အစီအစဉ်များ
Vol. 45 Ch. 723
ချန်လွေ့၏ လက်ရှိခံစားချက်က ပျော်ရွှင်ဖွယ် ဖြစ်ရပ်တစ်ခုကြောင့် လန်းဆန်း နေသည်ဟု ဖော်ပြ၍ ရနိုင်ပေသည်။
သူ စိတ်ကူးထားသည့်အတိုင်း အစ်ဇဘယ်လာ၏ သူ၏မိန်းမ ဖြစ်လာခဲ့သည်။
ချန်လွေ့ကို အံ့အားသင့်စေခဲ့သည်မှာ သူက အစ်ဇဘယ်လာ၏ ပထမဆုံး ယောက်ျား ဖြစ်နေခြင်းပင်။
ထိုစဉ်က အစ်ဇဘယ်လာ အလိမ်ခံခဲ့ရကြောင်း သူသိသည်။ လူသားလောကမှ ထိုလူက အရိပ်လေပြည်ဘွတ်ဖိနပ်ကို လိမ်ညာရယူခဲ့ပြီး အယ်ဒီဘယ်လာ၏ ခံစားချက်ကို လှည့်စားခဲ့၏။ သို့သော်လည်း ထိုကိစ္စ ဖြစ်ခဲ့သည်မှာ နှစ်၁၀၀ ကျော်သွားလေပြီ။
လွန်ခဲ့သော နှစ်၁၀၀အတွင်း ကြယ်ကြွေတမန်မြို့တော်မှ နာမည်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် “မိစ္ဆာထောင်ခြောက်ပန်း”ကို ကြွေကြသော ယောက်ျားများ မရေမတွက် နိုင်အောင် ရှိကြလေသည်။ သို့သော်လည်း သူက အစွန်းအထင်း မခံခဲ့ပေ။ မဒမ်-ဒေါ်လေး၌ ယောက်ျားများကို မုန်းတီးစေနိုင်သည့် စိတ်ဓာတ်ရာရှိခဲ့သော်လည်း သူ့ကိုယ်သူ သန့်သန့်ရှင်းရှင်း ထားခဲ့ခြင်းမှာ သူ၏စရိုက်ကြောင့်သာ ဖြစ်ပေသည်။
အဆိပ်ရှိ မိစ္ဆာထောင်ခြောက်ပန်းနှင့် တူပုံရသော အောက်ဘက်တွင် နှင်းဒဲလက်ပန်း၏ မွှေးရနံ့ ရှိနေ၏။
ထိုအရာက ချန်လွေ့ကို အစ်ဇဘယ်လာအား အနည်းငယ် ပို၍ အမြတ်တနိုး တန်ဖိုးထားသွားစေသည်။ သို့သော်လည်း သူ၏စိတ်ထဲ၌ နှမြောစရာဟု တွေးလိုက်မိသည်။ နောက်ပိုင်း နေ့ရက်များ၌ အစ်ဇဘယ်လာက သူလုံးဝ စိတ်နှစ်မြှုပ်ထားသော ထိုယောက်ျားအတွက် ခံစစ်ကြောင်းကို လုံးဝဖယ်ရှားကာ အပြင်လူများအတွင် ဖော်ပြ၍ မရနိုင်သော အထူးဝန်ဆောင်မှု အချို့အပြင် အရာအားလုံးကိုပါ မထိမ်မချန် နှစ်မြှုပ် ထားလိုက်၏။
မြေဒြပ်စင်ဘုရင်၊ အယ်ဒီလိုင်းနှင့် ဟယ်လင်တို့ ရောက်လာခြင်းက သူတို့ နှစ်ယောက်၏ တကိုယ်တည်းလောကကို အဆုံးသတ်သွားစေခဲ့သည်။ ယောက္ခမကြီးကတော့ နတ်ဘုရားယောင် အဆင့် နဂါးစွမ်းအားကို အမြုတေကို အထူးကျင့်စဉ်တစ်ခုဖြင့် အမြန်ဆုံး ချေဖျက်ရန် လိုအပ်နေသည်။ အဖိုးတန်စွမ်းအားများ မဆုံးရှုံးသွားစေရန်အတွက် အက်ဂ်လက်စ်က နဂါးကျွန်းသို့ ချက်ချင်း ပြန်သွားခဲ့သည်။
အတိအကျ ပြောရလျှင် နဂါးကျွန်းကလည်း ပင်လယ်သေ နယ်မြေကြီးအတွင်းထဲ၌ ဖြစ်ပြီး အရှေ့ဘက်အစွန်ဆုံးတွင် ရှိနေ၏။ ထိုနေရာက ယခုပင်လယ်နယ်မြေနှင့် လုံးဝ ကွဲပြားသော ဦးတည်ဘက်တွင်ရှိနေပြီး အလွန်အမင်း ဝေးကွာလွန်းလှသည်။ ရေဒြပ်စင်ဘုရင်၏ အကူအညီဖြင့် အက်ဂ်လက်စ်အား ပို၍နီးစပ်သော နယ်မြေသို့ ပင်လယ်ရေနက်နန်းတော်၏ အထူး တယ်လီပို့စွမ်းရည်သုံးကာ ပို့ဆောင်ပေးခဲ့သည်။
ယောက္ခမကြီး ထွက်သွားခြင်းကြောင့်သာ တစ်စုံတစ်ယောက်က [ ကြယ်ဂိတ် ] သုံးပြီး အမှောင်လသို့ ပြန်လာကာ မဒမ်-ဒေါ်လေးနှင့် တရင်းတနှီး နေရဲခြင်း ဖြစ်ပေသည်။
ချန်လွေ့က ညီအစ်မ နှစ်ယောက်ကို “ပြန်ခေါ်”လာကြောင်း သိသွားသည့်အခါ သလင်းကျောက် မောင်းမဆောင်ထဲ၌ နောက်ထပ် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ မာယာရှင်မင်းသမီးလေးက အိုလီဖီးရက်စ် ပြန်သက်သာလာစေရန်အတွက် အက်ဂ်လက်စ် ခန့်အပ်ထားကြောင်းနှင့် သာမန်လေ့ကျင့်ရေးအတွက်လည်း သူက အကျိုးရှိစေနိုင်ကြောင်း ချန်လွေ့က ရှင်းပြခဲ့သည်။ နာဂါကောင်မလေးမှာတော့.....သူက သနားကြင်နာသင့်သော ညီမတစ်ယောက် ဖြစ်ပေသည်။
ထိုစကားက မောင်းမဆောင်များထဲ၌ သံသယများ တိုးပွားသွားစေခဲ့သည်။ သို့ရာတွင် ကောင်မလေးများနှင့် စကားပြောကြည့်ပြီးနောက် သံသယအရှိဆုံး အယ်ဒီလိုင်းက ဆွဲဆောင်မှုရှိသော မာယာရှင်မင်းသမီးထက်ပင် “အန္တရာယ်” မရှိကြောင်း ယုံကြည်သွားကြသည်။ နာဂါကောင်မလေး၏ လက်ရှိ မမြင်နိုင်မှု (မကောင်းသေး) အပြင် ကြီးပြင်းခဲ့ရသော အတွေ့အကြုံ အလှည့်အပြောင်းများကြောင့် အသီနာနှင့် အခြားသူတို့၏ စာနာမှုကို ရရှိခဲ့သည်။ အစေခံ ကဝေမလေးက အယ်ဒီလိုင်းကို ချန်လွေ့အား အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုခိုင်းပြီး ယောင်းမများက သူ့ကို ဂရုစိုက်ပေးမည်ဖြစ်ကြောင်း အကြံဆိုးတစ်ခု ရလာခဲ့သည်။ ထိုအကြံက တညီတညွတ်လည်း သဘောတူညီမှု ရရှိခဲ့လေသည်။
မောင်နှမ ဆက်ဆံရေးက နာဂါကောင်မလေးအတွက် အကျိုးအမြတ်များကို မသေမချာ ဖြစ်သွားစေသော်လည်း နောက်ဆုံးတွင် သူက မိသားစုထဲသို့ ချောချောမွေ့မွေ့ ပေါင်းစည်း သွားခဲ့သည်။ သူက အုပ်စုငယ်လေးမှ ထိုကဲ့သို့ နွေးထွေးမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ ထို့ပြင် သူက အားနည်းပြီး နှိမ့်ချသော စရိုက်ရှိသည့်အတွက် ပေါင်းသင်းရ လွယ်ကူပေသည်။ လူတိုင်းက သူ့ကို အလွန်ပင် သဘောကျကြသည်။ ကောင်မလေး၏ မျက်နှာပေါ်၌ အပြုံးကလည်း ခဏခဏ ပေါ်ထွက်လာခဲ့လေသည်။
မာယာရှင်မင်းသမီး၏ မျက်လုံးထဲ၌ အက်ဂ်ယောက နဂါးနက်အင်ပါယာ၏ ရတနာသိုက်ကို ရှာဖွေရင်း မာယာရှင်မျိုးနွယ်စုအပါအဝင် ပင်လယ်သတ္တဝါများကို ကံကြမ္မာကို “လမ်းကြုံ” ကယ်တင်ခဲ့သော်လည်း ပြန်ပေးဆွဲပြီး အကျပ်ကိုင်သော လုပ်ရပ်များကိုတော့ ဖုံးကွယ်၍ မရနိုင်ပေ။
ဒီပုပ်ထဲက ဒီပဲတွေပဲ။ သူ့မိတ်ဆွေတွေကလည်း ကောင်းတဲ့သူတွေ မဟုတ်ကြဘူး။ ထိုကဲ့သို့ ခွဲခြားသောမျက်လုံးထဲ၌ စကားကြီးသော အဆိပ်နဂါး၊ တဏှာကြီးသော တူလေး၊ ပျင်းရိပြီး အစားကြီးသော ချွဲကျိကောင် တို့၏ အားနည်းချက်များက အဆုံးအစမရှိ ကြီးမားသွားခဲ့သည်။ ထို့ကြောင့် မာယာရှင်မင်းသမီးက သူတို့အပေါ်၌ အမြင်ကောင်း အနည်းငယ်မျှ မရှိပေ။ သူ့စကားလုံးများက တဲ့တိုးသာ ဖြစ်သည်။ ထိုအပြုအမူများကြောင့် အမျိုးသမီး မိသားစုဝင်များ၏ ရန်လိုမှုကို လျော့ကျစေခဲ့သည်။ အတူတူ သွားလာပြီးနောက် ဟယ်လင်က အသီနာ၊ ဒေလီယာ၊ ခရိုဘဲလက်စ်တို့နှင့် သူယ်ချင်းကောင်းများ ဖြစ်သွားကြသည်။
မာယာရှင်မင်းသမီးလေး စကားပြောနေစဉ် “နင်တို့ရဲ့ လတ်ဆတ်တဲ့ ပန်းတွေမှာ ပုရွက်ဆိတ် တစ်ကောင် ကပ်နေပြီ” ဟူသော လှောင်ပြောင်ပြောဆိုမှုများ ရှိခဲ့သည်မှာ မလွဲမသေပင် ဖြစ်ပြီး မိန်းကလေးများက ရယ်သာ ရယ်လိုက်ကြသည်။
အားလုံးထဲမှ ဂုဏ်အယူဆုံးကတော့ နေ့ချင်းညချင်း အစွမ်းထက်လာသော ဒိုဒိုပင်ဖြစ်ပြီး သနားစရာ အရှုံးသမားမှ မစ္စတာ-ပြည့်စုံ အဖြစ် ပြောင်းလဲသွားခဲ့၏။ ဇိုလာမှလွဲ၍ သူ၏ စွမ်းအားက အက်ဂ်လက်စ်၏ လမ်းညွှန်မှု ရရှိခဲ့သော ပါ့ဂ်လီအိုထက်ပင် အနည်းငယ် သာနေသည်။
ချွဲကျိကောင်က သူ၏ သေရေးရှင်ရေးကို ထိန်းချုပ်ထားသည့် သခင်နှင့် သခင်မများအား ရိုသေပြီး ကပ်ဖားနေဆဲ ဖြစ်သည်။ သူက သခင်မများ၏ မိတ်ဆွေများဖြစ်ကြသော ခရိုလဲလက်စ်နှင့် ဒေလီယာတို့အပေါ်၌ ရိုးသားသော်လည်း သူ့ကို ယခင်က တက်နင်းခဲ့သည့် ရိုမန်နှင့် အဆိပ်နဂါးတို့ကိုလည်း ကောင်းကောင်း မဆက်ဆံပေ။ သနားစရာကောင်းသည်က တိုက်ခိုက်ရေးနှင့် စွမ်းအားတို့က သီးခြားအရာများ ဖြစ်နေခဲ့ခြင်းပင်။ အထူးသဖြင့် ချွဲကျိကောင်၏ သတ္တိက အရည်အသွေးအရ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ပါ့ဂ်လီအိုနှင့် “ချစ်ကြည်ရေး တိုက်ခိုက်မှု”အတွင်း သူက ပြိုင်ဘက်ဖြစ်သူ၏ ကြီးမားလှသော အဟုန်ကြောင့် ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့သည်။ ဆရာသခင်အဆိပ်နဂါးက နောက်ဆုံးတွင် သူ၏ အဆင့်အတန်းကို ခုခံနိုင်လောက်လေသည်။
ရိုမန်က အဆိပ်နဂါးကို အတုခိုးချင်သော်လည်း စွမ်းအားခြားနားမှုက ကြီးမားကြောင်း သိနေခဲ့သည်။ အကယ်၍ အတုခိုးခြင်း ကျဆုံးခဲ့လျှင် သူ၏ ရည်ရွယ်ချက် ကျရှုံးသွားရုံသာမက ဒိုဒို၏ တက်နင်းခြင်းကိုလည်း ခံရပေလိမ့်မည်။ ထိုအချိန်မှစ၌ သူ့အဆင့်အတန်းက အိမ်ထောင်စု၏ အောက်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ထိုအခြေအနေနှင့် အဆိပ်နဂါးနှင့် ရိုမန်တို့က စရိုက်နှင့်မညီစွာ အပြင်းအထန် လေ့ကျင့်ကြတော့သည်။ ရိုမန်က အမှန်တကယ်ပင် နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ပါ့ဂ်လီအိုကလည်း တိုင်းပြည်အဆင့် လမ်းကြောင်းသို့ ရောက်လာခဲ့သည်။ ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် ဆရာသခင် ဒိုဒိုက အတော်များများ အကျိုးပြုပေးခဲ့လေသည်။
အမှောင်လသို့ တရင်းတနှီး အခိုက်အတန့်အတွက် ကြိုတင်ပြန်ရောက်လာသော လျို့ဝှက် အဖြစ်အပျက်မှလွဲ၍ အစ်ဇဘယ်လာနှင့် ချန်လွေ့တို့၏ ပတ်သက်မှုက လျို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ မဒမ်-ဒေါ်လေးက သူဌေးချန်၏ မိန်းမ အနှေးနှင့်အမြန် ဖြစ်လာမည်ကို သိကြသော်လည်း အမှန်တကယ် ရုပ်လုံးထွက်ပြလာသောအခါ ငလျင်အသေးစားတစ်ခု ဖြစ်လာပြီး သလင်းကျောက် မောင်းမဆောင်၌ ကြွေပြားအချို့ အက်ကွဲသွားခဲ့သည်။
မဒမ်-ဒေါ်လေးက အလွန်ပင် အလိုက်သိလှသည်။ သူက ချောင်ကျသော ခြံဝန်းထဲ၌သာ နေနေဆဲဖြစ်ပြီး ထို“အဖွဲ့လိုက်အိပ်ခန်း”သို့ မပြောင်းရွှေ့ခဲ့ပေ။ သူက ရံဖန်ရံခါ၌ စုဝေးပွဲများသို့ ရောက်လာပြီး မျက်နှာလွှားကိုလည်း ဝတ်ဆင်ထား၏။ သူ၏ စကားလုံးများနှင့် လုပ်ရပ်များက သိုသိုသိပ်သိပ်သာ ဖြစ်ပြီး သူက ကောင်မလေးများ၊ အမျိုးသမီးများနှင့် အဆင်ပြေပေသည်။ ယုတ်စွအဆုံး သလင်းကျောက်မောင်းမဆောင်က အပေါ်ယံ၌ သဟဇာတ ဖြစ်နေသေးသည်။ အတွင်းပိုင်းမှ ..... ညှစ်ထုတ်ခြင်း၊ သွေးစတေးမှု၊ ပုဆိန်နှင့် လွှစက်တို့ကတော့ မသိရသေးပေ။
ထိုအဖြစ်အပျက်ကြောင့် တူလေးတစ်ယောက်က စွမ်းအားများဖြင့် တောက်ပနေသော ခေါင်းဆောင်ကို မြင်သည့်အခါ အမြဲပင် အဆင့်နိမ့်ကျနေခဲ့သည်။ ဘာလုပ်နိုင်မည်နည်း။ ထိုစဉ်က နောက်ပြောင်ခဲ့သောအရာ အမှန်တကယ် ဖြစ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။ သူက အမှန်တကယ်ပင် ဆာ-ဦးလေး ဖြစ်လာခဲ့သည်။ အတိုချုံးပြောရလျှင် ဆရာသခင် ရိုမန်က နောက်ပိုင်းတွင် အမှန်တကယ် ကံဆိုးနေခဲ့၏။
ကြယ်ကြွေတမန်အင်ပါယာ နန်းတော်၌ -
“အခုနောက်ပိုင်း မင်းက အားနေတဲ့ပုံပဲ။”
“ကျုပ်က မအားလပ်ပါဘူး။” ချန်လွေ့က ဧကရီအရှင်မ၏ မေးခွန်း အဓိပ္ပာယ်ကို သဘောပေါက်ပြီး ပြုံးလိုက်သည်။ ထိုလပိုင်းအတွင်း သူက အမှန်အတကယ် မအားခဲ့ပေ။ အက်ဂ်လက်စ်က ဒန်နီရယ်ကို အမှောင်လသို့ စေလွှတ်ပြီး ချန်လွေ့နှင့်အတူ နဂါးစွမ်းအား အမြုတေ အရောင်းအဝယ် ပြုလုပ်ခိုင်းခဲ့သည်။ အလဲအလှယ် ပစ္စည်းများက ဆေးရည်မည်းနှင့် မိစ္ဆာသစ်သီးများ ဖြစ်ကြ၏။ ဒန်နီရယ်က အိုဆိုင်ဒန်နှင့် အဆုံးအဖြတ် တိုက်ပွဲအတွင် ဇိုလာ အနိုင်ယူခဲ့သော နဂါးပြာဖြစ်ပြီး ပါ့ဂ်လီအို၏ အသိအကျွမ်း တစ်ယောက်လည်းဖြစ်ကာ အမှောင်လ၌ နေနေသော နဂါးနက် ဂျူလီယာ၏ ခင်ပွန်းလည်း ဖြစ်ပေသည်။
ချန်လွေ့က မိစ္ဆာသစ်သီးနှင့် ဆေးရည်မည်းများ အများအပြား ထုတ်လုပ်နိုင်ကြောင်း မြင်သည့်အခါ ဒန်နီရယ်က အံ့သြသွားခဲ့သည်။ မစ်-နတ်မိမယ်နဂါးက ချန်လွေ့ဘေးနား၌ သိမ်မွေ့ပြီး နှစ်လိုဖွယ် ဖြစ်နေသောအခါ နဂါးပြာ၏ အံ့အားသင့်မှုမှ ကြည်ညိုလေးစားခြင်း အဖြစ်သို့ ရောက်ရှိသွားသည်။ သူက နဂါးနက်ဧကရာဇ်ရဲ့ သမက်ဖြစ်ဖို့ ထိုက်တန်တယ်။ သူ့ကို အထင်ကြီးစရာလို့ပဲ ပြောလို့ရတော့မယ်။
မစ်-နတ်မိမယ်နဂါးက လက်တလော စိတ်ကောင်းဝင်နေခဲ့သည်။ အက်ဂ်လက်စ် ပေးခဲ့သော နဂါးစွမ်းအား အမြုတေ၏ အကူအညီနှင့်အတူ ဒြပ်စင်တိုင်းပြည် အခြေခံအုတ်မြစ်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သည်။ ကျန်ရှိသည်မှာ ဒြပ်စင်အမျိုးမျိုး၏ မူလ စွမ်းအားကို နားလည်ရန် ဖြစ်သည်။ မူလက မည်သည့် ဒြပ်စင်ဇစ်မြစ်ကိုမဆို နားလည် သဘောပေါက်ရန် အတွက် အချိန်ကြာပြီး အန္တရာယ်များသော်လည်း ယခုတွင် ဒြပ်စင် အရင်းအမြစ် စွမ်းအား လေးခုရှိနေပြီဖြစ်ရာ အံ့အားသင့်စရာ ကောင်းလောက်အောင် အဆင်ပြေ ချောမွေ့နေခဲ့သည်။ ထိုလူက ကျန်ရှိသော အလင်းနှင့်လေအရင်းအမြစ်စွမ်းအားတို့ကို ရယူရန်လည်း အာမခံခဲ့သည်။ ၆မျိုးလုံးကို စုစည်းပြီး ပြီးပြည့်စုံသော [ ဒြပ်စင်၆ခု တိုင်းပြည်] ကို လေ့ကျင့်နိုင်သည်နှင့် တိုင်းပြည်အဆင့် ပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့နိုင်ရန် ခက်ခဲရုံသာမက နတ်ဘုရားတစ်ပိုင်းအဆင့်ကိုပင် တိုက်ခိုက်ရန် စွမ်းအား ရှိလာနိုင်မည် ဖြစ်သည်။
ဒန်နီရယ် ယူလာသော နဂါးစွမ်းအားအမြုတေအပြင် ပင်လယ်သေမှ ကြယ်ပြာရေပြင်းနှင့် တစ္ဆေသန္တာကျောက်တို့ကြောင့် ရှေးအဂ္ဂိရတ် “ကြယ်မြို့တော်” ခံတပ်မှ စစ်တပ်သုံးခုဖြစ်သော သလင်းကျောက်သားရဲ၊ စုစည်းရုပ်သေးနှင့် ဧရာမသလင်းကျောက်သားရဲတို့၏ ထုတ်လုပ်ရေးကို စတင်နိုင်လာခဲ့သည်။ မီးအိမ်ဝိညာဉ် အရေအတွက်လည်း အဆက်မပြတ် တိုးပွားလာ၏။ သို့ရာတွင် ကြယ်မြို့တော်ခံတပ်တွင် ထိန်းချုပ်မှု အကန့်အသတ်တစ်ခု ရှိပြီး မှင်စာဆိုးအစေခံ အရေအတွက် ၂သောင်း၊ သလင်းကျောက်သားရဲ ၁သောင်း၊ မီးအိမ်ဝိညာဉ် ၅ထောင်၊ စုစည်းရုပ်သေး ၁သောင်းနှင့် ဧရာမသလင်းကျောက်သားရဲ ၁ထောင်တို့သာ လက်ခံနိုင်လေသည်။
ဧရာမ သလင်းကျောက်သားရဲက နတ်ဆိုးအရှင်သခင်အဆင့် တည်ရှိမှုနှင့် ယှဉ်နိုင်ငသည်။ ၎င်းတို့ကို အရေအတွက် ၁၀၀ထိ ထုတ်လုပ်နိုင်မည်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းအား တစ်ခုတည်းကပင် နတ်ဆိုးဘုံ၌ အစွမ်းအထက်ဆုံး တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်သည်။
ချန်လွေ့က ထိုအချိန်အတောအတွင်း လျှောက်မသွားနေခဲ့သော်လည်း ကြယ်မြို့တော် ကိစ္စနှင့် အဂ္ဂိရတ်လေ့ကျင့်ရေး၌ ထယ်တင်းနစ်၏ ကြီးကြပ်မှုများကြောင့် အမှန်တကယ် အေးအေးဆေးဆေး မနေနိုင်ခဲ့ပေ။ အရေးကြီးဆုံးကတော့ သလင်းကျောက် မောင်းမဆောင် သဟဇာတဖြစ်ရန်အတွက် ညပိုင်း “စတေး”မှုများ ထပ်ပေါင်းထည့်ရမည် ဖြစ်ပေသည်။
သူ၏လက်ရှိ မောင်းမဆောင် လုပ်ရပ်များကို ယခင်ဘဝမှ အိုတာခုအဝိုင်းထဲသို့ ပစ်လွှတ်လိုက်မည်ဆိုလျှင် လုံးဝ မျက်စိကျစရာ ဖြစ်နေပေလိမ့်မည်။ သူ၏ရုပ်ပုံကို မရေတွက်နိုင်လောက်သော မနာလိုသည့် ယောက်ျားများက အရုပ်ပြုလုပ်ပြီး လက်သည်းများ မြားများနှင့် နေ့တိုင်းညတိုင်း ကျိန်ဆဲပေလိမ့်မည်။ သူက ပြာဖြစ်သွားသည့်တိုင် “မောင်းမဆောင် ရှိရင် သေရမယ်” ဟူသော ကြေကွဲဝမ်းနည်းဖွယ်ရာ စကားများကို ကြားရပါလိမ့်မည်။
“တကယ်ပဲလား။ ဒါဆို မင်းက ခက်ခက်ခဲခဲ အလုပ်ကြိုးစားခဲ့တာပေါ့။” ဧကရီအရှင်မက အရေးအပါဆုံး ကိစ္စကို မျက်လုံး မှိတ်ထားရုံဖြင့်ပင် ခန့်မှန်းမိနိုင်သည်။ ထိုစကားမှ သဝန်တိုမှုက ထင်ရှားနေ၏။
တစ်စုံတစ်ယောက်က အရှက်မရှိ ပြန်ဖြေလိုက်သည်။ “ဧကရီအရှင်မအတွက် အလုပ်လုပ်ရတာ မခက်ခဲပါဘူး။”
ထိုစကားကြောင့် ရှီရာ ဒေါသထွက်သွား၏။ မင်းက ဘယ်သူနဲ့ “အလုပ်ကြိုးစား” နေလဲဆိုတာ ငါ မသိဘူး ထင်နေတလား။ အသီနာ၊ ခီရာနဲ့ ဇိုလာကို ထားလိုက်ဦး။ “အပျိုရံ”ကတောင် ဦးဆောင်နေပြီ။
ဧကရီအရှင်မက ထိုသူအား လွှတ်ထားမိသည့်အတွက် ရုတ်တရက် နောင်တရသွားသည်။ ငါသာ စောစောသိခဲ့ရင် သူ့ကို အမှောင်လ “ပေး”ခဲ့မှာ မဟုတ်ဘူး။ သို့သော်လည်း သူက ထိုကဲ့သို့ သေချာပေါက် မပြောနိုင်ပေ။
ချန်လွေ့က ဧကရီအရှင်မ၏ မကြင်နာသော မျက်နှာကို ကြည့်ပြီး အလျင်အမြန် ပြောလိုက်သည်။ “ကျုပ်က အခု လက်တလော အဓိက ပွဲတော်ကြီး၂ခုကို စီစဉ်နေတယ်။ အရှင်မ နားထောင်ဖို့ စိတ်ဝင်စားလား မသိဘူး။”
ရှီရာ၏ အာရုံစိုက်မှုက သေချာပေါက် လမ်းကြောင်း ပြောင်းသွားခဲ့သည်။ ထိုပွဲတော် ၂ခုအကြောင်း နားထောင်ပြီးနောက် သူက အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ “ကြယ်ကြွေတမန်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးက တခြားအင်ပါယာနှစ်ခုနဲ့ ယှဉ်လို့ရတယ် ဆိုတာ သေချာရဲ့လား။”
“သေချာပါတယ်။” ချန်လွေ့က အလေးအနက် ခေါင်းညိတ်ပြီး ရုတ်တရက် ပြုံးဖြီးဖြီး ပြောလိုက်သည်။ “ဒီလိုမျိုး ထက်မြက်တဲ့ ဝန်းကြီးတစ်ယောက်ကို အရှင်မက ကောင်းကောင်း ဆုမချီးမြှင့်သင့်ဘူးလား။”
ထိုသူ၏အကြည့်က မိမိ၏ ရင်ဘတ်ပေါ်မှ လည်အဟိုက်ပေါ် ရောက်နေကြောင်း မြင်လိုက်သည့်အခါ ရှီရာ၏မျက်နှာက အနည်းငယ် ပူနွေးသွားခဲ့ပြီး အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “မင်းမှာ ပိုကြီးတဲ့ ပွဲတော်တစ်ခု ရှိသေးတယ် မဟုတ်လား။ ငါမင်းကို အဲဒီမှာ အဲလစ် ပေးပါဖို့နဲ့ ဆုချမယ်။ အခုတလော သူက နေ့တိုင်း မင်းကိုရှာဖို့ ငါ့ကို ဂျီကျနေတာ။ သူနဲ့ တစ်ယောက်ယောက်ကြားမှာ သဘောတူညီမှုတစ်ခု ရှိတယ် ဆိုလားပဲ။”
ချန်လွေ့၏အပြုံးက အေးခဲသွားခဲ့သည်။ လိုလီလေးကို နှစ်သိမ့်ရန် အသုံးပြုခဲ့သော ၃နှစ် သဘောတူညီမှုကို ရှီရာ သိသွားလိမ့်မည်စု ချန်လွေ့ မထင်ထားခဲ့ဘဲ သူက စိတ်ထဲ၌ အပြစ်ရှိသလို ခံစားသွားရသည်။
“ဟွန့်....” ဧကရီအရှင်မက မျက်နှာပျက်သွားခဲ့သည်။ “မငြင်းနဲ့တော့။ ဒီတစ်ခေါက် အဲလစ်ကို ကောင်းကောင်း အဖော်ပြုပေးလိုက်။ သေချာမှတ်ထား။ ဘာမှ လျှောက်မတွေးနဲ့။ ပြီးတော့ အဲဒီကိစ္စနှစ်ခုပြီးရင် ငါတို့ လက်ထပ်ပွဲအတွက်လည်း ပြင်ဆင်ထားသင့်တယ်။ အပျိုရံက သေချာပေါက် ရှိရမယ်။ လက်ထပ်ပွဲမှာ သီချင်းတစ်ပုဒ် တီးပြဖို့ မျှော်လင့်ထားတယ်လို့ ပြောလိုက်။ အမ်း....သီချင်းက “လောကအဆုံးသတ်” ဆိုရင်တောင် ကိစ္စမရှိဘူး။ တချို့အရာတွေက အတူတူပဲ မို့လို့လေ။”
ဧကရီအရှင်မ၏ ခရမ်းရောင်မျက်လုံးထဲမှ ပုဆိန်ကဲ့သို့ အလင်းရောင်ကို မြင်လိုက် ရသည့်အခါ ဆာ-ကြင်ရာတော်မင်းသားတစ်ပိုင်းက သိမ့်သိမ့်တုန်သွား၏။
တကယ် ကိစ္စမရှိဘူးတဲ့လား....