အမုန်းတရားနယ်မြေ
Vol. 45 Ch. 717
မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်၌ ချန်လွေ့က မြူများဝိုင်းရံနေသော လျို့ဝှက်မြူဖုံးကျွန်းကို ပြန်လှည့်ကြည့်လိုက်သည်။ သူက မြူများနောက်ကွယ်များ မြင်ကွင်းကို မမြင်နိုင်သော်လည်း ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက လက်ဝှေ့ရမ်းပြနေသည်ကို စိတ်ကူးကြည့်၍ ရနိုင်သေးသည်။
အမုန်းတရားနယ်မြေတွင် မည်သို့သော မူမမှန်မှုကြီးတစ်ခု ဖြစ်သွားခဲ့ကြောင်း သေချာ မသိခဲ့သည့်အတွက် ချန်လွေ့က အယ်ဒီလိုင်းကို အတူမခေါ်သွားခဲ့ဘဲ လျို့ဝှက်မြူဖုံးကျွန်းပေါ်၌ သေချာမမြင်နိုင်သော နာဂါကောင်မလေးကို အဖော်ပြုရန်အတွက် ဟယ်လင်ကိုသာ ထားရစ်ခဲ့သည်။
“အဲဒီမြွေကောင်မလေးအကြောင်း တွေးနေတုန်းလား။ ဟမ့်။ အခုပဲ အဲဒီကျွန်း တစ်ခုလုံးကို ငါ ဖျက်ဆီးလိုက်မယ်ဆိုတာ ယုံလား။” ဘေးဖက်မှ အက်ဂ်လက်စ်က မပျော်နေပေ။ ဘာလို့ မင်းက ငါ့ရဲ့ အဖိုးတန်ကောင်မလေးကို သတိမရ ရတာလဲ။
ခုနက ကျွန်းပေါ်တွင် သူတို့ အယ်ဒီလိုင်းနှင့် တွေ့ခဲ့စဉ်က စိတ်လှုပ်ရှားနေခြင်းကြောင့် နာဂါ မိန်းကလေး ခြေချော်သွားခဲ့ပြီး ချန်လွေ့က အမိဖမ်းခဲ့ရသည်။ ယောက္ခမက သမက်ဖြစ်သူကို စေ့စေ့စိုက်စိုက် ကြည့်နေခဲ့သည်။
ချန်လွေ့က အက်ဂ်လက်စ်၏ အကြည့်ကို လျစ်လျူရှုထားလိုက်၏။ နာဂါကောင်မလေး အတွက်က သူ၏စိတ်ထဲ၌ အပြစ်စိတ်သာ ရှိသည်။ အယ်ဒီလိုင်း၏ စိတ်နေသဘောထားက အားနည်းသော်လည်း သုံးလေးလကြာအောင် ထိုကျွန်းပေါ်တွင် တစ်ယောက်တည်း နေခဲ့ရသည်။ အထီးကျန်မှုနှင့် အကြောက်တရားတို့ကပင် မခံမရပ်နိုင်ဖြစ်နေပြီး ငရဲပငလယ်အောက်ရှိ တစ်နေရာရာမှလာသော ပိုကောင်းသည့် အားတစ်ခုက အာရုံခံစူးရှသော နာဂါမိန်းကလေးကို နေ့စဉ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနေခဲ့လေသည်။
“အယ်ဒီလိုင်း။ မင်းကို ငါ ကတိပေးထားတာ မှတ်မိလား။ ငါ့ကို စောင့်နေပါ။”
နာဂါမိန်းကလေးက မြူထဲ၌ ပျောက်ကွယ်သွားသော မိစ္ဆာထောင်ခြောက်သင်္ဘောကို ကြည့်နေလိုက်ပြီး ချန်လွေ့ပြောခဲ့သော နောက်ဆုံးစကားများက သူ့နားထဲ ပဲ့တင်ထပ်နေ၏။
မင်းရဲ့မျက်လုံးနဲ့ ကောင်းကင်ထဲက ရဲတိုက်ကို မြင်ရလိမ့်မယ်....
မင်းရဲ့ လှပတဲ့စောင်းသံက လူတိုင်းကို ယစ်မူးစေလိမ့်မယ်.....
ချန်လွေ့က သေရည်တစ်ပုလင်းထုတ်ပြီး ယောက္ခမဖြစ်သူကို ခွက်မြှောက်ပြကာ အယ်ဒီလိုင်းနှင့် ဆုံတွေ့ခဲ့သော ဇာတ်လမ်းကို အကျဉ်းချုံး ပြောပြလိုက်သည်။ “ကျုပ်ရဲ့ ရင်ထဲမှာတော့ သူက ချစ်ရာကောင်းတဲ့ ညီမလေး တစ်ယောက်ပါပဲ။”
ထိုဖွင့်ဟချက်က ယောက္ခမဖြစ်သူ၏ မျက်နှာကို ပိုမို ဖျော့တော့သွားစေသည်။ နဂါးဧကရာဇ် မျက်လုံးများက ဘဝကံကြမ္မာအပြောင်းအလဲမှတဆင့် လက်ခနဲ ဖြစ်သွားပြီး ကျွန်းကို ဖျက်ဆီးမည့်အကြောင်းရင်းကို လုံးဝ မပြောတော့ပေ။ သို့သော်လည်း သေရည် တစ်ငုံသောက်ပြီးနောက် သူက အဓိကစကားလုံးတစ်ခုကို သတိထားမိခဲ့သည်။ “အိုလီဖီးရက်စ်လည်း “ညီမလေး”ပဲလား။ လောဘကြီးတဲ့ မင်းမှာ “ညီမလေးတွေ” ဘယ်လောက် ရှိနေတာလဲ။”
“ခံစားချက်တွေလား။” ချန်လွေ့က အက်ဂ်လက်စ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ရာ တဖက်လူက ကြောင်တောင်တောင် ဖြစ်သွား၏။ ထို့နောက် လူသားက ပုခုံးတွန့်ပြလိုက်သည်။ “အခုတော့ အိုလီဖီးရက်စ်က ကျုပ်ရဲ့ ညီမလေး ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ကျုပ် ကြိုးစားမှာပါ....”
“အခုတော့ ဟုတ်လား။ မင်းက ငါ့ကို ခါထုတ်နေတာပဲ။” အက်ဂ်လက်စ်က အေးစက်စက် ပြောလိုက်သည်။ “ဒါပေမဲ့ အနည်းဆုံးတော့ မင်း မလိမ်ခဲ့ဘူး။ ငါ မင်းကို သတိပေးလိုက်မယ်။ တခြား “ညီမလေး”တွေက ညီမလေးပဲ ဖြစ်ရမယ်။”
ထိုရက်များအတွင်း အတူတူခရီးသွားပြီးနောက် ချန်လွေ့က ယောက္ခမဖြစ်သူ၏ စိတ်နေသဘောထားကို ကောင်းကောင်း နားလည်လာခဲ့သည်။ သူက သေရည်ပုလင်းကို မြှောက်ပြီး အသာလေး ပြုံးလိုက်သည်။ “ကျုပ် နားလည်ပါတယ်။”
တစ်ရက်ကြာပြီးနောက် လျို့ဝှက်မြူဖုံးပင်လယ်ကို ဖြတ်သွားသော မိစ္ဆာထောင်ခြောက် သင်္ဘောက ငရဲပင်လယ်နယ်မြေသို့ ဝင်ရောက်လာခဲ့သည်။
သေရွာပြန်ဘုရင် ဂလိုရီယိုစ်၏ ရက်စက်သော နည်းလမ်းများကြောင်း သတ္တဝါများ အားလုံးကို မသေမျိုးများ ဖြစ်သွားကြပြီဖြစ်ရာ ငရဲပင်လယ်၌ သက်ရှိ လုံးဝ ရှိမနေပေ။ ယခုတွင် သေရွာပြန်ဘုရင်က ချေမှုန်းခံလိုက်ရပြီး မသေမျိုးကလည်း အလိုလို ကွယ်ပျောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က လမ်းတစ်လျှောက်၌ မတိုက်ခိုက်ခံခဲ့ရပေ။ သို့ရာတွင် မိုးကြိုးမုန်တိုင်း ရှိနေသည့်အတွက် ရာသီဥတုက ဆိုးဝါးနေသေးသည်။
လန်ဘို့စ်က မျက်မှောင်ကြုတ်လိုက်၏။ “အာရုံခံမိလား။ မိုးရီ....”
မိုးရီက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ “ဒြပ်စင်အငွေ့အသက်က အတော်လေး ဖရိုဖရဲ ဖြစ်နေတယ်။ ကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခု မွေးဖွားလာသလိုမျိုး မတည်ငြိမ်မှုတွေ၊ ကသိကအောက်ဖြစ်မှုတွေ ပြည့်နှက်နေတယ်။”
“ပင်လယ်က တိုင်းပြည်အငွေ့အသက်တစ်ခု ရှိတယ်။ သိပ်တော့ အားမကောင်းဘူး။ ဒါပေမဲ့ နည်းနည်း ထူးဆန်းတယ်။” အက်ဂ်လက်စ်၏ လေ့လာဆန်းစစ်မှုက ဒြပ်စင်ဘုရင် နှစ်ပါးနှင့် ရှုထောင့် မတူညီပေ။ “ကြည့်ရတာ ဒီတစ်ခေါက်က ထင်ထားသလို မလွယ်တဲ့ပုံပဲ။”
ချန်လွေ့၏ ဗဟုသုတနှင့် အတွေ့အကြုံတို့က သူတို့သုံးယောက်နှင့်ယှဉ်လျှင် နိမ့်ကျ လွန်းလှပေသည်။ သူက မူမမှန်သော အငွေ့အသက်တစ်ခုကိုသာ ရေးရေးလေး အာရုံခံမိသည်။ သူက မေးလိုက်သည်။ “အရှင်မင်းကြီး လန်ဘို့စ်။ အမုန်းတရားမြေက ဒီပင်လယ်နယ်မြေထဲက အနက်တစ်နေရာမှာ ရှိလောက်တယ်။ အဲဒီတုန်းက အမှောင်ဒြပ်စင် သင်္ဘောကို သုံးပြီးတော့ ကျုပ်နဲ့ ဟီဂယ်က ပင်လယ်ကြမ်းပြင်ကို ထိုးဆင်းခဲ့တယ်။ ဒါပေမဲ့ အခု အမှောင်ဒြပ်စင် သင်္ဘော မရှိတော့ဘူး။ ပင်လယ်ကြမ်းပြင်ကို သွားဖို့အတွက် အရှင်မင်းကြီးမှာ နည်းလမ်းတစ်ခုခု ရှိမလား မသိဘူး။”
“ရှိတာပေါ့။ ငါက ရေဒြပ်စင်ဘုရင်ပဲ။” လန်ဘို့စ်က လှိုင်းသရဖူကို ချွတ်လိုက်ပြီး ပင်လယ်ထဲသို့ ပစ်လွှတ်လိုက်သောအခါ လူတိုင်းအရှေ့၌ ရွက်လှေတစ်ခုနှင့် အနည်းငယ် ဆင်တူသော ထူးဆန်းသည့် သင်္ဘောတစ်စင်း ပေါ်ထွက်လာသည်။ ၎င်းကို လုံးဝ ဖောက်ထွင်း မြင်နေရပြီး ဖန်သားနှင့် လုပ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုအရာက ခမ်းနားသော အပြာရောင် အလင်းများ လင်းနေလေသည်။ “ဒါကို..... အဏ္ဏဝါသင်္ဘောလို့ပဲ ခေါ်ပါ။”
ချန်လွေ့က သဲလူသားများကို သဲကျောက်တုံး အမြုတေအဖြစ် သိမ်းပြီး မိစ္ဆာထောင်ခြောက် သင်္ဘောကို ဘေးဖယ်ကာ အက်ဂ်လက်စ်နှင့် မိုးရီတို့နှင့်အတူ အဏ္ဏဝါသင်္ဘောဆီသို့ ဝင်ရောက်လာခဲ့သည်။ အဏ္ဏဝါသင်္ဘောက တဖြည်းဖြည်း ပိတ်ထားပြီး ပုံစံက အံ့သြဖွယ်ရာပင် ငါးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ပင်လယ်ထဲသို့ ငုပ်လျှိုးသွားခဲ့သည်။
အဏ္ဏဝါသင်္ဘောက အလွန် မြန်ဆန်လှပြီး တကယ့်ငါးတစ်ကောင် ရေထဲ၌ လွတ်လွတ်လပ်လပ် ငုပ်လျှိုးသွားလာနေသကဲ့သို့ ဖြစ်နေသည်။ ၎င်းက ထုတ်လွှတ်သော အလင်းရောင်ကလည်း သိပ်ပြီးမတောက်ပလှပေ။ သို့သော်လည်း ချန်လွေ့က ငါးနှင့်အတူ အမြင်ချင်း မျှဝေနေသကဲ့သို့ပြင် အပြင်ဘက်မှ အခြေအနေများကို အတွင်းမှ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
အံ့သြဖွယ်ရာများမှာ ထိုမျှမကပေ။ ငါးကြီးဗိုက်ထဲ၌ သူတို့က အပြင်ဘက်မှ ရေဖိအားများနှင့် လှုပ်ရှားမှုများကို မခံစားရပေ။ မြေပြန့်ကဲ့သို့ ဖြစ်နေသည်။ စားပွဲ၊ ကုလားထိုင်တို့ကလည်း အချိန်မရွေး ပေါ်လာနိုင်ပြီး ရေဒြပ်စင် မှော်ပညာ၏ အသွင်တုသဖွယ် ဖြစ်သည်။ ၎င်းနှင့်ယှဉ်လျှင် ချန်လွေ့ကို အံ့အားသင့်စေခဲ့သော အမှောင်ဒြပ်စင်သင်္ဘော ဆယ်ကျော်သက် သန္ဓေပြောင်း လိပ်နင်ဂျာ သင်္ဘောက အလွန်နိမ့်ကျသည်ဟူ၍သာ ဖော်ပြ၍ ရနိုင်ပေသည်။
လန်ဘို့စ်က လက်ကိုဖြန့်လိုက်ရာ ထိုလက်က အမှန်တကယ် အဏ္ဏဝါသင်္ဘောနံရံနှင့် ပေါင်းစပ် သွားခဲ့သည်။ အလွန်ကြီးမားသော ငါး၏မျက်လုံးထဲ၌ ရွှေရောင်အလင်းနှစ်ခု ပိုရှိနေပြီး ပင်လယ်ထဲမှ ဒြပ်စင်စွမ်းအား ပြောင်းလဲမှုများကို အာရုံခံနေကာ လမ်းကြောင်း ချိန်ညှိနေခဲ့၏။
တစ်ရက် တစ်ည ကြာပြီးနောက် တောက်ပနေသော အစက်တစ်ခုက သူတို့၏အရှေ့၌ ပေါ်ထွက်လာခဲ့သည်။
အဏ္ဏဝါသင်္ဘော ရှေ့ရောက်လာခြင်းနှင့်အတူ တောက်ပနေသော အစက်က တဖြည်းဖြည်း ပိုကြီးလာခဲ့သည်။ သို့သော် အသေးစိတ် အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။
“ဒီနေရာ ဖြစ်လောက်တယ်။” လန်ဘို့စ်က ရှေ့မှ တောက်ပနေသော နေရာကို စိုက်ကြည့်လိုက်သည်။ “ဒီအစီအရင်က အတော်လေး စွမ်းအားကြီးတယ်။ အရင်ဆုံး အတင်း ချိုးဖျက်ကြည့်မယ်။”
အဏ္ဏဝါသင်္ဘော အရောင်တောက်သွားပြီး ဒုလုံးရှည်ပြွန်မှ ထူထဲသော အပြာရောင် အလင်းစက်လုံးတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအရာက ဧရာမ ပင်လယ်ဗုံးတစ်ခုကဲသို့ ဖြစ်နေပြီး အပေါက်တစ်ခု ဖြစ်သွားစေရန်အတွက် တောက်ပနေသောနေရာကို ပစ်လိုက်၏။ သို့ရာတွင် အလင်းရောင် အစီအရင်က အနည်းငယ်သာ တုန်လှုပ်သွားခဲ့သည်။ ထို့နောက် မရေမတွက် နိုင်သော ဥက္ကာပျံကဲ့သို့ အလင်းရောင်ခြည်များက ရေထဲ၌ အဖြူရောင်လမ်းကြောင်းများ ရေးဆွဲလိုက်ပြီး အဏ္ဏဝါသင်္ဘောကို တရစပ် ပစ်တော့သည်။
လန်ဘို့စ်က စိတ်ကို စေစားလိုက်ရာ အဏ္ဏဝါသင်္ဘောကို အလွန်ကြီးမားသော သလင်းကျောက် စက်လုံးတစ်ခုက ရစ်ပတ်လိုက်၏။ သလင်းကျောက်စက်လုံးကို အလင်းဖြူများ ထိသွားသောအခါ အလွန်ကြီးမားသော တုန်ခါမှုတစ်ခု ဖြစ်လာသည်။ သလင်းကျောက် စက်လုံးပေါ်၌ အက်ကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော်လည်း အဆုံး၌ ထိုတိုက်ခိုက်မှုမှ အသက်ရှင်နိုင်သွားခဲ့သည်။
ချန်လွေ့က စိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။ အရင်တုန်းက ဟီဂယ်နဲ့ငါ ဒီကို ရောက်လာတုန်းက ဒီလောက်စွမ်းအားကြီးတဲ့ အစီအရင်မျိုး လုံးဝ မရှိခဲ့ဘူး။ ပြီးတော့ သူတို့က ကျူးကျော်သူကို အရင်ဆုံး တိုက်ခိုက်တာ။ မဟုတ်ရင် ငါတို့ အရင်တုန်းက ဝင်သွားတာနဲ့ ဖျက်ဆီးပစ်ခံရမှာပဲ။ အရင်က အဖြစ်အပျက်တွေ ဖြစ်လာဖို့က မဖြစ်နိုင်ဘူး။
ဘယ်လို မူမမှန်မှုတွေ တကယ်တမ်း ဖြစ်ခဲ့တာလဲ။
“ဒါက အလင်းဒြပ်စင်စွမ်းအားပဲ။ လှိုင်းသရဖူရဲ့ စွမ်းအားနဲ့တောင် ယှဉ်လို့ရတယ်။” လန်ဘို့စ်က မျက်မှောင်ကြုတ်လိုက်သည်။ “ဒီလောက် သန့်စင်တဲ့ အလင်းဒြပ်စင်စွမ်းအားက....”
“အလင်းဇစ်မြစ် အပိုင်းအစ....” ချန်လွေ့က တုံပြန်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
လန်ဘို့စ်နှင့် အခြားသူများက ထိုစဉ်က ရိုဒရီဂူးဇ်နှင့် တိုက်ပွဲအကြောင်း ပြောခဲ့သည်ကို ကြားပြီးကြပြီ ဖြစ်သည်။ စူပါစနစ်နဲ့ ဆက်နွှယ်နေသော လျို့ဝှက်ချက်ဖြစ်သည့် လူသား လောကသို့ ရောက်သွားခဲ့ခြင်းမှလွဲ၍ ချန်လွေ့က အလင်းဒြပ်စင်အပိုင်းအစနှင့် အမှောင် ဒြပ်စင်အပိုင်းအစအပါအဝင် မည်သည့်အသေးစိတ်ကိုမှ မဖုံးကွယ်ထားခဲ့ပေ။
မိုးရီ၏မျက်လုံးများက သံသယများ ပြသနေသည်။ “အလင်းဒြပ်စင်ဘုရင် မရှိဘဲနဲ့ အလင်းဇစ်မြစ်အပိုင်းအစက ဘယ်လိုလုပ်ပြီးတော့ ဒီလိုစွမ်းအားမျိုး ထုတ်နိုင်တာလဲ။”
“အစီအရင်ကို ဖောက်ဖျက်လိုက်တာနဲ့ သိလာမှာပေါ့။” အက်ဂ်လက်စ်က လက်ထဲမှ သေရည်ပုလင်းကို အောက်ချထားလိုက်ပြီး ရှေ့မှ တလက်လက် အလင်းရောင်ကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်ဆံထဲ၌ အနက်ရောင်မီးတောက်တစ်ခု တောက်လောင်နေပုံ ရသည်။
“ဆာ-အက်ဂ်လက်စ်။ အလင်းဒြပ်စင်က ခင်ဗျားအတွက် အကြီးမားဆုံး ဝိပါက်ပဲ။ ပြီးတော့ အထဲရောက်ရင် ဘာတွေဖြစ်မလဲ ကျုပ်တို့ မသိသေးဘူး။ အခု ခင်ဗျားရဲ့ စွမ်းအားကို မဖြုန်းတီးသေးနဲ့ဦး။” မိုးရီက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ “ကျုပ်မှာ နည်းလမ်းတစ်ခု ရှိတယ်။ ဒီအစီအရင်စွမ်းအားက အစွမ်းထက်ပေမဲ့ အတော်လေး ပြန့်ကျဲနေတယ်။ တိုက်ခိုက်တဲ့အချိန် အားနည်းသွားမှာပဲ။ ကျုပ် သွားပြီးတော့ ဒီအလင်းဒြပ်စင် စွမ်းအားကို ဆွဲဆောင်လိုက်မယ်။ ပြီးတော့ လန်ဘို့စ်က အခွင့်အရေးကို အသုံးချပြီးတော့ ရေဇစ်မြစ်အပိုင်းအစနဲ့ အစီအရင်ကို ဖျက်ဆီးကြည့်။ အစွမ်းကုန်သုံး။ မထိမ်ချန်ထားနဲ့။”
“ငါက အမြဲတမ်း စကားတစ်ခွန်းအတိုင်း လုပ်တတ်တယ်။ စွမ်းအား၃၀%နဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာကို ၄၀%နဲ့ ဘယ်တော့မှ မဖြေရှင်းနဲ့။ ဒါပေမဲ့ အခုလက်ရှိအခြေအနကတော့ ၁၀၀% သုံးရလောက်တယ်။” လန်ဘို့စ်က အသာလေး ပြုံးလိုက်သည်။ “ဒါပေမဲ့ မင်းက မြေအမှတ်အသားကို အပြည့်အဝ မခြေဖျက်ရသေးဘူး။ စွမ်းအား ကုန်ခမ်းမှာကို သေချာပေါက် ရှောင်ရှားလို့ရမှာ မဟုတ်ဘူး။ အစိတ်စိတ်အမွှာမွှာသာ မဖြစ်သွားစေနဲ့။”
မိုးရီကလည်း ပြုံးလိုက်သည်။ “အဲဒီလောက်ထိ မဟုတ်ပါဘူး။ မြေဒြပ်စင်ကောင်တွေရဲ့ ခုခံမှုက ရေဒြပ်စင်ကောင်တွေလိုမျိုး မပျော့ဘူး။”
“ခဏနေပါဦး။ မိုးရီ။ ကျုပ်သွားလိုက်မယ်။” ချန်လွေ့က ပြောသည်။
“မင်းလား...” လန်ဘို့စ်က မျက်မှောင်ကြုတ်လိုက်သည်။ “အခုက ကြွားဖို့အချိန် မဟုတ်ဘူး။ အစွမ်းထက်ဆုံး ခုခံမှုစွမ်းအားရှိတဲ့ မိုးရီတောင် ဒီအလင်းဒြပ်စင်စွမ်းအားကနေ အန္တရာယ်ကင်းနိုင်မှာ မဟုတ်ဘူး။”
“ကျုပ်က ကြွားနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုစွမ်းအားမျိုးကို မိုးရီထက်ပိုပြီးတော့ ရင်ဆိုင်နိုင်တယ်ဆိုတာ ကျုပ် ယုံကြည်ချက် ရှိတယ်။ မိုးရီ။ ခင်ဗျားရဲ့ မိတ်ဆွေကို ယုံကြည်လား။”
“အကောင်းဆုံး မိတ်ဆွေပါ။” မိုးရီက စကားလုံးတစ်လုံး ထပ်ပေါင်းထည့်ပြီး သက်ပြင်း ချလိုက်သည်။ “ကောင်းပြီလေ။ အမြဲတမ်းလိုလိုပဲ ယုံကြည်ဖို့ ငါ ရွေးချယ်လိုက်မယ်။”
လန်ဘို့စ်က အပို ပြောမနေပေ။ သူက အဏ္ဏဝါသင်္ဘောထွက်ပေါက်ကို ဖွင့်လိုက်သည်။ ချန်လွေ့က သူတို့သုံးယောက်ကို ပြုံးပြပြီး အပြင်ထွက်သွားလိုက်၏။
သူ ထွက်သွားသည်နှင့် ပင်လယ်ရေနက်၏ ကြောက်မက်ဖွယ်ရာဖိအားကို အာရုံခံလိုက်မိသည်။ သာမန်လူတစ်ယောက်သာဆိုလျှင် အရိုးနှင့် အတွင်းအင်္ဂါများ ကြွေမွသွားပြီ ဖြစ်သည်။ သို့သော်လည်း ခန္ဓာအမျိုးအစား S+ အဆင့် ရောက်နေပြီဖြစ်ကာ စူပါစနစ်၏ ပင်လယ်ရေနက် လေ့ကျင့်ရေးကွင်းပြင်၌ နှစ်ရာချီ လေ့ကျင့်ထားခဲ့သော ချန်လွေ့အတွက် ထိုအရာက အသေးအဖွဲသာ ဖြစ်လေသည်။
ချန်လွေ့၏လက်ထဲ၌ အလင်းရောင် ယဲ့ယဲ့လေးတစ်ခု ပေါ်ထွက်လာသည်။ အဝေးမှ လှိုင်းတစ်ခုနှင့်အတူ ရေများရစ်ပတ်ထားသော လေဟာနယ်လှိုင်းတွန့်တစ်ခုက အစီအရင်ထံသို့ ရွေ့လျားရောက်ရှိလာသည်။ အစီအရင်က ချက်ချင်းပင် တုံ့ပြန်လာပြီး မရေမတွက်နိုင်သည့် တောက်ပမှုများ ထွက်ပေါ်လာခဲ့သည်။
ချန်လွေ့က မရှောင်တိမ်းခဲ့ဘဲ ခုခံသော အနေအထားတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် သူ့ကို အဖြူရောင်အလင်းတစ်ခုကို မျက်စိတစ်မှိတ်အတွင်း ရစ်ပတ်သွားခဲ့ပြီးနောက် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်စေခဲ့သည်။
အဖြူရောင်အလင်းများ ချန်လွေ့ကို တိုက်ခိုက်လိုက်သည်နှင့် အဏ္ဏဝါသင်္ဘောက အလျင်အမြန်ပင် ဓားရှဉ်နှုတ်သီးငါးပုံစံ ပြောင်းလိုက်ပြီး အပြာရောင်အလင်းများ တောက်နေကာ အစီအရင်ဆီသို့ အမြန်သွားလိုက်တော့သည်။ အစီအရင်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားပြီး ဓားတစ်ချောင်း ထိုးစိုက်သွားသကဲ့သို့ပင် အပေါက်တစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်၌ “ဓားရှည်နှုတ်သီးငါး” အမြီးက လက်တံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရောင်မှိန်နေသော အဖြူရောင်အလင်းထဲရှိ ပုံရိပ်ကို ရစ်ပတ်လိုက်ကာ ပိတ်လာနေသော အပေါက်ကို အလျင်အမြန် ဖြတ်သန်းသွား၏။
“အဆင်ပြေရဲ့လား။” မိုးရီက ဘာမှမဖြစ်လုနီးပါး ဖြစ်နေသော ချန်လွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ “မင်းရဲ့ ခုခံမှုကို ငါ့ကို တကယ် အံ့သြသွားစေခဲ့တယ်။”
အမှန်တကယ်၌ လှိုင်းသရဖူ၌ စျာန်ဝင်စားနေသော လန်ဘို့စ်ကဲ့သို့ မဟုတ်ဘဲ အလင်းဒြပ်စင်စွမ်းအားကို ချန်လွေ့၏ခန္ဓာကိုယ်က ဝါးမျိုလိုက်ဟန်တူသည်။ ထိုအရာက သူ၏ လူသားသရုပ်ကြောင့် သို့မဟုတ် အထူးခန္ဓာအမျိုးအစားကြောင့် ဖြစ်နိုင်ပေသည်။ သို့သော်လည်း မိုးရီက မထောက်ပြခဲ့ပေ။
“အဆင်ပြေတယ် ဆိုရုံပါပဲ။” အက်ဂ်လက်စ်၏ လေသံက ကဲ့ရဲ့နေသလို ဖြစ်နေသော်လည်း သူ၏အမူအရာက အနည်းငယ် မာန်တက်နေခဲ့သည်။ “အစွမ်းအစ မရှိဘဲနဲ့ သူက ငါ့သမီးနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။”
ယခုတွင် သူတို့က ထူးဆန်းခြောက်သွေးသော ရေမရှိသည့် နေရာလွတ်တစ်ခုသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည့်အတွက် လန်ဘို့စ်က လှိုင်းသရဖူကို သိမ်းလိုက်၏။
ထိုနေရာလွတ်တွင် ပင်လယ်ပြင်ကို ကောင်ကင်က ကာဆီးထားပြီး ရေများကလည်း ရေးရေးလေး မြင်နိုင်ပေသည်။ ထိုနေရာက အမုန်းတရားနယ်မြေ ဖြစ်လေသည်။
တစ်ခုတည်းသော အဆောက်အဦးမှာ အဝေးမှ မြင့်မားသော မျှော်စင်ဖြူတစ်ခုသာ ဖြစ်သည်။ မျှော်စင်ပေါ်၌ ထူးဆန်းသော အားနှစ်ခု ပျံဝဲနေပြီး တစ်ခုက အနက်ရောင်အငွေ့များ လှိုင်းထနေကာ နောက်တစ်ခုက တလက်လက် အဖြူရောင်အလင်းတစ်ခု လင်းလက်နေ၏။ အားနှစ်ခုက ရောနှောနေပြီး ဧရာမနဂါးတစ်ကောင်၏ အရိပ်နှင့် ရေးရေးလေး ဆင်တူသော ပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ကျူးကျော်သူများ ရောက်လာကြောင်း အာရုံခံမိ သကဲ့သို့ပင် ချန်လွေ့နှင့် အခြားသူများထံ လှိမ့်တက်လာခဲ့သည်။
အက်ဂ်လက်စ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ့ပုံရိပ်က ဖျပ်ခနဲ ပျောက်သွားပြီး လက်ထဲ၌ အနက်ရောင်မီးတောက်များ ရှိနေကာ ချန်လွေ့အရှေ့၌ ပေါ်ထွက်လာသည်။ သူတို့ကို ချဉ်းကပ်လာသော ဖောက်ထွင်းမြင်ရသည့် မြင်ကွင်းများသဖွယ် နိမိတ်ပုံရိပ်များ မရေမတွက်နိုင်အောင် ရှိနေလေသည်။
“မလှုပ်နဲ့။ ဒါက နတ်ဘုရားတစ်ပိုင်းအဆင့် တိုင်းပြည်စွမ်းအား တိုက်ပွဲပဲ။” လန်ဘို့စ် ခေါင်းမှ သရဖူအလင်းရောင် လက်ခနဲ ဖြစ်သွားပြီး နူးညံ့သော အကာအကွယ် အားတစ်ခုက သူတို့သုံးယောက်ကို လွှမ်းခြုံလိုက်၏။