မယုံနိုင်စရာ။ သိဒ္ဓိနဂါး
Vol. 45 Ch. 720
ဝမ်းဗိုက်မှ နာကျင်မှုနှင့် ဝိညာဉ်စွမ်းအား အားနည်းသွားခြင်းကြောင့်သာ မဟုတ်လျှင် ခုနက ဖြစ်သွားခဲ့သောအရာမှာ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ရိုဒရီဂူးဇ် ထင်မိပါလိမ့်မည်။ ငါ့ကို တကယ်ထိအောင် သူ ဘယ်လို နည်းလမ်း သုံးခဲ့တာလဲ။
ချန်လွေ့က ရှေ့သို့ ပျံလာပြန်သည်။ ရိုဒရီဂူးဇ်က ထိုလက်ကို ၉၀% အာရုံစိုက်နေခဲ့ပြီး ခုနက ထူးဆန်းသော အနီရောင်သစ်သီး ပေါ်လာလျှင်ပင် အမှားမလုပ်မိစေရန် ဖြစ်သည်။
သို့ရာတွင် ယခုတစ်ခေါက်၌ တစ်ဖက်လူက ထိုအကွက်ကို ထပ်မသုံးခဲ့ပေ။ ဓားက ရေလှိုင်းတွန့်များပုံစံ ရေးဆွဲလိုက်သည်။ ထိုကဲ့သို့ အံ့သြဖွယ်ရာ ဓားစွမ်းရည်ကို ရိုဒရီဂူးဇ် ပထမဆုံး မြင်ဖူးခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက ၎င်းကို မည်သို့ ကိုင်တွယ်ရမည်ကို အဖြေရှာ ပြီးသားဖြစ်၏။ သူ၏ခန္ဓာကိုယ်က အလွန်အမင်း ပျော့ပျောင်းသွားခဲ့ပြီး ရေလှိုင်းတွန့်၏ စွမ်းအားနှင့်အတူ ယိမ်းထိုးနေခဲ့သည်။ သူက အလောတကြီး မခုခံသလို တိုက်လည်း မတိုက်ဘဲ အခွင့်အရေးကို စောင့်နေကော စည်းချက်အတိုင်း လှုပ်ရှားနေခဲ့၏။
ချန်လွေ့၏ ဓားအဟုန်က ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီးနောက် ရေလှိုင်းတွန့်က လှိုင်းထန်သွားခဲ့သည်။ ထိုအရာသည် မူလက လက်သီးထပ်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ အစစ်အမှန် တိုက်ခိုက်ရေး လေ့ကျင့်မှု ပြီးနောက်တွင် ချန်လွေ့က ၎င်းကို ဓားတွင် သုံးနိုင်နေပြီဖြစ်သည်။ ဓားချီစွမ်းအင်အလွှာများက ယခင်ကကဲ့သို့ နူးညံ့သောတီးတိုးမှုများနှင့် လုံးဝ မတူဘဲ ကျယ်လောင်စွာ စုပြုံလာတော့သည်။
ရိုဒရီဂူးဇ်က ချန်လွေ့ တစ်ခုခု ပစ်ထုတ်တော့မည်ကို မြင်သည့်အခါ ရှောင်တိမ်းရန် ပြင်နေခဲ့သည်။ သတိထားနေသော သိဒ္ဓိနဂါးက ချက်ချင်းပင် အရူးထပ်မလုပ်ခံရစေရန်အတွက် အသွင်ပြောင်းခြင်းစွမ်းရည်ကို တားဆီးထားလိုက်၏။
တစ်ဖက်လုံးက အဆို့ဖြုတ်ထားသော သာမန် သေရည်ပုလင်း တစ်လုံးကို လွှင့်ပစ် လိုက်မည်ဟု သိဒ္ဓနဂါး မထင်ထားခဲ့ပေ။ ထိုသေရည်အနံ့များ ပျံ့နှံ့သွားပြီး အဆိပ်မရှိသလို အန္တရာယ်ရှိသော အငွေ့အသက်လည်း ရှိမနေပေ။
ရိုဒရီဂူးဇ်က တုံ့ဆိုင်းနေစဉ် ချန်လွေ့၏ လက်ထဲ၌ ခွက်တစ်ခွက် ရှိနေခဲ့သည်။ သိဒ္ဓိနဂါးက မသိစိတ်ဖြင့် သေရည်ပုလင်းကို လက်နှစ်ဖက်ဖြင့်ဖမ်းလိုက်မိပြီး သေရည်လောင်းထည့်ပေးရန် ခါးကိုင်းကာ ပုံမှန်အတိုင်း မျက်နှာချိုသွေးသော အပြုံးတစ်ခု ရှိနေခဲ့သည်။
ရိုဒရီဂူးဇ်က ခန္ဓာကိုယ်ကို ပြန်လည်မထိန်းချုပ်နိုင်ခင်မှာပင် တစ်ဖက်လူ၏ လက်ထဲမှ ကြယ်ကြွေတမန်ဓား ပျောက်သွားကြောင်း မြင်လိုက်ရသည်။ သူက မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး ဓားထိပ်မှ သူ့နဖူးမှ ထွက်လာသည်။ ကြယ်ကြွေတမန်ဓားက သူ့ခေါင်းနောက်မှ ထိုးဖောက်သွားခြင်း ဖြစ်၏။
ထိုအရာမှာ ကြယ်ကြွေတမန်အင်ပါယာ၏ အထူးစွမ်းရည်ဖြစ်သော [ ဓားထိန်းချုပ်ခြင်း ] ပင်။ ၎င်းက ထိခိုက်မှုကို နှစ်ဆတိုးစေနိုင်ပြီး ဓားကို အကွာအဝေးတစ်ခုအတွင်း ထိန်းချုပ်ကာ အမျိုးမျိုး တိုက်ခိုက်၍ ရနိုင်သည်။
ချန်လွေ့၏ပုံရိပ်က ချက်ချင်းပင် သိဒ္ဓိနဂါးနောက်၌ ပေါ်ထွက်လာသည်။ သူက ဓားကို ဆွဲထုတ်လိုက်ပြီး အလျင်အမြန် ခုတ်ပိုင်းကာ ရိုဒရီဂူးဇ်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ဖြစ်သွားစေသည်။ အခြားသူတစ်ယောက်သာဆိုလျှင် သေချာပေါက် သေသွားလောက်လေပြီ။ သို့ရာတွင် ရိုဒရီဂူးဇ်က မသေနိုင်သော ခန္ဓာကိုယ် ရှိသည့်အတွက် ထိုတိုက်ခိုက်မှုက သူ့ကို မသေစေနိုင်ခဲ့ပေ။ ပြတ်သွားသောနှစ်ပိုင်းက မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်ဆက်သွား၏။
ခန္ဓာကိုယ် ပြန်ဆက်သွားသော်လည်း ကြယ်ကြွေတမန်ဓား၏ ဝိညာဉ်ဖြတ်တောက် စွမ်းရည်ကိုတော့် မရှောင်လွှဲနိုင်ပေ။ သိဒ္ဓိနဂါးဝိညာဉ်အတွက် ထိုအရာက အတော်လေး သေစေနိုင်သည့် ဒဏ်ရာတစ်ခု ဖြစ်သည်။ ရိုဒရီဂူးဇ်က နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ သူ သဘောပေါက်သွားလေပြီ။ စောက်သေရည်ပုလင်းစုတ်။ စောက်ကျင့်စုတ်။ စောက်ချွဲကျိကောင်။
ဒိုဒို၏ခန္ဓာကိုယ်က မသေနိုင်သော ခန္ဓာကိုယ် ဖြစ်သော်လည်း ပြန်လည်မွေးဖွားခြင်းမှာ အဆုံးမဲ့ မဟုတ်ပေ။ အားအင်ကုန်ခမ်းသွားသည်နှင့် ပြန်လည် မရှင်နိုင်တော့ဘဲ အမှန်တကယ် သေဆုံးသွားရမည် ဖြစ်သည်။ အဓိကအားဖြင့် ကြယ်ကြွေတမန်ဓားကလည်း ဝိညာဉ်များ၏ ဝိပါက် ဖြစ်နေ၏။ ရိုဒရီဂူးဇ်၏ ဝိညာဉ်စွမ်းအား အားနည်းလာသည်နှင့်မျှ [ အလင်းအမှောင် တိုင်းပြည် ] စွမ်းအားကလည်း အားနည်းလာသည်။ ဒြပ်စင်ဘုရင်နှစ်ပါး၏ အကူအညီနှင့်အတူ အက်ဂ်လက်စ်က တဖြည်းဖြည်းနှင့် ပြင်းထန်သော ဖိအားကို ခုခံနေခဲ့သည်။ ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ရှာတွေ့သွားသည်နှင့် ရိုဒရီဂူးဇ် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
ရိုဒရီဂူးဇ် သတိလက်လွတ်ဖြစ်နေစဉ် ချန်လွေ့က အကွာအဝေးကို အခွင့်ကောင်းယူပြီး ဆက်တိုက် အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။ ရိုဒရီဂူးဇ်၏ ပုံရိပ်က ရုတ်တရက် တုန်လှုပ်သွားပြီး သူ၏မျက်လုံးထဲမှ ရွှေငွေအလင်းရောင်က တဖြည်းဖြည်း မှိန်ကျသွားပြီး လှုပ်ရှားမှုများကလည်း ရပ်တန့်သွားခဲ့သည်။
“သခင်....”
ဒါက ဒိုဒိုရဲ့အသံပဲ။ ချန်လွေ့ အံ့အားသင့်သွားသည်။ “ဒိုဒို။ မင်း ဘယ်လိုနေလဲ။”
ခုနက အဆက်မပြတ် ဒဏ်ရာရစေခဲ့သည့်အတွက် ထိုတိုက်ပွဲက သိဒ္ဓိနဂါး၏ ဝိညာဉ်ကို ထိခိုက်သွားစေခဲ့ပုံရသည်။ ထို့ကြောင့် အိပ်ပျော်နေခဲ့သော ဒိုဒို၏ဝိညာဉ်က နောက်ဆုံးတွင် ပြန်လည်နိုးထလာခဲ့လေသည်။
“တော်တော်ကြီး နာနေတယ်။” ရိုဒရီဂူးဇ်က ပြုံးဖြီးဖြီးနှင့် ပြောလိုက်ပြီး မျက်လုံးထဲ၌ ရွှေငွေအလင်းရောင် လက်ခနဲ လက်သွားပြန်ကာ ချန်လွေ့ကို လက်သည်းများနှင့် အရူးအမူး တိုက်ခိုက်လိုက်၏။
“ချွမ်း...ချွမ်း..ချွမ်း...” ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ချန်လွေ့၏လက်ထဲ၌ နတ်ဆိုးဒိုင်းကာ လုံးဝ ခုခံပေးလိုက်သည်။ နတ်ဆိုးဒိုင်း၏ ခုခံမှုစွမ်းအားက အလွန် ထူးခြားလှသည်။ နဂါးလက်သည်းနှင့် ထက်မြက်သော ချီစွမ်းအင်က ၎င်းကို မဖောက်ထွင်းနိုင်ပေ။ ထိုစဉ် ဒိုင်းကာနောက်မှ သေရည်ရနံ့က ရိုဒရီဂူးဇ်၏ မျက်လုံးများက အဆက်မပြတ် ထူးထူးဆန်းဆန်း ပြောင်းလဲသွားစေ၏။
“မွှေးလိုက်တာ။” ဒိုဒို၏အသံ ထွက်လာပြန်ပြီး သူ့နှာခေါင်းက ရုတ်တရက် ၁၀ စင်တီမီတာ ပိုရှည်သွားကာ သေရည်အနံ့ကို လေဘာတကြီး နမ်းရှိုက်နေခဲ့သည်။ သူ့မျက်နှာက ရုတ်တရက် ခါးသက်သွားပြန်သည်။ “သခင်။ ဒိုဒိုရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ပစ္စည်းနှစ်ခု ရှိနေတယ်။ တော်တော်လေး မသက်မသာနဲ့ .....”
ဒိုဒို၏အသံ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ရိုဒရီဂူးဇ်၏ ဒေါသတကြီး အော်သံအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ရိုဒရီဂူးဇ်က ဒိုဒိုကို လုံးဝ မဖိနှိပ်နိုင်သေးမှာ သေချာသည်။ ချန်လွေ့က အခွင့်အရေးကို အသုံးချပြီး တိုက်ခိုက်လိုက်ရာ ကြယ်ကြွေတမန်ဓားကို သူ့ကို မပြတ်မပြတ် ထိနေခဲ့သည်။
သို့ရာတွင် ဒိုဒို နိုးထပြီးနောက် သူ့ဝိညာဉ်က ထိခိုက်မှု မပြီးတော့ပေ။ သူ၏ အော်သံများ တစ်ချိန်တည်းမှာပင် ထွက်လာခဲ့သည်။ “နာတယ်။ မလုပ်ပါနဲ့။ ဒိုဒိုကို မသတ်ပါနဲ့။ သခင်...”
ထိုအော်သံကြောင့် ချန်လွေ့က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ဆက်မတိုက်နိုင်တော့ပေ။ ဒိုဒိုနှင့် ရိုဒရီဂူးဇ်တို့၏ ဝိညာဉ်များက တလှည့်စီ ပေါ်လာနေပြီး အပြင်းအထန် တိုက်ခိုက် နေကြဟန်တူသည်။
ဟီဂယ် ပြောသည့်အတိုင်းအဆိုလျှင် ဒိုဒို၏ ဝိညာဉ်က သန္ဓေပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့ပြီး ရိုဒရီဂူးဇ်အား ချုပ်နှောင်နိုင်ခဲ့သည်။ နှစ်ဖက်လုံးက လက်ရည်ညီနေသည့်အတွက် ဒိုဒိုက ယနေ့အထိ အသက်ရှင်နိုင်ခဲ့သည်။ သို့သော်လည်း ချွဲကျိကောင်က သဘာဝအရ အားနည်းပြီး ကြောက်တတ်သည်မှာတော့ ဝမ်းနည်းစရာပင်။ ၎င်း၏ ဝိညာဉ်စွမ်းအားက ရိုဒရီဂူးဇ်ကို ယှဉ်နိုင်သည့်တိုင် သူ့စိတ်စွမ်းအားက အလွန်နိမ့်ကျလှ၏။ သိဒ္ဓိနဂါးက ထိုအပိုင်း၌ လုံးဝ အရေးသာနေလေသည်။
ချန်လလွ့က မတိုက်ခိုက်ပေ။ သူက ဒိုဒို၏ အားနည်းချက်ကို ကောင်းကောင်း သိသည့်အတွက် အော်ပြောလိုက်၏။ “ဒိုဒို။ အားမလျှော့နဲ့။ မင်း ခန္ဓာကိုယ်ထဲကနေ ဇစ်မြစ် အပိုင်းအစနှစ်ခုကို ရယူနိုင်မယ်ဆိုရင် လွတ်လပ်မှု ပြန်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် အတူတူ အိမ်ပြန်ကြတာပေါ့။”
ရိုဒရီဂူးဇ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးက ထူးဆန်းစွာပင် စတင်၍ တွန့်လာခဲ့သည်။ သူက လူသားအသွင်ကို မထိန်းထားနိုင်တော့ပုံရသည်။ နဂါးချပ်ကာက မြေပေါ်သို့ ပြန့်ကျဲကျသွားတော့သည်။
“ဒိုဒို အိမ်ပြန်ချင်တယ်။ အရသာရှိတာတွေ ဒိုဒို စားချင်တယ်။”
အသံက အားကောင်းမှု စွဲလမ်းမှုတစ်ခု ပါဝင်နေခဲ့သည်။ ချန်လွေ့၏ မျက်လုံးထဲ၌ အဆက်မပြတ် လုံးထွေးနေသော ပစ္စည်းက တစ်ခါတစ်ရံ လူသားပုံစံ ဖြစ်သွားပြီး တစ်ခါတစ်ရံ၌ အလွန်ကြီးမားသော နဂါးခန္ဓာကိုယ် ဖြစ်သွားကာ တစ်ခါတစ်ခါ ကြက်သွန်နီပုံစံ ဖြစ်နေသည်။ ပိုင်နက်တိုင်းပြည်တစ်ခုလုံး၏ စွမ်းအားကလည်း စတင်၍ ဖရိုဖရဲ ဖြစ်လာသည်။ အက်ဂ်လက်စ်နှင့် အခြားသူများအားလုံးက ဝါရင့်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ချက်ချင်းပင် စွမ်အားတိုးမြှင့်ပြီး ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲလာကြသည်။ [ အလင်းအမှောင် တိုင်းပြည် ] က နည်းနည်းချင်း ဖိနှိပ်ခံရလာပြီး ကောင်းကင်မှ လမင်းက အက်ကွဲကောင်းတစ်ခု စတင်ထွက်ပေါ်လာ၏။
သို့သော်လည်း ချွဲကျိကောင်က ထိုမျှသာ ဖြစ်သည်။ အားနည်းသူတစ်ယောက်က အားပေးစကား အနည်းငယ်ဖြင့် စွမ်းအားမကြီးလာနိုင်ပေ။ အထူးသဖြင့် ပြိုင်ဘက်က နှစ်ပေါင်း သိန်းနှင့်ချီ တိုက်ခိုက်ရေးအတွေ့အကြုံရှိသော သိဒ္ဓိနဂါးဖြစ်နေလေသည်။ စွဲလမ်းမှု ပြီးသွားပြီးနောက် သူက အားနည်းသထက် အားနည်းလာခဲ့သည်။ ချွဲကျိကောင်က အရေးနိမ့်လာပြန်သည်။
“သခင်၊ ဒိုဒိုက....အား..... မရတော့ဘူး။”
“သခင်...ဒိုဒို မခံနိုင်တော့ဘူး။”
“ဆရာသခင် ဒိုဒို သေတော့မယ်။”
“ကယ်ကြပါဦး။”
ချန်လွေ့က ဒိုဒိုကို အတော်လေး ကူညီပေးချင်သော်လည်း မဝင်စွက်ဖက်နိုင်ပေ။ သူ၏ စိတ်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်ထွက်လာပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။
ကြယ်ချီးမြှင့်စင်မြင့်။
ကြယ်ချီးမြှင့်စင်မြင့်၏ တာဝန်က ကြယ်ရာထူးများ ခန့်အပ်ပေးခြင်း ဖြစ်သည်။ ကြယ်ရာထူး ဂုဏ်ပုဒ်ကို ရရှိသောသူများက အထူးဂုဏ်သတ္တိနှင့် ဝိသေသလက္ခဏာများ ရှိလာပေမည်။ ဂုဏ်သတ္တိစွမ်းအားများနှင့် ကြယ်ရာထူး ခွဲဝေမှုကတော့ ဓူဝံကြယ်ဧကရာဇ်၏ ဓူဝံကြယ်အဆင့်နှင့် သက်ဆိုင်နေပေသည်။ လက်ရှိ ဓူဝံကြယ်ပြာအဆင့်၌ ချီးမြှင့်၍ရသော ကြယ်အမျိုးစား သုံးခု ရှိသည်။ ၎င်းတို့မှာ ကြယ်ဗိုလ်ချုပ်၊ ကြယ်အစေခံနှင့် ကြယ်တပည့်တို့ ဖြစ်ကြသည်။ ထိုသို့ဆိုရာတွင် ကြယ်ဂုဏ်ပုဒ်ရရှိသူက သက်ဆိုင်ရာ ဂုဏ်သတ္တိ တိုးမြှင့်မှုကို တစ်ခါတည်း ရရှိနိုင်ပြီး လိုအပ်ချက်ကတော့ စိတ်ဝိညာဉ်ကွင်းသို့ သို့မဟုတ် ယုံကြည်မှု အဆင့်မှီသော ယုံကြည်သူတစ်ယောက် ဖြစ်ရမည် ဖြစ်သည်။
အားလုံးထဲတွင် ကြယ်အစေခံ၏ ကြယ်တိုးမြှင့်က [ အာရုံစူးစိုက်ခြင်း ] အစွမ်းရှိသော A+အဆင့် စိတ်ဝိညာဉ်စွမ်းအားဖြစ်ပြီး မှော်အသုံးပြုချိန်နှင့် စိတ်ဝိညာဉ်စွမ်းအား ပြန်ပြည့်မှုကို မြန်စေနိုင်သည်။ S-အဆင့် အပင်ဖြစ်သော နှင်းဒဲလက်ပန်းနှင့် ပေါင်းလိုက်လျှင် သူက ကြယ်အဆင့် လိုအပ်ချက်ကို ၃၀% လျှော့ချနိုင်ပြီး သက်ရောက်မှုကို ၃၀% တိုးမြင့်စေမည် ဖြစ်သည်။
ချန်လွေ့က ချက်ချင်းပင် စူပါစနစ်၏ ကြယ်ချီးမြှင့်မျှော်စင်သို့ ဝင်သွားပြီး စိတ်ထဲ၌ ကြယ်ချီးမြှင့်ခြင်းကို စတင်လိုက်သည်။ စနစ်က သတိပေးချက် ပေါ်ထွက်လာ၏။
ကြယ်ချီးမြှင့်ပြီးလျှင် တစ်နေ့ ယုံကြည်မှုသလင်းကျောက် တစ်ခု ကုန်ဆုံးမည်။ မူလ ကြယ်ချီးမြှင့်ခြင်းကို ပယ်ဖျက်ရန် အချိန်၃ရက် လိုအပ်ပြီး တစ်လကြာပြီးမှသာ နောက်ထပ် တစ်ယောက်ကို ချီးမြှင့်နိုင်မည်။
ကျွန်-သခင် ကွင်းဆက်ထဲမှာရှိတဲ့ ဒိုဒိုကို ကြယ်အစေခံ ရာထူး ချီးမြှင့်ရန်အတွက် ယုံကြည်မှု သလင်းကျောက် ၁၅၀၀ အသုံးပြုချင်ပါသလား။
ချန်လွေ့က ချက်ချင်းပင် အတည်ပြုလိုက်ပြီးနောက် စိတ်ထဲ၌ ထူးဆန်းသော ချိတ်ဆက်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားက တစ်နည်းနည်းဖြင့် အားကောင်းလာပုံ ရသည်။ စိတ်ဝိညာဉ်ကွင်းဆက်ထဲ၌ ဒိုဒို၏နာမည်တွင် ရုတ်တရက် ကြယ်အစေခံဟူသော အပြာရောင်ဂုဏ်ပုဒ်တစ်ခု ရှိလာခဲ့သည်။
မှတ်ချက်။ ။ စိတ်ဝိညာဉ်တိုးမြှင့်မှု A+ ၊ [အာရုံစူးစိုက်ခြင်း] ဂုဏ်သတ္တိ။ တိုးမြှင့်မှု ၃၀% ရရှိနိုင်။ တစ်ရက်လျှင် ယုံကြည်မှုသလင်းကျောက် ၁တုံးကုန်ကျ။
စိတ်ဝိညာဉ်စွမ်းအား A+ အဆင့်က S++ နှင့်ယှဉ်လျှင် ဘာမှ မဟုတ်သော်လည်း နှစ်ဖက်လုံး၏ စွမ်းအားများ အလွန်အမင်း ညီမျှနေသည့်အခါ ထိုအရာ ကုလားအုတ်ခါကိုး ကျိုးစေနိုင်သော နောက်ဆုံးကောက်ရိုးမျှင် ဖြစ်လာနိုင်၏။ အသေအချာပင် နှစ်ဖက်လုံးက စမှတ် အတူတူသို့ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် [ အလင်းအမှောင်တိုင်းပြည် ]၏ အားနည်းခြင်းကလည်း သူ့ကို ဆွဲချနေခဲ့သည်။ နောက်ဆုံး၌ ရိုဒရီဂူးဇ်က ထိန်းမထားနိုင်တော့ဘဲ မျက်လုံးထဲမှ အလင်းရောင်များ မှိန်ကျသွားလာသည်။
ချန်လွေ့က အခွင့်အရေးကို အသုံးချလိုက်သည်။ “ဒိုဒို။ မင်း ဇစ်မြစ်အပိုင်းအစ နှစ်ခုကို ထုတ်ပေးနိုင်ရင် ငါမင်းကို အထူးရနံ့မွှေး ပြောင်းဆန် သေရည် ပုလင်း၂၀၊ အသားကင် ကတ္တီ၂၀၊ ခရင်မ်ကိတ်မုန့် ဘူး၂၀၊ ပြီးတော့ ဂျယ်လီပူတင်း ဘူး၂၀ ပေးမယ်။”
ထိုအရာများက ချွဲကျိကောင် အကြိုက်များပင် ဖြစ်သည်။ စားစရာတစ်ခု ပြောသည့် အချိန်တိုင်း အဆက်မပြတ် ပြောင်းလဲနေသော ခန္ဓာကိုယ်က တုန်လှုပ်သွားရသည်။ ထို့နောက် ခန္ဓာကိုယ်က အသည်းအသန်ကို လက်တံကဲ့သို့ အရာတစ်ခု ထွက်လာပြီး လက်တစ်ဖက်အဖြစ် အသွင်ပြောင်းလိုက်ကာ တုန်ယင်စွာင် လက်သုံးချောင်း ထောင်ပြလိုက်၏။
တစ်ခုကို အခု ၃၀စီလား။
ချန်လွေ့က နဖူးမှ ချွေးများကို သုတ်လိုက်သည်။ “သဘောတူတယ်။”
ချန်လွေ့ သဘောတူလိုက်သည်နှင့် ချွဲကျိကောင်ခန္ဓာကိုယ်က ချက်ချင်းပင် အပြင်းအထန် တွန့်လိမ်သွားခဲ့သည်။ ရိုဒရီဂူးဇ်၏ ဒေါတသကြီး ဟိန်းသံနှင့်အတူ ကောင်းကင်မှ လထဲမှ အက်ကြောင်းများ တဖြည်းဖြည်း ပျံ့နှံ့လာပြီး နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားသည်။ ထိုအရာက အနက်ရောင် အလင်းတစ်ခုအဖြစ်ပြောင်းလဲကာ မြေပေါ်သို့ ပြုတ်ကျလာပြီး လူသားအသွင် ဖြစ်သွားသည်။ ထိုသူက အမှောင်ဒြပ်စင်ဘုရင် ဟီဂယ် ဖြစ်၏။
ဟီဂယ်၏ အငွေ့အသက်က အလွန်အမင်း အားနည်းနေသော်လည်း မျက်လုံးများက တက်ကြွနေခဲ့သည်။ သူက ရိုဒရီဂူးဇ်၏ ထိန်းချုပ်မှုမှ အသေအချာ လွတ်မြောက်သွားပြီ ဖြစ်သည်။ အမှောင်ဒြပ်စင်ဘုရင်က အနားမယူသလို အားလည်းပြန်မဖြည့်ဘဲ အနက်ရောင် တိမ်တိုက် တစ်ခုအဖြစ် ပြောင်းလဲကာ လန်ဘို့စ်နှင့် မိုးရီတို့၏ အလင်းရောင်ခြည်နှစ်ခုကို ထောက်ပံ့ပေး လိုက်သည်။
ရိုဒရီဂူးဇ်၏ ဒေါသတကြီးဟိန်းသံက သနားစရာ အော်သံအဖြစ် ပြောင်းလဲသွားကာ [ အလင်းအမှောင်တိုင်းပြည် ] စတင်၍ ပျက်ယွင်းကာ တလက်လက် ဖြစ်လာခဲ့သည်။ အက်ဂ်လက်စ် အော်ဟစ်လိုက်သောအခါ ဒြပ်စင်ဘုရင်သုံးပါးက တပြိုင်နက်တည်း စွမ်းအား ထုတ်လိုက်ကြရာ [ အလင်းအမှောင်တိုင်းပြည် ] က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
ဒိုဒို၏ မျက်လုံးထဲရှိ ရွှေငွေအလင်းရောင်လည်း လုံးဝ မှိန်ကျသွားခဲ့ပြီး သူက ကြက်သွန်နီပုံစံ ပြန်ပြောင်းသွားသည်။ သူ၏ လက်တစ်ဖက်စီက တောက်ပနေသော အရာဝတ္ထုနှစ်ခုကို ကိုင်ထား၏။ တစ်ခုက အဖြူရောင်၊ တစ်ခု အနက်ရောင် ဖြစ်သည်။
ဒိုဒို၏ ခန္ဓာကိုယ်မှ သလင်းကျောက် မြူနှင်းတစ်ခု ထွက်လာသည်။ ထိုအရာက ရိုဒရီဂူးဇ်၏ လက်ကျန်ဝိညာဉ်ပင်။
ယခုတွင် [ အလင်းအမှောင်တိုင်းပြည် ] ပြိုလဲသွားပြီး ဇစ်မြစ်အပိုင်းအစ အလုခံလိုက်ရပြီ ဖြစ်သည့်အတွက် ထိုလက်ကျန်ဝိညာဉ်က ပြိုလဲတော့မည် ဖြစ်ပေသည်။
“မယုံနိုင်ဘူး။ ငါ တကယ်ကြီး ကတ္တီ၂၀ကို ရှုံးခဲ့....”
သူ စကားပြော မပြီးသေးခင်မှာပင် မြူက တဖြည်းဖြည်း ခဲသွားပြီး ကြည်လင်သော ပုတီးတစ်လုံးအဖြစ် ပြောင်းလဲကာ မြေပေါ် ပြုတ်ကျသွား၏။ သူက အသက်ဓာတ် လုံးဝ ဆုံးရှုံးသွားလေပြီ။ လူသားလောကကို တုန်လှုပ်စေခဲ့သော နတ်ဘုရားယောင်အဆင့် သိဒ္ဓိနဂါးက လုံးဝ လက်မခံနိုင်စွာဖြင့် နောက်ဆုံးတွင် ချေမှုန်းခံလိုက်ရတော့သည်။
“ကတ္တီ၃၀ပါ....” ဆရာသခင်ဒိုဒိုက မောဟိုက်နေရင်း ဒြပ်စင်ဇစ်မြစ်အပိုင်းအစ နှစ်ခုကို အတင်းအကြပ် ဆုပ်ကိုင်ထားကာ သိဒ္ဓိနဂါး၏ နောက်ဆုံးသော အမှားကို အမှန်ပြင်လိုက်၏။