နိုးထလာခြင်း
Vol. 47 Ch. 765
ချန်လွေ့က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း အမွေအနှစ်ထဲ၌ ထင်ရှားသွားသော ရုပ်ထုပုံစံ မကောင်းဆိုးဝါးပုများစွာကို ခေါင်းဖြတ်ခဲ့ဖူးသည်။ ထိုကဲ့သို့ မကောင်းဆိုးဝါး များက ကိုးကားစမ်းသပ်ချက်ထဲရှိ “တိုက်ခိုက်ရေးဂိမ်း”မှ သာမန်အကျဆုံး အမျိုးအစား ဖြစ်သည်။
အသူရာချောက်နက်သတ္တဝါ ပါးစပ်ကြီးနတ်ဆိုးပဲ။
အဲဒီပွင့်ချပ်ကလည်း အမှောင်ပန်းပွင့် မဟုတ်ဘူး။ အသူရာချောက်နက်ပန်းပဲ။
သိဒ္ဓိကျောင်းတော်က အမြဲတမ်း ဖယ်ရှားပစ်ချင်နေခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးအဖွဲ့က တကယ်တော့ အသူရာချောက်နက်ကို ယုံကြည်နေတဲ့ ဂိုဏ်းတစ်ခု ဖြစ်နေတာကိုး။
ထိုဂိုဏ်းက လွန်ခဲ့သော နှစ်ပေါင်း၂သောင်းခန့်က “နတ်ဘုရား”အတွက် မြို့၁၀မြို့မှ သက်ရှိများအားလုံးကို သတ်ပစ်ကာ စတေးခဲ့ကြဖူးကြောင်း ပေါလ် ပြောခဲ့သည်ကို ချန်လွေ့ မှတ်မိသည်။ ထိုကဲ့သို့ သွေးပျက်ဖွယ် အဖြစ်အပျက်က လူသားလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ နောက်ဆုံး၌ ထိုဂိုဏ်းကို အင်ပါယာနှင့် သိဒ္ဓိကျောင်းတော်တို့က နှိမ်နင်းပစ်ခဲ့ကြသည်။ သူတို့၏ အသက်ဓာတ် ပြင်းပြင်းထန်ထန် ထိခိုက်သွားသည့်အတွက် အမှောင်ခြမ်းသို့ ပြောင်းသွားခဲ့ပြီး သူတို့ကို သိဒ္ဓိကျောင်းတော်က သုတ်သင်ပစ်ရမည့် ရန်သူအဖြစ် အမြဲပင် သတ်မှတ်ထားခဲ့သည်။
ချန်လွေ့က အသူရာကို ကိုယ်ပွားအဖြစ် အသုံးပြုပြီး ယုံကြည်မှုစွမ်းအားကို ခိုးယူခဲ့စဉ်က လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းမှ မရဏနက်နောက်လိုက် အဖြစ် သိဒ္ဓိကျောင်းတော်မှ အထင်မှားခြင်းကို ခံခဲ့ရသည်။ မမျှော်လင့်ဘဲနှင့် သူက နတ်ဆိုးဘုံသို့ ပြန်ရောက်လာသောအခါ အသူရာက အမှန်တကယ်ပင် မတော်တဆနှင့် တကယ့် မရဏနက်နောက်လိုက်အစစ် ဖြစ်သွားခဲ့လေသည်။
ကြည့်ရတာ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အသူရာချောက်နက် မိသားစုက နတ်ဆိုးဘုံမှာတင် မဟုတ်ဘူး။ လူသားလောကမှာလည်း ရှိနေတဲ့ပုံပဲ။ သိဒ္ဓိကျောင်းတော်ကို တိုက်ခိုက်တဲ့အချိန် သွေးနဲ့ရေးခဲ့တဲ့ သင်္ကေတက စတေးခံကျင့်စဉ်ပဲ။ အဲဒါက အသက်တွေကိုလည်း စတေးတဲ့အပြင် ယုံကြည်မှုကိုလည်း ခိုးယူတယ်။ ဒါပေမဲ့ မရဏနက်နောက်လိုက်တွေက သိဒ္ဓိကျောင်းတော်ရဲ့ ယုံကြည်မှုအများစုကို အသူရာ ဝါးမျိုခဲ့တာ မသိခဲ့ကြဘူး။
အသူရာချောက်နက်အပေါ် ချန်လွေ့၏ နားလည်မှုအရ ရုပ်ကြွပန်းပုအဖြစ် အသွင်ပြောင်းသွားသော “ပါးစပ်ကြီးနတ်ဆိုး”အပြင် ထိန်းမရသိမ်းမရ စွမ်းအားရှိသော “ဒေါသအိုးနတ်ဆိုး”၊ မီးတောက်ကို ထိန်းချုပ်သော “မီးလျှံစုန်းမ” နှင့် မဟာဓားကို ကိုင်စွဲသော “အသူရာချောက်နက်အရှင်”တို့ ရှိကြသည်။ ထိုသက်ရှိများကို ထုတ်လုပ်သော “အမြုံ”ကတော့ မပါဝင်လောက်ပေ။
သို့ရာတွင် ချန်လွေ့ သိထားသည်ထက် ပိုများနေသော ရုပ်ကြွပန်းပုများစွာ ရှိနေခဲ့ပြီး အထူးသဖြင့် အမြင့်ဆုံးအထပ်၌ ရုပ်ထုသုံးခု ရှိနေပြီး အသူရာချောက်နက်၏ အဆင့်မြင့်ဆုံး သခင်များ ဖြစ်နိုင်ပေသည်။ ဧကန္တ....အသူရာချောက်နက် သတ္တဝါတွေရဲ့ ထပ်ဆုံးမှာ နတ်ဆိုးအရှင်သခင်အဆင့်ကို အလွယ်တကူ သတ်နိုင်တဲ့ အသူရာချောက်နက်အရှင်ထက် သာလွန်တာ ရှိနေတာလား။ အသူရာချောက်နက်အရှင်က အစွမ်းအထက်ဆုံး သုံးယောက်ထဲက တစ်ယောက်တောင် မဟုတ်ဘူးလား။
ဒီရှာဖွေတွေ့ရှိမှုက ပေါ့သေးသေး မဟုတ်ဘူး။ အသူရာချောက်နက် မိသားစုကြောင့် ရှေးဟောင်းအဂ္ဂိရတ် အဖွဲ့အစည်း အပါဝင် အဖွဲ့အစည်း တစ်ခုမက လုံးဝ ပျက်သုဉ်းခဲ့ရတယ်။ ဒီလိုအန္တရာယ်များတဲ့ မျိုးနွယ်က ဘယ်လို ပျောက်ကွယ်သွားလဲဆိုတာ ငါ မသိပေမဲ့ အသူရာချောက်နက် တကယ် ဆင်းသက်လာတာနဲ့ လူသားလောကရော၊ နတ်ဆိုးဘုံပါ ပျက်သုဉ်းမယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။
အခု ငါက ပါးစပ်ကြီးနတ်ဆိုးရဲ့ ရုပ်ကြွပန်းပုကို သေသေချာချာ မြင်နိုင်ပြီဆိုတော့ အသူရာချာက်နက်ပန်းမှာ ပါဝင်တဲ့ အမှတ်အသား ပတ်သက်မှု တစ်ခုခုကို လက်ခံရမှာပဲ။ အမှတ်အသားတွေကို ငါ ပိုပြီးတော့ လက်ခံမယ်ဆိုရင် ရုပ်ကြွပန်းပုတွေကို ထပ်ပြီးတော့ သေသေချာချာ မြင်နိုင်မယ်။ အသူရာရဲ့ ပျက်စီးခြင်းဇစ်မြစ်စွမ်းအားနဲ့ဆိုရင် အမှတ်အသားကို အချိန်မရွေး ဖယ်ရှားပစ်လို့ရတယ်။ ဒီမှာ တမင်နေနေတာက ရလာဒ် အကြီးကြီး ပိုရဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အကြီးကြီး လုပ်နေတာပဲ။
ချန်လွေ့က အသူရာ၏ ဆုံးဖြတ်ချက်ကို လက်ခုပ်တီးချီးကျူးရန် ပြင်လိုက်စဉ် စွမ်းအားတစ်ခုက တိတ်တိတ်လေး ပျံ့နှံ့သွားသည်ကို အာရုံခံလိုက်မိသည်။ ပါးစပ်ကြီးနတ်ဆိုး ရုပ်ကြွပန်းပုက ပြောင်းလဲမှုတစ်ခုခု ဖြစ်သွားဟန်တူပြီး ကြောက်မက်ဖွယ်ရာ မျက်နှာက ရုတ်တရက် အသူရာနှင့် တူသွားသည်။ သူ၏ မျက်လုံး၌ အနီရောင်ဖျော့ဖျော့ တောက်သွားပြီးနောက် မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ ထိုပြောင်းလဲမှုကို အမျိုးသမီး ဂိုဏ်းချုပ်အပါအဝင် မည်သူမှ သတိမထားမိခဲ့ကြပေ။
ချန်လွေ့၏ မျက်လုံးများ တောက်ပသွား၏။ ယုံကြည်မှု ခိုးယူတာပဲ။
ထိုအကွက်က အမှန်တကယ် ပါးနပ်လှသည်။ သို့သော်လည်း အသူရာက အဆင့်၃ ဂိုဏ်းထောက်တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူက ပါးစပ်ကြီးနတ်ဆိုး ရုပ်ကြွပန်းပုမှ ယုံကြည်မှု အနည်းငယ်ကိုသာ ခိုးယူနိုင်လေသည်။ လျို့ဝှက် ဆန်းကြယ်သော ကိုးကွယ်မှု ယဇ်ပလ္လင်က ထိုထက် အများကြီးပိုမည်ဟု သေချာပေသည်။ အကယ်၍ သူက ထိုနေရာသို့ ထပ်မံ၍ ဝင်ရောက်နိုင်မည်ဆိုလျှင် ယုံကြည်မှုများ ပိုပို၍ ရနိုင်ပေမည်။ ထိုအရာက အသူရာချောက်နက်မိသားစုကို ဖျက်ဆီးခြင်း သို့မဟုတ် ချုပ်တည်းခြင်းကို နိမိတ်ပြခြင်းလည်း ဖြစ်နိုင်၏။
ပတ်ဝန်းကျင် မြင်ကွင်းများ ပြောင်းလဲသွားပြန်သည်။ ယခုတစ်ခေါက်...အာ.... ယခုတစ်ခေါက်က ကလေးများအတွက် အနည်းငယ် မသင့်တော်ပေ။
အသူရာက ဆံပင်အနက်ရောင်နှင့် အမျိုးသမီးကို ဖက်ထားပြီး ကုတင်ပေါ်၌ လှဲနေသည်။ အမျိုးသမီးက အတော်လေး လှပသည်။ သူ၏ ညှို့ယူနိုင်သော မျက်ခုံးတစ်စုံ ရှိနေပ၏။ ကလေးများအတွက် မသင့်တော်ရသည့် အကြောင်းရင်းမှာ သူတို့နှစ်ယောက်လုံး အဝတ်ဗလာ ဖြစ်နေ၍ပင်။ အတော်လေး ပူနေ၍ ဖြစ်နိုင်ပေသည်။
“ရစ်ချက်။ ရှင်က အတော်လေး မြန်မြန်ဆန်ဆန် ရာထူးတိုးနေတယ်။ အခု ရှင်က ကျွန်မနဲ့အဆင့်တူ ဂိုဏ်းထောက်ကြီးတောင် ဖြစ်နေပြီ။” အမျိုးသမီး၏ အသံက ဆွဲဆောင်မှုရှိပြီး အသူရာ၏ လက်မောင်းထဲ၌ အသာအယာ လူးလွန့်နေလိုက်သည်။ “ရှင့်ရဲ့ ထူးချွန်ပြီးတော့ ချီးမွမ်းထိုက်တဲ့ ဝန်ဆောင်မှုတွေက လူတိုင်းအသိပဲ။ ဒါပေမဲ့ ရှင် သေချာ စဉ်းစားရမယ်။ ဒီကနေ ရှေ့ဆက်သွားဖို့က အတော်လေးကို ခက်ခဲမှာ။ ပြောရရင်တော့ အခု ရှင့်ရဲ့ အခြေအနေက အတော်လေး အန္တရာယ်များတယ်။”
“ဪ...ဟုတ်လား။” အသူရာက အမျိုးသမီး၏ ခန္ဓာကိုယ်ကို ကစားနေရင်း စိတ်ဝင်စားဟန် ပြသလိုက်သည်။
“ဂိုဏ်းထောက်ကြီး ပြီးရင် ဂိုဏ်းအုပ်ပဲ။ ရှင့်ရဲ့ တိုးတက်မှုနှုန်းက အတော်လေးကို မြန်လွန်းပြီးတော့ အန်ဂျလီထက် အများကြီး သာလွန်တယ်။ သူကရှင့်လိုမျိုး ခြိမ်းခြောက်မှုတွေကို သည်းခံမယ်ထင်လား။” ထိုအမျိုးသမီးက သရော်ပြုံး ပြုံးလိုက်သည်။ “အဲဒီကောင်မက သိုသိပ်ပြီးတော့ ဉာဏ်များတယ်။ အပေါ်ယံမှာတော့ သူက ရှင့်ကို ဖိနှိပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက နောက်ကွယ်မှာ လျို့ဝှက်အကြံအစည်တွေ လှည့်ကွက်တွေကို ဆက်လုပ်နေလိမ့်မယ်။ ကျွန်မ ခန့်မှန်းတာ မှန်မယ်ဆိုရင် သူက ရှင့်ကို အန္တရာယ်များတဲ့ တာဝန်တွေ လုပ်ခိုင်းပြီးတော့ ရှင့်ကို တိတ်တဆိတ် ပျောက်ကွယ်သွားအောင် လုပ်လိမ့်မယ်။”
“မင်း ဘာပြောချင်နေတာလဲ။ အပိုတွေ ပြောမနေနဲ့တော့။”
“ရိုးရိုးရှင်းရှင်းလေးပါ။ ကျွန်မတို့ ပူးပေါင်းပြီးတော့ သူ့ကို ဖြုတ်ချမယ်။ ကျွန်မမှာ အစီအစဉ် အပြည့်အစုံ ရှိပြီးသားပဲ။”
“ငါက သူ့ကို ဖြုတ်ချမယ်။ ပြီးရင် မင်းက ငါ့ကို သတ်ပြီးတော့ ဂိုဏ်းအုပ် ဖြစ်လာမှာပေါ့။ ဟုတ်လား။” အသူရာက ဂရုမစိုက်သော မျက်နှာဖြင့် ပြောလိုက်သည်။ ထိုအမျိုးသမီး၏ ရင်ဘတ်ပေါ်သို့ တင်ထားသောလက်က အောက်သို့ လျှောဆင်းလာ၏။
“ရှင်က ကျွန်မကို တော်တော်လေး အထင်သေးတာပဲ။ ပြီးတော့ ရှင့်ကိုယ်ရှင်လည်း အထင်သေးလွန်းတယ်။” ထိုအမျိုးသမီးက ပြုံးလိုက်၏။ သူ၏ ခြေထောက်က အသူရဦ၏ လက်ကို ရုတ်တရက် ညှပ်ထားလိုက်သည်။ “ကျွန်မက လူတွေကို အကဲဖြတ်တာ တော်တ်။ ရှင့်ရဲ့စွမ်းအားက အပေါ်ယံထက် ပိုသာလောက်တယ်။ ပြီးတော့ ယုံကြည်မှု စမ်းသပ်ချက်မှာ ရှင်ပြခဲ့တဲ့ ပါရမီကလည်း အလားအလာကောင်းတယ်။ အဲဒါက ဂိုဏ်းအုပ်ရာထူးတောင် မကဘူး။ ရှင်က နောက်ပိုင်းမှာ ဂိုဏ်းချုပ် ဒါမှမဟုတ် အစောင့်အရှောက်တစ်ယောက် ဖြစ်သွားရင်တောင် အံ့သြစရာ မဟုတ်ဘူး။ ကျွန်မက ရှင့်နောက်က မိန်းမတစ်ယောက်ပဲ ဖြစ်ချင်တာပါ။ ရှင့်ရဲ့ အင်အားအကြီးဆုံး အထောက်အပံ့ပေါ့။ အခု ကျွန်မရဲ့ နောက်ခံနဲ့ အချိတ်အဆက် အားလုံးကို အသုံးချပြီးတော့ ရှင့်ကို ထိပ်ဆုံးရောက်အောင် ကူညီပေးနိုင်တယ်။ ဒါက ရေရှည် ရင်းနှီးမြှုပ်နှံမှုလို့ မြင်လို့ရတယ်။”
“ကောင်းပြီလေ။” အသူရာက သေချာတွေးလိုက်သော အမူအရာတစ်ခု ပြသပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
အမျိုးသမီး၏ အမူအရာက ပို၍ ကလူကျီစယ်သလို ဖြစ်သွားပြီး သူ့ပေါင်တံက အသူရာ၏ လက်ကို စတင်ပွတ်သပ်နေတော့သည်။ “ဒါဆိုလည်း ကျွန်မရဲ့ အစီအစဉ် အကြောင်း မပြောခင်မှာ အရေးကြီးတဲ့ ကိစ္စတချို့ကို အဆုံးသတ်ကြတောပေါ့....” အသူရာက ခပ်ညစ်ညစ် ပြုံးလိုက်ပြီးနောက် အမျိုးသမီး၏ခေါင်းကို သူ၏ ပေါင်ကြားဆီသို့ တွန်းချလိုက်၏။
ချန်လွေ့က နောက်ပိုင်း ဆက်ဖြစ်သည့်အရာများကို ခါးသက်သက်ဖြင့် စကားတစ်လုံးသာ ပြောနိုင်ခဲ့သည်။ “ခွေးကောင်...”
မူလမှတ်ဉာဏ်တွေက အတော်လေး ကောင်းနေသေးတယ်။ ငါက ဘာလို့ ရုတ်တရက် ဒီလိုမျိုး ကာမရမ္မက် ရုပ်ရှင်ထဲ ရောက်သွားရတာလဲ။ ဒါက ရုပ်ရှင် ကြည့်ရသလိုလဲ မဟုတ်ဘူး။ အသိစိတ်ထဲမှာ တကယ် ခံစားနေရတာ။ ချန်လွေ့က မျက်လုံးကို မှိတ်လိုက်သည့်တိုင် စိတ်လှုပ်ရှားမှုများကို ရှောင်တိမ်း၍ မရနိုင်ပေ။
ချန်လွေ့က မိမိ၏ပေါင်ကြား တဖြည်းဖြည်း ပူလာကြောင်း ခံစားမိလိုက်သည်။ သူက မခံနိုင်တော့ဘဲ မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ မြင်ကွင်းက ပြောင်းလဲသွားပြန်ကြောင်း ခံစားလိုက်ရသည်။
ဒီမြင်ကွင်းကို နည်းနည်း ရင်းနှီးနေတယ်။ မဟုတ်ဘူး။ တော်တော်လေး ရင်းနှီးနေတယ်။
ဒါက အမှောင်လအိပ်က အိပ်ခန်းပဲ။
ဒါနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက မာမာတောင့်တောင့်ကို ဆော့နေတဲ့ ဆံပင် အနက်နဲ့ ကောင်မလေးကိုလည်း ရင်းနှီးနေသလိုပဲ။
လခွမ်း!!
ရင်းနှီးမှာပေါ့။ ဒါက..... မစ်-နဂါးနက်ပဲ!!
ဘောင်းဘီတို ရှိနေသေးသော်လည်း ကောင်မလေးက အတော်လေး နီးကပ်နေပြီး ထောင်နေသောနေရာကို သိချင်စိတ်ဖြင့် လက်ညှိုးဖြင့် ထိကြည့်လိုက်သည်။
ချန်လွေ့က သိမ့်သိမ့်တုန်သွားပြီး ချက်ချင်း ထထိုင်လိုက်သည်။ “အိုလီဖီးရက်စ်။ မင်း ဘာလုပ်နေတာလဲ။”
မစ်-နဂါးနက်က အံ့အားသင့်သွားသည်။ သူ၏ အမူအရာက ခဏတာ အေးခဲသွားပြီးနောက် အော်ပြောလိုက်သည်။ “သူဌေး။ ရှင် နိုးလာပြီပဲ။”
“နိုးလာပြီ ဟုတ်လား။ ငါ ဘယ်လောက်တောင် အိပ်ပျော်သွားတာလဲ။”
ကောင်မလေး မလိုက်သော စောင်ကို ချန်လွေ့ကို ဆွဲယူပြီး ခန္ဓာကိုယ်ပေါ်၌ တင်လိုက်သည်။ ကြောက်လန့်မှုကြောင့် စိတ်လှုပ်ရှားနေသော တစ်စုံတစ်ခု၏ အမြင့်က ရုတ်တရက် နိမ့်ကျသွားခဲ့သည်။ မစ်-နဂါးနက်က ၎င်းကို အတော်လေး စိတ်ဝင်စားနေဟန် တူသော်လည်း ဆက်လက်၍ မလေ့လာခဲ့ပေ။ ထိုအစားက သူက ခုန်ပေါက်လိုက်ပြီး အခန်းအပြင်ဘက်သို့ အော်ခေါ်လိုက်၏။ “သူဌေး နိုးလာပြီ။ ကျွန်မ သူဌေးကို ကယ်လိုက်တာ။”
ပထမစကားက အဆင်ပြေသော်လည်း ဒုတိယစကားက ချန်လွေ့ကို ကြောင်သွားစေသည်။ ကယ်တင်တယ် ဟုတ်လား။
မိနစ်အနည်းငယ် ကြာပြီးနောက် ရင်းနှီးသော မျက်နှာများက အခန်းထဲသို့ ရောက်ရှိလာကြသည်....
ဇိုလာ၊ ပါ့ဂ်လီအို၊ ရိုမန်၊ ဒေလီယာ....
ရိုလာက ထိုင်နေသော ချန်လွေ့ကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေကာ ရုတ်တရက် ချန်လွေ့၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။
ချန်လွေ့က မစ်-နတ်မိမယ်နဂါး၏ စိတ်လှုပ်ရှားမှုကို ခံစားမိလိုက်ပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ရင်းနှီးသောရနံ့ကို နမ်းရှိုက်နေရင်း သူက အတော်လေး အေးချမ်းသွားခဲ့လေသည်။ ဒီခံစားချက်က ချစ်သူ နဲ့ မိသားစုပဲ။
“အာ..အဟမ်း..ဟိုလေ..” ဆရာသခင် အဆိပ်နဂါးက “အချစ်ငှက်နှစ်ကောင်”အား သတိပေးရန်အတွက် တမင်တကာ ချောင်းဟန့်လိုက်၏။ မင်းဘေးမှာ တစ်ယောက်ယောက် ရှိနေတယ်။
မစ်-နတ်မိမယ်နဂါးက ခေါင်းမော့ပြီး ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။ “ဘာလဲ။”
ထိုအကြည့်ကြောင့် ဆရာသခင် အဆိပ်နဂါးက အနည်းငယ် ရှက်သွားခဲ့သော်လည်း ဒေလီယာက အချိန်မီ ပြောလိုက်၏။ “ခေါင်းဆောင်။ နောက်ဆုံးတော့ နိုးလာပြီပဲ။”
ချန်လွေ့၏ ဇိုလာ၏ကျောကို အသာလေး ပုတ်ပြီး လက်မောင်းကို လွှတ်လိုက်သည်။ “ငါ အကြာကြီး အိပ်နေခဲ့တာလား။”
ရိုမန်က ပြုံးဖြီးဖြီး လိုက်လိုက်၏။ “သိပ်မကြာပါဘူး။ တစ်လပဲ ရှိသေးတယ်။”
တစ်လတောင်လား။ ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ “အကြာကြီးပဲ။”
အဲဒါက အိပ်မက်တစ်ခုပဲ မဟုတ်ဘူးလား။
“ကြည့်ရတာ ရှင် အဆင်ပြေနေတဲ့ပုံပဲ။” ဒေလီယာက ခေါင်းညိတ်လိုက်သည်။ “ကြယ်ကြွေတမန်ကို ရှင်ပြန်ရောက်တဲ့ပုံစံက တော်တော်လေး ဆိုးနေတယ်။ အသီနာနဲ့ ရှီရာက ရှင့်ကို တော်တော်လေး စိတ်ပူနေတာ။ အထူးသဖြင့် ခီရာ၏ မျက်လုံးတွေက နေ့တိုင်း ရောင်ကိုင်းနေခဲ့တယ်။ သူက အခုဆိုရင် ပျော်ပြီးတော့ ခုန်ပေါက်နေလောက်ပြီ....”
“သူဌေးကို ကျွန်မ ကယ်တင်ခဲ့တာ။” မစ်-နဂါးနက်က မျက်နှာပေါ်၌ မဖုံးကွယ်ထားသော ဂုဏ်ယူမှုဖြင့် စကားဖြတ်ပြောလိုက်သည်။
ရိုမန်က ကြက်သေသေသွား၏။ “နဂါးနက်တွေက မှော်မသုံးတတ်ပါဘူး။ မင်း ခေါင်းဆောင်ကို နိုးလာအောင် ဘယ်လိုလုပ်လိုက်တာလဲ။”
“ကျွန်မက.....”
“အာ....” ချန်လွေ့က အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်သည်။ “ငါ သတိလစ်နေတုန်း ဘာတွေ ဖြစ်ခဲ့တာလဲ။ အင်ပါယာသုံးခုက စစ်ဖြစ်နေတုန်းလား။ ငြိမ်းချမ်းရေး စကားဝိုင်းက ဘယ်လိုဖြစ်သွားလဲ။”
“အတိအကျ ပြောရရင်တော့ အင်ပါယာသုံးခုရဲ့ စစ်ပွဲက ဆက်ဖြစ်နေတုန်းပဲ။” အစ်ဇဘယ်လာ၏အသံက တံခါးဆီမှ ထွက်ပေါ်လာသည်။ မဒမ်-ဒေါ်လေး၏မျက်နှာက လှပနေဆဲဖြစ်သော်လည်း အနည်းငယ် နွမ်းလျနေပုံရသည်။ သူက ထိုအချိန်အတွင်း အတော်လေး စိုးရိမ်နေခဲ့သည်မှာ အသိအသာပင်။
ထိုသူက နောက်ဆုံး၌ ဘေးကင်းကြောင်း မြင်သည့်အခါ မစ်-ရင်းနီ၏ မျက်လုံးများက ဖုံးကွယ်မထားသော ပျော်ရွှင်မှုကို ပြသလိုက်သည်။
အစ်ဇဘယ်လာ၏စကားကြောင့် ချန်လွေ့က ရင်မောသွားခဲ့သည်။ သို့သော်လည်း မဒမ်-ဒေါ်လေးက အလျင်အမြန်ပင် အဖြေမှန်ကို ပြောလိုက်သည်။ “အင်ပါယာသုံးချင်း အချင်းချင်းတော့ တိုက်ခိုက်တာ မဟုတ်ဘူး။ အတွင်းရေး တိုက်ပွဲတွေပဲ။”
မှော်ဆရာခံတပ် တိုက်ပွဲအတွင်း အင်ပါယာသုံးခုတွင်လည်း အတွင်းရေး တိုက်ပွဲ အများအပြား ဖြစ်ခဲ့ပြီး ကြယ်ကြွေတမန်အင်ပါယာလည်း ခြွင်းချက် မဟုတ်ပေ။ မြို့တော်နှင့် နယ်မြေ၄ခု၌ သူပုန်ထမှု အများအပြားရှိနေခဲ့သည်။ ကံကောင်းစွာပင် ရှီရာ တော်ဝင်မိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့် အိုလီဗာအား မြို့တော်ကို အစ်ဇဘယ်လာ၏ အကူအညီနှင့်အတူ စောင့်ကြပ်ရန် ထားခဲ့၏။ အဖြစ်အပျက်က ရုတ်တရက် ဖြစ်သော်လည်း သူတို့က အခြေအနေကို နောက်ဆုံး၌ တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။
မှော်ဆရာခံတပ်က ပုန်ကန်မှုကို အရင်ဖြေရှင်းရန်အတွက် ငှက်တောင်ဖြူ နယ်မြေမှ လော့ဒ်-စီကာလီနှင့်အတူ ပူးပေါင်းရန် စစ်တပ်ကြီးတစ်ခုကို စေလွှတ်ခဲ့သည်။
အမှောင်လနယ်မြေ၏ တုံ့ပြန်မှုကလည်း အတော်လေး မြန်ဆန်လှသည်။ ဒေလီယာနှင့် အခြားသူများ၏ အကူအညီနှင့်အတူ အသီနာက အလျင်အမြန်ပင် သူပုန်များကို နှိမ်နင်းခဲ့ပြီး ချော်ရည်ပြာနယ်မြေနှင့် လိပ်ပြာနီနယ်မြေတို့ထံ တပ်ဖွဲ့များ စေလွှတ်နိုင်ခဲ့ကာ ပုန်ကန်မှုကို ဖိနှိပ်နိုင်ခဲ့သည်။
အုပ်ချုပ်သူ သုံးဦးက တစ်ချိန်တည်းမှာပင် လှုပ်ရှားနေကြပြီး အင်ပါယာ သုံးခုက တဖြည်ဖြည်းနှင့် အခြေအနေ တည်ငြိမ်သွားခဲ့သည်။
ထိုပုန်ကန်မှုများက နှစ်ပေါင်းများစွာကြာအောင် သွေးမြေကျ စီစဉ်ထားသော လျို့ဝှက်အင်အားစုများ ပေါက်ကွဲထွက်လာခြင်းဖြစ်ကြောင်း ချန်လွေ့ သေချာသိသည်။ အကယ်၍ တဲရစ်က နင်ဘတ်စ်မြို့၌ အုပ်ချုပ်သူသုံးဦးကို သတ်ပစ်ခဲ့လျှင် တဲရစ် (သန်းခေါင်နေ) နတ်ဆိုးဘုံကို ပေါင်းစည်းမည့် လျို့ဝှက်အကြံအစည်က အောင်မြင်သွားနိုင်ချေ များပေသည်။
“အုပ်ချုပ်သူ သုံးဦးက ခုနစ်ရက်အတွင်း အရိပ်နက်အင်ပါယာမှာ ငြိမ်းချမ်းရေး စကားဝိုင်းကို ပြန်စမယ်။ ဒါနဲ့ ကျွန်မတို့ရဲ့ ကြင်ရာတော်မင်းသား သတိလစ်နေတုန်း ဧကရီအရှင်မက အမြဲတမ်း မေးနေခဲ့တယ်။ ကြင်ရာတော်မင်းသားက ဧကရီအရှင်မ အတွက် ဒီအရေးပါတဲ့ ညှိနှိုင်းမှုကို သေချာပေါက် လွဲချော်ချင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”
အစ်ဇဘယ်လာ၏ စကားများကြောင့် ဇိုလာက နှာမှုတ်ပြီး တစ်စုံတစ်ယောက်၏ လက်ကို တွန်းထုတ်လိုက်သည်။ ဒါက အလုပ်ကိစ္စလေ။ သလင်းကျောက် မောင်းမဆောင် တိုက်ပွဲနဲ့ ဘာလို့ ဆက်စပ်ရတာလဲ။ ပြီးတော့ မင်းက လူနာရဲ့ စိတ်အခြေအနေကို ဂရုမစိုက်ဘူးလား။
ချန်လွေ့၏ ခါးသက်သက် အမူအရာကို မြင်သည့်အခါ အောင်အောင်မြင်မြင်နှင့် ရန်စလိုက်နိုင်သော မဒမ်-ဒေါ်လေးက ပြုံးလိုက်မိသည်။ သူက အဆက်မပြတ် ကြွားနေသော မစ်-နဂါးနက်အား မေးလိုက်သည်။ “အိုလီဖီးရက်။ နင် သူဌေးကို ဘယ်လိုမျိုး ကယ်တင်ခဲ့တာလဲ။”
မစ်-နဂါးနက်၏ ပျော်ရွှင်နေသောပုံစံနှင့် ဘေးဖက်မှ မစ်-နတ်မိမယ်နဂါးထံမှ လျှပ်စီးပွင့်များ စတင်ထွက်လာသည်ကို မြင်သည့်အခါ ဇာတ်လိုက်မင်းသား၏ မျက်နှာက ပို၍ပင် ခါးသက်သွားတော့သည်။ ကြည့်ရတာ ကံဆိုးတဲ့နေ့တွေ စလာပြီထင်တယ်။
ဒီလိုမှန်းသာ သိခဲ့ရင် ငါ နည်းနည်းလောက် ထပ်ပြီးတော့ “အိပ်” နေဦးမှာ.....
နတ်ဆိုးသမက် စာစဉ်(၄၇) ပြီးပါပြီ....