← Chapters

ယွီပင်း : ချန်ကျိုစစ် ငါမင်းကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_၃

Vol. 11 Ch. 140

ယွီပင်း : ချန်ကျိုစစ် ငါမင်းကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_၃

Vol. 11 Ch. 140

“သွေးအားဖြည့်ဆေးရည်တစ်ခွက်က ခက်ခဲပင်ပန်းလှတဲ့ ဆယ်နှစ်စာ ကျင့်ကြံမှုပဲ”

ဆေး၏အာနိသင်သည် ထင်ရှားမြင်သာ၏။ သို့သော် နောက်ထပ် အရေးကြီးသည့်အချက်မှာ အထုံပါရမီဖြစ်သည်။

တစ်ခါတရံတွင် အထုံပါရမီသည် အခြေခံကန့်သတ်ချက်ကို ဆုံးဖြတ်ပေးနိုင်သည်။ တူညီသော ဆေးကို သုံးစွဲလျှင်သော်မှ ပါရမီရှင်သည် သာမန်ကျင့်ကြံသူထက် ဆေးအာနိသင်ကို ပို၍အကျိုးရှိစွာ စုပ်ယူနိုင်ပေသည်။

နောက်ထပ် အရေးကြီးသည့်အချက်မှာ ကျင့်ကြံသည့် ကျင့်စဉ်ဖြစ်သည်။

အားကောင်းသည့် ကျင့်စဉ်သည် ကြီးမားသော တိုးတက်မှုများကို ယူဆောင်ပေးနိုင်သည်။ ဥပမာ ဘိုးဘေးကြီးလက်သီးသိုင်းနှင့် ရေထိန်းချုပ်လက်ဝါးသိုင်းတို့၏ ကွာခြားချက်ကဲ့သို့ ဖြစ်သည်။

ဘိုးဘေးကြီးလက်သီးသိုင်းကို ဆယ်ရက်လေ့ကျင့်မှုသည် ရေထိန်းချုပ်လက်ဝါးသိုင်း၏ တစ်ရက်လေ့ကျင့်မှုထက် သာလွန်နိုင်လိမ့်မည် မဟုတ်ပေ။

…

ထို့ကြောင့် ချန်ကျဲ့သည် ကျင့်ကြံရေးတွင် အရေးပါသည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်ဟု အကျဉ်းချုပ်လိုက်၏။ ဆေးဝါး၊ ကျင့်စဉ်၊ ပါရမီဟူ၍ ဖြစ်သည်။

ကံဆိုးစွာဖြင့် ကျင့်ကြံဆင့်တိုးတက်စေနိုင်သော ဆေးဝါးများသည် အထူးတလည်ဖြစ်သော သာမန်ငွေကြေးများဖြင့် မဝယ်ယူနိုင်သော ကောင်းကင်ရတနာ၊ မြေရတနာများ လိုအပ်လေသည်။

၎င်းတို့ကိုရရှိနိုင်ရန်မှာ အခွင့်အရေးလိုအပ်၏။

နံပါတ်နှစ်အချက်အလက်ထဲတွင် မှောင်ခိုဈေးကွက်လည်း ပါဝင်နေသည်။

ဒီမှောင်ခိုဈေးကွက်‌ဆိုတာ ဘာကြီးလဲ။ ငါဘာလို့ အရင်က မကြားဖူးရတာလဲ။

ကြည့်ရတာ ငါ ဦးလေးကျုံး ဒါမှမဟုတ် အစ်ကိုဟုန်နဲ့အတူ ဒီအကြောင်း စုံစမ်းဖို့ အချိန်ယူဦးမှပဲ။

ဒီမှောင်ခိုဈေးကွက်က မရိုးရှင်းဘူးလို့ ခံစားနေရတယ်။

နံပါတ်သုံးအချက်အလက်ကတော့ ဘာကြောင့်မှန်းမသိပေမဲ့ ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရွေးချယ်ပွဲကို ကုန်သည်အဖွဲ့နှစ်ဖွဲ့စလုံးက အတော်လေး တန်ဖိုးထားကြတယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်တွေတောင်မှ ဒီအကြောင်းကို ကိုယ်တိုင်‌ စုံစမ်းမေးမြန်းခဲ့တယ်တဲ့လေ။

တစ်ခွန်းလောက်လေး မေးမြန်းတာဆိုရင်တောင်မှ ပါဝင်ပတ်သက်မှုအားလုံးကို ထည့်တွက်လိုက်တဲ့အခါကျ မတူညီကြဘူး။

သို့သော် ချန်ကျဲ့သည် အတွင်းရေး အသေးစိတ်အချက်အလက်များကို နားမလည်သောကြောင့် အကျိုးအကြောင်းကို မခန့်မှန်းနိုင်ပေ။ သို့သော် လာမည့်ပြိုင်ပွဲသည် အလွန်တရာအရေးကြီးပြီး အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်ကြီးများ၏အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပို၍သေချာသွားခဲ့သည်။

ဤသည်မှာ အထက်သို့တက်လှမ်းရန် အခွင့်အရေးတစ်ခုဖြစ်နိုင်ပေသည်။

ထို့နောက် နောက်ဆုံးအချက်အလက်သည် သွေးအားဖြည့်ဆေးရည်နှင့် သက်ဆိုင်သည်။ အချက်အလက်တွင် ပြောထားသည်မှာ များများစားစား တိုးတက်ရန်မရှိဟူ၍ပင်။

သို့‌သော် အချက်အလက်သည် ဆေးကျိုချက်ရာတွင် အထူးတလည်ပြုလုပ်ထားသော ကြွေအိုးအစား သံအိုးကို ပြောင်းလဲအသုံးပြုရန် အကြံပြုထားခဲ့သည်။ ဒါပေမဲ့ အဲဒါကရော ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိနိုင်ပါ့မလဲ။

အချက်အလက်မှ ထိုသို့ပြောထားသည်ဖြစ်ရာ အကြောင်းပြချက်ကောင်း ရှိပေလိမ့်မည်။ သို့ဖြစ်ရာ အချက်အလက်မှ ပြောသည့်အတိုင်း ပြောင်းလဲလုပ်ဆောင်သင့်ပေသည်။

ချန်ကျဲ့သည် ၎င်းတွင်ပါဝင်သည့် ဆေးပညာသီအိုရီများကို နားမလည်သော်ငြား မျက်မှောက်ခေတ်၏ ဆေးပညာသီအိုရီများဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သော် သံအိုးများတွင် သံအိုင်ယွန်များ ပါဝင်သည်။ ၎င်းသည် ဟေမိုဂလိုဘင် ( သွေးဆဲလ်)များ ဖွဲ့စည်းတည်ဆောက်ရာ၌ အရေးပါသော ပါဝင်ပစ္စည်းဖြစ်ပေသည်။

မျက်မှောက်ခေတ်ကာလ၌ သွေးအားနည်းရောဂါရှိသူများသည် ရောဂါအခြေအနေကို ကုသရန်အတွက် သံဓာတ်အားဖြည့်ဆေးများကို သောက်သုံးရသည်။

ထိုသီအိုရီအတိုင်း ဆုံးဖြတ်သော် ဆေးကို သံအိုးဖြင့်ကျိုခြင်းနှင့် ကြွေအိုးဖြင့်ကျိုခြင်းသည် အမှန်တကယ် ကွာခြားသည်။

ချန်ကျဲ့သည် သွေးအားဖြည့်ဆေးရည် စတင်ကျိုချက်ရန်အတွက် အသင့်ပြင်ဆင်သည်။

သို့သော် သွေးအားဖြည့်ဆေးရည်သည် ကြီးမားသည့် သံအိုးကြီးလိုအပ်သည်။ ထို့ကြောင့် ချန်ကျဲ့သည် မီးဖိုချောင်သို့ ဦးတည်သွားကြသည်။

ခဲ့သည်။

ချန်ကျဲ့ မီးဖိုချောင်ထဲသို့ဝင်သွားပြီး မကြာမီ၌ စူးယွင်ကျင်းလည်း လိုက်သွားခဲ့သည်။

“ယောကျ်ား ဗိုက်ဆာနေပြီလား။ ကျွန်မ အောက်မှာ ရှင်စားဖို့ တစ်ခုခုလုပ်ပေးမယ်…”

“အမ်?”

ချန်ကျဲ့သည် စောင်းချိတ်ပြောသည့်စကားဖြစ်သော ထိုစကားကိုကြားပြီးနောက် အမှန်တကယ် ဤသို့ပြောချလိုပေသည်။

“ယောကျ်ားလည်း မင်းကို အောက်မှာ စားချင်ပါတယ်”

သို့သော် ဤသည်မှာ အချိန်မဟုတ်သေးပေ။

ထို့ကြောင့် ချန်ကျဲ့သည် သံအိုးဖြင့် ဆေးကျိုမည့်အကြောင်း ရှင်းပြခဲ့သည်။

စူးယွင်ကျင်း ချက်ချင်းပြော၏။

“ဒါဆို ကျွန်မ ယောက်ျားအတွက် မီးမွှေးပေးပါရစေ”

“အမ်း”

ချန်ကျဲ့သည်လည်း အရာအားလုံးကို တစ်ယောက်တည်း မစီမံနိုင်သည်မှာ အမှန်ဖြစ်၏။ ထို့ပြင် ပိုင်မိသားစုဝင်များကိုလည်း သူ မနှောင့်ယှက်လိုပေ။

သူတို့နှစ်ဦး မီးမွှေးလိုက်သည်နှင့် သမားတော်ပိုင် နိုးလာခဲ့သည်။ ထိုအချိန်တွင် ချန်ကျဲ့သည် နွားဦးချိုငါးကို သန့်စင်ထားပြီးဖြစ်သည်။ ငါး၏နှလုံးမှလွဲ၍ အစိတ်အပိုင်းအားလုံးကို သန့်ရှင်းထားပြီး သံအိုးထဲသို့ ထည့်ထားပြီးလေပြီ။ ငါးနှလုံးကိုတော့ ချန်ကျဲ့သည် ကြွေအိုးထဲတွင် ပွေးကိုင်းစေ့၊ ရွှေနွယ်ပင်တို့ကိုပါ ပေါင်းထည့်၍ အသည်းအားဖြည့်ဆေးနှင့် ချီစွမ်းအင်ထိန်းဆေးရည်ကို ကျိုထားခဲ့သည်။

ဆေးပင်များအားလုံးကို အိုးထဲသို့ ထည့်ပြီးသည်နှင့်တစ်ပြိုင်နက် သမားတော်ပိုင် ရောက်ရှိလာ၏။

ချန်ကျဲ့ သွေးအားဖြည့်ဆေးရည်ကို သံအိုးထဲတွင် ကျိုချက်နေသည်ကို မြင်သောအခါ သမားတော်ပိုင်သည် အနည်းငယ် တွေဝေသွားခဲ့သည်။

“ကျိုစစ် မင်းဘာလုပ်နေတာလဲ”

“သွေးအားဖြည့်ဆေးရည်ကို ဘယ်လိုလုပ်ပြီး သံအိုးနဲ့ ကျိုနေတာလဲ။ မင်း ဒါ ပေါက်ကရတွေ လုပ်နေတာ မဟုတ်ဘူးလား”

သမားတော်ပိုင်မှ မျက်မှောင်ကြုတ်လျက်ပြောသည်။ ဆေးကျမ်းများတွင် ဆေးကျိုရာ၌ ကြွေအိုးကို အသုံးပြုရမည်ဟု ဖော်ပြထား၏။ ၎င်းတွင် ဆေး၏ဂုဏ်သတ္တိများကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သည့် ခရမ်းရောင်သဲကြွေအိုးများသည် အကောင်းဆုံးဖြစ်သည်။

သံအိုးများသည် ဆေး၏ ယင်နှင့်ယန် ဟန်ချက်ညီမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် အသုံးပြုခွင့်မရှိပေ။ ထို့ပြင် အကျိုးသက်ရောက်မှုကိုလည်း လျော့နည်းသွားစေနိုင်သည်။ ပြင်းထန်သည့်အခြေအနေများတွင် အဆိပ်ပင် သင့်စေနိုင်လေသည်။

ဥပမာဆိုရသော် ပဉ္စကာနီသီးနှင့် တလဲသီးခွံတို့ကို သံအိုးဖြင့်‌ ဆေးကျိုခြင်းသည် ၎င်းတို့၏ အကျိုးအာနိသင်ကို ပျက်ပြားစေနိုင်ပြီး အဆိပ်ပင် သင့်စေနိုင်သည်။

ချန်ကျဲ့လည်း ထိုနိယာမကို နားလည်ပါ၏။ မျက်မှောက်ခေတ်၏ သိပ္ပံနည်းကျ သက်သေသာဓကများ၌ သံအိုးများသည် သံဓာတ်ကြွယ်ဝပြီး ပဉ္စကာနီသီးနှင့် တလဲသီးခွံများသည် ဖန်ချုပ်ဆေးအဖြစ် အသုံးပြနိုင်သည့် အော်ဂဲနစ်ဓာတ်ပေါင်းတစ်မျိုး ပါဝင်သည်။ သို့ဖြင့် ဓာတုဗေဒနည်းအရ အော်ဂဲနစ်သံဓာတ်ပေါင်းတစ်မျိုးအဖြစ် အပြန်အလှန် ဓာတ်ပြုသွားပြီး ဆေးအာနိသင်များကို သိသိသာသာ ပျောက်ဆုံးသွားစေနိုင်သည်။

သို့သော် စနစ်မှ သံအိုးကို အသုံးပြုရန် အကြုံပြုထားခဲ့ရာ အကြောင်းပြချက် ရှိပေလိမ့်မည်။

အကြိမ်ပေါင်းများစွာ အတည်ပြုခဲ့ဖူးသည့် အတွေ့အကြုံများအရ စနစ်သည် ဘယ်သောအခါမှ မမှားယွင်းခဲ့ဖူးပေ။

ချန်ကျဲ့သည် မျက်မှောင်ကြုတ်နေသော သမားတော်ပိုင်ကို ကြည့်နေသည်။ သူ၏”အမှား”သည် သမားတော်ပိုင်၏အမြင်တွင် အလွန်ပြင်းထန်ကြောင်းကို ချန်ကျဲ့ သိပါ၏။ မိမိဘက်မှ ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်တစ်ခု မပေးနိုင်လျှင် ဒီတိုင်းကျော်သွားရန် လွယ်ကူ‌လိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့ အချိန်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဆရာ တကယ်တော့ ကျွန်တော် အရင်က ကျွန်တော့်အဖိုးရဲ့ ဆေးကျမ်းစာအုပ်ထဲမှာ သွေးအားဖြည့်ဆေးရည်နဲ့ ဆင်တူတဲ့ ဆေးညွှန်းတစ်ခုကို မြင်ဖူးတယ်။ အဲဒီစာအုပ်ထဲမှာ ‘သံဓာတ်သွေးအားဖြည့်စွက်ခြင်း သီအိုရီ’ဆိုပြီး အခန်းတစ်ခန်းပါတယ်”

“သံဓာတ်သွေးအားဖြည့်စွက်ခြင်းလား”

သမားတော်ပိုင်သည် မျက်မှောင်ကြုတ်ထားမြဲပင်။ သူသည် ၎င်းကို သိပ်ပြီး လက်မခံချင်ပေ။ သို့သော် ချန်ယုံဝမ်၏ဆေးပညာ အရည်အချင်းကိုမူ အသိအမှတ်ပြု၏။ သူ၏အသက်မွေးဝမ်းကြောင့် အထွတ်အထိပ်အချိန်၌ ချန်ယုံဝမ်သည် ဆေးပညာအရည်အချင်းဖြင့် သူ့ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။ ၎င်းသည် သာမန်လူများ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပါချေ။

ချန်ကျဲ့သည် ဇာတ်လမ်းတစ်ပုဒ် စတင်ဖန်တီးတော့သည်။

“သံဓာတ်သွေးအားဖြည့်စွက်ခြင်းက ကျွန်တော့်အဖိုး ရှာဖွေတွေ့ရှိခဲ့တဲ့ သဘောတရားတစ်ခုပါ။ အဲဒီမှာ သံဓာတ်က ယန်ဓာတ်ကို ထုတ်လုပ်ပြီး ချီစွမ်းအင်နဲ့သွေးကို ယန်ဓာတ်နဲ့ ပြန်လည်အားဖြည့်တယ်လို့ အကြံပြုရေးသားထားတယ်။ သံအိုးနဲ့ ကျိုချက်တာက သံဓာတ်စွမ်းအင်ကို အလျှံပယ်ဖြစ်စေဖို့ သေချာစေနိုင်တာကြောင့် ချီစွမ်းအင်နဲ့သွေးကို အားဖြည့်ပေးနိုင်ပါတယ်တဲ့”

“အဲဒါကြောင့် အဖိုးရဲ့ သွေးအားဖြည့်ဆေးညွှန်းမှာ သံအိုးကို အသုံးပြုခြင်းက အံ့ချီးဖွယ်ကောင်းတဲ့ အကျိုးအာနိသင်ကို ရရှိစေတယ်လို့ အလေးပေးဖော်ပြထားပါတယ်”

“ကျွန်တော် တွေးလိုက်တာ၊ အဖိုးက ကျွန်တော့်ကို လိမ်ပြောခဲ့မှာ မဟုတ်လောက်ဘူးလို့လေ။ အဲဒါကြောင့် ကျွန်တော် အဲဒီနည်းအတိုင်း စမ်းကြည့်လိုက်တာပါ။ ကျေးဇူးပြုပြီး ဆရာ့အနေနဲ့ မသင့်တော်ဘူးထင်ရင် ကျွန်တော့်ကို အပြစ်ပေးပါ”

ထိုအခါ သမားတော်ပိုင်၏ မျက်ခုံးများမှာ ပို၍နက်ရှိုင်းစွာ တွန့်ချိုးသွားခဲ့သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလာသည်။

“ကျိုစစ် မင်းအဖိုးရဲ့ ဆေးညွှန်းက တကယ် အသုံးဝင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဆေးညွှန်းအပေါ်မှာ မှီခိုပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ကြိုးစားတယ်ဆိုတာက အရမ်းလေးနက်တဲ့ကိစ္စကြီးလေကွာ”

All Chapters