← Chapters

ချီတက်တိုက်ခိုက်ခြင်း

Vol. 46 Ch. 739

ချီတက်တိုက်ခိုက်ခြင်း

Vol. 46 Ch. 739

ညဥ့်နက်ပိုင်း၌ -

အန္တရာယ်ကို အာရုံခံမိသည့်အတွက် လိုကီက မျက်လုံးကို ရုတ်ချည်း ဖွင့်လိုက်ရာ အမှောင်ထုထဲ၌ မယုံနိုင်စရာ ကောင်းလောက်အောင် တောက်ပနေသော အနက်ရောင် မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။ သူ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအားများက ဒီရေကဲ့သို့ လှိမ့်တက်လာခဲ့သည်။ လိုကီက တစ်မိနစ်ပင် မခုခံနိုင်ခဲ့ဘဲ လုံးဝ သတိလစ်သွားခဲ့သည်။

ထိုမျက်လုံးများမှ အနက်ရောင်အငွေ့ အများအပြား ထွက်လာပြီးနောက် လိုကီ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ အနက်ရောင်အငွေ့ အနည်းငယ်က သူ၏ ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွား၏။ လိုကီ၏ မျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာပြီး သူ့မျက်ဆံက မီးခိုးရောင် ဖြစ်နေခဲ့သည်။

အနက်ရောင်အငွေ့က တဖြည်းဖြည်းနှင့် ဘရော့ခ်၏ ပုံရိပ်အဖြစ် စုစည်းသွားသည်။ သူက လိုကီ၏ မီးခိုးရောင် မျက်လုံးများကို ကြည့်ပြီး ကျေနပ်သော အမူအရာ ပြသလိုက်သည်။

“မင်းက ဘယ်သူလဲ။”

“လိုကီ လီဗျာသန်...”

“မင်း ဂျာဂယ်ခံတပ်ဆီ လာရတဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ။”

“ဆာ-အဇ်ဂါလောရဲ့ အမိန့်နဲ့ ကျုပ်က ထင်ယောင်မှားနတ်ဆိုးဒိုင်းကာ ငါးစာအနေနဲ့ အသုံးချပြီးတော့ ဘရော့ခ်ကို သွေးရောင်အင်ပါယာဆီ ဘက်ပြောင်းဖို့ လာဖျောင်းဖြတာ။ လွန်ခဲ့တဲ့ ၂နှစ်မှာ သွေးမြေကျက အချိန်မရွေး အသုံးချနိုင်တဲ့ သူလျှိုတစ်ယောက်ကို အမှောင်လမှာ ချထားခဲ့တယ်။ သူက သွေးရောင်အင်ပါယာနဲ့ ပူးပေါင်းပြီးတော့ အမှောင်လကို အတွင်းနဲ့အပြင် တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီ။”

“သွေးရောင်အင်ပါယာနဲ့ သွေးမြေကျက အတူတူ အလုပ်လုပ်နေတာလား။ မဖြစ်နိုင်တာပဲ။” ဘရော့ခ်က သရော်ပြုံး ပြုံးလိုက်သည်။ “သွေးမြေကျမှာ ဒီလို အစီအစဉ်မျိုး ရှိတယ်ဆိုတာ ငါ ဘာလို့ မသိရတာလဲ။”

“ဆာ-အဇ်ဂါလောနဲ့ လျို့ဝှက်ဆန်းကြယ်တဲ့သူတစ်ယောက် စကားပြောတာ ကြားခဲ့ရတယ်။ ဒီအစီအစဉ်ကို သွေးမြေကျ ခေါင်းဆောင်က ယာယီ ဆုံးဖြတ်ထားတယ်လို့ ပြောတယ်။ အမှောင်လက အဓိက ပစ်မှတ်ပဲ။ ဂျာဂယ်ခံတပ်ရဲ့ တကယ့် တာဝန်က အရိပ်နက်အင်ပါယာကို အာရုံပြောင်းဖို့ပဲ။ လိုအပ်ရင် ဘရော့ခ်ကို စတေးဖို့....”

“ဘရော့ခ်က ဒီအစီအစဉ်ကို ငြင်းမယ်ဆိုရင် ကျုပ်က အရိပ်နက် အင်ပါယာက ဦးလေး ဖရန့်ဇ်နဲ့ သူ့သမီး မယ်ဒီလူကို သတ်ဖို့ ကြိုးစားမယ်။ ပြီးရင် ကောဟာဟလတွေ ဖန်တီးပြီးတော့ ဘရော့ခ်ကို အပြစ်ပုံချမယ်။ ဒါဆိုရင် မီးဓား ဗိုလ်ခြေမှာ အတွင်းရေး ပြဿနာတွေ ဖြစ်လာလိမ့်မယ်‌။ နောက်တော့ အတွင်းအပြင် အင်အားစုတွေ ပေါင်းပြီးတော့ ဂျာဂယ်ခံတပ်ကို သိမ်းပိုက်မယ်။ ပြီးရင် ကျုပ်က ဘရော့ခ်နေရာမှာ အစားထိုးပြီးတော့ လီဗျာသန် တော်ဝင်မိသားစုရဲ့ ထိန်းချုပ်သူ ဖြစ်လာမယ်။”

လိုကီ၏ စကားများကြောင့် ဘရော့ခ်၏ မျက်လုံးများ ပို၍ပင် အေးစက် သွားခဲ့သည်။ ဒီအစီအစဉ်မှာ သံသယဝင်စရာအချက်တွေ အများကြီး ရှိနေပေမဲ့ သွေးမြေကျရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းဆောင်က အမြဲလိုလို ခန့်မှန်းလို့ မရခဲ့ဘူး။ ပြီးတော့ ပုံမှန်လည်း တွက်ဆလို့ မရဘူး။ သလင်းကျောက်‌တောင်ကြား ပျက်စီးသွားတော့ အဇ်ဂါလောက အမှောင်လကို သွားပြီး အချိန်တစ်ခုအထိ ထူးထူးဆန်းဆန်း ပျောက်သွားခဲ့တယ်။ သူက အမှောင်လကို လျို့ဝှက်ကြံစည်ဖို့ ပုန်းနေမယ်လို့ မထင်ထားခဲ့ဘူး။ သွေးမြေကျရဲ့ ခေါင်းဆောင်က ဒီအခွင့်အရေးကို အသုံးချပြီးတော့ နတ်ဆိုးဘုံကို အုတ်အော်သောင်းတင်း ဖြစ်စေချင်နေတာပဲ။ ဒီနောက်ကွယ်မှာ တခြားသူတွေ ဘယ်နှစ်ယောက်တောင် ရှိနေပါလိမ့်။

ဒါပေမဲ့ ဘရော့ခ်ဆိုတဲ့ ငါကလည်း ပေါပေါပဲပဲ မဟုတ်ဘူး။ ငါ့မှာ အစောကြီး ကတည်းက ကိုယ်ပိုင်အစီအစဉ်တစ်ခု ရှိတယ်။ ဒီထဲမှာ ငါ ဒုက္ခသည် အဖြစ်ခံမှာ မဟုတ်ဘူး။

“ထင်ယောင်မှားနတ်ဆိုးဒိုင်း ဘယ်မှာလဲ။”

“ထင်ယောင်မှားနတ်ဆိုးဒိုင်းက.....” လိုကီ၏ခန္ဓာကိုယ် တုန်လှုပ်လာပြီး အမူအရာက စတင်ပြောင်းလဲလာသည်။ သူ၏မျက်ဆံမှ မီးခိုးရောင်က အပြင်းအထန် ရုန်းကန်နေသကဲ့သို့ပင် တဖျပ်ဖျပ် လက်နေခဲ့သည်။ ဘရော့ခ်က နောက်ထပ် မေးခွန်းများ မေးလိုက်ပြီး [ နတ်မိစ္ဆာမျက်လုံး ] ၏ ထိန်းချုပ်မှုစွမ်းအားက ပို၍ မတည်မငြိမ်ဖြစ်လာကြောင်း တွေ့ရှိသွားသည်။ သူက ဝိညာဉ်ထိန်းချုပ်သော သဘာဝလွန်စွမ်းအားကို မမျှော်လင့်ထားသော အခြေအနေမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အောင်မြင်ခဲ့သော်လည်း [ နတ်မိစ္ဆာမျက်လုံး ] ရှိသေ လိုကီအတွက် အတော်လေး ခုခံမှုက အားကောင်းနေသေးသည်။ သူ ဆက်လုပ်နေလျှင် လိုကီ၏ ဝိညာဉ်စွမ်းအား ပြိုလဲပြီး သေသွားနိုင်ပေသည်။

အခုက အရေးကြီး အခိုက်အတန့်တစ်ခု ဖြစ်နေတယ်။ လိုကီက ချယ်လှယ် ခံထားရတဲ့ နယ်ရုပ်တစ်ရုပ်ပဲ။ အခုအချိန်တော့ သူက တန်ဖိုးနည်နးည်း ရှိသေးတယ်။ ဒါကြောင့် သူက အသက်ရှင်ရက် ပိုအသုံးဝင်တယ်။

ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် ဘရော့ခ်၏ မျက်လုံးများက အနက်ရောင် အငွေ့များ ထုတ်လွှတ်လိုက်ပြီး အချုပ်အနှောင်ပုံစံ ပြောင်းလဲသွားကာ လိုကီ၏ခန္ဓာကိုယ်ထဲ မြုပ်ဝင်သွားပြီးနောက် ဝိညာဉ်ထိန်းချုပ်မှုစွမ်းအား ပျောက်ကွယ် သွားခဲ့သည်။

အခန်းထဲမှ မှော်မီးအိမ် လင်းလက်လာပြီး လိုလီ၏ ဖြူဖျော့နေသော မျက်နှာကို အလင်းရောင်ဟပ်နေခဲ့သည်။ ခဏကြာပြီးနောက် လိုကီ၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။ အခန်းထဲရှိ လူရိပ်ကို မြင်သည့်အခါ သူက အသံ အက်ရှရှဖြင့် ပြောလိုက်၏။ “ဗိုလ်ချုပ်...”

ထို့နောက် တစ်ခုခုကို သတိရသွားဟန်တူပြီး အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ “ခုနက ဘာဖြစ်သွားတာလဲ။”

“လိုကီ။ ဟန်ဆောင်မနေနဲ့တော့။” ဘရော့ခ်က သူ့ကို အေးစက်စက်နှင့် ကြည့်လိုက်သည်။ “ငါ့ရဲ့ပုံစံနဲ့ နည်းလမ်းတွေကို မင်းသိပါတယ်။”

လိုကီက ခန္ဓာကိုယ်ထဲမှ စွမ်းအားကို လည်ပတ်ကြည့်လိုက်ပြီး အမူအရာက တဟုန်ထိုး ပြောင်းလဲသွားခဲ့သည်။ “[ ဝိညာဉ်အချုပ်အနှောင် ] ။ ခင်ဗျားက တကယ်ပဲ ကျုပ်အပေါ်မှာ [ ဝိညာဉ်အချုပ်အနှောင် ] သုံးခဲ့တယ်။”

[ ဝိညာဉ်အချုပ်အနှောင် ] က လီဗျာသန်တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီတစ်ခုဖြစ်ပြီး တစ်ခုထက်ပိုသော အရေအတွက်နှင့် ကျွန်-သခင် စာချုပ်ကဲ့သို့ ချုပ်ဆိုနိုင်သည်။ ထိန်းချုပ်သူက နေရာအကန့်အသတ်ကို ကျော်လွန်ပြီး ထိန်းချုပ် ခံထားရသူကို အပြစ်ပေးနိုင် သတ်ပစ်နိုင်၏။

“ထင်ယောင်မှားနတ်ဆိုးဒိုင်း ဘယ်မှာလဲ။” ဘရော့ခ်၏ စိတ်ကို စေစားလိုက်ရာ လိုကီက အော်ဟစ်ပြီး ရင်ဘတ်ကို အုပ်ထားလိုက်သည်။ ခုနက သူ စုစည်းထားသော စွမ်းအားများ ရုတ်တရက် ပြိုလဲကုန်သည်။ သူ၏မျက်နှာအမူအရာက နာကျင်စွာဖြင့် တွန့်ရှုံ့နေခဲ့ပြီး ကြမ်းးပြင်‌ပေါ်၌ လူးလှိမ့်နေခဲ့ရသည်။

ဘရော့ခ်က လိုကီ၏ နာကျင်မှုကို လျစ်လျူရှုထားပြီး အသာလေး ပြောလိုက်သည်။ “[ ဝိညာဉ်အချုပ်အနှောင် ] စွမ်းအားကို မင်း ကောင်းကောင်းကြီး သိလောက်မှာပါ။ မင်း အခု သတ်သေလို့တောင် မရဘူး။”

“ဗိုလ်ချုပ်။ ခင်ဗျား အထင်လွဲနေပြီ။ အား....”

“မင်း မဟုတ်တာ ထပ်ပြောရရင် အပြစ်ဒဏ်က ၁၀ဆ ပိုပြင်းလိမ့်မယ်။”

လိုကီက ကျရှုံးသွားကြောင်း သိလိုက်သည့်အတွက် အံကြိတ်ကာ ပြောလိုက်သည်။ “ဆာ-အဇ်ဂါလောက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး။”

“အဇ်ဂါလောလား။ သူက ငါ့ကို ဖမ်းနိုင်ရင် မင်းကို တစ်ယောက်တည်း လာခိုင်းမှာလား။” ဘရော့ခ်က အထင်သေးသော အမူအရာ ပြသလိုက်သည်။ “ငါ ဒီခံတပ်ထဲမှာ ရှိနေသရွေ့၊ ကတ်သရင်းတောင် ငါ့ကို မထိနိုင်ဘူး။ အပိုတွေ ပြောမနေနဲ့တော့။ ထင်ယောင်မှားနတ်ဆိုးဒိုင်း ဘယ်မှာလဲ။”

အမှန်အတိုင်း ပြောရမည်ဖြစ်ကြောင်း သိသည့်အတွက် လိုကီက အမှန်အတိုင်း ပြောလိုက်သည်။ “ထင်ယောင်မှားဒိုင်းရဲ့ တည်နေရာကိုတော့ မသိသေးဘူး။ ဒါပေမဲ့ ဆာ-အဇ်ဂါလောကတော့ နတ်ဆိုးဒိုင်းကို ရထားတယ်။ ကျူပ် မျက်လုံးနဲ့ သေချာ မြင်ခဲ့တာ။ ဒီတစ်ခေါက် သူက နတ်ဆိုးဒိုင်းကာ အပေးအယူအနေနဲ့ အသုံးချပြီးတော့ ဗိုလ်ချုပ်ကို အရိပ်နက်အင်ပါယာကနေ သစ္စာဖောက်စေချင်တယ်။ အရိပ်နက် အင်ပါယာရဲ့ အာရုံကို ဂျာဂယ်ခံတပ်မှာ ဆွဲဆောင်နိုင်ဖို့ပေါ့။ အဲဒီအချိန် ဆာ-အဇ်ဂါလောက အမှောင်လမှာ အာဏာသိမ်းမှု စတင်ပြီးတော့ အမှောင်လ နယ်မြေကို သိမ်းပိုက်လိမ့်မယ်။”

“ထပ်ရှိသေးလား။”

“မရှိတော့ပါဘူး...”

သူ စကားပြောပြီးသည်နှင့် [ ဝိညာဉ်အချုပ်အနှောင် ] က လိုကီကို ထပ်မံ နှိပ်စက်ပြန်သည်။ လိုကီက အလျင်အမြန်ပင် တောင်းပန်လိုက်၏။

“လိုအပ်ရင် ငါ့ကို စတေးမယ်လို့ ပြောလေ။ ငါ ငြင်းမယ်ဆိုရင် ဖရန့်ဇ်နဲ့ သူ့သမီးကို သတ်ပစ်ပြီးတော့ ငါ့ကို အပြစ်ပုံချမယ်ဆို။ အရင်က ငါမင်းကို အထင်သေးခဲ့မိတယ်။ မင်းက င့ါနေရာမှာ အစားဝင်ဖို့ ရည်မှန်းချက်ရှိမယ်လို့ မထင်ထားခဲ့ဘူး။”

ထိုအရာကို ကြားသည့်အခါ လိုကီ၏ မျက်နှာအမူအရာက ပို၍ပင် ဆိုးရွား သွားခဲ့သည်။ သူက မထိမ်ချန်ထားဘဲ ပြောလိုက်၏။ “လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိကြပါတယ်။ ခင်ဗျားက ဆာ-မန်နူကို သတ်ပြီးတော့ အခုလက်ရှိနေရာကို ရထားတာ မဟုတ်လား။ ခင်ဗျားက ခံတပ်ထဲမှာပဲ တစ်နေ့လုံး ပုန်းနေတယ်။ အခု ဧကရီ၏ စစ်တပ်ပြန်လည်ဖွဲ့စည်းမှုက ပြီးမြောက်တော့တယ်။ ခင်ဗျားက စစ်တပ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ရင် လမ်းဆုံးပဲ ရှိတော့တယ်။ ခင်ဗျား သေသွားတာက ကိစ္စမရှိဘူး။ လီဗျာသန်တော်ဝင်မိသားစု တစ်ခုလုံးကို မြှုပ်နှံလို့တော့ မရဘူး။ ကျုပ်က ဒါကို ကျုပ်တို့လူတွေအတွက် လုပ်နေတာ။”

“အရှက်မရှိ ကြွားလုံးထုတ်နေတနာပဲ။” ဘရော့ခ်က အထင်သေးစွာဖြင့် နှာမှုတ်လိုက်သည်။ “အဇ်ဂါလောနဲ့ သွေးမြေကျက မင်းကို အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခု ပေးနိုင်တယ်လို့ ထင်လား။ အခု လက်ရှိအခြေအနေ အရဆိုရင် သွေးရောင်အင်ပါယာက အရိပ်နက်အင်ပါယာထက် စွမ်းအားပိုကြီးတာ အသိအသာပဲ။ ကတ်သရင်းက စိုးရိမ်စရာအမျိုးမျိုးကို တွက်ဆပြီးတော့ ကြယ်ကြွေတမန်အင်ပါယာနဲ့ မပူးပေါင်းခဲ့ဘူး။ သူက ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကြယ်ကြွေတမန်အင်ပါယာကို တိုက်ခိုက်သိမ်းပိုက်ပြီးတော့ သွေးရောင်အင်ပါယာနှင့် ယှဉ်ပြိုင်ချင်နေတာ။ ဒီကစားပွဲမှာ ဂျာဂယ်ခံတပ်က အတော်လေး အရေးပါတဲ့ နယ်ရုပ်တစ်ရုပ်ပဲ။ ပြီးတော့ ငါ စောင့်နေခဲ့တဲ့ အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ....”

လိုကီက ဘရော့ခ်ကို ကောင်းကောင်း သိသည်။ ထိုအမူအရာက မြင်သည့်အခါ လိုကီက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ “ခင်ဗျားက အစောကြီးကတည်းက...”

“ငါက တခြားသူတွေထက် နိမ့်ကျတာကို ဘယ်တုန်းကမှ လက်မခံနိုင်ခဲ့ဘူး။ ငါ့ကို ကတ်သရင်း ကြောက်နေနတာ ငါ နားလည်တယ်။ ငါ ဘာလုပ်ရမလဲဆိုတာ ငါ ကောင်းကောင်း နားလည်တယ်။” ဘရော့ခ်က ဆက်မပြောခဲ့ပေ။ “ကတ်သရင်း ဖြစ်ဖြစ် သွေးမြေကျဖြစ်ဖြစ်၊ ငါ အသုံးချလို့ရတဲ့ အင်အားသက်သက်ပဲ။ ကတ်သရင်းက အခု စောင့်ကြည့်နေတုန်းပဲ။ ဒါပေမဲ့ သွေးမြေကျက မစောင့်နိုင်တာကို ငါ မထင်ထားခဲ့ဘူး။ မင်းပြန်လာတာကလည်း အသုံးချဖို့ အရေးပါတဲ့ အခွင့်အရေးတစ်ခုလို့ သတ်မှတ်လို့ရတယ်။ အဲဒါကြောင့် မင်းမှာ အသက်ရှင်ဖို့ နည်းလမ်းတစ်ခု ရှိနေသေးတယ်။ အဲဒါက ငါ့ကို လုံးဝ အညံ့ခံဖို့ပဲ။”

“တကယ်ပဲ ကျုပ်ကို မသတ်ဘူးလား။” လိုကီက အားပျက်စွာဖြင့် မော့ကြည့်လိုက်ပြီး နောက်ထပ် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပြသလိုက်၏။

“မင်းမှာ တန်ဖိုး မရှိတော့တာနဲ့ ငါ ချက်ချင်း သတ်ပစ်မှာ။ [ ဝိညာဉ်အချုပ်အနှောင် ] နဲ့ဆိုရင် မင်း ဘယ်မှာပဲ ပုန်းနေပုန်းနေ အသုံးမဝင်ဘူး။ မင်း အခု လုပ်ရမှာက မင်းရဲ့တန်ဖိုးကို ထိန်းသိမ်းထားဖို့ပဲ။ ဒီအချိန် ဒီအကွက်မှာ ငါ မျှော်လင့်ထားတဲ့အတိုင်း မင်းက လုပ်ဆောင်နိုင်ပြီးတော့ နတ်ဆိုးဒိုင်းကိုရအောင် ငါ့ကို ကူညီပေးနိုင်ရင် [ ဝိညာဉ်အချုပ်အနှောင် ] ကို ပယ်ဖျက်ပေးမယ်။”

“ကောင်းပြီ။” လိုကီက အံကြိတ်ပြီး မတ်တပ်ရပ်လိုက်သည်။

ဘရော့ခ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီးနောက် သူ့၏သုန်မှုန်နေသော မျက်နှာက နောက်ဆုံးတွင် ပြုံးသွားခဲ့သည်။ သို့သော်လည်း လိုကီ၏ မျက်လုံးထဲ၌ လက်ခနဲ ဖြစ်သွားခဲ့သည့် ထူးဆန်းသော အဝါရောင်အလင်းကိုတော့ သတိမထားမိခဲ့ပေ။

နောက်တစ်နေ့၌ ဘရော့ခ်က အပြင်၌ လျို့ဝှက်တာဝန် လုပ်ဆောင်ခဲ့သော လိုကီပြန်ရောက်လာပြီး စစ်တပ်အာဏာကို ပြန်လည်ရယူမည် ဖြစ်ကြောင်းကို တရားဝင် ကြေညာခဲ့သည်။ နေ့လယ်ပိုင်းတွင် ရဲတိုက်ထဲ၌ စစ်တပ် အစည်းအဝေး တစ်ခုကို ကျင်းပ၏။

အစည်းအဝေး၌ ဧကရီ ကတ်သရင်းကိုယ်တိုင် ခန့်အပ်ထားသော ဘရော့ခ်နှင့် အဆင့်တူ ခေါင်းဆောင် စိတ်ဝိညာဉ်အရာရှိ အော်ဒိုဂက်စ်က ပထမဆုံး အခြေအနေကို ပြေလာသည်။ “ဗိုလ်ချုပ်ဘရော့ခ်။ လိုကီက ဒီနေ့မှာ အာဏာ လုယူတယ်လို့ ယိုးမယ်ဖွဲ့ပြီး အဆင့်မြင့် စိတ်ဝိညာဉ်အရာရှိ ၃ယောက်ကို သတ်ပစ်ခဲ့တယ်။ ငါ ဖြေရှင်းချက် လိုချင်တယ်။”

လိုကီ ရုံးထိုင်ခဲ့သော ပထမဆုံး နေ့ရက်၌ “ဆူးညှောင့်များ”ကို ဖယ်ရှားရန် နည်းလမ်းအမျိုးမျိုးနှင့် အကြောင်းရင်းအမျိုးမျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူတို့က အမှန်တကယ်၌ စစ်တပ်ထဲတွင် ကတ်သရင်း နေရာချထားခဲ့သော အဆင့်မြင့် စိတ်ဝိညာဉ်အရာရှိ ၃ယောက်အပါအဝင် အန္တရာယ်မကင်းသော အချက်များ ဖြစ်နေခဲ့သည်။

စိတ်ဝိညာဉ်အရာရှိဟူသော အသုံးက ချန်လွေ့ထံမှ ဆင်းသက်လာခြင်း ဖြစ်ပြီး အမှန်တကယ်၌ နိုင်ငံရေးအရာရှိ ဖြစ်သည်။ အပေါ်ယံတာဝန်က အခြေခံအဆင့် အသံများကို နားထောင်ပေးပြီး စစ်တပ်ကိုပြေလည်စေရန် ဖြစ်ကာ အညံ့ခံသူများအား ခေါ်ယူရန် ဖြစ်သည်။ အမှန်တကယ်၌ သူတို့က စစ်သည်များအကြား၌ ဧကရီစိုးမိုးရေးနှင့် အခြားအတွေးအခေါ်များကို ထည့်သွင်းပေးရန် တာဝန်ယူထားကြလေသည်။

ကတ်သရင်း၏ စစ်တပ်စနစ် ပြန်လည်ဖွဲ့စည်းမှုနှင့်အတူ ယခုတွင် ဗိုလ်ခြေတစ်ရာလျှင် စိတ်ဝိညာဉ် အရာရှိတစ်ယောက် ရှိနေပြီ ဖြစ်သည်။ အဆင့်နိမ့်က အဆင့်မြင့်ကို အမိန့်နာခံရသည်။ အမြင့်ဆုံးအဆင့်က မဟာစိတ်ဝိညာဉ်အရာရှိဖြစ်ပြီး ဘရော့ခ်နှင့် အဆင့်တူသည်။ ထိုသို့ဖြင့် စစ်တပ်၏ အာဏာကို ပိုင်းခြားနိုင်ပေသည်။ ဗိုလ်ခြေတပ်မှူးက စစ်သည်များကို တိုက်ခိုက်ရန်သာ အမိန့်ပေးပိုင်ခွင့်ရှိပြီး သူ့ကို နိုင်ငံရေးအရာရှိက အုပ်ချုပ်သည်။ ထိုအရာက ကိုယ်ပိုင်စစ်သည်များရှိသော ဗိုလ်ခြေတပ်မှူးအခြေအနေကို ရှောင်ရှား ပေးနိုင်ခဲ့သည်။

“လိုကီက လျို့ဝှက်တာဝန်အတွက် ၂နှစ် ထွက်သွားခဲ့တယ်။ သူက စစ်ပတ်ရဲ့ အသစ်ပြန်လည်ဖွဲ့စည်းမှုတွေကို မသိသေးဘူး။ အဲဒါကြောင့် သူက အဆင့်မြင့် စိတ်ဝိညာဉ်အရာရှိ၃ယောက်နဲ့ ပြဿနာ ဖြစ်ခဲ့တာ။ သူ့ရဲ့ စိတ်အနေအထားကို အားလုံး သိကြမှာပါ။ သူက စိတ်ဝိညာဉ်အရာရှိ၃ယောက်ကို မှားပြီးတော့ သတ်ခဲ့မိမယ်။ ငါ အတော်လေး နောင်တရမိပါတယ်။”

အော်ဒိုဂက်စ်က ဒေါသတကြီး ပြောလိုက်သည်။ “အမှားတစ်ခုပဲ ဟုတ်လား။ စစ်ဥပဒေအရဆိုရင် အများပြည်သူကို ဥပမာအနေနဲ့ ပြသဖို့အတွက် လိုကီကို ကွက်မျက်သင့်တယ်။”

ဘရော့ခ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “စိတ်ဝိညာဉ်အရာရှိရဲ့ အာဏာက စစ်တပ်ကို ပြေလည်စေဖို့ပဲ။ အော်ဒိုဂက်စ်။ မီးဓားဗိုလ်ခြေရဲ့ အသေးစိတ် ကိစ္စတွေကို ဝင်ပါဖို့က မင်းနေရာ မဟုတ်ဘူး။ ငါ လိုကီကို သူ့ရာထူးကနေ ဖယ်ရှားပြီးတော့ စစ်ဆေးမေးမြန်းပြီးပြီ။ ဒီကိစ္စက အတော်လေး ထူးခြားတယ်။ မဟာကတ်သရင်းကို ကိုယ်တိုင် သတင်းပို့ပြီးတော့ သူ့ရဲ့ အမိန့်အတိုင်း လုပ်ရမယ်။”

ဘရော့ခ်က ကတ်သရင်းအကြောင်း ပြောလိုက်သည့်အတွက် အော်ဒိုဂက်စ်က ဆက်မပြောနိုင်တော့ပေ။ ဘရော့ခ်က စစ်တပ်စနစ် ပြန်လည်ဖွဲ့စည်းခြင်းမှ ထွက်ပေါ်လာသော ကိစ္စမျိုးမျိုးကို ဆွေးနွေးရန် အစည်းအဝေးပုံစံ စတင်ကြေညာ တော့သည်။

ထိုအရာက စကားဝိုင်းအဟောင်း တစ်ခု ဖြစ်သည်။ စစ်တပ်စနစ်အသစ် ပြန်လည်ဖွဲ့စည်းရာ၌ ပြဿနာ အများအပြား ရှိခဲ့ပြီး အမြင်များက တသမတ်တည်း မဟုတ်ခဲ့ကြပေ။ ထူးဆန်းသည်က ထိုအချိန်တွင် ဘရော့ခ်က အော်ဒိုဂက်စ်၏ တောင်းဆိုမှုများကို မငြင်းပယ်သလို ဆန့်လည်းမဆန့်ကျင်ခဲ့ပေ။ ထိုအစားက သူက အတွင်းထဲအထိ ဆွေးနွေးပြီး အတော်လေး အဆင်ပြေချောမွေ့နေခဲ့သည်။

သူတို့ မသိလိုက်ခင်မှာပင် အစည်းအဝေးက နာရီအတော်ကြာ ဖြစ်သွားခဲ့ပြီး နောက်ကျနေပြီ ဖြစ်သည်။

ထိုအချိန်၌ စိတ်ဝိညာဉ်အရာရှိတစ်ယောက်က အပြင်ဘက်မှနေ၍ အစည်းအဝေး ခန်းမထဲသို့ ရောက်ရှိလာပြီး အော်ဒိုဂက်စ်၏ နားထဲသို့ စကား အနည်းငယ် တီးတိုးပြောလိုက်သည်။

အော်ဒိုဂက်စ်က ထိတ်လန့်သော အမူအရာ ပြသလိုက်ပြီး မတ်တပ် ရပ်လိုက်၏။ “ဗိုလ်ချုပ် ဘရော့ခ်။ လွန်ခဲ့တဲ့ ၂နာရီတုန်းက ခံတပ်အပြင်ဘက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို နောက်ဆုတ်ဖို့နဲ့ အရှေ့ပိုင်းမှာရှိတဲ့ မှော်စက်ဝိုင်း အကာအကွယ်နဲ့ ကနဦးသတိပေးစနစ်ကို ပိတ်ဖို့အတွက် ဗိုလ်ခြေတပ်မှူး တစ်ယောက်ကို တိတ်တိတ်လေး အမိန့်ပေးခဲ့တယ်။ ဘာလို့လဲ။”

ဘရော့ခ်က ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “ဒါက အစည်းအဝေးနဲ့ ဘာမှ မဆိုင်ဘူး။ ငါမင်းကို နောက်ကျရင် ရှင်းပြမယ်။”

အော်ဒိုဂက်စ်က ဒေါသတကြီး ပြောလိုက်၏။ “ဘရော့ခ်။ ဒါက ခံတပ်ရဲ့ သေရေးရှင်ရေးနဲ့ ဆိုင်တယ်။ မင်း အခုပဲ ရှင်းပြရမယ်။ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

ဘရော့ခ်က စကားတစ်လုံးမှ မပြောခဲ့ပေ။ အော်ဒိုဂက်စ်က ချက်ချင်းပင် ဘေးနားရှိ အဆင့်မြင့် စိတ်ဝိညာဉ်အရာရှိများကို ပြောလိုက်သည်။ “ဗာရိုတာ။ အခုချက်ချင်း ခံတပ်အရှေ့ပိုင်းဆီ တစ်ယောက်ယော်ကို ခေါ်သွားပြီးတော့ မှော်စက်ဝိုင်းကို အသက်ပြန်သွင်းလိုက်။”

ဘရော့ခ်က လက်ကို ဝှေ့ရမ်းလိုက်ရာ အစည်းအဝေးခန်းမတံခါးက အလိုလို ပိတ်သွားခဲ့သည်။

“ဘယ်မှ ထွက်သွားဖို့ မစဉ်းစားနဲ့တော့။” ခရော့ခ်၏ မနှစ်မြို့စရာ ရယ်သံက ခန်းမတလျှောက် ထွက်ပေါ်လာပြီး သူ၏မျက်လုံးထဲ၌ အနက်ရောင်အလင်း စတင် ထွက်ပေါ်လာသည်။ လူတိုင်းက အမြင် မည်းမှောင်သွားကြောင်း ခံစားလိုက်ရပြီး ခန်းမတစ်ခုလုံးရှိ မှော်မီးအိမ် အလင်းရောင်များ မှိန်ကျသွားခဲ့သည်။

All Chapters