← Chapters

ယောက္ခမကြီး နှင့် ရေဘဝဲဘုရင်

Vol. 45 Ch. 716

ယောက္ခမကြီး နှင့် ရေဘဝဲဘုရင်

Vol. 45 Ch. 716

မိုဒက်စတီ၏ ပြောစကာများနှင့် ရေဒြပ်စင်ဘုရင်မှ ရရှိထားသော အချက်အလက်များအရ မူမမှန်မှု အဝန်းအဝိုင်းက အသေအချာပင် ပင်လယ်နက်မှ ဖြန့်ကျက်လာခြင်း ဖြစ်ပြီး အတော်လေး ကျယ်ပြန့်နေကော အနီးအနားရှိ ပင်လယ်နယ်မြေအားလုံးနီးပါးကို လွှမ်းမိုးလုနီးပါး ဖြစ်နေခဲ့သည်။

ပင်လယ်နက်ထဲရှိ ပုန်းလျှိုးကွယ်လျှိုး နေနေကြသော ပင်လယ်သားရဲအများအပြား ပေါ်လာကြသည်။ ထိုမူမမှန်သောအား၏ လွှမ်းမိုးမှုကြောင့် တစ္ဆေသန္တာကျောက် အထွက်နှုန်းက ရုတ်တရက် နှစ်ဆတိုးသွားသော်လည်း သက်ရောက်မှုက အတော်လေး လျော့ကျသွားပုံရသည်။ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် မည်သည့်အပြောင်းအလဲမှ ဆက်မဖြစ်သည့်တိုင် ထိုပင်လယ်နယ်မြေမှ သတ္တဝါများကို တဖြည်းဖြည်း ‌မျိုးတုန်းသွားမည် ဖြစ်သည်။

ထို့ကြောင့် အခြားတစ်ဖက်တွင် မူမမှန်သောအားအရင်းအမြစ်ကို ဖျက်ဆီးလိုက်သည်နှင့် မူမမှန်မှုကြောင့် တစ္ဆေသန္တာကျောက်အပေါ် မူလသတ္တဝါများ၏ မှီခိုမှုများ ရှိလာတော့မည် မဟုတ်ပေ။ ထို့နောက် မျိုးတုန်းခြင်း အန္တရာယ်နှင့် သားပေါက်ခြင်း ပြဿနာများ မရှိနိုင်တော့ပေ။

သဘာဝ ဥပဒေသများက အမြဲပင် ပတ်ဝန်းကျင်အလိုက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအချိန်၌ လိုအပ်ချက်နှင့် စားစရာကွင်းဆက်အသစ်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

ဘုရင်မ မိုဒက်စတီ၏ မျှော်လင့်ချက်ကို သယ်ဆောင်ရင်း မိစ္ဆာထောင်ခြောက် သင်္ဘောက မိုးကြိုးမြွေကျွန်းစုကို ဖြတ်သန်းသွားကာ ပင်လယ်နက်ထဲသို့ ဝင်ရောက်လာခဲ့သည်။

လမ်းခရီးက အတားအဆီး မရှိဘဲ ချောမွေ့နေခဲ့သော်လည်း နောက်တစ်နေ့ နံနက်စောစောတွင် တစ်စုံတစ်ခု ဖြစ်သွားခဲ့၏။

ရှေ့မှပင်လယ်ပြင်တွင် လှိုင်းများထန်နေပြီး အနက်ရောင် နတ်ဆိုးသားရဲအုပ်လိုက်ကြီးက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြသည်။ တဖက်က ချန်လွေ့တို့ ယခင်က ရင်ဆိုင်ခဲ့ရသော နတ်ဆိုးငါးမန်းများ ဖြစ်ကြပြီ။ တခြားတဖက်က အမည်မသိသော ခန္ဓာကိုယ်ကြီးမားသည့် ပင်ယ်သားရဲများ ဖြစ်ကြသည်။ နတ်ဆိုးငါးမန်းများ၏ ခွန်အားက ထိုပင်လယ်သားရဲများထက် အားနည်းသော်လည်း သူတို့၏ အရေအတွက်က အလွန်များပြားလှသည်။ သူတို့အဖော်များ၏ သေဆုံးမှုက သူတို့၏ တိုက်ခိုက်မှုများကို ပို၍ပင် ကြမ်းတမ်းရူးသွပ်လာစေသည်။ ထိုပင်လယ်သားရဲများ တဖြည်းဖြည်း အားကုန်သွားကြပြီးနောက် အရိုးများသာ ကျန်သည်အထိ တစ်စစီကိုဖြတ်ခံလိုက်ရတော့သည်။ ပတ်ဝန်းကျင်ပင်လယ်က သွေးများရဲရဲနီနေပြီး မြင်ကွင်းက အတော်လေးကို မသတီစရာ ကောင်းလှပေသည်။

၎င်းကို မြင်ပြီးနောက် မာယာရှင်မင်းသမီး‌လေးက မသက်မသာ အမူအရာတစ်ခု ပြသလိုက်သည်။ သူက စစ်ပွဲတွင် တစ်ကြိမ်မက ဝင်ပါခဲ့ဖူးသော်လည်း ထိုအချိန်၌ မျက်နှာကို လွှဲထားမိခဲ့သည်။

နတ်ဆိုးငါးမန်းများက ပင်လယ်သားရဲများကို ရှင်းလင်းပြီးနောက် ချက်ချင်းပင် အသစ် ရှာတွေ့ထားသော မိစ္ဆာထောက်ခြောက် သင်္ဘောဆီသို့ ပစ်မှတ်ပြောလိုက်ပြီး ကူးခတ်လာကြ တော့သည်။

ချန်လွေ့က သေရည်သောက်နေကာ အေးအေးလှဲအိပ်နေပြီး ဘာမှ လုပ်ချင်ပုံမရသော ယောက္ခမကို ကြည့်လိုက်သည်။ ချန်လွေ့က ပျံတက်သွားရန် ပြင်လိုက်စဉ် မိုးရီနှင့် စကားထိုင်ပြောနေသော လန်ဘို့စ်က မတ်တပ်ရပ်လိုက်၏။

“ဆာ-ကပ္ပတိန်။ ကျုပ် ဒီတစ်ခေါက် သွားလိုက်မယ်။ ဒါကို အခမဲ့ ပို့ပေးတဲ့အတွက် အဖိုးအခ အနေနဲ့ သဘောထားလိုက်ပါ။” လန်ဘို့စ်က အသာလေး ပြုံးလိုက်သည်။ သူ၏ အေးဆေးတည်ငြိမ်ပြီး နူးညံ့သောမျက်နှာက အ‌တော်လေး ဆွဲဆောင်မှုရှိလှပြီး အထူးသဖြင့် အဒေါ်ကြီးများအတွက် ဖြစ်သည်။ ပတ်ဝန်းကျင်နေရာလွတ်က ရေကဲ့သို့ လှိုင်းတွန့်သွားပြီး ရေဒြပ်စင်ဘုရင်က အဝေးရှိ နတ်ဆိုးငါးမန်အုပ်ကြီးထဲ၌ ပေါ်လာခဲ့သည်။

နတ်ဆိုးငါးမန်းများက လန်ဘို့စ်ထံမှ ဖိအားကို ခံစားရဟန်မတူဘဲ ဒြပ်စင်ဘုရင်ထံသို့ အပြင်းအထန် ပြေးလာနေကြသည်။ လန်ဘို့စ်က လက်ချောင်းများဖြင့် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ရာ လှိမ့်တက်လာသောပင်လယ်ရေက အလျင်အမြန်ပင် ရေခဲမဟုတ်ဘဲ ဂျယ်လီအခြေအနေသို့ စုစည်းသွားကြသည်။ ထိုအပြောင်းအလဲကြောင့် နတ်ဆိုးငါးမန်းများ၏ လှုပ်ရှားမှုများအားလုံးက ထို“ဂျယ်လီ”ကြောင့် ရစ်ပတ်ခံလိုက်ရသကဲ့သို့ပင် ရပ်တန့်သွား၏။ ထို့နောက် လန်ဘို့စ်က လက်ညှိုးကိုကွေးပြီး ဖျောက်ခနဲတောက်လိုက်ရာ အစိုင်အခဲဖြစ်နေသော “ဂျယ်လီ”က တစ်စစီ ဖြစ်သွားသည်။ ကြေမွခြင်းမဟုတ်ဘဲ တစ်စစီ ဖြစ်သွားခြင်း ဖြစ်၏။ ဖြစ်ရပ်တစ်ခုလုံးက ရေတစ်စက်ကဲ့သို့ နူးညံ့လှသည်။

ပင်လယ်ရေက တစ်စစီ ဖြစ်သွားသည့်အခါ ပင်လယ်ရေများသာ ဖြစ်နေသေးသော်လည်း နတ်ဆိုးငါးမန်းများကတော့ အမှုန်များအဖြစ် ကွယ်ပျောက်ကာ ပင်လယ်ရေထဲ၌ အစအနမကျန် အရည်ပျော်သွားခဲ့သည်။ သွေးများပင် မကျန်ခဲ့ပေ။ လန်ဘို့စ်၏ တိုက်ခိုက်မှုက နူးညံ့ပြီး ဆန်းဆန်းပြားပြား မဟုတ်သော်လည်း သက်ရောက်မှုက အမှန်တကယ် ကြောက်စရာ ကောင်းလှသည်။ မည်သည့်ဒြပ်စင်ဘုရင်ဖြစ်စေကာမူ သူတို့ပိုင်ဆိုင်သော ဇစ်မြစ်စွမ်းအားက ကြက်သေသေလောက်အောင် အစွမ်းထက်ပေသည်။

ရေစွမ်းအားက အလွန်နူးညံ့သော်လည်း အစွမ်းထက်လှသည်။

ချန်လွေ့က “တောက်တီချင်း”မှ စကားတစ်ခွန်းကို တွေးလိုက်မိသည်။ “လောကမှာ အနူးညံ့ဆုံးအရာက အမာကြောဆုံးအရာကို ဖြတ်သန်းကျော်လွှားနိုင်တယ်။” သူက နားလည် သဘောပေါက်မှုတစ်ခု ရရှိခဲ့ပြီး ရေဓားပညာအဓိပ္ပာယ်ကိုလည်း နက်နက်ရှိုင်းရှိုင်း ပိုမို၍ နားလည်လာခဲ့သည်။

ထိုအချိန်၌ လှဲအိမ်နေပြီး ရနံ့မွှေးပြောင်းဆန် သေရည်သောက်ကာ အနားယူနေသော အက်ဂ်လက်စ်က ရုတ်ချည်း ထရပ်လိုက်သည်။

နတ်ဆိုးငါးမန်းများကို အလွယ်တကူ ရှင်းပစ်ခဲ့သော လန်ဘို့စ်ကလည်း ရုတ်တရက် ထူးခြားသော အကြည့်တစ်ခု ရှိနေခဲ့သည်။ တည်ငြိမ်နေသော ရေမျက်နှာပြင်က ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးနောက် အလွန်ကြီးမားသော လက်တံတစ်ခု ပေါ်ထွက်လာသည်။ လက်တံက အနီရင့်ရောင်ဖြစ်နေပြီး အချင်း၁၀မီတာနီးပါး ရှိသည်။ ရေအပြင်ဘက်ရှိ လက်တံက မီတာ၃၀ခန့် ရှိသည်။ လက်တံများက ကြောက်စရာ စုပ်ခွက်များနှင့် ပြည့်နေပြီး ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။

လန်ဘို့စ်က သတိလက်လွတ် ဖြစ်သွားဟန်တူပြီး လက်တံဖြင့် တည့်တည့် ရိုက်မိသွားကာ သူ့တစ်ကိုယ်လုံးက မရေမတွက်နိုင်သော ရေစက်များအဖြစ် ရုတ်တရက် ပြန့်ကျသွား၏။ ချန်လွေ့က အံ့အားသင့်သွားသည်။

သို့သော်လည်း လန်ဘို့စ်၏ ပုံရိပ်က နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာပင် လက်တံအ‌ပေါ်၌ ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင် အပူချိန်က ရုတ်တရက် လျော့ကျသွားပြီးနောက် ရေမျက်နှာပြင်က ရေခဲအဖြစ် အေးခဲသွား၏။ လက်တံကလည်း သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အေးခဲသွားပြီး ပင်လယ်ထဲ၌ ရေခဲပန်းဆွဲတစ်ခု ရုတ်တရက် ထွက်ပေါ်လာသလို ဖြစ်နေသည်။

ရေလှိုင်းတစ်ခုနှင့်အတူ မိစ္ဆာထောင်ခြောက်သင်္ဘောဆီသို့ လန်ဘို့စ် ပြန်လာခဲ့သည်။

“ဆာ-အက်ဂ်လက်စ်။ ဒီ သွေးအမှတ် နတ်ဆိုးရေဘဝဲက နတ်ဘုရားတစ်ပိုင်းအဆင့် ရောက်တော့မယ်။ ကျုပ် သူ့ကို မဖိနှိပ်နိုင်ဘူး။ ခင်ဗျားကို ဒုက္ခပေးလို့ ရမလား။”

“ခင်ဗျားရဲ့စွမ်းအားနဲ့ဆိုရင် အနည်းဆုံး နောက်ထပ် နာရီဝက်လောက် ထိန်းထားနိုင်ပြီးတော့ ဒဏ်ရာရအောင်တောင် လုပ်နိုင်တယ်။” အက်ဂ်လက်စ်က လန်ဘို့စ်၏ ခေါင်းပေါ်မှ လှိုင်းသရဖူကို ဖျပ်ခနဲကြည့်လိုက်ပြီး သေရည်တစ်ငုံ သောက်လိုက်သည်။ “ဒီလိုမျိုး အပျင်းခိုတာက ရေဒြပ်စင်ကောင်တွေရဲ့ ဉာဏ်များမှုလို့ သတ်မှတ်လို့ ရနိုင်လား။”

ထိုအချိန် ရေခဲပန်းဆွဲက စတင်အက်ကွဲလာသည်။ လန်ဘို့စ်က လက်ထဲရှိ ရေခဲသေရည်ခွက်ကို မြှောက်လိုက်ပြီး နဂါးဧကရာဇ်ကို အေးအေးဆေးဆေး ပြောလိုက်သည်။ “ခင်ဗျားက ရေဒြပ်စင်ကောင်တွေကို ချီးမွမ်းတယ်ဆိုတော့ ကျုပ် နားလည်ပေးရမှာပါ့။”

“ဒီသွေးအမှတ် နတ်ဆိုးရေဘဝဲကို...ကျုပ်သိတယ်။”

ချန်လွေ့က ပြောလိုက်သည်။ ထိုရေဘဝဲက “ပင်လယ်နက်နတ်ဘုရား”ဟု သိကြသော ရေဘဝဲဘုရင် ဖြစ်သည်။ ယခုတွင် [ သရုပ်ခွဲမျက်လုံး ] က အသေးစိတ် စွမ်းအားကို ပြနိုင်ပြီ ဖြစ်သည်။ စွမ်းအားအကဲဖြတ်မှုမှာ [ SS + ] ဖြစ်၏။

လန်ဘို့စ် ပြောသည့်အတိုင်းပင် သူက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းသို့ ရောက်နေပြီ ဖြစ်ကာ စစ်မှန်သော နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ နီးကပ်လုနီးပါး ဖြစ်နေလေပြီ။

“သူ့နာမည်က ရက်ပီပစ်။ သူက ကျုပ်နဲ့ ညီတူမျှတူစာချုပ် ချုပ်ထားတယ်။” အာရုံများကို အပြည့်အဝ အသက်သွင်းထားသော ချန်လွေ့က မျက်မှောင်ကြုတ်လိုက်မိသည်။ “အကြောင်းရင်း တချို့ကြောင့် သူ့အသိစိတ်က ရုန်းကန်နေပြီးတော့ ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ တခြားခံစားချက်တွေကို တိုက်ခိုက်နေရသလိုပဲ။ အခုလက်တလောတော့ ကျုပ် သူ့ကို ဆက်သွယ်စကားပြောလို့မရဘူး။”

“ရိုးရိုးလေးပါ။ သူ့ကို သတိဝင်တဲ့အထိ ရိုက်လိုက်ရုံပဲပေါ့။” ယောက္ခမကြီးကသာ ထိုကဲ့သို့ မောက်မာသော စကားလုံးများကို ပြောနိုင်၏။ အက်ဂ်လက်စ်က ကုန်နေသော သေရည်ပုလင်းကို မြှောက်ပြလိုက်ရာ ကျောင်းသားသမက်လေးက ချက်ချင်းပင် အလိုက်သိစွာဖြင့် သေရည်တစ်ပုလင်း ကမ်းပေးလိုက်သည်။

“အရှင် လန်ဘို့စ်။ သောက်ဦးမလား။”

ရေဒြပ်စင်ဘုရင်က ခေါင်းခါလိုက်သည်။ “ဒီလိုမျိုး အပင်ကို အချဉ်ဖောက်ထားတဲ့ အရည်က ရေဖျော်ထားတဲ့ အသက်ဓာတ်ရေစင်နည်းနည်း ပါရင်တောင် ရေဒြပ်စင်ကောင်တွေကို စိတ်မဝင်စားစေနိုင်ဘူး။”

ထိုစကားကြောင့် ချန်လွေ့နှင့် မြေဒြပ်စင်ဘုရင်တို့ အချင်းချင်း ပြုံးလိုက်မိကြသည်။ အကြောင်းမှာ ယခင်ကလည်း မိုးရီက ထိုကဲ့သို့ ပြောခဲ့ဖူးသည့် အတွက်ကြောင့်ပင်။ လန်ဘို့စ်၏ ရေခဲခွက်ထဲ၌ တလက်လက်ဖြစ်နေသော အပြာရောင်အရည်အချို့ ရှိနေသည်။ “ရေဒြပ်စင်ကောင်တွေအတွက် ကြယ်ပြာရေပြင်းက တကယ့် သေရည်အကောင်းစားပဲ။”

ကြယ်ပြာရေပြင်းလား။ ချန်လွေ့က စိတ်လှုပ်ရှားသွားခဲ့သည်။ ဒါက စုစည်းရုပ်သေး ထုတ်လုပ်ဖို့ လိုအပ်နေတဲ့ အရေးအပါဆုံး ကုန်ကြမ်းပဲ။

ဟယ်လင်က ထိုစကားဝိုင်းကို သေသေချာချာ နားမထောင်နေပေ။ ထိုအစား သူက ရေခဲတံတိုင်းကို ဖြိုခွဲလိုက်သည့် လက်တံကြီးကိုသာ စိုက်ကြည့်နေခဲ့သည်။ ရုတ်တရက် ဝိုင်ခွက်ကို ကိုင်ထားဆဲဖြစ်သော ပုံရိပ်တစ်ခု လက်တံရှေ့ ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။

ချက်ချင်းပင် လက်တံများ ပျောက်ကွယ်သွားပြီး ပုံရိပ်လည်း မရှိတော့ပေ။

ထိုအရာက ထင်ယောင်ထင်မှားဖြစ်သည်ဟု မာယာရှင်မလေး ထင်နေခဲ့စဉ် အနီးအနားရှိ ရေများက ရုတ်တရက် ဆူပွက်လာပြီး ဧရာမလှိုင်းလုံးကြီးများက ဆယ်မီတာခန့်အထိ မြင့်တက်သွားသည်။ လန်ဘို့စ်က သက်ပြင်းချလိုက်၏။ “နဂါးဧကရာဇ် အရှင်မင်းကြီးက ရေဒြပ်စင်ကောင်တွေရဲ့ ဉာဏ်ပညာကို မအောင်မြင်စေချင်တဲ့ပုံပဲ။”

ထိုသို့ပြောပြီးနောက် ရေဒြပ်စင်ဘုရင်၏ လှိုင်းသရဖူက တောက်ပလာပြီး မိစ္ဆာထောင်ခြောက် သင်္ဘောကို အလွန်ကြီးမားသော သလင်းကျောက်လုံးတစ်ခုက ရစ်ပတ်လိုက်ကာ လေထဲသို့ ပျံတက်သွားခဲ့သည်။ အောက်ဘက်မှ လှိုင်းလုံးများ မည်မျှပင် ပြင်းထန်စေကာမူ ၎င်းက တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။

လှိုင်းလုံးများက ပြင်းသထက် ပြင်းထန်လာပြီး ကောင်းကင်နှင့်မြေကြီးက ပြောင်းပြန် ဖြစ်သွားဟန်တူသည်။ ကောင်းကင်က တိမ်တိုက်များ မစီးဆင်းနေတော့ဘဲ ပင်လယ်ရေများသာ ရှိနေသည်။ မရေမတွက်နိုင်သော ထူးဆန်းသည့် ပုံစံများကလည်း ကြောက်မက်ဖွယ်ရာ အားစက်ကွင်းထဲ၌ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။

ရုတ်တရက် အလင်းရောင်တစ်ခုက ရှေ့တွင် ထွက်ပေါ်လာပြီးနောက် အလွန်ကြီးမားသည့် ခန္ဓာကိုယ်တစ်ခုက လှိုင်းထဲမှ လေထဲသို့ လွင့်ထွက်သွားသည်ကို ရေးရေးလေး မြင်လိုက်ရသည်။ ယိမ်းထိုးနေသော လက်တံများ၏ မတည်မငြိမ် အခြေအနေကို ကြည့်ရလျှင် ၎င်းက အဆော်ခံလိုက်ရဟန်တူသည်။ မရေမတွက်နိုင်သော ရေတိုင်လုံးများ မြင့်တက်လာပြီး အလွန်ကြီးမားသော ခန္ဓာကိုယ်အား အနက်ရောင်အငွေ့များ ထွက်နေသော ဧရာမမြွေများသဖွယ် ဖမ်းဆီးလိုက်သည်။

“ဘုန်း...ဘုန်း.....ဘုန်း....”

ကောင်းကင်တစ်ခုလုံး တုန်လှုပ်နေ၏။ အဖြူရောင် အကာအကွယ် သလင်းကျောက်လုံး ပျောက်ကွယ်သွားပြီးနောက် လေထဲရောက်နေသော “ကောင်းကင်သင်္ဘော”က ပင်လယ်ပြင်သို့ ပြန်ရောက်လာခဲ့သည်။

ခဏအကြာ အရာအားလုံးက တည်ငြိမ်သွားဟန်တူသော်လည်း ကောင်းကင်ပေါ်သို့ လွင့်သွားသည့် အလွန်ကြီးမားသောပုံရိပ်က ပျောက်ကွယ်သွားဟန်တူသည်။ မပြုတ်ကျ လာသေးပေ။

ချန်လွေ့နှင့် ရေဒြပ်စင်ဘုရင်နှစ်ပါးက တပြိုင်နက်တည်း မော့ကြည့်လိုက်ရာ ကုန်းပတ်ပေါ်သို့ လူတစ်ယောက် ကျလာသည်ကိုသာ မြင်လိုက်ရ၏။

ထိုသူက အကောင်ကြီးကြီး လူတစ်ယောက် ဖြစ်သည်။ အတိအကျပြောရလျှင် သူက ဝသည်။ သူက အနီရင့်ရောင် အဝတ်အစားဝတ်ထားပြီး နှာခေါင်းအပြာ ရှိသည်။ သူ့မျက်နှာက ဒဏ်ရာများ ရှိနေသည်။ ရုတ်တရက် ကြည့်လိုက်ရာ ကျူးပါကျဲ လောကကူးပြောင်းလာသည်ဟု ချန်လွေ့က ထင်လိုက်မိသည်။

မျိုးနွယ် - သွေးအမှတ် နတ်ဆိုးရေဘဝဲ

စွမ်းအားအကဲဖြတ်မှု - SS+

ခန္ဓာအမျိုးအစား - SS+

ခွန်အား - SS+

စိတ်ဝိညာဉ် - SS-

အမြန်နှုန်း - SS-

[ စိစစ်ချက် ] - ရေဒြပ်စင် [ အသစ်ပြန်ဖြစ်ခြင်း ]

အန္တရာယ်အဆင့် - အလွန်အမင်း အန္တရာယ်များ။

လက်စသတ်တော့ ရေဘဝဲဘုရင်ကိုး။

“ဆာ-ရက်ပီပစ်လား။” ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] မှ အစမ်းသဘော မေးကြည့်လိုက်သည်။

ထိုအသံကြောင့် ရေဘဝဲဘုရင်က ပွန်းပဲ့နေသော မျက်လုံးများကို ဖွင့်လိုက်ရာ ချန်လွေ့ကို သေသေချာချာ မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားသည်။ “မင်းပဲ။”

ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ ကြည့်ရတာ ဒီတစ်ခေါက် သူက အသိစိတ် ဝင်တဲ့အထိ အရိုက်ခံလိုက်ရတဲ့ပုံပဲ။ အက်ဂ်လက်စ်က ထိုင်ခုံစောင်းပေါ်သို့ တနည်းနည်းဖြင့် ပြန်ရောက်လာပြီး “အထူးပြုလုပ်ချက်ရုပ်ရှင်ပြကွက်”က သူနှင့် ဘာမှမဆိုင်သလိုပင် ဆက်လက်၍ သေရည်သောက်နေလိုက်သည်။

ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို ထပ်မသုံးတော့ဘဲ တခါတည်း ပြောလိုက်၏။ “ခုနက ခင်ဗျား စိတ်လွတ်သွားပြီးတော့ ကျုပ်တို့ကို တိုက်ခိုက်ခဲ့တယ်။ အဲဒါကြောင့် ကျုပ်ရဲ့...အဲ... ကျုပ်မိန်းမရဲ့ အဖေက ခင်ဗျားကို သတိပြန်ဝင်အောင် ကူညီပေးခဲ့တာ။”

ရေဘဝဲဘုရင်က စိတ်ထဲ၌ ကြောက်လန့်သွားခဲ့သည်။ ဒီကောင်က လုံးဝကို မရိုးရှင်းဘူးပဲ။ သူ့နောက်မှာ ဒီလိုပုဂ္ဂိုလ်မျိုးတောင် ရှိနေတယ်။

ထိုဂုဏ်ပုဒ်က ယောက္ခမဖြစ်သူက သက်တောင့်သက်သာ ဖြစ်သွားစေပြီး သူက ရက်ပီပစ်ကို ပြောလိုက်သည်။ “ရေဘဝဲလေး။ အကူအညီ ထပ်လိုသေးလား။”

ရေဘဝဲဘုရင်က ကြောက်ရွံ့နေသော မျက်လုံးများဖြင့် အလျင်အမြန် ခေါင်းခါလိုက်သည်။ အမှန်တကယ်၌ သူက တိုက်ပွဲအတွင်း နိုးနေပြီး ဖြစ်သည်။ သူက ရုတ်တရက် ပေါ်လာသော ရန်သူကို အနိုင်ရရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူက ရန်သူကိုပင် မထိနိုင်ခဲ့ပေ။ သူတို့နှစ်ယောက်က လုံးဝကို အဆင့်မတူသည်မှာ အသေအချာပင်။ “သူ့မိန်းမ၏အဖေ”က သူ့ကို သတ်ချင်လျှင် အလွယ်လေးသာ ဖြစ်၏။ သူ အသက်ရှင်ရသည့် အကြောင်းရင်းမှာ သူယခင်က ပုရွက်ဆိတ်မှ သတ်မှတ်ထားခဲ့သော သူ့ရှေ့မှလူကြောင့် ဖြစ်နိုင်ပေသည်။

“အမ်။ ဆာ-အက်ဂ်ယော။ မင်းက လျို့ဝှက်မြူဖုံးပင်လယ်ကို သွားတာ မဟုတ်လား။ ဘာလို့ ဒီကို ပြန်ရောက်လာတာလဲ။” ရေဘဝဲဘုရင်၏ လေသံက အလွန်ယဉ်ကျေးနေပြီး သူတို့က ပထမဆုံး စတွေ့ခဲ့စဉ်ကနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။ ချန်လွေ့၏ ယောက္ခမက အစွမ်းထက်လွန်းသည့်အတွက် သူလည်း ရွေးစရာ မရှိခဲ့ပေ။

“အရင်တစ်ခေါက် ခရီးစဉ်က ကျဆုံးသွားခဲ့တယ်။ အဲဒါကြောင့် ပြန်လာခဲ့တာ။ ဒါနဲ့ ဒီနယ်မြေမှာ မူမမှန်မှုတွေ ဖြစ်နေတာ သိတယ်။ အဲဒါကြောင့် အသိဉာဏ်နိမ့်ပါးတဲ့ ပင်လယ်နတ်ဆိုးသားရဲတွေက အချင်းချင်း သတ်ဖြတ်နေကြတယ်။ ဒါပေမဲ့ ဆာ-ရက်ပီပစ်က... ဘာဖြစ်သွားတာလဲ။”

ရက်ပီပစ်က နာကျင်သော အမူအရာဖြင့် ထရပ်လိုက်ပြီးနောက် အက်ဂ်လက်စ်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒါက နဂါးနက်ဧကရာဇ်နဲ့ သက်ဆိုင်နေလောက်တယ်။ င့ါဝိညာဉ်နဲ့ ပေါင်းစည်းထားတဲ့ စာချုပ်စွမ်းအားက ပြောင်းလဲမှုအချို့ ဖြစ်သွားပြီးတော့ ငါ့ကို တစ်ခါတစ်ခါ သောင်းကြမ်းပြီးတော့ အစုလိုက်အပြုံလိုက် သတ်စေခဲ့တယ်။ ငါ ခက်ခက်ခဲခဲ ပျိုးထောင်ခဲ့တဲ့ ယုံကြည်သူတွေတောင် ငါ့လက်ထဲမှာ သေသွားခဲ့ရတယ်။”

ထိုသို့ပြောနေရင်း ရက်ပီပစ်က အံကြိတ်လိုက်မိသည်။ အက်ဂ်လက်စ်၏ မျက်မှောင် ကြုတ်လိုက်၏။ “ဘယ်ကတည်းကလဲ။”

“ကျုပ်က မူမမှန်မှု တစ်ခုကို ရေးရေးလေး အာရုံခံမိခဲ့တယ်။ လွန်ခဲ့တဲ့ ၂လတုန်းက ဒီမူမမှန်မှုတွေ ပိုပြင်းထန်လာခဲ့တယ်။ ကျုပ်ရဲ့ လုပ်ရပ်တွေလည်း ထိန်းမရ ဖြစ်လာတယ်။ ကျုပ်စိတ်ထဲမှာရှိတဲ့ စာချုပ်စွမ်းအားက ကျုပ်ရဲ့ သတ်ဖြတ်ချင်စိတ်ကို အဆက်မပြတ် အသက်ဝင်စေခဲ့တယ်။ ချုပ်ထိန်းမှုတွေသာမရှိဘူးဆိုရင် ကျုပ် ထွက်ပြေးသွားတာကြာပြီ။” ဆာ-ရက်ပီပစ်က အက်ဂ်လက်စ်ကို ဦးညွှတ်လိုက်သည်။ “ဆာ။ ကျုပ်ကို ဒီဒုက္ခကနေ ကယ်တင်ပေးပါ။ ဆာ-အက်ဂ်ယောက ကျုပ်က အသိအကျွမ်းတွေပါ။ ပြီး‌တော့ ကျုပ်တို့ကလည်း စာချုပ် ချုပ်ထားတယ်။ ကျုပ် သေချာပေါက် ကျေးဇူးဆပ်မှာပါ။”

ရေဘဝဲဘုရင်က ငတုံးမဟုတ်ပေ။ အက်ဂ်ယောက အရင်တစ်ခေါက်တုန်းက ကျရှုံးသွားခဲ့တယ်။ ဒါကြောင့် သူက နောက်ခံတစ်ယောက် ရှာလာခဲ့တယ်။ သူက အနိုင်ရဖို့ ဆုံးဖြတ်ထားတာပဲ ဖြစ်ရမယ်။ ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ အသိစိတ်နဲ့ ငါရဲ့ လွတ်လပ်မှုကို ပြန်ရနိုင်မနိုင်က သူ့လက်ထဲမှာပဲ လုံးဝ ရှိနေတယ်။

ထိုမူမမှန်မှုက မရိုးရှင်းကြောင်း ချန်လွေ့က စိတ်ထဲ၌ သိနေသည်။ အစပိုင်းတွင် ရိုဒရီဂူးဇ်က အလင်းဇစ်မြစ်အပိုင်းအစစွမ်းအားကို အသုံးပြုပြီး သူ၏ [ ကောင်းချီးအလင်းခန္ဓာ ] ကို မတော်တဆ အားဖြည့်ပေးခဲ့ပြီး [ ကျက်သရေ အလင်းခန္ဓာ ] အဖြစ် ပြောင်းလဲသွားစေသည်။ နောက်ပိုင်းတွင် သူ့ကို အသူရာက အတင်းအကြပ် ဖိနှိပ်ခဲ့သည်။ ထို့နောက် သူက ကြံရာမရသည့်အဆုံး ဒိုဒို၏ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သည်။ ရလာဒ်အနေဖြင့် ဒိုဒို၏စွမ်းအားက အားနည်းလွန်းလှသည့်အတွက် ဆိုးဆိုးဝါးဝါး အရိုက်ခံခဲ့ရသည်။ ထို့နောက် သိဒ္ဓိနဂါးက စိတ်လှောင်အိမ်ကို အသက်သွင်းပြီး ချန်လွေ့ကို နှစ်တစ်သောင်း အကျဉ်းချကာ သူကိုယ်တိုင်က စွမ်းအားပြန်ဖြည့်ရန်အတွက် အိပ်မောကျသွားခဲ့သည်။

ချန်လွေ့က လှောင်အိမ်မှ လွတ်သွားပြီး လူသားလောကသို့ ရောက်သွားလိမ့်မည်ဟု ရိုဒရီဂူးဇ် လုံးဝ ထင်ခဲ့မည် မဟုတ်ပေ။ သို့ရာတွင် သုံးလေးလတည်းနှင့် အိပ်နေလောက်သော ရိုဒရီဂူးဇ်က မမျှော်လင့်ထားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပြီး သူ့စွမ်းအားများလည်း တိုးလာလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် ပြန်လည်ဖြစ်တည်လာသော တိုင်းပြည်ကလည်း မူမမှန်သော အားတစ်ခု ထုတ်လွှင့်နေပြီး ပတ်ဝန်းကျင်ပင်လယ်နယ်မြေကို သက်ရောက်စေနေသည်။ သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အသုံးချပြီး စွမ်းအားပြန်ဖြည့်ခြင်းကို အရှိန်မြှင့်ချင်နေပုံရသည်။

“ပင်လယ်နက်မှာ ကျုပ်ရဲ့ သတင်းကောင်းကို စောင့်နေပါ။ ဆာ-ရက်ပီပစ်။” ချန်လွေ့က ရေဘဝဲဘုရင်က မျှော်လင့်ချက် ချည်မျှင်တစ်ချောင်း ချန်ထားပေးခဲ့ပြီး ထိုပင်လယ်နယ်မြေမှ ရွက်လွှင့်ထွက်သွားခဲ့သည်။

လျို့ဝှက်မြူဖုံးပင်လယ်၊ လျို့ဝှက်မြူဖုံးကျွန်း၌-

ကြက်သီးထနေသော ဆံပင်ပြာရောင် ကောင်မလေးက ကမ်းခြေမှ ကျောက်ဆိုင်၏ ထောင့်တစ်နေရာ၌ ခွေခွေလေး ရှိနေခဲ့သည်။

ကောင်မလေး၏မျက်နှာက လတ်ဆတ်ပြီး လှပနေကာ အောက်ပိုင်းမှ မြွေခန္ဓာက နာဂါမျိုးနွယ်စု၏ ဝိသေသလက္ခဏာ အတိအကျပင် ဖြစ်လေသည်။ ကောင်မလေး၏ မျက်နှာ အမူအရာက ထိုအချိန်၌ ဖျော့တော့နေပြီး နာကျင်မှု၊ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ “ရောက်လာပြန်ပြီ။ အဲဒီကြောက်စရာကောင်းတဲ့ ခံစားချက်.....”

“အက်ဂ်ယော၊ အက်ဂ်ယော....” ကောင်မလေးက တုန်ယင်စွာဖြင့် နာမည်တစ်ခုကို ခေါ်နေခဲ့ပြီး သူ့မျက်လုံးများက အတော်လေး ကြည်လင်သွားခဲ့သည်။ သူက ဆက်လက် အားတင်းထားရန်အတွက် သတ္တိကို ရှာတွေ့သွားဟန်တူသည်။

အချိန်အတော်ကြာပြီးနောက် ကောင်မလေးက အားအင်ပြန်ပြည့်လာပြီး ကျောက်ဆိုင်ကို မှီကာ မောဟိုက်နေခဲ့သည်။ သူက လက်ထဲမှ ‌ဆေးပင်များကို ဝါးပြီးမျိုချလိုက်ရာ ဖျော့တော့သော မျက်နှာက အတော်လေး သက်သာလာ၏။

“အယ်ဒီလိုင်း....”

လေထဲ၌ ခေါ်သံတစ်မျိုးမျိုး ရှိနေဟန်တူသည်။

ထိုကောင်မလေးက သိမ့်သိမ့်တုန်သွားပြီး နားကြားမှားသည်ဟု ထင်လိုက်မိသည်။ သူက လက်မောင်းကို အပြင်းအထန် ဆွဲဆိတ်လိုက်ရာ နာကျင်မှုနှင့် ပိုမိုထင်ရှားလာသော အသံတို့က ထိုအရာသည် ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ကြောင်း ပြောပြနေခဲ့သည်။

ကောင်မလေး၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီးနောက် ပုံမှန် မှိုင်တွေနေမှုက ကွယ်ပျောက်သွားခဲ့သည်။ သူက တနည်းနည်းဖြင့် အားအင်များ စုစည်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

မြွေခန္ဓာကိုယ်က ခြေထောက်နှစ်ဖက်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် သူက တုံ့ဆိုင်းသွားပြန်သည်။ နောက်ဆုံး၌ သူက မြွေခန္ဓာအဖြစ် ပြန်ပြောင်းလိုက်သည်။ သူက အလျင်အမြန်ပင် အသံရှိရာသို့ လျှောက်သွားပြီး ဘဝတွင် အကျယ်ဆုံးသောအသံဖြင့် အော်ပြောလိုက်သည်။ “ကျွန်မ ဒီမှာ...”

All Chapters