ပိုးအိမ်မှ ဖောက်ထွက်ခြင်း
Vol. 47 Ch. 749
ရိုမန်တွေးသည်မှာ မှန်ကန်ပေသည်။ ခေါင်းဆောင်က အမှန်တကယ်ပင် “အသက်ရှင်”နေ၏။ ပျော်ပျော်ရွှင်ရွှင် “အသက်ရှင်”နေနေသည်။
ချန်လွေ့သည် အက်စ်မိုဒက်စ် တော်ဝင်မိသားစုကို မည်သည့်အတွက်ကြောင့် ကာမ တော်ဝင်မိသားစုဟုခေါ်ကြောင်း ယခုမှ အနည်းငယ် နားလည်သွားခဲ့သည်။
ကဝေမ မိသားစုနှင့်ယှဉ်လျှင် အက်စ်မိုဒက်စ် တော်ဝင်မိသားစု အမျိုးသမီးများ၏ “ဆွဲဆောင်မှု”က ပို၍အဓိပ္ပာယ်ပွားစေပြီး ပင်ကိုစရိုက် ပိုဆန်သည်။
အကြောင်းရင်းကတော့ ကတ်သရင်းက ချန်လွေ့ကို နှလုံးသား ဖွင့်ဟလိုက်ခြင်း ကြောင့်ပင်။
ညှို့ငင်သော မျက်လုံးတစ်ခုတည်းကပင် ချန်လွေ့ကို ထိန်းချုပ်မရ ဖြစ်စေနိုင်သော အထိရောက်ဆုံး စိတ်ကြွဆေးရည်မျိုး ဖြစ်နေသည်။
ကတ်သရင်းက နှလုံးသားကိုသာမက ခန္ဓာကိုယ်ကိုလည်း ဖွင့်ဟပြခဲ့၏။
နတ်ဆိုးဘုံရှိ ထိတ်တန်းမိန်းမလှ၏ ခန္ဓာကိုယ်....
အပြစ်ကင်းစင်လေခြင်း.....
ထိုအရာက မည်သည်မှ မထိမ်ချန်ဘဲ အရှေ့သို့ ရောက်လာသော ကတ်သရင်းကို မြင်သည့်အခါ ချန်လွေ့၏စိတ်ထဲ၌ ပထမဆုံး ပေါ်လာသော စကားလုံး ဖြစ်သည်။ သို့ရာတွင် သူက အများကြီး စဉ်းစားရန် အချိန်မရှိပေ။ အကြောင်းမှာ သူ့အရှေ့၌ အရာအားလုံးကို လက်လွှတ်ခဲ့သော ချစ်ရသော အမျိုးသမီးကို ရင်ဆိုင်ရသည့်အခါ ယောက်ျားဖြစ်သူက အသိစိတ်ထဲ၌ နာမဝိသေသနများထက် ကြိယာများ ပိုရှိနေသင့်ပေသည်။
ဧကရီအရှင်မက အတော်လေး တက်ကြွလှသည်။ ထိုအခိုက်အတန့်၌ သူက ပညာရှိတစ်ယောက်၊ ဧကရီတစ်ပါး မဟုတ်တော့ဘဲ အထိန်းအကွပ်အားလုံး လွှတ်ချလိုက်သော အမျိုးသမီးတစ်ယောက် ဖြစ်၏။
သူတို့၏ နှုတ်ခမ်းများက တံတွေးများနှင့်အတူ လိမ်ယှက်သွားပြီးနောက် ယောက်ျားနှင့် မိန်းမတို့က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ကြတော့သည်။
လိုဏ်ဂူအပြင်ရှိ ကောင်းကင်၌ ထူးဆန်းသော တိမ်တိုက်များက စတင်၍ စုဆည်းလာပြီး အဖြူရောင် လနှစ်စင်းကို ဖုံးကွယ်လိုက်၏။ ထူးခြားသော စွမ်းအားအချို့ ပေါက်ဖွားလာနေသလို ထင်မှတ်ရသည်။
ဝုန်းဂလုန်း....
ရိုင်ဇန်က သွေးရောင်အင်ပါယာ အဓိကခန်းမ၌ ပလ္လင်ကိုမှီပြီး ကောင်းကင်မှ မိုးကြိုးသံကို အေးအေးဆေးဆေး နားထောင်နေသည်။
“အရှင်မင်းကြီး...” အင်ပါယာအစောင့်တပ်မှူး စတုန်း၏အသံက ခန်းမဝင်ပေါက်မှ ထွက်ပေါ်လာသည်။
ရိုင်ဇန်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ပြီး သူ၏ ကြည်ညိုစရာအကြည့်တွင် ပင်ပန်းမှု အရိပ်အယောင် ရှိနေသည်။
“ရှေ့တန်းက အရေးပေါ်သတင်းပါ။”
စတုန်းက တိုက်ပွဲ သတင်းပို့ချက်ကို ဖွင့်ပြီးကြည့်လိုက်ရာ ဖုံးကွယ်၍မရနိုင်သော ထိတ်လန့်မှုတစ်ခု ပြသလိုက်သည်။ အင်ပါယာအစောင့်တပ်မှူးက အလျင်အမြန်ပင် စိတ်ပြန်ထိန်းပြီး ဖတ်ပြလိုက်၏။ “မဟာမင်းသား အလီရက်စ် သတ်သေသွားသည်။ ပထမဗိုလ်ချုပ် ဂူစတက်ဗ်က တိုက်ခိုက်မှုကို ရပ်တန့်ပြီး မင်းသားငယ် တဲရစ်က မဟာမင်းသား၏ အလောင်းကို မြို့တော်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားသည်။”
ရိုင်ဇန်၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားပြီး လက်စွပ်ဝတ်ထားသော သူ၏ ဘယ်လက်က တုန်လှုပ်သွားခဲ့သည်။ သို့သော်လည်း သူ့မျက်နှာက အေးစက်နေဆဲပင်။
“ငါ့အမိန့်ကို ပြန်ကြားလိုက်။ ဂူစတက်ဗ်က မှော်ဆရာခံတပ်ကို ဆက်တိုက်ရမယ်။ တဲရစ်က လက်ထောက်တပ်မှူးပဲ။ သူက ခွင့်ပြုချက် မရှိဘဲနဲ့ ရှေ့တန်းကနေ ထွက်သွားလို့ မရဘူး။”
“အမိန့်အတိုင်းပါ။” စတုန်းက အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ “မဟာမင်းသား....”
ရိုင်ဇန်က ရှင်းမပြဘဲ ပြောလိုက်သည်။ “တောင်ပိုင်းကို ချီတက်ဖို့အတွက် အင်ပါယာ အစောင့်တွေ ချက်ချင်း စေလွှတ်လိုက်။”
စတုန်းက ထိတ်လန့်သွားပြီး ဦးညွှတ်လိုက်သည်။ “အမိန့်အတိုင်းပါ။”
အင်ပါယာအစောင့်များက ဧကရာဇ်၏ လက်အောက်တွင် တိုက်ရိုက်ရှိသော သစ္စာအရှိဆုံးနှင့် အင်အားအကြီးဆုံး စစ်တပ် ဖြစ်သည်။ အင်ပါယာအစောင့်များကို ချီတက်ရန် အမိန့်ပေးရခြင်းမှာ မဟာရိုင်ဇန်က မှော်ဆရာခံတပ်ကို ကိုယ်တိုင် သွားရောက်ရန် ဆိုလိုခြင်း ဖြစ်သည်။
စတုန်း ထွက်သွားပြီးနောက် ရိုင်ဇန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး တိုးတိုးလေး ပြောလိုက်၏။ “အလီရက်စ်.....”
ယခင်ကကဲ့သို့ အမုန်းတရားနှင့်မတူပဲ ထိုအသံထဲ၌ အထီးကျန်မှု အနည်းငယ် ရှိနေကာ သူ့မျက်လုံးထဲမှ ပင်ပန်းသော အမူအရာလည်း ပိုမို ပြင်းထန်လာခဲ့သည်။
ဘယ်သူမှမရှိသော ခန်းမထဲ၌ ပလ္လင်ကိုမှီနေသော ပုံရိပ်က ဖော်ပြ၍မရသော အထီးကျန်မှုကို ပြသနေ၏။
အလီရက်စ် သတ်သေသွားသော သတင်းက လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ မှော်ဆရာခံတပ်ကလည်း ထိုသတင်းကို ချက်ချင်း ရရှိလိုက်သည်။
အမိန့်ပေးဌာနထဲ၌ တိုက်ခိုက်ရေး အစည်းအဝေးတစ်ခု ကျင်းပနေ၏။
ဆာရန်ဒီက ပြောလိုက်သည်။ “တော်ဝင်မင်းသား အလီရက်စ် သေဆုံးတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ စစ်သေနာပတိက သတ်သေသွားတာဆိုတော့ သွေးရောင်အင်ပါယာရဲ့ စိတ်ဓာတ်ရေးရာကို ထိခိုက်သွားစေမှာပဲ။ သွေးရောင်အင်ပါယာက အခု တိုက်ခိုက်တာက ရပ်ထားတယ်။ ဒါက ကျုပ်တို့အတွက် အဖိုးတန်တဲ့ အခွင့်အရေး တစ်ခုပဲ။ အခုလက်ရှိမှာ မှော်ဆရာခံတပ်ရဲ့ ခုခံရေးပစ္စည်းတွေက အပြင်းအထန် ထိခိုက်ထားတယ်။ အထူးသဖြင့် မြို့တံတိုင်းတွေပဲ။ ပြင်ဆင်ဖို့ အမြန်လုပ်ရမယ်။ ပြီးတော့ ဗျူဟာကုန်ကြမ်းတွေ၊ မြားတွေ၊ ကျောက်တုံးတွေနဲ့ တိုက်ခိုက်ရေးအပင်တွေ ကုန်ကျမှုက အတော်လေး ကြီးမားတယ်။ အဲဒါတွေကို အမြန်ဆုံး ပြန်ဖြည့်မှရမယ်။”
“ဘယ်လိုပဲဖြစ်ဖြစ် အခုအခြေအနေက ကျွန်မတို့အသက် အကျိုးရှိတယ်။” စတေလာက အကောင်းမြင်သော အမူအရာပြသနေသည်။ “ကျွန်မတို့တွေ ကောလာဟလ ဖြန့်လို့ရတယ်။ အလီရက်စ် သေသွားတာ မင်းသားငယ်ကြောင့် ဆိုတာမျိုး။ ပြီးတော့ ဒါက ရန်သူ့စစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာကို ထိခိုက်စေနိုင်တယ်။ တကယ်လို့ ဒီခံတပ် ခုခံမှုကို သူတို့ရဲ့ စိတ်ဓာတ်ရေးရာကို ထပ်ပြီးတော့ လျှော့ချနိုင်မယ်ဆိုရင်တော့ သွေးရောင် အင်ပါယာ စစ်တပ်က သေချာပေါက် တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး။”
သူ၏ “ကောလာဟလ”က အမှန်တရားဖြစ်ကြောင်း စတေလာ မသိခဲ့ပေ။ ကိုဝင်က ရှေ့ထွက်ပြီး သူ၏အမြင်ကို ပြောပြသည်။ “အလီရက်စ် သေသွားတာ နည်းနည်း ထူးဆန်းတယ်လို့ ခံစားမိတယ်။ ရန်သူ့ရဲ့ လှည့်ကွက်များလား။”
ရှီရာက ဂျော့ချ်ကို ကြည့်လိုက်သည်။ “ဗိုလ်ချုပ် ဂျော့ချ်။ ဘယ်လိုထင်လဲ ပြောပါ။”
“အလီရက်စ် သေတာက ဘယ်လိုပဲဖြစ်ဖြစ်၊ ကျုပ်တို့က အပြောင်းအလဲအတိုင်း တုံ့ပြန်ရမှာပါပဲ။” ဂျော့ချ်က မျက်မှောင်ကြုတ်လိုက်၏။ “ကျုပ် စိုးရိမ်တာက တစ်ခု ရှိတယ်။ ရန်သူက မှော်ဆရာခံတပ်ကို အချိန်အကြာကြီး တိုက်ခိုက်လို့ မသိမ်းပိုက်နိုင်ဘူးဆိုရင် အင်ပါယာကို လက်ရွေးစင်တွေအားလုံးနဲ့ ချေမှုန်းဖြင့် ဆုံးဖြတ်ထားတဲ့ ဧကရာဇ်က ဘာလုပ်မလဲ ဆိုတာပဲ။”
ထိုစကား ထွက်လာသည်နှင့် အားလုံး တိတ်ဆိတ်သွားကြသည်။ အခြေအနေက အလွန်အမင်း လေးနက်သွားပုံရသည်။
“ကျွန်မ ရှင်တို့ကို နှစ်ခု ပြောပြနိုင်တယ်။” ရှီရာက စကားပြောရတော့မည် ဖြစ်ကြောင်း သိသည်။ “ပထမတစ်ခုက ကျွန်မမှာ မသုံးရသေးတဲ့ အတော်လေး အင်အားကြီးတဲ့ လျို့ဝှက်လက်နက်တစ်ခု ရှိတယ်။ အဲဒါက အခုအချိန်မှာ လျို့ဝှက် ထားဦးမယ်။ ဒုတိယအနေနဲ့ကတော့ ကြင်ရာတော်မင်းသား အက်ဂ်ယောဆီကနေ လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက စာရထားတယ်။ သူက အရိပ်နက်အင်ပါယာကို သံတမန်အဖွဲ့နဲ့ သွားလည်နေတုန်း တိုးတက်မှု ရရှိခဲ့တယ်။”
လျို့ဝှက်လက်နက်နှင့် အရိပ်နက်အင်ပါယာ သတင်းတို့က လူတိုင်းကို စိတ်အေးသွားစေပြီး ရှီရာက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။ “အားလုံးပဲ။ သူပုန် အိုဆိုင်ဒန်က အမှောင်လကို တိုက်ခိုက်ခဲ့တုန်းက အမှောင်လရဲ့ စစ်ရေးအင်အားနဲ့ စွမ်းအားက အများကြီး နိမ့်ကျခဲ့တယ်။ အဲဒီလို ဆိုးရွားတဲ့ အခြေအနေမျိုးမှာတောင် ကျွန်မ လုံးဝ လက်မလျှော့ခဲ့ဘဲနဲ့ နောက်ဆုံးမှာ အိုဆိုင်ဒန်ကို အနိုင်ရပြီးတော့ ထီးနန်းကို ပြန်ရခဲ့တယ်။ ကျွန်မတို့က အခုလက်ရှိ စစ်ရေးအင်အားနှင့် ခုခံမှုစွမ်းအားနဲ့ဆိုရင် ဘာမှ စိုးရိမ်ကြောင့်ကြနေစရာ အချိန်မရှိဘူး။ စည်းလုံးမှုနဲ့ အကြောက်တရားကင်းမဲ့မှုက အောင်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ။ သဘောပေါက်ကြလား။”
ဗိုလ်ချုပ်အားလုံး မတ်တပ်ရပ်လိုက်ကြ၏။ “အရှင်မအတွက် ကျုပ်တို့တွေ တာဝန်ထမ်းဆောင်ပါ့မယ်။”
ရှီရာက စစ်တပ်၏ စိတ်ဓာတ်ရေးရာကို စကားအနည်းငယ်ဖြင့် တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့ပြီး အသာလေး ခေါင်းညိတ်လိုက်သော်လည်း အဝေးမှ အခြားအင်ပါယာသို့ ရောက်နေသော ယောက်ျားတစ်ယောက်ကို သတိရနေခဲ့သည်။ သူက နွေးထွေးသော ရင်ခွင်နှင့် သန်မာသော လက်မောင်းများကို လွှမ်းနေခဲ့သည်။
ချန်လွေ့က မှော်ဆရာခံတပ်၌ မည်သည်ဖြစ်ခဲ့ကြောင်း မသိခဲ့ပေ။ သူက ယောက်ျားတစ်ယောက်နှင့် မိန်းတစ်ယောက်ကြားမှ ထူးခြားသော “တိုက်ပွဲ”တစ်ခုကို အပြီးသတ်ရုံသာ ရှိနေသေးသည်။
ထို “တိုက်ပွဲ”က အလွန်ပြင်းထန်ပြီး ကြာရှည်လှသည်။ သူတို့နှစ်ယောက်က အကြိမ်မည်မျှ အထိတ်အထိပ်သို့ ရောက်ရှိသွားခဲ့ကြောင်း မမှတ်မိကြတော့ပေ။ နိဗ္ဗာန်စွမ်းအားအကြောင်း စိုးရိမ်နေသည့်အတွက် ချန်လွေ့က ထို၂ရက်အတွင်း မအိပ်ခဲ့ရပေ။ ကြမ်းကြမ်းတမ်းတမ်း ကာမစွမ်းအားများ ပေါက်ကွဲထွက်ပြီးနောက် သူက ထိန်းမနိုင်တော့ဘဲ အိပ်မောကျသွားတော့သည်။
ငေးငိုင်နေရင်း သူ မျက်လုံးများ ဖွင့်ချင်နေသော်လည်း အားမရှိခဲ့ပေ။ ထို့နောက် သူက မျက်လုံးများကို မမှိတ်နိုင်ခဲ့ပေ။ သူက ထိုကဲ့သို ငေးငိုင်သော အခြေအနေ၌သာ တည်ရှိနေခဲ့သည်။
ချန်လွေ့က တောင်ပံများနှင့် ရဲရဲနီနေသော ကောင်းကင်ထဲ၌ ပျံသန်းနေခဲ့သလို ခံစားလိုက်ရသည်။
ရင်းနှီးပြီး ကလေးဆန်သော အသံတစ်သံလည်း ရှိနေပုံရသည်။ “ဖေဖေ။ ဖေဖေ။”
ချန်လွေ့က ထိုအသံကို လုံးဝ မမေ့နိုင်ပေ။ သူက ချက်ချင်းပင် အော်ပြောလိုက်၏။ “သော်သော်....”
“ဖေဖေ...”
ကလေးဆန်သော ကလေးမအသံက တဖြည်းဖြည်း တိုးသွားခဲ့သည်။
“သော်သော်....”
ချန်လွေ့က ရုတ်ချည်း မျက်လုံးများ ဖွင့်လိုက်သည်။ ထိုအရာက အိပ်မက်တစ်ခုသာ ဖြစ်နေ၏။ သူက မှော်တဲအိမ်အခန်းထဲ၌ အဝတ်ဗလာနှင့် လှဲလျောင်းနေဆဲသာ ဖြစ်သည်။
အခန်းထဲ၌ ကုတင်ပေါ်တွင်သာမက ဇိမ်ခံခဲ့သော လက္ခဏာအများအပြား ရှိနေခဲ့သည်။ ကံကောင်းစွာပင် ကတ်သရင်းနှင့်အတူ အိပ်ခဲ့ခြင်းက အိပ်မက် မဟုတ်ခဲ့ပေ။
ထူးဆန်းစွာပင် ကတ်သရင်းက အမှန်တကယ် မရှိနေခဲ့ပေ။
ချန်လွေ့က ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန် အဝတ်အစား ဝတ်လိုက်သည်။ လမ်းတလျှောက် မှော်တဲအိမ်ကို ရှာနေခဲ့ပြီးနောက် လိုဏ်ဂူအပြင်ဘက်ရှိ နေရာလွတ် အကျယ်ကြီးထဲတွင် အလွန်ကြီးမားသော အနီရောင် အလင်းပိုးအိမ်တစ်ခုကို တွေ့လိုက်ရ၏။
အလင်းပိုးအိမ်က အတော်လေး ထူထဲလှသည်။ အတွင်းထဲ၌ အရာများကို ချန်လွေ့ မမြင်နိုင်ပေ။ သို့သော်လည်း အလင်းပိုးအိမ် ပတ်ပတ်လည်၌ ယှဉ်မရသော စွမ်းအင်များ စီးဆင်းနေသည်ကို သေသေချာချာ ခံစားမိနေသည်။ သို့ရာတွင် နိဗ္ဗာန်စွမ်းအားနှင့် ဆင်တူသော ထိုစွမ်းအင်က သူ့ကို နွေးထွေးပြီး သက်တောင့်သက်သာ ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
အပေါ်တည့်တည့် ကောင်းကင်တွင်တော့ အနက်ရောင်နှင့် အနီရောင်ရှိသော ထူးဆန်းသည့် တိမ်တိုက်အလွှာများ ရှိနေပြီး အလွန်ကြီးမားသော စွမ်းအားအချို့၏ ဆွဲယူခြင်းကို ခံနေရသလို ဖြစ်နေသည်။ သူတို့က ဖြည်းဖြည်းချင်း လေပွေတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး အတော်လေး ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။
ကတ်သရင်းက အခက်ခဲဆုံးဖြစ်သည့် မီးတောက်ရေချိုးခြင်းကို အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး ယခုက ပိုးအိမ်ကို ဖောက်ထွက်ရမည့် နောက်ဆုံးအဆင့် ဖြစ်လောက်ပေသည်။ ချန်လွေ့က စိတ်ကို အေးအေးထားပြီး စိတ်ရှည်ရှည်နှင့် စောင့်ကြပ်နေခဲ့သည်။
ကောင်းကင်ပေါ်မှ တိမ်တိုက်များ၏ လှည့်ပတ်မှုက စတင်၍ အရှိန်မြန်လာပြီး အလင်းပိုးအိမ်က အနည်းငယ် စတင်၍ တုန်ခါလာသည်။
ဖြောက်ခနဲ အသံတစ်သံ ထွက်လာပြီးနောက် သန့်စင်သော စွမ်းအင်ဖြင့် ပြုလုပ်ထားသည့် အလင်းပိုးအိမ်က ဒြပ်ဖြစ်တည်လာသကဲ့သို့ ဖြစ်နေဟန်တူပြီး အက်ကြောင်းတစ်ခု ပေါ်ထွက်လာ၏။
အက်ကြောင်းက တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး နောက်ဆုံးတွင် အပေါက်တစ်ခု ပွင့်ထွက် သွားတော့သည်။
ထိုအပေါက် ပေါ်လာသည်နှင့် ချန်လွေ့၏ သူ၏မျက်နှာသို့ အရှိန်မြန် ရောက်ရှိလာသော အလွန်အမင်း အစွမ်းထက်သည့် အသက်အငွေ့အသက်တစ်ခုကို အာရုံခံလိုက်မိပြီး ၎င်းက တောင်တန်းနယ်မြေ တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။ ထိုအရာက နတ်ဆိုးအရှင်သခင်အဆင့်ကို လုံးတ ကျော်လွန်သွားပုံရသည်။ အနီးအနားရှိ အပင်များလည်း အငွေ့အသက်၏ သက်ရောက်မှုကြောင့် သဘာဝကို ဆန့်ကျင်ကာ ကြီးထွားလာပြီး အညှောင့်ပေါက်လာကြသည်။ ညှိုးနွမ်းနေသော အရွက်များပင် စတင်၍ နလန်ထူလာခဲ့သည်။
“ဝုန်း....” နောက်ဆုံး၌ အလင်းပိုးအိမ်က ပေါက်ကွဲထွက်သွားတော့သည်။ ထို့နောက် အနီရောင်အလင်းတစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ ကောင်းကင်မှ တိမ်တိုက်များကို အနီရောင်အလင်းက စုပ်ယူလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။ တစ်ချိန်တည်းမှာပင် အလွန်ကြီးမားသော ဇာမဏီနက်က တောင်ပံကိုဖြန့်ရင်း ကောင်းကင်သို့ တွန်မြည်လိုက်သည်ကို ချန်လွေ့ မြင်လိုက်ရဟန်တူ၏။
အနီရောင်အလင်းနှင့် ဇာမဏီနိမိတ်ပုံရိပ်တို့က တဖြည်းဖြည်း ကျုံ့သွား၏။ ပျံသန်းနေသော အလင်းပိုးအိမ် အပိုင်းအစများက အလိုလို ပေါင်းစပ်သွားကာ လှပသော တောင်ပံတစ်ခု ဖြစ်ပေါ်လာပြီး ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
၇နှစ် ၈နှစ်အရွယ် ကောင်မလေးတစ်ယောက်ဖြစ်ပြီး ဆံပင်အနက် မျက်လုံးအနက် ဖြစ်သည်။ သူက ခန္ဓာကိုယ် ဗလာကျင်းဖြစ်နေပြီး အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွေ့နေ၏။ ထို့ပြင် သူ၏ မျက်နှာကလည်း အလွန်အမင်း နူးညံ့လှသည်။ သူ၏ မျက်ခုံးနှင့် နဖူးတို့က ကတ်သရင်းနှင့် ရေးရေးလေး ဆင်တူသည်။ သူက အမှန်တကယ်ပင် လှပသော ကလေးတစ်ယောက် ဖြစ်၏။
ထို့နောက်တွင် ကလေးမလေးက သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စတင်၍ အရည်ရှည်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ၁၄နှစ်အရွယ် ကောင်မလေး ဖြစ်သွားပြီး တောင်ပံများက ဂါဝန်ရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ခဏကြာပြီးနောက် သူက သုံးလေးနှစ် အသက်ကြီးသွားပြန်သည်။ မျက်နှာနှင့် ခန္ဓာကိုယ်တို့က အထိုက်အလျောက် ရင့်ကျက်လာခဲ့သည်။ နောက်ဆုံး၌ သူ၏ အသွင်အပြင်က အသက်၂၈နှစ် အရွယ်၌ ငြိမ်သွားခဲ့သည်။
ကျက်သရေရှိသော အလှတရားနှင့် စိတ်နေသဘောထားတို့က ယခင်ကထက်ပင် ပို၍သာလွန်သွားသလိုပင် ဖြစ်နေသည်။
အောင်မြင်သွားပြီ။
ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအား။
ကလေးငယ်လေးမှ တော်ဝင်အစ်မဖြစ်သို့ အလျင်အမြန် “ဆင့်ကဲပြောင်းလဲ” သွားသည်ကို ကြည့်နေရင်း ချန်လွေ့ မှင်သက်နေခဲ့သည်။ [ သရုပ်ခွဲမျက်လုံး ] မှ အချက်အလက်များက ပြောင်းလဲသွားပြန်သည်။
မျိုးနွယ် - ကာမတော်ဝင်မိသားစု။
စွမ်းအားအကဲဖြတ်မှု - SS-
ခန္ဓာအမျိုးအစား - SS-
ခွန်အား -SS-
စိတ်ဝိညာဉ် - SS-
အမြန်နှုန်း - SS-
[ စိစစ်ချက် ] - ခုနှိမ်စိတ်ဝိညာဉ်။ မှော်နှင့် စိတ်ဝိညာဉ်ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးနိုင်။ ရုပ်သေးထိန်းချုပ်မှု။ နိဗ္ဗာစွမ်းအား(၅) ။ မီးဇာမဏီကောင်းချီ။
အန္တရာယ်အဆင့် - အလွန်အမင်း အန္တရာယ်ရှိ။