အခြေအနေနှင့် အသိအကျွမ်းဟောင်း
Vol. 46 Ch. 728
ကြယ်ကြွေတမန်အင်ပါယာ နန်းတော်ဝယ် -
ဧကရီရှီရာက အစ်ဇဘယ်လာ သတင်းပို့နေသည်ကို သေသေချာချာ နားထောင်နေ၏။ နှင်းဒဲလက်ပန်း၏ သက်ရောက်မှုက အတော်လေး မှော်ဆန်လှသည်။ အစ်ဇဘယ်လာက အချိန်အတိုင်းအတာတစ်ခုအတွင်း အားပြန်ဖြည့်ပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်ရှိ [အလင်းချေမှုန်းချိပ်ပိတ်]က လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ချိပ်ပိတ်ကြောင့် ဆုံးရှုံးသွားခဲ့သော သူ၏စွမ်းအားနှင့် အသက်ဓာတ်တို့လည်း ပြန်လည်ရောက်ရှိလာကြသည်။ မစ်-ရင်းနီသည် မူလက ပျင်းရိသော လူတစ်ယောက် မဟုတ်ပေ။ အထူးသဖြင့် နုပျိုမှုနှင့် အသက်ဓာတ် ပြန်လည်ရရှိပြီးနောက် သူ၏နှလုံးသားထဲမှ ညှိုးငယ်မှုက ပျောက်ဆုံးသွားခဲ့သည်။ သူက နေ့တိုင်း ငြီးငွေ့နေခဲ့ရသည်။ ရှီရာ၏ ဖိတ်ကြားမှုကို ရရှိပြီးနောက် သူက ကြယ်ကြွေတမန်အင်ပါယာမှ လျို့ဝှက်ထောက်လှမ်းရေး ဌာနကို ပြန်လည် ထိန်းချုပ်မှု ရရှိခဲ့သည်။
သူက အသေအချာပင် ထူးချွန်သော ပါရမီများ ရှိလေသည်။ သူ ထိန်းချုပ်မှု ရရှိပြီး ခဏအကြာ နေရာအများအပြားမှ သတင်းအချက်အလက်စနစ် စီမံကိန်းများက ပို၍ပင် အဆင်ပြေချောမွေ့လာခဲ့သည်။
နောက်ဆုံး သတင်းအချက်အလက်ကို နားထောင်ပြီးနောက် ရှီရာက လေးနက်သော အမူအရာ ပြသလိုက်သည်။ “သွေးရောင်အင်ပါယာရဲ့ ဒုတိယမင်းသာ အက်မန်းက ရှုံးနိမ့်သွားပြန်ပြီလား။”
အစ်ဇဘယ်လာက စစ်ဗျူဟာမြေပုံကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “ဒီတစ်ခေါက်က သူက အဓိကအင်အားစုကို ကိုယ်တိုင် ဦးဆောင်ပြီးတော့ သံလက်သီးနယ်မြေ မြောက်ဘက်မှာရှိတဲ့ တောင်နက်မှာ အလီရက်စ်နဲ့ အဆုံးအဖြတ် တိုက်ခိုက်ခဲ့ကြတယ်။ နောက်တော့ စစ်တပ်က ရှုံးနိမ့်သွားခဲ့တယ်။ အက်မန်းက လက်ကျန်အင်အားစုကို ဦးဆောင်ပြီးတော့ သံလက်သီးမြို့ဆီ ဆုတ်ခွာခဲ့ရတယ်။ အလီရက်စ်ရဲ့ စစ်တပ်က သံလက်သီးနယ်မြေရဲ့ သုံးဆခံစစ်ကို ဖောက်ထွင်းပြီးတော့ တစ်ဆင့်ချင်း ချဉ်းကပ်လာခဲ့တယ်။”
“သွေးရောင်အင်ပါယာရဲ့ ပြည်တွင်းစစ်က အကြာကြီး ဖြစ်နေမှာ မဟုတ်လောက်တော့ဘူး။”
ချန်လွေ့က ဖြတ်ပြောလိုက်သည်။ “ဒီအခြေအနေက ကျုပ်တို့ ထင်ထားတာထက် နည်းနည်းလေး ကျော်လွန်နေတယ်။ အက်မန်းက ကျုပ်တို့နဲ့ အရိပ်နက်အင်ပါယာကနေ လျို့ဝှက်အကူအညီ ရခဲ့တယ် မဟုတ်လား။ အစက နောက်ထပ် တစ်နှစ်အထိ နှစ်ဖက်လုံး ဆွဲခေါ်သွားမယ်လို့ မျှော်မှန်းထားခဲ့တာ။ ဒီတစ်ခေါက် ဘာလို့ လုံးဝ ရှုံးနိမ့်သွားခဲ့တာလဲ။”
“သွေးရောင်အင်ပါယာရဲ့ ပါရမီရှင်မင်းသား တဲရစ်က မီးဖိုနက်ထဲကနေ ထွက်ပြီးတော့ တိုက်ပွဲကို ကိုယ်တိုင် ပြင်ဆင်ခဲ့တာလို့ ပြောကြတယ်။”
တဲရစ်လား။ ချန်လွေ့၏ မျက်လုံးများက ထူးခြားသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားသည်။ လူကြီးလူကောင်းတစ်ယောက်၏ ပုံရိပ်တစ်ခုက သူ့စိတ်ထဲ ပေါ်ထွက်လာပြီး တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်လိုက်မိသည်။
“တဲရစ်က သွေးရောင်အင်ပါယာ လော့ဒ်-ရိုင်ဇန်ရဲ့ အငယ်ဆုံးသားပဲ။ သူက ထူးချွန်တဲ့ ဉာဏ်ပညာရှိတဲ့ လောကထိပ်သီးပါရမီရှင်နဲ့ စစ်ဗျူဟာ ကျွမ်းကျင်တယ်လို့ သတ်မှတ်ထားကြတယ်။ တစ်ချိန်တည်းမှာပဲ သူက စီးပွားရေး၊ နိုင်ငံရေး၊ ဆေးရည်၊ ယန္တရား အစရှိတဲ့ အရာတွေမှာလည်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့တယ်။ သူက ဘက်စုံပါရမီရှင်တစ်ယောက် နီးပါးပဲ။ ဒါပေမဲ့ သူရဲ့ ခွန်အားနဲ့ပါရမီ နိမ့်ပါးလို့ သူ့ကို ထီးနန်းဆက်ခံဖို့ မဖြစ်နိုင်ဆုံး မင်းသားလို့ သတ်မှတ်ထားကြတယ်။”
“ဘက်စုံပါရမီရှင်”အကြောင်း ပြောနေရင်း အစ်ဇဘယ်လာက မျက်လုံးပြာနှင့် သူ့လူကို ဖျပ်ခနဲကြည့်ပြီး ပြောလိုက်သည်။ “ရိုင်ဇန် တံခါးပိတ် လေ့မကျင့်ခင် မဟာမင်းသား အလီရက်စ်က ဒုတိယမင်းသား အက်မန်းကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့တယ်လို့ ပြောကြတယ်။ မင်းသားငယ် တဲရစ်က အစ်ကိုကြီးဖြစ်တဲ့ အလီရက်စ်အတွက် အပြစ်ဒဏ်ခံခဲ့တယ်။ သူက မီးဖိုနက်ထဲမှာ နှစ်ဝက်ကြာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ လိုလိုလားလား ဝင်ရောက်ခဲ့တယ်။ မီးဖိုနက်က သွေးရောင်အင်ပါယာထဲမှာ အန္တရာယ်အများဆုံး တော်ဝင်လျို့ဝှက်နေရာပဲ။ အဲဒီမှာ ပြင်းထန်တဲ့ အမှောင်စွမ်းအားတွေ ရှိတယ်။ မန်မွန်မိသားစုက အမှောင်ဒြပ်စင် စွမ်းအားကို ငှားယူပြီးတော့ လေ့ကျင့်ရေးကို အရှိန်မြန်လို့ ရပေမဲ့ အညီအမျှ အန္တရာယ်များတယ်။ အဲဒီနေရာမှာ တော်ဝင်မိသားစုတွေ အများဆုံး အသက် ဆုံးရှုံး ခဲ့ရတယ်။ တဲရစ်က ဝင်သွားပြီးနောက် နှစ်ဝက်ကြာပြီးတာတောင် ထွက်မလာခဲ့ဘူး။ သူသေသွားပြီလို့ ထင်ထားကြတာ။ ၂နှစ်ကြာပြီးတော့ မီးဖိုနက်ထဲကနေ သူ ပြန်ထွက်လာမယ်လို့ မထင်ထားခဲ့ကြဘူး။ ဒါက အက်မန်းကို အထိနာစေခဲ့တဲ့ ပါရမီရှင်မင်းသားရဲ့ လျို့ဝှက်ကြံစည်မှုပဲ။ ဒါက သွေးရောင်အင်ပါယာရဲ့ ရေရှည် အတွင်းရေး ပဍိပက္ခတွေကို အချိန်ဆွဲမယ့် ကျွန်မတို့ရဲ့ နည်းဗျူဟာကို ကျရှုံးလုမတတ် ဖြစ်စေခဲ့တယ်။”
ချန်လွေ့က သွေးရောင်အင်ပါယာ၏ ထိပ်တန်းယန္တရားဆရာသခင်နိတ်၏ တပည့်အနေဖြင့် တော်ဝင်စားသောက်ပွဲသို့ တက်ရောက်ခဲ့စဉ်က တဲရစ်၏ “အပြစ်ခံမှု”ကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ချန်လွေ့က တဲရစ်သည် မရိုးရှင်းကြောင့် အမြဲ ခံစားမိခဲ့၏။ အထူးသဖြင့် ဆရာသခင် ဖွန်ဆက်၏ ယခင် အတွေ့အကြုံများကို သိရှိခဲ့ပြီးနောက် ဖြစ်သည်။ ချော်ရည်ပြာမြို့နယ်ရှိ လုပင်မြို့မှ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက် သူက တဲရစ်ကို ပို၍ သံသယဝင်လာခဲ့သည်။
အခုကြည့်ရတာတော့ အဲဒီတုန်းက “အပြစ်ခံရတာ”ကို တဲရစ်ကိုယ်တိုင်က စီစဉ်ထားတာ ဖြစ်နိုင်တယ်။
ချန်လွေ့က ခဏစဉ်းစားပြီး မေးလိုက်သည်။ “မဟာရိုင်ဇန်ရဲ့ တံခါးပိတ် လေ့ကျင့်တဲ့ သတင်း တစ်ခုခု ရှိလား။”
“အခုတော့ မရှိသေးဘူး။” အစ်ဇဘယ်လာက ခေါင်းခါသည်။
ရှီရာ ပြောလိုက်၏။ “တဲရစ်ကိစ္စကို ခဏထားလိုက်ဦး။ သွေးရောင် အင်ပါယာရဲ့ အတွင်းရေးပြဿနာတွေ ပြီးသွားရင်တောင် အခုအချိန်က အင်အားအများကြီး ဆုံးရှုံးနေတာ။ ငါတို့ကို အချိန်တိုအတွင်းတော့ မခြိမ်းခြောက်နိုင်လောက်ဘူး။ ဒီအချိန်ကို အခွင့်ကောင်းယူပြီးတော့ ငါတို့ရဲ့ စီးပွားရေးနဲ့ စစ်ဆေးအင်အားကို တိုးတက်အောင် လုပ်ရမယ်။”
“ဟုတ်တယ်။” ချန်လွေ့က ခေါင်းညိတ်သည်။ “အိုဆိုင်ဒန်နှင့် စစ်တိုက်တုန်းက ကျုပ်တို့ရဲ့ စစ်အင်အားကို ကြီးကြီးမားမား ဆုံးရှုံးသွားစေပေမဲ့ အင်ပါယာရဲ့ စစ်တပ်စနစ် ပြန်လည်ဖွဲ့စည်းမှုက ပြီးပြည့်စုံသွားပြီ။ စည်းလုံးမှုကလည်း ဖော်ပြလို့ မရအောင် အားကောင်းနေပြီ။ မှော်ဆရာခံတပ်ရဲ့ နဂါးနီဗိုလ်ခြေ၊ တဲခုလာခံတပ်ရဲ့ အစွယ်ရှည်ကျားဗိုလ်ခြေနဲ့ အမှောင်လရဲ့ သွေးနီမီးတောက်ဗိုလ်ခြေတို့က လူခေါ်တာတွေ၊ စုစည်းတာတွေ ပြီးသွားပြီ။ အခု သူတို့က လေ့ကျင့်ရေး စတင်နေကြပြီ။ တစ်နှစ် နှစ်နှစ်ကြာရင် အဲဒီလူသစ်တွေက အင်ပါယာနှစ်ခုရဲ့ လက်ရွေးစင်တွေနဲ့ ယှဉ်နိုင်ဖို့ အင်အား နောက်ခံကျောရိုးတွေ တကယ် ဖြစ်လာလိမ့်မယ်။”
“အင်ပါယာနှစ်ခုကို လျှော့မတွက်နဲ့။ ပြီးတော့ အရှေ့က အောင်မြင်မှု အသေးလေးတွေနဲ့ စီးပွားရေး တိုးတက်မှုတွေကြောင့် မြောက်မသွားနဲ့။” ယခုတစ်ခေါက် အစ်ဇဘယ်လာက ချန်လွေ့နှင့် သဘောမတူပေ။ ထို့နောက် သူက ကွဲပြားသော အမြင်တစ်ခုကို ပြောပြသည်။ “အများကိုပဲကြည့်ကြည့်၊ တစ်ယောက်ချင်းပဲကြည့်ကြည် ကြယ်ကြွေတမန်အင်ပါယာရဲ့ စစ်အင်အားက အမြဲတမ်း အင်ပါယာသုံးမှာ အားအနည်းဆုံး ဖြစ်နေခဲ့တာ မမေ့နဲ့။ နတ်ဆိုး အရှင်သခင်အဆင့်နဲ့ နတ်ဆိုးဧကရာဇ်အဆင့် အရေအတွက်တွေကတောင် တခြား အင်ပါယာနှစ်ခုထက် အများကြီး နိမ့်ကျတယ်။ တကယ် စစ်ပွဲ ဖြစ်လာမယ်ဆိုရင် ကျွန်မတို့ တကယ် မယှဉ်နိုင်သေးဘူး။”
ရှီရာ ခဏ စဉ်းစားပြီး အသာအယာ ခေါင်းညိတ်ကာ အစ်ဇဘယ်လာ၏ အမြင်ကို သဘောတူလိုက်သည်။
“စိတ်မပူပါနဲ့။” ချန်လွေ့က ယုံကြည်ချက် ရှိနေသည်။ “ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ရဲတိုက်က ပြန်တည်ဆောက်ပြီးပြီ။ ရဲတိုက်ကိုယ်တိုင်ကိုက စစ်ပွဲတစ်ခုလုံးကို အရေးတကြီး အခိုက်အတန့်မှာ ပြောင်းပြန်ဖြစ်စေနိုင်တဲ့ အင်အားကြီး လက်နက်တစ်ခုပဲ။ အဂ္ဂိရတ်သက်ရှိတွေ အတွက်ကတော့ ကုန်ကြမ်းတွေ အားလုံးကို စုစည်းပြီးသွားပြီ။ ထုတ်လုပ်ရေး ပြီးသွားတာနဲ့ နတ်ဆိုးအရှင်သခင်အဆင့် ဧရာမသလင်းကျောက်သားရဲ ၁၀၀၊ အနည်းဆုံး နတ်ဆိုးဧကရာဇ်အဆင့် စုစည်းရုပ်သေး ၁၀၀၀၊ မီးအိမ်ဝိညာဉ် ၅၀၀၀၊ သလင်းကျောက်သားရဲ ၁၀၀၀၀ ရနိုင်မယ်။ ဒီတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အင်အားကြီးပြီးတော့ အမိန့်ကို အပြည့်အဝ နာခံတယ်။ ပြီးတော့လည်း ကျုပ်တို့မှာ ဂူရာဒန်ရဲ့ မသေမျိုးစစ်တပ် ရှိသည်။ ဒီအင်အားစုတွေကို အင်ပါယာရဲ့ ဗိုလ်ခြေနဲ့ ပေါင်းလိုက်မယ်ဆိုရင် တခြားအင်ပါယာနှစ်ခုထက်ကို သေချာပေါက် မနိမ့်ကျ နိုင်တော့ဘူး။ အခု လိုအပ်တာက အချိန်နဲ့ စုစည်းရုပ်သေးတွေအတွက် လေ့ကျင့်ပြီး မောင်းနှင်သူတွေပဲ။”
ရှီရာ၏ မျက်လုံးများ တောက်ပသွား၏။ “ဟုတ်တယ်. ယန္တရား အစည်းအရုံးရဲ့ မြေနေရာ ရှာဖွေမှုက ပြီးစီးသွားပြီ။ ရဲတိုက်ကို မင်း ဘယ်အချိန် ရွှေ့မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။”
“အခု ရဲတိုက်က စွမ်းအင်တွေ စုစည်းနေတုန်းပဲ။ ပြီးတော့ အဲဒီလေ့ကျင့်ရေး ဂိမ်းတွေက ပြစ်ချက်တွေ များနေတုန်းပဲ။” ချန်လွေ့က ခဏစဉ်းစားလိုက်သည်။ “လက်ရှိ အခြေအနေအရတော့ တစ်လကျော် ကြာလိမ့်မယ်။ အရင်တစ်ခေါက်က ကောလိပ်ဆောက်လုပ်ရေး အစီအစဉ်ကို ဖတ်ပြီးပြီလား။”
“မင်းက လူသားလောကကနေ ဒီကို အရာအားလုံး တကယ် ရွှေ့နေတာပဲ။” ရှီရာက ပြုံးလိုက်သည်။ “သေချာဖတ်ပြီးသွားပြီ။ ဒီအစီအစဉ်က တကယ် ကောင်းတယ်။ တကယ်တော့ နတ်ဆိုးဘုံမှာ ဟိုးကတည်းက ကောလိပ်တစ်ခု ရှိခဲ့တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်တော့ဘူး။ မင်းရဲ့ အစီအစဉ်ကို ငါ လက်ခံတယ်။ ဒါပေမဲ့ ရေရှည်အစီအစဉ်တော့ လိုနေသေးတယ်။ မင်းပြောခဲ့တယ် မဟုတ်လား။ အမြန်လို အနှေးဖြစ်တဲ့။ မင်းက အသစ်အသစ်တွေ အများကြီးကို ယူလာပြီးသွားပြီ။ တစ်ဆင့်ချင်း ချေဖျက်ဖို့ လိုတယ်။ ပြီးတော့ ဒီအကြောင်း မပြောခင် အရေးအကြီးဆုံး ကိစ္စကို အပြီးသတ်ရမယ်။”
အစ်ဇဘယ်လာ၏အသံက ကြားဝင်ဖြတ်လိုက်သည်။ “တခြား အင်ပါယာတွေက ကျွန်မတို့ရဲ့ ခြေလှမ်းအတိုင်း လိုက်ပြီးတော့ အတုခိုးလို့ပဲ ရတယ်။ ဒါပေမဲ့ အရှင်မက အသစ်အသစ်တွေ အများကြီး ရှိနေတယ်လို့ ထင်နေတယ်။ ကြည့်ရတာ အရှင်မှာ ပျော်စရာ ပြဿနာတွေ ရှိနေသလိုပဲ....”
ဧကရီအရှင်မက အသာလေး ပြန်ဖြေလိုက်သည်။ “ငါ့ရဲ့ အပျော်ရွှင်ဆုံး ပြဿနာက လာမယ့် လက်ထပ်ပွဲမှာ အပျိုရံ မရှိမှာကိုပဲ။ ကံကောင်းချင်တော့ အဲဒီပြဿနာ အခု မရှိတော့ဘူး။”
ထိုစကားနှစ်ခွန်းက အလုပ်ကိစ္စများအကြောင်း ဆွေးနွေးနေသည့် လေးနက်သော အခြေအနေကို ချက်ချင်း ထူးဆန်းသွားစေသည်။ သလင်းကျောက် မောင်းမဆောင် ပိုင်ရှင်၏ ဆန်ကုန်မြေလေးက ဘာမှ မပြောရဲသလို ထွက်လည်း မထွက်သွားရေးပေ။ ထိုအရာက အပျော်ရွှင်ဆုံး ပြဿနာ ဖြစ်လောက်ပေ၏။
ညနေခင်း၊ အမှောင်လမြို့၌ -
တောက်ပနေသော မှော်မီးအိမ်အောက်တွင် လူသွားလူလာများ ထုံစံအတိုင်း ပြည့်ကျပ်နေ၏။
နေ့အချိန် ကုန်ဆုံးတော့မည် ဖြစ်သော်လည်း ပို၍စည်ကားသော ညစျေးက စတင်တော့မည် ဖြစ်သည်။
နတ်ဆိုးဘုံ ဖျော်ဖြေပွဲကို စျေးရုံရှိ မှော်ရုပ်မြင်သံကြား၌ ပြန်ပြသည်။ လေးကြိမ်မြောက် ဖြစ်သော်လည်း ပရိသတ်များ၏ အားပေးမှုများက အလွန်အမင်း မြင့်မားနေဆဲ ဖြစ်သည်။ သူတို့က လုံးဝ မငြီးငွေ့သလို ဖြစ်နေသည်။ နောက်ထပ် ဖျော်ဖြေပွဲအချိန်က ကြယ်ကြွေတမန်အင်ပါယာ ဧကရီ ရှီရာ၏ လက်ထပ်ပွဲမတိုင်ခင် တစ်ရက်အလိုသို့ သတ်မှတ်လိုက်ပြီဟု ပြောကြသည်။
“ဒေလီယာ။ ဖြည်းဖြည်းသွားပါ။ စောင့်ပါဦး။” ရိုမန်က သူ့နောက်က အလောတကြီး ပြေးလိုက်သွား၏။
ဒေလီယာ အသာလေး ပြောလိုက်သည်။ “ရှင် ခုနက အဲဒီမိန်းမလှကြောင့် ဆွဲဆောင်ခံလိုက်ရတာ မဟုတ်လား။”
“မင်း အထင်လွဲနေတာ။ သူ့လည်ဆွဲက တော်တော်လေး ထူးခြားတာကို မြင်လိုက်ပြီးတော့ မင်းအတွက် တစ်ခု ဝယ်ပေးချင်ခဲ့တာ။” ရိုမန်က အမြန် ရှင်းပြလိုက်သည်။ “မိန်းမလှအကြောင်း ပြောမယ်ဆိုရင် ငါတို့ရဲ့ ဒေလီယာက အလှဆုံးပဲ။ မျက်နှာလွှားကိုသာ ချွတ်လိုက်မယ်ဆိုရင် အမှောင်လမြို့ တစ်မြို့လုံးမှာ ရှိတဲ့ မိန်းမတွေအားလုံးက သူတို့ရဲ့ အလှတရားကို အရှက်ရသွားကြလိမ့်မယ်။”
“ဟွန့်။ အပြောကောင်းတယ်နော်။” ဒေလီယာက ရိုမန်ကို ရွံရှာလျက် ဖျပ်ခနဲ ကြည့်လိုက်သည်။ သို့သော်လည်း သူက အလွန်ပင် ကျေနပ်နေခဲ့သည်။ သူက ရိုမန်သည် အမျိုးသမီး၏ လည်ဆွဲအောက်မှ နက်ရှိုင်းသော လျှိုမြောင်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်ကို မဖော်ထုတ်ခဲ့ပေ။
“အမှန်တကယ် ပြောတာပါ။ တကယ်။ ငါ့ရဲ့ နှလုံးသားထဲမှာ မင်းက အမြဲတမ်း အလှဆုံးပဲ။” ရိုမန်က ပြုံးဖြီးဖြီး လုပ်နေသော်လည်း ထိုစကားလုံးများက သူ၏ နှလုံးသား အနက်ထဲမှာ ဖြစ်ပေသည်။ သူက အခြေအနေကို အခွင့်ကောင်းယူပြီး ဒေလီယာ၏လက်ကို ကိုင်လိုက်သည်။ “ဟုတ်သား။ ပါ့ဂ်လီအိုတို့တွေ အခုရက်ပိုင်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြသလိုပဲ။”
ထိုသို့ပြောသည့်အခါ ဒေလီယာက အနည်းငယ် ပြုံးလိုက်သည်။ “အဲဒါက အိုလီဖီးရက်စ်နဲ့ ခေါင်းဆောင်ကြောင့်ပဲ။ ကြည့်ရတာ ဆာ-အက်ဂ်လက်စ်က အဲဒီနဂါးတွေကို ဖိအားပေးခဲ့တဲ့ပုံပဲ။ ကံဆိုးချင်တော့ အိုလီဖီးရက်စ်က ဘာမှ နားမလည်ခဲ့ဘူး။ သူက သူတို့ကို ကြောင်သွားစေနိုင်တဲ့ ပုံတွေတောင် ခဏခဏ ရိုက်ခဲ့သေးတယ်။”
“ခေါင်းဆောင်က တကယ့် တိရစ္ဆာန်ပဲ။” ရိုမန်၏ မျက်လုံးများက မနာလိုမှု နှင့် အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။
“ကျွန်မက သူ့ကို ခေါင်းဆောင်လို့ ခေါ်ခွင့်ရှိတယ်။ ရှင်က သူ့ကို ဆာ-ဦးလေးလို့ ခေါ်ရမယ်။”
ဒီလိုဆိုရင် ငါက ဒေလီယာထက် မျိုးဆက်တစ်ဆက် မနိမ့်သွားဘူးလား။ ဆရာသခင် ရိုမန်က ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ဒေလီယာ၏ လက်သည်းက စိုက်ဝင်သွားသည့်အတွက် သူ့လက်ဖမိုးက နာကျင်သွား၏။ “ရှင်က ခေါင်းဆောင်ကို စံပြအနေနဲ့ ထားပြီးတော့ မောင်းမဆောင် ဖွင့်ချင်တာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ အသက်ရှင်နေသရွေ့ ဒီဘဝတော့ ရှင့်မှာ မျှော်လင့်ချက် မရှိဘူး။ ဒါပေမဲ့...”
“ဒါပေမဲ့ မလိုဘူး။ စိတ်မပူပါနဲ့။ ငါက အဲဒီ တိရစ္ဆာခေါင်းဆောင်က ဘာမှ မတူဘူး။” ရိုမန်က ခပ်မြန်မြန် ပြောလိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲ၌ ပူဆွေးနေ၏။ ငါက သစ်ပင်တစ်ပင်နဲ့ ငြိနေပြီ။ သစ်တောအိပ်မက်တွေတော့ သွားလိုက်ပြီပဲ။ စကားပြောနေစဉ်အတွင်း ဒေလီယာ၏လက်က ရုတ်တရက် တုန်ခါလာသည်။ ရိုမန်က အပြန်အလှန် နားလည်မှုရှိသည့်အတွက် ချက်ချင်းပင် တစ်ခုခု လွဲနေကြောင်း ခံစားမိလိုက်သည်။
သူတို့အရှေ့၌ အမျိုးသမီးတစ်ယောက် ရှိနေပြီး ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားသည်။ သူ၏ခေါင်းကို ပိုးဇာလွှာဖြင့် ဖုံးကွယ်ထားပြီး မျက်နှာသွင်ပြင်ကို ရေးရေးလေးသာ မြင်နိုင်၏။ သို့သော် မထင်ရှားလှပေ။ ထိုပုံစံက အရိပ်နက်အင်ပါယာက ပုံမှန် အမျိုးသမီး ဝတ်စုံ ဖြစ်သည်။ အရိပ်နက်အင်ပါယာနှင့် ထိစပ်နေပြီး အင်ပါယာနှစ်ခုအကြား ပူးပေါင်းမှု များကြောင့် ထိုနေရာတွင် အရိပ်နက်အင်ပါယာမှ လူအများအပြား ရှိကြသည်။ ထိုဝတ်စုံနှင့် အမျိုးသမီးက မထူးခြားပေ။ ဒေလီယာ ကိုယ်တိုင်ပင် ထိုကဲ့သို့ ဝတ်ဆင်ထား၏။
“မမျှော်လင့်ထားတဲ့ ဆုံတွေ့မှုပဲ။”
ထိုအမျိုးသမီး၏အသံက အလွန်လှပနေပြီး ထိုကဲ့သို့ ဆူညံလှသောစျေးရုံထဲ၌ ထူးဆန်းသည့် ငြိမ်သက်မှုမျိုးကို ပေးစွမ်းနေ၏။
ဒေလီယာက ရိုမန်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး အသံလုံးဝ မထွက်နိုင်ခဲ့ပေ။
အမျိုးသမီး၏ မျက်လုံးများက တင်းတင်းဆုပ်ကိုင်ထားသော လက်နှစ်ဖက်ပေါ် ရောက်သွားသည်။ “နင့်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ မဒမ် ဒေလီယာ။”
ဒေလီယာ စိုးရိမ်နေပြီး ကြောက်ရွံ့နေကြောင်း ခံစားမိသည့်အခါ ရိုမန်က ရှေ့သို့ ခြေနှစ်လှမ်းလှမ်းပြီး ကာထားပေးလိုက်သည်။ သူ၏ မျက်လုံးထဲ၌လည်း သတ်ဖြတ်ချင်စိတ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ နာမည်ခေါ်တဲ့ပုံကို ကြည့်ရတာ သူက ဒေလီယာရဲ့ အရိပ်နက်အင်ပါယာက အသိဟောင်း ဖြစ်လောက်တယ်။ သူက ဒေလီယာ ဝတ်ထားတဲ့ မှော်မျက်နှာလွှားကို ဘယ်လို ဖောက်မြင်သွားတာလဲ။ သူက ဒေလီယာကို ဒီလိုမျိုး တုန်လှုပ်စေနိုင်တယ်ဆိုတော့ ရှိန်လောက်တဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်ရမယ်။
“မစ်-ခရစ္စတီးနား...” နောက်ဆုံး၌ ဒေလီယာက အသံပြာပြာနှင့် ပြောလိုက်၏။