုဘဲလက်စ်တို့ကို ပြုံးကာ ခေါင်းညိတ်ပြသည်။ ထို့နောက် သူက အစ်ဇဘယ်လာထံ တည့်တည့်သွားပြီး လူတိုင်းအရှေ့၌ သူ့လက်ကို ကိုင်လိုက်သည်။ “ရင်းနီ။ ကိုယ်တို့ တူလေးက နည်းနည်း ရိုင်းနေတဲ့ပုံပဲ။ ကိုယ်တို့တွေ သူ့ကို နောက်ကျ ဆုံးမရမယ်။”
ရိုမန်က ရုတ်တရက် ပြိုလဲသွား၏။ မည်သို့ပင် ဆိုစေကာမူ အစ်ဇဘယ်လာက အမှန်ပင် သူ၏ ဒေါ်လေးဖြစ်၏ ထိုမျိုးမစစ်ကောင်၏ မဒမ်-ဒေါ်လေး၏ ချစ်သူ ဖြစ်သည်။ အမှန်တကယ်၌ ထိုအဖြစ်အပျက်၏ မူလအကြောင်းရင်းက သူ ထုတ်ဖော်ပြခဲ့သော လျို့ဝှက်ချက်ကြောင့်ပင်။
“သူ့ကို တကယ်ပဲ ဆုံးမဖို့ လိုအပ်တယ်။” ချစ်သူကို ဦးစားပေးသည့် မဒမ်-ဒေါ်လေး၏ လူမဆန်သော စကားများကြောင့် တူလေးဖြစ်သူက ထောင့်နားတွင် ပုန်းနေကာ အဝိုင်းများ ရေးဆွဲလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူက ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ သူပြောတာ မှန်တယ်။ ရှင်က ဒီ၃ရက်အတွင်း မြို့တော်မှာ အလုပ်ကြိုးစားခဲ့တယ်။”
ချန်လွေ့က မဒမ်-ဒေါ်လေး၏ သိသာလေး မကျေနပ်ချက်များကို ကြားလိုက်ပြီး စွပ်စွဲမှုများကို အလျင်အမြန် ဖြေရှင်းလိုက်သည်။ အမှန်တကယ်၌ ယခင်၃ရက်အတွင်း သူက ထယ်တင်းနစ်ကို စောင့်ကြပ်နေခြင်းဖြစ်သည်။ ထို့နောက် သူသည် မနေ့ညက နန်းတော်သို့ သွားခဲ့ကာ ဧကရီအရှင်၏ စကားအကြာကြီး ပြောခဲ့ခြင်း ဖြစ်သည်။
ထိုညက သူ့လက်မောင်းထဲတွင် ဧကရီအရှင်မ လှဲနေခြင်း ဖြစ်သော်လည်း စကားများက အမှန်တကယ်ပင် လေးနက်လှသည်။ သူက အလုပ်ကြိုးစားရန် မျှော်လင့်ခဲ့သည်မှာ မှန်သော်လည်း လက်ထပ်ပွဲမတိုင်ခင် မစဉ်းစားသင့်ကြောင်း ဧကရီအရှင်မက ရှင်းရှင်းလင်းလင်း ပြောခဲ့လေသည်။
ကြယ်ကြွေတမန်အင်ပါယာ၏ လက်ရှိ စီးပွားရေးအဟုန်က အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။ အမှောင်လနှင့် အရိပ်စိမ်းဟူသည့် အဓိကနယ်မြေနှစ်ခုအပြင် ကျန်ရှိသည့် နယ်မြေ အကြီးအသေးများကလည်း အလေးပေးသော မူဝါဒများအောက်တွင် အလျင်အမြန် တိုးတက်လာကြသည်။ စစ်ပွဲ၊ ရန်ပုံငွေအလိမ်အပညာနှင့် အခြားအကြောင်းရင်းများကြောင့် ပိန်ပါးနေခဲ့သော မိသားစုများနှင့် လော့ဒ်များ၏ အိတ်ကပ်များကလည်း တဖြည်းဖြည်းနှင့် ဖောင်းလာပြန်သည်။ နယ်မြေအတွင်းရှိ နေထိုင်သူများ၏ ဘဝများကလည်း စတင်၍ တိုးတက်လာသည်။ အရေးကြီးဆုံးမှာ သူတို့က ပိုကောင်းသော အနာဂတ်ကို မြင်နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သစ္စာရှိမှုတို့ကလည်း အချိုးကျ တိုးတက်လာခဲ့၏။
မှော်ရုပ်မြင်သံကြားနှင့် သတင်းစာတို့က အင်ပါယာတလျှောက် နာမည်ကျော်နေပြီ ဖြစ်သည်။ မှော်ရုပ်မြင်သံကြား အရောင်းနှုန်းကလည်း အံ့သြဖွယ်ရာပင် ဖြစ်သည်။ ရုပ်မြင်သံကြားနှင့် သတင်းစာ ကြော်ငြာတို့မှ ဝင်ငွေများက တဖြည်းဖြည်း ထွက်ပေါ်လာပြီး စီးပွားရေးအများအပြား၏ အာရုံစိုက်မှုကို ရရှိလာစေခဲ့သည်။ အသေစိတ် စီမံခန့်ခွဲမှု၊ အကောင်အထည်ဖော်မှုနှင့် အခြားကိစ္စများကို အသစ်ဖွဲ့စည်းထားသော မီဒီယာဌာနက ကိုင်တွယ်၏။ တိုရိုမိသားစုမှ ခေါင်းဆောင် ရီဒိုတန်က ဝန်ကြီး ဖြစ်သည်။ မီဒီယာက စီးပွားရေး အကျိုးအမြတ်များထက် ပိုပေသည်။ နယ်မြေများက မြို့တော်မှအသံက ပထမဆုံးအကြိမ်အဖြစ် ကြားနိုင်ပြီ ဖြစ်သည်။ ထိုအရာက သတင်းပျံ့နှံ့ရန်အတွက် အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်ပေသည်။
အမျိုးမျိုးသော အကြောင်းရင်းများအောက်တွင် မြို့တော်၏ သဟဇာတဖြစ်မှုက တစ်နေ့ထက်တစ်နေ့ တိုးပွားလာခဲ့သည်။ ဧကရီအနေဖြင့် ရှီရာ၏ နေရာကလည်း တည်မြဲလာခဲ့၏။
ပြင်ပပိုင်းတွင်တော့ အရိပ်နက်အင်ပါယာနှင့် ပူးပေါင်းမှုက အတော်လေး အောင်မြင်ခဲ့သည်။ စာချုပ်ထဲမှတစ်ခုက နှစ်အင်ပါယာက တိုက်ပွဲဘောလုံးလိဂ်က ပူးတွဲကျင်းပမည်ဖြစ်ပြီး ထိုအရာက သွေးရောင်အင်ပါယာမှ ပရိသတ်များအပါအဝင် နတ်ဆိုးဘုံရှိ ပရိသတ်များအားလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ရုပ်မြင့်သံကြားကလည်း တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး သတ်မှတ်ထားသော အချိန်အတွင်း ပြန်လည်ပြသပေမည်။ ထို့ကြောင့် သွေးရောင်အင်ပါယာမှ ကုန်သည်အများအပြားက မှော်ရုပ်မြင်သံကြား ဝယ်ယူရန်အတွက် ကြယ်ကြွေတမန်အင်ပါယာသို့ ဝင်ရောက်လာခဲ့ကြသည်။
သွေးရောင်အင်ပါယာ၏ အတွင်းရေး ပြဿနာများကတော့ ဆက်ဖြစ်နေဆဲပင်။ သို့သော် ဆက်တိုက် ရှုံးနိမ့်မှုအချို့ ကြုံခဲ့ရပြီးနောက် ဒုတိယမင်းသာ အက်မန်းက တဖြည်းဖြည်း အားနည်းလာခဲ့သည်။ သူက မှော်ဆရာခံတပ်မြောက်ဘက်ရှိ သံလက်သီးနယ်မြေ၌သာ တပ်စွဲထားသည်။ မမျှော်လင့်ထားသော အရာများ မဖြစ်ခဲ့လျှင် မဟာမင်းသား အလီရက်စ်က နောက်ဆုံး အောင်နိုင်မှု ရရှိသွားမည်ဖြစ်သည်။
နောက်ဆုံးတစ်ခေါက် လည်ပတ်စဉ်က ကတ်သရင်းက အသီနာနှင့် ပူးပေါင်းပြီး ဖရိုဖရဲ ဖြစ်နေသော သွေးရောင်အင်ပါယာကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ကို တမင်ထုတ်ပြခဲ့သည်။ ရှီရာက စကားလမ်းကြောင်းလွှဲခဲ့၏။ လက်ရှိ၌ ကြယ်ကြွေတမန်အင်ပါယာ လိုအပ်နေသည်မှာ နယ်မြေချဲ့ထွင်ရန် မဟုတ်ဘဲ ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။ သူတို့က အလောတကြီးနှင့် နယ်ချဲ့ခဲ့လျှင် ကျရှုံးနိုင်ပြီး အခြေခံအုတ်မြစ်ကိုပင် ဆုံးရှုံးရနိုင်သည်။ နတ်ဆိုးဘုံ၏ လက်ရှိ အခြေအနေအရ တည်ငြိမ်သော အခြေအနေမျိုး ထိန်းသိမ်းထားခြင်းက ကြယ်ကြွေတမန် အင်ပါယာအတွက် ပို၍ အကျိုးအမြတ်များပေသည်။
“အမ်...” မစ်-နဂါးနက်က နှာခေါင်းကို တွန့်လိုက်သည်။ “သူဌေး။ ဘာဖြူးလိုက်တာလဲ။ မွှေးနေတာပဲ။ အရင်က အကင်မှာ ဒီလိုအနံ့မျိုး မရှိဘူး။”
အက်ဂ်လက်စ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ “ဒါက ဇီရာပြာစေ့ ဖြစ်လောက်တယ်။ စီဇာပြာစေ့က နတ်ဆိုးဘုံမှာ အတော်လေး ရှားပါးတဲ့ အလင်းဒြပ်စင်အပင်ပဲ။”
“ဒါက တကယ်ပဲ ဇီရာပြာပါ။ ဆာ-နဂါးဧကရာဇ်က တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ။” ချန်လွေ့က အကင်များကို အိုလီဖီးရက်စ်ထံ ကမ်းပေးလိုက်သည်။
အိုလီဖီးရက်စ်က တစ်ကိုက်ကိုက်လိုက်ပြီး မျက်ရည်များ ကျလာတော့သည်။ “သိပ်..သိပ်...သိပ်ကောင်းတယ်။ သူဌေးက အတော်ဆုံးပဲ။ ဒါကို အကြိုက်ဆုံး။ သူဌေးပြန်လာတာ အရမ်းကောင်းတာပဲ။”
ချန်လွေ့ အနည်းငယ် ပြုံးလိုက်ပြီး အကင်များ ထပ်ပေးလိုက်သည်။ မစ်-နဂါးနက်က ဝါးတုတ်များကိုပင် စားမိလုမတတ် ဖြစ်သွားသည်။ အက်ဂ်လက်စ်က ၎င်းတို့အားလုံးကို မျက်လုံးထဲ၌ မြင်လိုက်ပြီးတော့ သေရည်တစ်ငုံ သောက်လိုက်၏။
“တကယ် မွှေးနေတာပဲ။” အနံ့နှင့် ဆွဲဆောင်ခံလိုက်ရသော တစ်စုံတစ်ယောက်က ပြုံးဖြီးဖြီးနှင့် ပြောလိုက်သည်။ “ဆာ-ဦးလေးက တကယ့်ကို အတော်ဆုံးပဲ။ ငါ ဒါကို အကြိုက်ဆုံးပဲ။ ဆာ-ဦးလေး ပြန်လာတာ အရမ်းကောင်းတာပဲ။”
စကားတစ်ခွန်းပြောပြီးနောက် သူ့ကို ပြုံးနေသော အစ်ဇဘယ်လာက နားရွက်ဆွဲလိမ်လလိုက်သည်။ သူက နာကျင်စွာဖြင့် အော်လိုက်သည်။ သို့သော်လည်း ဒေါ်လေးဖြစ်သူက သူ့ထက်ထဲသို့ အကင်တချို့ ကမ်းပေးလိုက်၏။
“အိုလီဖီးရက်စ်...” အက်ဂ်လက်စ်က ပြောသည်။ “ဒီကောင့်ကို သမီး တသက်လုံး အကင် ကင်ခိုင်းချင်လား။”
မစ်-နဂါးနက်က စားသောက်ရာ၌သာ စိတ်နှစ်ထားပြီး စကားပြောရန်ပင် အချိန်မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
“သမီး...သူ့ကို အနာဂတ်မှာ စားချက်တာ ချက်စေချင်လား။”
မစ်-နဂါးနက်က ဆက်လက်၍ ခေါင်းညိတ်သည်။
“နောက်ပိုင်း အပြင်ထွက်စားရင် တစ်ယောက်ယောက် ပိုက်ဆံပေးတာ လိုချင်လား။”
မစ်-နဂါးနက်က အပြင်းအထန် ခေါင်းညိတ်လိုက်၏။
“နောက်ပိုင်းကျရင် သူ့ရဲ့ပိုက်ဆံတွေအကုန်လုံး သုံးချင်လား။”
မစ်-နဂါးနက်၏ မျက်လုံးများက ဒင်္ဂါးပြားပုံစံ ပြောင်းသွားပြီး အသည်းအသန် ခေါင်းညိတ်လိုက်လေသည်။
အက်ဂ်လက်စ်ကလည်း ခေါင်းညိတ်နေပြီး ချန်လွေ့ကို ပြောလိုက်သည်။ “ငါပြောသားပဲ။ အိုလီဖီးရက်စ်က ဒီလက်ထပ်ပွဲကို မငြင်းပါဘူး။ ဒါဆို ဆုံးဖြတ်လိုက်ပြီ။”
ချန်လွေ့ - “....”
အားလုံး - “....”
“အမ်း....ဆာ-အက်ဂ်လက်စ်..” ချန်လွေ့က နဖူးမှ ချွေးများကို သုတ်ပြီး ပြောလိုက်သည်။ “နှစ်ယောက်တည်း စကားပြောရအောင်။”
“ငါလည်း မင်းနဲ့ စကားနည်းနည်းပြောစရာ ရှိနေတယ်။” အက်ဂ်လက်စ်က အားလုံးကို ကြည့်လိုက်ရာ နဂါးများက အလိုက်သိစွာဖြင့် ထသွားကြသည်။ ရိုမန်ကလည်း ဒေလီယာကို လျို့ဝှက်ထောက်လှမ်းရေးဌာန၌ အလုပ်လုပ်ရန် ခေါ်သွားသည်။ အိုလီဖီးရက်စ် တစ်ယောက်တည်းသာ မည်သည်ကိုမှ သဘောမပေါက်ဘဲ ဆက်လက်၍ ပွဲတော်တည်နေခဲ့၏။
အစ်ဇဘယ်လာ ရောက်လာပြီး ကောင်မလေး၏ ဆီပေနေသောမျက်နှာကို သုတ်ကာ အခန်းထဲသို့ ဆွဲခေါ်လာခဲ့ရသည်။
“ဆာ-အက်ဂ်လက်စ်။ အရင်ပြောပါ။”
“ဟမ့်။ ကောင်လေး။ အိုလီဖီးရက်စ်ကို ငါမင်းဆီမှာ ထားခဲ့မယ်။ မင်း သူ့ကို နေ့တိုင်း ပျော်အောင် လုပ်ပေးရမယ်။ သူ့ကို မတရားလုပ်ရဲရင် ဒါမှမဟုတ် နှစ်၇၀အတွင်း သူ့ရဲ့ သံယောစဉ်အရှိဆုံးအနေနဲ့ အစ်ဇဘယ်လာ နေရာမှာ အစားမထိုးနိုင်ဘူးဆိုရင်....”
ချန်လွေ့က ပုခုံးတွန့်လိုက်၏။ “သုတ်သင်ခံရမှာလား။”
အက်ဂ်လက်စ်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ရှိနေသည်။ “မဟုတ်ဘူး။ ငါမင်းကို မသတ်ဘူး။ ငါမင်းကို ကောင်းကောင်း အသက်ရှင်ခွင့်ပေးမယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေ အားလုံးကို သတ်ပစ်မယ်။ မင်းချစ်ရတဲ့ မိန်းမတွေ။ မင်းအယုံကြည်ဆုံး မိတ်ဆွေတွေနဲ့။ မင်းသိတဲ့သူတွေအားလုံးရော။”
“ဒီနည်းလမ်းက လုံးဝကို ရက်စက်တာပဲ။” ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းသော အပြုံးတစ်ခု ပြသလိုက်သည်။ “ဒါက ကျုပ်ဘာမှမဖြစ်ဘူးဆိုရင် အဆင်ပြေတာပဲ။”
“ဟန်ဆောင်မနေနဲ့တော့။ ငါ့မျက်လုံးတွေက မကန်းနေဘူး။” အက်ဂ်လက်စ်က အေးစက်စက်နှင့် ပြောလိုက်သည်။ “မင်းက ဒီလိုလူမျိုးဆိုရင် ဇိုလာက မင်းအတွက် သေမှာလား။ အစ်ဇဘယ်လာက မင်းအတွက် အသက်စွန့်မှာလား။ ငါက မင်းကို အိုလီဖီးရက်စ် ပေးမှာလား။”
ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။ “ဒီလိုဆိုမှတော့ ကျုပ် စကားနည်းနည်း ပြောမယ်။ ကျုပ်က အိုလီဖီးရက်စ်ကို ညီမတစ်ယောက်လိုပဲ အမြဲတမ်း သတ်မှတ်ထားခဲ့တာ။ တခြား ဘယ်လိုမှ အတွေးမရှိဘူး။ ဆာလည်း မြင်တဲ့အတိုင်းပဲ။ သူက ဒီမှာ အတော်လေး ပျော်နေတယ်။ ကျုပ်တို့က သူ့ကို ဒီမိသားစုကြီးရဲ့ မိသားစုဝင် တစ်ယောက်အဖြစ် သတ်မှတ်တယ်။ ဆာရဲ့ ခြိမ်းခြောက်မှု မရှိရင်တောင် သူ့ကို အနိုင်ကျင့်တာတွေက ကျုပ် အမြဲတမ်း ဂရုစိုက်ပေးမှာပါ။ ပြီးတော့ အခု အိုလီဖီးရက်စ်က ဘာကိုမှ နားမလည်သေးဘူး။ အနာဂတ်မှာ သူ တကယ် သဘောကျတဲ့သူတစ်ယောက်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ကျုပ်က သူ့ကို ထိခိုက်အောင်လုပ်သလို ဖြစ်မနေဘူးလား။ ကျူပ်က သူ့ကို အစ်ကိုတစ်ယောက်အနေနဲ့ ကာကွယ်နိုင်ဖို့ အတော်လေး မျှော်လင့်ထားပါတယ်။ တကယ်လို့ အနာဂတ်မှာ ကျုပ်တို့က ယောက်ျားနဲ့မိန်းမ ဆက်ဆံရေးတစ်ခု တကယ်ရှိလာမယ်ဆိုရင် သဘာဝအတိုင်း ဖြစ်သွားမှာပါ။ မဟုတ်ဘဲနဲ့ အိုလီဖီးရက်စ်ကို ဖိအားပေးမယ်ဆိုရင် ပျော်ရွှင်မှု အစစ်အမှန်ကို သူ ဘယ်တော့မှ သိရမှာ မဟုတ်ဘူး။”
အက်ဂ်လက်စ်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွား၏။ “မင်းက အခုထိ ငြင်းနေတုန်းလား။ အက်ဂ်လက်စ်ဆိုင်းရာဆာလုံခရီရဲ့ သမီးက မင်းနဲ့ မတန်လို့လား။ ”
“အကြောင်းက အိုလီဖီးရက်စ်ကို အရေးအပါဆုံး လုပ်ဖော်ကိုင်ဖက်လို့ ကျုပ် မြင်လို့ပါ။ အဲဒါကြောင့် ခွန်အားတွေ အကျိုးအမြတ်တွေဆီမှာ အညံ့ခံမယ့်အစား အဖေဖြစ်သူကို အမှန်အတိုင်း ပြောတာပါ။” ချန်လွေ့က ခေါင်းမော့လိုက်ပြီး အက်ဂ်လက်စ်ကို အကြောက်အလန့် မရှိဘဲ တည့်တည့် ကြည့်လိုက်သည်။ “ပညာရှိတစ်ယောက်ရဲ့ အမြင်ကနေ ကြည့်ရတော့ ကျုပ်ရဲ့ ချဉ်းကပ်မှုက လုံးဝကို ရူးမိုက်တယ်။ ဟုတ်ပါတယ်။ ဆာ မြင်တဲ့အတိုင်း ကျုပ်က ဒီလို ရူးမိုက်တဲ့သူ တစ်ယောက်ပါပဲ။”
အက်ဂ်လက်စ်က ချန်လွေ့ကို ခဏကြာ ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် သူက သဘောတူသော အမူအရာ ပြသလိုက်သည်။ “ထင်တဲ့အတိုင်းပဲ။ ငါ့မျက်လုံးက ကန်းမနေဘူးပဲ။”
ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ “ဆာ ပြောချင်တာက....”
“မင်းပြောတာ တကယ်ကောင်းတယ်။ အကြောင်းအကျိုးသင့်တယ်။”
“ဒါဆို......”
“မင်းနဲ့ အိုလီဖီးရက်စ် အခုပဲ လက်ထပ်ရမယ်။ မဟုတ်ရင် မင်းရဲ့ မိန်းမတွေနဲ့ မိတ်ဆွေတွေ အားလုံးကို ငါ ခေါ်သွားပစ်မယ်။”
“…”
“စောက်ကျိုးနည်း....” ချန်လွေ့က လွှတ်ခနဲ ပြောလိုက်မိသည်။ သူက ထိုမျှအထိ မရိုင်းဖူးကြောင်း ခံစားလိုက်မိသည်။ အချိန်ဆွဲတဲ့တဲ့ ဗျူဟာက ပြောင်းပြန်ဖြစ်နေတာလား။