ရှင့်ရဲ့ နှင်းဒဲလက်ပန်း
Vol. 45 Ch. 722
ရက်အနည်းငယ် ကြာပြီးနောက် မိုးကြိုးမြွေကျွန်းစု၌ -
စထရီနာက တရွေ့ရွေ့သွားနေသော သင်္ဘောကို တိတ်တဆိတ် ကြည့်နေပြီး ခရမ်းလရောင်က အထီးကျန်နေသော အရိပ်ကို ဆွဲဆန့်လိုက်၏။
သင်္ဘောပေါ်၌ သူ၏ အရင်းနှီးဆုံးညီမဖြစ်သူနှင့်....ထိုလူတို့ ရှိနေကြသည်။ သူတို့သည် မိုးကြိုးမြွေကျွန်းစုမှ အဝေး၊ ပင်လယ်သေမှ အဝေးသို့ သွားကြမည် ဖြစ်သည်။ သူတို့ကို နောက်တစ်ခါ ပြန်မြင်နိုင်မနိုင် သူ မသိပေ။
သူနှင့် ညီမဖြစ်သူကို ပင်လယ်နက်နတ်ဘုရားလက်ထဲ၌ ကယ်တင်ခဲ့သော ထိုလူက အံ့သြဖွယ်ရာ ကောင်းလောက်အောင်ပင် နတ်ဘုရားအဆင့်သို့ နီးကပ်နေသော နဂါးနက် ဧကရာဇ်အပါအဝင် ရန်သူအများအပြားကို အနိုင်ယူခဲ့သည်။
သူက နာဂါသူရဲကောင်း သန်းပေါင်း ရာနှင့်ချီ အပါအဝင် မရေမတွက်နိုင်သော အငြိုးကြီး ဝိညာဉ်များကို အဆုံးမဲ့ နာကျင်မှုနှင့် ဝမ်းနည်းမှုတို့မှ လွတ်မြောက်အောင် ပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း သူ၏ “တောင်းဆိုသမျှကို သဘောတူမယ်” ဟူသော ကတိကိုတော့ မေ့လျော့နေဟန်တူသည်။
နဂါးနက်ဧကရာဇ်ကို ရှင်းပစ်ပြီးနောက် ပင်လယ်ထဲရှိ သတ္တဝါများကို အချင်းချင်း သတ်ဖြတ်စေသော မူမမှန်စွမ်းအား ပျောက်ကွယ်သွားရုံသာမက ပင်လယ်နယ်မြေမှ သတ္တဝါ အားလုံး၏ ရှင်သန်မှုအပေါ် အမြဲပင် စွဲကပ်နေခဲ့သော လျို့ဝှက်ဆန်းကြယ်သည့် စွမ်းအားလည်း မရှိတော့ပေ။ ထိုအရာက နာဂါနှင့်မာယာရှင်များအပါအဝင် ပင်လယ်မျိုးနွယ်စုအားလုံးကို ကယ်တင်လိုက်ခြင်းနှင့် ညီမျှပေသည်။
ထိုသူက တန်ဖိုးမရှိတော့သော တစ္ဆေသန္တာကျောက်ကိုသာ ယူသွားခဲ့ပြီး အယ်ဒီလိုင်းက သူနှင့်အတူ လိုလိုလားလား လိုက်သွားခဲ့၏။
စထရီနာက အယ်ဒီလိုင်းကို အမှန်တကယ် မနာလို ဖြစ်မိသည်။ တစ်နည်းနည်းဖြင့် အယ်ဒီလိုင်းက အစ်မဖြစ်သူထက် ပို၍ သတ္တိရှိလေသည်။
“နောင်တရလား။”
နာဂါဘုရင်မ မိုဒက်စတီ၏အသံက နောက်မှ ထွက်လာသည်။ စထရီနာက မျက်မှောင် ကြုတ်လိုက်ပြီး နှာမှုတ်ကာ အဝေးမှ အစက်သေးသေးလေး ဖြစ်သွားသော မိစ္ဆာထောင်ခြောက် သင်္ဘောကိုသာ စိုက်ကြည့်နေခဲ့သည်။
အမေဖြစ်သည့်အလျောက် မိုဒက်စတီက သမီးဖြစ်သူ၏ စိတ်ထဲမှ ဒဏ်ရာများကို အဖြေရှာရန် တမင်တကာ ကြိုးစားနေဟန်တူသည်။ “အယ်ဒီလိုင်းနဲ့အတူ မထွက်သွားမိလို့ နောင်တရနေတာလား။ နင်က သူရဲဘောကြောင်လို့ မှားယွင်းတဲ့ ရွေးချယ်မှုတွေ လုပ်ခဲ့တဲ့ပုံပဲ။ အခုသွားရင် မှီသေးတယ်။ သင်္ဘောတစ်စီး ပေးရမလား။”
စထရီနာ၏ မျက်လုံးများက ရုတ်တရက် ထက်မြက်သော ချီစွမ်းအင်များ ထွက်လာပြီး သူ၏လက်ထဲ၌ ဓားမောက်ရှည်၆လက် ပေါ်ထွက်လာခဲ့သည်။ “ကျွန်မရဲ့ ရွေးချယ်မှုက မှားလား မမှားဘူးလားဆိုတာ ကျွန်မရဲ့ ဓားမောက်ရှည်က ပြောပြလိမ့်မယ်။”
“ဒါကို ခေါင်းဆောင်နေရာတွင် စိန်ခေါ်တာလို့ မြင်တယ်။” မိုဒက်စတီက ခနဲ့လိုက်ပြီး ဓားမောက်ရှည်များကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ ယခုတစ်ခေါက်၌ ၂လက် မဟုတ်တော့ဘဲ ၆လက် ဖြစ်နေ၏။ “နင်က အမုန်းတရားနယ်မြေမှာ [ ဓားမောက်ရှည် ၆လက် ဖြိုခွင်းခြင်း ] ရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခုလုံးကို သင်ခဲ့ရတယ်လို့ ကြားတယ်။ နင် ဘယ်လောက် တိုးတက်လာလဲဆိုတာ ကြည့်ရတာပေါ့။”
လရောက်ထဲ၌ ဓားအချင်းချင်း ခုတ်သံများက အဝေးမှ သင်္ဘောကို လိုက်ပို့နေဟန်တူ၏။
မိစ္ဆာထောင်ခြောက်သင်္ဘော၌ အမေနှင့်အစ်မကို ထားရစ်ခဲ့သော အယ်ဒီလိုင်းက ဟယ်လင်း၏ လက်မောင်းထဲ၌ လှဲလျောင်းရင်း ခါးသီးစွာဖြင့် ငိုကြွေးနေခဲ့သည်။ မာယာရှင် မင်းသမီးကနေ မျက်ရည်ကျနေခဲ့သည်။ သူက “တရားခံ” ချန်လွေ့က မျက်လုံးနီနီဖြင့် အပြင်းအထန် စိုက်ကြည့်နေလေသည်။
ချန်လွေ့က မာယာရှင်မင်းသမီး၏ အကြည့်ကို အပြစ်မဲ့စွာဖြင့် ရင်ဆိုင်လိုက်သည်။ အယ်ဒီလိုင်း ကိုယ်တိုင်က လိုက်လာရန် တောင်းဆိုခဲ့ခြင်း ဖြစ်သော်လည်း ယခုတွင် သူက ပြန်ပေးဆွဲခဲ့သလို ဖြစ်နေခဲ့သည်။ ကူကယ်ရာ မရသည့်အဆုံးက သူ့ကို ရှေ့တက်လာပြီး သူ့ကို နှစ်သိမ့်ပေးလိုက်ရသည်။ “မငိုပါနဲ့။ အယ်ဒီလိုင်း။ ငါ့မှာ မင်းအတွက် သတင်းကောင်း ရှိတယ်။ ဆာ-အက်ဂ်လက်စ်က ငါ့ကို စိတ်ဝိညာဉ် စိတ်မျက်လုံးလို့ခေါ်တဲ့ အဖိုးတန်ရတနာတစ်ခု ပေးခဲ့တယ်။ အဲဒါက [ နဂါးနတ်ဘုရားမျက်လုံး ] ကနေ ဆင်းသက်လာပြီးတော့ မင်းရဲ့ မျက်လုံးကို ပြန်မြင်ရအောင် လုပ်ပေးနိုင်တယ်။”
အယ်ဒီလိုင်းက ထိတ်လန့်သွားခဲ့သည်။ သူ၏လက်ထဲ၌ လန်းဆန်းသော စွမ်းအား အငွေ့အသက်ရှိသည့် အေးစက်စက် ပုတီးစေ့၂လုံး ရှိနေပြီ ဖြစ်သည်။
“မင်း စိတ်ငြိမ်သွားတဲ့အချကျရင် ဒါပေါ်သို့ သွေးတစ်စက်ချပြီးတော့ မျက်လုံးအရှေ့မှာ ထားလိုက်။ သူတို့တွေက မင်းရဲ့ အမြင်ကို ပြန်ကောင်းစေနိုင်တဲ့ အရည်အဖြစ်ကို ပြောင်းသွား လိမ့်မယ်။ ပြီးတော့ [ တော်ဝင်ကောင်းကင်မျက်လုံး ] မှာ ထူးခြားတဲ့စွမ်းအား တစ်ခု ရှိတယ်။ ဒါကို အသက်သွင်းဖို့အတွက် စိတ်ဝိညာဉ်စွမ်းအား အများကြီး လိုတယ်။ မင်းမှာက တံလျှပ်ရဲ့ ပုံရိပ်ယောင်စွမ်းအား တစ်စိတ်တစ်ပိုင်း ရှိနေပြီ။ အဲဒါကြောင့် မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအား အဆင့်က နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ မင်းက လူသစ်တစ်ယောက် ဖြစ်နေတုန်းပဲ။ တကယ့် နတ်ဆိုးအရှင်သခင်အဆင့်နဲ့ ယှဉ်လို့ မရနိုင်သေးဘူး။ စိတ်ဝိညာဉ် စိတ်မျက်လုံးနဲ့ လွတ်လွတ်လပ်လပ် မြင်နိုင်ဖို့အတွက် ဒါကို လေ့ကျင့်တဲ့နေရာမှာ အာရုံစိုက်ရမယ်။”
“ကျေးဇူးတင်ပါတယ်။ ဆာ-အက်ဂ်ယော။” အယ်ဒီလိုင်းက ထိုပုတီးစေ့ နှစ်လုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ပီတိဖြင့် အံ့သြသွားခဲ့သည်။ ထို့နောက် သူက စိတ်ဝိညာဉ် အာရုံခံမိသည့် အက်ဂ်လက်စ်ဘက်သို့ အရိုအသေ ပြုလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဆာ-အက်ဂ်လက်စ်။”
“အင်း..” အက်ဂ်လက်စ်က နာဂါကောင်မလေးကို ခေါင်းညိတ်ပြလိုက်ပြီး သမက်ဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။ ချန်လွေ့က အနည်းငယ် စိတ်ဓာတ်ကျသွား၏။
သို့သော်လည်း ပြောရမည်ဆိုလျှင် ယောက္ခမကြီးက သူ့ကို အတော်လေး ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့သည်။ “ကျက်သရေမျှော်စင်”ကို ဥပမာအနေနှင့် ထားကြည့်ပါ။ ယောက္ခမကြီးက ရိုဒရီဂူးဇ် ချန်ထားခဲ့သော အမှတ်အသားကို လုံးဝ ပယ်ဖျက်ရန် ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ချန်လွေ့ထံ တစ်ခါတည်း ပစ်ပေးခဲ့၏။
ထိုနေရာလွတ် ရတနာထဲ၌ ရိုဒရီဂူးဇ်၏ ရတနာ အများအပြား ရှိနေသည်။ ကံဆိုးစွာပင် ၈၀%ကိုတော့ အက်ဂ်လက်စ်က “သိမ်းယူ”လိူက်ပြီ ဖြစ်သည်။ ယောက္ခမကြီးက ကျန်ရှိသော ၂၀%အား သူ့သမီးနှင့်သမက် အညီအမျှ ခွဲယူရန် လေးလေးနက်နက် ပြောခဲ့သည်။
နဂါးများ၏ “ဘဏ္ဍာရေးစီမံမှုပါရမီ”ဖြင့်ဆိုလျှင် ၂၀% ချန်ထားပေးခြင်း အလွန့်အလွန် အလွန် ရက်ရောနေပြီ ဖြစ်သည်။ ထိုအရာက ထိုအချိန်တွင်း ချန်လွေ့၏ ထူးချွန်များကိုပါ ထပ်ပေါင်း စဉ်းစားထားပြီးသား ဖြစ်သည်။ သို့မဟုတ်ပါက သူ့တဝက်ပင် ဆုံးရှုံးရပေလိမ့်မည်။
ထိုရတနာများအပြင် ကျက်သရေမျှော်စင်ကိုယ်တိုင်က အလွန်အမင်း အဖိုးတန်သော ရတနာတစ်ခု ဖြစ်သည်။ ထိုအရာက ချန်လွေ့၏ အဆောင်ပစ္စည်းယောင်များ မယှဉ်နိုင်သော စစ်မှန်ပြီး ရှားပါးသည့် နေရာလွတ် အဆောက်ပစ္စည်းတစ်ခု ဖြစ်၏။ သိဒ္ဓိနဂါး ရိုဒရီဂူးဇ်က ထိုအဆောင်ပစ္စည်းကို အသုံးပြုပြီး ကောင်းကင်တမန် ရာဖယ်ရယ်၏ လိုက်ဖမ်းခြင်းမှ လွတ်မြောက်နိုင်ခဲ့သည်။ ချန်လွေ့၏ လက်ရှိ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားနှင့်ဆိုလျှင် ထိုအဆောင်ပစ္စည်းကို ကျွမ်းကျင်နိုင်ရန် အလွန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း သူ့တွင် လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သော စူပါစနစ်ရှိ၏။ လက်ရှိတွင် ကျက်သရေမျှော်စင်ကို [အထူးစိစစ်မှု]က အဖြေရှာနေပြီ ဖြစ်သည်။ နှေးကွေးလှသော်လည်း အောင်မြင်ရန်အတွက် အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။
ချန်လွေ့၏ အကျိုးအမြတ်များက အလွန်ပင် ကြွယ်ဝများပြားလှသည်။ ကျက်သရေ မျှော်စင်နှင့် ရတနာများအပြင် သူက ဇိုလာလိုအပ်သော အမှောင်အရင်းအမြစ်စွမ်းအား နှင့် ရှေးအဂ္ဂိရတ်အဖွဲ့အစည်းလိုအပ်သော ကြယ်ပြာရေပြင်းနှင့် တစ္ဆေသန္တာကျောက် အများအပြားကို ရရှိခဲ့လေသည်။ သူက အမှောင်ဒြပ်စင်ကောင်များနှင့် ရန်ငြိုးကိုလည်း ချေဖျက်နိုင်ခဲ့ပြီး ရေဒြပ်စင်ကောင်များ၏ ကျေးဇူးတင်ခြင်းကို ရရှိခဲ့သည်။
ရိုဒရီဂူးဇ် “ဝင်ပူး”ခဲ့သောကြောင့် ဒိုဒို၏စွမ်းအားက S++ အဆင့်သို့ ထိုးတက်သွားခဲ့ပြီး စွမ်းအားအမြင့်ဆုံး ဇာတ်ကောင်တစ်ခု ဖြစ်လာသည်။ ပြန်ရောက်ပြီးနောက်တွင် ဆရာသခင် ရိုမန်၏ အဆင့်အတန်းက အနိမ့်ဆုံး ဖြစ်လောက်လေပြီ။
ရိုဒရီဂူးဇ်ကို ချေမှုန်းလိုက်သောအခါ ကျက်သရေမျှော်စင်ရှိ ရေဘဝဲဘုရင် ရက်ပီပစ်ကို စည်းနှောင်ထားသော စာချုပ်တိုင်လုံး ပျောက်ကွယ်သွား၏။ ချန်လွေ့က ရတနာများထဲမှ ရက်ပီပစ်၏ စိတ်ဝိညာဉ် သလင်းကျောက် စက်လုံးကို ရှာတွေ့သွားပြီး ပင်လယ်နက်သို့ ပြန်ရောက်လာသောအခါ ရေဘဝဲဘုရင်ကို ပေးခဲ့သည်။
ထိုသလင်းကျောက်စက်လုံး မရှိလျှင် ရေဘဝဲဘုရင်၏ ဝိညာဉ်က ပြည့်စုံလိမ့်မည် မဟုတ်ဘဲ သူ့ တစ်ဘဝလုံး စွမ်းအား ရပ်တန့်နေပေလိမ့်မည်။ ရိုဒရီဂူးဇ်က ထိုနည်းလမ်းကို အသုံးပြုပြီး သူ့ကို အကျဉ်းချထားခဲ့သည်။ ယခု သူက စိတ်ဝိညာဉ် သလင်းကျောက် စက်လုံကို ပြန်ရသောအခါ အလွန်ပျော်ရွှင်နေခဲ့သည်။
ချန်လွေ့က ရေဘဝဲဘုရင်နှင့် ညီတူညီမျှ စာချုပ်ကွင်းဆက်ကို အရင်ဆုံး ပယ်ဖျက်ခဲ့ခြင်းကို ပြောပြရန် တိုက်တန်ပေသည်။ ထိုအခြေအနေက ရက်ပီပစ်ကို ထိတ်လန့်သွားစေ၏။ သူက “နတ်ဆိုးအရှင်သခင်”အဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်တော့မယ် ငါနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို တစ်ခါတည်း “ဖျက်ဆီး” ပစ်နိုင်တယ်။ ကြည့်ရတာ သူ့ရဲ့ ဇစ်မြစ်နဲ့ အလားအလာက နက်ရှိုင်းပြီးတော့ ခန့်မှန်းလို့ မရနိုင်ဘူးထင်တယ်။
ချန်လွေ့က ချဉ်းကပ်မှုက သိသာပေသည်။ ထိုအရာက အကူအညီရရှိရန်ပင်။ သူက အကူအညီရရှိရန်အတွက် ပွင့်ပွင့်လင်းလင်း ပြုလုပ်ရပေမည်။ ရက်ပီပစ်က ထိုအရာကို ကောင်းကောင်း သိသည်။ ကြောက်မက်ဖွယ်ရာ နဂါးအစွမ်းထက်ပုဂ္ဂိုလ် မရှိလျှင် ရေဘဝဲဘုရင်က သူ့ကို လွတ်လပ်မှု ပေးခဲ့သော ချန်လွေ့ကိုလည်း အလွန်ကျေးဇူးတင်နေပြီး ဝိညာဉ်စွမ်းအား ပြန်ပြည့်ပြီးနောက် သူ့ကို ကျေးဇူးတင်ရန်အတွက် ကြယ်ကြွေတမန်အင်ပါယာသို့သွားရန် ကတိပေးခဲ့သည်။
အမှောင်လနယ်မြေ -
တိတ်ဆိတ်သော ခြံဝန်းတစ်ခုထဲ၌ -
မှော်မီးဖိုပေါ်ရှိ ကြေးနီရေနွေးခရားက အထဲမှ ဆူနေသောရေကြောင့် အသံများ ထွက်လာသည်။ ကျောက်စိမ်းကဲ့သို့ အဖြူရောင် လက်လေးက ကြေးနီရေနွေးခရားကို မလိုက်ပြီး ဝါးစားပွဲအသေးလေးပေါ်တွင် တင်ထားသော အနုစိတ်သည့် လက်ဖက်ရည်အဆင်ကို သန့်ရှင်းလိုက်သည်။ သူ၏ လှုပ်ရှားမှုများက ကျက်သရေရှိပြီး ကျွမ်းကျင်လှသည်။
သူက လက်ဖက်ရွက်စိမ်းများကို ခရမ်းရောင်အိုးသေးသေးထဲ၌ ထည့်လိုက်ပြီး ရေနွေးနှင့် ဆေးကြောကာ ရေစစ်သည်။ အရွက်များကို စိမ်ရန် ရေထည့်ပြီးနောက် ရနံ့တစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာသည်။
စားပွဲအနိမ့်ပေါ်၌ လက်ဖက်ခွက်နှစ်ခွက် ရှိသည်။ အမျိုးသမီးက ခရမ်းရောင်အိုးထဲမှ လက်ဖက်ရည်ကို ခွက်နှစ်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် စောင့်နေသော လူတစ်ယောက် ရှိနေသကဲ့သို့ပင် မျက်နှာချင်းဆိုင်မှ လူမရှိသော ထိုင်ခုံကို ကြည့်နေသည်။
တစ်နည်းတစ်ဖုံဖြင့် ထိုကဲ့သို့ စောင့်ဆိုင်းခြင်းက အကျင့်တစ်ခု ဖြစ်လာခဲ့သည်။
သေခြင်းနှင့် နီးကပ်လာသောအချိန်၌ပင် ထိုအကျင့်က ရှိနေဆဲဖြစ်ပြီး တစ်နည်း ပြောရလျှင် ထိုအရာက မျှော်လင့်ချက်တစ်မျိုး ဖြစ်ပေ၏။
သူ့ကို ဆက်စောင့်စေနိုင်သော မျှော်လင့်ချက် တစ်ခုပင်။
အချိန်အတော်ကြာပြီးနောက် အမျိုးသမီးက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး ကျောက်မျက်ကဲ့သို့ မြစိမ်းရောင်မျက်လုံးများထဲမှ လွမ်းဆွတ်ခြင်း အငွေ့အသက်ဖြင့် တစ်ငုံ သောက်လိုက်သည်။
“လက်ဖက်ရည်က အေးသွားရင် အရသာ မကောင်းတော့ဘူး။”
အသံတစ်သံ ထွက်လာပြီးနောက် အမျိုးသမီး၏ လက်ထဲ၌ လက်ဖက်ရည်ခွက်က ရုတ်တရက် တုန်လှုပ်သွား၏။ လက်ဖက်ရည် အနည်းငယ် ဖိတ်စင်သွားပြီးနောက် အမျိုးသမီးက သတိပြန်ဝင်သွားခဲ့သည်။ သို့သော် မြစိမ်းရောင် မျက်လုံးထဲရှိ အတွေးများကတော့ အဆုံးမရှိသော ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း သူ၏အသံက အတော်လေး အေးဆေးနေပုံရသည်။ “ရှင် ဘယ်တုန်းက ပြန်ရောက်လာဲ။”
“အခုပဲ....”
“တကယ်လား။ ဒါဆို သူတို့က ရှင့်ကို ကျွန်မဆီ လာခွင့် ပေးတာလား။”
“အတိအကျ ပြောရရင်တော့ ကိုယ်က နေရာလွတ်စွမ်းရည်တစ်ခု သုံးပြီး တိတ်တိတ်လေး ပြန်လာခဲ့တာ။ မင်းရဲ့ အရင် ခြိမ်းခြောက်မှုက တော်တော်လေး သက်ရောက်မှု ရှိတယ်.....”
“ခြိမ်းခြောက်မှု”ဟူသော စကားလုံးကို ကြားလိုက်သည့်အခါ မျက်နှာလွှား နောက်ကွယ်မှ အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ၏ မျက်လုံးများက လှပသော လခြမ်းနှစ်စင်းကဲ့သို့ ဖြစ်နေ၏။
.... ဒီတစ်ခေါက် ပင်လယ်သေခရီးကနေ ပြန်လာရင် ကျွန်မက ရှင်ထိတွေ့ရမယ့် ပထမဆုံး မိန်းမ ဖြစ်ရမယ်။ မဟုတ်လို့ကတော့ ကျွန်မ အက်ဂ်လက်စ်နဲ့ လက်ထပ်ပြီး ရှင့်ကို အိုလီဖီးရက်စ် လိုမျိုး “မေမေ”လို့ ခေါ်ခိုင်းမယ်။
ထိုခြိမ်းခြောက်မှုက အလွန်ပင် အဆိပ်ပြင်းလှကြောင်း သူကိုယ်တိုင်ပင် ဝန်ခံရပေမည်။
မည်သို့ပင် ဆိုစေကာမူ သူက မိစ္ဆာထောင်ခြောက်ပန်း ဖြစ်၏။
ကြယ်ကြွေတမန်အင်ပါယာက လူအများ အသိအမှတ်ပြုထားသော အဆိပ်ပန်းတစ်ပွင့်။
“ထိုင်ပါဦး။”
သူက မတ်တပ်ရပ်လိုက်ပြီး လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်အေးအေး လောင်းထည့်ပေးကာ ရေများကို ပြန်လည်ကြိုနေတော့သည်။
“ကိစ္စတွေ ပြီးသွားပြီလား။”
“အင်း...”
“အရင်တစ်ခေါက်တုန်းက ရှင် လူသားလောကအကြောင်း ပြောတာ မပြီးသေးဘူး။ ဆက်ပြော...”
“ဟုတ်ပါပြီ....”
အမျိုးသမီးက အေးအေးဆေးဆေး နားထောင်ရင်း လက်ဖက်ရည် လောင်းထည့် နေသည်။ အမှန်တကယ်က သူက အနည်းငယ် စိတ်နှင့်လူနှင့် မကပ်နေပေ။ ပထမဆုံး အကြိမ်ဖြစ် သူ ပြောသည်ကို နားထောင်နေရင်း သူ၏ အတွေးများ မျောလွင့်နေခဲ့သည်။
သူက ချန်လွေ့၏ မတွေ့ခင်တွင် ကြီးမားသော လုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်ထားခဲ့ပြီး မရေမတွက်နိုင်သော ငယ်ရွယ်သည့်လူတော်များ၏ လေးစားအားကျခြင်းကို ခံခဲ့ရသည်။ သူက ဉာဏ်ပညာဖြင့် အင်ပါယာကို လက်ထဲ၌ အလွယ်တကူ ကစားနေခဲ့သော်လည်း သူ့တွင် အမုန်းတရားနှင့် ရွံရှာမှုတို့ကလွဲ၍ မည်သည့်အရာမှ မရှိခဲ့ပေ။
ချန်လွေ့နှင့် တွေ့ခဲ့ပြီး အထူးသဖြင့် သူ့ကြောင့် ပြန်လည်ရှင်သန်လာခဲ့ပြီးနောက်တွင် ပြန်လည်မွေးဖွားလာခဲ့သော်လည်း ရင်ထဲ၌ နာကျင်မှုကို မရင်ဆိုင်နိုင်သေးပေ။ ထို့ကြောင့် သူက သေမည့်အချိန်ကို တိတ်တိတ်လေး စောင့်နေခဲ့သည်။ မျှော်လင့်ချက် လုံးဝမရှိဘဲ မပြည့်စုံသော လူတစ်ယောက်ကဲ့သို့ပင်။
ယခုမှသာ သူသည် ပြီးပြည့်စုံသော မိန်းမတစ်ယောက် ဖြစ်လာခဲ့သည်။
အခုတော့ မဟုတ်သေးဘူး။
သိပ်မကြာခင်ပေါ့။
သူ၏မျက်နှာက ရုတ်တရက် နီရဲသွားပြီး ချန်လွေ့ကို ခိုးကြည့်လိုက်ရာ ချန်လွေ့လည်း သူ့ကို ကြည့်နေကြောင်းသာ တွေ့လိုက်ရသည်။
ထိုအချိန်၌ အမြဲပင် တည်ငြိမ်ပြီး အေးဆေးနေခဲ့သော သူ၏နှလုံးသားက အလျင်အမြန် ခုန်လာပြီး တင်းမာမှုနှင့် မျှော်လင့်မှုကို ရောယှက်သွားခဲ့သည်။
ထို့နောက် ဆက်ဖြစ်သော အရာများက သူ့စိတ်ထဲ၌ ဝေဝါးသွားဟန်တူသည်။ သူက ချန်လွေ့ဆီ အရင်သွားခဲ့သည်လား။ ချန်လွေ့က သူ့ဆီ အရင်လာခဲ့သည်လား။ အရာအားလုံးကို သဘာဝအလျောက် ဖြစ်သွားခဲ့သလိုမျိုး ဖြစ်နေသည်။ ယခု ချန်လွေ့က သူ့ကို အခန်းထဲသို့ ချီသွား သကဲ့သို့ပင်။
ယခုတစ်ခေါက်တွင် ထိုအရာက သေချာပေါက် အပေါ်ယံ မဟုတ်ပေ။
သူက ကုတင်ကို မြင်လိုက်သောအခါ ဖြစ်ပျက်တော့မည့် အရာများကို သိနေခဲ့သည်။ သူ၏ပါးပြင် နီမြန်းသွားခဲ့သည်။ သို့သော်လည်း သူက ချန်လွေ့၏ မျက်လုံးများကို မရှောင်တိမ်းဘဲ မျက်လုံးထဲမှ ပျော်ရွှင်မှုမျက်ရည်များ ကျဆင်းလာ၏။
နောက်ဆုံးတော့ ဒီလိုလူမျိုး ရှိလာပြီ။ သူ့ရှေ့မှာ ငါ ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုတော့ဘူး။
အတိတ်က ပြီးခဲ့လေပြီ။
အနာဂတ်တွင် မိစ္ဆာထောင်ခြောက်ပန်း၏ အလှတရားနှင့် အဆိပ်က လောကကြီးထဲ၌ ပွင့်လန်းနေဦးမည် ဖြစ်သည်။
သို့ရာတွင် ထိုယောက်ျားအရှေ့၌ သူက အမြဲပင် နှင်းဒဲလက်ပန်းတစ်ပွင့် ဖြစ်၏။
ရှင့်ရဲ့ နှင်းဒဲလက်ပန်း....
သေသေ ရှင်ရှင် နောင်တမရဘူး....