ဧကရာဇ်ရဲ့ အထီးကျန်မှု
Vol. 46 Ch. 731
ကတ်သရင်း၏ ခန္ဓာကိုယ်မှ ဖိအားရေးရေးလေးတစ်ခု ထွက်လာပြီး မုန်တိုင်း တစ်ခုအဖြစ်သို့ ရောက်ရှိလာသလို ထင်ရသည်။ ချန်လွေ့က အန္တရာယ် အရိပ်အယောင် ခံစားမိသည့်အတွက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ကတ်သရင်း၏ စွမ်းအားက မူလ S+ ကို ကျော်လွန် သွားပြီး S++ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ စွမ်းအားက ထိုအချိန် အတောအတွင်း အတော်လေး တိုးတက်ခဲ့ပုံရသည်။ သူပေးခဲ့သော ဆေးရည်မည်း များက သေချာပေါက် အကျိုးရှိခဲ့ပေသည်။
ထိုအရာက ကျောက်တုံးကိုမပြီး ကိုယ့်ခြေထောက်ပေါ် ပစ်ချလိုက် သလိုမျိုးပင်။
“ခဏနေပါဦး။ မင်းက အလောတကြီး ရန်လိုနေတာပဲ။ ငါ သဘောတူတယ် မတူတယ် ဆိုတာ မပြောရသေးဘူး။”
ကတ်သရင်းက အံ့သြသွားသည်။ သူက သတ်ဖြတ်ချင်စိတ် အများစုကို ရုတ်သိမ်းများ အံ့အားသင့်စွာ ပြောလိုက်သည်။ “ဒါဆို ရှင်က....”
“အရံထားထားတယ် ဆိုတဲ့ စကားလုံးတစ်လုံးရှိတာ မသိဘူး။ ငါက ခုနက အရံထားထားတာပါ။” ချန်လွေ့၏ ဖိနှိပ်မှုကို လျစ်လျူရှုပြီး လက်တစ်ချောင်း ထောင်လိုက်သည်။ “ငါ့ရဲ့ သဘောထားကို ပြောပြမယ်။ ကတ်သရင်းဖြစ်ဖြစ်၊ ခရစ္စတီးနားဖြစ်ဖြစ်၊ မင်းရဲ့ ကြင်ရာတော်မင်းသား၊ ယောက်ျားက ငါတစ်ယောက်ပဲ ဖြစ်ရမယ်။”
ထိုကဲ့သို့ လေးနက်သော အကြည့်ကြောင့် ကတ်သရင်းသည်ပင် ရင်ထဲ ထိသွားခဲ့သည်။ ဧကရီအရှင်မ၏ အဟုန်က လုံးဝ အားနည်းသွား၏။ ထိုလူက နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့် ပြောလိုက်သည်။ “ဆက်ခံသူ မွေးပေးဖို့က ပြဿနာ မဟုတ်ပါဘူး။ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ပေးမယ်လို့ ကတိ ပေးနိုင်တယ်။”
ထိုစကားက ကတ်သရင်း၏ မျက်နှာကို အနည်းငယ် ပူလောင်သွားစေသည်။ သို့သော်လည်း နောက်ထပ်စကားကို အချိန်အတော်ကြာသည်အထိ သူ မကြားခဲ့ရပေ။ ထို့ကြောင့် သူ၏ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ “ပြီးတော့ကော...”
“ပြီးတော့...အမ်...ဆက်ခံသူ သုံးလေးယောက်လောက်ဆိုလည်း အဆင်ပြေ ပါတယ်။”
“ဒါပဲလား....”
“အား...”
ကတ်သရင်း၏ သတ်ဖြတ်ချင်စိတ်က ချက်ချင်းပင် တဟုန်ထိုး တက်သွားခဲ့ပြီး သူ့အသံက အေးစက်သွား၏။ “ရှင် ကျွန်မကို နောက်နေတာလား။”
“မဟုတ်ဘူး။ အတည်ပြောနေတာပါ။ ငါ အခု ပြောနေတာက ယောက်ျားနဲ့ မိန်းမကြားက ကိစ္စတစ်ခုပဲ။ ဒါက တရင်းတနှီး ရှိခဲ့ကြပြီးတော့ အချင်းချင်း ခံစားချက် ရှိကြတဲ့ ယောက်ျားနဲ့ မိန်းမတစ်ယောက် အကြောင်းပါ။ ဒါက အင်ပါယာကော၊ အကျိုးအမြတ်တွေနဲ့ကော ဘာမှ မဆိုင်ဘူး။ ဒါက ငါ့ရဲ့ အဖြေပဲ။” ချန်လွေ့က ကတ်သရင်းကို တည့်တည့် ကြည့်လိုက်သည်။ “ငါက နတ်ဆိုးဘုံကို တုန်လှုပ်စေနိုင်တဲ့ စွမ်းအားနဲ့ အရိပ်နက်အင်ပါယာကို လာပြီးတော့ မင်းကို ခေါ်သွားမယ်လို့ ပြောခဲ့တယ်။ သလင်းကျောက်တောင်ကြားမှာလည်း “ငါ သေချာပေါက် ပြန်လာခဲ့မယ်”လို့ စာချန်ထားခဲ့တယ်။ ငါ ဘာလို့ မသွားခဲ့တာလဲ သိလား။ ဘာလို့လဲဆိုတော့ ငါ့ရဲ့စွမ်းအားက မလုံလောက်သေးလို့ပဲ။”
(မလုံလောက်သေးဘူး။)
(မင်းကို တကယ် လက်လွှတ်အောင် လုပ်ဖို့ မလုံလောက်သေးဘူး။)
ကတ်သရင်းက သူ မပြောခဲ့သော စကားများကို ရုတ်တရက် နားလည်သွား၏။ နက်ရှိုင်းသော အနက်ရောင်မျက်လုံးထဲ၌ တည်ငြိမ်နေသောရေကန်က ကျောက်တုံး တစ်တုံး ပစ်ချလိုက်ခြင်းကြောင်း အနည်းငယ် လှိုင်းထသွားသလိုမျိုးပင်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကတ်သရင်းက ပြောသည်။ “ဧကန္တ.... ရှင်က ဒီဆန္ဒကို ဖြစ်မြောက်နိုင်ဖို့အတွက် နတ်ဆိုးဘုံကို စုစည်းချင်တာလား။ ဒီလိုဆိုရင်တော့ “အရင်အတိုင်း ရူးမိုက်တုန်းပဲ”လို့ ပြောရုံပဲ ရှိတော့တယ်။ ကျွန်မ ဒီနေ့ အမှောင်လကို ရောက်လာခဲ့တာက ရှင့်ရဲ့ သစ္စာဆိုမှု ဆိုတာတွေကို နားထောင်ဖို့ မဟုတ်ဘူး။ အဲဒါကြောင့် မဟုတ်တာတွေ ပြောစရာ မလိုဘူး။ ကျွန်မရှင့်ကို ပြောလိုက်မယ်။ ရှင်က အရိပ်နက်အင်ပါယာဆီကို မလာချင်မှတော့ ကျွန်မတို့က ရန်သူတွေ ဖြစ်လာဖို့ ကံပါလာကြတာပဲ။
ချန်လွေ့က သက်ပြင်းချလိုက်ပြီး ခုခံမှုမရှိသော ပုံစံမျိုး ပြုလုပ်လိုက်သည်။ “ဒါဆို မင်းက လှုပ်ရှားချင်တာလား။ အင်ပါယာ အသက်ရှင်ကျန်ဖို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တဲ့ ငါ့ကို ဖယ်ရှားမှလား။ မင်း ငါ့ကို သတ်ချင်ရင် ငါ့မှာ ခုခံမှု နည်းလမ်းရှိလောက်မယ့်ပုံ မပေါ်ပါဘူး။”
ချန်လွေ့၏အဟုန်က ချန်လွေ့၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွား၏။ “ကျွန်မ ရှင့်ကို မသတ်နိုင်ဘူး။ ရှင်က တည်ငြိမ် နေတဲ့အပြင်ကို ကျွန်မရဲ့ အလိုလိုသိစိတ်ကြောင့်လည်း ပါတယ်။ ကျွန်မမှာ အရိပ်နက်ဝတ်ရုံရှိပြီးတော့ တိုင်းပြည်ဖန်တီးခြင်းအဆင့် ရောက်ဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့ပေမဲ့လို့ပေါ့။ တိုင်းပြည်ဖန်တီးခြင်းကို ရှင်မသိဘူးလို့တော့ မပြောနဲ့။ မိန်းမတစ်ယောက်ရဲ့ အလိုလိုသိစိတ်ကို ဘယ်တော့မှ သံသယ မဝင်သင့်ဘူး သလိုမျိုးပေါ့။”
ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ မိန်းမတစ်ယောက်ရဲ့ အလိုလို သိစိတ်က တကယ် အစွမ်းထက်တယ်။ ဒါပေမဲ့ ကတ်သရင်းက အစကတည်းကနေ တကယ် သတ်ဖြတ်ချင်စိတ် မရှိခဲ့ဘူး။
“တကယ်တော့ ကျွန်မ ဒါကို ရှင့်အပေါ် ဒေလီယာ လုံးဝ ယုံကြည်နေတာနဲ့ မျက်နှာလွှားနဲ့မိန်းမကို ရှင့်ကို ကျွန်မဘေးမှာ တစ်ယောက်တည်း ထားခဲ့တာကနေ ခန့်မှန်းမိခဲ့တယ်။ ရှင့်စွမ်းအားက အနည်းဆုံး ကျွန်မအရှေ့ကနေ ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်လောက်တဲ့ အတိုင်းအတာအထိကို ရောက်နေလောက်ပြီ။ တကယ်လို့ ဒါကို ကျွန်မ စောစောသိခဲ့ရင် ရှင့်ကို အသံတိတ်ညစိမ့်မြေမှာပဲ နေရစ်အောင် လုပ်ခဲ့မှာ။ ဒါမှမဟုတ် ရှင့်ကို သတ်လိုက်တာမျိုးပေါ့။ ကံဆိုးချင်တော့ ပြန်လှည့်လို့ မရတော့ဘူး။”
ချန်လွေ့က သက်ပြင်းချလိုက်သည်။ “မင်းက တစ်ခါမှ ပြန်လှည့်မကြည့်ခဲ့ဘဲနဲ့ မရဘူးဆိုတာ ဘယ်လိုသိတာလဲ။ တကယ် လက်မလွှတ်ဘဲနဲ့ လက်မလွှတ်နိုင်ဘူး ဆိုတာကို ဘယ်လိုသိမှာလဲ ဆိုသလိုမျိုးပေါ့။”
“အချိန်တွေ ဖြုန်းနေစရာ မလိုဘူး။ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မရဲ့စိတ်ကို ယိမ်းယိုင်စေနိုင်မှာ မဟုတ်ဘူး။ ရှင်က ကျွန်မ ခံစားချက်ရှိတဲ့ တစ်ဦးတည်းသော ယောက်ျား ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကျွန်မရဲ့ မဆုပ်မနစ်ကြိုးပမ်းမှုကို လက်လွှတ်လို့ မရဘူး။” ချန်လွေ့အပေါ် ခံစားချက်ကို အမှန်အတိုင်း ပြောလိုက်ပြီးနောက် ကတ်သရင်းက ဝန်ထုတ်ဝန်ပိုးတစ်ခု ဖယ်ရှားလိုက်သလိုမျိုးပင် သူ၏မျက်လုံးများက ပိုမိုပြတ်သားသွားခဲ့သည်။ “ရှင်က အရိပ်နက်အင်ပါယာကို သိမ်းပိုက်ပြီးတော့ ရှင့်ရဲ့ ရူးမိုက်တဲ့ဆန္ဒကို ပြည့်ဝအောင် လုပ်ချင်တယ်ဆိုရင်တော့ ရှင် အောင်မြင်ရင်တောင် ကျွန်မရဲ့ အလောင်းကိုပဲ ရမယ်။ ကျွန်မပြောချင်တာ ဒါပဲ။ ကျွန်မ ရှင့်ကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ဘူး။ ထွက်သွားလို့ ရပြီ။ ရှင့်လို လူတော်တစ်ယောက်အတွက် ကျွန်မ လမ်းနည်းနည်း ချန်ထားပေးမယ်။ ကျွန်မတို့တွေ လုံးဝ ရန်သူတွေ မဖြစ်သွားတဲ့ အချိန်အထိ ရှင့်ရဲ့ သရုပ်မှန်နဲ့ လျို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာ စိုးရိမ်စရာ မလိုဘူး။ စိတ်ပြောင်းသွားခဲ့ရင် ကျွန်မ ရှင့်ကို အမြဲတမ်း ကြိုဆိုနေမှာပါ။ အဲဒါကြောင့်.... နောက်တစ်ခါ ကျွန်မတို့ တွေ့တဲ့အချိန်က ကျွန်မရဲ့ နန်းတော် ဒါမှမဟုတ်ရင် စစ်မြေပြင်မှာပဲ။”
သူက တကယ့်ကို အမြဲတမ်း မဆုပ်မနစ် ကြိုးစားနေတာပဲ။
ပြည်သူတွေကို ကာကွယ်ဖို့အတွက်.....
အေးစက်စက် ပလ္လင်ပေါ်မှာ တစ်ယောက်တည်း ထိုင်နေရင်းနဲ့ပေါ့...
ချန်လွေ့က ကတ်သရင်း၏ လှပပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်နေပြီး သူ၏လေးနက်မှုနှင့်ပြတ်သားမှုတို့ကို စိတ်ထဲ၌ ထွင်းထုထားရန် ကြိုးစားနေလိုက်သည်။
“ကတ်သရင်း။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အစကတော့ ငါက မင်းရဲ့ အလှတရားကြောင့် ပိုပြီးစွဲလမ်းခဲ့တာ။ အဲဒီပတ်သက်မှုနဲ့ ယောက်ျား တစ်ယောက်ရဲ့... ပိုင်ဆိုင်လိုတဲ့ ဆန္ဒကြောင့်ရောပေါ့။ ဒါပေမဲ့ အခုတော့ ငါက ဧကရီအရှင်မကို တကယ် စွဲမက်သွားပြီ။ သိပ်မကြာခင် ခွဲခွာရတော့မယ်ဆိုရင် မင်းအတွက် တေးသွားတစ်ပုဒ် တီးမှုတ်ခွင့်ပေးပါ။”
ကတ်သရင်းက ငြင်းချင်သော်လည်း ချန်လွေ့၏လက်ထဲမှ ရင်းနှီးသော အနီရောင် ပလွေတိုဆီသို့ အကြည့်ရောက်သွားပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်၏။
သာယာသော ပလွေတိုသံ ထွက်ပေါ်လာသည်။ ကတ်သရင်းကို အံ့အားသင့် စေခဲ့သည်က ၎င်းမှာ “လရောင်အောက်မှ တကိုယ်တော် ကခုန်ခြင်း” မဟုတ်ဘဲ သူ တစ်ခါမှ မကြားဖူးသော တေးသွားတစ်ခု ဖြစ်နေခြင်းပင်။ ကြည်လင်ပြီး စည်းချက်ညီမှုများက သူ့နှလုံးသားထဲ၌ နက်ရှိုင်းသော ခံစားချက်နှင့် အပြန်လမ်း မရှိသော မဆုပ်မနစ်ကြိုးပမ်းမှုနှင့်အတူ စွဲကျန်ရစ်နေတော့သည်။
သူက မျက်လုံးမှိတ်လိုက်ပြီးနောက် ပြတင်းပေါက်ဘောင်၊ အထီးကျန်နေသော လရောင်၊ ထပ်နေသော အရိပ်များ၊ ဖြတ်သွားဖြတ်လာများ၊ တွန့်ဆုတ်နေသော အကြည့်နှင့် တဖြည်းဖြည်း ပျောက်ကွယ်သွားသော နောက်ကျောကို မြင်လိုက်ရဟန် တူသည်။
တစ်နေ့တွင် စိတ်ညှိုးငယ်ခြင်းနှင့် ဝမ်းနည်းမှုတို့ လုံးဝ ရှိတော့မည် မဟုတ်ဘဲ ဝိညာဉ်ပင် ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း နှလုံးသားနှစ်ခုနှင့် ဘဝနှစ်ခု၏ ဆုံးမှတ်က ထိုအခိုက်အတန့်၌ အမြဲတမ်း တည်ရှိနေလိမ့်မည် ဖြစ်သည်။ ထိုအရာက ကောင်းကင်မှ ကြယ်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသကဲ့သို့ပင်။ တစ်ခဏသာ ဖြစ်သော်လည်း နောင်တ မရှိပေ။
တေးသွား ရပ်တန့်သွားပြီးနောက် စိတ်နှစ်ထားသော ကတ်သရင်းက မျက်လုံးကို ဖွင့်လိုက်မိပြီး မျက်လုံးထောင့်မှ မျက်ရည်တစ်စက် ဖြည်းဖြည်းချင်း ကျလာခဲ့သည်။ သူက မျက်နှာပေါ်မှ စိုစွတ်မှုကို အံ့အားသင့်စွာဖြင့် ပွတ်သပ် လိုက်ပြီးနောက် အခန်းထဲတွင် တစ်ယောက်တည်းသာ ကျန်နေတော့ကြောင်း တွေ့လိုက်ရသည်။
ရလာဒ်က ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ကျန်တဲ့ တစ်ဘဝလုံးမှာ .... နောင်တ မရဘူးလား။
အချိန်အတော်ကြာပြီးနောက် -
“ကောင်စုတ်...သူက သီချင်းနာမည်တောင် မပြောခဲ့ဘူး။”
သီချင်းသံကြောင့် ဖြစ်ပေလိမ့်မည်။ ထိုအသံတိုးတိုးလေးက ငြိမ်သက်ပြီး ငြီးငွေ့စရာ မကောင်းနေတော့ပေ။
သွေးရောင်အင်ပါယာရှိ သံလက်သီးနယ်မြေ၌ -
အက်မန်းက သွေးများ ပေကျံနေပြီး သစ်တောတလျှောက်၌ ခလုတ်တိုက် လဲကျနေခဲ့သည်။
သံလက်သီးမြို့တော် ခံတပ်က ကျိုးပေါက်သွားပြီးနောက် သူ့လက်ထဲရှိ နောက်ဆုံးအင်အားစုကလည်း ဆုံးရှုံးသွားခဲ့လေပြီ။
လွန်ခဲ့သော နာရီဝက်က သူ့ကို ကာကွယ်ပေးရန်အတွက် လက်ရွေးစင် အစောင့်များ သေဆုံးသွားပြီးနောက် သူက နောက်ခံမရှိဘဲ တကိုယ်တည်း ဖြစ်နေ၏။
နောက်မှလိုက်လာသော စစ်သည်များ မရှိကြောင်း အတည်ပြုပြီးနောက် အက်မန်းက မောဟိုက်နေပြီး သစ်ပင်တစ်ပင်ကို မှီနေကာ လက်ထဲ၌ ဓားရှည် တစ်လက် ကိုင်ထားပြီး တဖြည်းဖြည်း ထိုင်ချလိုက်၏။ ယခင်မြို့တော် ပြိုလဲသွားသည့် မြင်ကွင်းက သူ့စိတ်ထဲ၌ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် သူ၏ စစ်သည်က သေဆုံးသွားခဲ့သလို အညံ့လည်း ခံကြနိုင်ပေသည်။ အားလုံး ပြီးဆုံးသွားကြောင်း မြင်သည့်အခါ သူက သူ့မိန်းမများနှင့် ကိုယ်လုပ်တော်များအား အလီရက်စ်နှင့် တခြားသူများ အစော်ကား မခံရစေရန်အတွက် ကိုယ်တိုင် သတ်ပစ်ခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မည့်အချိန်၌ လက်ရွေးစင် အစောင့်များက သူ့ကို သတိလစ်အောင်ရိုက်နှက်ပြီး ကယ်တင်သွား၏။
သူ အသက်ရှင်သွားသော်လည်း ထိုရှုံးနိမ့်မှု၏ ကြီးစွာသော အရှက်ရမှုနှင့် ထိုးနှက်ချက်တို့က သွေးရောင်အင်ပါယာ ဒုတိယမင်းသားအတွက် လုံးဝကို လက်မခံနိုင်စရာပင်။
“နတ်ဆိုးဘုရားသခင်က အလီရက်စ်ကို ဘာလို့ အောင်နိုင်မှု ချီးမြှင့်ရတာလဲ။ ငါက ဘာအမှား လုပ်မိလို့လဲ။”
တောနက်ထဲ၌ ဒေါတသကြီး အော်သံတစ်သံ ပဲ့တင်ထပ်သွား၏။
“မင်း မမှားဘူး။”
နက်ရှိုင်းပြီး အလေးမထားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုရင်းနှီးသောအသံက အက်မန်းကို ထိတ်လန့်သွားစေပြီး သူ၏အော်သံက ရုတ်ချည်း ရပ်တန့်သွား၏။
“ခမည်းတော်....”
အက်မန်းအရှေ့၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူက အနက်ရောင် ဆံပင်ရှည်ရှိပြီး အရပ်မမြင့်ဘဲ သာမန်မျက်နှာသာ ရှိသည်။ သူက တစ်နေရာရာမှာ ဖြတ်သွားဖြတ်လာတစ်ယောက် ဖြစ်နိုင်သော်လည်း နတ်ဆိုးဘုံမှ မည်သူကမှ ထို “သာမန်”လူကို လျစ်လှူရှု မရဲကြပေ။ ထိုအစား သူတို့က ထိုလူကို မော့ကြည့်ရန် လိုအပ်ပေသည်။
အကြောင်းမှာ ထိုသူက နတ်ဆိုးဘုံရှိ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်မန်မွန် ဖြစ်နေသည့် အတွက်ကြောင့်ပင်။
“ခမည်းတော်။ ဘယ်တုန်းက လေ့ကျင့်တာ ပြီးသွားတာလဲ....” အက်မန်းက ထနိုင်ရန်ပင် ရုန်းကန်နေရသည်။
“မင်း ရှုံးနိမ့်သွားတာကို သိခဲ့တဲ့ အချိန်ကပဲ။” ရိုင်ဇန်က သားဖြစ်သူကို အေးအေးဆေးဆေးပင် စိုက်ကြည့်နေသည်။ “ငါ မင်းကို တော်တော်လေး စိတ်ပျက် မိတယ်။”
“ခမည်းတော်က ကျွန်တော့်ကို အမြဲတမ်း စိတ်ပျက်ခဲ့တာပါပဲ။” အက်မန်း၏ အသက်ရှူသံက မြန်ဆန်နေပြီး သူက အချုပ်အနှောင်မထားဘဲ ပြောလိုက်၏။ “ကျွန်တော်က ခမည်းတော်ရဲ့ သားအကြီးဆုံးပဲ။ ငယ်ငယ်ကတည်းက အလီရက်စ်နဲ့ တဲရစ်က ကျွန်တော့်ကို အစ်ကိုကြီးလို့ ခေါ်ကြတယ်။ ကျွန်တော်ကေ သွေးရောင် အင်ပါယာရဲ့ တစ်ဦးတည်းသော မဟာမင်းသား ဖြစ်ခဲ့တယ်။ နောက်တော့... ကျွန်တော်က ဒုတိယမင်းသား ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက် ကျွန်တော်က ကျွန်တော် ပိုင်ဆိုင်ခဲ့တဲ့ အရာအားလုံးကို ပြန်ရယူချင်ခဲ့ရုံပါ။ ကံဆိုးချင်တော့ ကျွန်တော် မှားသွားခဲ့တယ်။ အကြီးအကျယ် မှားသွားတယ်။”
ရိုင်ဇန်၏ အသံက တည်ငြိမ်နေ၏။ “ငါပြောတာ မင်းမမှားဘူး။ အလီရက်စ် မမှားဘူး။ တဲရစ်....တောင် မမှားဘူး။ မင်း ရှုံးသွားတာ တစ်ခုပဲ။”
အက်မန်းက သစ်ပင်ကိုမှီပြီး သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်။ ကျွန်တော် ရှုံးသွားတယ်။ လုံးဝ ရှုံးနိမ့်သွားတယ်။ အခု ကျွန်တော့်မှာ ဘာမှ မရှိတော့ဘူး။”
“ငါ မင်းကို စိတ်ပျက်မိတာက ရှုံးနိမ့်မှုကို မင်း မရင်ဆိုင်နိုင်တာပဲ။ အရင်က ဒီလိုမျိုး ဖြစ်ခဲ့တယ်။ အခုလည်း အတူတူပဲ။” ရိုင်ဇန် ဖြည်းဖြည်းချင်း ခေါင်းခါ လိုက်သည်။ “ငါ့ရဲ့သားတော်တစ်ပါးအနေနဲ့ ငါ မင်းရဲ့အသက်ကို ချမ်းသာပေးပြီး မင်းဘဝတစ်ခုလုံးကို စိုးရိမ်စရာမလိုဘဲ နေခွင့်ပေးလို့ရတယ်။”
“အကျဉ်းသား အနေနဲ့လား။” အက်မန်းက လှောင်ပြုံးပြုံးလိုက်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်၏။ “ကျွန်တော်က အောင်နိုင်သူရဲ့ စွမ်အားနဲ့ခွန်အား အမြင့်ဆုံးကို တစ်ဆင့်ချင်း ရောက်သွားတဲ့ပုံစံကို ကြည့်နေရမှာလား။ ကျွန်တော် လူမှန်းသိတတ်စ အချိန်ကစပြီး ခရမည်းတော် ပြောခဲ့တာကို မှတ်မိတယ်။ အင်ပါယာက အရှုံးသမားတွေ မလိုအပ်ဘူး။”
ရိုင်ဇန်က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ “အရှုံးသမားတွေက အမြဲတမ်း မှားတယ်လို့ ရှေးစကားတစ်ခွန်း ရှိတယ်။ ဟိုးရှေးရှေး ကတည်းကနေ အခု အချိန်အထိပဲ။”
“ဟုတ်တယ်....အင်ပါယာက တကယ် အရှုံးသမား မလိုအပ်ဘူး။” အက်မန်းက ဆိုးဆိုးဝါးဝါး ရယ်လိုက်ပြီးနောက် သူ့မျက်နှာက မူမမှန်ဘဲ နီရဲလာကာ တဖြည်းဖြည်း မည်းနက်သွားခဲ့သည်။ ထိုကဲ့သို့ပြောင်းလဲမှု၏ တကယ့်အရင်းအမြစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အတွက် လက်ထဲ၌ ကျစ်ကျစ်ဆုပ်ထားသော အဆိပ် သလင်းကျောက်များပင် ဖြစ်၏။ သူက စွမ်းအားသုံးပြီး မခုခံလျှင် ၁၀စက္ကန့်အတွင်း အဆိပ်မိကာ သေဆုံးသွားရပေမည်။
ရိုင်ဇန်က တိုးတိုးလေး သက်ပြင်းချလိုက်ပြီး မျက်နှာပေါ်မှ သွေးများ စီးကျလာနေသော အက်မန်း တဖြည်းဖြည်း လဲကျသွားသည်ကို ကြည့်နေ၏။ သူ့မျက်လုံးထဲသို့ ဖြတ်သန်းသွားသော ဝမ်းနည်းမှု အငွေ့အသက်က အလျင်အမြန်ပင် အေးစက်မှုဖြင့် ဖုံးလွှမ်းသွားပြီးနောက် ရုတ်တရက် ကောင်းကင်ကို လက်သီးဖြင့် ထိုးလိုက်သည်။
ထူထဲသော တိမ်တိုက်များက ထူးဆန်းသောမျက်လုံးတစ်ခု ပွင့်လာသကဲ့သို့ပင် အပေါက်တစ်ခုအဖြစ် ကွဲထွက်သွားကြသည်။
ခဏကြာပြီးနောက် မိုးများ ပြင်းထန်စွာ ရွာသွန်းလာပြီး အက်မန်း၏ ခန္ဓာကိုယ် အပေါ်မှ သွေးများကို မိုးများက ဆေးကြောလိုက်လေ၏။
မိုးရေထဲ၌ ထိုအထီးကျန်နေသော ဧကရာဇ်၏ နောက်ကျောက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။