← Chapters

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့အသိပညာတွေကို မျှဝေပေးပါဦး_၄

Vol. 11 Ch. 147

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့အသိပညာတွေကို မျှဝေပေးပါဦး_၄

Vol. 11 Ch. 147

အတွင်းအား ပိုမိုအားကောင်းလာပြီး ‘ခြင်္သေ့ဟိန်းဟောက်သံကျင့်စဉ်’ကဲ့သို့ ကျင့်စဉ်မျိုးကို ရှာတွေ့ခဲ့ပါက ထိုသို့ ပြင်းထန်အားကောင်းလှသော တိုက်ခိုက်စွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်ကောင်းသည်။

ချန်ကျဲ့သည် နားစည်ကိုဖြတ်သန်းသွားသော အသံလှိုင်းနှုင့်အတူ နားထဲ တဝီဝီမြည်နေခြင်းကို ခံစားလိုက်ရသည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်သည် သူ၏အဆင့်မျှနှင့် ယှဉ်ပြိုင်နိုင်သော ပြိုင်ဘက်မဟုတ်သည်မှာ မလွဲဧကန်ပင်။ အေးစက်စက် လှောင်ရယ်သံသည် ချန်ကျဲ့အား နေရာ၌ စက္ကန့်အနည်းမျှ အေးခဲသွားစေခဲ့သည်။ ထိုစက္ကန့်ပိုင်းလေးကို အထင်မသေးသင့်ပေ။ အသေအကြေတိုက်ခိုက်သည့် တိုက်ပွဲအတွင်း၌ ထိုစက္ကန့်ပိုင်းလေးသည် ရန်သူမှ မိမိကို သတ်ဖြတ်သွားရန် လုံလောက်သည်ထက်ပိုသော အချိန်ဖြစ်ပေသည်။

ချန်ကျဲ့ ပွဲကြည့်စင်မြင့်ထက်ရှိ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးသုံးယောက်ကို ကြည့်လိုက်သည်။ သူသည်လည်း မည်သည့်အချိန်မှ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာနိုင်မည်နည်းဟု တွေးတောနေမိသည်။

ထိုအချိန်၌ ပွဲကြည့်စင်မြင့်ပေါ်ရှိ ခန်းမအရှင်သခင်နှစ်ဦးသည် အောက်ဘက်မှ ဆူပူမှုများကို ထိန်းချုပ်ရန်အတွက် စကားပြောဆိုလာသည်။

ထို့နောက် ဖန်းရှစ်ကျုံးမှ ကုချင်းဖုန်းကို ပြောသည်။

“ညီနောင်ကု၊ လက်အောက်ငယ်သားတွေက ချောင်ကုန်သည်အဖွဲ့ရဲ့ ပြဿနာတွေကို ဥာဏ်ပညာရှိရှိ ရှောင်ရှားပုံကို နားမလည်ကြဘူး၊ ဒါက သူတို့အမှားပါ”

…

ကုချင်းဖုန်း၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေကာ ဒေါသထွက်နေကြောင်း သိသာနေပေသည်။

လူအများကြီးရှေ့၌ မတိုက်ခိုက်ဘဲ အရှုံးပေးသွားခဲ့ပြီး အမြီးကုပ်ကာ ပြိုင်ပွဲစင်ပေါ်မှ ဆင်းပြေးသွားသည်။

အဲဒါက ဘယ်သူ့မျက်နှာကို အရှက်ရစေတာဖြစ်ဦးမလဲ။

ချောင်ကုန်သည်အဖွဲ့တစ်ခုလုံးရဲ့ ဂုဏ်သိက္ဓာကို လွှင့်ပစ်လိုက်တာပဲ!

အထူးသဖြင့် ဖန်းရှစ်ကျုံးနဲ့ ကျန်းလီယဲ့ရဲ့ရှေ့မှာလေ။

ကိုယ့်ခန်းမအရှင်သခင်ရဲ့ မျက်နှာကိုတောင် မထောက်ဘဲ လုပ်ချလိုက်တာပဲ။ ဖန်းရှစ်ကျုံးကို ကြည့်ပါဦး၊ သူ့မျက်နှာကြီးမှာ ပြုံးရယ်လွန်းလို့ တွန့်လိမ်ကုန်တော့မယ်။ ဘာမှ အသုံးမကျတဲ့ကောင်တွေ!

ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ!

ကုချင်းဖုန်း၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေလျက် သူ၏လက်အောက်ငယ်သားမျာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ဦးစီးမှူးသည် မိမိ၏လုပ်ရပ်သည် အရှက်ရဖွယ်ဖြစ်ကြောင်း သိပါ၏။ သို့သော် ဆက်လက်တိုက်ခိုက်ခြင်းသည် အသက်ဆုံးရှုံးခြင်း သို့မဟုတ် မသန်စွမ်းသူ ဖြစ်သွားရခြင်းဖြင့်သာ အဆုံးသတ်စေလိမ့်မည်။

ယခင်အချိန်များတုန်းက စိတ်အားထက်သန်သော လူငယ်လေးဖြစ်ခဲ့လျှင် သူသည်လည်း ကုန်သည်အဖွဲ့အတွက် အသက်ရင်းနိုင်လောက်ပါ၏။ သို့သော် ယခုတွင်တော့ သူသည် ရှန်းထောင်မြို့တွင် ဂုဏ်သရေရှိလူတစ်ဦးအဖြစ် သတ်မှတ်ခံနေရပြီဖြစ်ကာ သက်သောင့်သက်သာဘဝလေးတွင် နေထိုင်နေနိုင်လေပြီ။

ယွီပင်းတွင် ခံစားရသည့်အရာများကို သူလည်း ခံစားနေနိုင်လေပြီ။

သေရည်နှင့် သာယာပျော်ရွှင်မှုများသည် သူ၏ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းစေခြင်း မရှိသော်ငြား ချမ်းသာကြွယ်ဝမှုသည်တော့ သူ၏သူရဲကောင်းစိတ်ဓာတ်ကို နစ်မွန်းသွားစေခဲ့သည်။

သူသည် တိုက်ရဲခိုက်ရဲသူတစ်ယောက် မဟုတ်တော့ဘဲ သူရဲဘောကြောင်သူတစ်ဦး ဖြစ်လာခဲ့သည်။

ထို့ကြောင့် သူ ဂုဏ်သိက္ခာမဲ့စွာ ထွက်ပြေးလာခဲ့သည်။

သူ ခေါင်းမော့ကြည့်လိုက်ရာ ကုချန်းဖုန်း၏မျက်နှာကို မြင်တွေ့လိုက်ရပြီး ကြောက်ရွံ့မှုကြောင့် ရုတ်ချည်း တုန်လှုပ်သွားရသည်။ ကုချင်းဖုန်း၏မျက်လုံးများကို သူ မရင်ဆိုင်ရဲပါချေ။

ထို့ပြင့် ကုချင်းဖုန်း၏မျက်လုံးများသည် ဓားတစ်ချောင်းအလား ထက်ရှနေကာ သူတို့အားလုံး၏ မျက်နှာများကို ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံးတွင် ယွီပင်းထံ၌ အဆုံးသတ်ကျရောက်သည်။

“ယွီပင်း မင်းငါ့ကို ဂုဏ်တက်စေမယ်ဆိုတာ ဒီလိုလား”ဟု ပြောနေသည့်အလားပင်။

ယွီပင်း၏မျက်နှာသည်လည်း ဖြူဆုတ်နေခဲ့၏။ ဦးစီးမှူးသည် ထိုမျှဆိုးဆိုးရွားရွား အရှက်ရစေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ သို့သော် သူ့အနေဖြင့် ရွာအကြီးအကဲဖြစ်လာပြီး ရှန်းထောင်မြို့၏ အရေးကိစ္စအားလုံးကို တာဝန်ယူရပါက ဘယ်သူကများ သူ့ကို မကောင်းပြောရဲပါမည်နည်း။ သို့သော် သေချာပေါက်ပင် သူသည်လည်း တာဝန်ကင်းသူ မဟုတ်ပါချေ။

ထိုအချိန်၌ ယွီပင်းမှာ မျက်နှာအမူအရာ ပျက်ယွင်းနေ၏။ ယွီပင်းသည် ဦးစီးမှူးဆီသို့ သွားကာ ပခုံးပုတ်၍ မေးလိုက်သည်။

“ခင်ဗျား အဆင်ပြေရဲ့လား”

ဦးစီးမှူးသည် နာကျင်နေသော မျက်နှာအမူအရာဖြင့် ပြန်ကြည့်လာပြီး ပြော၏။

“သခင်ကြီး ကျွန်တော်…”

“ဘာမှမဖြစ်ဘူး။ အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ။ ခင်ဗျား နောက်ဆုတ်လိုက်တော့!”

ယွီပင်းမှ ပြန်ပြောသည်။ ထို့နောက် ခြေတစ်လှမ်းဖြင့် ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်သွား၏။ ထို့နောက် အားပေးသံများကြားတွင် ပျော်ရွှင်နေသည့် သင်္ဘောခေါင်းဆောင်၂ကို ကြည့်လိုက်သည်။

သူ၏ အသံမှာ အေးစက်နေလျက် ပြော၏။

“လီစန်းတင်း မဆိုးဘူးပဲ!”

လီစန်းတင်းသည် ယွီပင်းကို လှည့်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

“ဦးစီးမှူးယွီ၊ ခင်ဗျား ကျုပ်ကို လမ်းညွှန်ပြသပေးဖို့ ဆန္ဒရှိမလား”

ထိုအခါ ယွီပင်း၏မျက်နှာအမူအရာသည် အေးစက်သွား၏။ ထို့နောက် မောက်မာထောင်လွှားသော အမူအရာတွင် အံ့အားသင့်သွားဟန် အပြုံးဖြင့်ပြောသည်။

“မင်းကို လမ်းညွှန်ပြသပေးရမယ်လား။ ဟားဟားဟား… ကိုယ့်အင်အားကို တိုးတက်အောင် အတင်းအကျပ် လုပ်ယူခဲ့ရတဲ့သူကများ၊ မင်းလိုကောင်က ငါ့အတွက်တော့ ပုရွက်ဆိတ်လေးတစ်ကောင်ပဲ!”

“ခင်ဗျား!”

ယွီပင်း၏ မောက်မာသော အပြုအမူသည် လျော်ကန်ပေသည်။

ချောင်ကုန်သည်အဖွဲ့သည် တစ်ပွဲရှုံးထားသောကြောင့် စိတ်ဓာတ်ကျဆင်းနေကြပြီဖြစ်၏။ ထိုသို့အချိန်မျိုးတွင် ကုန်သည်အဖွဲ့သားများ၏ စိတ်ဓာတ်ခွန်အားကို တက်ကြွအောင် လုပ်ဆောင်ပေးရန်အတွက် မောက်မာစွာပြုမူရန် လိုအပ်သည်။

အရေးအကြီးဆုံးအချက်မှာ ခန်းမအရှင်သခင်ကု ကုချင်းဖန်းကို စိတ်ကျေနပ်စေရန်ဖြစ်သည်။

ခန်းမအရှင်သခင်ကုသည် ငါးဖမ်းကုန်သည်အဖွဲ့ ဖန်းရှစ်ကျုံး၏ အရှက်ရအောင် ပြောဆိုခြင်းကို ခံခဲ့ရသည်။ ထိုသို့ ရာထူးရာခံရှိသူသည် အရှက်ဂုဏ်သိက္ခာကို အခြားအရာများထက်ပို၍ တန်ဖိုးထား၏။ အမောက်မာအထောင်လွှားဆုံးသော အပြုအမူသဘောထားဖြင့် ပြိုင်ဘက်ကို အထက်စီးမှ ပြုမူဆက်ဆံခြင်းသည်သာလျှင် ခန်းမအရှင်သခင်ကုကို စိတ်ကျေနပ်စေမည်ဖြစ်ပေသည်။

ခန်းမအရှင်သခင်မှ စိတ်ကျေနပ်မှသာ သူကိုယ်တိုင်အတွက် အကျိုးကျေးဇူးရရှိနိုင်ပေမည်။

ထို့ကြောင့် သူ၏မောက်မာထောင်လွှားသော အပြုအမူဖြစ်စေ၊ ထိန်းထိန်းသိမ်းသိမ်းသော အပြုအမူဖြစ်စေ ခန်းမအရှင်သခင်၏ ချဉ်းကပ်မှုအပေါ် ပဲ့တင်ထပ်သက်ရောက်မှု ရှိပေသည်။

ယခုတွင် ခန်းမအရှင်သခင်သည် အရှက်ရထားလေရာ ခန်းမအရှင်သခင် ကျေနပ်စေရန် မောက်မာထောင်လွှားခြင်းသည် ပထမဦးစားပေးဖြစ်၏။

လီစန်းတင်းသည် ယွီပင်း၏မောက်မာထောင်လွှားမှုကြောင့် ဒေါသထွက်သွားခဲ့သည်။ စင်အောက်ရှိ ငါးဖမ်းကုန်သည်အဖွဲ့သားများသည်လည်း ယွီပင်း၏အပြုအမူကြောင့် လှုံ့ဆော်ခံလိုက်ရပေသည်။

သို့သော် ချောင်ကုန်သည်အဖွဲ့သားများသည်တော့ စိတ်ဓာတ်ပြန်လည်တက်ကြွလာကာ အော်ဟစ်အားပေးကြ၏။

“ဦးစီးမှူး သူတို့ကို ချောင်ကုန်သည်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းကို ပြပေးလိုက်ပါ!”

“ဟုတ်တယ် အဲဒီအနံ့ဆိုးတဲ့ တံငါသည်တွေကို အဆုံးသတ်ပစ်လိုက်!”

“ဖျက်ဆီးပစ်လိုက်!”

သူတို့၏အသံများသည် အထက်ကောင်းကင်ထိတိုင် မြည်ဟီးသွားခဲ့သည်။ ထိုအခါ ပွဲကြည့်စင်မြင့်ထက်ရှိ ကုချင်းဖုန်း၏ မျက်နှာအမူအရာသည် အနည်းငယ် စိတ်ကျေနပ်ဟန် ထင်ဟပ်လာခဲ့ကာ လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ တစ်ငုံသောက်လိုက်သည်။

ဖန်းရှစ်ကျုံးမှ ရယ်မောလျက် မှတ်ချက်ပြု၏။

“ဒီယွီပင်းက အတော်လေး အထက်စီးဆန်တာပဲ!”

ကုချင်းဖုန်းမှ ပြောလိုက်သည်။

“သူက လီစန်းတင်းလောက် မတော်ပါဘူး။ လီစန်းတင်းကမှ ငါးဖမ်းကုန်သည်အဖွဲ့အတွက် တစ်ပွဲအနိုင်ယူနိုင်ခဲ့ပြီး ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့တဲ့သူလေ”

ဖန်းရှစ်ကျုံးသည် ဘာမျှပြန်မပြောပေ။ သို့သော် သူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုအချို့ ထင်ဟပ်နေခဲ့သည်။

လီစန်းတင်း၏ကျင့်ကြံဆင့်သည် အသွေးအသားဆေးလုံး၏ အကူအညီကြောင့် တိုးတက်သွားခဲ့ခြင်းဖြစ်ရာ မတည်ငြိမ်ပေ။ ရွာအကြီးအကဲရာထူးအတွက် ဤပြိုင်ပွဲသည် ရှုံးနိမ့်ဖို့ မျှော်လင့်ထားပြီးဖြစ်သည်။ သူ၏တစ်ခု‌တည်းသော မျှော်လင့်ချက်မှာ ရှုံးနိမ့်ရာတွင် အရမ်းကြီး ဂုဏ်သိက္ခာ မကျဆင်းရရန်သာ ဖြစ်သည်။

ထိုအချိန်၌ ယွီပင်းသည် ကုချင်းဖုန်းကို လှမ်းကြည့်အကဲခတ်လိုက်ရာ သူ၏စကားများသည် ခန်းမအရှင်သခင်ကု၏ မျက်နှာအသွေးအရောင်ကို အမှန်တကယ်ပင် ပိုမိုကောင်းမွန်လာစေကြောင်း တွေ့လိုက်ရ၏။

ခန်းမအရှင်သခင်ကု၏ ဂုဏ်သိက္ခာအတွက် သူ အနိုင်ရ,ရမည်ဟု ယွီပင်း တွေးလိုက်သည်။ ငါးဖမ်းကုန်သည်အဖွဲ့ကို အသေအချာ ဖိနှိပ်ရပေမည်။

မိမိကိုယ်တိုင်အတွက်လည်း ဩဇာအာဏာ တည်ဆောက်ရန်လိုအပ်သည်။ သူ့အနေဖြင့် သူ၏ဩဇာလွှမ်းမိုးမှုကို ယခုအချိန်တွင် မပြသခဲ့လျှင် အနာဂတ်တွင် ရှန်းထောင်မြို့ကို အုပ်ချုပ်ရသောအခါ ငါးဖမ်းကုန်သည်အဖွဲ့ကို ဖိနှိပ်ရန် ခက်ခဲပေလိမ့်မည်။

ထိုသို့‌တွေးတောလျက် ယွီပင်းသည် ဖြည်းညင်းစွာ လက်သုံးချောင်း ဆန့်ထုတ်လိုက်သည်။

အားလုံးသည် ယွီပင်း၏ဆိုလိုရင်းကို နားမလည်နိုင်ဘဲ ကြည့်နေကြသည်။

လီစန်းတင်းသည်လည်း အကဲခတ်ကြည့်နေရင်း မေးလိုက်၏။

“ဘာအဓိပ္ပာယ်လဲ”

ယွီပင်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။

“သိုင်းကွက်သုံးကွက်၊ သုံးကွက်အတွင်း ငါမင်းကို အနိုင်ယူပြမယ်!”

“ထောင်လွှားလွန်းနေတာပဲ!”

လီစန်းတင်း၏မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

ဘယ်လိုတောင် လေးစားမှုမရှိတာလဲ!

ငါးဖမ်းကုန်သည်အဖွဲ့သားများသည်လည်း ဒေါသထွက်ကုန်ကြသည်။

သိုင်းကွက်သုံးကွက်တဲ့လား။ ဒါက ပေါ်တင်ကြီး မထီလေးစား ဆက်ဆံနေတာပဲ။ ငါတို့ဘက်ကလည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်ပဲကို ခင်ဗျားကို ကြောက်နေရမှာတဲ့လား!

ထိုအတွေးများပါ ပေါင်းထည့်လိုက်သောအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ပြင်းပြစွာ စိတ်လှုပ်ရှားတက်ကြွလာတော့သည်။

ထိုစကားများ‌ကို ကြားလိုက်သော ကုချင်းဖုန်းသည် ခပ်ရေးရေး ပြုံးလိုက်၏။ သဘာဝအလျောက် ယှဉ်ပြိုင်လိုစိတ် ပြင်းပြသူဖြစ်ရာ ကုချင်းဖုန်းသည် သူ၏လက်အောက်တွင် သူရဲဘောကြောင်သူများ ရှိနေခြင်းကို မနှစ်ခြိုက်ပါချေ။ အထူးသဖြင့် ဖန်းရှစ်ကျုံး ရှိနေချိန်တွင် ဖြစ်သည်။

All Chapters