မအောင်မြင်ခဲ့သော သမက်နည်းဗျူဟာ
Vol. 46 Ch. 727
“ဟူး...” ဒန်နီရယ်က သက်ပြင်းချလိုက်သည်။ “ငါတို့ ဘာလုပ်သင့်လဲ။”
“ဟား....” ဂျူလီယာက ခေါင်းခါသည်။ “ခက်တယ်။ ရှင်တို့မှာ အကြံ တစ်ခုခု ရှိလား။”
ခရိုဘဲလက်စ်က မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက ခက်ရုံတင် မကဘူး။ လုံးဝ မလွယ်တာ။ ပါ့ဂ်လီအို။ ရှင့်မှာ အကြံရှိလား။”
ပါ့ဂ်လီအိုက သေရည်တစ်ငုံ သောက်လိုက်သည်။ “ဘာအကြံ ရှိရမှာလဲ။ အင်အားသုံးပြီး လုပ်လိုက်မယ်လေ။ အဲဒီကောင် ပြောဖူးသလိုဆိုရင် ပြီးခဲ့တာက ပြီးပြီပဲ။ နောက်မှ ပြန်ပြင်ဖို့ နောက်ကျသွားပြီ။”
“ထွီး။ မကောင်းတဲ့အကြံပဲ။” နဂါးပြာနှင့် နဂါးနက်တို့က တပြိုင်နက်တည်း အထင်သေးမှုများ ပြသလိုက်ကြသည်။
“စံနှုန်းမရှိတာက ဆာ-နဂါးဧကရာဇ်။ သူက ဒီလိုမျိုးကောင်ကိုမှ သမက်အဖြစ် ရွေးခဲ့တယ်။” ပါ့ဂ်လီအိုက မကျေနပ်စွာဖြင့် ပြောသည်။ “ပြီးတော့ အဲဒီကောင်မှာ မိန်းမတွေ အများကြီး ရှိနေပြီ။ အယောက်တိုင်းကလည်း ထိပ်တန်းချည်းပဲ။ ဧကရီတောင် သူ့အပိုင် ဖြစ်နေတယ်။ နဂါးဘုရားသခင်...ဒါက မတရားလိုက်တာ။”
ဒန်နီရယ်ကလည်း ထပ်ဖြည့်ပြောသည်။ “ဟုတ်တယ်။ အဲဒီနဂါးနက်ကို လွှတ်ထားလိုက်ရအောင်။”
“ရှင်တို့နှစ်ယောက်က လမ်းကြောင်းလွဲနေသလိုပဲ...” မစ်-နဂါးနက်၏ မျက်လုံးများက အေးစက်မှုများ ထုတ်လွှတ်နေခဲ့ပြီး နဂါးပြာက သိမ့်သိမ့်တုန်သွား၏။ “ဆာ-အက်ဂ်လက်စ်က ရှင်တို့နှစ်ယောက်ကို သမက်အဖြစ် ရွေးချယ်မယ်ဆိုရင် စံနှုန်းရှိလာမှာလား။”
ဆရာသခင် အဆိပ်နဂါးက ဂျူလီယာကို မကြောက်ပေ။ သူက စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ပြုံးဖြီးဖြီး လုပ်လိုက်၏။ သူ့လက်မောင်းကို မစ်-မြနဂါး၏ လက်သည်းဖြင့် ဆွဲလိမ်လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို ဆွဲလိမ်သော ပညာရပ်ကို သူ၏ အချစ်ဆုံးသူငယ်ချင်း မစ်-ရင်းနီက သင်ကြားပေးခဲ့ခြင်းပင်။ အသားတစ်တုံးကို ဆွဲဆိတ်ပြီး ၃၆၅ ဒီဂရီ လှည့်လိုက်ခြင်း ဖြစ်၏။ နာကျင်မှုက မခံမရပ်အောင် ဖြစ်ရုံသာမက အလွန်ကြီးမားသော ထင်ရှားသည့် အရာတစ်ခု ကျန်နေသည့်အတွက် အတော်လေး အရှက်ရစရာပင်။
“မနာလိုတဲ့ အရူးနှစ်ကောင်။ အသံပို့ဆောင်တဲ့ ကျောက်တုံးကို သုံးပြီးတော့ အရှင်မင်းကြီး နဂါးဧကရာဇ်ဆီ မေးပေးရမလား။” မစ်-နဂါးနက်၏ သတ်ဖြတ်ခြင်း အကွက်က အဆိပ်နဂါးနှင့် နဂါးပြာတို့ကို အသံတိတ် သွားစေခဲ့သည်။ အခု နဂါးဧကရာဇ်ကို မေးမှာလား။ ဟာသပဲ။ ဒါက သေကြောင်းကြံနေတာ မဟုတ်လား။
ဂျူလီယာက ခဏကြာ အရှိန်အဝါ တောက်ပနေခဲ့သည်။ သို့သော် ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်၏။ “စဉ်းစားကြည့်။ မင်းသမီး အိုလီဖီးရက်စ်နဲ့ ချန်လွေ့တို့ကို တကယ့်စုံတွဲ ခပ်စောစော ဖြစ်လာအောင် ဘယ်လိုလုပ်ရင် ရမလဲ။ ဒါက ဆာ-အက်ဂ်လက်စ် ပေးထားတဲ့ တာဝန်တစ်ခုပဲ။”
ခရိုဘဲလက်စ်က စဉ်းစားပြီး ပြောသည်။ “ချန်လွေ့က အိုလီဖီးရက်စ်နဲ့ စေ့စပ်ပြီးပြီ မဟုတ်လား။ ဒါက အနှေးနဲ့အမြန်ပါပဲ။ တကယ်တော့ ဆာ-အက်ဂ်လက်စ်က သိပ်ပြီးတော့ စိုးရိမ်နေစရာ မလိုပါဘူး။”
“ချန်လွေ့ဆိုတဲ့လူကို မသိဘူးလား။ သူက အိုလီဖီးရက်စ်ကို မိုင်းရှင်းဖို့ အနေနဲ့ ပေါပေါပဲပဲ ငှားခဲ့တယ်။ ပြီးတော့ မိတ်ဆွေတစ်ယောက်၊ ညီမတစ်ယောက် အနေနဲ့ပဲ သဘောထားတာ။ မိန်းမတစ်ယောက်အနေနဲ့ မဟုတ်ဘူး။ မိတ်ဆွေထက် ချစ်သူကို ပိုဦးစားပေးတဲ့ အဲဒီမျိုးမစစ်ကောင်အတွက် အိုလီဖီးရက်စ်က သူ့မိန်းမ ဖြစ်လာမယ်ဆိုရင် သူ့ကို ကာကွယ်ဖို့၊ ဂရုစိုက်ဖို့ ဘာမဆို လုပ်မှာပဲ။ အစ်ဇဘယ်လာ အတွက် သူက ပင်လယ်သေကို သွားခဲ့ပြီးတော့ နတ်ဘုရားတစ်ပိုင်းနဲ့ တိုက်ခိုက်ခဲ့တာက အကောင်းဆုံး ဥပမာပဲ။ ဒါက ဆာ-အက်ဂ်လက်စ်ရဲ့ ရည်ရွယ်ချက်လို့ ထင်တယ်။ ဒါပေမဲ့ စေ့စပ်ခဲ့တဲ့သူက ဟန်ဆောင်နေတယ်ဆိုတာ လူတိုင်း မြင်နိုင်ကြတယ်။ အခုအထိ သူက အိုလီဖီးရက်စ်ရဲ့လက်ကို သေသေချာချာ မကိုင်ရသေးဘူး။ အသီနာနဲ့ တခြားသူတွေသာဆိုရင် အဲဒီလူသားစုတ်က ဖမ်းဆွဲလိုက်တာကြာပြီ။”
ဂျူလီယာက ခေါင်းညိတ်သည်။ “ဟုတ်တယ်။ ဒါပေမဲ့...ဘာပဲဖြစ်ဖြစ် မင်းသမီးအတွက်ရော လူသားအတွက်ပါ၊ ဒီအပိုင်း တိုးတက်မှု မရှိခဲ့ဘူး။ အခုတော့ ငါ တော်တော်လေး စိတ်ဒုက္ခရောက်နေပြီ။ အစက ဒီတာဝန်ကို မပြီးမြောက်ရန် ဒန်နီရယ်နဲ့ ငါက အပြင်းအထန် အပြစ်ပေးခံရမယ့်အပြင် သူ အမှောင်လကို နောက်တစ်ခေါက် ပြန်ရောက်လာတဲ့အခါ နင်တို့အားလုံးကို နဂါးကျွန်းဆီ ပြန်ခေါ်သွားပြီးတော့ အကျဉ်းထောင်နက်ထဲမှာ ထည့်ထားမယ်လို့ ပြောခဲ့တယ်။”
ယခုတစ်ခေါက်၌ ပါ့ဂ်လီအိုသည်ပင် သိမ့်သိမ့်တုန်သွား၏။ နဂါးဧကရာဇ်က စကားတည်သောသူတစ်ယောက် ဖြစ်သည်။ အကျဉ်းထောင်နက်သို့ မပြောနှင့်၊ ဆရာသခင် အဆိပ်နဂါးက နဂါးကျွန်းသို့ပင် မသွားချင်ပေ။ ဒီမှာ လွတ်လပ်တယ်။ သေရည်ကောင်းကောင်းလည်း သောက်ရသလို အစားကောင်းကောင်းလည်း စားရတယ်။ အရှားဆုံးကတော့ ရင်းနှီးပြီး ကောက်ကျစ်တဲ့ မိတ်တွေတွေလည်း ရှိနေတာပဲ။ ဒီလိုကောင်းတဲ့နေရာမျိုးကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ။
မစ်-မြနဂါးက အမှောင်လကဲ့သို့ သက်တောင့်သက်သာရှိသော နေရာမှ မထွက်သွားချင်ပေ။ ထို့ကြောင့် လေးလေးနက်နက် စဉ်းစားရတော့သည်။ “ချန်လွေ့က စေ့စပ်ထားတာတောင် အိုလီဖီးရက်စ်ကို သူ့မိန်းမလို့ တကယ် မသတ်မှတ်သေးဘူး။ သူ့ကို အချိန်တိုအတွင်း ပြောင်းလဲချင်ရင်တောင် တော်တော်လေး ခက်ခဲလောက်တယ်။ ဆာ-အက်ဂ်လက်စ်တောင် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ဒီလိုမျိုး လုပ်ချင်တယ်ဆိုရင် အဓိကသော့ချက်က အိုလီဖီးရက်စ်ပဲ။ ဒါပေမဲ့ အိုလီဖီးရက်စ်က ဘာကိုမှ နားမလည်သေးဘူး။ လက်ထပ်တယ်ဆိုတာကို စားစရာလို့ ထင်နေတာ။ မိန်းမနဲ့ ယောက်ျားကြားက ကိစ္စကို ပြောမနေနဲ့တော့.....”
“အိုး....မင်းသမီးလေး အိုလီဖီးရက်စ်က ပိုက်ဆံကြိုက်တယ် မဟုတ်လား။” ဒန်နီရယ်ကို ပေါင်ကိုပုတ်လိုက်သည်။ “ငါတို့ ဒါနဲ့ စလို့ရတယ်။ သူ့ကို ပိုက်ဆံ ပေးပြီးတော့ ဦးဆောင်ခိုင်းမယ်။”
ထိုသို့ပြောလိုက်သည်နှင့် နဂါးသုံးကောင်၏ မျက်လုံးများက တပြိုင်နက်တည်း တောက်ပသွားကြသည်။
“အဲဒါပဲ။” ဂျူလီယာက အလေးအနက် ဆုံးဖြတ်ချက် ချလိုက်ပြီး မျက်မှောင် ကြုတ်လိုက်ပြန်သည်။ “မေးခွန်းက ဘယ်ကနေ ပိုက်ဆံလာမှာလဲ။”
နဂါးနက်၏စကားကို ကြားလိုက်ရသည်နှင့် နဂါးသုံးကောင်က အချင်းချင်း စိုက်ကြည့်လိုက်ကြ၏။
နဂါးများက အတွင်းအပြင် “ဘဏ္ဍာရေးစီမံမှုကျွမ်းကျင်”များ ဖြစ်ကြသည်။ အက်ဂ်လက်စ်က သူ၏သမီးဖြစ်သူအား ထိုကဲ့သို့ သူ့ကိုယ်သူ ပေးဆပ်ခိုင်းမယ့် အကြံဆိုးအကြောင်း သိသွားမည်ဆိုလျှင် အရိုက်မခံရပါက ကံကောင်းပေလိမ့်မည်။ ငွေပြန်ဆပ်မည့်အကြောင်းကို ပြောရဲဦးမည်လား။ ထိုပိုက်ဆံက သေချာပေါက် အမျိုးပိုင် ဟုတ်လိမ့်မည် မဟုတ်ပေ။ မည်သူက ပေးချင်မည်နည်း။
ဒန်နီရယ်က အံကြိတ်ကာ စားပွဲကို လက်နှင့် ရိုက်လိုက်သည်။ “ငါ သလင်းကျောက်နက်ဒင်္ဂါး တစ်ပြား ပေးမယ်။”
“အရှက်မရှိလိုက်တာ။ သလင်းကျောက်နက်ဒင်္ဂါးတစ်ပြားလို့ ပြောရဲတာလား။” ပါ့ဂ်လီအိုက သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး သလင်းကျောက်နက်ဒင်္ဂါး နှစ်ပြား ထုတ်ပေးလိုက်သည်။ “ငါ နှစ်ပြား ပေးမယ်။”
“ငါလည်း နှစ်ပြားပေးမယ်။” ယခုတစ်ခေါက် မစ်-မြနဂါးက ယောက်ျားဖြစ်သူ အနောက်သို့ လိုက်ရခြင်းကို အလွန်ပင် ပျော်နေခဲ့သည်။
“ကပ်စေးနဲတွေ။ နင်တို့အားလုံး ရူးနေကြတာပဲ။” ဂျူလီယာက ပေါက်ကွဲတော့မလို ဖြစ်နေခဲ့သည်။ “နင်တို့က ဒီသလင်းကျောက်နက် ဒင်္ဂါးတွေနဲ့ နဂါးမင်းသမီးကို လူသားဆီ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ဖို့ ဆွဲဆောင်ချင်တာလား။”
မစ်-မြနဂါးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဂျူလီယာ။ နင် ဘယ်လောက် ပေးမှာလဲ။”
မစ်-နဂါးနက်က အနည်းငယ် ယုံကြည်ချက် ပျောက်ဆုံးနေခဲ့တယ်။ “သလင်းကျောက်နက်ဒင်္ဂါး.....နှစ်ပြားပေါ့။”
“…”
နဂါးအားလုံးက ဆွံ့အကုန်ကြပြီး အချင်းချင်း စိုက်ကြည့်နေလိုက်ကြသည်။
ထိုအချိန်၌ အိုလီဖီးရက်စ်က တံခါးမှ လမ်းလျှောက်ဝင်လာပြီး စားပွဲပေါ်မှ သလင်းကျောက်နက်ဒင်္ဂါး ၇ပြားကို မြင်လိုက်ရသည်။ “ဝိုး....ဘယ်သူ ပိုက်ဆံ ကျသွားတာလဲ။”
ဝိုးခနဲအသံ ထွက်သွားသောအခါ မစ်-နဂါးနက်က အပြေးလာပြီး ပိုက်ဆံကို ကောက်ယူလိုက်သည်။ သို့သော်လည်း နဂါးများအားလုံးက အိုလီဖီးရက်စ်၏ “အကျင့်”ကို သိထားကြပြီဖြစ်ပြီး ပိုက်ဆံ “ကောက်”နေသော ကောင်မလေးကို တားဆီးလိုက်၏။
နဂါးပြာက မျက်လုံးကို စောင်းကြည့်လိုက်သည်။ “မင်းသမီး အိုလီဖီးရက်စ်။ ဒီပိုက်ဆံ လိုချင်လား။”
မစ်-နဂါးနက်က ဆန်ဆိတ်နေသော ကြက်တစ်ကောင်ကဲ့သို့ ခေါင်းညိတ် လိုက်ပြီး နဂါးပြာက အစမ်းသဘော မေးကြည့်လိုက်သည်။ “တာဝန်တစ်ခု ပြီးအောင် လုပ်မယ်ဆိုရင် ဒီပိုက်ဆံက မင်းအပိုင်ပဲ။”
အိုလီဖီးရက်စ်၏ မျက်လုံးများ တောက်ပသွား၏။ “ဟုတ်ပြီ။ ဘာတာဝန်လဲ။”
“အဲဒါက...” ဒန်နီရယ်က ကိုးရိုးကားရား အမူအရာတစ်ခု ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ အရှက်မဲ့သောသူသည်ပင် မည်သည်ကိုမှ နားမလည်သော မိန်းကလေး တစ်ယောက်ကို လိင်ကိစ္စအကြောင်း မရှင်းပြနိုင်ပေ။ သူက ချက်ချင်းပင် ဂျူလီယာနှင့် ခရိုဘဲလက်စ်တို့ထံ အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုကဲ့သို့ ကိစ္စမျိုးကို မိန်းမများ ရှင်းပြခြင်းက ပိုကောင်းပေသည်။
ခရိုဘယဲလက်စ်နှင့် ဂျူလီယာတို့က မစ်-နဂါးနက်ကို ဘေးသို့ဆွဲထုတ်ပြီး အချိန်အကြာပြီး တတွတ်တွတ် ပြောနေလိုက်သည်။ မစ်-နဂါးနက်က ဇဝေဇဝါ ဖြစ်နေသော အမူအရာ ပြသလိုက်သည်။ “သူဌေးရဲ့ အဝတ်ကို ချွတ်ပြီးတော့.... သူ့ရဲ့ခါးက တစ်ခုခုကို ပါးစပ်ထဲ ထည့်ရမှာလား။ ဟမ်။ အဲဒါက အရသာရှိလား။”
“အဲဒါက စားလို့မရဘူး။” ခရိုဘဲလက်စ်က ထိတ်လန့်သွား၏။ ဒီကောင်မလေး တကယ် စားလိုက်ရင် ဝမ်းနည်းစရာ အကြီးကြီး ဖြစ်သွားတော့မှာ။
မစ်-နဂါးနက်က စပ်စပ်စုစုနှင့် မေးလိုက်သည်။ “စားလို့မရဘူးဆိုရင် ဘာလို့ ပါးစပ်ထဲ ထည့်ရမှာလဲ။ အဲဒါက ဘာကြီးလဲ။”
“အဲဒါက...အမ်း...” ဂျူလီယာက ချွေးပြန်လာသည်။ “လက်နက်။ အဲဒါက လက်နက်တစ်ခုပဲ။ အဲဒါကို ပါးစပ်ထဲပဲ ထည့်လို့ရတယ်။ ဒါမှမဟုတ် လျက်လို့ရတယ်။ ဒါပေမဲ့ လုံးဝ စားလို့တော့ မရဘူး။ စားရင် သေမှာ။ ဒီတာဝန်ကို ပြီးမြောက်ရန် စားပွဲပေါ်က သလင်းကျောက်နက် ဒင်္ဂါးတွေအကုန် နင့်အပိုင်ပဲ။”
“ဘာလို့ ဒီလိုထူးဆန်းတဲ့ အရာမျိုးကို လုပ်ခိုင်းတာလဲ။ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်....” မစ်-နဂါးနက်က သံသယဝင်သော အမူအရာ ပြသလိုက်သည်။ မစ်-မြနဂါးနှင့် မစ်-နဂါးနက်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ထဲ၌ လိပ်ပြာမသန့် ဖြစ်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ အိုလီဖီးရက်စ်က ငတုံးတစ်ယောက် မဟုတ်ပေ။
“ကြေးစားကောင်းတစ်ယောက်က အလုပ်ရှင်ကို အကြောင်းရင်း မမေးရဘူးလို့ အစ်မ ပြောထားတယ်။ ဒီလိုခက်ခဲတဲ့ တာဝန်ကို ကျွန်မ လက်ခံမယ်။ ဒါပေမဲ့ တန်ကြေးကတော့...”
“နှစ်ဆပေးမယ်။” မစ်-နဂါးနက်က ချက်ချင်းပင် သဘောတူလိုက်ပြီး မစ်-မြနဂါးကို ကြည့်လိုက်သည်။ နှစ်ယောက်သားက တစ်ချိန်တည်းမှာပင် သက်ပြင်း ချလိုက်၏။ ကံကောင်းစွာပင် အိုလီဖီးရက်စ်က ပိုက်ဆံအရှေ့၌ ငတုံးတစ်ယောက် ဖြစ်သွားခဲ့သည်။
မစ်-နဂါးနက်က သလင်းကျောက်နက်ဒင်္ဂါး ၇ပြားကို ယူပြီး ထွက်သွားသည်ကို ကြည့်နေရင်း မစ်-မြနဂါးက စိတ်မချရသလို ခံစားလာရသည်။ “သလင်းကျောက်နက် ဒင်္ဂါး ၇ပြား....အဲဒါပဲလား။”
“ဒါပဲ..” မစ်-နဂါးနက်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။ “ဒီတစ်ဆင့် ပြီးသွားတာနဲ့ အခြေခံအားဖြင့် အောင်မြင်သွားပြီ။”
“အိုလီဖီးရက်စ်က....ဘာမှ မလုပ်ဘဲနဲ့ လိမ်ပြီးတော့ ပြန်လာရင်ကော။” ထိုကောင်မလေး၏ ယခင်က မှတ်တမ်းများကြောင့် ခရိုဘဲလက်စ်ရဲ့ စိုးရိမ်မှုများက လုံးဝကို သင့်မြတ်ပေသည်။
ထိုအပိုင်း၌ မစ်-နဂါးနက်က ယုံကြည်ချက် ရှိနေဟန်တူသည်။ “ငါ ပေးလိုက်တဲ့ အထူးရှင်းပြချက်ကို မကြားဘူးလား။ ငါတို့က အရင်ဆုံး တစ်ဝက် ပေးထားမယ်။ တာဝန်ပြီးမြောက်သွားရင် သူက တခြားတဝက်ရမယ်။ စာချုပ်ကို ဖျက်မယ်ဆိုရင် သူက ဆယ်ဆ ပြန်ပေးရမယ်။ ဒါနဲ့ဆိုရင် မင်းသမီး အိုလီဖီးရက်စ်က သေချာပေါက် ကြိုးစားလုပ်မယ်လို့ ငါ ယုံကြည်တယ်။”
“ဂျူလီယာ။ မင်းက တော်တော် တော်တာပဲ။” ဒန်နီရယ်က ချီးမွမ်းလိုက်၏။
“ဒါပေါ့။ ကျွန်မက တော်လို့ပဲလေ။ အဲဒါကြောင့် နောက်ထပ် သလင်းကျောက်နက် ဒင်္ဂါး ၇ပြားကို နောက်လကျရင် ရှင့်မုန့်ဖိုးကနေ ဖြတ်မယ်။”
“…”
ချန်လွေ့က သူ့နောက်ကွယ်၌ “လျို့ဝှက်ကြံစည်မှု”တစ်ခု စတင်နေကြောင်း မသိခဲ့ပေ။ လက်ရှိတွင် သူက အစ်ဇဘယ်လာ၏ ခြံဝင်းငယ်လေးထဲ၌ လက်ဖက်ရည် သောက်နေ၏။
“လှရဲ့လား။” အစ်ဇဘယ်လာ၏ အဝတ်အစားက မူလ အစိမ်းရောင် ဂါဝန်မှ အဝါဖျော့ရောင် လည်ပင်းအမြင့် ပွဲတက်ဂါဝန်အဖြစ် တဖြည်းဖြည်း ပြောင်းလဲ သွားသည်။ ထိုဝတ်စုံက “မှော်ငှက်မွှေးပိုးဇာလွှာ” အသစ် ဖြစ်သည်။ ကုန်ကြမ်းများကို စုဆောင်းပြီးနောက် ချန်လွေ့က အစ်ဇဘယ်လာအတွက် တစ်ခု ပြုလုပ်ပေးခဲ့သည်။ ထိုအဆောင်ပစ္စည်းယောင် ချပ်ကာ၏ အင်အားကြီးသော ဂုဏ်သတ္တိက ဘာမျှ မဟုတ်ပေ။ မဒမ်-ဒေါ်လေး သဘောအကျဆုံးက ပုံစံနှင့် အရောင်ကို ကြိုက်သလို ပြောင်းလဲနိုင်သည့် အထူးလုပ်ဆောင်ချက်ကိုပင် ဖြစ်၏။
“လှတာပေါ့။” ချန်လွေ့က လက်ဖက်ရည်တစ်ငုံသောက်ပြီး ရှေ့မှ လှပသော အမျိုးသမီးကို ပြုံးပြလိုက်သည်။ အဝတ်အစားကို ပြောနေခြင်းလား၊ လူကို ပြောနေခြင်းလား ဆိုသည်ကိုတော့ မည်သူမှ မသိကြပေ။ သူက သလင်းကျောက် ဇာမဏီ ပုံရိပ်ယောင်ဂိမ်းအတွက် ပြစ်ဖျက်များကို ရှင်လင်းပြီးပြီ ဖြစ်သည်။ ပြန်လာ အနားယူ၊ လက်ဖက်ရည်သောက်ပြီး ပန်း(မိစ္ဆာထောင်ခြောက်ပန်း)ကို ရှုစားခြင်းက ကောင်းမွန်လှပေသည်။ ထိုကဲ့သို့ ဘဝမျိုးက အလွန်ပင် အေးဆေးလှပေ၏။
ယောက်ျားဖြစ်သူ၏ ချီးမွမ်းသံကို ကြားသည့်အခါ အစ်ဇဘယ်လာက ပို၍ပင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူ၏စိတ်က အနည်းငယ် လှုပ်ရှားသွားပြီး အဝတ်အစားများက တဖြည်းဖြည်း ပြောင်းလဲလာသည်။ ချန်လွေ့က ရုတ်တရက် လက်ဖက်ရည်တစ်ငုံကို ထွေးလိုက်မိသည်။ အကြောင်းကတော့ မဒမ်-ဒေါ်လေး၏ အဝတ်အစားအသစ်က....အတွင်းခံနှင့် ဖြစ်နေခြင်းကြောင့်ပင်။
“ကြည့်ကောင်းလား။” အစ်ဇဘယ်လာ၏မျက်နှာက အနည်းငယ် နီရဲနေပြီး ပို၍ပင် ဆွဲဆောင်မှု ရှိသွားစေသည်။ သူ၏အနုစိတ်ပြီး ကျက်သရေရှိသော ခန္ဓာကိုယ်ပေါ်မှ ဖောက်ထွင်းမြင်နေရသော အနက်ရောင် ပိုးသားက အတော်လေးကို သွေးဆောင်နေပေ၏။
ရုတ်တရက် မဒမ်-ဒေါ်လေးက ထိုကဲ့သို့ ပုံစံမျိုးဖြင့် မိမိအောက်တွင် ရှိနေသော ပုံရိပ်ကို မြင်လိုက်မိပြီး အာခြောက်သွားမိသည်။ ချစ်ရသော အမျိုးသမီး၏ သွေးဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နိုင်နေလျှင် သူက ယောက်ျားတစ်ယောက် မဟုတ်တော့ပေ။
သူတို့နှစ်ယောက် အချင်းချင်း ပွေ့ဖက်ပြီး တရင်းတနှီး နမ်းရှိုက်ကာ ရှေ့ဆက်ရန် ပြင်နေခဲ့သည့်အချိန်၌ အိုလီဖီးရက်စ်၏အသံ ရုတ်တရက် ထွက်လာသည်။ “သူဌေး။ အဲဒီမှာ ရှိနေသေးလား။”
သူတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် အလျင်အမြန်ပင် အဝတ်အစားများ ဝတ်လိုက်ကြသည်။ ထိုနေရာမှ မှော်စက်ဝိုင်းများကို သိသော မစ်-နဂါးနက်က ခြံဝင်းထဲသို့ ခုန်ဝင်လာမည်ဖြစ်ကြောင်း သူတို့ မသိခဲ့ကြပေ။
မှော်ငှက်မွှေးပိုးဇာလွှာက သုံးလေးကြိမ် ပြောင်းခဲ့ပြီးပြီ ဖြစ်သည့်အတွက် ပြောင်းလဲသော အမြန်နှုန်းက ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ ပုံမှန် ဝတ်စုံသို့ ပြန်မပြောင်းရန် အချိန်မရှိသော အစ်ဇဘယ်လာက ချန်လွေ့ချွတ်လိုက်သော အပေါ်အင်္ကျီကို ကောက်ယူပြီး အလျင်အမြန် ဝတ်လိုက်သည်။
ထိုရက်ပိုင်းအတွင်း ပူနေသည့်အတွက် ချန်လွေ့က အင်္ကျီအပို မဝတ်ထားခဲ့ပေ။ ထို့ကြောင့် သူက အပေါ်ပိုင်း ဗလာ ဖြစ်နေခဲ့သည်။
သူတို့နှစ်ယောက်၏ ကိစ္စကောင်းများကို ဖျက်ဆီးခဲ့သော မစ်-နဂါးနက်က အံ့အားသင့်သွားသည်။ “သူဌေး။ အစ်မ။ ဘာတွေ လုပ်နေကြတာလဲ။”
“ဘာမှ မလုပ်ပါဘူး။” သူဌေးနှင့် အစ်မတို့က သံပြိုင်ပြောလိုက်ကြသည်။
“သူဌေးက အစ်မကို နမ်းနေတာ မြင်တယ်လို့ ထင်တာပဲ...”
“အာ....” အစ်မ စိုက်ကြည့်သည်ကို ခံနေရသော သူဌေးက စိုးရိမ်နေ၏။ “အဲဒါကို မှော်စွမ်းအား အားဖြည့်တာလို့ ခေါ်တယ်။ ဟုတ်တယ်။ မှော်စွမ်းအား အားပြန်ဖြည့်တာ။”
“မှော်စွမ်းအား အားဖြည့်တာလား။”
“အတိအကျပြောရရင်တော့ ဒါက မှော်စွမ်းအား ဖြည့်ဖို့ ပထမဆုံး အဆင့်ပဲ။” ချန်လွေ့က လေးလေးနက်နက် ရှင်းပြသည်။ လေးနက်သော အမူအရာက တက္ကသိုလ် ပါမောက္ခပုံစံမျိုး ဖြစ်နေသော်လည်း သူ၏ အင်္ကျီမပါသော ပုံစံက မကိုက်ညီလှပေ။
မစ်-နဂါးနက်က စပ်စပ်စုစုနှင့် မေးလိုက်သည်။ “ကျွန်မလည်း မှော်စွမ်းအား ဖြည့်တင်းလို့ ရလား။”
“မရဘူး။” သူဌေးချန်က အလျင်အမြန် ခေါင်းခါပြီး ထပ်ပြောလိုက်သည်။ “မှော်စွမ်းအားဖြည့်တင်းတာက ပိုက်ဆံလိုတယ်။ ပြီးတော့ စျေးကြီးတယ်။”
“သူဌေးက ကျွန်မကို အရင်တစ်ခေါက်တုန်းက မှော်စွမ်းအား ဖြည့်တင်း ပေးခဲ့သလိုပဲ။”
သူဌေးချန်က မဒမ်-အစ်မ၏ ဓားကဲ့သို့ ထက်မြက်သော မျက်စောင်းကို ခံစားမိလိုက်ပြီး အပြစ်မရှိသည့်ပုံစံဖြင့် အော်ပြောလိုက်သည်။ “ပေါက်ကရတွေ မပြောနဲ့။ ငါ ဘယ်တုန်းက...”
မစ်-နဂါးနက်က လေးလေးနက်နက် ရှင်းပြသည်။ “စေ့စပ်ပွဲမှာတုန်းက လူတိုင်း အရှေ့မှာ ဒီလိုမျိုး လုပ်ခဲ့တာ မဟုတ်လား။ အဲဒါကြောင့် အဲဒီအချိန်တုန်းက ကျွန်မရဲ့မျက်နှာ နည်းနည်း ပူသွားတာကိုး။ အဲဒါက မှော်စွမ်းအား ဖြည့်တင်းတဲ့ ခံစားချက် ဖြစ်နေတာပဲ။”
သူဌေးချန်က တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ “ဟုတ်တယ်။ အဲဒါကြောင့် အဲဒီတုန်းက ငါမင်းကို တော်တော်လေး တန်ဖိုးကြီးတဲ့ လက်စွပ် တစ်ကွင်း ပေးခဲ့တာ။”
မစ်-နဂါးနက်၏မျက်လုံးများက ဒင်္ဂါးပြား အလင်းရောင်များ လက်သွား၏။ “နောက်တစ်ခေါက် အားပြန်ဖြည့်ကြမလား။”
သူဌေးချန်က ခပ်မြန်မြန် ခေါင်းခါလိုက်၏။ မစ်-နဂါးနက်က အနည်းငယ် စိတ်ပျက်သွားသည်။ လာလည်ရသည့် ရွယ်ချက်ကို ပြန်စဉ်းစားရင်း သူက အစ်ဇဘယ်လာထံလှည့်ကာ ပြောလိုက်သည်။ “အစ်မ။ ကျွန်မ သူဌေးကို စကားပြောလို့ ရမလား။”
ချန်လွေ့၏ အင်္ကျီကို ခေါက်နေသော အစ်ဇဘယ်လာက အစ်မ တစ်ယောက်ကဲ့သို့ တည်တည်ငြိမ်ငြိမ်နေရန် ကြိုးစားနေခဲ့သည်။ “ရတာပေါ့။”
“ဒါနဲ့ သူဌေးမှာ ပုံရိပ်ဖမ်းကျောက်တုံး ရှိလား။”
“အင်း...”
“ကျွန်မကို တစ်တုံးပေး။ အစ်မက ပုံရိပ်ဖမ်းကျောက်တုံးနဲ့ ကျွန်မတို့ကို မှတ်တမ်းထင်ထားပေးနော်။”
“အင်းပါ။”
တာဝန်ပြီးမြောက်သွားပြီးနောက် မစ်-နဂါးနက်က အိမ်သို့ ပျော်ရွှင်စွာဖြင့် ပြန်ရောက်လာခဲ့လေသည်။
“ဂျူလီယာ။ ကျွန်မ တာဝန်ကို ပြီးသွားပြီ။ ပိုက်ဆံပေးတော့။”
ထိုစကားကို ကြားလိုက်ရသည်နှင့် နဂါးလေးကောင်လုံး အံ့သြသွားကြသည်။ သူ တကယ်ကြီး လုပ်ခဲ့တယ်။
“ခဏနေပါဦး။ မင်းသမီး အိုလီဖီးရက်စ်။ တကယ်ပဲ....ကျွန်မ ပြောသလို လုပ်ခဲ့တာလား။” ထိုကဲ့သို့ ခက်ခဲသောတာဝန်က ချောချောမွေ့မွေ့ ပြီးသွားသည်ကို ဂျူလီယာ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
“ဒါပေါ့။ ကျွန်မက ပညာရှင်ဆန်တယ်။ အဲဒါကြောင့် သက်သေအနေနဲ့တောင် ပုံရိပ်ဖမ်းတဲ့ ကျောက်တုံးတဲ့ မှတ်တမ်းတင်ခဲ့သေးတယ်။”
ဂျူလီယာ မတားနိုင်ခင်မှာပင် အိုလီဖီးရက်စ်က ပုံရိပ်ဖမ်းကျောက်ဆုံးကို ဖွင့်လိုက်၏။
ပုံရိပ်ဖမ်းကျောက်တုံးထဲ၌ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရှိနေသည်။ ယောက်ျားက သူဌေးချန်ဖြစ်ပြီး မိန်းမက မစ်-နဂါးနက်ဖြစ်သည်မှာ အသေအချာပင်။
သူဌေးချန်က အလွန်ပူနေဟန်တူပြီး အင်္ကျီမဝတ်ထားဘဲ လက်ထဲ၌ ဓားတစ်လက်ကို ကိုင်ထားသည်။ မစ်-နဂါးနက်၏ တောင်းဆိုမှုကြောင့် သူက ဓားကို ခါးကို ထားလိုက်ပြီးနောက် မစ်-နဂါးနက်က ဓားကိုယူကာ လျက်လိုက်သည်။ ထို့နောက်....ဘာမှ ဆက်မဖြစ်တော့ပေ။
“အဲဒီကိုရောက်တော့ သူဌေးရဲ့ အဝတ်အစားတွေကို အစ်မက ချွတ်ပြီးနေပြီ။ အဲဒါကြောင့် ဒီအလွန့်အလွန် ခက်ခဲတဲ့ တာဝန်ကို ပြီးမြောက်ဖို့အတွက် သူဌေးကို မြောက်အဏ္ဏဝါဓား ထုတ်ခိုင်းခဲ့တယ်။” မစ်-နဂါးနက်က ဝင့်ကြွားလျက် ပြောသည်။ “ဂျူလီယာ။ ကျွန်မကို ပိုက်ဆံပေးတော့။”
“…”