← Chapters

ပင်လယ်သေသို့ ပြန်သွားခြင်း

Vol. 45 Ch. 714

ပင်လယ်သေသို့ ပြန်သွားခြင်း

Vol. 45 Ch. 714

အိုလီဖီးရက်စ်နှင့် စေ့စပ်ခြင်းက ထုံးတမ်းတစ်ခုမျှသာ ဖြစ်သည်။ အထိမ်းအမှတ် အနမ်းပေးရခြင်းကလွဲလျှင် နောက်ထပ် တရင်းတနှီးလုပ်ဆောင်ချက်များ မရှိခဲ့ပေ။ မစ်-နဂါးနက်က နမ်းနေချိန်အတွင်း ထူးထူးခြားခြား ရှက်သွားခဲ့သော်လည်း သူ၏အာရုံက လက်စွပ်ထဲရှိ အဖိုးတန် ကျောက်မျက်ဆီသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။

အက်ဂ်လက်စ်က ကတိမဖျက်ခဲ့ပေ။ သူက နောက်တစ်နေ့၌ ချန်လွေ့နှင့်အတူ ပင်လယ်သေသို့ သွားခဲ့သည်။ နှေးလွန်းသည်ဟုထင်ပြီး အက်ဂ်လက်စ်က ဧရာမ နဂါးနက်အဖြစ် ပြောင်းလဲကာ သမက်ဖြစ်သူကို လက်သည်းဖြင့် ဆုပ်ကိုင်လိုက်၏။ လေတိုးသံအချို့ ထွက်လာပြီးနောက် သူတို့က အမှောင်လနယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

နတ်ဘုရားတစ်ပိုင်း ဧရာမနဂါးက နေရာရွှေ့ပြောင်းခြင်း၏ သဘာဝလွန်စွမ်းအားများကို အသုံးမပြုခဲ့သည့်တိုင် အပျံစွမ်းရည်တစ်ခုတည်းကပင် အတော်လေး ကြောက်စရာ ကောင်းလှသည်။ အမြန်နှုန်းက [ နေရာလွတ်ဖိနှိပ်ခြင်း ] နှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။ သာမန်လူတစ်ယောက်သာဆိုလျှင် ခန္ဓာကိုယ်က လေကြောင့် ပြားချပ်သွားပေလိမ့်မည်။

ထို့‌ကြောင့် ချော်ရည်ပြာနယ်မြေ တောင်ဘက်ရှိ ပင်လယ်သေအစွန်သို့ ရောက်ရှိရန် သိပ်မကြာခဲ့ပေ။

ပင်လယ်သေက အဆုံးအစမဲ့ဖြစ်သည်။ သူက ယခုတစ်ကြိမ်၌ သန်မာနေဟန်မဆောင်ဘဲ မိစ္ဆာထောင်ခြောက်သင်္ဘောပေါ်သို့ တက်လိုက်သည်။

ချန်လွေ့အတွက် ပင်လယ်သေသို့ ပထမဆုံး ရောက်ခြင်း မဟုတ်သလို ထိုသဲလူသားများ ကလည်း အတွေ့အကြုံရှိ သင်္ဘောသားများ ဖြစ်သည့်အတွက် သူက ရေဒြပ်စင်ကောင်များ၏ ပင်လယ်နယ်မြေကို အေးအေးဆေးဆေး ဖြတ်သန်းသွားခဲ့ကြသည်။

လမ်းတစ်လျှောက်၌ အဝေးမှ သီချင်းသံများ ထွက်ပေါ်လာနေသည်။

“မာယာရှင်လား။” အက်ဂ်လက်စ်က နှစ်သိန်းချီ အတွေ့အကြုံ ရှိသည့်အတွက် ထိုသီချင်းသံ အရင်းအမြစ်ကို ချက်ချင်းပင် ဖော်ထုတ်နိုင်ခဲ့သည်။

ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ သူနှင့် မိုးရီတို့ ထိုပင်လယ်နယ်မြေသို့ ဝင်ရောက်ခဲ့စဉ် ဟာပီနှင့် မာယာရှင်တို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ရလာဒ်အနေဖြင့် မိုးရီးက ကြီးမားသော စွမ်းအားကို ပြသခဲ့ပြီး ဟာပီအများပြားကို သတ်ပစ်ကာ မာယာရှင်မျိုးနွယ်စုကို နှိမ်နင်းခဲ့သည်။

အက်ဂ်လက်စ်၏ အာရုံခံက ချန်လွေ့ထက် များစွာ သာလွန်လှသည့်အတွက် သူက ပို၍ ကြားခဲ့သည်။ “ဒီသီချင်းသံ....သူတို့က တိုက်ခိုက်နေကြသလိုပဲ။”

ချန်လွေ့က ဟာပီနှင့် မာယာရှင်များ ပူပေါင်းပြီး သဘောပေါ်မှ ခရီးသွားများကို သတ်ဖြတ်နေကြောင်း တွေးလိုက်မိသည့်အခါ မျက်မှောင်ကြုတ်မိသွားပြီး သီချင်းသံအနီးသို့ သွားရန် သဲလူသားများကို အမိန့်ပေးလိုက်သည်။

သူမြင်လိုက်ရသော မြင်ကွင်းက မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သည်။ မာယာရှင်များ တိုက်ခိုက်နေသည့်ရန်သူမှာ ဖြတ်သွားဖြတ်လာ ခရီးသွားများ မဟုတ်ဘဲ ပါးစပ်မှ အစွယ်နှစ်ချောင်းထွက်နေပြီး အပြာရောင်းကြေးခွံများရှိသော ပင်လယ်နတ်ဆိုးသားရဲတစ်မျိုး ဖြစ်နေသည်။ ၎င်းတို့က အ‌တော်လေး ရက်စက်ကြမ်းကြုတ်လှသည်။

ထိုနတ်ဆိုးသားရဲများ၏ တိုက်ခိုက်ရေးစွမ်းအားက မယုံနိုင်စရာကောင်းလှသည်။ မာယာရှင်များ၏ သီချင်းသံက သူတို့အပေါ်၌ ကြီးကြီးမားမား သက်ရောက်မှုရှိဟန် မတူပေ။ နတ်ဆိုးသားရဲများ၏ အပြင်းအထန် တိုက်ခိုက်မှုအောက်တွင် မာယာရှင်များ၏ အသေအကြေက ပိုမိုတိုးပွားလာခဲ့၏။

“ရေခဲပြာအစွယ်သားရဲ...” ချန်လွေ့က ထိုကဲ့သို့ နတ်ဆိုးသားရဲများကို မြင်ခဲ့ဖူးသည်။ မြေဒြပ်စင်ဘုရင်က ထိုနတ်ဆိုးသားရဲများကို လိုက်ဖမ်းခဲ့ဖူး၏။

အက်ဂ်လက်စ်၏ မျက်လုံးထဲ၌ ထိုကဲ့သို့ “အပြင်းအထန်” တိုက်ခိုက်နေခြင်းက ပုရွက်ဆိတ်များ တိုက်ခိုက်နေခြင်းနှင့် ဘာမှမကွာပေ။ ဆာ-နဂါးဧကရာဇ်၏ အကြည့်က မာယာရှင်တစ်ယောက်ပေါ်သို့ စိတ်ဝင်တစားနှင့် ‌ရောက်ရှိသွားသည်။ “အဲဒီမာယရှင်လေးရဲ့ သီချင်းသံက နည်းနည်း စိတ်ဝင်စားစရာကောင်းတယ်။”

ထိုမာယာရှင်က မင်းသမီး ဟယ်လင်ဖြစ်ကြောင်း ချန်လွေ့ မြင်လိုက်ရဿည်။ ထိုမာယာရှင်က အစွမ်းအထက်ဆုံး ပါရမီရှိသည့် ခေါင်းမာသူတစ်‌ယောက်ပင် ဖြစ်သည်။ သူ၏ သီချင်းသံက ဝိညာဉ်ကိုပင် လှုပ်ခါစေနိုင်သည်။ ရင်သပ်မှုမောဖွယ်ရာ ရုပ်ရည်နှင့်ယှဉ်လျှင် ချန်လွေ့က “နာဂါတွေနဲ့ တစ္ဆေသန္တာကျောက်ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရင် ကျွန်မက ရှင့်အပိုင်ပဲ” ဟူသောစကားကို ပို၍ပင် အထင်ကြီးမိခဲ့သည်။

“ဒီမာယာရှင်တွေကို ကျုပ် သိတယ်။ သူတို့ကို သွားကူညီလိုက်မယ်။” ချန်လွေ့၏ လက်ရှိအဆင့်အရ ဟယ်လင်၏ သီချင်းသံက သူ့ဝိညာဉ်၏ ခုခံမှုကို မလှုပ်ခါနိုင်တော့ပေ။

“မာယာရှင်တွေက အားကောင်းတဲ့ စိတ်နေသဘောထား ရှိတယ်။ ပြီးတော့ အဲဒီ မာယာရှင်ရဲ့ သီချင်းသံက အိုလီဖီးရက်စ်ကို အကူအညီ ဖြစ်စေနိုင်တယ်။ ငါက တစ်ယောက်ကို ဆွဲခေါ်ပြီး အိုလီဖီးရက်စ်ကို လိမ်လိမ်မာမာနဲ့ သီချင်းဆိုပြခိုင်းဖို့ စဉ်းစားနေတုန်းပဲ။” အက်ဂ်လက်စ်က ချန်လွေ့ကို ကြည့်လိုက်သည်။ “သွားလေ။ မင်းရဲ့ အစွမ်းအထက်ဆုံး စွမ်းအားကို ကြည့်မယ်။ မင်း ဒါကို သုံးစက္ကန့်...မဟုတ်ဘူး။ သုံးမိနစ်အတွင် ဖြေရှင်းနိုင်ရင် နဂါးစွမ်းအားအမြုတေ တောင်းဆိုချက်ကို တစ်ခါတည်း သ‌ဘောတူပေးမယ်။ အဆိုးဆုံး ဆိုရင်တောင့် အဲဒီဆန့်ကျင်တဲ့ အဘိုးကြီးတွေကို သွားပြန်ရိုက်နှက်ရုံပဲ။”

စကားပြောပြီးသည်နှင့် ချန်လွေ့၏ပုံရိပ် ပျောက်ကွယ်သွား တိုက်ပွဲနေရာ၌ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာခဲ့သည်။ အချို့မာယာရှင်များက မိစ္ဆာထောင်ခြောက် သင်္ဘောကို သတိထားမိသော်လည်း အာရုံလွင့်နေရန် အချိန်မရှိပေ။

ချန်လွေ့က မာယာများ မြင်ဖူးသော မျက်နှာကို အသုံးပြုပြီး မာယာရှင်ဘုရင်မ အယ်လီနာဆီသို့ ချောချောမွေ့မွေ့ရောက်လာကာ မေးလိုက်သည်။ “အယ်လီနာ။ ဘာဖြစ်တာလဲ။”

“ဆာ-အက်ဂ်ယောပဲ။ အခုတလော ပင်လယ်နယ်မြေမှာ မူမမှန်တာတွေ ဖြစ်နေတယ်။ ကျွန်မတို့က ရေခဲပြာအစွယ်သားရဲတွေ တိုက်ခိုက်တာကို ခဏခဏခံရနေတယ်။ ပြီးတော့ ကျွန်မတို့ရဲ့လူတွေက အသေအကြေတွေ များလာတယ်။ အရှင်မင်းကြီး မြေဒြပ်စင်ဘုရင်က ရှင်နဲ့အတူ ရှိနေလား။ ကျေးဇူးပြုပြီးတော့ မာယာရှင်မျိုးနွယ်စုကို ကူညီပေးပါ။”

မူမမှန်တာလား။ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ပွဲကိုကြည့်ကာ ပြောလိုက်သည်။ “ဘုရင်မ။ မာယာရှင်အားလုံးကို နောက်ဆုတ်ထားဖို့ ချက်ချင်း အမိန့်ပေးလိုက်။ ကျုပ် သူတို့ကို ရှင်းလိုက်မယ်။”

“ရှင်ကလား။” အယ်လီနာ အံ့အားသင့်သွားသည်။ သူ၏အမြင်၌ ထို “အက်ဂ်ယော” က မြေဒြပ်စင်ဘုရင်၏ စွမ်းအားကိုသာ အခွင့်ရေးယူခြင်း ဖြစ်သည်။ သူက စွမ်းအားနည်းနည်းတော့ ရှိပေမဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်တဲ့ မြေဒြပ်စင်ဘုရင်ကို မယှဉ်နိုင်ဘူး။ သူက ထောင်နဲ့ချီတဲ့ ရေခဲပြာအစွယ်သားရဲတွေကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေတယ်။

အက်ဂ်လက်၏အသံက ချန်လွေ့၏နားထဲ၌ ထွက်ပေါ်လာ၏။ “၂မိနစ်နဲ့ ၁၁စက္ကန့် ကျန်သေးတယ်။”

ဆာ-နဂါးဧကရာဇ်က လမ်းတလျှောက် အချိန်ကိုပင် ရေတွက်ခဲ့သည်။ ချန်လွေ့က ရုတ်တရက် ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ပြီး အယ်လီနာကို အော်ပြောလိုက်၏။ “မြန်မြန်လုပ်။”

ဖိနှိပ်သောအငွေ့အသက်က အယ်လီနာကို အံ့အားသင့်သွားစေသည်။ သူက ထူးဆန်းသော တေးသံတစ်ခု သီဆိုလိုက်ရာ မာယာရှင်များက အလျင်အမြန် နောက်ဆုတ်သွားကြသည်။

နောက်ဆုတ်နေသော ဟယ်လင်ကလည်း ရှေ့သို့ ပျံသန်းလာသော ချန်လွေ့ကို မှတ်မိသည်။ သူက နတ်ဆိုးသားရဲထောင်နှင့်ချီကို တစ်ယောက်တည်း ရင်ဆိုင်နေသော ပုံရိပ်အား အံ့အားသင့်စွာဖြင့် ကြည့်နေလိုက်သည်။

အနီးအနားရှိ မာယာရှင်များနှင့် ရေခဲပြာအစွယ်သားရဲများက တစ်ချိန်တည်းမှာပင် အလွန်အမင်း ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ ထိုကဲ့သို့ အငွေ့အသက်မျိုးက အလွန်အမင်းအားကောင်းသော ဖျက်ဆီးခြင်း၊ ကြမ်းတမ်းခြင်း၊ သောင်းကြမ်းခြင်းတို့ ထုတ်လွှတ်နေ၏။ သူတို့၏ အာရုံများက ထိုကြောက်မက်ဖွယ်ရာ အငွေ့အသက်များနှင့် လွှမ်းမိုးခံလိုက်ရသည်။ ပင်လယ်က စတင်လှုပ်ရှားလာသည်နှင့် ထူးဆန်းသော ဝဲကတော့များက ဘယ်ကမှန်းမသိ ပေါ်ထွက်လာ၏။

အဟုန်ရနေတုန်းမှာတောင် ‌‌တော်တော်လေး ကြောက်စရာကောင်းတဲ့စွမ်းအားပဲ။

မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်မှ အက်ဂ်လက်စ်က မျက်ခုံပင့်လိုက်သည်။ “စိတ်ဝင်စားစရာပဲ။”

ပြင်းထန်သော အန္တရာယ်ကို ခံစားမိသော်လည်း ရေခဲပြာအစွယ်သားရဲများက သဘာဝအရ ရန်လိုပြီး ကြမ်တမ်းကြသည်။ ထို့ပြင် သူတို့က အရေအတွက်အရလည်း အရေးသာနေသည် ဖြစ်ရာ ချန်လွေ့ထံသို့ စုရုံးလာနေကြဆဲ ဖြစ်သည်။

ချဉ်းကပ်လာသော ရေခဲပြာအစွယ်သားရဲများနှင့် ရင်ဆိုင်နေရသည့်အခါ ချန်လွေ့၏ မျက်ဆံက ရုတ်တရက် မီးတောက်ကဲ့သို့ အလင်းရောင်များ လောင်ကျွမ်းသွားသည်။

“[ မီးသင့်နဂါးဟိန်းသံ ]”

ချက်ချင်းပင် လူတိုင်းက ကြက်သွေးရောင်များကိုသာ မြင်လိုက်ရပြီးနောက် မရေမတွက်နိုင်သော ရှည်လျားကာ အလွန်ကြီးမားသည့် သားရဲများက မီးများတောက်နေရင်း ရှေ့ဆက်ပျံသွားကာ ထိုပုံရိပ်ကို ဗဟိုပြု၍ လှည့်ပတ်သွားလာနေခဲ့သည်။ ပင်လယ်မျက်နှာပြင် တစ်ခုလုံးက အလွန်ကြီးမားသော သားရဲများ အုပ်မိုးခံလိုက်ရသည့် မရဏအကျဉ်းထောင် တစ်ခု ဖြစ်သွားခဲ့လေသည်။

ပင်လယ်ပြင်ကလည်း အလွန်အမင်း ဆူပွက်လာပြီး ရေခဲပြာအစွယ်သားရဲများက ကြောက်လန့်စွာဖြင့် အော်ဟစ်နေကြတော့သည်။ အနီရောင်အလင်း ဖြတ်သွားသောနေရာတိုင်း သေမင်း၏ ကောက်ရိတ်ဓားကဲ့သို့ပင် အသက်များကို နှုတ်ယူလိုက်လေသည်။

အချိန်အတော်ကြာပြီးမှသာ ပြန်လည် တည်ငြိမ်လာခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်က ရေခဲပြာအစွယ်သားရဲအလောင်းများ ပြည့်နှက်နေပြီး အများအပြားက မီးသင့်နဂါးကြောင့် ပြာအဖြစ် ပြောင်းလဲသွားကြသည်။ သားရဲ၄၀၀ပင် မကျန်တော့ချေ။ အများအပြားက ဝေးကွာနေသည့်အတွက် လွတ်မြောက်နိုင်ခဲ့ကြသည်။

ရေခဲပြာအစွယ်သားရဲများက အလွန်ရက်စက်ကြသော်လည်း တိုက်ခိုက်ရေးစိတ်ဓာတ် လုံးဝ ကျဆင်းသွားခဲ့သည်။ အဝေးမှ ဒဏ်ရာအပြင်းအထန် ရရှိထားသည်က သူတို့၏ခေါင်းဆောင် ဖြစ်ဟန်တူသည်။

“အချိန်ကျော်သွားပြီ။” အက်ဂ်လက်စ်၏ပုံရိပ်က ချန်လွေ့ဘေးတွင် ချက်ချင်း ပေါ်ထွက်လာ၏။

“တိုက်ကွက်ကို သုံးပြီးရင် အချိန်မှတ်လို့ မရတော့ဘူးလေ။ တကယ်ကြာတဲ့အချိန်က ၁မိနစ်နဲ့ ၃၂စက္ကန့်ပဲ။ ကျုပ် ရေထားတယ်။”

“ဟာ့....” အက်ဂ်လက်စ်က ဆက်မငြင်းတော့ပေ။ “မင်းရဲ့တိုက်ကွက် အ‌တော်လေးတော့ ကြည့်ကောင်းတယ်။ အဆင့်တူပြိုင်ဘက်တွေက ခုခံဖို့ ခက်ခဲမှာပဲ။ အားနည်းချက်ကတော့ ဒီစွမ်းအားက ပြန့်ကျဲလွန်းပြီးတော့ နေရာတစ်ခုကိုပဲ တိုက်ခိုက်လို့ရတယ်။ ဒီနတ်ဆိုးသားရဲတွေကို တစ်နေရာမှာ စုစည်းနိုင်မယ်ဆိုရင် အရည်အသွေးအရ တိုးတက်မှု မရရှိရင်တောင် စွမ်းအားက သုံးလေးဆ တိုးသွားမှာပဲ။ အငယ်တန်း တိုင်းပြည်အဆင့်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်လောက်တယ်။”

အက်ဂ်လက်စ်၏ အသိပညာက အလွန်အမင်း ကြွယ်ဝလှသည်။ ထိုအကြံပြုချက်က [မီးသင့်နဂါးဟိန်းသံ]၏ အဓိကသော့ချက်ကို ချက်ကျလက်ကျ ထောက်ပြနေခြင်း ဖြစ်သည်။ သို့သော်လည်း သီဝရီနှင့် လက်တွေ့တို့က လုံးဝကွဲပြားသော အရာနှစ်ခု ဖြစ်သည်။ သူ၏ လက်ရှိစွမ်းအားအတွက် မီးသင့်နဂါး၏စွမ်းအားက ကြီးမားလွန်းလှပြီး ထိန်းချုပ်ရ ခက်ခဲလှသည်။ အများကြီးကိုမူ ပြောစရာပင် မလိုတော့ချေ။ အက်ဂ်လက်စ်ပြောသော အဆင့်သို့ရောက်နိုင်ရင် အတော်လေး ခက်ခဲပေလိမ့်မည်။

ရေခဲပြာအစွယ်သားရဲများအား ချန်လွေ့ အဆုံးသတ်လိုက်သည်ကို မြင်ပြီးနောက် နောက်ဘက်မှ မာယာရှင်များ၏ ချန်လွေ့အပေါ် အကြည့်များက အံ့သြမှုများ ပြည့်နှက်သွား၏။ အထူးသဖြင့် ဘုရင်မ အယ်လီနာပင်။ ယခုတွင် သူက ထိုလူ၏ တကယ့်စွမ်းအားကို အမှန်တကယ် မြင်တွေ့ခဲ့ရ၏။ ဒြပ်စင်ဘုရင်တောင် ဒီလိုမျိုး ကြောက်စရာ တိုက်ခိုက်ရေးစွမ်းအားမျိုး မရှိနိုင်ဘူး။

“ဆာ-အက်ဂ်ယော။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကယ်ခင်က ကျွန်မရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။” အယ်လီနာက လူသားခန္ဓာကိုယ်ပြောင်းလိုက်ပြီး ရေလှိုင်းပေါ်သို့ တက်နင်းကာ အရိုအသေပြုလိုက်သည်။ နောက်မှ မာယာရှင်များကလည်း ရေထဲ၌ ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။ ထိုအရာက ကျက်သရေရှိသော မြင်ကွင်းတစ်ခုပင်။

“ကိစ္စမရှိပါဘူး။ ဘုရင်မ။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “ကျုပ် ခင်ဗျားကို ကတိပေးတဲ့ကိစ္စတွေ မရှိသေးဘူး။ အရင်တစ်ခေါက် အသက်ဓာတ်ရေစင်က သက်ရောက်မှု တစ်ခုခု ရှိလား။”

ပင်လယ်သေက မူမမှန်သော ပြောင်းလဲမှုအချို့ ဖြစ်သွားခဲ့သည်။ ပင်လယ်မျိုးနွယ် အများအပြားက ထူးဆန်းသော အားတစ်ခုကြောင့် တိုက်စားခံရပြီး မျိုးပွားနှုန်း ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ သူတို့က ထိုတိုက်စားမှုကို ဖြေရှင်းရန်အတွက် တစ္ဆေသန္တာကျောက် အပေါ်၌သာ မှီခိုနေရသည်။ သို့မဟုတ်ပါက မျိုးတုန်းတော့မည့် အန္တရာယ်တစ်ခု ရှိနေသည်။ ထို့ကြောင့် အသက်ရှင်ရန်အတွက် မာယာရှင်များက ဟာပီများနှင့် ပူးပေါင်းပြီး နာဂါများကို တစ္ဆေသန္တာကျောက်အတွက် တိုက်ခိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးတစ်ခေါက် မာယာရှင်မျိုးနွယ်စုကို မိုးရီ နှိမ်နင်းခဲ့ပြီးနောက် ချန်လွေ့က မာယာရှင်များအား တစ္ဆေသန္တာကျောက်ပြဿနာ ဖြေရှင်းရန် ကူညီပေးမည်ဟု ကတိပေးခဲ့ပြီး အသက်ဓာတ်ရေစင်လည်း ပေးခဲ့သည်။ နောက်ပိုင်းတွင် သူက ပင်လယ်နက်ထဲသို့ ဝင်သွားခဲ့ပြီး အခြေအနေ မေးမြန်းရန် အခွင့်အရေး မရှိခဲ့ပေ။

“အသက်ဓာတ်ရေစင်ရဲ့ လုပ်ဆောင်ချက်က အတော်လေး မှော်ဆန်တယ်။ ဒါပေမဲ့ တစ္ဆေသန္တာကျောက်ကိုတော့ အစားမထိုးနိုင်ဘူး။” အယ်လီနာက အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ “ဒါပေမဲ့ အသက်ဓာတ်ရေစင်က မာယာရှင်တွေကို ပြောင်းလဲမှုအချို့ ဖြစ်စေခဲ့ပြီးတော့ ကျွန်မတို့ရဲ့စွမ်းအားက တိုးတက်သွားခဲ့တယ်။ မဟုတ်ရင် ကျွန်မတို့တွေ ရေခဲပြာအစွယ်သားရဲတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

“ရေခဲပြာအစွယ်သားရဲနဲ့ ခုနကပြောတဲ့ မူမမှန်မှုတွေက ဘာတွေလဲ။”

“အသေးစိတ်ကိုတော့ မသိဘူး။ ရေခဲပြာအစွယ်သားရဲတွေက အင်အားကြီးပေမဲ့ အသိဉာဏ်က သိပ်ပြီးမမြင့်ဘူး။ ကျွန်မတို့က သူတို့နဲ့ ဘာပြဿနာမှ မရှိခဲ့ဘူး။ သူတို့ ဘာလို့ ကျွန်မတို့ကို ရုတ်တရက် တိုက်ခိုက်ရတာလဲဆိုတာ မသိဘူး။ ရေခဲပြာအစွယ်သားရဲတင် မဟုတ်ဘူး။ အနီးအနားမှာရှိတဲ့ ပင်လယ်နယ်မြေက တခြားမျိုးနွယ်တွေ အများကြီးက အချင်းချင်း သတ်ဖြတ်နေကြပြီ။”

အက်ဂ်လက်စ်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။ “ဒါက ရိုးရှင်းတဲ့ကိစ္စ မဟုတ်လောက်ဘူး။ ငါတို့ရဲ့ပန်းတိုင်ကို အခုပဲ သွားရအောင်။ ဒါပေမဲ့ ဒီကောင်မလေးက ငါတို့နဲ့ လိုက်လာရမယ်။”

အက်ဂ်လက်စ်က ဟယ်လင်ကို ပြောနေခြင်း ဖြစ်သည်။ အယ်လီနာ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ဟယ်လင်က တဖြည်းဖြည်း ကူးခတ်လာပြီး ချန်လွေ့ကို ပြောလိုက်သည်။ “ကျွန်မ ရှင်တို့အားလုံးနဲ့ လိုက်သွားမယ်။ ဒါပေမဲ့ အရင်က ပေးထားတဲ့ ကတိအတိုင်း တစ္ဆေသန္တာကျောက်နဲ့ နာဂါ ပြဿနာကို ဖြေရှင်းပေးရမယ်။ မဟုတ်ရင်တော့ ကျွန်မရဲ့ အလောင်းပဲ ရမယ်။”

မာယာရှင်မျိုးစွယ်စု၏ စွမ်းအားဖြင့်ဆိုလျှင် တစ်ဖက်လူက အတင်းအားသုံးလျှင် တားဆီးရန် မဖြစ်နိုင်ကြောင်း သိသည့်အတွက် မာယာရှင်မင်းသမီးက ရိုးရိုးရှင်းရှင်းပင် သဘောတူလိုက်၏။

ပင်လယ်နက်နတ်ဘုရားပြဿနာကို ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။ နာဂါများကလည်း ပင်လယ်စတေးရန်အတွက် မျိုးနွယ်စုကို စတေးစရာ မလိုတော့ပေ။ စထရီနာနှင့် အယ်ဒီလိုင်းတို့၏ ပတ်သက်မှုအပြင် အားမသုံးလျှင်ပင် ချန်လွေ့က နာဂါဘုရင်မအား မာယာရှင်များနှင့်အတူ တစ္ဆေသန္တာကျောက် မျှဝေသုံးစွဲရန် ဖျောင်းဖျနိုင်မည်ကို ယုံကြည်ချက်ရှိသည်။

“ကတိ‌ပေးတယ်။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “မင်းရဲ့ အလောင်းကို ငါ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ရေခဲပြာအစွယ်သားရဲတွေရဲ့ အလောင်းကို စိတ်ဝင်စားတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်၊ မျက်လုံး၊ သွားနဲ့ သွေးတွေအားလုံးက အဖိုးတန်ပစ္စည်းတွေပဲ။”

ထိုသို့ပြောလိုက်ပြီးနောက် ချန်လွေ့၏ပုံရိပ်က ပင်လယ်ပေါ်သို့ ရောက်ရှိသွားပြီး ရေခဲပြာအစွယ်သားရဲများ၏ အလောင်းများကို စတင်စုဆောင်းတော့သည်။

“လောဘကြီးတဲ့သူပဲ။” မာယာရှင်မင်းသမီးလေးက တီးတိုးပြောလိုက်သည်။

ဆာ-နဂါးဧကရာဇ်ကလည်း သဘောတူစွာဖြင့် ထိုသူကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူက နဂါးတွေရဲ့ ပါရမီလိုမျိုး ရှိတယ်။

All Chapters