← Chapters

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့ပညာတွေကို မျှဝေပေးပါဦး_၂

Vol. 11 Ch. 145

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့ပညာတွေကို မျှဝေပေးပါဦး_၂

Vol. 11 Ch. 145

လုပ်ငန်းစဉ်တစ်ခုလုံးသည် အလွန်တရာ အံဝင်ခွင်ကျ ဖြစ်နေသည်။

အောက်ဘက်‌နေရာရှိ ကုန်သည်အဖွဲ့သားများ၏ မျက်လုံးများသည် အားကျမှုများဖြင့် တောက်ပနေကြကာ တွေးတောနေကြသည်။

“အဲဒါကမှ တကယ့် အဆင့်အတန်းမြင့်ပုဂ္ဂိုလ် အစစ်အမှန်ပဲပေါ့။ ငါရော ဘယ်အချိန်မှ အဲဒီနေရာမှာထိုင်နိုင်ပြီး လက်အောက်ငယ်သားတွေရဲ့ အားပေချီးမြှောက်မှုကို ခံရမှာများလဲ”

ခေါင်းဆောင်ဟောင်း စွင်းပုအာသည် အကြီးအကဲသုံးဦး ထိုင်နေသည်ကို ကြည့်လိုက်သည်။

စွင်းပုအာမှ ချက်ချင်း စတင်ပြောသည်။

“ကောင်းပြီ၊ စကားအပိုတွေပြောမနေဘဲ ဒီနေ့ပြိုင်ပွဲကို စလိုက်ကြရအောင်။ ခန်းမအရှင်သခင်ကုနဲ့ ခန်းမအရှင်သခင်ဖန်းတို့နှစ်ဦး ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဒီနေ့ပြိုင်ပွဲစည်းမျဉ်းကို စိန်ခေါ်ပြိုင်ပွဲအဖြစ် ပြောင်းလဲလိုက်တယ်”

“ကုန်သည်အဖွဲ့တစ်ဖွဲ့ကနေ အဖွဲ့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် လူ‌တစ်ယောက်စေလွှတ်ပြီး တခြားကုန်သည်အဖွဲ့ကတော့ စိန်ခေါ်သူတွေကို တစ်ကြိမ်မှာတစ်ယောက်စေလွှတ်ရမယ်။ အနိုင်ရတဲ့သူက စိန်ခေါ်သူဖြစ်လာပြီး ပြိုင်ဘက်အဖွဲ့က နောက်ထပ် စိန်ခေါ်ရဲတဲ့သူ မရှိတော့တဲ့အထိ ဆက်ပြီးတိုက်ခိုက်ရမယ်”

…

ထိုအကြောင်းအရာကို ကြားလိုက်သောအခါ ကုန်သည်အဖွဲ့သားများသည် ပြိုင်ပွဲစည်းမျဉ်းမှာ ထိုသို့ပြောင်းလဲသွားမည်ဟု မျှော်လင့်မထားသဖြင့် အံ့အားသင့်သွားကြသည်။

အရင်က ဦးစီးမှူးများသာလျှင် ပြိုင်ပွဲကွင်းထဲသို့ ဝင်ရောက်တိုက်ခိုက်လေ့ရှိပေသည်။

သို့သော် ယနေ့တွင်တော့ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသော စိန်ခေါ်ပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသို့တွေးတောရင်းဖြင့် စွင်းပုအာမှ ပြောသည်။

“ကျေးဇူးပြုပြီး နှစ်ဖက်အဖွဲ့က ဒီပွဲစဉ်အတွက် ပထမဆုံးပြိုင်ပွဲတွေကို စင်ပေါ်ကို စေလွှတ်ပေးပါ”

ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့မှ အဖွဲ့သားတစ်ယောက်သည် ရုတ်ရက်ထရပ်လိုက်ပြီး စင်ပေါ်သို့ လွှားခနဲခုန်တက်သွားသည်။ ထို့နောက် လက်ယှက်အရိုအသေပြုပြီး ပြော၏။ “ငါးဖမ်းကုန်သည်အဖွဲ့က လီစန်းတင်းပါ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပြ‌သပေးပါဦး”

လီစန်းတင်းသည် အချက်ပြစကားကိုကြားလိုက်သည်နှင့် ယှဉ်ပြိုင်လိုစိတ်ပြင်းပြလာပြီး စင်ပေါ်သို့ ခုန်တက်ရန် မစောင့်‌နိုင်တော့ချေ။

ချန်ကျဲ့နှင့် ဝူကျုံးသည် ဘာစကားမျှမဆိုဘဲ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ယခုအခါ ချောင်ကုန်သည်အဖွဲ့၏ အလှည့်သို့ ရောက်ရှိလေပြီ။ ယွီပင်းသည် ရှေ့ပြေးချီတက်ရန် ရည်ရွယ်၍ ခြေလှမ်းလှမ်းလိုက်သော်ငြား ဦးစီးမှုး၏ ဟန့်တားခံလိုက်ရသည်။ ထိုဦးစီးမှူးမှ ပြော၏။

“သခင်ကြီး ကျုပ်ကို ပြိုင်ပွဲဝင်ခွင့်ပေးပါ”

ယွီပင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ဦးစီးမှူးမှ ပြောသည်။

“သူတို့ဘက်က သင်္ဘောခေါင်းဆောင်၂ကို လွှတ်လိုက်တယ်ဆိုမှတော့ ကျွန်တော်တို့ဘက်က ဦးစီးမှူးက သွားသင့်တာပေါ့။ မဟုတ်ရင် ကျုပ်တို့ကို သေးနုပ်သလို ထင်မြင်ကုန်ကြလိမ့်မယ်။ ပြီးတော့လည်း သူတို့ဘက်က ကျုပ်တို့ကို တိုက်ခိုက်ဖို့ လှည့်ဖျားတဲ့နည်းလမ်းကို သုံးမှာလည်း စိုးရိမ်မိတယ်”

ထိုအခါ ယွီပင်းသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ၊ ဒါပေမဲ့ ဂရုစိုက်ပါ။ လီစန်းတင်းက အတော်လေး စွမ်းဆောင်ရည်ရှိတဲ့သူပဲ”

ဦးစီးမှူးမှ ရယ်မောလိုက်သည်။

“သခင်ကြီး မေ့နေပြီလား။ ကျုပ်က အရင်တုန်းက ချောင်ကုန်သည်အဖွဲ့ ရွေ့ကျင်းခန်းမရဲ့ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တာလေ”

ယွီပင်းသည် ခဏမျှ အံ့အားသင့်သွားပြီး‌နောက် လွမ်းဆွတ်တသစွာ ပြောသည်။

“ဟုတ်သားပဲ၊ ခင်ဗျား လှုပ်ရှားခဲ့တာတောင် နှစ်အတော်ကြာသွားပြီပဲ။ အရင်က လူဆယ်ယောက်ကို ခင်ဗျား တစ်ယောက်တည်းနဲ့ ဘယ်လိုတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတောင် မေ့လုနီးပါးဖြစ်နေပြီရယ်”

ဦးစီးမှူးသည် ရယ်မောလိုက်ပြီး စင်ပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွား‌ခဲ့သည်။

သူ၏အင်အားမှာ အထင်ကြီးဖွယ်ကောင်းလှပေ၏။

ဦးစီးမှူး ပြိုင်ပွဲစင်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ လီစန်းတင်းသည် မထိန်းချုပ်နိုင်စွာ ရယ်မောလိုက်ပြီး ပြော၏။

“ဟားဟား တတိယညီနောင်ကျန်း၊ ဒီလောက်နှစ်တွေအများကြီး ကြာမြင့်ပြီးနောက်မှာ နောက်ဆုံးတော့ သည်းမခံနိုင်‌တော့ဘဲ ထပ်ပြီးတိုက်ခိုက်တော့မယ်ပေါ့လေ။ ဦးစီးမှူးအလုပ်ကို နှစ်တွေအကြာကြီးလုပ်ခဲ့တော့ ခင်ဗျားမှာ ပေသီးပဲ ထိုင်တွက်နိုင်‌တော့မယ်လို့ ကျုပ်ထင်နေခဲ့တာ”

ဦးစီးမှူးသည် ခန္ဓာကိုယ်ထက်တွင် ခြုံလွှားသော ဝတ်ရုံကိုချွတ်လိုက်ပြီး ဝတ်ရုံရှည်အောက်ရှိ တိုက်ခိုက်ရေးဝတ်စုံအတိုကို လှစ်ဟပြရင်း ရယ်မောလိုက်သည်။

“လီစန်းတင်း ငါတို့ ဟိုးအရင်အတိတ်တုန်းက တိုက်ခိုက်ခဲ့တာကို မှတ်မိသေးလား”

လီစန်းတင်း၏မျက်လုံးများ စူးရှသွား၏။ အတိတ်ကာလများက သူတို့နှစ်ဦးစလုံး ကိုယ်စီ ကုန်သည်အဖွဲ့များတွင် ကြီးကြပ်ရေးမှူးများအဖြစ် ဆောင်ရွက်ခဲ့သည့် နေ့ရက်များကို သတိရသွားခဲ့သည်။

ကုန်သည်အဖွဲ့တစ်ခုစီ၏ တည်ဆောက်ပုံမှာ ကွဲပြားခြားနားကြပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ကယ်ဆယ်ရေး၊ နေ့စဉ်အခွန်ကောက်ခံရေး၊ ဘဏ္ဍာငွေထိန်းသိမ်းကာကွယ်ရေးနှင့် တိုက်ခိုက်ရေးအထူးကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည်။

လီစန်းတင်းနှင့် ဦးစီးမှုးတို့ နှစ်ဦးစလုံးသည် ကြီးကြပ်ရေးမှူးဟူသော နောက်ခံမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။

အတိတ်ကာလများ၌ သူတို့သည် မိမိတို့၏ကုန်သည်အဖွဲ့များအတွက် နယ်မြေချဲ့ထွင်ရန် ရုန်းကန်နေကြရသောကြောင့် မကြာခဏ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် နောက်ဆုံး‌၌ စီရင်စုအုပ်ချုပ်ရေးမှူ၏ အမိန့်ကို လိုက်နာ၍ တရားရုံးတော်ကို သစ္စာခံခဲ့ကြပြီးနောက်တွင် ဟန်ချက်ညီစွာဖြင့် စတင်၍ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်။ ထို့နောက်တွင် သူတို့နှစ်ဦးသည် ဒေသဆိုင်ရာ ခေါင်းဆောင်ငယ်ရာထူးများကို ခန့်အပ်ခြင်းခံခဲ့ရသည်။

အတိတ်ကိုပြန်‌ပြောင်းတွေးတောရင်း နှစ်ဦးသားသည် ပြိုင်ပွဲကို ချက်ချင်း အာရုံစိုက်လိုက်ကြ၏။

လီစန်းတင်းသည် ငါးဖမ်းကုန်သည်အဖွဲ့မှ သင်ယူခဲ့ရသော အသွင်၁၈မျိုး ပါဝင်ပြီး ကျယ်ပြန့်သည့် သက်ရောက်မှုရှိကာ ရက်စက်ကြမ်းကြုတ်သည့် ၁၈မျိုးသိုင်းကွက်ကို အသုံးပြုခဲ့သည်။

ဦးစီးမှူးသည် တစ်လက်မရှိသော စတုရန်း အကွာအဝေးတစ်ခုစီတိုင်းတွင် စွမ်းအင်အများအပြား ထုတ်လွှတ်ခြင်းကို အဓိက အလေးထားသည့် သိုင်းကျင့်စဉ်ဖြစ်သော စိတ်ကူးငယ်သိုင်းကို အသုံးပြုခဲ့သည်။

နှစ်ဦးသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။

လီစန်းတင်း၏ ကျယ်ပြန့်သောလှုပ်ရှားမှုများနှင့် အားကောင်းလှစွာသော ၁၈မျိုးသိုင်းကွက်သည် အံ့ချီးဖွယ်ဖြစ်၏။

ဦးစီးမှုး၏ စိတ်ကူးငယ်သိုင်းသည်လည်း တစ်လက်မ စတုရန်း အကွာအဝေးတိုင်းတွင် ကျွမ်းကျင်စွာ လှုပ်ရှားတိုက်ခိုက်၍ အသံတိတ်မိုးကြိုးသွားကဲ့သို့ ကွေ့ကောက်ရှောင်တိမ်းခြင်း၊ လျင်မြန်ဖျတ်လတ်စွာ ဟန့်တားခြင်း အစသဖြင့် မျှော်လင့်မထားသည့်အရာများကို အလေးပေးနေခဲ့သည်။

သူတို့နှစ်ဦး၏ ထိန်းချုပ်မှုကင်းမဲ့သော အပြန်အလှန် တိုက်ခိုက်နေကြပုံကို စောင့်ကြည့်နေကြသော ကုန်သည်အဖွဲ့သားများသည် အော်ဟစ်အားပေးနေကြသည်။

တစ်ယောက်မှ အခြားတစ်ယောက်အား တိုက်ခိုက်ချိန် သို့မဟုတ် နောက်ဆုတ်ရန် ဖိအားပေးချိန်တိုင်း‌တွင် ကုန်သည်အဖွဲ့နှစ်ဖွဲလုံးမှ အမျိုးမျိုးသော အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

ချန်ကျဲ့သည် သူတို့၏ပြိုင်ပွဲကို စောင့်ကြည့်နေရာမှ ယွီပင်းကို ပြန်၍ အာရုံစိုက်ကြည့်လိုက်သည်။ ယွီပင်းမှလည်း သူ့ကို ပြန်ကြည့်လာ၏။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မပြောဘဲ သိနားလည်နိုင်သည့်အလား ပြုံးရယ်ပြလိုက်ကြသည်။

သို့သော် ထိုအပြုံးများ၏အဓိပ္ပါယ်ကို သူတို့၏အတွင်းစိတ်ထဲတွင် နားလည်ထားကြပါ၏။

ချန်ကျဲ့သည် တည်ငြိမ်အေးဆေးဟန်ရှိသည်။ ယွီပင်း၏အပြုံး၌မူ ပြင်းပြသော လူသတ်လိုစိတ်ပါဝင်နေသည့် မောက်မာဝံ့ကြွားမှုများ ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။ သို့သော် ထိုထိန်းချုပ်မှုထဲတွင် သတိထားမိရန် ခက်ခဲသော ရက်စက်ကြမ်းကြုတ်မှုများရှိနေခဲ့သည်။

ထိုအချိန်၌ စင်ပေါ်ရှိ အကြီးအကဲသုံးဦးသည် လက်ဖက်ရည်သောက်နေကြသည်။

သူတို့၏စားပွဲပေါ်တွင် ရာသီပေါ်သစ်သီးများ၊ အမျိုးမျိုးသော အခွံမာသီးများကို အပြည့်ခင်းကျင်းပေးထားသော်ငြား အကြီးအကဲများသည် မတို့မထိဘဲရှိနေကြပြီး လက်ဖက်ရည်ကိုသာ အရသာခံသောက်နေကြသည်။

ထိုစဉ် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ညီနောင်ကု၊ ခင်ဗျားရဲ့ ချောင်ကုန်သည်အဖွဲ့သားတွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ စိတ်ကူးငယ်သိုင်းကို ဒီလိုအဆင့်တစ်ခုရောက်အောင်အထိ လေ့ကျင့်ဖို့ဆိုတာ မလွယ်ကူဘူးလေ”

ကုချင်းဖုန်းသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ပြန်ပြောသည်။

“ညီနောင်ဖန်းက မြှောက်ပင့်လွန်းနေပါပြီ။ တကယ်တော့ စိတ်ကူးငယ်သိုင်းက အတော်‌လေး သေးနုပ်ပါတယ်လေ။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ၁၈မျိုးသိုင်းကွက်ကမှ ပိုပြီး အင်အားကြီးမားတာပါ”

“အချိန်ကြာရှည် ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကျုပ်တောင် ထိတ်လန့်မိရတဲ့အထိပါပဲ”

ကုချင်းဖုန်းသည် လက်ဖက်ရည် တစ်ငုံထပ်သောက်လိုက်ပြီး ပြောသည်။

“ညီနောင်ဖန်းက နှိမ့်ချနေပြန်ပါပြီ။ ဒီရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရာထူးအတွက် ပြိုင်ပွဲသေးသေးလေးက ဘာကိုများ သက်သေပြနိုင်မှာတဲ့လဲ”

“အဲဒီလိုလား”

ဖန်းရှစ်ကျုံးသည် ကုချင်းဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ပြန်ဆုတ်မယ်!

ထိုစဉ် ဦးစီးမှူးသည် စိတ်ကူးငယ်သိုင်း၏ အနီးကပ်တိုက်ခိုက်မှုဖြင့် လီစန်းတင်း၏ ရင်ဘတ်ပေါ်သို့ လက်ဖဝါးရိုက်ချက်တစ်ချက် ကျရောက်သွားစေခဲ့သည်။ ထိုလက်ဖဝါးရိုက်ချက်မှာ ညင်သာသော အရှိန်နှုန်းဖြင့် တွန်းထုတ်လိုက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဦးစီးမှူးသည် ယုံကြည်မှုအပြည့်ရှိ၏။ သူ၏ စိတ်ကူးငယ်သိုင်း၏ အနီးကပ်တိုက်ခိုက်မှုသည် အလွန်အားကောင်းသည်။ ပြိုင်ဘက်၏အင်အားသည် သူ့ထက် အတော်လေး သာလွန်မှုမရှိပါက အများစုမှာ မည်သို့မျှ တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ဦးစီးမှူးသည် သူ၏အင်အားကို သေချာသိရှိပါ၏။ သူသည် မိမိကိုယ်ကို ယွီစန်းလျို့ထက် သာလွန်သည်ဟု ယုံကြည်ထားသော်ငြား သူ၏ကျင့်ကြံဆင့်မှာ အရေပြားသန့်စင်ခြင်းအဆင့်သာ ဖြစ်ပေသည်။

ထို့ကြောင့် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်ခြင်းဖြင့် လီစန်းတင်းကို အပြင်းအထန် ထိခိုက်သွားစေနိုင်မည်ဟု သေချာနေခဲ့သည်။ စိတ်ကူးငယ်သိုင်းတွင် ယုံချွမ်ကျင့်စဉ်နှင့် ဆင်တူသည့် သေးငယ်သည့် လှုပ်ရှားမှုများရှိသော်ငြား ၎င်းတွင် ကိုယ်ပိုင် စွမ်းအင်တိုးတက်ဖြစ်ပေါ်ခြင်း နည်းလမ်းများရှိသည်။

၎င်းသည် အမှောင်စွမ်းအင်အဆင့် မဟုတ်ပေ။ မင်ကျင့်အဆင့်နှင့် ကွဲပြား၏။

အမှောင်စွမ်းအင်ကို တကယ်တမ်းတွင် အတွင်းအားတစ်မျိုးဟု ယူဆနိုင်သည်။ သို့သော် စိတ်ကူးငယ်သိုင်း၏ စွမ်းအင်သည်တော့ မင်ကျင့်အဆင့်နှင့် သက်ဆိုင်ပေသည်။

သို့သော်ငြား ၎င်းသည် ပြိုင်ဘက်၏ လှုပ်ရှားမှုပြီးနောက်မှ တိုက်ခိုက်သည့်ပုံစံဖြစ်သည်။

၎င်းမှာ အဘယ်အဓိပ္ပာယ်ဖြစ်ပါအံ့နည်း။

တစ်စုံတစ်ယောက်မှ မိမိကို ရိုက်နှက်ရန်ကြိုးပမ်းပါက မိမိ၏ခန္ဓာကိုယ်မှ အလိုအလျောက် ခုခံကာကွယ်ခြင်းမျိုးကို အားလုံးကြုံတွေ့ဖူးကြသည်ဖြစ်ပါ၏။

All Chapters