ကျွန်မကို မမေ့လိုက်နဲ့
Vol. 47 Ch. 750
ကတ်သရင်းလည်း အနည်းငယ် အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ နိဗ္ဗာန်စွမ်းအားက တစ်စုံတစ်ယောက်၏ စွမ်အားကို ကြီးကြီးမားမား တိုးမြှင့်စေသော်လည်း အကြီးမားဆုံး သက်ရောက်မှုက ခန္ဓာအမျိုးအစားနှင့် ဝိညာဉ်ကို အရည်အသွေးအရ ပြောင်းလဲမှုဖြစ်စေပြီး အခြေခံအုတ်မြစ် ကြီးကြီးမားမား တိုးတက်ကာ တစ်ဆို့မှုကို ပို၍လွယ်လွယ်ကူကူ ချိုးဖျက်နိုင်ခြင်း ဖြစ်သည်။ သူက ယခုတစ်ခေါက်တွင် တိုင်းပြည် အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားမည်ဟု မထင်ထားခဲ့ပေ။
ယခုတစ်ခေါက် သူက သေမည်ကို သိလျက်နှင့် နိဗ္ဗာန်စွမ်းအားကို စတင်ခဲ့သော်လည်း မရေမတွက်နိုင်သည့် အက်စ်မိုဒက်စ်မိသားစု ပါရမီရှင်များကို ကျရှုံးစေခဲ့သော ပဉ္မမမြောက် နိဗ္ဗာန်စွမ်းအားက မမျှော်လင့်ထားဘဲ ချောမွေ့နေခဲ့သည်။ ထို“ချောမွေ့မှု”သည် အမှန်တကယ်၌ ချန်လွေ့က ကိုယ်ပိုင် [ နိဗ္ဗာန်မီးတောက် ] ကို အသက်သွင်းပြီးနောက် သူ့အသက်ကို ရင်းကာ ကတ်သရင်း၏မီးတောက်နှင့် ပေါင်းစည်းလိုက်ပြီးမှ ဖြစ်လာခြင်း ဖြစ်ပေသည်။ အသေးစိတ်အကြောင်းရင်းကို မသိရသော်လည်း ထိုသူကြောင့်သာ မဟုတ်လျှင် သူက “မီးတောက်ရေချိုးခြင်း”၌ မရေမတွက်နိုင်သော ဘိုးဘေးများကဲ့သို့ လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
“ဂုဏ်ယူပါတယ်...”
ချန်လွေ့က အပြုံးကို မြင်သည့်အခါ ဧကရီအရှင်မက သူတို့နှစ်ယောက် သိပ်မကြာခင်က အမြတ်တနိုး ချစ်ကြင်နာခဲ့ကြကြောင်း တွေးမိလိုက်ပြီး ရှက်မိသွားသည်။ သူက နောက်မှ မှော်တဲအိမ်သို့ အကြည့်လွှဲပြီး လက်ဝှေ့ရမ်းကာ သိမ်းလိုက်သည်။
“အမ်း....” အသံနှစ်သံက တပြိုင်နက်တည်း ထွက်ပေါ်လာ၏။
“အရင်ပြောလေ။” သူတို့နှစ်ယောက် သံပြိုင်ပြောလိုက်ပြန်သည်။
ထိုအချိန်၌ နှစ်ယောက်လုံး တိတ်ဆိတ်သွားပြီးနောက် အခြေအနေက အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့သည်။ ခုနက အချင်းချင်း လုံးဝ ပွင့်လင်းခဲ့သော နီးကပ်မှုနှင့် အလိုက်သိခြင်းတို့ မရှိတော့ပေ။
“ကျွန်မ အရင်ပြောလိုက်မယ်။” ကတ်သရင်းက တိုးမရဆုတ်မရ အခြေအနေကို အရင်ဆုံး ဖြိုခွဲလိုက်ပြီး ချန်လွေ့၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “ကျွန်မတို့ ကြားမှာ ဘာမှ စကားပလ္လင်ခံနေစရာ မလိုဘူး။ ကျွန်မ မေးချင်တာက ရှင် ကျွန်မနဲ့ ပြန်လိုက်သွားမလား ဆိုတာပဲ။”
ထိုစကားက မေးခွန်းကောင်းတစ်ခု ဖြစ်ဟန်တူသော်လည်း ချန်လွေ့က ကတ်သရင်း ဆိုလိုသည်ကို သဘောပေါက်သည်။ ထိုအရာက ရွေးချယ်ရသော မွေးခွန်းတစ်ခု ဖြစ်၏။
ရှေးဆန်သော ရွေးချယ်မေးခွန်းပင်။
ယခင်ကဆိုလျှင် ချန်လွေ့က ကတ်သရင်း အလိုချင်ဆုံး အဖြေကို ပေးလိုက်မည် ဖြစ်သော်လည်း ထိုအဖြစ်အပျက်ကို ကြုံရပြီးနောက် သူက မပြတ်သားတော့ဘဲ အချိန် အတော်ကြာအောင် အလွန်အမင်း ဒွိဟဖြစ်နေခဲ့သည်။
“ဒါက ရှင့်အတွက် ရွေးချယ်ရ ခက်မယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ရွေးစရာ မရှိဘူး။” ကတ်သရင်းက သက်ပြင်းချလိုက်သည်။ “တခြားသူတွေက ပြဿနာ မဟုတ်ဘူး။ သူနဲ့ ကျွန်မတို့ကြားမှာ တစ်ယောက်ကိုပဲ ရှင် ရွေးချယ်လို့ရမယ်။”
အင်ပါယာများအကြား၌ အကျိုးအမြတ်သက်သက် ပတ်သက်မှုတစ်ခု ရှိခဲ့သည်။ အင်ပါယာ၏ အကျိုးအမြတ်အတွက် ကိုယ်စားပြုရသော အန္တိမအုပ်စိုးသူ တစ်ယောက်အနေဖြင့် ရှီရာဖြစ်စေ၊ ကတ်သရင်းဖြစ်စေ၊ သူတို့က ရန်သူများသာ ဖြစ်နိုင်သည်။ စစ်မှန်သော မိတ်ဆွေ မဖြစ်နိုင်ပေ။ အချိန်ကိုက်ပြီး အခြေအနေ ပေးသည်နှင့် သူတို့နှစ်ယောက်က ညှာတာမှုမရှိဘဲ အချင်းချင်း တိုက်ခိုက်ကြပေမည်။
ချန်လွေ့က တိတ်ဆိတ်လျက် ခေါင်းငိုက်စိုက်ကျနေသည်ကို မြင်သည့်အခါ ကတ်သရင်းက ငုံ့ကြည့်လိုက်သည်။ “ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအားက ကျွန်မကို တိုင်းပြည်အဆင့် ရောက်စေခဲ့တယ်။ [ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး ] ကို ကျွန်မ လုံးဝ ထိန်းချုပ်လို့ရတာနဲ့ ရိုင်ဇန်တောင် ကျွန်မကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ အရိပ်နက်အင်ပါယာရဲ့ စွမ်းအားက ကြယ်ကြွေတမန်အင်ပါယာထက် သာလွန်တယ်။ သူ ရှင့်ကို ပေးနိုင်တာ ကျွန်မ ပေးနိုင်တယ်။ သူ မပေးနိုင်တာကိုလည်း ကျွန်မ ပေးနိုင်တယ်။ ဒီလို အကျိုးအမြတ်တွေ၊ သတ်မှတ်ချက်တွေက ရှင့်ကို ရွံရှာစေလိမ့်မယ်ဆိုတာ သိပေမဲ့ ကျွန်မပြောတာတွေက အမှန်တရားတွေပဲ။ ပြီးတော့ ရှင်နဲ့ ကျွန်မတို့ရဲ့ ပတ်သက်မှုက .... လုပ်ငန်းသဘော မပြောနဲ့၊ အကျိုးအမြတ်အတွက်တောင် မဟုတ်ဘူး။”
“သဘောပေါက်ပြီ။” ချန်လွေ့က ခေါင်းမော့လိုက်သည်။ “ဒါပေမဲ့ ငါ မင်းနဲ့ မလိုက်နိုင်ဘူး။ ရှီရာက သွေးရောင်အင်ပါယာရဲ့ လက်ရွေးစင် ၆သန်းကို ရင်ဆိုင် နေရတဲ့အတွက် မှော်ဆရာခံတပ်ကို ငါ အမြန်သွားရမယ်။ ပြီးတော့ အခြေအနေက တော်တော်လေး အန္တရာယ်များနေတယ်။ မင်း ဆိုရင်လည်း ငါ ချက်ချင်း သွားမှာပဲ။”
“ဒီအဖြေက ထွက်ပြေးလွတ်မြောက်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် လိမ်ညာဖို့ အတွက်သက်သက်ပဲ။” ကတ်သရင်းက ခေါင်းခါပြီး ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ “လက်ရွေးစင် ၆သန်းကို ဦးဆောင်လာတာက ကျွန်မ ဆိုရင်တော့။ ဒီတစ်ခေါက် အကျိုးအမြတ်အတွက် ကျွန်မ သူနဲ့ ပူးပေါင်းလိုက်ရင်တောင် နောက်တစ်ခါ ဆိုရင်ကော။ ရှီရာနဲ့ ကျွန်မတို့က ကျွန်မတို့ကိုယ်တိုင် မဟုတ်တာကို ရှင့်စိတ်ထဲမှာ သိပါတယ်။ ကျွန်မတို့က အနှေးနဲ့အမြန် စစ်မြေပြင်မှာ တွေ့ဆုံရပြီးတော့ သေတဲ့အထိ တိုက်ခိုက်ကြရမှာလဲ။”
ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခါးသက်သက် ပြုံးလိုက်သည်။ “ငါ အခု နောင်တရမိတယ်။ ငါ ပထမဆုံး ပေါ်ထွက်လာတာက အရိပ်နက်အင်ပါယာမှာ မဟုတ်ဘဲနဲ့ အမှောင်လနယ်မြေမှာ ဖြစ်နေခဲ့တယ်။ အသံတိတ်ညစိမ့်မြေကိစ္စ ပြီးတဲ့နောက် မင်းကို အရိပ်နက်အင်ပါယာမှာ သွားမရှာမိခဲ့တာ နောင်တရတယ်။ သလင်းကျောက် တောင်ကြားမှာ သေဟန်ဆောင်ပြီးတော့ ထွက်ပြေးခဲ့တာ နောင်တရတယ်။ အဲဒီတုန်းကသာ ငါ ပိုပြီးတော့ ပြတ်သားခဲ့ရင် ငါတို့တွေ အခု တော်တော်လေး ပျော်ရွှင်နေလောက်တယ်။”
“ကျွန်မတို့က အချင်းချင်း အကြိမ်တွေ အများကြီး လွဲချော်ခဲ့တာပဲ....” ကတ်သရင်းက ဝမ်းနည်းမှု အငွေ့အသက်တစ်ခု ပြသလိုက်သည်။ “ကံဆိုးချင်တော့ လွဲသွားရင် လွဲသွားပြီပဲ။ ရှင့်ရဲ့ ရွေးချယ်မှုကို ကျွန်မ သိပြီ ထင်ပါတယ်။”
“ကတ်သရင်း။ ငါ...”
“ဘာမှ ထပ်ပြောဖို့ မလိုတော့ဘူး။ ဒါက ရှင့်ကို ကျွန်မ နောက်ဆုံးအကြိမ် ရွေးချယ်ခွင့် ပေးတာပဲ။” ကတ်သရင်း၏ အသံ တိတ်သွားပြီးနောက်တွင် သူက ချန်လွေ့အရှေ့သို့ ချက်ချင်းရောက်လာပြီး လက်ဆန့်ထုတ်လိုက်သည်။ ချန်လွေ့၏ မျက်လုံးများ အနည်းငယ် တွန့်သွားသော်လည်း မလှုပ်ရှားခဲ့ပေ။
ကတ်သရင်း၏ လက်က ချန်လွေ့၏မျက်နှာကို အဖိုးတန်ဆုံး အရာကဲ့သို့ပင် အသာအယာ ပွတ်သပ်လိုက်သည်။ ကြယ်ကဲ့သို့ မျက်လုံးများက မြူခိုးများ ရေးရေးလေး ဖုံးလွှမ်းသွားပြီးနောက် ကတ်သရင်း နောက်ဆုံး၌ မထိန်းနိုင်တော့ပေ။ သလင်းကျောက် မျက်ရည် တစ်စက်က သူ့မျက်နှာပေါ်မှ ဖြည်းဖြည်းချင်း စီးကျလာခဲ့သည်။
ချန်လွေ့၏နှလုံးသား တုန်လှုပ်သွားခဲ့သည်။ သူက ကတ်သရင်း၏လက်ကို ကိုင်ချင်ခဲ့သော်လည်း မကိုင်နိုင်ခဲ့ပေ။ ထိုနွေးထွေးသောလက်က လှမ်း၍မမှီနိုင်သော နိမိတ်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အရိပ်တစ်ခု ကဲ့သို့ပင် ကတ်သရင်း၏ပုံရိပ်က အဝေးသို့ ကွယ်ပျောက်သွား၏။
“ကျွန်မကို မေ့လိုက်ပါ။”
ထိုသို့ပြောပြီးနောက် ကတ်သရင်း၏ မျက်နှာပေါ်၌ မျက်နှာလွှားတစ်ခု ရှိနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပြန်မလာတော့မည့် ကြယ်တစ်ပွင့်သဖွယ် လေထဲသို့ ပျံသန်းသွားခဲ့သည်။
ခြိမ်းခြောက်မှုများ၊ အကျဉ်းချမှုများ၊ အဆုံးသတ်တိုက်ကွက်များ မရှိဘဲ ထိုကဲ့သို့ ရိုးရှင်းသော စကားနှစ်လုံးသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ သူက အင်ပါယာ အုပ်ချုပ်သူ မဟာကတ်သရင်းအစား သူ့ကိုယ်သူ ချန်လွေ့အား ချစ်သော ခရစ္စတီးနား၊ အိုင်းစစ်နှင့် မိန်းမတစ်ယောက်အဖြစ် ပို၍ သတ်မှတ်ခဲ့သည့် အတွက်ကြောင့်ပင်။
ရှင်နဲ့ကျွန်မတို့ကြားက ပတ်သက်မှုက လုပ်ငန်းသဘော မပြောနဲ့၊ အကျိုးအမြတ် အတွက်တောင် မဟုတ်ဘူး။
“ကျွန်မကို မမေ့လိုက်နဲ့။”
“ကျွန်မကို မေ့လိုက်တော့။”
ချန်လွေ့၏ မျက်လုံးများ နီရဲသွားပြီးနောက် လက်သီးကိုဆုပ်ကာ အော်ပြောလိုက်သည်။ “ကတ်သရင်း....”
ထိုခေါ်သံကြောင့် အလင်းတန်းက ပိုမြန်သွားခဲ့ပြီး မျက်နှာလွှားပေါ်မှ စိုစွတ်မှုများ ပိုမိုများပြားလာခဲ့သည်။ သူက အမြန်ပျံသန်းနေသည့်တိုင် မခြောက်သွေ့နိုင်ခဲ့ပေ။
“၂နှစ်ပဲစောင့်။”
နောက်မှ ယောက်ျားတစ်ယောက်၏ အသည်းအသန် အော်သံတစ်ခု ထွက်ပေါ် လာသော်လည်း ကတ်သရင်းက နောက်ပြန်မလှည့်ကြည့်ခဲ့ဘဲ မျက်ရည်များသာ ဒလဟော ကျလာခဲ့သည်။ အကြောင်းကတော့ ထိုနေရာမှ ထွက်သွားပြီးနောက် သူ၏ မျက်ရည်နှင့် ခံစားချက်များအားလုံးကို ချိပ်ပိတ်လိုက်တော့မည် ဖြစ်၍ပင်။ အဘယ်ကြောင့်ဆိုသော် သူက အရိပ်နက်အင်ပါယာ၏ အုပ်ချုပ်သူ ကတ်သရင်း အက်စ်မိုဒက်စ် ဖြစ်သည့် အတွက်ကြောင့်ပင်။
ချန်လွေ့၏ လက်သီးမှ လက်ဆစ်များ အဖြူရောင် ပြောင်းသွားတယ်။ စွမ်းအားလိုတယ်။ ငါ ပိုကြီးမားတဲ့ စွမ်းအားလိုတယ်။ တစ်ယောက်တည်းဖြစ်တဲ့ မာကြောတဲ့ စွမ်းအားတင် မကဘူး။ နတ်ဆိုးဘုံတစ်ခုလုံးကို ထိန်းချုပ်ပြီး သက်ရောက်စေနိုင်တဲ့ ပျော့ပျောင်းတဲ့စွမ်းအားလည်း လိုအပ်တယ်။
“ကတ်သရင်း။ ငါ့ကိုစောင့်နေပါ။။” ဟင်းလင်းပြင်ထဲ၌ အပြာရောင် အလင်းဂိတ်တံခါး တစ်ခု ပေါ်ထွက်လာသည်။ ချန်လွေ့က အလင်းတန်း ပျောက်ကွယ်သွားသော နေရာကို ပြန်လှည့်ကြည့်လိုက်ပြီး တီးတိုးပြောကာ အလင်းဂိတ်တံခါးသို့ ပျောက်ကွယ်သွားခဲ့သည်။
တစ်ရက်ပြီးတစ်ရက် အချိန်ကုန်ဆုံးသွားခဲ့သည်။
မဟာမင်းသား အလီရက်စ် သေဆုံးသွားခြင်းက သွေးရောင်အင်ပါယာ စစ်တပ်၏ စိတ်ဓာတ်ရေးရာအပေါ်၌ သိသိသာသာ သက်ရောက်မှု ရှိခဲ့သော်လည်း ဂူစတက်ဗ်နှင့် တဲရစ်တို့၏ အမိန့်အောက်တွင် သူတို့၏ စိတ်ဓာတ်ရေးရာက အမြန် ပြန်ကောင်းမွန်လာပြီး မှော်ဆရာခံတပ်ကို ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်ကြသည်။
အပြင်းအထန် တိုက်စစ်၊ ခံစစ်အတွင်း နှစ်ဖက်လုံးက နည်းလမ်းအကုန်နီးပါး အသုံးပြုခဲ့ကြသည်။ မှော်ဆရာခံတပ်က သုံးလေးကြိမ် ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသော်လည်း ရပ်တည်နေဆဲ ဖြစ်သည်။ နှစ်ဖက်လုံးက တိုးမရ ဆုတ်မရ အခြေအနေ၌ ဖြစ်နေခဲ့သည်။
တဲရစ်က အလီရက်စ်ထက် ပိုမို၍ စိတ်ရှည်ပြီး နည်းလမ်းများက ပို၍ ဆန်းသစ်သည်။ သူက ရှည်ကြာသော စစ်ပွဲအတွင်း မှော်ဆရာခံတပ်ကို အင်အားကုန်ခမ်းစေရန်အတွက် အားသာချက် အရေအတွက် အများအပြားကို အပြည့်အဝ အသုံးချခဲ့သည်။
တိုက်စစ်၊ ခံစစ် အကြိမ်များစွာ ပြီးသွားပြီးနောက် မှော်ဆရာခံတပ်၏ စစ်ရေးနှင့် ကုန်ကြမ်း သုံးစွဲမှုနှုန်းက အတော်လေး ကြီးမားနေခဲ့သည်။ သူတို့က အလွန်အမင်း အန္တရာယ်များသော အခြေအနေတစ်ခုသို့ပင် သုံးလေးကြိမ် ကျရောက်သွားခဲ့သည်။ သို့ရာတွင် အရိပ်နက်အင်ပါယာသို့သွားခဲ့သော အက်ဂ်ယော၏ “သံတမန် ခရီး”၌ သတင်းအသစ် မရသေးပေ။ ထို့ကြောင့် ကြယ်ကြွေတမန်အင်ပါယာ၏ စစ်တပ်ရေးရာ စိတ်ဓာတ်က စတင်၍ ယိမ်းယိုင်လာသည်။ ဗိုလ်ချုပ် အများအပြားကလည်း ရှီရာပြောသော “လျို့ဝှက်လက်နက်”ပေါ်၌သာ မျှော်လင့်ချက်များ ပုံထားခဲ့ကြသည်။
ထိုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် ရန်သူ၏ နောက်တစ်ကြိမ် တိုက်ခိုက်မှုကို မှော်ဆရာခံတပ်က ခုခံနိုင်ရန် ခက်ခဲပေလိမ့်မည်။ လက်ရှိ၌ ကြယ်ကြွေတမန်အင်ပါယာ၏ စစ်တပ်က မြေမျက်နှာသွင်ပြင် အန္တရာယ်များကို မှီခိုပြီး သွေးရောင်အင်ပါယာ စစ်တပ်နှင့် တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်စေခဲ့သည်။ သာမန်ပတ်ဝန်းကျင်၌သာဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာ စစ်တပ်က သွေးရောင်အင်ပါယာ လက်ရွေးစင်များအတွက် လုံးဝ ပြိုင်ဘက် မဟုတ်ပေ။
မှော်ဆရာခံတပ် ကျရှုံးသွားပြီး ငှက်တောင်ဖြူနယ်မြေ သိမ်းပိုက် ခံလိုက်ရသည်နှင့် ကြယ်ကြွေတမန်အင်ပါယာသတို့ တည့်တည့်သွားရန် လမ်းခင်းပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။ သွေးရောင်အင်ပါယာ စစ်တပ်က ထိုလမ်းအတိုင်း တည့်တည့်သွားပြီး အင်ပါယာတစ်ခုလုံးကို သုတ်သင်လိုက်ပေမည်။
ထိုအခြေအနေ၌ ရှီရာက တိတ်တိတ် မနေနိုင်တော့ဘဲ အဆုံးသတ်တိုက်ကွက်ကို အသုံးပြုလိုက်ရတော့သည်။
ထိုအဆုံးသတ်တိုက်ကွက်ကို အဆိပ်ရှိ မိုးကြိုးလုံးဟု ခေါ်သည်။ ပစ်သည့်ပုံစံက အတော်လေး သာမန်လောက်လေးခွနှင့် ဆင်တူသော်လည်း ခဲယမ်းက မှော်လောင်စာ သုတ်ထားသော ကျောက်တုံးမဟုတ်ဘဲ အထူးလုံးဝန်းသော ကျောက်တုံးများ ဖြစ်ကြ၏။
ထိုကဲ့သို့ ကျောက်တုံးများက ကျပြီးနောက်တွင် သာမန် မီးတောက်ဥက္ကာပျံများကဲ့သို့ ပေါက်ကွဲသွားပေလိမ့်မည်။ သို့သော်လည်း ကျောက်တုံးများ ပေါက်ကွဲထက်သွားခြင်း မဟုတ်ဘဲ အဆိပ်ရှိအငွေ့များ ပျံ့နှံ့သွားခြင်း ဖြစ်သည်။
ထိုအဆိပ်က လုံးဝ မရိုးရှင်းပေ။ ထိုအရာက အက်ဂ်လက်စ် ပါ့ဂ်လီအို၏ အဆိပ်ကို အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအရာက လောက်လေးခွများ ပစ်လွှတ်သော ပေါက်ကွဲမြားများထက် အဆ၁၀၀ အဆိပ်ပြင်းသည်။ ကြောက်က်မက်ဖွယ်ရာ အဆိပ် ပျံ့နှံ့သွားသည်နှင့် အငွေ့အတွင်းရှိ စစ်သည်များက တိုက်စားသော ထိခိုက်မှုကို ခံစားရပြီး သာမန် အဆိပ်ဖြေဆေးရည်များက လုံးဝ ကုသနိုင်မည် မဟုတ်ပေ။
ယန္တရားပညာရှင်များ ပြုလုပ်သော မှော်သလင်းကျောက်အမြောက်၊ လက်နက်၊ ချပ်ကာနှင့် အဆုံးသတ် လက်နက်များ ကဲသို့ပင် ဆေးပညာရှင်များကလည်း တိုက်ပွဲအတွင်း အသက်များကို နုတ်ယူသော ခေါင်းဆောင်များ ဖြစ်လာကြသည်။ ထိုအရာက သိပ္ပံပညာ၏ ကူကယ်ရာမဲ့ခြင်း မဟုတ်ဘဲ “လူ့သဘာဝ၏” ကူကယ်ရာမဲ့ခြင်း ဖြစ်၏။
ထိုကဲ့သို့ အဆိပ်ရှိ မိုးကြိုးလုံး ပစ်လွှတ်လိုက်ခြင်းက သွေးရောင်အင်ပါယာ၏ ဝိုင်းရံစစ်တပ်ကို ကြီးကြီးမားမား သေကြေထိခိုက်မှု ဖြစ်သွားစေသည်။ ၃ရက်အတွင်း မည်သည့်တိုက်ခိုက်မှုမျှ မရှိတော့ပေ။
၄ရက်မြောက်နေ့၌ တဲရစ်က နောက်ဆုံးတွင် အဆုံးသတ်တိုက်ကွက်တစ်ခုကို အသုံးပြုလိုက်သည်။
သွေးရောင်အင်ပါယာက လေကြောင်း ဗိုလ်ခြေများကို စေလွှတ်လိုက်၏။ အဓိက ဗိုလ်ခြေနှစ်ခုဖြစ်သော လေနဂါးဗိုလ်ခြေနှင့် သွေးခြင်္သေ့ဗိုလ်ခြေတို့အပြင် လေထဲ၌ ထူးဆန်းသော အရာတစ်ခုလည်း ရှိနေသည်။
ထိုနေရာ၌ ချန်လွေ့ ရှိနေခဲ့လျှင် သေချာပေါက် အော်ပြောမိပေလိမ့်မည်။ လေသင်္ဘော။
မှန်ပေသည်။ ထိုအရာက လေသင်္ဘောပင်။ စွမ်းအားစနစ်က မှော်သလင်းကျောက် ဖြစ်ပြီး ပုံစံက ပင်လယ်သေ၌ အမှောင်ဒြပ်စင်ဘုရင် အသုံးပြုခဲ့သော တစ်ခုနှင့် ဆင်တူသည်။
လေသင်္ဘောပေါင်း ရာနှင့်ချီ ရှိနေ၏။ သူတို့ ပေါ်ထွက်လာသောအခါ ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားများကို ပြသကြသည်။ လေသင်္ဘောများ၏ တိုက်ခိုက်မှုက ခုန်ချခြင်း မဟုတ်ဘဲ ပစ်ချခြင်း ဖြစ်သည်။ မှော်ဗုံးများက မှော်ဆရာ ခံတပ်ပေါ်သို့ ကျလာပြီးနောက် မူလက ကျိုးပဲ့နေသော တံတိုင်းကို အပေါက်များ ပြည့်သွားစေခဲ့သည်။ အနီးအနားရှီ စစ်သည်များကလည်း သေသူကသေ၊ ဒဏ်ရာ အပြင်းအထန်ရသူကရ ဖြစ်ကုန်ကြသည်။
မြားနှင့် လောက်လေးခွတို့က ထိုကဲ့သို့ အမြင့်မှ ရန်သူများကို လုံးဝ မတိုက်ခိုက်နိုင်ပေ။ အဆိပ်ရှိ မိုးကြိုးလုံးများကပင် ခြွင်းချက် မဟုတ်ပေ။ လေသင်္ဘောများကို ကာကွယ်ထားသော သွေးရောင် အင်ပါယာ၏ လေးကြောင်းဗိုလ်ခြေက အင်အားကြီးလွန်းလှသည့်အတွက် ကြယ်ကြွေတမန်အင်ပါယာက ဖောက်ဝင်ပြီး လေသင်္ဘောများကို မဖျက်ဆီးနိုင်ကြပေ။ မှော်ဆရာခံတပ်မှ စစ်သည်များက အသေအကြေ အထိအခိုက် များပြားလာခဲ့သည်။ ရွှေ့ပြောင်း၍မရသော အဆိပ်ရှိ မိုးကြိုးလုံးနှင့် လောက်လေးခွ အများစုက ဖျက်ဆီးခံလိုက်ရ၏။
အောက်ဘက်မှ ပါ့ဂ်လီအိုက မထိန်းနိုင်တော့ပေ။ သူက နဂါးအဖြစ် ပြောင်းသွားပြီး ကောင်းကင်ပေါ်သို့ ပျံသွားကာ လေသင်္ဘောအုပ်စုထံ အမြန်သွားလိုက်သည်။ အဆိပ်နဂါး ပေါ်ထွက်လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် သွေးရောင်အင်ပါယာက သူရောက်ရှိလာခြင်းအတွက် သေသေချာချာ ပြင်ဆင်ထားခဲ့သည်။ ပုံရိပ်များ ဒါဇင်ခန့် ပျံသန်းသွားခဲ့ပြီး အဆိပ်နဂါးကို ဝိုင်းရံလိုက်ကြသည်။
ပါ့ဂ်လီအိုက အက်ဂ်လက်စ်ထံမှ အကြံပြုချက် ရရှိပြီးနောက် သူ၏စွမ်းအားက တဟုန်ထိုး တိုးတက်သွားခဲ့သည်။ ဒိုဒို၏ သရုပ်သကန်ပြုခြင်းနှင့် ပေါင်းလိုက်သောအခါ သူက နောက်ဆုံးတွင် S+ အဆင့်သို့ ရောက်ရှိသွားပြီး တိုင်းပြည်ဖန်တီးနိုင်ရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။
သို့ရာတွင် ထိုသူများ၏ စွမ်းအားက အမှန်တကယ် နတ်ဆိုးအရှင်သခင် အဆင့်များ ဖြစ်ကြသည့်အတွက် အဆိပ်နဂါး၏ အကြည့်က အလွန် လေးနက်နေခဲ့သည်။ အနည်းဆုံး ၁၀ယောက်ခန့်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြသည်။
တစ်ချိန်တည်းမှာပင် ခြေလျင်တပ်နှင့် ဝိုင်းရံကိရိယာ အများအပြားက ခံတပ်တံတိုင်းပေါ်ရှိ ခုခံနေကြသော စစ်သည်များ၏ မြင်ကွင်းထဲ၌ ပေါ်ထွက်လာကြသည်။ ကြည့်ရသည်မှာ တဲရစ်က လျို့ဝှက်လက်နက်ဖြစ်သော လေသင်္ဘောများသာမက ကြယ်ကြွေတမန်အင်ပါယာကို တစ်ခါတည်း အနိုင်ယူရန်အတွက် အင်အားအကုန် အသုံးပြုလိုက်ပုံရသည်။
အောက်ဘက်ရှိ ခံတပ်မှ ရှီရာနှင့် အခြားသူများကလည်း တစ်ခုခုလွဲနေကြောင်း ရှာတွေ့သွားခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ခုန်ပျံသွားခဲ့ကြသည်။
မှော်ဆရာခံတပ်၏ သေရေးရှင်ရေးကို သက်ရောက်စေနိုင်မည့် အပြင်းထန်ဆုံး တိုက်ပွဲက စတင်တော့မည် ဖြစ်ည်။