← Chapters

ဘာမှန်းမသိသော လျို့ဝှက်ချက်

Vol. 45 Ch. 721

ဘာမှန်းမသိသော လျို့ဝှက်ချက်

Vol. 45 Ch. 721

လှိုင်းများ လူးလှိမ့်နေသော ပင်လယ်နက်ထဲ၌ အလွန်ကြီးမားသော ပုံရိပ်တစ်ခုက ဟိန်းဟောက်နေသည့်အတွက် ထိုနယ်မြေသို့ မည်သည့် ပင်လယ်သတ္တဝါကမှ အနားမကပ် ရဲကြပေ။ အနီရင့်ရောင် လက်တံများက ပင်လယ်ကို ရိုက်ခတ်နေပြီး လှိုင်းလုံးများက ကောင်းကင်အထိ လွင့်စင်သွားခဲ့သည်။ ကြည့်ရှူနေကြသူများရှိနေလျှင် ထိုဟိန်းသံက ပျော်ရွှင်မှုနှင့် လွတ်လပ်မှုများ ပြည့်နှက်နေကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။

လျို့ဝှက်မြူဖုံးကျွန်းပေါ်၌ အယ်ဒီလိုင်းက အနည်းငယ် ကြက်သေသေသွားပြီး သူ၏ မှေးမှိန်သော မျက်လုံးထဲ၌ အရည်လဲ့လာပြီး ပါးပြင်ပေါ်သို့ စိးကျလာခဲ့သည်။ ဘေးဖက်မှ ဟယ်လင်က ထိတ်လန့်သွား၏။

“အယ်ဒီလိုင်း။ ဘာဖြစ်တာလဲ။ ”

“မျှော်လင့်ချက်လေ....” နာဂါမိန်းကလေးက မျက်ရည်များ ကျနေရင်း ရွှင်ပျသော အပြုံးတစ်ခု ပြသလိုက်သည်။ “ငါ အဲဒါကို နှလုံးသားထဲ၌ မျက်လုံးနဲ့ တကယ် မြင်ခဲ့ရပြီ။”

သိဒ္ဓိနဂါး သလင်းကျောက်ပုတီးအဖြစ် ပြောင်းလဲသွားသည်နှင့် ပင်လယ်နယ်မြေသာမက အမုန်းတရား နယ်မြေတစ်ခုလုံးသည်ပင် ပြောင်းလဲသွားခဲ့သည်။ ကျက်သရေမျှော်စင်က ရောင်ခြည်က အလွန်ပင် တောက်ပလွန်းလှ၏။ ထိုရောင်ခြည် အဝန်းအဝိုင်းအတွင်း ခဲနေကြသော ရွှေရောင် ငွေရောင် “ရုပ်ထုများ”၏ အပေါ်ယံက အလျင်အမြန် အရည်ပျော်ကျလာပြီး အသက်ဓာတ် ပြန်လည် ရရှိလာခဲ့သည်။

အငြိုးကြီးဝိညာဉ်များက သူတို့ဝိညာဉ်ကို ဖိနှိပ်နေသည့် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အရာ မရှိတော့ကြောင်း ခံစားလိုက်ရသည်။ ထိုစဉ် နိုးလာကြသော စထရီနာနှင့် ဒြပ်စင်ကောင်များက အရောင်‌တောက်နေသော “ဖျက်ဆီးခြင်းမျှော်စင်”ကို တအံ့တသြနှင့် ကြည့်လိုက်ကြသည်။

ကျက်သရေမျှော်စင်ထဲ၌ ပင်ပန်းနေသော ချွဲကျိကောင်က သခင်ဖြစ်သူပေးထားသော “ပစ္စည်းကောင်း” အခု၃၀စီပါသည့် နေရာလွတ်လက်စွပ်ကိုင်ထားပြီး ကျေနပ်စွာဖြင့် ဟောက်နေလေသည်။ ချန်လွေ့က သိဒ္ဓိနဂါးမသေခင် လက်မခံနိုင်မှုကို နားလည်သည့်အတွက် နဖူးမှ ချွေးများကို သုတ်လိုက်ရသည်။ နတ်ဘုရားယောင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်က တမန်တော်များနှင့် နဂါးဧကရာဇ်ဟောင်းတို့၏ လက်ထဲ၌ ကျရှုံးမသွားခဲ့ဘဲ အစားပုပ် တစ်ကောင်ကြောင့် ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။

“နတ်ဘုရားယောင်အဆင့် နဂါးစွမ်းအား အမြုတေ....”

အက်ဂ်လက်စ်က လမ်းလျှောက်လာပြီး ချန်လွေ့လက်ထဲမှ သလင်းကျောက် ပုတီးစေ့များကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုကသ်ည်။ ဧရာမနဂါးတိုင်း၏ ဝိညာဉ်က ဝိညာဉ် ချေမှုန်းခံလိုက်ရသည့်အချိန်တွင် နဂါးစွမ်းအား အမြုတေအဖြစ် ပြောင်းလဲသွားသည် မဟုတ်ပေ။ ချန်လွေ့၏ လက်ထဲမှ နဂါးစွမ်းအားအမြုတေက လုံးဝသန့်စင်ရုံသာမက နတ်ဘုရားယောင်၏ အလွန်ကြီးမားသော စွမ်းအားလည်း ပါဝင်ပေသည်။

“ဒီနဂါးစွမ်းအားအမြုတေရဲ့ စွမ်းအားက အတော်လေး အင်အားကြီးလွန်းတယ်။ ဒါနဲ့ဆို၇င် မင်းရဲ့ ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲတိုက်ကို လုံးဝ ပြန်ပြင်နိုင်လောက်တယ်။” အက်ဂ်လက်စ်က အနည်းငယ် စဉ်းစားနေလိုက်သည်။ “ဒါပေမဲ့ ငါ ယူလို့ရမလား။”

“ရတာပေါ့။” ချန်လွေ့က တုံ့ဆိုင်းမနေဘဲ အက်ဂ်လက်စ်ထံသို့ နဂါးစွမ်းအားအမြုတေကို ကမ်းပေးလိုက်သည်။ [ အလင်းအမှောင်တိုင်းပြည် ] ထဲ၌ ယောက္ခမဖြစ်သူက မတိုက်ခိုက်နေခဲ့လျှင် ဒြပ်စင်ဘုရင်သုံးပါး ပူးပေါင်းတိုက်ခိုက်သည့်တိုင် သန္ဓေပြောင်း ရိုဒရီဂူးဇ်ကို အနိုင်ရရှိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုဒိုင်းဆုအား ယောက္ခမကြီးဖြစ်သူထံ ပေးလိုက်ခြင်းက အကြောင်းအကျိုး သင့်တော်ပေသည်။

“မင်း တကယ်ပဲ ဒီနဂါးစွမ်းအားအမြုတေထဲမှာ ပါတဲ့ အစွမ်းကို သတိမထားမိဘူးလား။ ဒါက မင်းကို တိုင်းပြည်အဆင့်အထိ တစ်ခါတည်း ရောက်သွားစေနိုင်တယ်လို့ ပြောရင်ကော... မင်းငါ့ကို ဒီလောက်မြန်မြန် ပေးလိုက်ဦးမှာလား။” အက်ဂ်လက်စ်က ချက်ချင်း ဆက်မပြောဘဲ ချန်လွေ့ကို စိုက်ကြည့်နေလိုက်သည်။

“အခုမှ နောင်တရဖို့ နောက်ကျသွားပြီ ထင်ပါတယ်။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဆာ-အက်ဂ်လက်စ်ရဲ့ စွမ်းအားနဲ့ဆို ကျုပ်လက်ထဲက ယူချင်တယ်ဆိုရင် ကျုပ်မှာ ခုခံနိုင်စရာ မရှိဘူး။ ဒါကို ကျုပ်အတွက် စမ်းသပ်ချက်လို့ပဲ မှတ်ယူလို့ရမလား။”

“မင်း အောင်သွားတယ်လို့ပဲ ယူဆလိုက်မယ်။” ယောက္ခမကြီးက နှာမှုတ်လိုက်သော်လည်း သူက ကျေနပ်သည်ထက် ပိုနေခဲ့သည်။ ဆာ-နဂါးနက်ဧကရာဇ်က သေသေချာချာ မြင်ခဲ့ရလေသည်။ နဂါးစွမ်းအားအမြုတေက ချန်လွေ့ကို တိုင်းပြည်အဆင့်သို့ တစ်ခါတည်း ရောက်စေနိုင်ကြောင်း ပြောခဲ့သည့်အချိန်၌ ချန်လွေ့က လက်ပင် မလှုပ်ခဲ့ပေ။ သူ၏ ခံစားချက်များကလည်း မလှုပ်ရှားခဲ့ပေ။ ထိုအရာက အမှန်တကယ် စိတ်ရင်းနှင့် ဖြစ်၏။

“ဒီနဂါးစွမ်းအားအမြုတေက အတိတ်မှာ ငါ့ရဲ့ဝိညာဉ် ထိခိုက်သွားခဲ့တာ အတွက် ပြန်ကုသလို့ ရနိုင်တယ်။ ပြီးတော့ နတ်ဘုရားယောင်အဆင့်ကို အဆင့်တက်ဖို့ အောင်မြင်နှုန်းလည်း အတော်လေး တိုးလာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ မင်းကို အိုလီဖီးရက်စ် လွှဲပေးလိုက်ရမှာပဲ။ မင်းငါ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့။”

“နားလည်ပါပြီ။” ချန်လွေ့က ခေါင်းကုတ်လိုက်သည်။ “တကယ်တော့ ကျုပ်မှာ ကိုယ်ပိုင် စွမ်းအားလေ့ကျင့်တဲ့ နည်းလမ်း ရှိတယ်။ နဂါးစွမ်းအားအမြုတေက ကျုပ်အတွက် ဘာမှ ထူးထူးခြားခြား တန်ဖိုး မရှိဘူး။ အဂ္ဂိရတ်အဖွဲ့အစည်း ရဲတိုက်အတွက်ကတော့ နဂါးကျွန်းနဲ့ နောင်လာမယ့် အရောင်းအဝယ်ကိုပဲ စောင့်နေပါ့မယ်။”

စူပါစနစ်၏ အဆင့်တက်မှုက သာမန်လေ့ကျင့်သူများနှင့် ကွဲပြားပြီး “အရေအတွက်” စုဆောင်းမှု တစ်ခုတည်းကပင် ဓူဝံကြယ်ပြာအဆင့်မှ တက်လှမ်းရန် အမှန်တကယ် မဖြစ်နိုင်ပေ။ ထို့ကြောင့် ချန်လွေ့က အမှန်အတိုင်းသာ ပြောနေခြင်း ဖြစ်သည်။ သို့သော်လည်း ယောက္ခမကြီးက ထိုအကြောင်း မသိခဲ့ပေ။ လူသားသမက်အပေါ် သူ၏အမြင်ကောင်းက နှစ်ဆ တိုးသွားခဲ့၏။ သူက ခေါင်းညိတ်ပြီး နဂါးစွမ်းအား အမြုတေကို ယူလိုက်သည်။

အက်ဂ်လက်စ်က မျက်လုံးကိုမှိတ်ပြီး နည်းလမ်းအချို့ အသုံးပြုကာ နဂါးစွမ်းအား အမြုတေကို အရည်အဖြစ် ပြောင်းလိုက်ပြီး သူ့လက်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။ ကျက်သရေ မျှော်စင်ထဲရှိ ရောင်ခြည်က စတင်၍ တဖြည်းဖြည်း ပြောင်းလဲလာသည်။

ချန်လွေ့က အက်ဂ်လက်စ်ကို မနှောင့်ယှက်ခဲ့ပေ။ သူက စွမ်းအားအတော်များများ ဆုံးရှုံးသွားသော ဒြပ်စင်ဘုရင်သုံးပါးထံသို့ လမ်းလျှောက်လာသည်။ အထူးသဖြင့် အမှောင် ဒြပ်စင်ဘုရင် ဟီဂယ်က အဆိုးဆုံး ဖြစ်သည်။ သူက ဒဏ်ရာပြန်မကောင်းခင်မှာပင် မိုးရီနှင့် လန်ဘို့စ်တို့နှင့် ပူးပေါင်းပြီး [ အလင်းအမှောင်တိုင်းပြည် ] ကို တန်ပြန်တိုက်ခိုက်ခဲ့သည်။ ဒဏ်ရာပေါ် ဒဏ်ရာထပ်သွားခြင်းပင်။

ဟီဂယ်၏ အခြေအနေက သိပ်မကောင်းလှပေ။ လန်ဘို့စ်နှင့် မိုးရီတို့က ဇစ်မြစ် စွမ်းအားကို အသုံးပြုပြီး ဟီဂယ်၏ဒဏ်ရာကို တည်ငြိမ်စေရန် ကူညီပေးလိုက်ကြသည်။ ထိုအချိန်၌ လက်တစ်ဖက် ဆန့်တန်းလာခဲ့ပြီး အထဲတွင် အနက်ရောင် စိန်ပုံစံ သလင်းကျောက်တစ်ခု ရှိနေလေသည်။

“အမှောင်ဇစ်မြစ်အပိုင်းအစ...” ဟီဂယ်၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ အနီရောင် မျက်လုံးများ ထူးဆန်းစွာဖြင့် အရောင်တောက်လာသည်။

“ဒါက ခင်ဗျားအတွက်ပဲ။ ကျုပ်တို့ သဘောတူထားသလိုပေါ့။”

ဟီဂယ်က ဇစ်မြစ်အပိုင်းအစကို ရယူရန်အတွက် ပင်လယ်နက် နယ်မြေသို့ ရောက်လာခဲ့သည်။ သူက ယဉ်ကျေးနေမည် မဟုတ်ပေ။ စိန်ပုံစံ သလင်းကျောက်က ဟီဂယ်၏ လက်ထဲသို့ ဝင်ရောက်သွားသောအခါ ရုတ်တရက် လက်ပတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဘယ်လက်ပေါ်၌ ပေါ်ထွက်လာခဲ့သည်။

စိတ်ကူးထားခဲ့သော ဇစ်မြစ်အပိုင်းအစကို ရရှိခဲ့ပြီးနောက် ဟီဂယ်က ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ သို့သော်လည်း သူက မူလ အပေးအယူများကို မှတ်မနေသေးသည်။ “အိပ်မက်ဆိုးလက်ပတ်နဲ့ဆိုရင် ငါ့ရဲ့ဒဏ်ရာက ပြဿနာ မဟုတ်တော့ဘူး။ မင်းရဲ့ မိတ်ဆွေကို ကယ်တင်ဖို့အတွက် ငါတို့ အခုချက်ချင်း ထွက်သွားလို့ရတယ်။”

ချန်လွေ့က ခေါင်းခါလိုက်သည်။ “ဒီကိစ္စက မမျှော်လင့်တာ တစ်ခုခု ဖြစ်သွားခဲ့တယ်။ အရှင်မင်းကြီး ဘာမှလုပ်စရာ မလိုတော့ဘူး။”

ဘေးဖက်မှ မိုးရီက ထိတ်လန့်သွားခဲ့ပြီး အစ်ဇဘယ်လာ မတော်တဆ ဖြစ်ခဲ့လေလားဟု တွေးလိုက်မိသည်။ “ဧကန္တ....”

ချန်လွေ့၏ အေးအေးဆေးဆေး ပုံစံကို မြင်သည့်အခါ မြေဒြပ်စင်ဘုရင်က သူ အထင်လွဲသွားကြောင်း သဘောပေါက်သွားပြီး ပြုံးလိုက်မိသည်။

ဟီဂယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့နှစ်ယောက်ကြား အပေးအယူက ချန်လွေ့ မိတ်ဆွေ၏ အလင်းဒြပ်စင်ချိပ်ပိတ်ကို ဖယ်ရှားရန် သူ ကူညီပေးရမည် ဖြစ်သည်။ ယခုတွင် တဖက်လူ၏ အကူအညီဖြင့် အမှောင် ဇစ်မြစ်အပိုင်းအစကို ရရှိခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူပေးဆပ်ရမည့် အပေးအယူကတော့ မရှိတော့ပေ။

သူက ယခုတစ်ခေါက် ထိုပြဿနာထဲမှ လွတ်လာနိုင်သည့်အတွက်လည်း ချန်လွေ့ အပေါ်၌ အကြွေးတင်နေသေးသည်။

“အက်ဂ်ယော....” ဟီဂယ်က ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။ “မင်းနဲ့ အမှောင် ဒြပ်စင်ကောင်တွေကြားက အငြိုးအတေးတွေ အခုကစပြီး ရှင်းလင်းသွားပြီ။ ငါမင်းကို အမှောင် အရင်းအမြစ်စွမ်းအား ပေးနိုင်တယ်။ ငါ ရခဲ့တာတွေနဲ့ ယှဉ်ရင်တော့ ဒါတွေက မညီမျှဘူးပေါ့။ မင်းမှာ လျို့ဝှက်ချက်တွေ အများကြီးရှိတာ ငါသိပါတယ်။ ဥပမာ အန္တိမ....အဲ.. နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း ၇မျိုး၊ မင်းရဲ့သရုပ်မှန်၊ မင်းရဲ့ ခန္ဓာအမျိုးအစား စတာတွေပေါ့။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ၊ မင်းအကြောင်း လျို့ဝှက်ချက်တွေ မပေါ်စေရဘူးလို့ ငါ အာမခံတယ်။ ပြီးတော့ မင်းကို ကိစ္စတစ်ခု ကူညီပေးဖို့ ကတိပေးတယ်။”

“ကျေးဇူးအများကြီး တင်ပါတယ်။ အရှင်မင်းကြီး။” ချန်လွေ့က တုံ့ဆိုင်းနေခဲ့သည်။ “တကယ်တော့ ကျုပ်တို့ကြားမှာ.....”

အမှောင်ဒြပ်စင်ဘုရင် ချန်လွေ့ပြောတော့မည့်အရာကို ခန့်မှန်းမိသွားဟန်တူသည်။ “အမှောင်ဒြပ်စင်ကောင်တွေက ကျေးဇူးတရားနဲ့ ရန်ငြိုးတွေကို ခွဲခြားသိနိုင်တယ်။ ငါ အရင်က ပြောခဲ့တဲ့အတိုင်းပဲ။ ငါတို့က မိတ်ဆွေတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ ရန်သူလည်း မဖြစ်ချင်ဘူး။ ငါ့မှာ အကြံပေးစရာ တစ်ခု ရှိတယ်။ မင်း အဆောင်ပစ္စည်း၇ခုလုံးကို မပေါင်းစပ်နိုင်ခင်မှာပင် ဘယ်သူ့ကိုမှ ဒီအကြောင်း မပြောပြမိစေနဲ့။ မဟုတ်ရင် မင်းက စိတ်ကူးကြည့်လို့မရတဲ့ ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုကို ကြုံတွေ့လာရနိုင်တယ်။”

ရေဒြပ်စင်ဘုရင်၏ မျက်လုံးထဲ၌ အပြာရောင်အလင်းတစ်ခု စီးဆင်းသွားခဲ့သည်။ “ဟီဂယ်။ မင်းပြောချင်တာက သူ....”

ဟီဂယ်က တင်းမာလျက် ပြောလိုက်သည်။ “ဟန်ဆောင်မနေနဲ့။ မင်းနဲ့မိုးရီက တိုင်းပြည်ကို တိုက်ခိုက်ဖို့ အာရုံစိုက်နေပေမဲ့ တစ်ခုခု မြင်ခဲ့လောက်တယ်။ မင်းတို့ရဲ့ စိတ်ထဲမှာ ခန့်မှန်းမိလောက်တယ်ဆိုတာ ငါယုံကြည်တယ်။”

လန်ဘို့စ်က ‌အေးအေးဆေးဆေး ပြုံးလိုက်သည်။ “ဒါဆိုရင် ငါထင်တာ အမှန်ပဲလား။ မိုးရီ။ မင်းက ဒီအကြောင်းကို ဟိုးအရင်ကတည်းက သိထားတာလား။”

“မင်းတို့ထက် အရင်ပေါ့။” မိုးရီက ခေါင်းညိတ်ပြသည်။ “ဒါပေမဲ့ အဲဒီတုန်းက အခြေအနေတွေ နည်းနည်း ထူးခြားခဲ့တယ်။”

မိုးရီ၏ စကားလုံးများက အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေခေဲ့သည်။ ထိုစဉ်က ရှီလန်တောင်၌ ဂလော်ဖင်းကို ချန်လွေ့ နှိမ်နင်းခဲ့ပြီး နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ “ဝင်စီးခြင်း”ကို ခံခဲ့ရကြောင်း သူ မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရသည်။ ချန်လွေ့ကို ဘယ်ဇီဘတ် မိသားစုဝင်တစ်ယောက်ဟု သူ ထင်မိခဲ့ဖူးသည်။ နောက်ပိုင်း နတ်ဆိုးဒိုင်းနှင့် ကြယ်ကြွေတမန် ဓားတို့ကိုတော့ သူ မသိခဲ့ရပေ။

“ကောင်းပြီလေ။ ဒါဆိုရင် ငါလည်း မင်းအတွက် ဒါကို လျို့ဝှက်ထားပေးဖို့ ကတိပေးတယ်။” လန်ဘို့စ်က လေးလေးနက်နက် ကတိပေးပြီး ပြုံးပြလိုက်ပြန်သည်။ “ပြီးတော့ ငါ မင်းကို ကြယ်ပြာရေပြင်း နည်းနည်း ပေးမယ်။ ရေဒြပ်စင်ကောင်တွေရဲ့ ဉာဏ်ပညာကို သံသယမဝင်နဲ့။ မင်းက သင်္ဘောပေါ်မှာ ဒီအကြောင်း မပြောပေမဲ့ ဒါကို မင်း လိုအပ်နေတယ် ဆိုတာ ငါ မြင်နိုင်တယ်။ ဒါကို ရေဒြပ်စင်ကောင်တွေဆီက ရင်းနှီးမှု လက်ဆောင်အနေနဲ့ သဘောထားလိုက်။ ငါက အမှောင်ဒြပ်စင်ကောင်တွေလိုမျိုး ခေါင်းမမာတတ်ဘူး။ ပြီးတော့ မင်းလို မိတ်ဆွေတစ်ယောက်ရှိရတာ ထိုက်တန်ပါတယ်။”

ဟီဂယ်က သရော်လိုက်ပြီး ကစားမပြောခဲ့ပေ။

“ဒါဆိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။” ချန်လွေ့က အလွန်ပျော်ရွှင်သွားပြီး ရုတ်တရက် အမြန်တွေးလိုက်သည်။ “အဆောင်ပစ္စည်း၇ခုလုံးကို ကျုပ် ပေါင်းစပ်နိုင်သွားရင် ဘာဖြစ်မှာလဲ။”

ဒြပ်စင်ဘုရင်သုံးပါးက တပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။ ခဏကြာပြီးနောက် မိုးရီက ပြောသည်။ “ဒါက အရာအားလုံးရဲ့ အဆုံးသတ် ဖြစ်လာနိုင်တယ်။ ဒါမှမဟုတ် သစ်လွင်တဲ့ နိဒါန်းတစ်ခုလည်း ဖြစ်နိုင်တယ်။ ဒီကိစ္စအကြောင်း မင်းက ငါတို့ ဘာမှတော့ ထပ်ပြောလို့ မရသေးဘူး။ မင်းမှာ တစ်ခုခုကို ထမ်းပိုးရမယ့် ကံတရား တကယ် ရှိမယ်ဆိုရင်တော့ အဲဒီအချိန် အရာအားလုံးကို မင်း နားလည်လာလိမ့်မယ်။”

“ကြည့်ရတာ ကျုပ် မသိသေးတဲ့ လျို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတဲ့ပုံပဲ။ ဒြပ်စင်စစ်ပွဲ အပါအဝင်ပေါ့။” ချန်လွေ့က အလင်္ကာဖြင့် မေးလိုက်သည်။ “တကယ်လို့ ကျုပ်က အလင်းဒြပ်စင်ဘုရင်ဆီကနေ တစ်ခုခုကို အလင်းဇစ်မြစ်အပိုင်းအစနဲ့ လဲလှယ်ချင်တယ်ဆိုင် ဒြပ်စင်စစ်ပွဲကို သက်ရောက်မှု ရှိနိုင်လား။”

မိုးရီက ဇိုလာ၏ [ ဒြပ်စင်၆ခု ပိုင်နက်တိုင်းပြည် ] အကြောင်းသိသည့်အတွက် တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည်။ “မင်းက အလင်းအရင်းအမြစ်စွမ်းအားကို လဲလှယ် ချင်တာလား။”

“ပစ္စည်းနှစ်ခုပါ။ အလင်းအရင်းအမြစ်စွမ်းအားနဲ့ လေအရင်းအမြစ်စွမ်းအား။ ဒီနှစ်ခုနဲ့ဆို အရှင်မင်းကြီးဟီဂယ်ပေးတဲ့ အမှောင်အရင်းအမြစ်စွမ်းအားပါ ပေါင်းလိုက်ရင် ဒြပ်စင်၆ခု အရင်းအမြစ်စွမ်းအားတွေ ပြည့်စုံသွားပြီ။”

လန်ဘို့စ်နှင့် ဟီဂယ်တို့က အလွန်ပင် အတွေ့အကြုံ ရှိသူများ ဖြစ်ကြသည်။ သူတို့က ချက်ချင်းပင် တုံ့ပြန်ပြီး သံပြိုင်မေးလိုက်ကြ၏။ “မိုးရီ။ ဘယ်သူက [ ဒြပ်စင်၆ခု တိုင်းပြည် ] ကို လေ့ကျင့်နေတာလဲ။”

“ငါမြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံး‌ မှော်ပညာရှင်ပဲ။” မိုးရီက ချန်လွေ့က ဖျပ်ခနဲ ကြည့်လိုက်သည်။ “သူကလည်း အက်ဂ်ယောရဲ့ မိန်းမပဲ။ ဒြပ်စင်၆ခု အရင်းအမြစ်စွမ်းတွေ ရနိုင်ခဲ့ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက တကယ် အောင်မြင်ပြီးတော့ နောက်ထပ် ရှေ့တက်ကောင်း ရှေ့ဆက်နိုင်လောက်တယ်။”

လန်ဘို့စ်က အဆက်အသွယ်အချို့ ပြုလုပ်နေဟန်တူပြီး ဟီဂယ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ သူက လျို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပြသလိုက်၏။ “မင်းက အလင်းဒြပ်စင်ဘုရင်ဆီကို ဇစ်မြစ်အပိုင်းအစ ပေးလိုက်မယ်ဆိုရင် နောက်ထပ် ဒြပ်စင်စစ်ပွဲမှာ ငါတို့ကို ရှုံးနိမ့်စေလိမ့်မယ်။ ဒါကြောင့် ငါတို့သုံးယောက်ထဲက တစ်ယောက်က သေသွားနိုင်တယ်။ ဒါပေမဲ့ မင်းကို ငါတို့ တားမှာတော့ မဟုတ်ဘူး။ အသေးစိတ် အကြောင်းရင်းကိုတော့ မပြောပြနိုင်သေးဘူး။ မင်းမှာ ငါတို့ကို ပြောပြဖို့ အဆင်မပြေတဲ့ လျို့ဝှက်ချက်တွေ အများကြီး ရှိနေသလိုပေါ့။ ဖြစ်နိုင်ရင်တော့ ဇစ်မြစ်အပိုင်းအစတိုင်းက သက်ဆိုင်ရာ ဒြပ်စင်ဘုရင်ဆီ ပြန်ရောက်ဖို့ ငါ မျှော်လင့်တယ်။ ဒါက ငါ့ရဲ့ မျှော်လင့်ချက် ဟုတ်သလို ဒြပ်စင်ဘုရင် ၆ပါးနဲ့ ဒြပ်စင်ကောင်တွေအားလုံးရဲ့ မျှော်လင့်ချက်လည်း ဟုတ်တယ်။ အဲဒီအချိန်ကျရင် တကယ့် အဆုံးသတ်နဲ့ နိဒါန်းက ရောက်လာနိုင်လောက်တယ်....”

ချန်လွေ့က ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သေချာစဉ်းစားနေစဉ် ပတ်ဝန်းကျင် နေရာလွတ်က အပြင်းအထန် တုန်ခါလာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လူတိုင်းက မျှော်စင်အပြင်ဘက်ရှိ အမုန်းတရား နယ်မြေထဲ၌ ပေါ်ထွက်လာသည်။ “ဖျက်ဆီးခြင်းမျှော်စင်”က လက်ဝါးအရွယ် ရွှေဘုံဆင့်ကျောင်းဆောင်အဖြစ် ပြောင်းလဲသွားကာ အက်ဂ်လက်စ်၏ လက်ထဲသို့ ကျရောက်လာသည်။

“ဒါက မင်းအတွက်ပဲ။ ဒါက သုံးဖို့ကတော့ မင်းရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်တယ်။” အက်ဂ်လက်စ်က ရွှေဘုံဆင့်ကျောင်းဆောင်လေးကို ချန်လွေ့ထံ ပစ်ပေးလိုက်သည်။ ချန်လွေ့တွင် ထပ်ကြည့်ရန် အချိန်မရှိခင်မှာပင် နားထဲ၌ ပင်လယ်ထဲမှ အလွန်ကြီးမားသော အသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ ၎င်းတို့မှာ အငြိုးကြီးဝိညာဉ်များ၊ နာဂါများနှင့် ဒြပ်စင်ကောင်များ၏ သြဘာပေးသံများ ဖြစ်ကြပေသည်။

All Chapters