လောကကို ပြောင်းလဲနိုင်သော အရာများ
Vol. 45 Ch. 724
အစိမ်းရောင်....
နေရာတိုင်းက အစိမ်းရောင် ဖြစ်နေသော်လည်း လေထုက မီးတောက်နီနီ၏ ပူလောင်သော အငွေ့အသက်များ ပြည့်နှက်နေ၏။ မြူဖုံးပြီး ဗလုံစီဖြစ်နေသော ရွှံ့ဗွက်အိုင်က အရည်ပျစ်ပျစ် ဖြစ်နေပြီး အမြင်ကိုပင် ပျက်ယွင်းစေနိုင်သော ကြောက်မက်ဖွယ်ရာ အပူရှိန်ကို သယ်ဆောင် ထားလေသည်။
ရိုမန်က ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ မြူဖုံးရွှံ့အိုင်ထဲ၌ ဓားတစ်ချောင်းကိုင်ရင်း အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
ပျင်းရိပုံရသော အနေအထားနှင့် အလျင်မလိုသော အမြန်နှုန်းတို့က အရေးပေါ် အခြေအနေများကို တုံ့ပြန်ရန်အတွက် ခန္ဓာကိုယ် အခြေအနေကို ချိန်ညှိရန် အကောင်းဆုံး ဖြစ်ပေသည်။
သူ၏ သားရေချပ်ကာ စုတ်ပြတ်နေပြီး ခန္ဓာကိုယ်၌ ဒဏ်ရာများ ပြည့်နှက်နေကာ အထူးသဖြင့် ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ကြောက်မက်ဖွယ်ရာ အနာရွတ်များ ရှိနေလေသည်။ ကြောက်မက်ဖွယ်ရာသားရဲ၏ လက်သည်းက ဖောက်ဝင်သွားမလို ဖြစ်သွားပုံရသည်။ ရိုမန်၏ အသက်ရှူသံက အနည်းငယ် မတည်မငြိမ် ဖြစ်နေသော်လည်း လက်ထဲတွင် ကိုင်ထားသော ဓားက တည်ငြိမ်နေဆဲပင်။
ရုတ်တရက် ကြောက်မက်ဖွယ်ရာ အရပ်မြင့်မြင့် ပုံရိပ်များက ချစ်ချစ်တောက် ရွှံ့နွံထဲ၌ ခုန်ထွက်ပြီး ရိုမန်ကို ဟိန်းဟောက်ကာ ခုန်အုပ်လာကြသည်။
ရိုမန်က ဓားနှစ်လက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ပြီး ထိုပုံရိပ်များထံသို့ ခုတ်ပိုင်းလိုက်၏။ အပြာဖျော့ရောင် ဓားအလင်းများက လေထဲ၌ လျှပ်စီးကြောင်းများကို ဖြစ်သွားစေသည်။
ခုတ်ပိုင်းလိုက်ပြီးနောက် ရိုမန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုများလာပြီး ပင်ပန်းနေသောပုံစံဖြင့် ရှေ့သို့ အေးအေးဆေးဆေး ဆက်သွားနေသည်။ လေထုက ပူလောင်နေဆဲ ဖြစ်သော်လည်း သူ့နောက်မှ ကြောက်စရာပုံရိပ်များက ရုတ်တရက် မရေမတွက်နိုင်သော အပိုင်းအစများဖြစ်သွားကာ အစအနမကျန် ပျောက်ကွယ်သွား၏။
အဖြူရောင်...
အဖြူရောင်က သန့်စင်ပြီး အပြစ်ကင်းသည်ဟု နားလည်ထားကြသော်လည်း စိတ်တစ်ခုလုံးကို ထိုအဖြူရောင်အပိုင်းအစ ပြည့်နှက်သွားသောအခါ သန့်စင်မှုနှင့် ဘာမှ မဆိုင်တော့ပေ။
ယခုတွင် ဒေလီယာက ထိုအခြေအနေသို့ ရောက်နေ၏။ သူ့စိတ်က ကွက်လပ် ဖြစ်နေသည်။ သူက အကြိမ်ကြိမ် သတိလစ်နေပြီး အချိန်အကြာကြီးမှသာ သတိပြန်ဝင်လာသည်။ သူက မူးဝေပြီး မွန်းကြပ်ကာ မအီမသာ ဖြစ်နေခဲ့သည်။ ထိုသို့ ခံစားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
သူ နိုးလာသည်နှင့် ကျောက်တောင် ကမ်းပါးတစ်ခုတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က တောင်နံရံဆီသို့ အပြေးသွားနေပြီး သူက အစိတ်စိတ် အမွှာမွှာ ဖြစ်တော့မည် ဖြစ်သည်။ ဒေလီယာ၏ ဘယ်မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် ထူးဆန်းသောလေစီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ပေါက်ကွဲထွက်သွားသည်။ သူက တောင်နံရံနှင့် ကပ်တိုးလေးသာ လွဲချော်သွားခဲ့၏။
သူက ကောင်းကင်ပေါ်သို့ လွင့်သွားသည့် အချိန်တွင် နောက်ထပ် အန္တရာယ် အသိပေးချက်က သူ့အမြင်ထဲ၌ ပေါ်ထွက်လာသည်။ ဒေလီယာက အလျင်အမြန်ပင် နောက်သို့ လှည့်ကြည့်လိုက်၏။ များပြားလှသော အနီရောင်အလင်းများက သူ၏ ပုခုံးကို ဖြတ်သန်း သွားခဲ့သည်။ ဟန်ချက်ပျက်သွားသော ဒေလီယာက လက်ကို မြှောက်လိုက်သည်။ အလွန်ကြီးမားသော အရာတစ်ခု ထွက်သွားပြီးနောက် အလင်းအရင်းအမြစ်ကို တိတိကျကျ ထိသွားကာ ဘုန်းခနဲ မီးပွင့်များ ထွက်လာခဲ့သည်။
သို့သော်လည်း သူက အနီရောင်အလင်းတစ်ခုကို မရှောင်တိမ်းနိုင်ခဲ့ပေ။ ဒေလီယာ၏ အမြင်နှင့် ခန္ဓာကိုယ်က ဆက်လက်တုန်ခါနေပြီး သူ၏ တုံ့ပြန်မှုက အလွန်အမင်း မြန်လှသည်။ သူက တောင်နံရံကို ကန်လိုက်ပြီး တိုက်ခိုက်မှုရှိရာသို့ ခုန်သွားလိုက်သည်။ ထိုအရာက တစ်မီတာကျော်မြင့်သော သတ္တုစက်လုံးတစ်လုံးဖြစ်ပြီး လေထဲ၌ ငြိမ်နေကာ အဘက်ဘက်၌ အနက်ရောင်ပြွန်များ ရှိနေ၏။
ဒေလီယာ၏ “လက်သီးများ”က မုန်တိုင်းတစ်ခုသဖွယ် တိုက်ခိုက်လိုက်ရာ သတ္တုစက်လုံးက ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။ သူက ပြိုင်ဖက်ကို ရှင်းလင်းပြီးနောက် မြန်နှုန်းမြင့် လှုပ်ရှားမှုအတွင်း “ကွက်လပ်”ခံစားချက် ပြန်ပေါ်လာကာ သူ့ကို စိတ်ရှုပ် သွားစေသည်။ ထိုမသက်မသာ ခံစားရမှုက ယခင်ထက် သိသိသာသာ တိုတောင်းနေသည်။ သတိပြန်ဝင်လာပြီးနောက် ဒေလီယာက “ခန္ဓာကိုယ်”ကို ထိန်းချုပ်ပြီး ရှေ့သို့ ဆက်လက် ပျံသန်းသွားလိုက်သည်။
အမည်းရောင်....
ထိုလောကက အရောင်စုံသော်လည်း အဲလစ်က မျက်လုံးထဲက အမည်းရောင်များကိုသာ မြင်သည်။ ထိုအရာက သလင်းကျောက်နက်ဒင်္ဂါးများ၏ အရောင် ဖြစ်၏။ သလင်းကျောက်နက် ဒင်္ဂါးများက လိုလီလေး၏ “နေရာလွတ်ပိုက်ဆံဘူး”ထဲသို့ ရေစီးနေသလို ဝင်ရောက်လာသည်။ ပိုက်ဆံဘူး အရေအတွက် များပြားလာသည်ကို ကြည့်နေရင်း လိုလီလေးက ပျော်ရွှင်စွာဖြင့် ပြုံးနေခဲ့သည်။
ထိုနေရာက သူ၏ ကိုယ်ပိုင် စားသောက်ဆိုင် ဖြစ်သည်။ သိပ်ပြီး မကြီးလှသော်လည်း သူ၏ လုံ့လဝီရိယရှိသော စီမံမှုအောက်တွင် ဧည့်သည်များက ဝင်မလာမစဲ ဖြစ်နေ၏။
ဆိုင်ရှင် ဖြစ်သည့်အလျောက် သူ့တွင် စရိုက် အမျိုးမျိုးရှိသော ဝန်ထမ်းများ ရှိကြသည်။ အချို့က ချက်ပြုတ်ရာ၌ ကျွမ်းကျင်၌ အချို့က ဝန်ဆောင်မှုပေးရာ၌ တော်သည်။ အချို့က သန့်ရှင်းရေးတော်၏။ အဲလစ်က သူတို့ကို သင့်တော်ရာ နေရာချပေးခဲ့သည်။ ထိုဝန်ထမ်းများက မပြီးပြည့်စုံကြသော်လည်း အလုပ်အတွေ့အကြုံ များလာသည်နှင့်အမျှ “အဆင့်”လည်း တိုးတက်လာ၏။ ခဏကြာတိုင်း တစ်ယောက်ယောက်က အလုပ်လာလျှောက်တတ်သည်။ ကံကောင်းလျှင် သူက အထူးစွမ်းရည် သို့မဟုတ် အလားအလာမြင့်မားသော လူတော်အချို့ကို အလုပ်ခန့်နိုင်လေသည်။
စျေးဝယ်သူများကလည်း ကိုင်တွယ်ရ လွယ်ကူသည် မဟုတ်ပေ။ သင့်တော်သော ဝန်ထမ်းရှိသော်လည်း အမှားများကိုတော့ မရှောင်လွှဲနိုင်ပေ။ စျေးဝယ်သူ လိုအပ်ချက်များက အမျိုးမျိုးရှိလေသည်။ သူက သေသေချာချာ လေ့လာကြည့်လျှင် မမျှော်လင့်ထားသော အကျိုးအမြတ်များ ရရှိနိုင်၏။ ဥပမာ သူက အဘွားအိုတစ်ယောက်အား ပစ္စည်းပျောက်တစ်ခု ရှာရာ၌ ကူညီပေးခဲ့ပြီး “အနောက်ရေကန်ငါးချဉ်”အတွက် လျို့ဝှက်ဟင်းချက်နည်း အသစ်တစ်ခု ရရှိခဲ့သည်။ စားဖိုမှူးက ထိုဟင်းပွဲ၌ ကျွမ်းကျင်သွားပြီးနောက် ဧည်သည့်များ ပိုမို ရောက်ရှိလာ ခဲ့သည်။ ထို့နောက် အနုတ်အသိမ်း မိုးထိုးသွားတော့သည်။ ထိုကဲ့သို့ စွန့်စားမှုကတော့ အကြွင်းမဲ့ မဟုတ်ပေ။ ယခင်တစ်ခေါက် သူကူညီခဲ့သော သူတောင်းစားက သူ့ဆီမှ သလင်းကျောက်နက် ဒင်္ဂါး၂၀ ခိုးသွားခဲ့၏?
စာရင်းကိုင်က သတင်းလာပို့သည်။ “ဆိုင်ရှင်။ ကျွန်မတို့ရဲ့ ဝက်ဗိုက်သားတွေနဲ့ ဟင်းခတ်တွေ ကုန်နေပြီ။ အဲဒါတွေ အားလုံးက ဝမ်ဆန်ရဲ့ အပြစ်တွေပဲ။ သူက မူးနေပြီးတော့ ပစ္စည်းတွေ သိုလှောင်ထားဖို့ မေ့နေတာ။”
“ဝမ်ဆန်ကို အခုချက်ချင်း သွားဝယ်ခိုင်းလိုက်။ ပုံမှန်ထက် ဆယ်ဆ ဖြစ်နေရင်တောင် ဝယ်လို့ပြောလိုက်။” လိုလီလေးက အမိန့်ပေးလိုက်ပြီး စိတ်ထဲ၌ စဉ်းစားနေသည်။ ဝမ်ဆန်ရဲ့ ‘ဂဏန်းသင်္ချာ’ ကျွမ်းကျင်မှုက တော်တော်လေး အသုံးဝင်တယ်။ ပြီးတော့ သူက စျေးနည်းနည်းနဲ့ ရအောင် စျေးဆစ်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ “အသောက်ကြီးတဲ့အကျင့်”ကြောင့် ပြဿနာတွေ လွယ်လွယ်နဲ့ လုပ်တတ်တယ်။ ဒီလထဲမှာ ဒီလိုဖြစ်တာ ပထမဆုံး မဟုတ်ဘူး။ နောက်လ လူသစ်တွေ လာလျှောက်ရန် အဝယ်အသစ်တစ်ယောက် ပြောင်းရမယ်။
လိုလီလေး၏ မျက်လုံးများက တဖြည်းဖြည်း လေးနက်သွားခဲ့သည်။ လကုန်တော့မယ်။ သလင်းကျောက်ဒင်္ဂါး သုံးသိန်းရမှဖြစ်မယ်။ မဟုတ်ရင် အရင်က ကြိုးစားခဲ့ထားတာတွေ အလကား ဖြစ်ကုန်မှာ။
ပူလောင်သော ရွှံ့နွံထဲက မကောင်းဆိုးဝါးများ၏ ပုံရိပ်များက ဆက်လက်၍ အရှင်းခံနေရပြီး ရိုမန်၏ ဓားများကလည်း ဝှေ့ရမ်းနေဆဲ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့က အရင်လောက် မမြန်ဆန်တော့ပေ။ ရှေ့မှ အကောင်ကြီးကြီး အရိပ်တစ်ခု တဖြည်းဖြည်း ထင်ရှားလာသည်။ ထိုအရာက မျက်လုံးနီနီနှင့် ယောက်ျားတစ်ယောက်ဖြစ်ပြီး လက်ထဲ၌ မဟာဓားတစ်လက် ကိုင်ထားသည်။
ရိုမန်က အပြင်းအထန် သတိထားသော အမူအရာ ပြသလိုက်သည်။ သူက ထိုလူထံမှ ယခင်မကောင်းဆိုးဝါးများထက် အလွန်အမင်း အန္တရာယ်ပိုများသော အငွေ့အသက်ကို အာရုံခံမိ နေခဲ့သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ထိုလူက ရိုမန်၏နောက်တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာပြီး ခုတ်ပိုင်းလိုက်၏။
ထိုခုတ်ပိုင်းမှု ရိုးရှင်းပြီး သန့်စင်လှပေသည်။
ငါ မခံနိုင်ဘူး။ ရိုမန်က စိတ်ထဲ၌ အေးစက်မှုတစ်ခု ခံစားလိုက်ရသည်။ သူက မယုံနိုင်စရာ အမြန်နှုန်းဖြင့် မီတာရာနှင့်ချီ အကာသို့ ရွှေ့သွားခဲ့သည်။ ထိုအရာက ဘယ်ဖီဂေါ တော်ဝင်မိသားစု သွေးမျိုးဆက်ပါရမီဖြစ်သော [ လျှပ်တပြက် ] ဖြစ်၏။ သူ၏ဘယ်မျက်လုံးက ရွှေရောင်အလင်း တစ်ခု ထွက်ပေါ်လာပြီး ထိုလူကို ပစ်လွှတ်လိုက်သည်။
ထိုလူက ရွှေရောင်အလင်းကိုပင် မကြည့်ခဲ့ပေ။ ထိုကဲ့သို့ ရိုးရှင်းပြီး သန့်စင်သော လှုပ်ရှားမှုကို မည်သည်မှ မတားဆီးနိုင်သကဲ့သို့ပင် ထိုဓား၏အဟုန်က ရဲရဲတင်းတင်း ရှိနေ၏။
မီတာရာနှင့်ချီအကွာမှ ရိုမန်၏ ခန္ဓာကိုယ်က ရုတ်တရက် နှစ်ပိုင်း ဖြစ်သွားခဲ့သည်။
သူက [ လျှပ်တပြက် ] ကို အသုံးပြုပြီး အပေါ်ယံ၌ ထိုဓားကို ရှောင်လိုက်သော်လည်း ထိုဓားထဲရှိ စည်းမျဉ်းကိုတော့ မရှောင်တိမ်းနိုင်ခဲ့ပေ။
ထို့ကြောင့် ရိုမန် သေဆုံးသွား၏။
ဒေလီယာလည်း ခြေကုန်လက်ပန်း ကျနေခဲ့သည်။ သူ၏ အမြင်ထဲ၌ အမျိုးမျိုးသော “အစိတ်အပိုင်းများ”က ပြိုလဲကျတော့မည် ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းမှုက အတော်လေး ပြင်းထန်လှပြီး [ နတ်မိစ္ဆာမျက်လုံး ] ကပင် စိတ်ဝိညာဉ်စွမ်းအား ဆုံးရှုံးမှုကို အမှီ မလိုက်နိုင်ပေ။
နောက်မှ သတ္တုရန်သူ၏ ခုတ်ပိုင်းမှုကို ရှောင်လိုက်ပြီးနောက် သူက ရှေ့မှ ငွေအလင်းဖြင့် ထိသွားခဲ့သည်။ အေးစက်သော မရဏရောင်ခြည်အောက်တွင် သူ့တစ်ကိုယ်လုံးက စတင်အေးခဲလာပြီး နောက်မှရန်သူက အခွင့်ကောင်းယူကို သူ့ကို ပုဆိန်နှင့် နှစ်ပိုင်း ပိုင်းလိုက်၏။
“ချီးပဲ...” ရိုမန်က မျက်လုံးဖွင့်လိုက်ပြီး ခေါင်းကိုအုပ်ထားသော သတ္တုခေါင်းစွပ်ကို ချွတ်လိုက်သည်။ “အဲဒီဘော့စ်ဆိုတဲ့ဟာကြီးက ရူးလွန်းတယ်။ ပိုဆိုးတာကတော့ သူက ယောက်ျားတစ်ယောက် ဖြစ်နေတာပဲ။ ယောက်ျားတစ်ယောက်ရဲ့ လက်ထဲမှာ ငါ တကယ် မသေချင်ဘူး။ ခေါင်းဆောင်က ဒါကို ကြာပွတ်နဲ့ မိန်းမလှတစ်ယောက်ပုံစံ ပြောင်းသင့်တယ်....”
“ဟားဟား...” လိုလီလေး၏ စိတ်လှုပ်ရှားနေသော အော်သံ ထွက်ပေါ်လာသည်။ “ငါ အဆင့်အောင်သွားပြီ။ ချန်စားသောက်ဆိုင်ရဲ့ ကြယ်တစ်ပွင့် တာဝန်တွေအကုန် ပြီးသွားပြီ။ အောက်မှာ အဆင့်တွေ ထပ်ရှိသေးလား။”
“ဟမ့်။ အဲဒီကောင်ရဲ့ အကျင့်အတိုင်းဆိုရင် သူ့ရဲ့ အောက်ပိုင်းမှာ မရှိမှာ သေချာတယ်။”
လိုလီလေးက ခေါင်းစွပ်ကို ချွတ်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ “အောက်ပိုင်းမှာ မရှိဘူးဆိုတာက ဘာကို ပြောတာလဲ။ နားမလည်ဘူး။”
“အောက်ပိုင်းမှာ မရှိဘူးဆိုတာက....” ရိုမန်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ သူ စကားပြော မပြီးသေးခင်မှာပင် သူ့၏နောက်ဘက်၌ ဆူးချွန်များကို ခံစားလိုက်ရသည်။ နောက်လှည့် ကြည့်လိုက်ရာ သူ့ကို ဒေလီယာက မလှမ်းမကမ်းမှ ကြည့်နေကြောင်း မြင်လိုက်ရသည်။ ထိုသူက အေးစက်စက်နှင့် ချွေးများထွက်သွားပြီး ချက်ချင်းပင် စကားပြောင်းလိုက်သည်။ “အဲဒါက နောက်ထပ် အဆင့်တွေ မရှိတော့ဘူးလို့ ပြောချင်တာပါ။”
“မင်းတို့ ဘာတွေ ပြောနေတာလဲ။” ချန်လွေ့က အခန်းထဲသို့ လျှောက်လာသည်။
“အစ်ကို....” လိုလီလေးက ချက်ချင်းပင် ခုန်ထလာပြီး ချန်လွေ့၏ လက်မောင်းကို တရင်းတနှီး ကိုင်ကာ ရိုမန်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။ “အစ်ကို။ အဲဒီ မကောင်းတဲ့ ရိုမန်က ခုနက အစ်ကို့ကို ယောက်ျားမဟုတ်ဘူးလို့ ကျိန်ဆဲလိုက်တယ်။”
ဘေးဖက်မှ ဆရာသခင် ရိုမန်က မျက်ရည်နှင့်မျက်ခွက် ဖြစ်သွားခဲ့ရသည်။ မစ်-မင်းသမီးလေး။ မင်း နားမလည်ဘူးလို့ ထင်ထားတာလေ။
“သူက သေချာပေါက် မနာလို ဖြစ်နေတာပါ။ ဒီလိုလူမျိုးကို စာနာသနားသင့်တယ်။” ချန်လွေ့က လိုလီလေးကို ခေါင်းပုတ်လိုက်ပြီး ရိုမန်ကို ချောင်းဟန့်လိုက်သည်။ “ရိုမန်လေး။ မင်းက မရင့်ကျက်သေးဘူး။ တစ်ရက်ရက် မင်းအတွက် အားဖြည့်ဖို့ ငါ ရင်းနီကို ဝက်ဦးနှောက် စွပ်ပြုတ် ချက်ခိုင်းလိုက်မယ်။”
ရိုမန်လေးတဲ့လား။ ဆရာသခင် ရိုမန်ကအံကြိတ်လိုက်ပြီး “မင်းအစ်မသေးသေးလေး”ဟု ပြောမိလုမတတ် ဖြစ်သွားသော်လည်း သူ့တွင် အယ်ဒီလိုင်းနှင့် အလွယ်တကူ အာခံ၍မရနိုင်သော မင်းသမီးလေးကဲ့သို့ ညီမလေးများ ရှိနေသည်။ ထို့ပြင် သူက တူဖြစ်သူ၏ ခေါင်းကို တက်နင်းပြီး ရင်းနီအကြောင်းပြောကာ ဟားတိုက်နိုင်လေသည်။ ထို့ကြောင့် ဆရာသခင် ရိုမန်က မကြားချင်ယောင် ဆောင်လိုက်ရသည်။
ထိုအရာက ချန်လွေ့ကို ပို၍ပင် အထင်သေးသွားစေသည်။ ဒီအမူအရာက အတု ဖြစ်လွန်းတယ်။ ဇိုလာထက် အများကြီး ပိုဆိုးတယ်။
“ခေါင်းဆောင်...” ဒေလီယာက ပြောသည်။ “ကျွန်မ ခုနက စမ်းကြည့်တဲ့ လေ့ကျင့်ရေး စနစ်က မယုံနိုင်စရာကောင်းတာပဲ။ အဲဒါက စိတ်ဝိညာဉ်စွမ်းအားလည်း လေ့ကျင့်လို့ ရသလို ပုံရိပ်ယောင်နဲ့လည်း လေ့ကျင့်လို့ရတယ်။ လေ့ကျင့်ရေး ပြီးသွားမယ်ဆိုရင် အဲဒီလိုမျိုး စုစည်းရုပ်သေးမျိုးကို ထိန်းချုပ်နိုင်မှာလား။”
“ဖြစ်နိုင်လောက်တယ်။” ချန်လွေ့က ခေါင်းညိတ်ပြသည်။ “မင်းက ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ စုစည်းရုပ်သေး ပုံရိပ်ယောင် လေ့ကျင့်ရေးသင်တန်းကို စမ်းကြည့်ခဲ့တာ။ ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ ရှေးလူမျိုးတွေ ကိုယ်တိုင်ကတော့ သိပ်ပြီး စွမ်းအားမကြီးဘူး။ ဒါပေမဲ့ စုစည်းရုပ်သေးက အနည်းဆုံးတော့ နတ်ဆိုးဧကရာဇ်အဆင့် တိုက်ခိုက်စွမ်းအား ပေးနိုင်တယ်။ ဒီအပိုင်းမှာ မင်းရဲ့ပါရမီက တော်တော်လေး မြင့်မားတယ်။ ပြီးတော့ မင်းက အခြေခံသင်တန်းကို ပြီးမြောက်သွားပြီ။ ဒါက အတော်လေး အထင်ကြီးစရာပဲ။ မင်းရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ဆိုရင် စုစည်းရုပ်သေးရဲ့စွမ်းအားကို ပြည့်ပြည့်စုံစုံ ထိန်းချုပ်နိုင်တာနဲ့ တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ကို တက်ရောက်နိုင်လောက်တယ်။ ဒါပေမဲ့ ဒီလိုမျိုးစွမ်းအား ထိန်းချုပ်ဖို့က စိတ်ဝိညာဉ်စွမ်းအား ပိုမြင့်ဖို့ လိုအပ်တယ်။ မင်းက လူသစ်ဆိုရင်တော့ တကယ့် တိုက်ခိုက်ရေး လေ့ကျင့်မှုအတွက် သိပ်ပြီး စိုးရိမ်နေစရာ မလိုဘူး။ အရင်ဆုံး ဘာမှမလုပ်ခင် အခြေခိုင်အောင် လုပ်ထား။”
ဒေလီယာ၏စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း ဖြစ်သည်။ ချန်လွေ့ စကားကို ကြားသည့်အခါ သူ၏မျက်လုံးများ အရောင်တောက်သွား၏။ “သိပါပြီ။ ခေါင်းဆောင်။”
“အစ်ကို။ ကျွန်မက စားသောက်ဆိုင်ရဲ့ ကြယ်တစ်ပွင့် တာဝန်တွေကို ပြီးသွားပြီ။” လိုလီလေးက အလျင်အမြန်ပင် သူ၏ အောင်မြင်မှုများကို ပြသလိုက်သည်။ “ဒါက မယုံနိုင်စရာ မကောင်းဘူးလား။”
ချန်လွေ့က ပြုံးပြီး ပြောလိုက်သည်။ “ဒါပေါ့။ ငါတို့ အဲလစ်က အကောင်းဆုံးပဲ။ ကြယ်တစ်ပွင့် တာဝန်တွေပြီးရင် နှစ်ပွင့်၊ သုံးပွင့်နဲ့ ငါးပွင့်တွေ ရှိတယ်။ ဒါပေမဲ့ သလင်းကျောက် ဇာမဏီက ပြစ်ချက်တွေကို ရှင်းလင်းနေတုန်းပဲ။ ပြီးသွားရင် ဆက်စကားလို့ ရပြီ။”
“ဆာ-ခေါင်းဆောင်။ အဲ...မဟုတ်ဘူး။ ဆာ-ဦးလေး။” ထိုသူက ရိုမန်ကလွဲပြီး မည်သူ ဖြစ်နိုင်မည်နည်း။ “ဒီလိုမျိုး သေတဲ့အထိ တိုက်ခိုက်ရတဲ့ ပုံရိပ်ရောင် လေ့ကျင့်ရေးကို တော်တော်လေး သဘောကျတယ်။ ဒီမှာ ဆက်ပြီးတော့ ကစားလို့ရလား။”
“တကယ်တော့ ဒီလေ့ကျင့်ရေးဂိမ်းက စမ်းသပ်ချက် တစ်ခုကို အခြေခံထားတာ။ အကြောင်းရင်းတချို့ကြောင့် ငါက ပုံပြောင်းခဲ့တာ။” ရိုမန်က ချန်လွေ့၏ ရှင်းပြချက်ကို နားမလည်ပေ။ သို့သော်လည်း နောက်ထပ်ပြောသည့်စကားကို သဘောပေါက်လိုက်၏။ “ပုံရိပ်ရောင် လေ့ကျင့်ရေးကို ပိုထိရောက်ဖို့အတွက် တကယ့်တိုက်ခိုက်ရေးနဲ့ ပေါင်းစပ်သင့်တယ်။ ငါ ဒိုဒိုကို လာခိုင်းပြီးတော့ နောက်ကျ မင်းနဲ့ တိုက်ခိုက်ခိုင်းမယ်။”
ချွဲကျိကောင်အကြောင်း ပြောလိုက်သည်နှင့် ဆရာသခင် ရိုမန်က ရုတ်တရက် ငိုက်စိုက်ကျသွားခဲ့သည်။ ယခုတွင် သူက ဒိုဒို ဖျက်ဆီးတော့မည့် ဟင်းတစ်ပွဲ ဖြစ်သွားလေပြီ။
“ခေါင်းဆောင်။ ရှင့်ရဲ့စိတ်ကို ကျွန်မ စိတ်ကူးကြည့်လို့တောင် မရဘူး။” ဒေလီယာက အမှန်တကယ် လေးစားအားကျသော အမူအရာတစ်ခု ပြသလိုက်သည်။ “အဲဒီ ပုံရိပ်ယောင်...အဲ... ဂိမ်းတွေကို ဘယ်လို လုပ်ခဲ့တာလဲ။”
“ရှေးအဂ္ဂိရတ်အဖွဲ့အစည်း၏ အမွေအနှစ်နဲ့ အခြားလောကရဲ့ အသိပညာရယ်.....ဦးနှောက် နည်းနည်းရယ် သုံးလိုက်ရတာပေါ့။” ချန်လွေ့က ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။ “ငါက နတ်ဆိုးဘုံမှာ ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ အသက်သလင်းကျောက်ကို တတ်ကျွမ်းတဲ့ တစ်ဦးတည်းသောသူ ဖြစ်လောက်တယ်။ အဲဒါကြောင့် ငါ့ရဲ့ ဖန်တီးမှုတွေက ပိုပြီးတော့တောင် ထူးခြားသင့်တယ်။ ဒါက ကြယ်ကြွေတမန်အင်ပါယာရဲ့ ယန္တရားအစည်းအရုံး၊ အရိပ်နက် အင်ပါယာက ရှေးမှော်မျှော်စင်နဲ့ သွေးရောင်အင်ပါယာက စာအုပ်ပေါင်းချုပ်ခန်းမကိုတောင် ယှဉ်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာနိုင်တယ်။ တကယ်တော့ အဂ္ဂိရတ်ပညာက အပေါ်ယံထက် ဘာမှမပိုဘူး။ သူ့ရဲ့ လွှမ်းမိုးမှုက ဒါထက် အများကြီး ပိုတယ်။ ဒါကြောင့် လောကကြီး တစ်ခုလုံးက ပြောင်းလဲသွားနိုင်လောက်တယ်။”