← Chapters

ပေါ်သွားခြင်း

Vol. 46 Ch. 730

ပေါ်သွားခြင်း

Vol. 46 Ch. 730

“ဆာ-ချန်လွေ့....” ခရစ္စတင်းက အသာလေး ပြောလိုက်သည်။ “ကျွန်မမှာ ရှင့်ကို နှစ်ယောက်တည်း ပြောဖို့ အပ်ထားတဲ့ စကားတချို့ ရှိတယ်။ အဆင်ပြေမလား မသိဘူး။”

ချန်လွေ့ စကားမပြောခင်မှာပင် လက်မောင်း၌ ခပ်ကြမ်းကြမ်း ဆွဲဆိတ် ခံလိုက်ရသည့်အတွက် အောက်ပါအတိုင်းသာ ပြောလိုက်ရ၏။ “အဆင်မပြေဘူး ဆိုရင်ကော။”

ခရစ္စတီးနားက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ “ဒါဆိုရင်တော့ ကျွန်မက အတင့်ရဲမိသွားပါပြီ။ နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ အခုပဲ သွားပါတော့မယ်။”

“ခဏနေဦး။” အစ်ဇဘယ်လာက ပြောလိုက်ခြင်း ဖြစ်သည်။ ခုနက ခရစ္စတီးနား နှုတ်ဆက်လိုက်စဉ် ယောက်ျားဖြစ်သူ၏ စိတ်အခြေအနေက အမြန် ဖုံးကွယ်လိုက်သော်လည်း လှုပ်ရှားသွားသည်ကို သူ လေးလေးနက်နက် ခံစားမိခဲ့သည်။ မဒမ်-ဒေါ်လေးက အကြောင်းအကျိုး အခြေအနေကို ကောင်းကောင်း သိသော ပါးနပ်သည့် မိန်းမတစ်ယောက် ဖြစ်၏။

“အရေးကြီးတာ တစ်ခုခု ရှိမယ်ထင်တယ်။ ချန်လွေ့။ နားထောင်လိုက်ပါ။ အဝေးကြီးက လာရတဲ့ အမျိုးသမီးတစ်ယောက်ကို စိတ်မပျက်စေနဲ့။” မဒမ်-ဒေါ်လေးက နူးညံ့စွာ ပြုံးလိုက်သည်။ “ဒါပေမဲ့ မစ်-ခရစ္စတီးနား....နောက်တစ်ခါ တစ်ယောက်ယောက်ကို တွေ့ချင်တယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ သိုသိုသိပ်သိပ် လုပ်သင့်တယ်။ မောက်မာတဲ့ မိန်းမတစ်ယောက်နဲ့ ဘယ်ယောက်ျားမှ အတူ မရှိချင်ဘူး။”

ချန်လွေ့က အနည်းငယ် ပြောစရာမဲ့သွားခဲ့သည်။ ယခုတွင် မဒမ်-ဒေါ်လေးက တောင်စဉ်ရေမရ ပြောနေခြင်း ဖြစ်သည်။ မိစ္ဆာထောင်ခြောက် မိန်းမပျိုက ယခု ခရစ္စတီးနားထက် ပို၍ပင် မောက်မာခဲ့လေသည်။

“အကြံပြုတဲ့အတွက် ကျေးဇူးပါပဲ။” ခရစ္စတီးနားက တည်ငြိမ်သော အမူအရာနှင့် လေသံ ရှိနေဆဲဖြစ်ပြီး သူ့ကို လုံးဝ လျစ်လျူရှုထားဆဲ ဖြစ်သည်။

မဒမ်-ဒေါ်လေးက အေးစက်စက်နှင့် သရော်ပြုံးပြုံးလိုက်ပြီးနောက် ချန်လွေ့ကို တိတ်တိတ်လေး ဆွဲဆိတ်ကာ ဒေလီယာထံ ရောက်လာသည်။ ထို့နောက် ခရစ္စတီးနားကို လှည့်မကြည့်ဘဲ တူဖြစ်သူနှင့်အတူ လှည့်ထွက်သွားလိုက်သည်။

“ဆာ-ချန်လွေ့က အမြဲတမန်း ဘေးနားမှာ မိန်းမတွေ ရှိနေတာပဲ။ ပြီးတော့ သူက တော်တော်လေး အစွမ်းအစ ရှိတယ်။” ခရစ္စတီးနား၏ အစ်ဇဘယ်လာ၏ နောက်ကျောကို ကြည့်ရင်း ပြောလိုက်သည်။ ခုနက သူ အသာစီး ရနေဟန် တူသော်လည်း စိတ်ထဲ၌ မသိလိုက်ဘဲ ပြိုင်ဆိုင်နေခဲ့သည်။ အတိအကျ ပြောရလျှင် သရေဖြစ်နေခဲ့ပြီး အစ်ဇဘယ်လာလည်း သိနေ၏။

ချန်လွေ့ ရယ်လိုက်ရာ ခရစ္စတီးနားက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ “ခုနက ကျွန်မ စျေးဝယ်ထွက်ရင်း တဝက်တပြတ် ဖြစ်သွားတာ။ အခု ဆက်ပြီးတော့ စျေးဝယ်ထွက်လို့ ရမလား။ ကျွန်မက ပုံမှန်ဆိုရင် အလုပ်များတာ။ ပြီးတော့ ဘယ်တုန်းက စျေးဝယ်ထွက်ခဲ့မှန်းတောင် မမှတ်မိတော့ဘူး။”

“အိုး...” ချန်လွေ့က ခရစ္စတီးနား၏ တကယ့် ရည်ရွယ်ချက်ကို မသိသည့် အတွက်ကြောင့် သူ့ကို ကိုင်တွယ်ရန် ဇိုလာ၏ အကွက်များကို သုံးရတော့သည်။

ထို့နောက် အမှန်တကယ်ပင် စျေးဝယ်ထွက်ကြ၏။ တကယ့် စျေးဝယ် ထွက်ခြင်းပင်။

“ဒါက ဘာလဲ။ လှသားပဲ။” ခရစ္စတီးနားက စင်ပေါ်မှ ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။

“မင်္ဂလာကြိုးထုံးပဲ။ ဒါက အထူးကံကောင်းခြင်းကို ယူဆောင်လာပေးတယ်လို့ ပြောကြတယ်။” ချန်လွေ့က ပျံကျစျေးသည်ကို ရောင်းရန် အခွင့်အရေး မပေးဘဲ တစ်ခါတည်း ရှင်းပြလိုက်သည်။ “တကယ်တော့ ဒါကို အထူးအပင်သွေးကြာနဲ့ လုပ်ထားတာ။ ပြီးတော့ တကယ် တန်ဖိုးမရှိဘူး။ အာ....သလင်းကျောက်ဖြူ ဒင်္ဂါး ၁၃ပြား။ ဘယ်လိုလဲ။ သဘောတူလား။”

ဒုတိယတဝက်မှာ စျေးသည်အတွက် ဖြစ်သည်။ ထိုအရာကို ခရစ္စတီးနား အမှန်တကယ် သဘောကျကြောင်း သူ သတိထားမိခဲ့သည်။ စျေးဆစ်ပြီးနောက် သူက သလင်းကျောက်ဖြူဒင်္ဂါး ၁၈ပြားဖြင့် ဝယ်ခဲ့လိုက်သည်။ ခရစ္စတီးနားက ချန်လွေ့ စျေးဆစ်နေသည်ကို စိတ်ဝင်တစားနှင့် ကြည့်နေလိုက်ပြီးနောက် လက်ဆောင်ကို ပျော်ရွှင်စွာဖြင့် လက်ခံလိုက်သည်။

ထို့နောက် မူလက ကိုးရို့ယားရား အခြေအနေမှ အတော်လေး သက်တောင့် သက်သာ ဖြစ်သွားဟန်တူသည်။ ချန်လွေ့က ခရစ္စတီးနားကို အမှော်လရှိ သွားရည်စာများ မြည်းရန်ခေါ်သွားပြီး လက်ဆောင်ငယ်များ ဝယ်ပေးခဲ့ကာ သစ်သီးနီ ဟိုတယ်သို့ လမ်းလျှောက်လာသည်။

သစ်သီးနီဟိုတယ်က အမှောင်လရှိ အကြီးမားဆုံး ဟိုတယ်များထဲမှ တစ်ခုဖြစ်ပြီး အတော်လေး အဆင့်အတန်း မြင့်မားလှသည်။ ချန်လွေ့က ခရစ္စတီးနားနှင့်အတူ အရေးကြီးပုဂ္ဂိုလ် နံပါတ်(၁)အခန်းထဲသို့ လိုက်သွားသည်။ အမှန်တကယ်၌ ထိုနေရာက ဧည့်သည့်နှင့် အိပ်ခန်းပါသော တိုက်ခန်းတစ်ခု ဖြစ်နေသည့်အပြင် မှော်ရုပ်မြင်သံကြားကဲ့သို့ “အဆင့်မြင့် ပစ္စည်းများ”လည်း ရှိပေသည်။ ထိုအရာက ချန်လွေ့အား “တစ်ညသုံး”ဟူသော စကားလုံးကို တွေးမိသွားစေပြီး ရုတ်တရက် နှလုံးခုန်မြန်သွား၏။

“ဒီလိုမျိုး လွတ်လွတ်လပ်လပ် မနေရတာ ကြာပြီ။ အတော်လေး ကောင်းတာပဲ။” ခရစ္စတီးနားက ချန်လွေ့ကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။ “ရှင်နဲ့ လက်ဆောင်အတွက် ကျေးဇူးပါနဲ့။”

“ရပါတယ်။ မိန်းကလေး။”

ခရစ္စတီးနား၏လေသံ ပြောင်းလဲသွား၏။ “ဒါဆို အဓိကကိစ္စကို ပြောကြတာပေါ့။”

ချန်လွေ့က တွေးပြီး ပြန်ဖြေလိုက်သည်။ “အင်း...”

ခရစ္စတီးနားက တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။ “အလဲအလှယ် လုံလုံလောက်လောက် ရှိမယ်ဆိုရင် အပြောင်းအလဲ တစ်ခုခု ရှိနိုင်မလား သိချင်တယ်။”

ထိုမေးခွန်းကြောင့် ချန်လွေ့က ခရစ္စတီးနား၏ ရည်ရွယ်ချက်များကို စိတ်ထဲ၌ အနည်းငယ် ခန့်မှန်းမိသွားစေသည်။ “လောကမှာ အကြွင်းမဲ့အရာဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဘယ်လို “အပြောင်းအလဲ”ပေါ်မှာလည်း မူတည်ပါသေးတယ်။”

“ဒါဆိုရင်တော့ ကျွန်မ ပြောချင်တာကို ရှင် နားလည်လောက်မှာပါ။ ရှင် တိတိကျကျ အဖြေပေးနိုင်မလား။ အလဲအလှယ်တွေက ပြဿနာ မဟုတ်ပါဘူး။”

ချန်လွေ့က ခဏစဉ်းစားပြီး အဖြေပြန်ပေးလိုက်သည်။ “အပေးအယူလုပ်ဖို့ ထားလို့မရတဲ့ ပစ္စည်းတချို့ ရှိတယ်။ အဲဒါကြောင့် အဲဒါတွေကို တိုင်းတာလို့ မရဘူး။”

ခရစ္စတီးနားက ခဏတာ တိတ်ဆိတ်သွားပြီးနောက် မျက်နှာလွှားကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။ “ကျွန်မ ရှင့်ကို တစ်ခါပဲ မေးမယ်။ ကျွန်မက ရှင့်ကို ပြောင်းလဲစေနိုင်မယ့် အကြောင်းရင်း ဖြစ်နိုင်လား။”

ချန်လွေ့က အချိန်အတော်ကြာ မတွေ့ခဲ့ရသော မျက်နှာလှလှလေးကို မြင်သည့်အခါ ထိတ်လန့်သွားခဲ့သည်။ “မိန်းကလေး။ မင်း....”

“ကျွန်မက ရှင့်ဆီကို စိတ်ရင်းနဲ့ လာခဲ့တာပါ။” ခရစ္စတီးနားက သက်ပြင်း ချလိုက်သည်။ “ရှင် ဆက်ပြီးတော့ ဟန်ဆောင် မနေသင့်တော့ဘူး။ ရှင်က နတ်ဆိုးဘုံကို လှည့်စားနိုင်ရင် လှည့်စားနိုင်မယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့ အလိုလိုသိစိတ်ကနေ မပုန်းကွယ်နိုင်ဘူး။ ပြီးတော့လည်း ရှင်က ပြစ်ချက်မရှိအောင် လုပ်ခဲ့တာလဲ မဟုတ်ဘူး။ အဲဒါကြောင့် ဒီတစ်ခေါက် အမှောင်လကို ကျွန်မကိုယ်တိုင် ရောက်လာတာ။”

ချန်လွေ့၏စိတ်ထဲ၌ ဒုန်းခနဲ ဖြစ်သွားပြီး ရုတ်တရက် အရူးအမူး ဖြစ်သွား၏။ သူ၏စိတ်ထဲ၌ စကားတစ်ခွန်း ပေါ်ထွက်လာသည်။ ငါ ပေါ်သွားပြီ။

ချန်လွေ့က ကတ်သရင်းအရှေ့၌ တစ်နေ့ပေါ်ထွက်လာပြီး သူ၏ အံ့သြသင့်နေသော အကြည့်အောက်တွင် အထက်စီးဆန်စွာဖြင့် “အခု မင်းက ငါ့အပိုင်ပဲ”ဟု ကြေညာရန် အကြိမ်များစွာ စိတ်ကူးခဲ့ဖူးသည်။ သို့သော်လည်း အမှန်တကယ် လက်တွေ့၌ ပြောင်းပြန် ဖြစ်နေ၏။ ဧကရီအရှင်မက ကိုယ်တိုင် ရောက်လာပြီး အထက်စီးဆန်စွာဖြင့် မေးခဲ့လေသည်။ “ရှင် ကျွန်မရဲ့အပိုင် ဖြစ်ချင်လား။”

ကတ်သရင်းက ချန်လွေ့၏ သရုပ်မှန်ကို မြင်သွားသည့်အတွက် ရုပ်ဖျက်ပြီး ကိုယ်တိုင်ရောက်လာခြင်း ဖြစ်သည်။ အက်ဂ်ယောသရုပ် မပေါ်သေးသည့်တိုင် ယုတ်စွအဆုံး လူသားနှင့် သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် ဟူသော သရုပ်က တန်တူညီသွားလေပြီ။

ချန်လွေ့က ခါးသက်သက် ပြုံးလိုက်သည်။ “ကတ်သရင်း။ ငါ....”

နတ်ဆိုးဘုံရှိ ထိပ်တန်းမိန်းမလှ၊ ထိပ်တန်းပညာရှိနှင့် အစွမ်းအထက်ဆုံး ဧကရီက သူ့ကို ငြိမ်းချမ်ပြီး လှပသော မျက်လုံးနက်နက်ထဲမှ မျှော်လင့်ချက်များဖြင့် တိတ်တိတ်လေး ကြည့်နေသည်။ “ရှင် ကျွန်မကို အဖြေ ပေးနိုင်မလား။”

ထိုအရာက အမိန့် မဟုတ်သလို တောင်းဆိုမှုလည်း မဟုတ်ဘဲ မျှော်လင့်ချက် တစ်ခု ဖြစ်သည်။ ယောက်ျားတစ်ယောက်ထံမှ မိန်းမတစ်ယောက် မျှော်လင့်သော အရာတစ်ခုပင်။

ချန်လွေ့က ကတ်သရင်း၏ ထိုကဲ့သို့ အမူအရာမျိုးကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူက မစဉ်းစားဘဲနှင့် “အင်း”ဟု ပြောမိလုမတတ် ဖြစ်သွားသည်။ ပင့်သက်ရှိုက်လိုက်ပြီးနောက် သူ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။

“ဒီလိုမျိုး ကမ်းလှမ်းတာကို အံ့သြမိတယ်။ အမှန်ပဲ။ ဒါက အပေးအယူပဲ။” ချန်လွေ့က ကတ်သရင်း၏ ချစ်ချစ်တောက် မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “ဒီလို အပြောင်းအလဲကို ဘာလို့ လုပ်ခဲ့တာလား။ စတေးတာလား။”

မိမိ၏ ကမ်းလှမ်းချက်ကို “အပေးအယူ”ဟု သတ်မှတ်လိုက်ကြောင်း ကြားလိုက် ရသည့်အခါ ကတ်သရင်းက ရုတ်တရက် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သို့သော် သူ၏လေသံက အလွန် တည်ငြိမ်နေသေးသည်။ “အဖြေကို သိရဲ့သားနဲ့ ဘာလို့ မေးတာလဲ။ ရှင့်ကို ချီမွမ်းခန်းဖွင့်ပေးရမှာလား။ ကောင်းပြီလေ။ အမှောင်လမှာ အိုဆိုင်ဒန်ကို အနိုင်ယူခဲ့တာနေ၊ ရှီရာ ထီးနန်းကို အမြန်တက်ခဲ့တာ၊ ပြီးတော့ ကျွန်မ အင်ပါယာရဲ့ ခြိမ်း‌ခြောက်မှုကို ပူးပေါင်းမှုအနေနဲ့ ပြောင်းလာတာ ကနေ အခု ကြောက်စရာကောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု အမြန်နှုန်းအထိပေါ့။ ဒါတွေ အားလုံးမှာ ရှင် ဘယ်လောက် ကြိုးစားအားထုတ်ခဲ့တာလဲဆိုတာ သိမှာပါ။ သတင်းစာတွေ၊ မှော်ရုပ်မြင်သံကြား၊ မင်းသမီးဇာတ်လမ်းတွဲ၊ ပြောင်းဆန် သေရည်၊ ဖျော်ဖြေပွဲတေ....။ ဒီအရာတွေအားလုံးကို ရှင် စီစဉ်ထားတာ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ၁၀နှစ်အတွင်းမှာ ကြယ်ကြွေတမန်အင်ပါယာက နတ်ဆိုးဘုံရဲ့ ကြောက်စရာအကောင်းဆုံး အင်ပါယာ ဖြစ်လာမှာပဲ။ ရှင့်ရဲ့ ခြိမ်းခြောက်မှုက ကြီးမားလွန်းတယ်။”

“ဒါက ဧကရီအရှင်ကို ကိုယ့်ကိုယ်ကိုယ် စတေးရတဲ့ အကြောင်းရင်းလား။” ချန်လွေ့က ရုတ်တရက် မခံမရပ်နိုင် ဖြစ်သွားပြီး ဒေါသကို မဖုံးကွယ်ထားခဲ့ပေ။

ချန်လွေ့၏ဒေါသကို မြင်သည့်အခါ ကတ်သရင်းက တမျိုးတဖုံ အတော်လေး စိတ်သက်သာရာ ရရှိသွားသည်။ သူက အသာလေး ခေါင်းခါလိုက်သည်။ “ပြီးတော့လည်း အင်ပါယာ တည်ငြိမ်ဖို့အတွက် ကြင်ရာတော်မင်းသား လိုအပ်တယ်။ ထီးနန်း ဆက်ခံမယ့်သူရောပါ့။”

“တကယ်လား။” ချန်လွေ့က သရော်ပြုံး ပြုံးလိုက်သည်။ “လက်ထပ်တာနဲ့ ခန္ဓာကိုယ်ကတောင် အင်ပါယာအတွက်လား။ တကယ့်ကို လေးစားစရာကောင်းတဲ့ ဧကရီ အရှင်မပဲ။”

“သရဖူဆောင်းလိုက်တဲ့ အချိန်ကစပြီးတော့ အရာအားလုံးက ကြိုတင်လျာထား နှင့်ပြီးနေပြီ။ အုပ်ချုပ်သူတစ်ယောက်က အန္တိမစွမ်းအား ရှိရမယ့်အပြင် အကြီးမားဆုံး တာဝန်လည်း ရှိရတယ်။” ကတ်သရင်းက ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ “အခုအချိန် ရှင်က သေသေချာချာ နားလည်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင့်ရဲ့ ဧကရီ ရှီရာကလည်း စစ်မှန်တဲ့ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံတစ်ခုကို သေချာပေါက် ခံစားရလိမ့်မယ်။ သူနဲ့ အက်ဂ်ယောကြားမှာ ဘယ်လို ပတ်သက်မှုမျိုး ရှိနေလဲဆိုတာ ကျွန်မ မသိဘူး။ ရှင်နဲ့ အက်ဂ်ယောကြားမှာ ဘယ်လိုပတ်သက်နေလဲ မသိဘူး။ ဒါပေမဲ့ သူ့အတွက် လက်ထပ်မယ့်သူ အဝန်းအဝိုင်းတောင် အတော်လေး သေးငယ်တယ်ဆိုတာ သေချာတယ်။ သူက အကောင်းဆုံး ရွေးချယ်မှုဖြစ်တဲ့ အက်ဂ်ယောကို ရွေးချယ်ခဲ့တယ်။ ဒါမှမဟုတ် သူက အဲဒီအတွက် တန်ဖိုး တော်တော်လေး ပေးဆပ်ခဲ့ရတယ်။ အဲဒါကြောင့် ဒီနေ့ အမှောင်လကို ကျွန်မ ရောက်လာခဲ့တာ။ ရှင် နားလည်ပြီလား။”

ချန်လွေ့က မေးသည်။ “ငါက လူသား တစ်ယောက်ပါပဲ။ ဒါက တန်လို့လား။”

“ရှင့်ရဲ့တန်ဖိုးက မျိုးနွယ်စု သတ်မှတ်ချက်ထက်ကို အများကြီး သာလွန်တယ်။ ရှင့်မှာ ယန္တရားစွမ်းရည်တွေ၊ ဆေးရည်မည်းတွေနဲ့ အထူးစွမ်းရည်တွေ မရှိရင်တောင် ရှင့်ရဲ့ ပါရမီက လောကမှာ နံပါတ်(၁) ဖြစ်နေတုန်းပဲ။ ရှင့်ရဲ့ အကူအညီနဲ့ဆိုရင် အရိပ်နက်အင်ပါယာက အရည်အသွေးက တဟုန်ထိုး တိုးတက်သွားမယ်ဆိုတာ ယုံကြည်တယ်။ အင်ပါယာရဲ့ အကျိုးအမြတ်အတွက် ဒါက ထိုက်တန်တယ်လို့ ထင်တယ်။ ပြီးတော့ ကျွန်မက ရှင့်ကို....မုန်းတာမျိုး မရှိဘူး။”

ချန်လွေ့၏ နဖူးပေါ်၌ သွေးကြောများ အပြိုင်းပြိုင်း ထလာသည်။ အဲဒီ အင်ပါယာရဲ့ အကျိုးအမြတ်အတွက် ဆိုတာတွေကို လွှင့်ပစ်ပြီးတော့ ငါ့ကို သဘောကျတယ်လို့ ပြောလိုက်ပါလား။

ကတ်သရင်းက ချန်လွေ့၏အတွေးများကို မြင်လိုက်ရဟန်တူသည်။ “ကျွန်မ ဒါကို မဖုံးကွယ်ချင်ပါဘူး။ အင်ပါယာအတွက်သာမဟုတ်ရင် ကတ်သရင်း အက်စ်မိုဒက်စ်က ရှင့်ဆီ ဒီလိုမျိုး ရောက်လာမှာ မဟုတ်ဘူး။ ရှင် သဘောတူတယ် ဆိုရင် ကျွန်မရဲ့ တစ်ဦးတည်းသော ကြင်ရာတော်မင်းသား လုပ်လို့ရတယ်။ အမှောင်လ နယ်မြေကနေ စွန့်ခွာမယ်ဆိုရင် အသီနာက အရိပ်နက်အင်ပါယာရဲ့ ပထမဆုံးဗိုလ်ချုပ် ဖြစ်လာမယ်။ သူနဲ့ တခြားမိန်းမတွေ ရှိမှာကိုလည်း ကျွန်မ စိတ်မရှိဘူး။”

အနီးအနားမှ တစ်ယောက်ယောက်ကသာ ကတ်သရင်း၏ စကားကို ကြားလျှင် အကြားအာရုံများ လွဲမှားနေသည်ဟု ထင်မိပေလိမ့်မယ်။ နတ်ဆိုးဘုံ၏ ထိပ်တန်း မိန်းမလှ၊ ထိပ်တန်းပညာရှိဖြစ်သော အရိပ်နက်အင်ပါယာမှ ဧကရီအရှင်မက လူသားတစ်ယောက်အား ထိုကဲ့သို့ ကမ်းလှမ်းခဲ့လေသည်။

“‌တော်တော်လေး ဆွဲဆောင်မှု ရှိတဲ့ ကမ်းလှမ်းချက်ပဲ။ ကြော်ငြာ တစ်ခုကိုတောင် သတိရသွားတယ်။ နောက်ထပ် ဒါဇင်လောက် ထပ်ပေးရင် လျှော့စျေးပေးမယ်ဆိုလားပဲ။” ချန်လွေ့ ပြုံးလိုက်သည်။ “ငါ မင်းကို တကယ် လိုချင်တာ ဝန်ခံပါတယ်။ ငါ တကယ် လိုချင်တာပါ။ မင်းရဲ့ရင်ထဲမှာ ငါ့အတွက် နေရာတစ်ခုရှိတာ ငါသိတယ်။ အဲဒါကို ငြင်းနေလို့ အသုံးမဝင်ဘူး။ ငါတို့တွေ သလင်းကျောက်တောင်ကြားမှာ အတူတူ ကြုံတွေ့ခဲ့တာပဲ။ အဲဒီတုန်းက အနမ်းကိုတောင် အခုထိ မှတ်မိနေသေးတယ်။”

ချန်လွေ့ လွမ်းဆွတ်တမ်းနေကြောင်း မြင်သည့်အခါ ကတ်သရင်း၏ တည်ငြိမ်မှုက နောက်ဆုံး၌ ယိမ်းယိုင်လာပြီး ပစ်ထိုးလုမိမတတ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ထိုလူက သူ့အတွက် အသေခံခဲ့သော အချိန်မှစ၍ သူ၏အရိပ်က ဖျောက်ဖျက်၍ မရအောင် စွဲထင်သွားခဲ့ကြောင့် ဝန်ခံရပေမည်။ သူက ထိုလူ သေတော့မည်ဟု ထင်ခဲ့ပြီး ခံစားချက်များကို မထိန်ချန်ဘဲ ဖွင့်ပြောခဲ့သည်။ ထိုမျိုးမစစ်ကောင်က လူလိမ်တစ်ယောက် ဖြစ်နေမည်ဟု သူ မည်သို့ သိခဲ့မည်နည်း။ ထိုလူက အမှန်တကယ်ပင် သူ့ကို နမ်းရန် လိမ်ညာခဲ့ပြီး သေချင်ယောင်ဆောင် ခဲ့လေသည်။

မင်းရဲ့တွယ်တာမှုက လူတိုင်းကာ ကာကွယ်ဖို့အတွက်ဆိုရင် ငါ့ရဲ့ အခုလက်ရှိ တွယ်တာမှုက မင်းကို ကာကွယ်ဖို့ တစ်ခုတည်းပဲ။

ထိုစကားက ကတ်သရင်း၏ အိပ်မက်ထဲ၌ တစ်ကြိမ်မက ထွက်ပေါ်လာခဲ့ဖူးသည်။ အင်ပါယာမှလွဲ၍ သူက ကတ်သရင်း ခံစားချက် ရှိခဲ့ဖူးသည့် တစ်ဦးတည်းသော ယောက်ျားတစ်ယောက် ဖြစ်ပေ၏။

ကတ်သရင်းက ခံစားချက်များကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒါဆို ရှင် ငြင်းတာလား။ ကျွန်မက အင်ပါယာ အတွက် ဒီလို ခြိမ်းခြောက်မှုကြီးမျိုးကို ထားထားမယ် ထင်လား။”

All Chapters