← Chapters

ကစားပွဲ၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 46 Ch. 726

ကစားပွဲ၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 46 Ch. 726

တည်ငြိမ်သောတေးသံတစ်ခု ထွက်ပေါ်လာပြီး လရောင်အောက်၌ တစ်ယောက်တည်း လမ်းလျှောက်နေကာ အမှောင်ထု၏ အထီးကျန် ပွေ့ဖက်မှုကို ခံစားနေသော နတ်မိမယ်တစ်ယောက်သဖွယ် စွန့်ပစ်ခံတောင်ထဲ၌ ပဲ့တင်ထပ်နေ၏။

ထိုအရာက လှည့်လည်သွားလာသူ ရစ်ချက်က ပလွေတိုဖြင့် တီးမှုတ်ခဲ့သော “အမည်မဲ့တေးသွား”တစ်ပုဒ် ဖြစ်ပေသည်။ ဝန်းကျင်အခြေအနေ လိုအပ်ချက်ကြောင့် ဖြစ်ပေလိမ့်မည်။ အစမှအဆုံးအထိ ထိုပုဂ္ဂိုလ်က မှော်မြင်ကွင်းထဲ၌ ပုန်းကွယ်နေပြီး မပေါ်ထွက်လာခဲ့ပေ။

ထိုတေးသွား ဖျော်ဖြေမှုက သိပ်မကြာလှပေ။ အခြားသော ထူးခြားကောင်းမွန်သည့် အစီအစဉ်များနှင့် ယှဉ်လိုက်ပါက ထူးချွန်လှသည် မဟုတ်ပေ။ သို့သော် မှော်ရုပ်မြင်သံကြားအရှေ့မှ အရိပ်နက်အင်ပါယာ ဧကရီက ထိုတေးသွားကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် မျက်လုံးကြုတ်လိုက်၏။

ထိုအချိန်၌ လီလစ်ဇ်က တေးသွားထဲ၌ စိတ်နှစ်နေခဲ့ခြင်း မရှိခဲ့လျှင် ဧကရီ အရှင်မ၏ တည်ငြိမ်သော ရေကန်ကဲ့သို့ မျက်လုံးများက အမှန်တကယ် စတင်၍ လှုပ်ရှားလာနေကြောင်း သတိထားမိပေလိမ့်မည်။

ယစ်မူးနေသော လီလစ်ဇ်ကဲ့သို့ မဟုတ်ဘဲ ကတ်သရင်းကလည်း ဂီတကို အလွန်သ‌ဘောကျော်လည်း ဖျော်ဖြေပွဲကို ဧကရီရှုထောင့်မှုကြည့်ပြီး အမြဲပင် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားထားခဲ့သည်။ သူမြင်ခဲ့သည်က ဂီတအဆင့်များ မဟုတ်ဘဲ ထိုကဲ့သို့ ဂီတမျိုးက စီးပွားရေး၊တိုးတက်မှုနှင့် အင်ပါယာ စည်းလုံးရေးတို့ပေါ်၌ မည်သို့ သက်ရောက်မှု ရှိနိုင်ကြောင်းသာ ဖြစ်သည်။ သို့ရာတွင် ထို “အမည်မဲ့တေးသွား”အသံကို ကြားလိုက်ရသောအခါ သူက အကျိုးအမြတ်ကို ကြည့်၍ မနေနိုင်တော့ပေ။

ထိုသီချင်းကို သူ ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ပထမဆုံးက အသံတိတ်ညစိမ့်မြေ၌ ဖြစ်၏။

ထိုအရာက “အမည်မဲ့တေးသွား” မဟုတ်ဘဲ “လရောင်အောက်မှ တကိုယ်တော် ကခုန်ခြင်း” ဖြစ်သည်။

ထိုသီချင်းကို မေ့သွားပြီဟု ထင်ခဲ့သော်လည်း သူ့နှလုံးသားထဲ၌ ယနေ့အထိ ရှိနေလိမ့်ဦးမည်ဖြစ်ကြောင်း မသိခဲ့ရပေ။ သူ မေးချင်သော်လည်း မမေ့နိုင်ခဲ့ပေ။

“ရစ်ချက်....” ကတ်သရင်း၏စိတ်ထဲ၌ ခံစားချက် အနည်းငယ် တုန်ယင်သွားပြီး လက်သီးကိုဆုပ်ကာ ရုတ်တရက် ရေရွတ်လိုက်သည်။ “ရှင်က နာမည်တုကိုတောင် အဖက်လုပ်ပြီး မပြောင်းခဲ့ဘူးပဲ....”

ထိုအသံကြောင့် လီလစ်ဇ် နိုးသွား၏။ “အရှင်မ။ ဘာပြောလိုက်တာလဲ။”

ကတ်သရင်းက သတိပြန်ဝင်လာပြီး ခေါင်းခါပြလိုက်သည်။ လီလစ်ဇ်က အာရုံစိုက်မနေဘဲ မှော်ရုပ်မြင်သံကြားကိုသာ ပြန်လှည့်ကြည့်နေသည်။

ဧကရီအရှင်မက အသာလေး သက်ပြင်းချလိုက်ပြီးနောက် နောက်မှ ဝတ်ရုံကို အသာအယာ ပွတ်သပ်လိုက်သည်။ ထိုအရာက အဆောင်ပစ္စည်း(၇)ခုထဲမှ တစ်ခုဖြစ်သော အရိပ်နက်ဝတ်ရုံ မဟုတ်ဘဲ ဒဏ္ဍာရီလာယောင်အဆင့် ဝတ်ရုံ “ကြယ်များကိုတမ်းတခြင်း” ဖြစ်၏။

စွန့်ပစ်ခဲ့သော အရာများက အမှန်တကယ် လုံးဝ မပျောက်ကွယ်ခဲ့ပေ။

ကြယ်ကြွေတမန်အင်ပါယာ ချန်နယ်(၁)မှ တိုက်ရိုက် ဖျော်ဖြေပွဲက အတော်လေး အောင်မြင်ခဲ့ပြီး ကြီးကြီးမားမား အုတ်အော်သောင်းတင်း ဖြစ်စေခဲ့၏။

ထို့နောက် “အင်ပါယာနေ့စဉ်”က ဖော်ပြသော စစ်တမ်းအရ ဖျော်ဖြေပွဲမှ လူကြိုက်အများဆုံး အပိုင်းမှာ ပင်လယ်သတ္တဝါမျိုးနွယ်စုမှ မိန်းကလေးနှစ်ယောက် သီဆိုတီးမှုတ်သော “ကောင်းကင်ပေါ်ကရဲတိုက်” ဖြစ်ခဲ့သည်။ စောင်းကောက်၏ လှပသောအသံက ဝိညာဉ်ကို လှုပ်ခါစေနိုင်လောက်သည့် ချိုမြိန်လှသောအသံနှင့် ပေါင်းစပ်သွားသောအခါ နားမလည်သည့်တိုင် နားထောင်သူများကို ယစ်မူးသွားစေ နိုင်လေသည်။

အယ်ဒီလိုင်းနှင့် ဟယ်လင်တို့က နေ့ချင်းညချင်း နာမည်ကျော်သွားကြ၏။ သူတို့က အပြင်သွားတိုင်း ပရိသတ်အကြီးစားများနှင့် ဆုံတွေ့ရတတ်သည်။ မာယာရှင်မလေးက အတော်လေး စိတ်လှုပ်ရှားနေပုံပေါ်ပြီး ချန်လွေ့က ကတိတစ်ခု ပြီးမြောက်စေခဲ့သည့်အတွက် နာဂါကောင်မလေးက ပို၍ပင် ရင်ထဲထိသွားခဲ့သည်။ မင်းရဲ့ လှပတဲ့ စောင်းသံက လူတိုင်းကို ယစ်မူးစေလိမ့်မယ်။

လူပြောအများဆုံးက အမှောင်လလော့ဒ် အသီနာကိုယ်တိုင် သီဆိုထားသော “အက်ဆီဒေါသီချင်း” ဖြစ်၏။ ထိုနေ့က အက်ဆီဒေါမြို့တွင် ကောင်းကင် ငိုနေသည့် သဖွယ် မိုးအကြီးအကျယ် ရွာသွန်းနေခဲ့သည်။ မှော်ရုပ်မြင်သံကြားအရှေ့မှ ဆမ်မြူရယ် တော်ဝင်မိသားစုက ငိုမိလုမတတ် ဖြစ်သွားကြသည်ဟု ပြောကြသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ထို့နောက်တွင် ဆမ်မြူရယ် တော်ဝင်မိသားစုမှ အစွမ်းထက်ပုဂ္ဂိုလ်များက အမှောင်လနယ်မြေသို့သွားပြီး အသီနာနှင့် ပူးပေါင်းခဲ့ခြင်းပင်။

အဆုံးသတ်မှာ ကျက်သရေရှိပြီး စိတ်ကိုတက်ကြွစေသော ကြယ်ကြွေတမန် အင်ပါယာ၏ စစ်သီချင်းအသစ် ဖြစ်သည်။ ချန်လွေ့က အယ်ဒီလိုင်းအား သူ၏ မှတ်ဉာဏ်ထဲမှ “The Mass”ကို အခြေခံထားခိုင်းခဲ့သည်။ ထိုဂန္ဓဝင်သီချင်းက ဂျာမန်အက်စ်အက်စ်၏ ပထမဆုံးအဖွဲ့ခွဲမှ စစ်သီချင်းဖြစ်ကြောင်း ကောလာဟလများ ရှိခဲ့သည်။ ထို့နောက် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ရုပ်မြင်သံကြား အစီအစဉ်များနှင့် လူထုလှုပ်ရှားရေးများ၌ပင် နောက်ခံဂီတအဖြစ် အသုံးပြုခဲ့ကြသည်။ မြင်နေရသော ခံစားချက်များကို ကြည့်ရမည်ဆိုလျှင် သိပ်မကြာခင်၌ စစ်သီချင်းကို နတ်ဆိုးများ အားလုံး ရင်းနှီးလာကြပေလိမ့်မည်။

ချန်လွေ့ ကိုးကားသော အမူအရာပုံစံက အခြားလောကမှ ဂီတရုပ်ရှင်ပုံစံ ဖြစ်သည်။ ထိုလောက၌ ထိုအရာက တစ်ခါမှ မမြင်ဖူးသော အနုပညာတစ်ခု ဖြစ်သည်။ နောက်ခံတီးလုံးများသာမက ယုတ္တိရှိသော မှော်ပုံရိပ်များလည်း ပါဝင်၏။ ခမ်းနားသော သမိုင်းကြောင်းတစ်ခုက အသက်ဝင်လာသလိုမျိုး ဖြစ်နေပြီး ပရိသတ်များမှ အားကောင်းသော ပဲ့တင်ထပ်မှုများကို လှုံ့ဆော်ပေးနိုင်လေသည်။

ယခင်ဘဝကဲ့သို့ သုံးဖက်မြင် အထူးပြုလုပ်ချက်များ မရှိသော်လည်း ထိုနေရာတွင် မှော်ပညာရှိ၏။ ရေဒြပ်စင် အတုခိုးမှော်ပညာကို အသုံးပြုသူက နတ်မိမယ်နဂါးဇိုလာ၏ တပည့်ဖြစ်သော ကြယ်ကြွေတမန်အင်ပါယာ ထိပ်တန်း မှော်ပညာရှင် စတေလာ ဖြစ်သည်။ စတေလာက ထိုစဉ်က ဘိုးလ်မိသားစုကို ကာကွယ်ရန်အတွက် ဇိုလာ၏တပည့် ဖြစ်ခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့် အမျှ ဆရာဖြစ်သူ၏ စွမ်းအားကို ပိုပိုသိလာခဲ့ရသည်။ ဇိုလာက စိတ်ကောင်းဝင်တိုင်း သူ့ကို‌ ထောက်ပြတတ်ပြီး သူ့အတွက် အကျိုးအမြတ်များစွာ ဖြစ်စေခဲ့သည်။

စတေလာ၏ မှော်ပညာက ဇိုလာထက် များစွာ နိမ့်ကျသော်လည်း သူက သာမန် နတ်ဆိုးအရှင်သခင်အဆင့်၌ ထိပ်ဆုံးရောက်နေသည်မှာ သေချာသည်။ ချန်လွေ့၏ မှော်စက်ဝိုင်းနှင့်ဆိုလျှင် အထူးပြုလုပ်ချက်များက အတော်လေး ချွန်ထွက် နေလိမ့်မည်။

ဖျော်ဖြေမှုတွင် ပါဝင်ကြသော “အဆိုတော်” အများစုက နာမည်ကျော်သွား ကြသည်။ အင်ပါယာ တစ်ခုလုံး၏ ပရိသတ်များ အပြင်းအထန် တောင်းဆိုမှုကြောင့် ကြယ်ကြွေတမန်အင်ပါယာ ချန်နယ်(၁)တွင် သုံးရက်ကြာပြီးနောက် ပြန်ပြခဲ့သည်။ နောက်ထပ် ဖျော်ဖြေပွဲကိုလည်း ပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောကြသည်။ အသေးစိတ် အချိန်ကိုတော့ မသတ်မှတ်ရသေးသော်လည်း လူကြိုက်အများဆုံး ပင်လယ်သတ္တဝါမျိုးနွယ်စု မိန်းကလေးနှစ်ယောက် နောက်တစ်ခါ တက်ရောက်မည် ကတော့ သေချာပေသည်။

ချန်လွေ့၏ လက်ရှိ အာရုံစိုက်မှုက ထို ပုံရိပ်ယောင်“ဂိမ်း”ကို ပြုပြင်ရန် ဖြစ်သည်။ သူက ဖျော်ဖြေပွဲ အောင်မြင်မှုကြောင့် အာရုံမပြောင်းသွားပေ။ ထိုအချိန်က သူကိုယ်တိုင်လည်း “လရောင်အောက်မှ တကိုယ်တော် ကခုန်ခြင်း” တေးသွားကို တီးမှုတ်ခဲ့လေသည်။

ထိုတေးသွားက အရိပ်မှ လွမ်းဆွတ်ဖွယ်ရာ တစ်ခု ဖြစ်ရုံသာမက ဧကရီ တစ်ပါးအတွက် အချက်ပြခြင်း တစ်ခုလည်း ဖြစ်ပေသည်။

တစ်နေ့ကျရင် ကျုပ် နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့ စွမ်းအားနဲ့ အရိပ်နက်အင်ပါယာဆီကို ပြန်လာပြီးတော့.....ခင်ဗျားကို ခေါ်သွားမယ်။

သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် “သော့ချက်”ကို ဖွင့်နိုင်သည်နှင့် ထိုပန်းတိုင်ကို ရရှိနိုင်ရန် မဖြစ်နိုင်သည် မဟုတ်ပေ။ သို့သော် ကတ်သရင်းက အင်ပါယာတစ်ခု၏ အုပ်စိုးသူဖြစ်ပြီး တာဝန်အများအပြား ရှိနေသည်။ အရေးအကြီးဆုံး အရာကတော့ ဧကရီအရှင်မ၏ စိတ်သဘောထားပင်။

ချန်လွေ့က ကတ်သရင်း၏စိတ်ကို ကောင်းကောင်း နားလည်သည်။ သူက ချန်လွေ့ကို အမှန်တကယ် ချစ်သည့်တိုင် အရာအများအပြားကို စွန့်ပစ်ရန် မဖြစ်နိုင်ပေ။ ထိုကိစ္စကို အလျင်လို၍ မရပေ။ သူက ဖြည်းဖြည်းနှင့် မှန်မှန်သာ လုပ်နိုင်ပေသည်။ ထိုတေးသွားက အရိပ်နက်အင်ပါယာ ဧကရီ၏ နှလုံးသားကို အနည်းငယ် လှုပ်ခါစေနိုင်သည်နှင့် အောင်မြင်သည်ဟု ဟူဆ၍ ရနိုင်၏။

“ပုံရိပ်ယောင်ဂိမ်း”က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ ဗဟိုချက် အသက် သလင်းကျောက်ဖြစ်သော သလင်းကျောက်ဇာမဏီကို အခြေခံထားခြင်း ဖြစ်သည်။ ခေါင်းစွပ်က သတ္တုဦးနှောက်လှိုင်း လက်ခံပစ္စည်းနှင့် ညီမျှပေသည်။ ချန်လွေ့က တိုင်းပြည်၏ စိတ်ဝိညာဉ်အမှတ်အသားနှင့် သလင်းကျောက်ဇာမဏီ၏ တစ်ဦးတည်းသော ပိုင်ရှင် ဖြစ်သည့်အတွက် သူက အမြင့်ဆုံး အာဏာရှိ၏။

ထိုဂိမ်းများထဲ၌ ရိုမန်က စွမ်းအားအကြီးဆုံးနှင့် အခက်ဆုံးဖြစ်သော “အမွေအနှစ်လောက”ကို ရင်ဆိုင်ခဲ့ရပြီး ထိုအရာက ချန်လွေ့ အရင်တစ်ခေါက် စမ်းသပ်ချက် လက်ခံခဲ့ရသော “အသူရာချောက်နက်” ဖြစ်သည်။ အကြောင်းရင်း တချို့ကြောင့် ချန်လွေ့က အသူရာချောက်နက် ပတ်ဝန်းကျင်နှင့် အတွင်းထဲမှ မကောင်းဆိုးဝါးများကို ပြောင်းလဲခဲ့သည်။ ထိုစိတ်ဝိညာဉ်လောကကို လက်တွေ့နှင့် ပူးပေါင်းလေ့ကျင့်ခြေင်းက အတော်လေး ထိရောက်မှုရှိကြောင့် အချက်အလက်များက သက်သေပြခဲ့ပြီးဖြစ်သည်။ ဒိုဒို၏ လှုံ့ဆော်မှုအောက်တွင် ရိုမန် ရောက်ရှိခဲ့သော နတ်ဆိုးအရှင်သခင်အဆင့်က တဖြည်းဖြည်း တည်ငြိမ်လာခဲ့ လေသည်။

စုစည်းရုပ်သေးများ အပါအဝင် အမျိုးမျိုးသော အဂ္ဂရိတ်သတ္တဝါများကို ထုတ်လုပ်သည့် ကိရိယာများကို မှင်စာဆိုးအစေခံများ၏ အားထုတ်မှုများဖြင့် ပြင်ဆင်နိုင်ခဲ့ပြီး ပုံမှန် လည်ပတ်နိုင်လေပြီ။ လက်ရှိတွင် ကြယ်မြို့တော်၌ မှင်စာဆိုး အစေခံ ၁၅၀၀၀၊ သလင်းကျောက်သားရဲ ၅၀၀၊ မီးအိမ်ဝိညာဉ် ၃၀၀၀ (ကြယ်ကြွေတမန် အင်ပါယာမှ အစောင့်တပ်များ အပါအဝင်)၊ စုစည်းရုပ်သေး ၁၀နှင့် ဧရာမသလင်းကျောက်သားရဲ ၁ကောင်တို့ ရှိနေပြီဖြစ်သည်။

သလင်းကျောက်ဇာမဏီ၏ စွမ်းအား အကန့်အသတ်ကြောင့် စုစည်းရုပ်သေးနှင့် ဧရာမသလင်းကျောက်သားရဲ ထုတ်လုပ်နှုန်းက မမြန်လှပေ။ ဗဟိုချက်စနစ်၏ အဆင့်မြှင့်ကုန်ကြမ်းများကို စုဆောင်းနိုင်မည်ဆိုလျှင် အဂ္ဂိရတ်သက်ရှိများ၏ ထုတ်လုပ်ရေး အမြန်နှုန်းက ကြီးကြီးမားမား တိုးတက်သွားပြီး ထိန်းချုပ်နိုင်မည့် အဂ္ဂိရတ်သက်ရှိ အကန့်အသတ်လည်း တိုးမြင့်သွားပေလိမ့်မည်။ ကံဆိုးစွာပင် ကုန်ကြမ်း ရှားပါးမှုကြောင့် ချန်လွေ့က တခြားကုန်ကြမ်းများကို တွက်ချက်ရန် သလင်းကျောက်ဇာမဏီကို ဖြည်းဖြည်းချင်း မေး၍သာ စုဆောင်းနိုင်လေသည်။

ဒေလီယာ ကြုံတွေ့ခဲ့ရသည်က စုစည်ရုပ်သေး လေ့ကျင့်ရေးလောက ဖြစ်သည်။ အဲလစ်က ယခင်ဘဝမှ စီးပွားရေးဂိမ်းများကို ကိုးကားထားသော “ချန်စားသောက်ဆိုင်”ကို ကစားနေခြင်း ဖြစ်သည်။ ထိုဂိမ်းများကို အောင်အောင်မြင်မြင် ဖန်တီးနိုင်သည်နှင့် ချန်လွေ့က ယန္တရားအစည်းအရုံးကို ဗဟိုပြုကို ၎င်းကို တစ်ဆင့်ချင်း ကြော်ငြာရန် ရည်ရွယ်ထားခဲ့သည်။

စုစည်းရုပ်သေးအတွက် မောင်းနှင်သူများ လေ့ကျင့်ခြင်းနှင့် တိုက်ခိုက်ရေး စွမ်းအား တိုးမြှင်းခြင်းတို့အပြင် ထိုပုံရိပ်ယောင်ဂိမ်းက စီးပွားရေး အကျိုးအမြတ် အများအပြားကို ယူဆောင်လာနိုင်ပေသည်။ သို့ရာတွင် ချန်လွေ့၏ တကယ့် ရည်ရွယ်ချက်က ထိုထက်ပိုသည်။

ကြယ်၆ပွင့် အောင်မြင်ခြင်း ပြီးနောက် စူပါစနစ်၏ လဲလှယ်ရေးဌာန၌ အသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ပစ္စည်းအသစ်ကို ယုံကြည်မှု သလင်းကျောက်များဖြင့် လဲလှယ်ရန် လိုအပ်ပေသည်။ ယခင်က လူသားလောက၌ သူ ယုံကြည်မှုသလင်းကျောက် ၁၀သိန်း စုဆောင်းခဲ့သည့်အတွက် ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ ယခုတွင် သူက နတ်ဆိုးဘုံသို့ ပြန်ရောက်လာခဲ့ပြီး ယုံကြည်မှု သလင်းကျောက်များက စူပါစနစ်က အလိုလို ထုတ်ပေးနေပြီ ဖြစ်သည်။ ထို့ပြင် အသူရာက လူသားလောကမှတစ်ဆင့် ယုံကြည်မှုစွမ်းအားများကို ယုံကြည်မှု သလင်းကျောက်အဖြစ် ပြန်ပြောင်းကာ ပို့ပေးနေပြီး အ‌တော်များများ စုဆောင်းမိနေလေပြီ။

လဲလှယ်ရေးဌာန၌ ပစ္စည်းအသစ် နှစ်မျိုး ရှိသည်။ တစ်ခုက နှင်းဒဲလက်ကဲ့သို့ အပိုတိုးမြှင့်မှုများ ပေးနိုင်သည့် ယုံကြည်မှုသက်ရှိ ဖြစ်သည်။

တစ္ဆေပန်း - B အဆင့် ယုံကြည်မှုသတ္တဝါ (လေဒြပ်စင်)။ ကြယ်ချီးမြှင့် စင်မြင့် လက်ခံသူ အမြန်နှုန်းကို ၂၀% တိုးစေနိုင်သည်။ လဲလှယ်ရန်တန်ဖိုး - ယုံကြည်မှု သလင်းကျောက် ၅ထောင်။

ဆုပန်မြက် - အဆင့် C သတ္တဝါ (မြေဒြပ်စင်) ။ တိုင်းပြည်ရှိ ယုံကြည်မှု သလင်းကျောက် အထွက်နှုန်းကို နေ့စဉ် ၁၀% တိုးစေနိုင်သည်။ လဲလှယ်ရန် စျေးနှုန်း - သလင်းကျောက်နက်ဒင်္ဂါး တစ်သောင်း။

ကြယ်ချီးမြှင့်စင်မြင့်၏ ယုံကြည်မှုသက်ရှိက ကြယ်လက်ခံသူ၏ တိုးမြှင့်မှုနှင့် ထပ်နိုင်သော်လည်း ယုံကြည်မှုသက်ရှိ တစ်မျိုးကိုသာ “စိုက်ပျိုး”၍ ရနိုင်ပေသည်။ တစ္ဆေပန်းနှင့် စုပန်မြက်တို့က C အဆင့်နှင့် B အဆင့် ယုံကြည်မှုသက်ရှိများသာ ဖြစ်ကြပေသည်။ ဓူဝံကြယ်အဆင့်ကို တိုးမြှင့်ပြီးနောက် ယုံကြည်မှုသက်ရှိများကို ပိုမို၍ လဲလှယ်ရနိုင်ပေသည်။ ချန်လွေ့က S အဆင့် နှင်းဒဲလက်ပန်းကို ရရှိခဲ့သည်မှာက အမှန်တကယ် ကံကောင်း၍ပင်။

လဲလှယ်ပစ္စည်းထဲမှ ဒုတိယ အမျိုးအစားက အတော်လေး ထူးခြားလှသည်။

ကိုးကွယ်သူနှလုံးသား - ယုံကြည်မှုစွမ်းအား စုပ်ယူပြီး ယုံကြည်မှု ပြောင်းလဲ နိုင်သော ဗဟိုချက်များ ဖြစ်လာနိုင်သည့် ပစ္စည်းများအဖြစ်သို့ ပေါင်းစပ်နိုင်သည့် သီးခြားယုံကြည်မှုအမြုတေ။ လုပ်ဆောင်ချက်က ယုံကြည်မှုမျှော်စင်နှင့် ဆင်တူ၏။ လဲလှယ်ရန် စျေးနှုန်းက ယုံကြည်မှုသလင်းကျောက် တစ်သိန်းဖြစ်ပြီး တစ်ခုသာ လဲလှယ်၍ ရနိုင်သည်။

ကိုးကွယ်သူခြေထောက် - ယုံကြည်မှု၊ တိုးမြှင့်မှုနှင့် ယုံကြည်မှုစွမ်းအား ဖြန့်ဝေခြင်း စုပ်ယူမှု အဝန်းအဝိုင်းကို ဖြန့်ကျက်ပေးနိုင်သည်။ လုပ်ဆောင်ချက်က ယုံကြည်မှုကျောက်တိုင်နှင့် ဆင်တူ၏။ လဲလှယ်ရန်စျေးနှုန်းက ယုံကြည်မှု သလင်းကျောက် တစ်သိန်းဖြစ်ပြီး အကန့်အသတ်မရှိ လဲလှယ်နိုင်သည်။

ထို “ကိုးကွယ်သူခြေထောက်”က အသုံးမဝင်နိုင်ကြောင်း ချန်လွေ့ ယခင်က ခံစားမိခဲ့သည်။ ယုံကြည်မှုမျှော်စင်ကို တကယ့်လောကမှာ ထားထားလို့ ရမှာလား။ အက်ဂ်ယောရဲ့ သရုပ်နဲ့ဆိုရင်တောင် ဘယ်သူမှ သူ့ကို ယုံကြည်ကြမှာ မဟုတ်ဘူး။

တစ်နေ့ ချန်လွေ့က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ ဂိမ်းအကြောင်း စဉ်းစားနေရင်း ရုတ်တရက် ဉာဏ်အလင်းရသွားခဲ့သည်။ သူက ရှိသမျှ ယုံကြည်မှု သလင်းကျောက်အားလုံးနီးပါးကို အသုံးပြုလိုက်ပြီး တစ်ခုတည်းသော “ကိုးကွယ်သူနှလုံးသား”ကို လဲလှယ်ခဲ့သည်။ ထို့နောက် သလင်းကျောက်ဇာမဏီနှင့် ပေါင်းစပ်လိုက်၏။

ထို့ကြောင့် သလင်းကျောက်ဇာမဏီပေါ်တွင် အခြေခံထားသော ဂိမ်းအမျိုးမျိုးက ယုံကြည်မှုဂိမ်းများ ဖြစ်လာပေလိမ့်မည်။

ကစားသမားများက ရဲရင့်မှု၊ ကြံ့ကြံ့ခံမှု၊ ဉာဏ်ပညာနှင့် ဒေါသ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အခြားခံစားချက်များနှင့် သက်ဆိုင်ရာဂိမ်းထဲမှ အရည်အသွေးများတိုင်း ပြသမည်ဆိုလျှင် ယုံကြည်မှုစွမ်းအားများ ထောက်ပံ့ ပေးနိုင်သည်။

ထိုအရာက ယုံကြည်မှုသလင်းကျောက်ကို တိုးမြင့်စေရုံသာမက သူသည်လည်း အပြင်မှ ရရှိသော ယုံကြည်မှုစွမ်းအားမှတစ်ဆင့် နတ်ဘုရားတစ်ပိုင်း ပိုင်နက် အစွမ်းကို နားလည်နိုင်ပေမည်။

ကစားသမားများကိုယ်တိုင်က မည်သည့် ဆုံးရှုံးမှုမှ ခံစားရမည်မဟုတ်ပေ။ သို့သော် သူတို့က ဂိမ်းမှတစ်ဆင့် လေ့ကျင့်ရေးနှင့် ဖျော်ဖြေရေးတို့ကိုလည်း ရရှိနိုင်ပေမည်။ ထိုအရာများကို ရိုမန်၊ ဒေလီယာ၊ အဲလစ်တို့နှင့် စမ်းသပ်ပြီး အတည်ပြုပြီးသွားပြီ ဖြစ်လေသည်။

ထိုစမ်းသပ်ချက် အောင်မြင်မှုကြောင့် ချန်လွေ့က ရှင်းပြ၍ မရနိုင်အောင် စိတ်လှုပ်ရှားသွားပြီး အနာဂတ်၌ အလွန်ကြီးမားသော ယုံကြည်မှု ကွန်ရက်ကို တစ်ဆင့်ပြီးတစ်ဆင့် ဖွဲ့စည်းခြင်းအား မြင်တွေ့နေရသလို ဖြစ်နေခဲ့သည်။ ထိုအရာက သူ့အတွက် ရှေ့သို့ ခြေတစ်လှမ်းတက်မည့် ဖြတ်လမ်းတစ်ခု ဖြစ်နိုင်လောက်သည်။

All Chapters