← Chapters

တွေ့ဆုံခြင်း

Vol. 46 Ch. 729

တွေ့ဆုံခြင်း

Vol. 46 Ch. 729

ထိုအချိန်၌ ပတ်ဝန်းကျင်မြင်ကွင်းများ ထူးထူးဆန်းဆန်း ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး သူတို့က စျေးရုံမှ လူပြတ်သော လမ်းကြားတစ်ခုသို့ ရောက်ရှိ သွားကြသည်။ အမှောင်လနှင့် ရိုမန်၏ ရင်းနှီးမှုအရ ထိုနေရာမှာ တောင်ပိုင်း ဘလော့ရှိ နံပါ(၇)လမ်းဖြစ်ကြောင်း သိသည်။ သူက ပိုင်နက်စွမ်းအား ဒါမှမဟုတ် ပုံရိပ်ယောင် သုံးလိုက်တာ မဟုတ်ဘူး။ တကယ့် နေရာလွတ် ရွှေ့ပြောင်းလိုက်တာပဲ။

ထိုလျို့ဝှက်ဆန်းကြယ်သော ခရစ္စတီးနား၌ အထူးအငွေ့အသက်များ ရှိမနေဘဲ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း ရိုမန်က အလွန်ကြီးမားသော ဖိအားကို ခံစားနေရသည်။ ယခုတွင် သူက နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီး စိတ်ဝိညာဉ် အာရုံခံစွမ်းအားက ကြီးကြီးမားမား တိုးတက်သွားရာ ထိုအမျိုးသမီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို သေသေချာချာ ခံစားနိုင်၏။

ဒီလိုဖိနှိပ်မှုမျိုးက ပါ့ဂ်လီအိုနဲ့ ဒိုဒိုထက်တောင် မြင့်တယ်။ ဇိုလာပဲ သူ့ကို ယှဉ်နိုင်လောက်မယ်။

ဒီလိုမျိုး အင်အားကြီးတဲ့ ရန်သူကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး။ ထွက်ပြေးတာက အကောင်းဆုံးပဲ။ သို့ရာတွင် ဒေလီယာကြောင့် ရိုမန်က ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့ပေ။ သူက [ လျှပ်တပြက် ] ပါရမီနှင့် ထွက်ပြေး၍ ရနိုင်သော်လည်း ဒေလီယာ၏ လက်ရှိစွမ်းအားဖြင့် သေချာ‌ပေါက် ထွက်ပြေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ ပထမဆုံး တုံ့ပြန်မှုက တိုက်ခိုက်ကာ ဒေလီယာပြေးနိုင်ရန်အတွက် အချိန်ဆွဲပေးမည် ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လျို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ ခန္ဓာကိုယ်က အလင်းပိုက်ကွန်တစ်ခု ကဲ့သို့သော မရေမတွက်နိုင်သည့် အပြာရောင် အလင်းများဖြင့် ရစ်ပတ်ခံလိုက်ရသည်။ အလင်းပိုက်ကွန် အမြန်နှုန်းက အလွန်အမင်း မြန်ဆန်လှသည်။ ပိုက်ကွန်ပြီးသွားပြီးမှသာ လေတိုးသံ ထွက်ပေါ်လာခဲ့သည်။

အသူရာချောက်နက်ထဲတွင် လေ့ကျင့်ထားခဲ့သော ရိုမန်က ယခင်ကဲ့သို့ မဟုတ်တော့ပေ။ ထိုတိုက်ခိုက်မှုက သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်ဖြစ်သော [ အပြန်လမ်းမရှိ ] ဖြစ်ပြီး ရန်သူကို မသတ်မချင်း မပြန်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ထိုတိုက်ကွက်၏ ကြောက်မက်ဖွယ်ရာအချက်က အတွင်းထဲ၌ ပုန်းကွယ်နေသော မရေအတွက်နိုင်သည့် နောက်ဆက်တွဲ အကွက်များ ဖြစ်သည်။ ပြိုင်ဘက်က မလှုပ်ရှားလျှင် ဓားသွားပိုက်ကွန်ကြောင့် အပိုင်းပိုင်း ဖြစ်သွားပေမည်။ လှုပ်ရှားလျှင် ထိုနောက်ဆက်တွဲ အတွက်များက ကွင်းဆက်တုံ့ပြန်မှု ဖြစ်စေပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲထွက်နိုင်၏။ သူကိုယ်တိုင်ပင် မတားဆီးနိုင်ပေ။

အသူရာချောက်နက် “ဂိမ်း”ထဲမှ နတ်ဆိုးအရှင်သခင်အဆင့် “ကြာပွတ် ကောင်မလေး”က [ အပြန်လမ်းမရှိ ] ကြောင့် ရာနှင့်ချီသော အပိုင်းအစများ ဖြစ်သွားကာ ချေမှုန်းခံလိုက်ရဖူးသည်။

ရုတ်တရက် အပြာရောင်အလင်းပိုက်ကွန်က ရုတ်တရက် မှိန်ကျသွားသွားပြီး လက်အိပ်စွပ်ထားသော လက်ထဲ၌ ငြိမ်သွားခဲ့သည်။ ရိုမန်၏ပုံရိပ် ပေါ်ထွက်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ဓားကိုင်ထားသော သူ့လက်က အဆက်မပြတ် တုန်ခါနေပြီး ဓားလက်ကိုင်မှ သွေးများ တဖြည်းဖြည်း စီးကျ လာနေသည်။

ရိုမန်က လက်ထဲမှ စူးရှိသော နာကျင်မှုကို လျစ်လျူရှုလိုက်ပြီး ခရစ္စတီးနားကို သတိထားလျက် ကြည့်နေလိုက်သည်။ ထိုအမျိုးသမီးက သူ၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများကို လက်တစ်ဖက် ဝှေ့ရမ်းလိုက်ရုံဖြင့် ဖယ်ရှားပစ်ခဲ့သည်။ အားကောင်းသော ဓားချီစွမ်းအင်များ တန်ပြန်လာပြီး သူ့လက်ကိုထိသွားခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ အစွမ်းကုန် မသုံးလိုက်သည်မှာ သိသာပေသည်။

ငါထင်ထားသလိုပဲ စွမ်းအားခြားနားမှုက ကြီးမားလွန်းတယ်။

ရိုမန်က ကြိုတင် သတိမ‌ပေးခဲ့သော်လည်း သူ့အကြည့်မှတစ်ဆင့် ဒေလီယာက သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူက အခွင့်အ‌ရေးကို အသုံးချပြီး ထွက်ပြေးရန် ပြင်ဆင်ထားခဲ့၏။ ယခုတွင် ရိုမန်က အလျင်အမြန် ရှုံးနိမ့်သွားရာ ဒေလီယာက ထိုအကြံကို လက်လျှော့လိုက်ရသည်။ ငါ မလွတ်မြောက်နိုင်မှတော့ အတူတူ ရင်ဆိုင်ကြတာပေါ့။

ဒါပေမဲ့ အရိပ်နက်အင်ပါယာရဲ့ တော်ဝင်အမျိုးသမီးနဲ့ ဒဏ္ဍာရီလာ ဧကရီရဲ့ ဆက်ခံသူက ဒီလိုကြောက်စရာအစွမ်းမျိုး ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။

“ငါက အန္တရာယ်ပြုဖို့လာတာ မဟုတ်ပါဘူး။ ဒေလီယာ။” ခရစ္စတီးနားက သူတို့နှစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ အပါအဝင် လုပ်ဆောင်ချက်များကို ကြည့်ကာ စာနာသနားသွားမိသွားပြီး “မဒမ်” ဟူသော ဂုဏ်ပုဒ်ကို ဖယ်ထားလိုက်သည်။ “ဒါနဲ့ နင်က ကြယ်ကြွေတမန်အင်ပါယာရဲ့ ပထမဆုံးဗိုလ်ချုပ် ဂျော့ချ်ရဲ့သမီး၊ အမှောင်လရဲ့ လက်ရှိအုပ်စိုးသူ ပြီးတော့ တတိယဗိုလ်ချုပ်လည်းဖြစ်တဲ့ အသီနာနဲ့ မိတ်ဆွေတွေ ဆိုတာ ငါ မှတ်မိတယ်။ လက်စသတ်တော့ နင်က အမှောင်မှာ ပုန်းနေတာကိုး။ ဒါပေမဲ့ စိတ်ချပါ။ နင့်ရဲ့ သတင်းကို ငါ ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ဘူး။”

“ပြောတော့ကော ဘာဖြစ်လဲ။” ရိုမန်က အေးစက်စက်နှင့် ပြောလိုက်သည်။ သူ စွမ်းအားကို တိုးမြှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေလီယာကို ကာကွယ်ရန်သာမက ဘရော့ခ်ကဲ့သို့ တိရစ္ဆာန်ကို ဖယ်ရှားပစ်ရန် အတွက်လည်း ဖြစ်သည်။ ဒေါ်လေး အစ်ဇဘယ်လာ၏ သတင်းအရ ယခု ဘရော့ခ်သည် အန္တရာယ် ကျရောက်နေပြီး ဂျာဂယ်ခံတပ်ထဲမှ မထွက်သွားနိုင်ပေ။ ထို့အပြင် အမှောင်လတွင် အနည်းဆုံး အစွမ်းထက် နဂါး၃ကောင် ရှိနေသည်။ ဒေလီယာ ရှိနေကြောင်း သိနေသည့်တိုင် ဘရော့ခ် လာရဲမည် မဟုတ်ပေ။

ရိုမန် ပြောလိုက်သည်နှင့် သူတို့နှစ်ယောက်လုံးက ခရစ္စတီးနား၏ ပြိုင်ဘက်များ မဟုတ်ကြကြောင်း ရုတ်တရက် မှတ်မိလိုက်သည်။ ထို့ပြင် သူ့မိန်းမက ခရစ္စတီးနား၏ လက်ထဲ၌ ရှိနေသေးသည့်အတွက် သူက တိတ်တိတ်နေလိုက်ရသည်။

“ဒေလီယာ။ နင်နဲ့ လော့ဒ်-အသီနာက မိတ်ဆွေတွေဆိုတော့ ပိုကောင်းသွားပြီ။ ငါက နာမည်ကျော် လူသား ဘဏ္ဍာရေး အရာရှိဖြစ်တဲ့ မဒမ်-လော့ဒ်ရဲ့ ချစ်သူ ချန်လွေ့ကို တွေ့ချင်တယ်။ သူနဲ့ မိတ်ဆက်ပေးလို့ ရမလား။”

“မစ်-ခရစ္စတီးနား...” ဒေလီယာက ပင့်သက်ရှိုက်လိုက်ပြီး ပြန်လည် တည်ငြိမ်သွားသည်။ “ကျွန်မ ခန့်မှန်းတာ မှန်မယ်ဆိုရင် ရှင်က မဟာကတ်သရင်းရဲ့ အမိန့်နဲ့ ရောက်လာခဲ့တာပဲ။ ရှင့်ရဲ့ အားထုတ်မှုတွေက အလကားဖြစ်မှာ စိုးမိတယ်။ ကျွန်မ သိရသလောက်ဆိုရင် ချန်လွေ့အတွက် အမှောင်လကနေ ထွက်သွားဖို့ မဖြစ်နိုင်ဘူး။ ဒီလိုဆိုရင် တခြားနည်းလမ်းတွေကို သုံးမှာလား။ ဥပမာ....သူ့ကို သုံးမရဘူးဆိုတော့ တခြားသူတွေလည်း သုံးမရအောင် လုပ်သလိုမျိုးပေါ့။”

“နင်က အတွေးလွန်နေပြီ။ ငါက သူ့ကို မေးခွန်းနည်းနည်း မေးချင်ရုံပါ။” ခရစ္စတီးနားက ဒေလီယာက ဖျပ်ခနဲ ကြည့်လိုက်သည်။ “ဒေလီယာ။ ငါ စျေးဝယ် မထွက်ရတာ တော်တော်ကြာပြီ။ ငါ့ကို လိုက်ပြနိုင်မလား။ ဒါက လူကြီးမင်းကိုတော့... ကျွန်မက သစ်သီးနီ ဟိုတယ်ရဲ့ အရေးကြီးပုဂ္ဂိုလ် နံပါတ်(၁)အခန်းမှာ နေတယ်။ ကျွန်မတို့ စျေးဝယ်ထွက်ပြီးရင် အဲဒီမှာ ဒေလီယာကို လာကြိုပေးလို့ ရမလား။ ဒါပေမဲ့ ကျွန်မ ပြန်လာတဲ့အခါ နဂါးတွေက ကျွန်မကို ဧည့်မခံဖို့ မျှော်လင့်ပါတယ်။”

ရိုမန်က မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက ခြိမ်းခြောက်တာလား။”

“မိန်းကလေးတ်စယောက် တောင်းဆိုတာလို့ သ‌‌ဘောထားလို့ ရပါတယ်။” ခရစ္စတီးနားက မျက်နှာလွှားနောက်မှ ပြုံးလိုက်သည်။ “ဒေလီယာ။ သွားရအောင်။”

ဒေလီယာက ခဏစဉ်းစားလိုက်ပြီး ခရစ္စတီးနားထံ လမ်းလျှောက်သွားသည်။ ရိုမန်က နှာမှုတ်လိုက်ပြီး ခြေထောက်ကို တစ်ချက်ဆောင့်ကာ နေရာ၌ ပျောက်ကွယ်သွား၏။

“အတော်လေး မြန်တာပဲ။ [ လျှပ်တပြက် ] ပါရမီက တကယ့်ကို အထင်ကြီးလောက်စရာပဲ။” ခရစ္စတီးနားက တီးတိုးပြောလိုက်သည်။ “နင့်လို လီဗျာသန်တော်ဝင်မိသားစုက ဘယ်ဖီဂေါ တော်ဝင်မိသားစုဝင်ကို လက်တွဲဖော် အနေနဲ့ တွေ့ခဲ့တာ အံ့သြမိတယ်။ ဒါပေမဲ့ သေချာကြည့်ရတာတော့ နင်တို့ကြားမှ ရင်းနှီးမှုက တော်တော်လေး နက်ရှိုင်းတယ်။ အချင်းချင်းအတွက် စတေးပေး နိုင်ကြတယ်။ ဒါက တကယ့်ကို မနာလိုစရာပဲ။”

“အရိပ်နက်အင်ပါယာ တော်ဝင်အမျိုးသမီးက ဒီလိုအရာမျိုးတွေကိုလည်း မနာလိုတာလား။” ဒေလီယာက ခေါင်းခါပြီး ရုတ်တရက် ပြုံးလိုက်သည်။ “ရှင်က ဉာဏ်ထက်မြက်တာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မဆီကနေ ဘာသတင်းမှ ရမှာ မဟုတ်ဘူး။ အခုက စျေးဝယ်ထွက်မှာဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်သွားကြ တာပေါ့။”

“အချစ်က လူတစ်ယောက်ကို တကယ် ပြောင်းလဲစေတာပဲ။ ဒီအပြုံးတွေက ငါသိခဲ့တဲ့ မဒမ်-ဘလက်ဝစ်ဒိုးနဲ့ လုံးဝ မတူဘူး။” ခရစ္စတီးနားက ဒေလီယာကို စိုက်ကြည့်လိုက်သည်။ “တကယ်တော့ နင်ငါ့ကို အများကြီး ပြောပြပြီးသွားပါပြ။ နင့်ရဲ့ အဖော်တွေကို ယုံကြည်တဲ့ အလေ့အကျင့်မျိုးပေါ့။ အဲဒီလူသားအကြောင်း ပြောနေတုန်း ဒီယုံကြည်မှု တကယ်ရှိနေတာ အံ့သြမိတယ်။”

ဒေလီယာ၏အကြည့်က တန့်နေခဲ့သည်။ ထို့နောက် သူက ခေါင်းခါလိုက်သည်။ “ရှင်က ဒဏ္ဍာရီလာ တော်ဝင်အမျိုးသမီးဆိုတာ အသေအချာပဲ။ ရှင့်ရဲ့ ဉာဏ်ပညာနှင့် သုံးသပ်မှု တစ်ခုတည်းက စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ဒါပေမဲ့ တစ်ခါတလေတော့ မိန်းမတွေက တုံးဟန်ဆောင်တာ ပိုကောင်းတယ်။ အထူးသဖြင့် ယောက်ျားတွေ အရှေ့မှာပေါ့။ မဟုတ်ရင် ပင်ပန်းရတယ်။”

“နင်ပြောတာ မှန်လောက်မှာပါ။ ဒေလီယာ။” ခရစ္စတီးနားက ပြုံးလိုက်သည်။ “ငါ စျေးဝယ်မထွက်ရတာကြာပြီ။ ဒီအပိုင်းမှာ လုံးဝ မကျွမ်းဘူး။ နောက်ကျရင် နင့်မှာ ပြန်တိုက်ခိုက်ဖို့ အခွင့်အ‌ရေးတွေ အများကြီး ရှိလာမယ်လို့ ထင်တယ်။”

အမျိုးသမီးနှစ်ယောက်က လက်တွဲပြီး လမ်းထဲသို့ လမ်းလျှောက်သွားနေ၏။ ဒေလီယာက မိမိသည် “ဓားစာခံ” ဖြစ်နေကြောင်းကို မေ့လျော့သွားဟန်တူပြီး ခရစ္စတီးနားအား ဆိုင်အမျိုးမျိုးနှင့် ပစ္စည်းအမျိုးမျိုးကို မိတ်ဆက်ပေးပြီး အဝတ်အစား ဝယ်ရန်အတွက်ပင် အတူတူ သွားခဲ့ကြသည်။ ခရစ္စတီးနားက ခဏခဏ စျေးဝယ်ထွက်ပုံမရချေ။ သူက မေးခွန်းအများအပြား မေးနေခဲ့ပြီး အမှောင်လ၏ ကြွယ်ဝချမ်းသာမှုကို အဆက်မပြတ် အံ့သြနေခဲ့သည်။

“ဒီမြို့က လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက စိတ်ပျက်စရာနဲ့ ပျက်စီးလုနီးနီး ဖြစ်နေခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ။ အခုတော့ နတ်ဆိုးဘုံမှာ အတိုးတက်ဆုံး နေရာတစ်ခု ဖြစ်နေပြီ။ ဒါက မြို့တော်ကြီး သုံးခုနဲ့တောင် မနိမ့်ကျတော့ဘူး။” ခရစ္စတီးနားက သက်ပြင်းချလိုက်သည်။ “အဲဒီလူသားက တကယ့်ကို ထူးချွန်တာပဲ။ သူက ကြယ်ကြွေတမန်အင်ပါယာရဲ့ ပြောင်းလဲမှုတွေ နောက်မှရှိတာကို ငါ ခန့်မှန်းမိတယ်။ “သာမန်ကို မှော်ဆန်အောင် လုပ်နိုင်တယ်”ဆိုတဲ့အသုံးက သူ့ရဲ့စွမ်းရည်ကို ဖော်ပြလို့ မရနိုင်‌တော့ဘူး။”

“ဒါပေါ့။” ချန်လွေ့က သူနှင့် ရိုမန်တို့၏ စစ်မှန်သော မိတ်ဆွေ၊ တသက်သာ မိတ်ဆွေ ဖြစ်သည့်အတွက် ဒေလီယာက ဂုဏ်ယူမိသွားသည်။

“နင့်ရဲ့ မိတ်ဆွေအတွက် ကာကွယ်ဖို့နဲ့ ယုံကြည်မှုကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ ဘာလို့ ငါ သူ့နဲ့ ရင်ဆိုင်မှာကို ကြောက်နေတာလဲ။” ခရစ္စတီးနားက သက်ပြင်းချလိုက်သည်။ “ငါသိရသလောက်ဆိုရင် နင်က ဒီကိုလာတဲ့ လမ်းတလျှောက်မှာ လျို့ဝှက်အမှတ်အသား ၁၃မျိုး ချန်ရစ်ခဲ့တယ်။ ၉ခုကို ငါတောင် နားမလည်ဘူး။ ဒါကို အထူးသလင်းအချက်အလက် ဌာနမှာ သုံးတာဖြစ်မယ်။ ငါထင်တာ မှန်မယ်ဆိုရင် အမှောင်လရဲ့ “အမှောင်နတ်ဆိုး”ထဲမှာ နင့်အတွက် နေရာတစ်ခု ရှိရမယ်။ ဒါပေမဲ့ နင်စိတ်ပူစရာ တကယ် မလိုပါဘူး။ ငါ တကယ် တစ်ခုခု လုပ်ချင်ရင် အမှောင်လက နဂါးတွေတောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။”

ဒေလီယာက ဘာမှ မရှင်းပြဘဲ ပြုံးနေသော်လည်း စိတ်ထဲ၌ တိတ်တိတ်လေး သတိထားနေခဲ့သည်။ ဒီအမျိုးသမီးက တကယ် ကြောက်စရာကောင်းတယ်။ ခေါင်းဆောင် ရင်ဆိုင်နိုင်ပါ့မလား မသိဘူး။ ဒါပေမဲ့ ခရစ္စတီးနား ဘယ်လောက်ပဲ ပါးနပ်ပါစေ၊ အမှောင်လမှာ နဂါး၆ကောင် ရှိနေမှတော့ ကြိုမြင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒိုဒိုလည်း ရှိနေသေးတယ်။ သူတို့က လျို့ဝှက်အမှတ်အသားတွေကနေ ဒီနေရာကို ရှာတွေ့မယ်ဆိုရင် ဒီအမျိုးသမီးကို သေချာပေါက် အလွယ်လေး အနိုင်ယူနိုင်မှာပဲ။

“တောင်းပန်ပါတယ်။ ဒေလီယာ။ ငါ အထင်လွဲသွားတဲ့ပုံပဲ။” ခရစ္စတီးနားက ရုတ်တရက် တောင်းပန်လိုက်ပြီး ဒေလီယာက သူ့ရှေ့တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို မြင်သည့်အခါ ခဏတာ အံ့သြသွားခဲ့သည်။ ချန်လွေ့နှင့် အစ်ဇဘယ်လာတို့ပင်။

ဖြစ်ပျက်ခဲ့သည်က ရိုမန်သည် ခရစ္စတီးနားကို ကိုင်တွယ်ရန် အတွက် ပါ့ဂ်လီအိုနှင့် အခြားသူများကို အကူညီတောင်းရန် စံအိမ်သို့ ပြန်နေချိန်အတွင်း သက်တန့်တောင်ကြား လမ်းကြောင်းမှ ပြန်ရောက်လာသော ချန်လွေ့နှင့် အစ်ဇဘယ်လာတို့ကို တွေ့လိုက်ရခြင်း ဖြစ်သည်။

“ခရစ္စတီးနား”ဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ ချန်လွေ့က ထိတ်လန့်သွားမိသည်။ ထိုအမျိုးသမီး၏ သရုပ်မှန်ကို သူ သိသည်။ သူက အသံတိတ်ည စိမ့်မြေ၌ မသိခဲ့သည့်တိုင် သလင်းကျောက်တောင်ကြား၌ ခရစ္စတီးနား၏ သရုပ်မှန်က ပေါ်သွားခဲ့လေပြီ။ သို့သော်လည်း သူက ဖျော်ဖြေပွဲ၌ “လရောင်အောက်မှ တကိုယ်တော် ကခုန်ခြင်း”ကို တီးမှုတ်ခဲ့ခြင်းမှာ ကံစမ်းခြင်းသာ ဖြစ်သည်။ ထိုဧကရီအရှင်မက မမျှော်လင့်ထားသော တန်ပြန်တိုက်ခိုက်မှုတစ်ခု ပြုလုပ်လာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူက ခရစ္စတီးနား ဆိုတဲ့ သရုပ်ကို သုံးပြီးတော့ အမှောင်လကို ကိုယ်တိုင်လာပြီး ချန်လွေ့ဆိုတဲ့နာမည်ကို ရှာနေတယ်။ နေပါဦး။ သူရှာနေတာက ရစ်ချက် ဖြစ်ရမှာ မဟုတ်လား။ ပေါ်သွားပြီလား။ ဘယ်တုန်းက.....

ချန်လွေ့၏ အံ့အားသင့်မှုကို သူ့ဘေးရှိ အစ်ဇဘယ်လာထံမှ မဖုံးကွယ်နိုင်ခဲ့ပေ။ မဒမ်-ဒေါ်‌လေးက သေချာ သတိထားနေပြီး သူ၏ “အနံ့ခံမှု”က အစေခံမလေး ထက်ပင် ပို၍ ကောင်းမွန်နေခဲ့သည်။ ထို့ကြောင့် ထိုအမျိုးသမီးက “သံသယ”ဝင်စရာ ကောင်းကြောင်း ချက်ချင်း ခံစားလိုက်မိသည်။ ထို့အတွက် မဒမ်-ဒေါ်လေးက လိုက်သွားရန် အတင်းပြောဆိုခဲ့သည်။ သူ၏တည်ရှိမှုကြောင့် သူတို့က လျို့ဝှက် အမှတ်အသားများနောက်လိုက်ပြီး ပစ်မှတ်ကို ချက်ချင်း ရှာတွေ့သွားတော့သည်။

ခရစ္စတီးနားကို ချန်လွေ့ တွေ့သွားသောအချိန်၌ မျက်နှာလွှားမှတဆင့် စိုက်ကြည့်နေသော ကြယ်ကဲ့သို့ အနက်ရောင်မျက်လုံးများကို ခံစားလိုက်ရပြီး အနည်းငယ် မျက်စိကျိန်းလုမတတ် ဖြစ်သွားခဲ့သည်။

အစ်ဇဘယ်လာက စပြောသည်။ “မစ်-ခရစ္စတီးနားလား....”

ထိုအမျိုးသမီးက မဒမ်-ဒေါ်လေးကို သေချာ ကြည့်လိုက်၏။ “ဟုတ်ပါတယ်။ ရှင်က...”

မစ်-ရင်းနီက သူ့ကို လျစ်လျူရှုလိုက်၏။ သူက ချန်လွေ့ ဖက်ထားပြီး ရင်သားအား ချန်လွေ့၏လက်မောင်းပေါ်သို့ ဖိလိုက်သည်။ “သူ့ကို သိလား။”

ထိုလုပ်ရပ်နောက်ကွယ်တွင် ချန်လွေ့ကို ကြက်သီးထစေနိုင်သော ပုံရိပ်ယောင် ပုဆိန်တစ်လက် ရှိနေ၏။ သူက သိရုံသာမက အတူတူပင် အိပ်ဖူးကြောင်း ပြောချင်ခဲ့သည်။ သို့သော်လည်း ထိုအချိန်၌ သူက တုံးချင်ယောင် ဆောင်ရုံသာ တတ်နိုင်လေသည်။ “ဒီအမျိုးသမီးကို အခုမှ မြင်ဖူးတာပါ။ ဘာများ ကူညီပေးရမလဲ မသိဘူး။”

မျက်နှာလွှားနောက်မှ ခရစ္စတင်း၏ မျက်လုံးများက အလွန်ပင် တည်ငြိမ်နေပြီး အစ်ဇဘယ်လာကို ကြည့်နေ၏။

အစ်ဇဘယ်လာ၏ အာရုံစူးရှမှုဖြင့် ထိုနောက်ကွယ်ရှိ တည်ငြိမ်မှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်‌ကောင်းကောင်းရှိပြီး ရှေ့မှ ပြိုင်ဘက်မှ အဆင့်တူ မဟုတ်သကဲ့သို့ပင် ဖြစ်နေကြောင်း အာရုံခံမိသည်။ ထိုအရာက မဒမ်-ဒေါ်လေးကို တိတ်တဆိတ် သတိထားသွားစေပြီး အတော်လေး စော်ကားသလို ခံစားရစေခဲ့သည်။ အချိန်တစ်ခုအထိ မျက်နှာလွှား ဝတ်ထားသော မိန်းမလှနှစ်ယောက်အကြား၌ မမြင်နိုင်သော လျှပ်စီးပွင့်များ တဇက်ဇက် ဖြစ်နေဟန်တူသည်။

All Chapters