အကြံတစ်ခု
Vol. 45 Ch. 719
“ချွဲကျိကောင်ရဲ့စာချုပ်စွမ်းအားက တော်တော်လေး ထူးဆန်းတယ်။ ငါ ဒါကို မပယ်ဖျက်နိုင်ပေမဲ့ စာချုပ်ရဲ့ ဖျက်ဆီးခြင်းစွမ်းအားနဲ့တော့ ငါ့ကို သတ်လို့ မရနိုင်ဘူး။” ရိုဒရီဂူးဇ်၏ ရွှေငွေမျက်လုံးများက ထူးဆန်းစွာ တောက်ပလာခဲ့သည်။ “စမ်းကြည့်ချင်လား။ တစ်ခုခု စိတ်ဝင်စားစရာများ ဖြစ်လာမလားပေါ့။”
ဟန်ဆောင်နေတာလား။ ဒါမှမဟုတ် စိတ်ရှုပ်အောင် ဗျူဟာဆွဲနေတာလား။ ချန်လွေ့က သတိထားရင်း ရိုဒရီဂူးဇ်နှင့် ဝေးဝေးနေနေပြီး စိတ်ကို အလျင်အမြန် လှုပ်ရှားလိုက်သည်။ ဒိုဒိုရဲ့ ဝိညာဉ်က လုံးဝ မပျောက်ကွယ်သွားသေးလောက်ဘူး။ သူက ပေါင်းစပ်သွားပြီလား၊ ပူးပေါင်းသွားပြီလား၊ သေချာမသိဘူး။ ကျွန်-သခင် စာချုပ်နဲ့ဆိုရင် ဒိုဒိုကို သတ်ပစ်တာက အလွယ်လေးပါ။
ရိုဒရီဂူးဇ်၏ အသက်ရှင်ဖို့အတွက် ဒိုဒိုရဲ့ခန္ဓာကိုယ်ကို လုယူခဲ့ပေမဲ့ ဒိုဒိုရဲ့ မူရင်းဝိညာဉ်ကို မဖျက်ဆီးသေးဘူး။ ဒါက စိတ်ပျော့လို့တော့ မဟုတ်လောက်ဘူး။ သူတို့နှစ်ယောက်မှာ သိမ်မွေ့တဲ့ ပတ်သက်မှုတစ်ခုခု ရှိသွားလို့ နေမယ်။ ဒိုဒို သေမယ်ဆိုရင် ရိုဒရီဂူးဇ် မသေရင်တောင် သိသိသာသာ ထိခိုက်မှု ဖြစ်ရမှာပဲ။
အချိန်အတော်ကြာတဲ့အထိ ဒိုဒိုက ကပ်ဖားဖို့ပဲတတ်တဲ့ လာဘ်ကောင် တစ်ကောင် အနေနဲ့ နေနေခဲ့တာ။ အစားကြီးတယ်။ အပျင်းကြီးတယ်။ ပြီးတော့ မဒမ်တွေကို လျို့ဝှက် သတင်းပို့တဲ့ ဉာဏ်ခပ်များများ အစေခံတစ်ယောက်လည်း ဟုတ်တယ်။
ချန်လွေ့သည် ဤလောကသို့ ပထမဆုံး စရောက်လာကတည်းက နတ်ဆိုးဘုံ၌ ရှိနေခဲ့သည်။ လေ့ကျင့်ရေးနှင့် ရှင်သန်ရေးလမ်းကြောင်းပေါ်၌ သူ၏လက်များက သွေးများ စွန်းထင်းနေခဲ့သည်။ သူ၏လက်ထဲ၌ အသက်များများအပြား အဆုံးသတ်ခဲ့ရသည်။ သူက ဆာဘရီနာနှင့် ကိုလီနာကဲ့သို့ မိန်းမလှများကိုပင် မသက်ညှာခဲ့ပေ။ သို့ရာတွင် အလယ်တကူ ဖယ်ရှား၍ရသော လက်အောက်ငယ်သားကို ရင်ဆိုင်ရာပ သူက မသက်မညှာ မလုပ်ရက်ပေ။
ဒိုဒိုက ရှီလန်တောင်၌ ချန်လွေ့နှင့်အတူ အခက်အခဲများကို မျှဝေခံစားခဲ့ရဖူးသည်။ ယခုတစ်ခေါက် သူ၏ တွေ့ရှိမှုကြောင့်သာ ချန်လွေ့က နဂါးနက်အင်ပါယာ ရတနာသိုက်သို့ ဝင်လာနိုင်ခြင်း ဖြစ်သည်။ နှစ်အတော်ကြာ အတူတူ နေခဲ့ရပြီးနောက် ချွဲကျိကောင်က မသိလိုက်ဘဲနှင့် အမှောင်လရှိ “မိသားစု”ဝင် ဖြစ်လာခဲ့လေသည်။
“ခင်ဗျား....ဒိုဒိုက ချွဲကျိကောင်ဆိုတာ ဘယ်လို သိတာလဲ။ ဒိုဒိုကို မသတ်ပါနဲ့။”
“ဆရာသခင် ဒိုဒိုရဲ့ လမ်းကြောင်းကို ဘယ်သူ တားရဲတာလဲ။”
“ဆာ-ဒိုဒိုက တကယ့်ကို မယုံနိုင်စရာဘဲ။ အရည်အသွေးအမြင့်ဆုံး ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ်။”
“သခင်။ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ သခင်မေတွေ အတင်းလုပ်ခိုင်းလို့ပါ....”
သခင်။ ဒါက ဒိုဒို နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တာတွေပါ။ ကြောက်စရာ ကောင်းတဲ့ နတ်ဆိုးသားရဲတစ်ကောင်ကနေ ခက်ခက်ခဲခဲ ခိုးခဲ့ရတာ.....”
ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး စာချုပ်ကို သုံးကာ သတ်ပစ်မယ့် အကြံကို ပယ်ဖျက်လိုက်သည်။ ရိုဒရီဂူးဇ်ကို ငါကိုယ်တိုင် အနိုင်ယူမယ်။ ပြီးတော့ ချွဲကျိကောင်ကို ကယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားမယ်။
ထိုအချိန်၌ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာ၏။
“စိတ်မလောနဲ့။ ချွဲကျိကောင်ရဲ့ ပါရမီက အလင်းအမှောင်စွမ်းအားနဲ့ ပေါင်းစည်းနေပြီ။ သူက ရိုဒရီဂူးဇ်ရဲ့ ဝိညာဉ်ကို ပိတ်လှောင်ထားတာ။ မင်း ချွဲကျိကောင်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးလိုက်မယ်ဆိုရင် ရိုဒရီဂူးဇ်က ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် အပြည့်အဝ ရပြီးတော့ တိုင်းပြည်နဲ့ အမှန်တကယ် သဟဇာတ ပေါင်းစည်းနိုင်သွားလိမ့်မယ်။”
ထိုအသံက ကောင်းကင်ပေါ်ရှိ “လ”မှ ထွက်လာလာခြင်းသည်။ ၎င်းက ဟီဂယ်၏အသံ ဖြစ်၏။ ချန်လွေ့ သိမ့်သိမ့်တုန်သွားပြီးနောက် အမှောင်ဒြပ်စင်ဘုရင်က စိတ်မပါဘဲနဲ့ ရိုဒရီဂူးဇ်၏ [ အလင်းအမှောင်တိုင်းပြည် ] အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့ကြောင်း နားလည်လိုက်သည်။
“တောက်ကွာ....” ဒိုဒို သတ်ပစ်ရန် ချန်လွေ့ကို မျှားခဲ့သော ရိုဒရီဂူးဇ်၏လှည့်ကွက် ပေါ်သွားလေပြီ။ သူ အလွန် ဒေါသထွက်သွား၏။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ဟီဂယ်၏ အသံက ရုတ်တရက် အားနည်းသွားခဲ့သည်။
“သူ့ကို အနိုင်ယူပြီးတော့ ဒြပ်စင်ဇစ်မြစ်အပိုင်းအစနှစ်ခုကို ယူသွား.....”
ချန်လွေ့က နောက်ဆုံးစကားကိုသာ ကြားနိုင်ခဲ့ပြီး အန္တရာယ်တစ်ခုကို အာရုံခံ မိလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရိုဒရီဂူးဇ်က အနားသို့ ရောက်လာပြီး လက်သီးဖြင့် ထိုးလိုက်၏။ ချန်လွ့က လက်ကို လက်ခြေခတ်ပြီး ခုခံလိုက်သည်။ တစ်ဖက်လူ၏ လက်သီးက အလွန်အမင်း အစွမ်းထက်လှသည့် အတွက်က သူ့ ဘေးဖက်သို့ ခြေလှမ်းအနည်းငယ် လှုပ်ရှားလိုက်ရသည်။ သူ၏လက်က ကိုက်ခဲနေ၏။ သူက ဟန်ချက်မညီခင်မှာပင် ရိုဒရီဂူးဇ်၏ ပုံရိပ်က သူ့ရှေ့ ပေါ်ထွက်လာပြန်သည်။ ချန်လွေ့က ချက်ချင်းပင် တယ်လီပို့ခုန်ပြီး ရန်သူ၏ ကန်ချက်ကို ရှောင်တိမ်းလိုက်၏။
ရိုဒရီဂူးဇ်က နောက်လိုက်တော့မည့်အချိန်၌ ရုတ်တရက် မျက်မှောင်ကြုတ် လိုက်မိသည်။ သူ၏လက်ထဲ၌ ဧရာနဂါးဦးခေါင်းရှိသော ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ သူက ချန်လွေ့၏ ခုတ်ပိုင်းမှုကို ခုခံလိုက်သည့်အခါ မီးပွင့်များ ထွက်လာခဲ့သည်။ သို့ရာတွင် မမြင်နိုင်သော ထက်မြက်သည့် ချီစွမ်းအင်က နဂါးဒိုင်းကာ၏ ခုခံမှုကို ဖြတ်သန်းသွားပြီး ရိုဒရီဂူးဇ်၏ ပါးပေါ်၌ အံ့သြဖွယ်ရာ ဒဏ်ရာတစ်ခု ကျန်ရစ်စေခဲ့သည်။
“မင်းမှာ ဒီလိုအကွက်တောင် ရှိတာပဲ။ ကံဆိုးချင်တော့ ဒါက မသေနိုင်တဲ့ ခန္ဓာကိုယ်ဆိုတာ မင်း မေ့နေတဲ့ပုံပဲ။” ရိုဒရီဂူးဇ်၏ မျက်နှာက သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အလျင်အမြန် ပြန်ကောင်းသွားခဲ့သည်။ သူက ချက်ချင်းပင် ပြန်ကောင်းသွား၏။ “ဒီအကွက်က တကယ့်ကို စိတ်ဝင်စားစရာပဲ....”
သူ့စကား မပြီးသေးခင်မှာပင် သူက ချန်လွေ့၏ မျက်လုံးအရှေ့၌ ပေါ်ထွက်လာသည်။ သူ၏ လက်ငါးချောင်းက ချန်လွေ့အား သားရဲလက်သည်းသဖွယ် ကုတ်ခြစ်လိုက်ပြီး ကြောက်မက်ဖွယ်ရာ အနီရောင် လျှပ်စီးတစ်ခု ထုတ်လွှတ်နေခဲ့သည်။
S++ အဆင့် အမြန်နှုန်းက အလွန်ပင် အံ့သြဖွယ်ရာကောင်းလှဿည်။ ချန်လွေ့က နောက်ဆုတ်ရန် အချိန်မီခဲ့သော်လည်း သူ၏နံရိုးပေါ်၌ လက်သည်းရာ အနည်းငယ် ကျန်ရစ်ခဲ့သည်။ ထိုလက်သည်းက ဆန်းကြယ်ကျောက်စိမ်းချပ်ကာ၏ ခုခံမှုကို မဖောက်ထွင်း နိုင်ခဲ့သော်လည်း ကျန်ရှိသော စွမ်းအားက ချပ်ကာကို ဖောက်ထွင်းသွားကာ သူ့ကို လောင်ကျွမ်းသော နာကျင်မှုတစ်ခု ခံစားရစေခဲ့သည်။
“ဟဲဟဲ...ငါ့အကွက်က ဘယ်လိုနေလဲ။” ရိုဒရီဂူးဇ်က ဆက်မလိုက်ဘဲ သူ့အသံက အောင်ပွဲခံမှုများ ပြည့်နှက်နေခဲ့သည်။
ထိုကဲ့သို့ လက်သည်းစွမ်းအားမျိုးသည် ခုနက [ အရှိန်အဝါဓားသွား ] နှင့် အတော်လေး ဆင်တူသည်။ တိုက်ရိုက်စွမ်းအားက ပို၍စွမ်းအားကြီးသော်လည်း မမြင်နိုင်သော ဓားချီစွမ်းအင်က အတော်လေး အားနည်းလှသည်။ ထိုအရာကပင် ချန်လွေ့ကို တိတ်တဆိတ် ထိတ်လန့်သွားစေ၏။ ဒိုဒို၏ ကြောက်တတ်သော စရိုက်နှင့် ပျင်းရိမှုတို့ကြောင့်သာ မဟုတ်လျှင် သူက အလားအလာကောင်းရှိသော်လည်း တိုက်ခိုက်ရေးစွမ်းအား နိမ့်ပါးလွန်းလှသည်။ ရိုဒရီဂူးဇ်က ချုပ်ကိုင်လိုက်ပြီးနောက် ထိုပါရမီများက ကိုင်တွယ်ရ ပိုခက်သွားတော့သည်။
စိတ်ဝိညာဉ်စွမ်းအား အဆင့်တူမှလွဲ၍ ချန်လွေ့၏ အခြားအရည်အသွေးများ အားလုံးက ရိုဒရီဂူးဇ်ထက် နိမ့်ကျသည်။ အရေးကြီးဆုံး အရာမှာ သူက အစစ်အမှန်မီးတောက် အချုပ်အနှောင်အဖြစ် ချုပ်ခံထားရပြီး [ ဓူဝံကြယ်အသွင်ပြောင်းလဲခြင်း ] အသုံးမပြုနိုင်ခြင်းပင်။ ထို့ကြောင့် သူက S+ စွမ်းအားဖြင့်သာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။ အပြင်းအထန် တိုက်ပွဲတစ်ခုက မလွဲမသွေပင် ဖြစ်၏။ “မင်းမှာ အနိုင်ရဖို့ မျှော်လင့်ချက် နည်းနည်းလေးမှ မရှိဘူး။ လက်လျှော့လိုက်မယ်ဆိုရင် ငါမင်းကို သက်သက်သာသာ သတ်ပေးမယ်။” ရိုဒရီဂူးဇ်၏ လက်သည်းများက လျှပ်စီးများဖြင့် တဇက်ဇက် အသံမြည်နေ၏။ ချန်လွေ့က မိမိထံ ဟိန်းဟောက်နေသော ကြောက်မက်ဖွယ်ရာ ဧရာမနဂါးတစ်ကောင်ကို မြင်လိုက်ရဟန်တူသည်။
ချန်လွေ့က တုံ့ဆိုင်းမနေသလို လုံးဝ မကြောက်နေပေ။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ မရေမတွက်နိုင်သော ကြယ်ပွင့်များ ရှိနေပြီး ဧရာမနဂါးထံ ပြေးဝင်သွား၏။
လျို့ဝှက်မြူဖုံးကျွန်း၌ -
သာယာသော စောင်းသံက ဝမ်းနည်းသော အငွေ့အသက်များဖြင့် ပျံသန်းနေသော နယ်သူငယ်များကဲ့သို့ပင် မြူနှင်းမှုန်ထဲ၌ ပင့်တင်ထပ်နေပြီး အဝေးမှကောင်းကင်ဆီသို့ အတွေးများ ယူဆောင်ပေးနေခဲ့သည်။
“ကောင်းလိုက်တာ။” ဟယ်လင်က ယစ်မူးသော အမူအရာတစ်ခု ပြသလိုက်သည်။ “ဒီလောက်သာယာတဲ့ တေးသံများ တစ်ခါမှ မကြားဖူးဘူး။ ဒါက ဘယ်လို တေးသံမျိုးလဲ။”
မာယာရှင်မလေးက အစပိုင်းတွင် နာဂါကောင်မလေးကို အပြင်းအထန် ဆန့်ကျင်နေ ခဲ့သော်လည်း ဂီတကို ချစ်မြတ်နိုးသူ နှစ်ယောက်အတွက် ဂီတထက်ကောင်းသော ဆက်သွယ်ပြောဆိုနိုင်သည့်အရာ မရှိပေ။ သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းသွားခဲ့သည်။ သုံးလေးရက်ကြာပြီးနောက် သူတို့က သူငယ်ချင်းများ ဖြစ်သွားကြ၏။
“လေထဲက ရဲတိုက်...” အယ်ဒီလိုင်း၏ မှိန်ပျပျ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေဟန်တူသည်။ “ငါက ငါအကြိုက်ဆုံး သီချင်းပဲ။ ဒါကို ဆာ-အက်ဂ်ယော ရေးစပ်ထားတာ။”
“အဲဒီ လူဆိုးလား။” မာယာရှင်မင်းသမီးလေး၏ ရွှေရောင်မျက်လုံးထဲ၌ မယုံကြည်နိုင်သော အလင်းရောင်တစ်ခု ရှိနေသည်။ “သေချာရဲ့လား။ သူက ဒီလိုမျိုး သာယာတဲ့ သီချင်းမျိုးကို ဖန်တ်ီးနိုင်တာလား။”
“ဟယ်လင်။ ငါ နင့်ကို ခဏခဏ ပြောပါတယ်။ ဆာ-အက်ဂ်ယောက သေချာပေါက် လူဆိုး မဟုတ်ပါဘူးဆို။” နာဂါကောင်မလေး၏ မျက်နှာပေါ်၌ လွမ်းဆွတ်သော အမူအရာတစ်ခု ရှိနေခဲ့သည်။ “အသက်ကို ယူလို့ရတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကတော့ အမြဲတမ်း ရှိနေမှာ။ သူ့ကြောင့်သာမဟုတ်ရင် ငါက တစ်ခါမက ကြံရာမရဖြစ်နေပြီးတော့ စတေးခံအနေနဲ့ သေသွားခဲ့မှာ။ ငါတို့ ပထမဆုံးတွေ့တုန်းက သူပြောခဲ့တာကို ငါ အမြဲတမ်း မှတ်မိနေတယ်။ အသက်ကို ယူသွားလို့ရတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကတော့ အမြဲတမ်း ရှိနေမှာတဲ့။”
“ဟမ့်...” ဟယ်လင်က မျက်ခုံးလှလှလေးကို ကျုံ့လိုက်သည်။ “နင်က စိတ်ကောင်း လွန်းနေတာပါ။ လူတွေက ဘယ်လောက် ကောက်ကျစ်တာလဲဆိုတာ နင်မသိဘူး။ အဲဒီကောင်ရဲ့ စကားချိုချိုတွေနဲ့ အရူးလုပ်တာ မခံရစေနဲ့။”
အယ်ဒီလိုင်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “ပါးစပ်က လိမ်လို့ရတယ်။ ဒါပေမဲ့ နှလုံသားကတော့ လိမ်လို့မရဘူး။ ငါက သူ့နှလုံးသားထဲက ကြံ့ကြံ့ခံမှုနဲ့ ကြင်နာမှုကို သေချာ ခံစားမိတယ်။ နင်က သူ့ကို အထင်လွဲနေတာ။ နင် သူနဲ့ အချိန်ခဏလောက် နေပြီးသွားသွားရင် နားလည်လာမယ်ဆိုတာ ယုံကြည်တယ်။”
“အဲဒီလို မျိုးမစစ်ကောင်နဲ့ ငါ အတူတူ မနေချင်ပါဘူး....” မာယာရှင်မလေးက သူ့သဘော အတိုင်း မဖြစ်နိုင်ကြောင်း တွေးမိသွားသည့်အခါ ရုတ်တရက် စိတ်ဓာတ်ကျသွားခဲ့သည်။
မျှော်လင့်ချက်၊ အဲဒါက အမြဲတမ်း ရှိတာလား.....
သူတို့နှစ်ယောက် ကိုယ်ပိုင်အပူများနှင့်အတူ တိတ်ဆိတ်သွားကြ၏။
အချိန်အတော်ကြာပြီးနောက် -
မာယာရှင်၏အသံ ရုတ်တရက် ထွက်လာ၏။ ထိုအသံက “လေထဲက ရဲတိုက်”ဖြစ်ပြီး မျှော်လင့်ချက်က ကောင်းကင်ထက်၌ ရှိနေသည့်တိုင် တေးသံမပါ၊ အတွဲဖက်မပါဘဲ နှလုံးသားထဲမှ မျှော်လင့်ချက် အရိပ်အယောင်ဖြင့် တိုးတိုးလေး သီကျူးနေခြင်းသာ ဖြစ်၏။
ကျက်သရေမျှော်စင်၌ -
နေရာလွတ်ထဲရှိ တောက်ပနေသော မီးတောက်များက ပြင်းထန်ရာမှ မှိန်ကျသွားပြီး ထို့နောက် ပျောက်ကွယ်သွားလေသည်။
နေ့ရက်တစ်ခုလုံးက မသိလိုက်ဘဲနှင့် ကုန်ဆုံးသွား၏။
အပြင်းအထန် တိုက်ခတ်ပြီးနောက် တိုက်ခိုက်နေကြသော ပုံရိပ်နှစ်ခုက ခွဲခွာလိုက် ကြသည်။ သူတို့က နောက်ထပ် တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ကို ရှာဖွေနေကြသည်။
“မယုံနိုင်စရာစွမ်းအားပဲ။” ရိုဒရီဂူးဇ်က ပင့်သက်ရှုက်လိုက်ပြီး အသက်ရှူသံကို ဖြည်းဖြည်းချင်း ချိန်ညှိလိုက်သည်။ “မင်းက ငါ့ကို ဒီလောက် အတိုင်းအတာအထိ တိုက်ခိုက်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
ချန်လွေ့ ဘာမှမပြောသော်လည်း လက်ထဲ၌ ဓားကို အပြင်းအထန် ဆုပ်ကိုင်ထား၏။ သူ၏ခန္ဓာကိုယ်က ထိတ်လန့်ဖွယ်ရာ ဒဏ်ရာများ ပြည့်နှက်နေပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း အလွန်အမင်း ကုန်ခမ်းနေခဲ့သည်။ အလိုအလျောက် ပြန်ကောင်းပြီး ကုသနိုင်သည့် အစွမ်းသတ္တိ ရှိသော်လည်း အားဖြည့်ဆေးရည်များ ထပ်ပေါင်းသည့်တိုင် သူ့အင်အားက ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့လေသည်။
ရိုဒရီဂူးဇ်၏ ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာမှ ရှိမနေပေ။ သို့သော် သူ၏ ချပ်ကာက အက်ကြောင်းများနှင့် အပေါက်များ ပြည့်နေခဲ့သည်။ ရွှေငွေမျက်ဆံများမှ အလင်းရောင်လည်း မှိန်ကျသွားကာ တိုက်ပွဲပြင်းထန်ကြောင်း ပြသနေ၏။
“တစ်ခုမကတဲ့ ပိုင်နက်တွေ၊ အချိန်ဥပဒေသ...ဒါတွေက သာမန်အစွမ်းထက်ပုဂ္ဂိုလ်ရဲ့ အစွမ်းတွေ မဟုတ်တော့ဘူး။ သာမန်နတ်ဘုရားတစ်ပိုင်းမှာတောင် ဒီလိုဥပဒေသမျိုး မရှိနိုင်ဘူး။” ရိုဒရီဂူးဇ်၏ အသံက အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။ “ငါ့ကို အံ့အားသင့်စေဆုံးက မင်းလက်ထဲက ဓားအပါအဝင် မျက်နှာဖုံးနဲ့ ဒိုင်းကာကိုပဲ။ ဒါတွေက......။ မင်းက ဘယ်လို တည်ရှိမှုမျိုးလဲ။ မင်းက ဘာလို့ သွေးမျိုးဆက်စွမ်းအားကို ဖိနှိပ်ပြီးတော့ ဒဏ္ဍာရီလာ အန္တိမ အရာတွေကို ထိန်းချုပ်နိုင်ရတာလဲ.....”
ချန်လွေ့က ပြန်မဖြေသေးပေ။ သူ လုပ်နိုင်ခဲ့သမျှမှာ အဖိုးတန် အချိန်တိုင်းကို အသုံးချပြီး တိုက်ခိုက်ရေးစွမ်းအားကို ပြန်ဖြည့်ခြင်းသာ ဖြစ်သည်။ ယခုတွင် သူက ဝှက်ဖဲအားလုံး ကုန်သွားပြီ ဖြစ်သည်။ အခြားရန်သူများဆိုလျှင် ပြိုလဲသွားမည်ဖြစ်သော်လည်း ဒိုဒို၏ ခန္ဓာအမျိုးအစားက အလွန်ပင် ဆန်းကြယ်လွန်းလှသည်။ ထိုကဲ့သို့ မသေနိုင်ဘဲ ပြန်လည်ကုသနိုင်သည့် စွမ်းရည်အတွက် အဖြေကို ရှိမနေပေ။ သာမန်တိုက်ခိုက်မှုများက မထိရောက်လုနီးပါး ဖြစ်နေခဲ့သည်။ တစ်ခုတည်းသော ချုပ်ထိန်းနိုင်သည့်အရာက [ ဝိညာဉ်ဖြတ်တောက် ] အစွမ်း ရှိသော ကြယ်ကြွေတမန်ဓားသာ ဖြစ်၏။
ရန်သူကို ထိသွားပြီးလျှင် ၎င်းက ရန်သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သတ်ပစ်ပြီး ဖြတ်တောက်ကာ အသုံးပြုသူ၏ စွမ်းအားအဖြစ် အသွေးအသားကို ဝါးမျိုပေလိမ့်မည်။
“မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့မှာ အရှုံးသမား ဖြစ်မှာပဲ။” ရိုဒရီဂူးဇ်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ “ဒီချွဲကျိကောင်မှာ ဝါးမျိုလိုက်တဲ့စွမ်းရည်ကို ရနိုင်ချေရှိသည့် အထူးပါရမီတစ်ခု ရှိတယ်။ ငါမင်းကို ဝါးမျိုချင်တယ်။ အဲဒီအချိန် မမျှော်လင့်ထားတဲ့ အံ့သြစရာ တစ်ခုခု ရှိနေလောက်မှာ။”
ထို့သို့ ပြောပြီးနောက် ရိုဒရီဂူးဇ်က ခါးထောက်ကာ ရယ်နေတော့သည်။ ထိုကဲ့သို့ အပြုအမူမျိုးက ...... ပုံမှန်နေ့ရက်များ၌ ဒိုဒိုကဲ့သို့ပင် ဖြစ်သည်။
ရိုဒရီဂူးဇ်က ချက်ချင်း တုံ့ပြန်ပြီး လက်ချလိုက်သည်။ “ဒီအကျင့်စုတ်ကတော....”
ထိုကဲ့သို့ “အကျင့်”ကို ချန်လွေ့ ရှာတွေ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူက ထို “ဟာကွက်”ကို အသုံးချပြီး အသတ်မခံရရန် သုံးကြိမ် ရှောင်တိမ်းနိုင်ခဲ့သည်။ ထိုခန္ဓာကိုယ်ပေါ်၌ ဒိုဒို၏ သက်ရောက်မှုက ရှိနေသေးသော်လည်း ရိုဒရီဂူးဇ်က လွှမ်းမိုးထားခြင်း ဖြစ်သည်။
နေဦး...အကျင့်ဆိုတော့.....
ချန်လွေ့ အကြံတစ်ခု ရသွားသည်။ သူက ချက်ချင်းလှုပ်ရှားလိုက်ပြီးနောက် သူ့လက်ထဲမှ ကြယ်ကြွေတမန်ဓားဖြင့် ရိုဒရီဂူးဇ်၏ ချိုင်းကြားကို အလျင်အမြန် ထိလိုက်၏။
ရိုဒရီဂူးဇ်က ပြန်တိုက်ရန် ပြင်လိုက်စဉ် တစ်ဖက်လူ၏ လက်ထဲ၌ တစ်စုံတစ်ခု ရှိနေကြောင်း မြင်လိုက်ရသည်။ ထူးဆန်းသော ရနံ့ရှိနေသည့် သစ်သီးတစ်လုံးပင်။
ချန်လွေ့က သစ်သီးကို ကောင်းကင်ပေါ်သို့ လွှင့်ပစ်လိုက်သောအခါ ရိုဒရီဂူးဇ်က မြင်းပုံစံ နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ပြောင်းလဲလိုက်မိပြီး ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်သည်။ သစ်သီးကို ဖမ်းနေရင်း သူက ကြယ်ကြွေတမန်ဓားနှင့် အထိုးခံလိုက်ရကာ ဝမ်းဗိုက်တွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ [ ဝိညာဉ်ဖြတ်တောက် ] ဝိသေသလက္ခဏာက ရိုဒရီဂူးဇ်၏ ဝိညာဉ်စွမ်းအားကို အပြင်းအထန် ထိခိုက်သွားစေ၏။
ရိုဒရီဂူးဇ်က အော်ဟစ်လိုက်ပြီး ဓားမှ အသည်းအသန် ရုန်းထွက်လိုက်သည်။ သူက လူသားအသွင် ပြန်ပြောင်းသွားနောက် မြေပေါ်သို့ ပြုတ်ကျသွားကာ အော်ပြောလိုက်၏။ “ဘာတွေ ဖြစ်ကုန်တာလဲ။”