တစ်ခုတည်းသော နည်းလမ်း
Vol. 46 Ch. 745
ရိုင်ဇန်၏ ပုံရိပ်က အလင်းတန်းတစ်ခု ပြောင်းလဲသွားပြီး အာရုံအားလုံးကို ဖြန့်ကျက်ကာ တောထဲတောင်ထဲသို့ အလျင်အမြန် ဖြတ်သန်းသွားလိုက်သည်။ ကတ်သရင်းကို [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] ဖြင့် ထိသွားသော်လည်း သူက ထိပ်တန်း ပညာရှိတစ်ယောက် ဖြစ်သည်။ အခြားတစ်ခုခု မဖြစ်နိုင်ကြောင်း မည်သူမှ မသိနိုင်ပေ။ လိုရမည်ရ သူ၏အလောင်းကို ရိုင်ဇန် မြင်မှရပေမည်။ ယုတ်စွအဆုံး အရိပ်နက်ဝတ်ရုံကို မြင်ရပေမည်။
ရိုင်ဇန် လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်တန့်သွားကာ အနက်ရောင် မျက်ဆံများက ငွေရောင် တောက်သွား၏။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးကြောများ ပေါက်ထွက်ကုန်ပြီး သွေးစီးဆင်းမှုထဲ၌ မူမမှန်မှု တစ်ခုခု ဖြစ်နေသကဲ့သို့ပင် ငွေနက်ရောင်များ ရေးရေးလေး ပြသနေသည်။
ရိုင်ဇန်၏ မျက်နှာပေါ်မှ ကြွက်သားများ အနည်းငယ် ရှုံ့တွသွားခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ ကြီးစွာသော နာကျင်မှုကို ခံနေရသကဲ့သို့ ဖြစ်နေ၏။ သူက ညည်းတွားလိုက်ပြီး သူ၏ ဘယ်လက်ခလယ်မှ လက်စွပ်က အနက်ရောင်ဖျော့ဖျော့ တောက်လာသည်။ ငွေသဖွယ် အဖြူရောင်က အလျင်အမြန် အနက်ရောင်ပြောင်းသွားပြန်ပြီး မူမမှန်မှုကို အတင်း ဖိနှိပ်လိုက်၏။
“အလီရက်စ်...” ရိုင်ဇန်က အံကြိတ်ပြီး စကားတစ်ခွန်း ဆိုလိုက်ကာ အစီအစဉ်မကျသော အသက်ရှူသံကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူက လက်သီးကို ဆုပ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော စွမ်းအားကို ခံစားနေသည်။ နောက်ဆုံး၌ သူက ဆက်လက်မရှာတော့ဘဲ သွေးရောင်သက်တန့်အဖြစ် အရှိန်ကုန် ပျံထွက်သွားတော့သည်။
သွေးရောင်သက်တန့် ပျောက်ကွယ်သွားပြီး အချိန်အတော် ကြာပြီးနောက်တွင် တောင်နံဘေးရှိ အလွန်ကြီးမားသော ကျောက်ဆောင်ပေါ်၌ ပုံရိပ်နှစ်ခု တိုးတဝါး ပေါ်ထွက်လာသည်။ သူတို့က ချန်လွေ့နှင့် ကတ်သရင်းတို့ပင်။
“အဲဒါက ရိုင်ဇန် ဟုတ်တယ်မလား။” ချန်လွေ့က ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားနေသော သက်တန့်ကို ကြည့်လိုက်သည်။ “ထူးဆန်းတယ်။ ဘာလို့ သူက ရုတ်တရက် ပျံထွက်သွားရတာလဲ။ တစ်ခုခု ဖြစ်ခဲ့တာလား။”
“လျှော့မတွက်နဲ့။ ဒါက သူ တမင်တကာ လုပ်ထားတဲ့ ကောက်ကျစ်တဲ့ အကြံအစည် ဖြစ်နိုင်တယ်။ လိုရမည်ရ ကျွန်မတို့တွေ အခုအချိန် ဂျာဂယ်ခံတပ်ကို ပြန်လို့မရဘူး။ ဒီကနေ အရှေ့ဘက်ကိုသွားမယ်ဆိုရင် တောင်တန်းတွေ အများကြီးရှိတဲ့ နေရာကို ရောက်လိမ့်မယ်။ အဲဒီမှာ အန္တရာယ် ပိုကင်းတယ်။” ကတ်သရင်းက စကားအနည်းငယ်သာ ပြောလိုက်ပြီးနောက် နောက်ထပ် သွေးတစ်လုတ် အန်လိုက်ပြန်သည်။ သွေးစက်များက မျက်နှာလွှားကို စင်သွားပြီး နီရဲသွားတော့သည်။
ချန်လွေ့၏နှလုံးသား တင်းကြပ်သွားပြီး ခုနက ရိုင်ဇန်အော်ပြောလိုက်သော [မိုးကြိုးဧကရာဇ်ချိပ်ပိတ်] အကြောင်းကို တွေးလိုက်မိသည်။ “မင်းရဲ့ ဒဏ်ရာက...”
“အနားယူဖို့ နေရာ အရင်ဆုံးရှာ....” ချန်လွေ့၏ ကုသဆေးရည်များကို ကတ်သရင်း သောက်ပြီးပြီဖြစ်သော်လည်း သူ၏အခြေအနေက အတော်လေး ဆိုးဝါးနေဆဲ ဖြစ်သည်။
သုံးနာရီ ကြာပြီးနောက် သူတို့နှစ်ယောက်က အရှေ့ပိုင်း တောင်တန်း နယ်မြေသို့ အမြန်သွားလိုက်ကြပြီး လျို့ဝှက်လိုဏ်ဂူတစ်ခုကို ရှာတွေ့သွားသည်။ ကတ်သရင်းက မှော်တဲအိမ်နှင့် ဆင်တူသော နေရာလွှတ်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ အတွင်းထဲ၌ မှော်တဲအိမ်ကဲ့သို့ ဖြစ်သည်။ ထို့နောက် ကတ်သရင်းက အားပြန်ဖြည့်ပြီး ကုသရန်အတွက် ဝင်ရောက်သွားသည်။ ချန်လွေ့က လိုဏ်ဂူ အပြင်ဘက်၌ ဖုံးကွယ် ထွင်းစာ မှော်စက်ဝိုင်းများ ခင်းကျင်းရန်အတွက် နောက်ဆုံး တစ်နာရီ အချိန်ကုန်ဆုံးခဲ့သည်။
မှော်တဲအိမ်သို့ ပြန်ရောက်သောအခါ ကတ်သရင်းက အိပ်ယာပေါ်၌ ထိုင်နေကြောင်း ချန်လွေ့ တွေ့လိုက်ရသည်။ သူက သွေးစွန်းသော အဝတ်အစားများကို လဲလိုက်သော်လည်း မျက်နှာအမူအရာက ဖြူဖျော့ပြီး ဒဏ်ရာများက ပိုဆိုးသွားပုံရသည်။
“အဲဒီ [မိုးကြိုးဧကရာဇ်ချိပ်ပိတ်].......”
ကတ်သရင်းက အသာလေး ခေါင်းခါလိုက်သည်။ “အရိပ်နက်ဝတ်ရုံရဲ့ စွမ်းရည်က နေရာလွတ်ရွှေ့ပြောင်းတာနဲ့ ဖုံးကွယ်တာပဲ။ ဒါက နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနဲ့ ထင်ယောင်မှား နတ်ဆိုးဒိုင်းနဲ့ မယှဉ်နိုင်ဘူး။ အဲဒါကြောင့် ရိုင်ဇန်ရဲ့ တိုက်ခိုက်မှုတွေကို မရှောင်နိုင်တာ သဘာဝပါပဲ။”
ဘေးဖက်တွင် အရိပ်နက်ဝတ်ရုံသုံးကာ ပုန်းနေသော ကတ်သရင်းက ရိုင်ဇန်၏ တိုက်ခိုက်မှုများအား ချန်လွေ့ ပယ်ဖျက်ခဲ့သည်ကို မြင်ခဲ့ရသည်။ သလင်းကျောက် တောင်ကြား၌ ရှိနေစဉ်က ချန်လွေ့၏ လက်ထဲတွင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ရှိနေကြောင်း ကတ်သရင်း သိခဲ့သော်လည်း ထင်ယောင်မှားနတ်ဆိုးဒိုင်း (နတ်ဆိုးဒိုင်း) လည်း ရှိနေမည်ဟု မထင်ထားခဲ့ပေ။
အဆောင်ပစ္စည်း ၇မျိုးက သက်ဆိုင်ရာသွေးမျိုးဆက်ရှိတဲ့ တော်ဝင် မိသားစုတွေကပဲ သုံးလို့ရတာ။ ဒါက နတ်ဆိုးဘုံက အသိအမှတ်ပြုထားတဲ့ သာမန်အသိပဲ။ အခု ဒီလူသားက တော်ဝင်မိသားစုနှစ်ခုရဲ့ အဆောင်ပစ္စည်းတွေကို အေးအေးဆေးဆေး သုံးနေတယ်။ ဒါက လုံးဝကို မယုံနိုင်စရာပဲ။
“ဒီလိုအချိန်မှာ မင်းက ဒီအကြောင်း စဉ်းစားနေနိုင်သေးတာလား။” ချန်လွေ့က တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်လိုက်၏။ “မင်းရဲ့ဒဏ်ရာကို အရင်ကု။ ပြီးမှ တခြားကိစ္စတွေ ပြောကြမယ်။”
“ရှင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မယုံနိုင်စရာပဲ။ ရှင်က တိုင်းပြည်အဆင့်ရဲ့ တိုက်ခိုက်မှုကို နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားနဲ့ တကယ်ကြီး ခုခံနိုင်ခဲ့တယ်။ မြို့တော်မှာ ရှင်နဲ့ကျွန်မ တိုက်ခိုက်တုန်းက ရှင် အတော်လေး လျှိုထားခဲ့တာ အသေအချာပဲ။ ကျွန်မ ရှင့်ပြိုင်ဘက် မဟုတ်လောက်ဘူး....”
“အဲဒီ [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] ကို ဖယ်ရှားနိုင်မယ့်နည်းလမ်း ရှိလား။”
ကတ်သရင်းက ဆက်လက်၍ တစ်ယောက်တည်း ရေရွတ်နေ၏။ “ဒီလိုမျိုး စွမ်းရည်အကုန်လုံးကို ခန္ဓာကိုယ်တစ်ခုတည်းမှာ ဘယ်လိုပေါင်းစည်းထားလဲဆိုတာ ကျွန်မ တကယ် သိချင်တယ်။ သုံးလေးနှစ်အတွင်း ရှင့်ရဲ့စွမ်းအားက အမြင့်ဆင့် နတ်ဆိုးကနေ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အထိကို ရောက်သွားခဲ့တယ်။ ရှင်က မဟာဆရာသခင်အဆင့် ဆေးရည်ပညာရှိပြီးတော့ သုံးသွယ်အထူးပြု ယန္တရားဆရာသခင်လည်း ဟုတ်တယ်။ ပြီးတော့ စိတ်ကူးလို့မရနိုင်တဲ့ ဉာဏ်ပညာတွေနဲ့ အသစ်အဆန်းတွေ ဖန်တီးနိုင်တယ်။ စစ်တပ်စနစ်အသစ်တွေ၊ မြို့တော်စီမံရေးတွေ၊ မှော်စာလိပ်တွေ၊ မှော်ရုပ်မြင်သံကြား၊ ရနံ့မွှေးပြောင်းဆန် သေရည်၊ တိုက်ပွဲဘောလုံး.....စတာတွေပေါ့။ ထိပ်တန်းပါရမီရှင်လို့ ပြောကြတဲ့ တဲရစ်တောင် ရှင့်အရှေ့မှာ သာမန်ထက်အောင် နိမ့်ကျတယ်လို့ ပြောလို့ရတယ်။”
“မင်းရဲ့ဒဏ်ရာအကြောင်း ငါမေးနေတာ။”
“ရှင်းပြလို့ မရတဲ့အရာတွေ အများကြီး။ နယ်ပယ်မျိုးစံကို ကျွမ်းကျင်တယ်။ မယုံနိုင်စရာ ပါရမီရှိတဲ့သူတွေတောင် တစ်ဘဝလုံးမှာ တစ်ခုနှစ်ခု ဖန်တီးဖို့ ခက်ခဲတဲ့အရာတွေ။ ဒါပေမဲ့ ရှင့်အတွက် အဲဒါတွေက အလွယ်လေးပဲ။ ရှင့်ရဲံ စိတ်ထဲမှာ မသိရသေးတဲ့ အသိပညာတွေ ဘယ်လောက်တောင် ရှိနေပါလိမ့်မယ်။ ကျွန်မကို ပိုပြီးတော့ အံ့သြစေခဲ့တာက ဒီအရာတွေက လူသားလောကမှာတောင် လုံးဝ မရှိခဲ့ဘူး ဆိုတာပဲ။ ရှင်က ဘယ်ကနေ ရောက်လာတာလဲ။ နတ်ဘုရားတစ်ပါး ဝင်စားတာလား။ ရှင်က....”
“ကတ်သရင်း....” ချန်လွေ့က ဂရုမစိုက်နိုင်တော့ဘဲ ကတ်သရင်း၏ ပုခုံးကို ကိုင်ကာ အသံကျယ်ကျယ်နှင့် မေးလိုက်၏။ “မင်းကို ဘယ်လို ကုသရမလဲ။”
ကတ်သရင်း၏အသံက ရုတ်ချည်း ရပ်တန့်သွား၏။ သူ၏ မျက်လုံးများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီးတော့ အသာလေး ခေါင်းခါလိုက်သည်။
“မဟာဆရာသခင်အဆင့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်နဲ့ရော...”
“အသုံးမဝင်ဘူး။ လက်သီးသက်ရောက်မှု အသက်ဝင်တာနဲ့ ကျွန်မ သေမှာပဲ....။ ရိုင်ဇန်က ကြွားတတ်တဲ့သူ မဟုတ်ဘူး။ အရိပ်နက်ဝတ်ရုံရဲ့ အထောက်အပံ့ ရှိရင်တောင် ကျွန်မက ၃ရက်ထက်ပိုပြီးတော့ အသက်မရှင်နိုင်လောက်ဘူး။”
ချန်လွေ့က သိမ့်သိမ့်တုန်သွားပြီး ကတ်သရင်းကို ဖြည်းဖြည်းချင်း ပွေ့ဖက်လိုက်သည်။ ကတ်သရင်းက မခုခံဘဲ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခွင့် ပေးလိုက်၏။
ဧကရီဖြစ်စေ၊ တော်ဝင်အမျိုးသမီးဖြစ်စေ၊ အခြားသရုပ်များ၌ဖြစ်စေ၊ အားလုံးက သူသာဖြစ်ပြီး သူ၏စိတ်ထဲ၌ ထိုယောက်ျား ရှိနေလေသည်။
ထိုအခိုက်အတန့်၌ ကတ်သရင်းက မည်သည့်မျက်နှာဖုံးကိုမှ မလိုတော့ပေ။ အကြောင်းက သူ့ဘဝတွင် အသက်ရှင်ရန် အချိန် ၃ရက်ပင် မရှိတော့သည့် အတွက်ကြောင့်ပင်။
(တကယ် နွေးထွေးတဲ့ ရင်ခွင်ပဲ..)
ချန်လွေ့က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
ချန်လွေ့က ထိုဧကရီအရှင်မက ပွေ့ဖက်ရန် တစ်ခါမက အိပ်မက် မက်ခဲ့ဖူးသော်လည်း ယခုတွင် ထိုဆုတောင်း မဖြစ်လာရန်ကိုသာ ဖြစ်စေချင်နေ၏။
“ကျွန်မ သေသွားပြီးရင်....”
“မင်းတကယ် မရှိတော့ရင် ငါ့မှာ အရိပ်နက်အင်ပါယာအတွက် ဘာမှ တွေးစရာ မရှိတော့ဘူး။” ချန်လွေ့က ကတ်သရင်း၏ အတွေးများကို မြင်လိုက်ပြီး ခေါင်းခါသည်။ “ငါ အရိပ်နက်ဝတ်ရုံကိုလည်း ယူသွားပြီးတော့ ငါ့တစ်ဘဝလုံးကို ရိုင်ဇန်နဲ့ သွေးရောင်အင်ပါယာကို မြုပ်နှံဖို့ပဲ ကုန်ဆုံးသွားမယ်။ ပြီးတော့ အရိပ်နက် အင်ပါယာကလည်း မင်းရဲ့ စျာပနပစ္စည်းအဖြစ်ပေါ့။”
“ရှင် ကျွန်မကို အတင်း အသက်ရှင်ခိုင်းဖို့ မလိုပါဘူး။ ကျွန်မကိုယ်တိုင်လည်း မသေချင်သေးဘူး။” ကတ်သရင်းက မျက်လုံးမှိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ လိုချင်ရုံနဲ့ မရတဲ့အရာတွေ ရှိတယ်လေ။”
“ဒါပေမဲ့ အဲဒီအကြောင်း မတွေးဘူးဆိုရင် မျှော်လင့်ချက် ရှိမှာ မဟုတ်ဘူး။ မျှော်လင့်ချက် ရေးရေးလေး ရှိရင်တောင် လက်လျှော့လို့ မရဘူး။” ချန်လွေ့က ပြတ်ပြတ်သားသား ပြောလိုက်၏။ “ခုနက အဲဒီစကားတွေက နောက်နေတာ မဟုတ်ဘူး။ ငါပြောတဲ့အတိုင်း တကယ် လုပ်မှာ။”
ကတ်သရင်းက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ “အရင်တစ်ခေါက် အသံတိတ်ည စိမ့်မြေမှာလိုမျိုး အဲဒီ “ကျူထျန်ရွှမ်သစ်သီး”တွေ ရှိသေးလား။”
“အဲဒါကို အရှိန်အဝါ သစ်သီးလို့ခေါ်တယ်။ အဲဒီတုန်းက ငါ ညာခဲ့တာ...” ချန်လွေ့၏ လက်ထဲ၌ အနီရောင် အရှိန်အဝါသစ်သီးတစ်လုံး ပေါ်ထွက်လာ၏။ ၎င်းက လုံးဝိုင်းပြီး ကျောက်မျက်တစ်ခုကဲ့သို့ ကြည်လင်နေခဲ့သည်။
“ရှင် လိမ်ခဲ့တာ တစ်ခါမကဘူး။” ကတ်သရင်း၏ ဖြူဖျော့နေသော မျက်နှာက အသာလေး ပြုံးလိုက်သည်။ “ရှင့်ကို လူလိမ်အကြီးစားလို့ မိန်းမတစ်ယောက်ယောက် ပြောဖူးလား။”
“အဲ...မပြောဖူးပါဘူး။” ချန်လွေ့က လိပ်ပြာမလုံဘဲ ပြန်ဖြေလိုက်ပြီး ရုတ်တရက် အံ့အားသင့်စွာဖြင့် တုံ့ပြန်ကာ ပြောလိုက်သည်။ “မင်း အရှိန်အဝါ သစ်သီးတောင်းတာက အဲဒါကို....”
“ဟုတ်တယ်...” ကတ်သရင်းက မျက်လုံးထဲ၌ ပြတ်သားမှုနှင့်အတူ လက်ထဲမှ အရှိန်အဝါသစ်သီးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “[ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] ကို ဖယ်ရှားချင်တယ်ဆိုရင် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။”
အက်စ်မိုဒက်စ်တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံး သွေးမျိုးဆက် ပါရမီ - နိဗ္ဗာန်......
နိဗ္ဗာန်စွမ်းအားက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ နိုးထအလွယ်ဆုံး ပါရမီ ဖြစ်သည်။ မူလနိဗ္ဗာန်စွမ်းအားက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ စိတ်ဝိညာဉ် စွမ်းအားကို ပိုမို အစွမ်းထက်စေနိုင်ပြီး မျက်နှာသွင်ပြင်ကိုလည်း ငယ်ရွယ်ကာ လှပစေသည်။
နိဗ္ဗာန်စွမ်းအားကလည်း အစွမ်းအထက်ဆုံး သွေးမျိုးဆက် ပါရမီ ဖြစ်သည်။ သို့သော် ပထမနိဗ္ဗာန်စွမ်းအားမှလွဲ၍ နောက်ပိုင်းနိဗ္ဗာန်စွမ်းအားများက ခွန်အားကို တိုးမြှင့်ပေးရုံသာမက ခန္ဓာအမျိုးအစားနှင့် အလားအလာကို “အရည်အသွေးအရ” အသွင်ပြောင်းလဲစေနိုင်သည်။
နိဗ္ဗာန်စွမ်းအားကသာ ခွန်အားကို တိုးမြှင့်စေနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ နိဗ္ဗာန်စွမ်းအားက ကိုယ်ပိုင်အခြေခံအုတ်မြစ်ပေါ်၌ အရည်အသွေးအရ တဟုန်ထိုး တိုးတက်သွားစေခြင်း ဖြစ်သည်။ အဆင့်တူချင်းချင်းတွင် နိဗ္ဗာန်စွမ်းအားမြင့်သူက နိမ့်သူထက် သေချာပေါက် ပိုသာသည်။ နိဗ္ဗာန်စွမ်းအား အဆင့်မြင်လေလေ တစ်ဆို့မှုများကို ချိုးဖျက်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်သည်။
သို့သော်လည်း နိဗ္ဗာန်စွမ်းအား အဆင့်တိုင်းအတွက် အန္တရာယ်နှင့် ကျရှုံးနိုင်ချေက အလွန်ပင် မြင့်မားလှသည်။ ကျရှုံးသွားသည်နှင့် နိဗ္ဗာန် မီးတောက်ကြောင့် ပြာအဖြစ် လောင်ကျွမ်းသွားမည် ဖြစ်သည်။
ကတ်သရင်းက ယခင်တစ်ခေါက် အသံတိတ်ညစိမ့်မြေ၌ စတုတ္ထမြောက် နိဗ္ဗာန်စွမ်းအား ပြီးမြောက်သွားပြီဖြစ်ကာ ယခုတစ်ခေါက်မှာ ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအား ဖြစ်၏။ အောင်မြင်သွားလျှင် [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] ၏ “မသန့်စင်မှု”က သန့်စင်ခံလိုက်ရမည်ဖြစ်သည်။ ကတ်သရင်း၏ ကိုယ်ပိုင်စွမ်းအားက တဟုန်ထိုး တိုးတက်သွားနိုင်သော်လည်း ထိုကဲ့သို့ အောင်မြင်နိုင်နှုန်းက....သုညနီးပါး ဖြစ်လေသည်။
အကြောင်းမှာ အက်စ်မိုဒက်စ် ဘိုးဘေးအပြင် သမိုင်းကြောင်းထဲ၌ မိသားစုဝင်တစ်ယောက်သာ ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအား ပြီးမြောက်ခဲ့ခြင်း ကြောင့်ပင်။ သူက ထိုစဉ်က ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သည်။ တိုက်ပွဲတစ်ခု၌ အဆင့်တူ နတ်ဆိုးအရှင်သခင်အဆင့် ၁၀ယောက်ကို သတ်ပစ်ခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ထိုအပြင် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၌ ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအားကို ရောက်ရှိသူ မရှိတော့ပေ။ ထူးချွန်သော အရည်အချင်းရှိသည့် မရေမတွက်နိုင်သော ပါရမီရှင်များက ပဉ္စမအကြိမ်မြောက်ကို တက်ရောက်ရန် ကြိုးပမ်းကြသည့်အချိန်၌ ခြွင်းချက်မရှိဘဲ ကျရှုံးကာ သေဆုံးခဲ့ကြရသည်။ ထို့ကြောင့် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံး သွေးမျိုးဆက်ပါရမီက တဖြည်းဖြည်း အားအနည်းဆုံးဖြစ်သွားပြီး [စစ်ရုပ်သေး]က အစားထိုးသွားခဲ့သည်။
“ဒီအရှိန်အဝါသစ်သီးက အရင်တစ်ခေါက် အသံတိတ်ညစိမ့်မြေမှာ ကျွန်မကို ရှင်ပေးခဲ့တာထက် အရည်အသွေး အများကြီး ပိုမြင့်တယ်။ ဒါက အောင်မြင်နှုန်းကို ထပ်ပြီးတော့ တိုးစေနိုင်လောက်တယ်။ ဒီတစ်ခေါက် ကျွန်မ အလုံး ၁၀၀ လိုတယ်။ ရှင့်မှာ အဲလောက်အများကြီး ရှိလား။”
“အရေအတွက်က ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်း....တကယ် ဆုံးဖြတ်ပြီးပြီလား။” အရှိန်အဝါသစ်သီး ဂိုဒေါင်က အတော်လေး ကြီးမားသော်လည်း အားလုံးကို ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲတိုက်အတွက် လိုအပ်သော စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်း ကြယ်စင်စု ဥယျာဉ်က အသစ်များ ဆက်ထုတ်ပေးနေခဲ့သည်။ ၁၀၀ မပြောနှင့်၊ အလုံး၁၀၀၀ ကိုပင် အေးအေးဆေးဆေး ပေးနိုင်၏။
“ကျွန်မမှာ ရွေးစရာ မရှိဘူး။” ကတ်သရင်းက ချန်လွေ့၏ ရင်ခွင်ထဲမှ ဖြည်းဖြည်းချင်း ထလိုက်သည်။ “ကျွန်မ တစ်ခေါက် လောင်းကြေးထပ်ရမယ်။ ကျွန်မရဲ့ ဘဝကို လောင်းကြေးထပ်မယ်။ ပြီးတော့ ကြယ်ကြွေတမန်အင်ပါယာရဲ့ အနာဂတ်ကို လောင်ကြေးထပ်မယ်။”
ချန်လွေ့က ကတ်သရင်း၏လက်ကို ကိုင်လိုက်သည်။ “ပြီးတော့ ငါတို့ရဲ့ အနာဂတ်အတွက်....”
ကတ်သရင်းက တစ်ခုခု ပြောချင်သော်လည်း စိတ်ကိုထိန်းလိုက်သည်။ ထို့နောက် တိုးတိုလေး ပြောလိုက်၏။ “အနာဂတ်မှာ ဘာပဲဖြစ်ဖြစ်၊ အနာဂတ်မှပဲ ပြောကြတာပေါ့။”
“မင်း ပြောချင်တာကို သိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ကို ငါတို့ တန်ဖိုးထားသင့်တယ်။” ချန်လွေ့က အခြေအနေကို အခွင့်ကောင်းယူပြီး ကတ်သရင်း၏ လက်ကို ကိုင်လိုက်ပြန်သည်။ ကတ်သရင်း၏လက်က ကျောက်စိမ်း ကဲ့သို့ ချောမွေ့နေပြီး ထိတွေ့ရည်မှာပင် အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။
“ကြည့်ရတာ ရှင်က လူလိမ်တင်မကဘူး၊ လူရှုပ်လည်း ဖြစ်နေတာပဲ။” ကတ်သရင်းက ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ပြီး ထိုသူကို မျက်နှာ ဆွဲထိုးချင်စိတ်အား ထိန်းထားလိုက်ရသည်။
သို့သော်လည်း ထူးဆန်းသည်က ချန်လွေ့နှင့်အတူ ရှိနေချိန်တွင် အေးချမ်းမှုနှင့် ပေါ့ပါးမှုတို့က ပြောပြ၍မရသောအဆင့်တစ်ခု၌ ရှိနေခြင်းပင်။ ဖော်ပြ၍မရသော ခံစားချက်တစ်ခုလည်း ရှိနေသေးသည်။
သူ၏ခံစားချက်များ အားလုံးက ရှေ့မှလူကြောင့် ဖြစ်နေသကဲ့သို့ပင်။
ကတ်သရင်းသည် ထိုကဲ့သို့ ယခင်က လုံးဝ မခံစားခဲ့ရပေ။
“ဟုတ်ပြီ။ ကျွန်မရဲ့စိတ်က တည်ငြိမ်လုနီးပါး ဖြစ်သွားပြီ။ ရှင် ကျွန်မကို မနှောင့်ယှက်ချင်ဘူးဆိုရင် ကျွန်မကို အသားယူပြီး ဖက်နေတာ ရပ်ပြီးတော့ ဒီအခန်းထဲကနေ ထွက်သွားလို့ရပြီ။”
ချန်လွေ့က နှစ်ခါ ရယ်လိုက်ပြီးနောက် ဧကရီအရှင်မ၏ ကျောက်စိမ်းသဖွယ် ခန္ဓာကိုယ်ကို တွန့်ဆုတ်စွာဖြင့် လွှတ်ပေးလိုက်သည်။ သူက တံခါးဆီသို့ လမ်းလျှောက်သွားနေစဉ် ခေါင်းကုတ်ကာ ပြောသည်။ “ဒါနဲ့ ဒီတစ်ခေါက် အရှိန်အဝါ သစ်သီးကို သုံးပြီးတော့ နိဗ္ဗာန်စွမ်းအားကို အထောက်အပံ့လုပ်ဖို့ဆိုရင်...ဘေးထွက် ဆိုးကျိုးတွေ ရှိဦးမှာလား။”
ရမ္မက်ထန်သော ဘေးထွက်ဆိုးကျိုးပင်။
ထိုကဲ့သို့ “ဘေးထွက်ဆိုးကျိုး”ကြောင့်ပင် ချန်လွေ့က ဧကရီအရှင်မ၏ တွန်းလှဲခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ သူက ထိပ်တန်းမိန်းမလှအား စစ်မှန်သော မိန်းမ တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ရုံသာမက လောကနှစ်ခု၏ ဌာနအဆင့် ကေဒါတာဝန်ကိုလည်း ဖယ်ရှားခဲ့သည်။ ထိုအချိန်မှစ၍ သူက သလင်းကျောက် မောင်းမဆောင်ဘဝသို့ ခြေချသွားခဲ့ပြီး အိုတာခုအားလုံးကို မနာလို မုန်းတီးမှုများ ဖြစ်သွားစေခဲ့သည်။
အက်စ်မိုဒက်စ် တော်ဝင်မိသားစုကို ကာမတော်ဝင်မိသားစု တော်ဝင်မိသားစု ဟူ၍လည်း သိကြသည်။ နိဗ္ဗာန်စွမ်းအားက ကာမစိတ်ဆန္ဒကို လှုံ့ဆော်နိုင်သည်။ မူလက မိစ္ဆာသလဲသီးကို အသုံးပြုရခြင်းမှာ နိဗ္ဗာန်စွမ်းအား အောင်မြင်နှုန်း တိုးတက်အောင်သာမက ကာမဆန္ဒကို ထိန်းချုပ်နိုင်သော အထူးသက်ရောက်မှုလည်း ပါရှိသည့် အတွက်ကြောင့် ဖြစ်သည်။ အရှိန်အဝါသစ်သီးက မိစ္ဆာတလဲသီးထက် တိုးမြှင့်စွမ်းအားက ပိုအားကောင်းသော်လည်း ကာမဆန္ဒကို ထိန်းချုပ်နိုင်သော သက်ရောက်မှု မရှိပေ။
အတိအကျပြောရင် ဘေးထွက်ဆိုးကျိုးက အကျိုးအမြတ်ပင်။
ကတ်သရင်း၏မျက်နှာ နီမြန်းသွားသော်လည်း ဒေါသမထွက်ခဲ့ပေ။ သူက ချန်လွေ့ကို ဖျတ်ခနဲ နက်နက်ရှိုင်းရှိုင်း ကြည့်ပြီး ပြုံးပြလိုက်သည်။ “ကျွန်မကို မမေ့နဲ့ဦး။”
ဆွဲဆောင်မှုရှိသော အပြုံးနှင့် ကျောက်စိမ်းကဲ့သို့ မိန်းမလှတစ်ယောက်။
အကြောင်းရင်း အချို့ကြောင့် ချန်လွေ့က လည်ချောင်းတွင် တစ်နေခဲ့ပြီး မည်သည်ကိုမှ မပြောနိုင်ခဲ့ပေ။ သူက ခေါင်းညိတ်ရုံသာ တိတ်နိုင်ခဲ့၏။
အားနှင့်မာန်နှင့် ခေါင်းညိတ်နေခြင်းပင်။
နတ်ဆိုးသမက် စာစဉ် (၄၆) ပြီးပါပြီ........