← Chapters

နိဗ္ဗာန်စွမ်းအား ပြောင်းလဲမှု

Vol. 47 Ch. 747

နိဗ္ဗာန်စွမ်းအား ပြောင်းလဲမှု

Vol. 47 Ch. 747

ချန်လွေ့က စိတ်ဝိညာဉ်ကို အပြည့်အဝ အာရုံစူးစိုက်ထားပြီး ပိတ်ထားသော တံခါးကို စိုက်ကြည့်နေခဲ့သည်။ မှော်တဲအိမ်၏ အပူရှိန်က တဖြည်းဖြည်း မြင့်တက်လာ၏။ ထိုအရာက သန့်စင်သော အပူရှိန်မဟုတ်ဘဲ အသက်အဆင့်မြင့်လာခြင်းမျိုး ဖြစ်သည်။

နိဗ္ဗာန်စွမ်းအားက စုဆောင်းမှုနှင့် ကျင့်စဉ် ရှည်ကြာရန် လိုအပ်သော “အသွင်ပြောင်း” လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ကတ်သရင်းကဲ့သို့ အတင်းဖောက်ထွက်ခြင်းကို အမှန်တကယ် အကြံမပြုပေ။ သို့ရာတွင် သူ့၌ [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] ရှိနေသည့်အတွက် ပိုကောင်းသော ရွေးချယ်စရာ မရှိခဲ့ပေ။

အချုပ်အနှောင် တင်းကြပ်လှသည့်အတွက် ကျင့်စဉ်များနှင့် အဆင့်များကို ရိုးရိုးရှင်းရှင်းသာ ပြုလုပ်လိုက်ရသည်။ ထို့ကြောင့် အောင်မြင်နှုန်းက လျော့ကျသွားမည် ဖြစ်သည်။ သို့ရာတွင် ကြယ်စင်စုပိုင်နက်က ထုတ်လုပ်ထားသော အရှိန်အဝါ သစ်သီးများက ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းပြီးနောက်တွင် အလွန်အမင်း ထိရောက်ပြီး မိစ္ဆာတလဲသီးထက်ပင် ပိုသာလွန်သွားခဲ့သည်။ အချုပ်ပြောရလျှင် အောင်မြင်နိုင်ချေက သာမန်တော်ဝင်မိသားစုထက် များစွာ ကြီးမားပေသည်။

မှော်တဲအိမ် အပူရှိန်တိုးလာခြင်းက ကတ်သရင်းက အရှိန်အဝါသစ်သီးမှ စိတ်ဝိညာဉ်ကို စုပ်ယူနေပြီး “မီးတောက်စုဆောင်းခြင်း” လုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် ပြီးဆုံးသွားကြောင်း ပြသနေ၏။ အရေးအကြီးဆုံးဖြစ်သော နောက်တစ်ဆင့်ဖြစ်သည့် “မီးတောက်ရေချိုးခြင်း” စတင်တော့မည်ဖြစ်သည်။

ထိုအရာက အန္တရာယ်အများဆုံး အဆင့်လည်း ဖြစ်၏။ သူက [ နိဗ္ဗာန်မီးတောက် ] အား အကန့်အသတ်ကို ကျော်လွန်အောင် ဝိညာဉ်စွမ်းအားဖြင့် လောင်မြိုက်ရန် လိုအပ်ပြီး နိဗ္ဗာန်စွမ်းအားကို ထိန်းချုပ်ကာ [ နိဗ္ဗာန်မီးတောက် ] နှင့် ပေါင်းစပ်ရန်အတွက် “မီးဖုတ်ခြင်း” နည်းလမ်းမှတဆင့် ဆေးကြောသန့်စင်ရမည် ဖြစ်သည်။ သို့မှသာ ဝိညာဉ်မှ ခန္ဓာကိုယ်အထိ အရည်အသွေးအရ ပြောင်းလဲမှုများ ဖြစ်လာနိုင်ပေမည်။ လုပ်ငန်းစဉ် တစ်ခုလုံးကို အသက်သွင်းပြီးသည်နှင့် ရပ်တန့်၍ မရနိုင်တော့ပေ။ အနည်းငယ် သတိ လွတ်သွားခြင်းက တန်ပြန်စေနိုင်ပြီး [ နိဗ္ဗာန်မီးတောက် ] ကြောင့် ချေမှုန်းခံလိုက်ရနိုင်၏။

နှစ်ထောင်ပေါင်းများစွာကြာအောင် မရေမတွက်နိုင်သော ပါရမီရှင်များက ထိုအဆင့်၌ ရှုံးနိမ့်ခဲ့ကြသည်။

ကတ်သရင်း၏ ခန္ဓာကိုယ်က မီးတောက်နက်များ ထွက်ပေါ်လာနေသည်။ ထိုမီးတောက်များနှင့် မြင့်မားသော အပူရှိန်က ဝိညာဉ်ကို ဦးတည်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ဘေးဖက်မှ ပရိဘောဂများနှင့် အခြားပစ္စည်းများက မီးတောက်ကြောင့် သက်ရောက်မှု မရှိခဲ့ပေ။

မီးတောက်နက် အလင်း‌ရောင်က စတင် ခုန်လာပြီး ထူးခြားသော စည်းချက် တစ်ခုနှင့်အတူ မြင့်တက်လာကာ အတွင်းထဲ၌ အလွန်အမင်း သန့်စင်သော အနီရောင် တစ်ခုသာ တဖြည်းဖြည်း ပေါ်ထွက်လာ၏။ ၎င်းက [ နိဗ္ဗာန်မီးတောက် ] ပင်။

ချန်လွေ့က ထိုသန့်စင်သော ဝိညာဉ်မီး မြင့်တက်လာသည်ကို သေသေချာချာ ခံစားမိနေပြီး သူ့ဝိညာဉ်က ဆေးကြောပြီး သိမ်မွေ့သွားသလို ဖြစ်သွားသည်။ သို့ရာတွင် သူက ထိုခံစားချက်ကို ခံစားနေရန် စိတ်မပါပေ။ သူ၏စိတ်က အမြဲပင် မတည်မငြိမ် ဖြစ်နေပြီး ကိုယ်ပိုင်လေ့ကျင့်ရေးထက်ပင် ပို၍ စိုးရိမ်နေခဲ့သည်။

“ကျွန်မကို မမေ့လိုက်နဲ့။”

ချန်လွေ့က မျက်လုံးကိုပိတ်ရန် အကောင်းဆုံး ကြိုးစားလိုက်သော်လည်း ဧကရီ၏ အပြုံးက သူ့စိတ်ထဲ၌ ပေါ်ထွက်လာသည်။ ဂုဏ်ကျက်သရေနှင့် ဟန်ဆောင်နေခြင်တို့ မရှိဘဲ သဘာဝအတိုင်း ညင်သာမှုနှင့်သာ ဖြစ်၏။

ထိုအချိန်က ထီးနန်းတက်ပြီးကတည်းက ကတ်သရင်းအတွက် အရာအားလုံးကို ပစ်ချပြီး ပထမဆုံး စစ်မှန်သော အပြုံးမျိုး ပြသခဲ့ခြင်း ဖြစ်လောက်ပေသည်။

ယောက်ျားတစ်ယောက်အတွက်....

ထိုအရာက သူ၏ နှုတ်ဆက်ခဲ့ခြင်းပင်။

ချန်လွေ့က လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ အနာဂတ်မှာ ငါတို့က တကယ်ပဲ လမ်းကြောင်းမတူရင်တောင် ဒီတစ်ခေါက်တော့...သူ အောင်မြင်မှရမယ်။

ရုတ်တရက် ဝိညာဉ်၏ မီးတောက်အငွေ့အသက်ထဲ၌ မတည်ငြိမ်မှု အရိပ်အယောင် ထွက်ပေါ်လာသည်။

ချန်လွေ့က မျက်လုံးကို ရုတ်ချည်းဖွင့်လိုက်သော်လည်း ကတ်သရင်းကို နှောင့်ယှက်မိမည် စိုးသည့်အတွက် အလောတကြီး မလှုပ်ရှားရဲခဲ့ပေ။

မတည်ငြိမ်သော ဝိညာဉ်မီးက တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် မူလအတိုင်း တည်တည်ငြိမ်ငြိမ်နှင့် မြင့်တက်လာနေသော စည်းချက်အတိုင်း ပြန်ဖြစ်သွား၏။ သို့သော်လည်း ခဏကြာပြီးနောက် မူမမှန်မှုများ စတင် ပေါ်ထွက်လာပြန်သည်။ အကြိမ်ကြိမ် အဖန်ဖန် ပြီးနောက်တွင် ချန်လွေ့က ချွေးများ စိုရွှဲနေခဲ့သည်။ ယခုတော့ သူက စောင့်ဆိုင်းရသည့် ခံစားချက်ကို နားလည်သွားလေပြီ။ သူက အကြိမ်ပေါင်းများစွာ အပြေးဝင်သွားပြီး ကြည့်ချင်ခဲ့သော်လည်း စိတ်ကို ထိန်းထားလိုက်ပြန်သည်။

“အား...” ကတ်သရင်း၏ ဖိနှိပ်ထားသော ညည်းတွားသံက ချန်လွေ့၏ နားထဲမှ ပေါ်ထွက်လာ၏။ သူ ထပ်ပြီး ဂရုမစိုက်နိုင်တော့ဘဲ မတ်တပ်ရပ်ကာ အခန်းတံခါးကို ဖွင့်လိုက်သည်။

တံခါးကို ဖွင့်လိုက်ပြီးနောက် မျက်စိကျိန်းမတတ် ဖြစ်နေသော အနီရောင် အလင်း တစ်ခုကို မြင်လိုက်ရသည်။ ကတ်သရင်းက ကြမ်းပြင်ပေါ်၌ ထိုင်နေပြီး အနီနှင့် အနက် တလှည့်စီ ဖြစ်နေသော မီးတောက်များက ဝိုင်းရံထားကြသည်။ တင်းမာနေသော မျက်နှာ အမူအရာက ကြီးစွာသော နာကျင့်မှုကို ခံနေရကြောင်း ပြသနေ၏။

ဝိညာဉ်အငွေ့အသက်က တဖြည်းဖြည်း ပို၍ မတည်မငြိမ်ဖြစ်လာပြီး မှော်တဲအိမ် တစ်ခုလုံးက ဂနာမငြိမ်သော ပူလောင်သည့် အငွေ့အသက်များ ပြည့်သွားခဲ့သည်။ ချန်လွေ့က နိဗ္ဗာန်စွမ်းအားကို ကိုယ်တိုင် မကြုံတွေ့ဖူးသော်လည်း ကတ်သရင်းက ယခုတွင် အလွန်အမင်း အန္တရာယ်များသော အခြေအနေသို့ ရောက်နေကြောင်း သိလိုက်သည်။

ကတ်သရင်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါနေပြီး ဝိညာဉ်ဖြင့် အသက်သွင်းသော [ နိဗ္ဗာန်မီးတောက် ] ကို မဖိနှိပ်နိုင်တော့ပုံရသည်။

“ဝှစ်....”

အနီရောင်မီးတောက် လောင်ကျွမ်းသွားခဲ့ပြီး ကတ်သရင်း၏ ကိုယ်ပိုင် နိဗ္ဗာန်စွမ်းအားကို ကိုယ်စားပြုသည့် မီးတောက်နက်က အားနည်းသထက် အားနည်း၍ လာခဲ့သည်။ လုံးဝ ဝါးမျိုခံရလုနီးပါး ဖြစ်နေ၏။

ကတ်သရင်း၏ခန္ဓာကိုယ်က အနီရောင် [ နိဗ္ဗာန်မီးတောက် ] ဖြင့် ရစ်ပတ်ခြင်း ခံလိုက်ရသောအခါ တုန်ခါမှု ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း သူ၏အသက်ဓာတ်က သိသိသာသာ ကျဆင်းလာ၏။

“ကတ်သရင်း...” ချန်လွေ့ အစိုးရိမ်နေဆုံးအရာ နောက်ဆုံးတော့ ဖြစ်လာခဲ့လေပြီ။ သူက [ နိဗ္ဗာန်မီးတောက် ] ကို ချုပ်ထိန်းရန်အတွက် အပြေးသွားကာ ကြိုးစားကြည့်သည်။ အနားသို့ မကပ်နိုင်ခင်မှာပင် သူက မမြင်နိုင်သော အားတစ်ခုကြောင့် ပြန်ကန်ခံလိုက်ရ၏။ ထိုအရာက [ နိဗ္ဗာန်မီးတောက် ] ၏ အားစက်ကွင်းပင်။

အက်စ်မိုဒက်စ် တော်ဝင်မိသားစုဝင်တိုင်းအတွက် နိဗ္ဗာန်စွမ်းအား ကျင့်နေစဉ်အတွင်း အသုံးပြုသော [ နိဗ္ဗာန်မီးတောက် ] က ကိုယ်ပိုင် အကန့်အသတ်ထက် ကျော်လွန်သော အဆင့်ဖြစ်သည်။ နိဗ္ဗာန်အဆင့်မြင့်လေလေ၊ ထွက်ပေါ်လာသော [ နိဗ္ဗာန်မီးတောက် ] စွမ်းအားလည်း ပိုမိုကြီးမားလေလေပင် ဖြစ်၏။

မူလကတည်းက ကတ်သရင်း၏စွမ်းအားက ချန်လွေ့အထက်တွင် ရှိသည်။ ယခုတွင် ထိုအရာက ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအား ဖြစ်သည်။ ဖြစ်ပေါ်လာသော [နိဗ္ဗာန်မီးတောက်] ကလည်း သေချာပေါက် ချန်လွေ့၏ လက်ရှိစွမ်းအားထက် သာလွန်နေပေမည်။ ထို့အပြင် “မီးတောက်ရေချိုးခြင်း” စတင်သည်နှင့် ရပ်တန့်၍ မရနိုင်တော့ပေ။

“မဖြစ်ဘူး။ တစ်နည်းနည်း ရှိရမယ်။ စိတ်အေးအေးထား။ စိတ်အေးအေးထား။”

ချန်လွေ့က ကိုယ့်ကိုယ်ကိုယ် စိတ်အေးအေးထားရန် ပြောနေသော်လည်း ကတ်သရင်း၏ခန္ဓာကိုယ်က စတင်၍ ပျောက်ကွယ်လာပြီး အန္တရာယ် ကျရောက်နေပြီ ဖြစ်သည်။ သူက မည်သို့ စိတ်အေးအေးထားနိုင်မည်နည်း။ သူက [နိဗ္ဗာန်မီးတောက်]၏ မမြင်နိုင်သော အားစက်ကွင်းကိုသာ ဆက်လက်၍ တိုက်ခိုက်နိုင်ရုံသာရှိ၏။

သို့သော်လည်း နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ဝါးမျိုးခြင်း ဂုဏ်သတ္တိကပင် [နိဗ္ဗာန်မီးတောက်]ကို မဖြေရှင်းနိုင်ပေ။ သူနှင့် ကတ်သရင်းတို့ကို ဖောက်ထွင်းမြင်ရသော တံတိုင်းတစ်ခုဖြင့် ခြားထားသကဲ့သို့ ဖြစ်နေသည်။ သူတို့က လက်တစ်ကမ်း အလိုသာ ရှိနေသော်လည်း သေခြင်းရှင်ခြင်းက ခြားနားနေ၏။

ချန်လွေ့၏ နှာခေါင်းနှင့် ပါးစပ်တို့က စွမ်းအား တန်ပြန်မှုကြောင့် သွေးများ ယိုစီးနေသော်လည်း အရူးအမူး ဆက်လက် တိုက်ခိုက်နေသေးသည်။ မှော်တဲအိမ် တစ်ခုလုံးက အပြင်းအထန် တုန်ခါနေလေသည်။

သူက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို အသက်သွင်းရန် အကောင်းဆုံး ကြိုးစားချင်ခဲ့သော်လည်း ပိတ်ဆို့ထားသည့်စည်းမျဉ်းစွမ်းအားကို မဖောက်ထွက် နိုင်သည်က ဝမ်းနည်းစရာပင်။ ကသုတ်သရက် ပေါက်ကွဲမှု စွမ်းအားအောက်တွင် သူ၏ သွေးကြောများက မခံနိုင်တော့ဘဲ ရုတ်တရက် ပေါက်ကွဲထွက်ကာ ချက်ချင်းပင် သူ့ကို သွေးလူသား ဖြစ်သွားစေသည်။

“စောက် အစစ်အမှန်မီးတောက် အချုပ်အနှောင်....” တုန်လှုပ်နေသော ချန်လွေ့က ကြမ်းပြင်ကို အပြင်းအထန် ထုရိုက်လိုက်သည်။ သူ၏ လက်သီးဆုပ်ထဲမှ လက်ချောင်းများက အသားထဲသို့ နက်နက်စိုက်ဝင်နေ၏။ ခန္ဓာကိုယ်နှင့် စိတ်နာကျင်မှုကြောင့် သူ၏ ဘယ်လက်က တဖြည်းဖြည်း ပူလာသည်ကို မခံစားမိနိုင် ဖြစ်နေခဲ့သည်။

[ နိဗ္ဗာန်မီးတောက် ] ထဲ၌ မလှုပ်ရှားနိုင်ဖြစ်နေသော ကတ်သရင်းက သွေးများ ဖုံးလွှမ်းနေသော ပုံရိပ်ကိုကြည့်နေပြီး မျှော်လင့်ချက် အပြည့်ဖြစ်နေသည့် ထိုမျက်လုံးထဲမှ မီးတောက်မှ လွှမ်းခြုံနေသည့် မျက်ရည်တစ်စက် စီးကျလာခဲ့သည်။

“မလာခဲ့နဲ့....”

ကတ်သရင်းက ထိုစကားများကိုသာ ဆိုလိုက်နိုင်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ အားအင်များအကုန်လုံး ကုန်ခမ်းသွားခဲ့သည်။

ချန်လွေ့ တုန်လှုပ်သွား၏။ သူ၏မှတ်ဉာဏ်ထဲမှ မေ့မရသော မြင်ကွင်းတစ်ခု ပြန်လည်ပေါ်ထွက်လာလည်။ မီးတောက်ထဲက မျက်ရည်စက်တွေ....

သူက ပင့်သက်ရှိုက်လိုက်ပြီးနောက် မမျှော်လင့်ဘဲနှင့် စိတ်ကို တည်ငြိမ်အောင် ထားကာ တဖြည်းဖြည်း ထရပ်လိုက်သည်။

ကတ်သရင်းက ချန်လွေ့ သဘောပေါက်သွားပြီဟု ထင်လိုက်ပြီး အနည်းငယ် စိတ်အေးသွားခဲ့သည်။ ရုတ်တရက် ချန်လွေ့၏ခန္ဓာကိုယ်မှ မီးတောက်နက်တစ်ခု ပေါ်ထွက်လာသည်ကို မြင်သည့်ခါ ကတ်သရင်း၏မျက်လုံးများ ကျုံ့သွားခဲ့ရသည်။

[ နိဗ္ဗာန်မီးတောက် ].....

ချန်လွေ့ကိုယ်တိုင်က မည်သည်ကြောင့် ထိုသို့ပြုလုပ်ခဲ့ကြောင်း မသိခဲ့ပေ။ သို့သော်လည်း ထိုအရာက ကတ်သရင်းကို ကယ်နိုင်မည်ဖြစ်ကြောင်း ခံစားမိနေ၏။ ထို့ကြောင့် သေနိုင်သော်လည်း သူက ချက်ချင်း လုပ်ဆောင်ခဲ့ခြင်းပင်။

အသေအချာပင်။ [ နိဗ္ဗာန်မီးတောက် ] ထွက်လာသည့်အခါ ခုခံမှုစွမ်းအား ပျောက်ကွယ်သွား၏။ အနီရောင် [ နိဗ္ဗာန်မီးတောက် ] က အပြေးရောက်လာပြီး ချန်လွေ့၏ [ နိဗ္ဗာန်မီးတောက် ] ထဲသို့ ပေါင်းစပ်သွားသည်။ သူ၏ဝိညာဉ်က ရုတ်တရက် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်မိပြီး အချက်အပြတ် စုတ်ဖြဲခံနေရသကဲ့သို့ ဖြစ်သွားခဲ့သည်။

ချန်လွေ့က အံကိုကြိတ်ပြီး ကြီးစွာသော နာကျင်မှုကို တောင့်ခံနေရင်း ကတ်သရင်းထံ တစ်လှမ်းချင်း လျှောက်လာကာ ခြေလှမ်းတိုင်း၌ စိတ်ကူးကြည့်၍မရနိုင်အောင် နာကျင်နေခဲ့သည်။ ပုတီးစေ့လုံးကြီးသဖွယ် ချွေးများကလည်း ဆက်လက်၍ အငွေ့ပျံနေ၏။

နောက်ဆုံး၌ သူက ကတ်သရင်းထံသို့ ရောက်လာခဲ့ပြီး ထိုင်ချကာ အလေးအချိန် မရှိသလောက်ဖြစ်နေသော မီးတောက်ထဲမှ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။

မီးတောက်နက်က ကတ်သရင်းကို ထိသွားသည်နှင့် သူ၏ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားသော မီးတောက်နက်က ရုတ်တရက် တောင်လောင်လာပြီး ဗလာနတ္ထိနီးပါး ဖြစ်နေသော ခန္ဓာကိုယ်က ပြန်လည်ပုံပေါ်လာကာ သူ၏စွမ်းအားလည်း တဖြည်းဖြည်း ပြန်ရလာခဲ့သည်။

“ငါမင်းကို မိပြီ။”

ခါးသက်သက်အပြုံးကို မြင်သည့်အခါ ကတ်သရင်း၏ မျက်လုံးများက ထိန်းချုပ်မရဘဲ ဒလဟော စီးကျလာတော့သည်။

“ဟုတ်တယ်။ ရှင် ကျွန်မကို မိသွားပြီ။”

ကတ်သရင်းက ခေါင်းကိုမော့ပြီး ချန်လွေ့၏မျက်လုံးထဲသို့ ကြည့်ကာ တဖြည်းဖြည်း အနားကပ်လာသည်။

သူတို့၏နှုတ်ခမ်းများက နှလုံးသားနှစ်ခုကဲ့သို့ပင် အတူတူ ပေါင်းစည်းသွားကြ၏။

ချန်လွေ့၏ [ နိဗ္ဗာန်မီးတောက် ]က ရေပုံးထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။ ခဏအကြာတွင် ကြောက်မက်ဖွယ်ရာ [ နိဗ္ဗာန်မီးတောက် ] က တဖန် ပြန်လည်၍ ပေါက်ကွဲလာပြီး သေခြင်းခံစားချက်က နီးကပ်လာပြန်သည်။ သို့သော်လည်း ကတ်သရင်း၏ မျက်လုံးထဲ၌ စိတ်ပျက်ခြင်းမရှိဘဲ ငြိမ်းချမ်းခြင်းသာ ရှိနေသည်။

ထီးနန်းတက်ပြီးးကတည်းက သူက တစ်ဘဝလုံးကို အင်ပါယာအတွက် မြှုပ်နှံထားခဲ့၏။ ပလ္လင်ပေါ်၌ သူက လုံးဝ မိန်းမတစ်ယောက် မဟုတ်ဘဲ အုပ်ချုပ်သူ တစ်ယောက် ဖြစ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူက မိန်းမတစ်ယောက် ဖြစ်သည်ကို အချိန်အများစု၌ပင် မေ့လျော့နေခဲ့၏။

ကတ်သရင်းက မိန်းမတစ်ယောက်၊ စစ်မှန်သော မိန်းမတစ်ယောက်၊ အချစ်ခံရပြီး တစ်စုံတစ်ယောက်ကိုချစ်သော ပြီးပြည့်စုံသည့် မိန်းမတစ်ယောက်ကဲ့သို့ တစ်ခါမှ မခံစားခဲ့ရဖူးပေ။

ထို့ကြောင့် သူက နောင်တ လုံးဝမရပေ။

ထိုယောက်ျား၏ ရင်ခွင်က အလွန်နွေးထွေးပြီး ငြိမ်းချမ်းလှ၏။

[ နိဗ္ဗာန်မီးတောက် ] က နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်လာတာကိုတောင် ငါ ခံစားမိတယ်။

ဒီအခိုက်အတန့်က အကြာကြီး ဖြစ်နေသလိုပဲ။

နေပါဦး....

ခဏနေဦး....

ဒါက ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်ဘူး။

[ နိဗ္ဗာန်မီးတောက် ] က...

နောက်ဆုံး၌ တစ်ခုခု လွဲနေကြောင်း ကတ်သရင်း ခံစားလိုက်မိသည်။ ယခုက အလွန်အမင်း အန္တရာယ်များပြီး ထိန်းချုပ်၍မရသော [ နိဗ္ဗာန်မီးတောက် ] က အမည်မသိ ပြောင်းလဲမှုအချို့ ဖြစ်သွားပုံရသည်။ ၎င်းက အမှန်တကယ်ပင် အတော်လေး သိမ်မွေ့သွားခဲ့ပြီး သူ၏နိဗ္ဗာန်စွမ်းအားနှင့် အဟန့်အတားမရှိ ပေါင်းစည်းသွားခဲ့သည်။

ထိုပြောင်းလဲမှုက မတော်တဆ မဟုတ်ပေ။ ကတ်သရင်းက ချက်ချင်း တုံ့ပြန်လိုက်၏။ ထိုအရာက ချန်လွေ့နှင့် တစ်ခုခု ပတ်သက်ရပေမည်။

သို့သော်လည်း စဉ်းစားနေရန် အချိန်မရှိပေ။ ငါ ဒီအပြောင်းအလဲကို အခွင့်ကောင်းရယူပြီးတော့ မီးတောက်ရေချိုးခြင်းကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ရမယ်။

ချန်လွေ့လည်း ဘယ်လက်မှ မူမမှန်မှုနှင့် ထူးဆန်းသော ချစ်ချစ်တောက် အပူကို ခံစားမိလိုက်၏။ ထိုအရာက [ နိဗ္ဗာန်မီးတောက် ] တစ်ခုလုံးကို မယုံနိုင်စရာ ပြောင်းလဲမှု ဖြစ်စေခဲ့သော ချစ်ချစ်တောက်အပူ ဖြစ်လေသည်။

ဒါနဲ့ ဒီလိုမျိုး အထူးခံစားချက်နဲ့ သွေးချိတ်ဆက်မှုရှိတဲ့ နွေးထွေးမှုမျိုးက တော်တော်လေး ရင်းနှီးနေသလိုပဲ။ ဒါပေမဲ့ ဘယ်တုန်းက ခံစားမိခဲ့တာလဲ မမှတ်မိဘူး။

“ကျွန်မကို ဒီလိုပဲ ဖက်ထား။ အရင် မလှုပ်နဲ့။” ကတ်သရင်းက ချန်လွေ့၏ လက်မောင်းထဲသို့ ကျရောက်သွားပြီး မျက်လုံးကိုမှိတ်ကာ နိဗ္ဗာန်စွမ်းအားကို တိတ်တဆိတ် လှည့်ပတ်လိုက်၏။ သူက ဝိညာဉ်ကို ပေါင်းစပ်သွားသော [ နိဗ္ဗာန်မီး‌တောက် ] နှင့် သန့်စင်လိုက်သည်။ အမှန်တကယ်ပင် ‌ဖော်ပြ၍မရနိုင်အောင် ချောမွေ့နေ၏။

ကတ်သရင်း၏ စကားကြောင့် ချန်လွေ့က သူဖိထားသော ဘယ်လက်ကို မကြည့်ခဲ့ပေ။ ချန်လွေ့က ကတ်သရင်းကိုသာ ပွေ့ဖက်ထားလိုက်ပြီး သူက [နိဗ္ဗာန်မီးတောက်] စွမ်းအားကို ထိန်းသိမ်းထားနေခဲ့သည်။

တစ်နာရီ ကြာပြီးနောက် ချန်လွေ့၏ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွား၏။ ထိုအချိန်၌ လက်မောင်းထဲမှ ကတ်သရင်းက လှုပ်ရှားလာသည်။ သူ၏ ပထမဆုံး လုပ်ရပ်က လက်ချောင်းကို အပြင်းအထန် ကိုက်လိုက်ခြင်းဖြစ်ပြီး သူ၏ လှပသော မျက်ခုံးများက အနည်းငယ် တင်းမာနေခဲ့သည်။

တကယ်ပဲ။

မီးတောက်ရေချိုးခြင်းကို တကယ် ပြီးမြောက်သွားပြီ။

ဒါက မယုံနိုင်စရာကောင်းလောက်အောင် ချောမွေ့နေတယ်။ ပြီးတော့ ငါ ပထမဆုံး နိဗ္ဗာန်စွမ်းအား နိုးထတုန်းကထက်အောင် ပိုလွယ်ကူနေတယ်။

ဒီလိုနွေးထွေးပြီးတော့ သက်တောင့်သက်သာဖြစ်စေတဲ့ မီးတောက်စွမ်းအားက [နိဗ္ဗာန်မီးတောက်] ဟုတ်သေးရဲ့လား။ ဒါက တော်ဝင်ပါရမီရှင်တွေကို မရေမတွက်အောင် ကျရှုံးစေခဲ့တဲ့ ပဉ္စမမြောက် [ နိဗ္ဗာန်မီးတောက် ] လား။

“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကိုက်နေတာလဲ။” ချန်လွေ့က ကတ်သရင်းကို ထူးထူးဆန်းဆန်း ကြည့်လိုက်၏။

“ကောင်းပြီလေ။ ဒါဆိုရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် မကိုက်တော့ဘူး။” ကတ်သရင်းက ကျီစယ်သော အပြုံးဖြင့် ပြသလိုက်သည်။ ချန်လွေ့က ထိုကဲ့သို့ မိန်းမဆန်သော အမူအရာကို မြင်လိုက်ရသည့်အခါ ပျော်ရွှင်မိသွားသည်။ ဧကရီအရှင်မက ရှေ့သို့တက်လာပြီး ချန်လွေ့၏ လည်ပင်းကို ကိုက်လိုက်တော့သည်။

“အား။ မင်းက သွေးစုတ်ဖုတ်ကောင်လား။ ဘာလို့ ကိုက်တာလဲ။”

ထိုအချိန်၌ ကိုက်နေသောအမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ၏ နွေးထွေးသောလျှာက လည်ပင်းကို ဖြတ်သန်းသွားကာ ချန်လွေ့ကို ကြက်သီးထသွားစေသည်။ ယောက်ျား တစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုက ကျေးဇူးတင်စွာဖြင့် “ဦးမော့” လာခဲ့လေသည်။

“အခက်ခဲဆုံးဖြစ်တဲ့ မီးတောက်ရေချိုးခြင်း ပြီးသွားပြီ။ နောက်တစ်ဆင့်ဖြစ်တဲ့ ပိုးအိမ်ဖောက်ထွက်ခြင်းကို မရောက်ခင် အချိန်အများကြီး ရှိနေသေးတယ်။ ပြီးတော့.... ရှင်လိုချင်နေသလိုပဲ အရှိန်အဝါသစ်သီးရဲ့ “ဘေးထွက်ဆိုးကျိုး”က အစွမ်းပြလာပြီ။”

နောက်ဆုံးစကားကို ပြောနေသည့် အချိန်တွင် ကတ်သရင်းက ဟန်မဆောင်သော အချစ်နှင့် မြတ်နိုးခြင်းတို့ ပါဝင်နေသော ဆွဲဆောင်မှုရှိသည့် ရှားရှားပါးပါး အပြုံးမျိုး ပြုံးပြလိုက်၏။

All Chapters