သိဒ္ဓိနဂါး နိုးလာပြီ
Vol. 45 Ch. 718
လန်ဘို့စ်၏ စကားကြောင့် ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် တိုင်းပြည်စွမ်းအားလား။ အက်ဂ်လက်စ်က ထားပါ။ အမုန်းတရားနယ်မြေမှာရှိတဲ့ ရိုဒရီဂူးဇ်ရဲ့ လက်ကျန်ဝိညာဉ်က ဘယ်တုန်းက နတ်ဘုရားတစ်ပိုင်းအဆင့် ပြန်ရောက်သွားတာလဲ။
“အငွေ့အသက်ကို ထိန်းချုပ်ထား။” မိုးရီက သတိပေးလိုက်သည်။ “တိုင်းပြည်ကို သက်ရောက်စေပြီးတော့ ဆာ-အက်ဂ်လက်စ်ကို အနှောင့်အယှက် မဖြစ်အောင်။”
ချန်လွေ့က ချက်ချင်းပင် [ အသက်အောင့် ] စွမ်းရည်ကို အသက်သွင်းပြီး စွမ်းအားနှင့် အငွေ့အသက်ကို ဖုံးကွယ်ထားလိုက်သည်။ တိုက်ရိုက်ထိခိုက်မှုက လှိုင်းသရဖူ ကာကွယ်ထားသော်လည်း ချန်လွေ့က ထိုအားနှစ်ခု၏ စွမ်းအားကို ဖော်ပြ၍ မရနိုင်အောင် ကြီးမားလွန်းလှကြောင်း သေသေချာချာ ခံစားမိနေသည်။ စိတ်ဖိနှိပ်မှု တစ်ခုတည်းကပင် အခြားလောကတစ်ခုနှင့် လောကတစ်ခု တိုက်မိနေသကဲ့သို့ပင် ပြိုင်စံရှား ဖြစ်နေ၏။ ထို “လောက”၌ နတ်ဆိုးအရှင်သခင်အဆင့်စွမ်းအားက ပုရွက်ဆိတ်ပမာ သေးငယ်လွန်းလှသည်။
ခန္ဓာကိုယ်ကို အဆုံးစွန်အထိ လေ့ကျင့်ထားသော်လည်း သဘာဝစွမ်းအားကို မခုခံနိုင်သော သာမန်လူများကဲ့သို့ပင် ဖြစ်သည်။ ထိုအရာက မရှိမဖြစ်လိုအပ်သော ခြားနားချက် တစ်ခုပင်။ အကယ်၍ တစ်စုံတစ်ယောက်က သဘာဝအဖြစ် လုံးဝ အသွင်မပြောင်းသွားဘူး ဆိုရင်ပေါ့။
ချန်လွေ့က [ဓူဝံကြယ်အသွင်ပြေင်းခြင်း] ၏ [ကြယ်ပြာတိုင်းပြည်]ကို အသက်မသွင်း နိုင်သော်လည်း နတ်ဘုရားတစ်ပိုင်းအဆးင့် တိုင်းပြည်စွမ်းအားကို အာရုံခံမိသွားသောအခါ သူ၏ “အရည်အသွေး” အယူအဆက အတော်လေး နက်ရှိုင်းသွားခဲ့သည်။ အကယ်၍ သူက [ ဓူဝံကြယ် အသွင်ပြောင်းခြင်းမှ ] ခွဲထွက်ပြီး “တိုင်းပြည်”ကို အမှန်တကယ် နားလည်နိုင်မည်ဆိုလျှင် ဓူဝံကြယ်ပြာအဆင့်ကို ဖောက်ထွက်နိုင်မည့် အချိန်ရောက်ပြီ ဖြစ်သည်။
အက်ဂ်လက်စ်၏ လက်ထဲမှ အနက်ရောင် မီးတောက်များက ဖိနှိပ်လိုက်သလိုပင် တဖြည်းဖြည်း နည်းပါးသွားသည်။ အမှန်တကယ်၌ သူက စွမ်းအင် စုစည်းနေခြင်း ဖြစ်၏။ အနက်ရောင် မျက်ဆံများက ရုတ်တရက် ဧရာမနဂါး၏ ဒေါင်လိုက်မျက်ဆံများ ဖြစ်သွားကြသည်။ ထို့နောက် အော်သံတစ်ချက် ပြုလိုက်ပြီး လက်ကိုဖြန့်လိုက်ရာ အမုန်းတရားမျှော်စင်ရှိ တိုင်းပြည်စွမ်းအားက ရုတ်တရက် စုတ်ပြတ်သွားခဲ့သည်။ နိမိတ်ပုံရိပ်များအားလဂုံးလည်း ချက်ချင်း ပျောက်ကွယ်သွား၏။
ဖိအား ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ ထို့နောက် မြင်ကွင်း ပြောင်းလဲသွားပြီး အမုန်းတရားနယ်မြေက လူတိုင်းအရှေ့၌ ပေါ်ထွက်လာလေသည်။ ခုနက တိုက်ခိုက်မှုသည် နေရာလွတ် အကာအရံတစ်ခုကို ဖျက်ဆီးခဲ့ခြင်း ဖြစ်နိုင်လောက်သည်။
ဖျက်ဆီးခြင်းမျှော်စင် အရှေ့၌ ရုပ်ထုများရှိနေပြီး တိတ်ဆိတ်နေနေသာ ဆန်းကြယ် သံမဏိနက် သရဲများသာမက နာဂါများ၊ ဒြပ်စင်ကောင်များနှင့် စထရီနာတို့အပါအဝင် အငြိုးကြီး ဝိညာဉ်များလည်း ရှိနေကြသည်။
စထရီနာနှင့် အခြားသူများက ဝိညာဉ်ဆုံးရှုံးသွားဟန်တူပြီး သူတို့၏ ခန္ဓာကိုယ်များက ခဲနေသကဲ့သို့ ဖြစ်နေကာ ရွှေနှင့်ငွေ သတ္တုအရောင်များ လက်နေခဲ့သည်။ ထိုအရာက ရိုဒရီဂူးဇ်၏ အလင်းအမှောင် အကျဉ်းချမှု၏ နောက်ဆက်တွဲကြောင့်ပင် ဖြစ်လေ၏။
ဖျက်ဆီးခြင်းမျှော်စင်ကို ဖွင့်ရန် သော့ဖြစ်သော နဂါးမျက်လုံး လက်စွပ်ကလည်း သိဒ္ဓိနဂါလက်ထဲသို့ ရောက်သွားပြီဖြစ်သော်လည်း အက်ဂ်လက်စ်က ဖျက်ဆီးခြင်းမျှော်စင်ကို လေထဲ၌ လက်သီးတစ်ချက် ထိုးခဲ့သည့်အတွက် ထိုအချိန်၌ သော့ဖွင့်စရာ မလိုတော့ဟန်တူသည်။ မျှော်စင်က အပြင်းအထန် တုန်ခါသွားပြီး မျက်နှာပြင်၌ ကြီးမားသော အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။ ချန်လွေ့က ကြိုတင် သတိပေးချက်ကြောင့်သာ မဟုတ်လျှင် ထိုထိုးချက်ကြောင့် ရုပ်ထုများအားလုံး ဖျက်ဆ်ီးခံလိုက်ရမည် ဖြစ်သည်။
အဖြူအမည်း အငွေ့အသက်နှစ်ခုကလည်း အလျင်အမြန်ပင် ဧရာမနဂါးအသွင်သို့ ပြန်ပြောင်းသွားခဲ့သည်။ ဧရာမနဂါးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ ဘယ်ဖက် မျက်လုံးက ရွှေရောင်ဖြစ်နေပြီး ညာဖက်က ငွေရောင်ဖြစ်နေကာ ကြောက်မက်ဖွယ်ရာ အလင်းတစ်ခု ထုတ်လွှတ်နေ၏။
“ဘယ်သူက လှောင်အိမ်ကို ဖျက်ဆီးပြီးတော့ နဂါးနက်ဧကရာဇ် အိပ်စက်နေတာကို နှိုးရဲတာလဲ။” နက်ရှိုင်းသော ထူထဲသော အသံတစ်သံ ထွက်ပေါ်လာသည်။
“နဂါးနက်ဧကရာဇ် ဟုတ်လား။” အက်ဂ်လက်စ်က သရော်ပြုံး ပြုံးလိုက်သည်။ “ခင်ဗျားလို လူသားလောကရဲ့ သိဒ္ဓိနဂါးတစ်ကောင်က နဂါးနက်ဧကရာဇ် ဖြစ်ချင်ရဲတာလား။”
နိုးထလာသော ဧရာနဂါးက ထိုစကားကြောင့် ကြက်သေသေသွားခဲ့သည်။ သူ၏ မျက်လုံးများက အက်ဂ်လက်စ်ကို စူးစိုက်ကြည့်နေ၏။ “နတ်ဘုရားတစ်ပိုင်းအဆင့် နဂါးနက် တစ်ကောင်လား။ မင်းက ဘယ်သူလဲ။”
သူ့ဘေးမှ ရင်းနှီးသော အသံတစ်သံ ထွက်လာ၏။ “ဆာ-ရိုဒရီဂူးဇ်။ ကျုပ်ကို မှတ်မိသေးလား။”
“မင်းပဲ။ လူသားစုတ်။” ရိုဒရီဂူးဇ်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူက လုံးဝ ချေမှုန်းခံရခြင်းမှ ရှောင်တိမ်းရန်အတွက် အိပ်စက်ခဲ့ရသည့် အရှက်တရားကို မမေ့နိုင်ခဲ့ပေ။ “အနှစ်တစ်သောင်းတောင် ကြာသွားပြီလား။”
“လူသား”ဟူသော စကားလုံးကို ကြားလိုက်သောအခါ ရေဒြပ်စင်ဘုရင်၏ မျက်လုံးထဲ၌ ထိတ်လန့်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် မိုးရီက ခေါင်းညိတ်ပြသည်ကို သူ မြင်လိုက်ရသည်။ လန်ဘို့စ်က ခဏစဉ်းစားလိုက်ပြီး ပြန်လည်တည်ငြိမ်သွားပြန်သည်။
“အပိုတွေ ပြောမနေနဲ့။” အက်ဂ်လက်စ်၏ အနက်ရောင်မျက်လုံးများက ဒေါင်လိုက် မျက်ဆံအဖြစ် ပြောင်းလဲသွားပြန်ပြီးနောက် သူ၏အငွေ့အသက်က အလျင်အမြန် ပြောင်းလဲလာသည်။ “အရင်တုန်းက အကြွေးတွေကို ဒီနေ့ ပေါင်းချေရမယ်။”
“[ နဂါးနတ်ဘုရားမျက်လုံး ]....” ရိုဒရီဂူးဇ်၏အသံက ကြောက်လန့်မှုနှင့် ဒေါသများ ပြည့်နေခဲ့သည်။ “မင်းက ခရူဆာပဲ...မဟုတ်ဘူး။ မှတ်မိပြီ။ မင်းက အဲဒီတုန်းက နဂါးနက်လေးပဲ။”
“နဂါးကျွန်းဧကရာဇ် အက်ဂ်လက်စ်ဆိုင်းရာဆာလုံခရီ....” အက်ဂ်လက်စ်၏ ဒေါင်လိုက် မျက်ဆံက တောက်ပနေပြီး သူ့အငွေ့အသက်က မိုးထိုးသွားခဲ့သည်။ သူက ဧရာမနဂါး၏ နိမိတ်ပုံရိပ်ကို လက်သီးဖြင့် ထိုးလိုက်သည်။ “ဒီနေ့ ကျုပ် ခင်ဗျားရဲ့ လက်ကျန်ဝိညာဉ်ကို လုံးဝ ချေမှုန်းပစ်မယ်။”
ဖျက်ဆီးခြင်းမျှော်စင်က ရုတ်တရက် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်လာ၏။ ထိုအလင်းရောင်အောက်တွင် အက်ဂ်လက်စ်ကြောင့် ဖြစ်ခဲ့သော မျက်နှာပြင် အက်ကြောင်းများ အလျင်အမြန်ကွာကျသွားပြီး အတွင်းမှ သလင်းကျောက်ကဲ့သို့ အဖြူရောင် ကျောက်စိမ်း ကုန်ကြမ်းများ ပေါ်ထွက်လာသည်။ အပေါ်ယံမှ ထွင်းစာများကလည်း အသက်ရှင်နေသကဲ့သို့ပင် ခုန်ပေါက်လာကြသည်။ အက်ဂ်လက်စ်၏ တိုက်ခိုက်မှုက အမှန်တကယ်ပင် ပယ်ဖျက်ခံလိုက်ရ၏။
“လက်ကျန်ဝိညာဉ် ဟုတ်လား။ ဘာမှမသိတဲ့ နဂါးနက်။ ဒီလက်ကျန်ဝိညာဉ်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါမင်းကို ပြမယ်။” ရိုဒရီဂူးဇ်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ “အိုး။ ငါ တစ်ခု မှတ်မိသွားပြီ။ လူသား။ ဒီတစ်ခေါက်က အဆိုးထဲက အကောင်းပဲ။ ငါ့ရဲ့ဝိညာဉ်နဲ့ တိုင်းပြည်စွမ်းအား အများစု ပြန်ရလာလို့ ကျက်သရေမျှော်စင်ကို အသက်သွင်းနိုင်ပြီ။ ငါ့ရဲ့ ကျေးဇူးတင်မှုကို ပြသဖို့အတွက် မင်းကို မသေခင် နာကျင်မှုကို ဖြည်းဖြည်းချင်း ခံစားခိုင်းမယ်။”
“ကျက်သရေမျှော်စင်....” ထိုနာမည်ကြောင့် မြေဒြပ်စင်ဘုရင်နှင့် ရေဒြပ်စင်ဘုရင်တို့က တချိန်တည်းမှာပင် အသံကျယ်ကျယ် အော်လိုက်မိကြသည်။ ချန်လွေ့က ခြေထောက်အောက်မှ မရေမတွက်နိုင်သော လျို့ဝှက်ဆန်းကြယ်သည့် ထွင်းစာများ ရုတ်တရက် ပေါ်ထွက်လာကြောင်း မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွား၏။ သူက ဖရိုဖရဲဖြစ်နေပြီး စွမ်းအားကြီးသော အငွေ့အသက်များ ပြည့်နှက်နေသည့် ထူးဆန်းသော နေရာလွတ်တစ်ခုတွင် ပေါ်ထွက်လာခဲ့သည်။
“ဟုတ်တယ်။ ကျက်သရေမျှော်စင်။ ပြန်ပြီးတော့ ကျွမ်းကျင်အောင်လုပ်ရတဲ့ ခံစားချက်က တကယ့်ကို လန်းဆန်းတာပဲ။” ရိုဒရီဂူးဇ်၏အသံ ထွက်ပေါ်လာသည်။ “ဒီနေရာလွတ် အဆောင်ပစ္စည်းကြောင့်သာ မဟုတ်ရင် ငါ ရာဖယ်ရယ်ရဲ့ လက်ထဲမှာ သေသွားခဲ့ပြီ။ ဒီနေ့ မင်းတို့အားလုံးကို ဒီမှာ မြှုပ်နှံရမယ်။ [ နဂါးနတ်ဘုရားမျက်လုံး ] ကလည်း ငါ့ရဲ့ ဒိုင်းဆု ဖြစ်လာရမယ်။”
ကောင်းကင်ထက်၌ လနှင့်လေ တချိန်တည်း ပေါ်ထွက်လာပြီးနောက် မူလက ဖရိုဖရဲ ဖြစ်နေသော စွမ်းအားအငွေ့အသက်က ရုတ်တရက် နိုင်လိုမင်းထက် ပြုမူလာသည်။ လွန်ကဲနေသော ဖိအားက အထက်နတ်ဘုရားတစ်ပါးမှ ဖြစ်နေဟန်တူသည်။
“မြင်လား။ ဒါက အလင်းအမှောင် ပေါင်းစည်းမှုရဲ့ အန္တိမစွမ်းအားပဲ။” ရိုဒရီဂူးဇ်၏ ရယ်သံက ကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။ “ဒီစည်းမျဉ်းကို ငါ လုံးဝ နားလည်သွားတာနဲ့ တကယ့် နတ်ဘုရားလမ်းကြောင်းကို ခြေလှမ်းနိုင်ပြီ။”
တိုက်ခိုက်မှု မစတင်ခင်မှာပင် ထိုအသံမှ ဖိအားက ချန်လွေ့၏ သွေးစီးဆင်းမှုကို ရပ်တန့်လုနီးပါး ဖြစ်စေခဲ့သည်။ ဖိအားက ယခင် အက်ဂ်လက်စ်နှင့် ရှိခဲ့ဉ်ကထက် သုံးလေးဆ သာလွန်နေသည်။ ဒြပ်စင်ဘုရင်နှစ်ပါးကပင် လှုပ်ရှားရန် ခက်ခဲနေ၏။
လှုပ်ရှားနိုင်သည့် တစ်ယောက်တည်းသောသူက အက်ဂ်လက်စ်ပင် ဖြစ်သည်။ သူ၏ မျက်ဆံများက အနက်ရောင်မီးတောက်များ တောက်သွားပြီး တစ်ကိုယ်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ ဤသည်က နတ်ဘုရားတစ်ပိုင်းအဆင့် [ ယုံကြည်မှုချပ်ကာ ] ကို ချန်လွေ့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထိုချပ်ကာ လုံးဝ မည်းနက်နေပြီး တည့်တည့်ကြည့်ရန် မဖြစ်နိုင်သော အဟန့်အတား အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။
ထိုချပ်ကာကို ဝတ်ပြီးနောက် အက်ဂ်လက်စ်၏ စွမ်းအားက ထိုးတက်သွားခဲ့သည်။ ချန်လွေ့နှင့် အခြားသူနှစ်ယောက်ကလည်း ဖိအားလျော့သွားသည်ကို ခံစားလိုက်ရပြီး ပြန်လည် လှုပ်ရှားနိုင်သွားကြသည်။
“အလင်းအမှောင် ပေါင်းစည်းမှု ဟုတ်လား။ ပေါက်ကရတွေ။ သူက အလင်းဇစ်မြစ် အပိုင်းအစနဲ့ အမှောင်ဒြပ်စင်အပိုင်းအစက တိုက်ဆိုင်ပြီး ရောနှောရုံလေး ဖြစ်နေတဲ့ စွမ်းအားလေး တစ်ခုပဲ။” အက်ဂ်လက်စ် အော်ပြောလိုက်ရာ ခုနက မြင်ခဲ့ဖူးသော တိုင်းပြည် နိမိတ်ပုံရိပ်က သူ့နောက်တွင် ပေါ်ထွက်လာသည်။ တောင်တန်း၊ ရဲတိုက် စသည့် မြင်ကွင်းများက နေရာလွတ်ထဲ၌ အလျင်အမြန် ပျံ့နှံ့သွားပြီး လနှင့်နေ တိုင်းပြည်နှင့်အတူ ရောယှက် သွားတော့သည်။
တိုင်းပြည်နှစ်ခု၏ မြင်ကွင်းများက စတင်ပြိုလဲပြီး အပိုင်းပိုင်း ဖြစ်သွားကာ ကောင်းကင်မှ လနှင့်နေသာ မူလအတိုင်း ရှိနေခဲ့သည်။ အက်ဂ်လက်စ်က ပင်ပန်းနေသော အမူအရာ ပြသလိုက်သောအချိန်၌ မိုးရီနှင့် လန်ဘို့စ်တို့က အချင်းချင်း ကြည့်လိုက်ပြီး တပြိုင်နက်တည်း ဒေါင်လိုက် လှုပ်ရှားသွားကြကာ တိမ်တိုက်နှစ်ခုအဖြစ် ပြောင်းလဲသွား၏။ တစ်ခုက အပြာ၊ တစ်ခုက အဝါရောင်ဖြစ်ပြီး လရောင်နှင့် နေရောင်ကို ဖုံးလွှမ်းလိုက်ကြသည်။
အလင်းဒြပ်စင်နှစ်ပါး၏ အကူအညီနှင့်အတူ အက်ဂ်လက်စ်က ရိုဒရီဂူးဇ်၏ တိုင်းပြည်ကို ခုခံနိုင်ခဲ့ပြီး အော်ပြောလိုက်သည်။ “ချန်လွေ့။ ရိုဒရီဂူးဇ်ရဲ့ တိုင်းပြည်က မူမမှန်တဲ့ ပြောင်းလဲမှု ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တကယ့်ခန္ဓာကိုယ်စွမ်းအားက တသားတည်း မဖြစ်သေးဘူး။ အဲဒါက တိုင်းပြည် အဆင့်တောင် မရောက်သေးဘူး။ ငါတို့သုံးယောက်က သူ့ရဲ့တိုင်းပြည်နဲ့ နေရာလွတ် အဆောင်ပစ္စည်းကို ခုခံလိုက်မယ်။ မင်းက ချက်ချင်း သူ့ရဲ့ တကယ့်ခန္ဓာကိုယ်ကို ရှာဖွေပြီး သတ်ပစ်လိုက်။”
အခြေအနေက အရေးပေါ် ဖြစ်နေကြောင်း သိသည့်အတွက် ချန်လွေ့က အာရုံခံများကို အပြည့်အဝ အသက်သွင်းပြီး ရိုဒရီဂူးဇ်ကို ရှာဖွေတော့သည်။
ရိုဒရီဂူးဇ်၏ ရယ်သံက နေရာအနှံ့မှ ထွက်လာခဲ့သည်။ “ဒီပုရွက်ဆိတ်လို လူသားက ငါ့ကို သတ်နိုင်မယ် ဟုတ်လား။ အရင်တစ်ခေါက် ငါက သတိလက်လွတ် ဖြစ်သွားခဲ့တာ။ ငါက အမှားတစ်ခုကို နှစ်ခါမှားမှာ မဟုတ်ဘူး။ မင်းက ငါ့ရဲ့ တိုင်းပြည်စွမ်းအားထဲမှာ ပိတ်မိနေပြီ။ သူ့ကို ငါ သတ်လိုက်တာနဲ့။ မင်းက တဖြည်းဖြည် အားကင်ကုန်ခမ်းပြီးတော့ နောက်ဆုံး ချေမှုန်းခံလိုက်ရမှာပဲ။ မင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ဘယ်လိုဆုံးရှုံးရမလဲဆိုတာ သေချာ ကြည့်နေလိုက်။”
အသံတိတ်သွားသည်နှင့် ချန်လွေ့၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အလင်းတန်းများ ပေါ်ထွက်လာသည်။ ထိုအရာများက နေရာလွတ်ကို ပိုင်းဖြတ်နိုင်လောက်သော ပြင်းအားမြင့် စွမ်းအင်အမျှင်များ ဖြစ်ကြသည်။ ၎င်းတို့ကို ချန်လွေ့ကို ရစ်ပိုင်းလိုက်ပြီး အပိုင်းပိုင်း ဖြစ်ချင်နေစေခဲ့သည်။
ဖောက်ထွင်းမြင်ရသော အပြာရောင်ဒိုင်းတစ်ခု ပေါ်ထွက်လာပြီးနောက် အလင်းတန်းက ၎င်းအပေါ်၌ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ အက်ကြောင်းများ ဖြစ်စေခဲ့သည်။ နောက်ဆုံး၌ ၎င်းက ဒိုင်းကာ၏ အကာအကွယ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။ နောက်ထပ် တိုက်ခိုက်မှု မစခင်မှာပင် အတွင်းထဲမှ လူသားအပါအဝင် ဒိုင်းကာ ရုတ်တရက် ပျောက်ကွယ်သွား၏။
ပျောက်ကွယ်သွားသောချန်လွေ့က အမှောင်ထဲတွင် ပုန်းအောင်းနေသော ရိုဒရီဂူးဇ်ကို အံ့အားသင့်သွားစေခဲ့သည်။ သူက နေရာအနှံ့ တိုက်ခိုက်သော်လည်း တစ်ဖက်လူက အမှန်တကယ် ပျောက်ကွယ်သွားသကဲ့သို့ပင် ရှာမတွေ့နိုင်ခဲ့ပေ။
ထိုအချိန်၌ လေထဲရှိ ရိုဒရီဂူးဇ်က ရုတ်တရက် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူက ကိုယ့်ကိုယ်ကိုယ် ပြသလိုက်ပြီးနောက် လက်ကို နောက်ဘက်သို့ ရုတ်ချည်း ဝှေ့ရမ်းလိုက်သည်။ ပုံရိပ်တစ်ခုက ဖျပ်ခနဲ အဝေးသို့ တယ်လီပို့ ခုန်သွား၏။ ထိုသူက ချန်လွေ့ပင်။
ရိုဒရီဂူးဇ်က အနည်းငယ် သိမ့်သိမ့်တုန်သွားခဲ့၏။ “ငါ ဒီမှာရှိနေတာကို မင်း တကယ် သိနေတာလား။”
ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို သုံးပြီး ရှာဖွေခဲ့ကြောင်း ပြောပြမည် မဟုတ်ပေ။ သူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ကျုပ်မှာလည်း ဒီလိုမျိုး ရိုးရှင်းတဲ့ လှည့်ကွက်တစ်ခု ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမနေနဲ့တော့။”
မျိုးနွယ် - ချွဲကျိကောင် (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - S++
ခန္ဓာအမျိုးအစား - S++
ခွန်အား - S++
စိတ်ဝိညာဉ် - S++
အမြန်နှုန်း - S++
[ စိစစ်ချက် ] - အသွင်ပြောင်းပါရမီ။ ဝါးမျိုခြင်း ပါရမီ။ မသေနိုင်ခြင်း။ ပြန်လည် ကောင်းမွန်ခြင်း ပါရမီ။ စုပ်ယူခြင်းနှင့် အတုခိုးခြင်း ပါရမီ။ နဂါးမာန်။
အန္တရာယ်အဆင့် - အတော်လေးမြင့်မား။
ဒီလိုအဆင့်နဲ့ဆိုတော့ သူက တိုင်းပြည်အဆင့် မရောက်နိုင်တာ အံ့သြစရာ မရှိဘူး။ ဒါပေမဲ့ သူက ငါ့ရဲ့ လက်ရှိအဆင့်ထက် သာနေသေးတယ်။ အထူးသဖြင့် ချွဲကျိကောင်ရဲ့ ပါရမီတွေက ကြောက်စရာပဲ...နေပါဦး။ ချွဲကျိကောင်လား။ ချန်လွေ့က တစ်ခုခုကို သတိထားမိသွားပြီး စူပါစနစ်ထဲသို့ ချက်ချင်းဝင်လိုက်သည်။ စိတ်ဝိညာဉ်ကွင်းဆက်ထဲ၌ ဒိုဒို၏ ကျွန်-သခင် စာချုပ်က ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် ဒိုဒို၏ဝိညာဉ်က လုံးဝ မပျောက်ကွယ်သွားသေးဘဲ ခန္ဓာကိုယ်အတွင်း ရှိနေဆဲဖြစ်ကြောင်း ဆိုလိုနေခြင်းပင်။
ချန်လွေ့၏ [တိတ်တဆိတ်] ပါရမီက အချိန်အကန့်အသတ်ရှိကြောင်း ရိုဒရီဂူးဇ် မသိပေ။ သူက ၎င်းကို ကြားသည်နှင့် ဖုံးကွယ်ခြင်းကို အမှန်တကယ် မသုံးတော့ပေ။ “ငါတို့ အရင်က တိုက်ခိုက်ခဲ့တာ တစ်နှစ်တောင် မပြည့်သေးဘူး။ မင်းက ဒီလောက် အစွမ်းထက်လာမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ငါရဲ့ ပြောင်းလဲမှုတွေက မင်း စိတ်ကူးကြည့်နိုင်တာထက် သာလွန်တယ်။”
ချန်လွေ့က တွေးပြီး ပြောလိုက်သည်။ “ဒီလိုပြောင်းလဲမှုတွေ ဆိုတဲ့အရာတွေက သိဒ္ဓိနဂါးကနေ...ချွဲကျိကောင် ဖြစ်သွားတာလား...”
“ဒီချွဲကျိကောင်က မရိုးရှင်းဘူး။ အမှောင်အရင်းအမြစ်အပိုင်းအစစွမ်းအစားနဲ့ အမှောင်အရင်းအမြစ်အပိုင်းအစကို ဝါးမျိုပြီးတော့ အတူတူ ပေါင်းစည်းနိုင်တယ်။ ဒီပေါင်းစည်းမှုမှာ ငါ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ တိုင်းပြည်ကလည်း အမြန် ပြန်ကောင်းလာခဲ့တယ်။” ရိုဒရီဂူးဇ်က သရော်ပြုံး ပြုံးလိုက်သည်။ “ငါ့ကို ဒီခန္ဓာကိုယ် ပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ငါ့ဝိညာဉ်က အပြည့်အဝ ပြန်ကောင်းပြီးတော့ အလင်းအမှောင် ပေါင်းစည်းမှု အမြင့်ဆုံး ဥပဒေသကို ကျွမ်းကျင်သွားမယ်ဆိုရင် နဂါးနက်ခန္ဓာ မရှိဘဲနဲ့တောင် ပြန်မွေးဖွားလို့ရမယ်။ ပြီးရင် နတ်ဆိုးဘုံတစ်ခုလုံးက နတ်ဘုရားအသစ်ရဲ့ ခမ်းနားမှုအောက်မှာ ဒူးထောက်ရလိမ့်မယ်။”
ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး စွမ်းအားကို အမြန် လည်ပတ်စေလိုက်သည်။ “ခင်ဗျားက တစ်ခုခု မေ့နေသလိုပဲ။”
“ကျွန်-သခင် စာချုပ်အကြောင်း ပြောနေတာလား။” ရိုဒရီဂူးဇ်က ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “စမ်းကြည့်လေ။”